အောင်သူငြိမ်း - ကဗျာတပုဒ်၊ စာတအုပ်၊ အစီရင်ခံစာတခု

အောင်သူငြိမ်း - ကဗျာတပုဒ်၊ စာတအုပ်၊ အစီရင်ခံစာတခု
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၀
(သူ့ဖေစ့်ဘွတ်ကနေ ကူးပါတယ်)
အခု ကျနော်အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းက တနှစ်စာ Post-grad သင်တန်းတခု ဖွင့်ထားတယ်။ တက်သစ်လူငယ် ခေါင်း ဆောင်မှု သင်တန်း (ELG program) လို့ခေါ်တယ်။ ကျနော်က နိုင်ငံရေးဆိုင်ရာ စီးပွားရေး ဘာသာရပ် (Political economy) ဘာသာရပ်ကို ပို့ချနေတော့ စာတွေလည်း ပြန်ရှာဖတ်ရတယ်။ ကျောင်းသားတွေဖတ်ဖို့ စာအုပ်လည်း ရွေးခိုင်းရတယ်။ အခု သင်ဖို့အကြောင်းအရာက ဆင်းရဲမွဲတေမှု (Poverty) အကြောင်း ဖြစ်လာတယ်။
လူဆင်းရဲတွေကို ကြည့်တဲ့ စီးပွားရေးဖွံ့ဖြိုးမှု (Pro-poor growth) အကြောင်း ပြောမယ်ဆိုတော့ ပေါ ကော်လီယာ (Paul Collier) ရေးတဲ့ (The Bottom Billion) စာအုပ်ကိုတော့ မေ့ထားလို့မဖြစ်ဘူး။ (Collier, Paul. 2007. The Bottom Billion: Why the Poorest Countries are Failing and What Can Be Done About it? Oxford: Oxford University Press, Inc.) ဒီစာအုပ်ကို ကျောင်းသားတွေ လွယ်လွယ်ဖတ်နိုင်ဖို့ ဆိုရင် ဆရာမဂျူး ပြန်ရေးထားတဲ့ “အောက်ခြေက သန်းတထောင်” စာအုပ်ရှိတယ်။ (ဂျူး၊ ၂၀၁၃ မတ်လ။ အောက်ခြေက သန်းတထောင်။ ရန်ကုန်- ဂျူးစာပေ) အင်္ဂလိပ်လို ဖတ်ဖို့ အချိန်၊ စွမ်းရည် နည်းတယ်ဆိုရင်တော့ ဆရာမဂျူးစာအုပ်လောက်တော့ ဖတ်သင့်တယ် မြင်မိတယ်။ အဲဒီဆရာမဂျူးစာအုပ်မှာပဲ သူငယ်စဉ်ဘဝ ရေနံမြေမှာ ကြီးပြင်းခဲ့ရပုံ ပြန်ရေးရင်းနဲ့ ကဗျာတပုဒ်ဖော်ပြထားတယ်။ ဆရာဇော်ဂျီရဲ့ တို့တိုင်းပြည်ကဗျာ။

တို့တိုင်းပြည်
ဇော်ဂျီ
ဇော်ဂျီ
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
အားမပျော့နှင့် မလျော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးများမြောင် ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤရွာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။
- ၁၉၃၅ ခုနှစ် ဩဂုတ်လထုတ် ကြီးပွားရေးမဂ္ဂဇင်း အတွဲ (၃) အမှတ် (၁၀)

ရေးထားတာတောင် ကြာလှပြီ။ ၁၉၃၅ ခုနှစ် ကိုလိုနီခေတ်ကတည်းက။ “များပါလေလဲ တမွဲမွဲနှင့်၊ ဆင်းရဲကာသာ ကာလ ကြာလျှင်၊ မြင်သာမြင်ရ မစားရ၍ တောကပြိတ္တာ ဖြစ်မည်တည်း” တဲ့။ ဒီအပိုဒ်လေးက ရင်ကို ထိတယ်။
