Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၄၀



ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၄၀

(မိုးမခ) မေ ၁၂၊ ၂၀၂၀


ကမ္ဘာတဝှမ်းက ကိန်းဂဏန်းတွေကို ရက်ပိုင်းအလိုက် သေချာ ကြည့်လာတဲ့ အခါ ကိုဗစ် ခုခံရေးစစ်မျက်နှာ အသီးသီးမှာ - ဘယ်နိုင်ငံတွေ အကျအဆုံးများနေလို့ ဘယ်နိုင်ငံတွေက သက်သာနေတယ်။ ကိုဗစ် က ဘယ်လိုအနေအထားမှာ ကူးစက်နိုင်စွမ်း များတယ်ဆိုတာကို သာမန်လူတို့ နားလည်လာနိုင်ပါတယ်။ လောလောဆယ် အထိအနာဆုံး ၂နိုင်ငံကတော့ လော့ဒေါင်းအချနှေးခဲ့တဲ့ အမေရိကန်နဲ့ အင်္ဂလန်တို့ ဖြစ်ပါလိမ့်မယ်။ လော့ဒေါင်း မြန်မြန်ချခြင်းရဲ့ အကျိုးကျေးဇူးနဲ့ အစဥ်သတိရှိနေကြမှု တွေက အကျိုးကျေးဇူးများပုံကို လဲ သတိပြုမိနိုင်ပါတယ်။

- မေ ၃ မှ မေ ၁၀ ရက် အထိ (၈ ရက်အတွင်း) ကမ္ဘာ တဝှမ်း အသစ် ကူးစက် ခံ သူ ၆၂၆,၈၅၈ နဲ့ သေဆုံးသူ ၃၇၇၆၆ ရှိပါတယ် ။
( ဧပြီ ၂၄ မှ မေ ၂ အထိ ( ၈ ရက်အတွင်း) သေဆုံး( ၄၇, ၈၇၆ ) နဲ့ ပြန် နှိုင်းစာတဲ့ အခါ တကမ္ဘာလုံး မှာ သေနှုန်း ၁သောင်းခန့်ကျဆင်းလာတဲ့ သဘောတွေ့ရပါတယ် )
အမေရိကန် အသစ်ကူးစက် ၁၉၁,၁၁၀ - သေဆုံး ၁၂၉၅၀
( ယခင် ၈ ရက် အတွင်း သေဆုံး ၁၅၅၃၇ နဲ့ နှိုင်းစာလျှင် ယခု သေနှုန်း အနည်းငယ် မျှ ကျလာ )

ဥရောပမှာတော့ အင်္ဂလန်က အဆိုးဆုံးတွေ့နေရပါတယ်။ မေ၃ မှ မေ ၁၀ အထိ
အီတလီ အသစ်ကူးစက် ၈၉၄၀ ။ ထပ်မံ သေဆုံး ၁၆၈၅
စပိန် ၇၈၀၈ ။ ၁၅၂၁
ပြင်သစ် ၇၈၇၅ ။ ၁၅၅၀
အင်္ဂလန် ၃၃,၀၀၀ ။ ၃၄၅၆
ဂျာမဏီ ၆၃၅၆ ။ ၇၃၇

အင်္ဂလန် က အမြင့်ဆုံး အမှတ် ( Peak ) ကို ကျော်ခဲ့ပြီ ဆိုပေမယ့် ဥရောပတခြားတိုင်းပြည်တွေနဲ့ ယှဥ်တဲ့ အခါ အသစ် ကူးစက်မှု လဲ များဆဲ ထပ်မံ သေဆုံးမှုလဲ များနေဆဲ ပါ။
ကိုဗစ် ကူးစက်မှု သိသိသာသာ မြင့်လာတဲ့ တိုင်းပြည်တွေက ရုရှားနဲ့ ဘရာဇီးဖြစ်ပြီး အီရန်ကလဲ မီးမငြိမ်း ပါ။ အခု ၈ ရက် အတွင်း
ရုရှား အသစ်ကူးစက် ခံရသူ ၈၅၆၃၄ ။ ထပ်မံ သေဆုံး ၆၉၃။
ဘရာဇီး အသစ် ကူးစက် ခံရသူ ၆၀၀၀၇ ။ ထပ်မံ သေဆုံး ၃၉၂၆
အီရန် အသစ် ကူးစက် ခံ ၉၇၇၂ ။ ထပ်မံသေ ဆုံး ၄၃၃ ။
တရုတ် က ထပ်မံသေဆုံး ၁၀ ဦး စာရင်းတက်ပါတယ် ။