အဲဒါနဲ့ အောက်ခြေက လူဆင်းရဲသန်းတထောင်အကြောင်း ပြောမယ် ဆိုပါတော့။ UNDP ရဲ့ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အစီရင် ခံစာမှာ ကမ္ဘာလုံးဆိုင်ရာ ဖက်စုံရှုမြင်မှု ဆင်းရဲမှုဆိုင်ရာ ညွှန်းကိန်း Global Multidimensional Poverty Index (MPI) တွေ ရှိတယ်။ အဲဒီ အစီရင်ခံစာတွေ့ရှိချက်အရ -

· နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှာ ၁.၃ ဘီလီယံသော လူထုတွေ (၂၃.၁% က ဘက်စုံ ရှုထောင့်အမြင်အရ) ဆင်းရဲနေကြတယ်။
· အဲဒီလူထု သုံးပုံ-နှစ်ပုံလောက်ဟာ ဝင်ငွေအလည်အလတ်အဆင့်ရှိ နိုင်ငံ တွေမှာ နေကြတယ်။
· အဲဒီ ဆင်းရဲ လူသန်း ၁၃၀၀ ထဲက တဝက်လောက်ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်တယ်။
ပါမောက္ခ ပေါ ကော်လီယာကတော့ သူ့စာအုပ်မှာ ဆင်းရဲမှုဖြစ်စေတဲ့၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့ အကြောင်း အချက် ၄-ခုကို မီးမောင်း ထိုးပြတယ်။ ထောင်ချောက် ၄-ခု ရှိတယ်။
၁။ ပြည်တွင်းစစ် ပဋိပက္ခ ထောင်ချောက် (Conflict trap)
၂။ သဘာဝ သယံဇာတ ထောင်ချောက် (Natural resource trap)
၃။ ဆိုးဝါးသော အိမ်နီးချင်းများကြားတွင် ပိတ်မိနေသည့် ထောင်ချောက် (Land locked country with bad neighbors)
၄။ စီမံ အုပ်ချုပ်မှု ညံ့ဖျင်းခြင်းထောင်ချောက် (Bad governance trap)
ဒါတွေ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ အကြံပြုချက်တွေကတော့ အများအပြားပါ။
အစီရင်ခံစာတခု ဆိုတာကတော့ မကြာသေးမီက ကျနော်တို့ ဖတ်လိုက်ရတဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ Myanmar Alliance for Transparency and Accountability (MATA) နဲ့ မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး နိုင်ငံသားများ လှုပ်ရှားမှု Citizen Action for Transparency in Myanmar (CAFT) အဖွဲ့က ပြုစုတဲ့ “မှားယွင်း သော သယံဇာတ စီမံခန့်ခွဲမှုက အကျင့်ပျက်ခြစားမှုနှင့် သယံဇာတ ကျိန်စာကို ဖြစ်ပေါ်စေခဲ့သလား” (2020 Jan) ဆိုတဲ့ အစီရင်ခံစာပါပဲ။
ဒီအစီရင်ခံစာကို မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ အစီရင် ခံစာက အချက်အလက်တွေကို ကိုးကားတယ်လို့ ဖော်ပြတယ်။
ကျောက်စိမ်းကဏ္ဍ ငွေပေးချေမှုမှာ ကုမ္ပဏီများက ထုတ်ပြန်သော ငွေပေး ချေမှု စာရင်းနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းမှ ထုတ်ပြန်သော ငွေပေးချေမှု စရင်း နှစ်ခုအကြား အမေရိကန်ဒေါ်လာ ၃၄ သန်းကျော် ကွာခြားနေကြောင်း တွေ့ရသည်။ ($ 34,113,170) နှာ-၃၆
ကျောက်စိမ်းကဏ္ဍ ရောင်းချမှု စာရင်းတွင် ကုမ္ပဏီမှ ထုတ်ပြန်သော စရင်းနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမှ ထုတ်ပြန်သော စာရင်း နှစ်ခုအကြား ကျောက်စိမ်း ကီလို ၂ သိန်းနီးပါး ကွာခြားနေသည်။ တန်ဖိုးအားဖြင့် ခန့်မှန်း ယူရိုသန်းပေါင်း ၃၆၀ ရှိသည်။ နှာ-၃၇
ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ထုတ်လုပ်မှုစရင်းတွင် ကုမ္ပဏီမှ ထုတ်ပြန် သောစရင်းနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမှ ထုတ်ပြန်သော စာရင်း နှစ်ခု အကြား ခန့်မှန်း အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံနီးပါး တန်ဖိုးရှိ ဓာတ်ငွေ့ ကုဗသန်း ၁ သိန်း ကျော် ကွာခြားနေသည်။ နှာ-၃၉
ကွဲလွဲနေသော ၄ ဘီလီယံဆိုသော ပမာဏသည် ဧရာဝတီ မြစ်ကူးတံတားကြီး အစင်း ၁၀၀ တည်ဆောက်နိုင်သည်။ အဆိုပါ ကွဲလွဲငွေ ပမာဏသည် ၂၀၁၇-၁၈ ဘဏ္ဍာရေး ဘတ်ဂျက်အချိုးအစားအရ ကချင်ပြည်နယ်ကို ထောက်ပံ့လျှင် နှစ်ပေါင်း ၃၅ နှစ်၊ သဘာဝဓာတ်ငွေ့ အများဆုံးထွက်ရှိရာ ရခိုင်ပြည်နယ်ကို ထောက်ပံ့လျှင် နှစ်ပေါင်း ၃၈ နှစ် ထောက်ပံ့ပေးနိုင်သော ပမာဏ ဖြစ်သည်။ နှာ- ၅၁
အစီရင်ခံစာက ၇၈-မျက်နှာပဲ ရှိပါတယ်။ ဖတ်ကြည့်စေချင်တယ်။ ပါမောက္ခ ပေါ ကော်လီယာကတော့ အခုလို သယံဇာတ ကျိန်စာ၊ ဆိုးရွားတဲ့ အုပ်ချုပ်မှု စနစ်ထောင်ချောက်က လွတ်မြောက်ချင်တယ် ဆိုရင်တော့ သင့်ရုံကောင်းတဲ့ အုပ်ချုပ်မှုစနစ် (Good-enough governance) လိုအပ်မယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ စံချိန်စံနှုန်းတွေကိုလည်း လိုက်နာဖို့ လိုအပ်ပါမယ်။
၁၉၇၀ ခုနှစ်များမှာ နိုင်ငံအများ ဒီမိုကရေစီ ရရှိလာခြင်းက ဆင်းရဲတဲ့ နိုင်ငံ အများ ဆင်းရဲတွင်းက လွတ်မြောက်လာစေတဲ့ အကြောင်းတခု ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် ဒီမိုကရေစီဆိုတာက အာဏာကို ဘယ်လိုရရှိ သလဲ (How to get power?) ဆိုတဲ့ နည်းလမ်းသာ ဖြစ်ပါတယ်။ အာဏာကို ဘယ်လိုကျင့်သုံးသလဲ (How to use power?) က ပိုလို့ အရေး ကြီးပါ တယ်တဲ့။ အထူးသဖြင့်တော့ အထိန်း-အထေ ရှိမှု (check-and-balance) က ပိုလို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ နောက်တခု အရေးကြီးတဲ့အချက်က ပြည်သူတွေကိုယ်တိုင် သတင်းသိရှိ ဆုံးဖြတ်နိုင်ဖို့ (informed decisions) အရေးပါတဲ့ လူထုအင်အား (critical mass) လိုအပ်တယ်လို့ သူက တိုက်တွန်း ထားပါတယ်။
ဆရာကြီးဇော်ဂျီ ပြောသလို ယာစကာမျိုး တညှိုးညှိုးနှင့် မနေ ချင်ဘူး ဆိုရင်ပေါ့။