လော့ဒေါင်းမချတဲ့ ဆွီဒင်မှာ ၈ရက်အတွင်း အသစ် ကူးစက် ခံရတာ ၃၈၃၉ ။ ၈ ရက်အတွင်း သေဆုံးတာ ၅၅၁ ယောက် ဖြစ်တဲ့ အတွက် လော့ဒေါင်း ချ ခဲ့ တဲ့ နော်ဝေထက် ၁၅ ဆ ။ ဖင်လန်ထက် ၁၂ ဆ။ ဒိန်းမတ်ထက် ၆ဆ သေဆုံးမှု မြင့်မား ကွာခြား အဖြေကို တွေ့ရပါတယ်။

အာဆီယံနိုင်ငံတွေမှာ အနည်းငယ်ကူးစက်မှုတွေ တိုးနေတာက စင်္ကာပူ ဖြစ်ပါတယ်။ များများစစ်ဆေးနိုင်တဲ့ အကြောင်းတချက် နဲ့ စုပေါင်းနေထိုင်ကြရတဲ့ အလုပ်သမားတွေ ဘက်က ကူးစက်မှု များနေတာလို့ ဆိုပါတယ်။ တိုင်းပြည်တိုင်း က ဂရုတစိုက် ထိန်းချုပ်ထားကြတာကြောင့် ပေါက်ကွဲကူးစက်အဆင့်ကို မရောက်လာကြပါ။

အင်ဒိုနီးရှား ကူးစက် ။ သေဆုံး
ဧပြီ ၈ ၂၇၃၈ ။ ၂၂၁
ဧပြီ၁၆ ၅၅၁၆ ။ ၄၉၆
ဧပြီ ၂၄ ၈၂၁၁။ ၆၈၉
မေ ၂ ၁၀, ၈၄၃။ ၈၃၁
မေ၁၀ ၁၄၀၃၂ ။ ၉၇၃

ဖိလစ်ပိုင်
ဧပြီ ၈ ၃၇၆၄ ။ ၁၇၇
ဧပြီ ၁၆ ၅၆၆၀ ။ ၃၆၂
ဧပြီ ၂၄ ၇,၁၉၂ ။ ၄၇၇
မေ ၂ ၈, ၉၂၈ ။ ၆၀၃
မေ ၁၀ ၁၀,၇၉၄ ။ ၇၁၉

မလေးရှား
ဧပြီ ၈ ၃၉၆၃ ။ ၆၃
ဧပြီ ၁၆ ၅၁၈၂ ။ ၈၄
ဧပြီ ၂၄ ၅၆၉၁ ။ ၉၆
မေ ၂ ၆၁၇၆ ။ ၁၀၃
မေ ၁၀ ၆၆၅၆ ။ ၁၀၈

ထိုင်း
ဧပြီ ၈ ၂၂၅၈ ။ ၂၇
ဧပြီ ၁၆ ၂၆၇၂ ။ ၄၆
ဧပြီ ၂၄ ၂၈၅၄ ။ ၅၀
မေ ၂ ၂၉၆၆ ။ ၅၄
မေ ၁၀ ၃၀၀၉ ။ ၅၆

စင်္ကာပူ
ဧပြီ ၈ ၁၄၈၁ ။ ၆
ဧပြီ ၁၆ ၄၄၂၇ ။ ၁၀
ဧပြီ ၂၄ ၁၂၀၇၅ ။ ၁၂
မေ ၂ ၁၇, ၅၈၄ ။ ၁၇
မေ ၁၀ ၂၃၃၃၆ ။ ၂၀

မြန်မာ က ဧပြီ ၈ ရက်နေ့က ကူးစက် ၂၂ ယောက် ရှိရာမှာ မေ ၁၀ ရက် အထိ ၁၇၈ ယောက် အထိသာတိုးသေးတဲ့ အတွက် အင်္ဂလန်နဲ့ စာရင် ကံကောင်းပါ တယ်။ အင်္ဂလန် က ဖေဖဝါရီ ၂၉ ရက်နေ့မှာ ပေါ့စတစ် ၂၃ ယောက်သာ ရှိရာက ဧပြီ ၁၂ ရက် ( တလနဲ့ ၁၂ ရက် ) အရောက်မှာ လူ ၁၀, ၆၁၂ သေဆုံးရတာမို့ လော့ဒေါင်း ချတာ နောက်ကျခဲ့လို့ ပေါက်ကွဲ ကူးစက်မှု ဖြစ်သွားရင် ဘယ်လောက်မြန်တယ်ဆိုတာကို တွေ့နိုင်ကြမယ်ထင်ပါတယ်။ အင်္ဂလန် လော့ဒေါင်းချတဲ့ နေ့စွဲက မတ်လ ၂၃ ရက် ဖြစ်လို့ ၃ပတ်နောက်ကျတဲ့ ဒဏ်ကို မချိမဆန့် ခုထိ ခံနေကြရတယ်လို့ ဆိုပါတယ်။

မြန်မာ ကူးစက် ။ သေဆုံး စာရင်း
ဧပြီ ၈ ၂၂ ။ ၁
ဧပြီ ၁၆ ၈၅ ။ ၄
ဧပြီ ၂၄ ၁၄၄ ။ ၅
မေ ၂ ၁၅၁ ။ ၆
မေ ၁၀ ၁၇၈ ။ ၆

ဗီယက်နမ်- ဘရူနိုင်း- ကမ္ဘောဒီးယား -လာအို အာဆီယံ တိုင်းပြည်တွေ ရဲ့ အလန်း ဇယား များ လဲ အပြောင်းအလဲ မရှိကြပါ ။ ကိုဗစ်ကို အမြီးက နင်းထားနိုင်ကြ တာမို့ အထူး စိတ်ချမ်းသာရ ပါတယ်။

အိန္ဒိယ စာရင်း မှာတော့ လူ ၂သောင်း ငါးထောင်ကျော် အသစ် ကူးစက်ခံရတယ်။ သေဆုံးစာရင်း လဲ ၂ဆလောက်တက်လာတာမို့ ရာသီဥတု ပူရင် ဗိုင်းယပ်စ် တွေ မခံနိုင်ဘူး။ ဘီစီဂျီ ထိုးထားရင် အကူးသက်သာစေတယ်ဆိုတဲ့ ကျွန်တော်တို့ ဖေါ့တွေး ဖြေသိမ့်တွေးတွေ ကို ခဏ မေ့ထားဘို့ လိုကြမယ်ထင်ပါတယ်။

အိန္ဒိယ
ဧပြီ ၈ ၄၇၈၉ ။ ၁၂၄
ဧပြီ ၁၆ ၁၂၇၅၉ ။ ၄၂၀
ဧပြီ ၂၄ ၂၃၄၅၂ ။ ၇၂၃
မေ ၂ ၃၇,၇၇၆ ။ ၁၂၂၃
မေ ၁၀ ၆၂၉၃၉ ။ ၂၁၀၉

အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ် မှာ အသစ် ကူးစက်ခံရသူ ၄၉၈၀ ရှိနေတဲ့ အတွက် ဂရုစိုက်စောင့်ကြည့်ရမှာ ဖြစ်ပြီး ဂျပန်မှာတော့ ထပ်မံ ကူးစက်မှု များများ မတွေ့မိပါ ။ ဒီနေ့ တောင်ကိုရီးယား မှာ တရက်ထဲ ၃၆ ယောက် အသစ် စစ်ဆေးတွေ့ရှိတာမို့ ဒုတိယ အကြိမ် ပေါက်ကွဲကူးစက်မှာကို ထိတ်လန့်နေကြပါတယ်။ ကူးစက်ခံရတဲ့နေရာက နိုက်ကလပ်တခု မှာ ဖြစ်ပြီး လူ ၁၉၀၀ လောက် စုဝေးကြရာက ဖြစ်သွားတယ်လို့ ဒီနေ့သတင်းတွေက ပြောပါတယ်။

မြောက်ကိုရီးယား က အခုထိ ကိုဗစ် ဖြစ်ပွါးကူးစက်မှု အခြေအနေကို
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဆီ စာရင်းမပို့သေးတဲ့ အတွက် ကိုဗစ် ကျူးကျော်လို့ မရ တဲ့ နိုင်ငံ များ ဖြစ်နေသလား တွေးနေရတုန်းပါ ။

ခွန်ဆိုင်း ( ၁၀-၅-၂၀၂၀ )