Breaking News

ကိုသန်းလွင် - ခေါင်းဆောင်အပြောင်းအလဲ



ကိုသန်းလွင်  - ခေါင်းဆောင်အပြောင်းအလဲ

(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၀

(၁)

အောက်တိုဘာလ (၁၈)ရက်နေ့က ဘိုလီဗီးယားပြည်သူတို့သည် လူးဝစ်အေးစာ (Luis Arce) ကိုပြည်သူ တို့၏ သမ္မတအဖြစ်ရွေးချယ်တင်မြောက်လိုက်ကြပါသည်။ သူသည်ယခင်သမ္မတဟောင်းမိုရဲလစ်(Evo Morale) ၏တိုင်းပြည်ကို ဆိုရှယ်လစ်နိုင်ငံဖြစ်အောင်ရွေ့လျားမှု (MAS- Movement for Socialism) တွင်ပါဝင်ခဲ့ပြီးသူ့ အစိုးရအဖွဲ့တွင် စီးပွားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ တချို့ကလည်း ယခုရွေးချယ်ခံရ မှုသည် မိုရဲလစ် ကိုပြန်လာအောင်ခေါ်ခြင်းဖြစ်သည်ဟု ပြောနေကြပါသည်။ ဤအပြတ်အသတ်အနိုင်ရမှုသည် တစ်ချိန်က ဘိုလီးဗီးယား နိုင်ငံကို စိုးမိုးခဲ့သောနိုင်ငံရေး၏ အငွေ့အသက်မကုန်သေးသည်ကို ပြနေခြင်းလည်းဖြစ် နိုင်ပါသည်။

(၂)

သမ္မတရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်သူတစ်ဦးနေအဖြင့် ရွေးကောက်ပွဲကာလတုန်းကသူက မိုရဲလစ် (Evo Morelas) ကာလသည်ပြီးခဲ့ပြီဖြစ်ကြောင်းပြောခဲ့ပြီးဖြစ်ပါသည်။ သမ္မတ မိုရဲလစ်မှာ တရားမဝင်သောနည်း လမ်းများဖြင့် သမ္မတသက်တမ်းကိုလေးကြိမ်အထိယှဉ်ပြိုင်ခဲ့ရာဖွဲ့စည်းပုံဥပဒေနှင့်မညီမှုကြောင့်နိုင်ငံမှ ထွက်ပြေး ရသည် အထိဖြစ်ခဲ့ရပါသည်။ အာဂျင်တီးနားနိုင်ငံတွင်ရောက်နေသောမိုရဲလစ်ကို စစ်တပ်က “အချိန်တန်ပြီဆင်း ပေးပါ” ဟု ပြောခဲ့ရပါသည်။ သို့တစေသူ့ပါတီက သမ္မတအာစေးကိုရွေးချယ်တင်မြှောက်ပြီ ဟုပြောလိုက် သည် နှင့်သမ္မတမှာ မဲ ၈% မျှပိုမိုရရှိခဲ့ပါသည်။

ယခင်ကကုလသမဂ္ဂသံအမတ်ကြီးက မိုရဲလစ်ကြောင့်မဲရခြင်းမဟုတ်ပါ။ “မိုရဲလစ်ရှိနေလျက်နှင့် မဲရခြင်းဖြစ် သည် “ဟုပြောသည်။ ယခင်သမ္မတ၏ ဤမဲအပေါ်လွှမ်းမိုးမှုမှာ မေးသူကိုလိုက်၍ပြောင်းလဲနေဟန်တူပါသည်။

မစ္စတာ မိုရဲလစ်မှာ သက္ကရာဇ် ၂၀ဝ၀ ကာလများတွင်ကုန်ပစ္စည်းများဈေးကောင်း၍ ဆင်းရဲခြင်းကိုပပျောက် စေခဲ့ပြီး အလယ်လတ်တန်းစား လူတန်းစားကျယ်ပြန့်လာသဖြင့်ခေတ်ကောင်းကိုမှီခဲ့ သည်ဟုပြောနိုင်ပါသည်။ ဘိုလီးဗီးယား၊ အီကွေဒေါ၊ အာဂျင်တီးနားနိုင်ငံများမှာ စီးပွားရေးကောင်းခဲ့ပါသည်။ စီးပွားရေးကောင်းခြင်း၏ နောက်ကကပ်၍ပါလာသော ခြစားမှုများ၊ ချေးငွေကိစ္စများပြားခြင်းတို့ကြောင့် လက်ဝဲယိမ်းနိုင်ငံများအဖြစ်မှ လက်ယာယိမ်းနိုင်ငံများဖြစ်ခဲ့ကြပါသည်။

ထိုခေါင်းဆောင်များမှာ သူတို့အုပ်ချုပ်သောကာလပြီးဆုံးသွားသည့်တိုင် နိုင်ငံရေးသြဇာသက်ရောက်တုန်းရှိ ပါသေးသည်။ သူတို့ပြန်လာရန်ကြိုးစားမှုကြောင့် သူတို့အစပြုခဲ့သည့်လုပ်ငန်း များသည်လည်းအနှောင့်အယှက် ဖြစ်ခဲ့ရပါသည်။

သမ္မတဟောင်း များကြောင့်တိုင်းပြည်၏ရှေ့တန်းသို့ တိုးတက်ရေးမှာ အဟန့်အတားဖြစ်ခဲ့ရသည်။ သမ္မတ အာစေးက သမ္မတမိုရဲလစ်၏ အခန်းကဏ္ဍသည် “ဘိုလီးဗီးယားနိုင်ငံ၏ နိုင်ငံရေးတွင် မပါဝင်တော့ပါ” ဟုပြော သည်။ သူ၏စတုတ္ထအကြိမ်ရွေးချယ်ခံရန် ပြင်ဆင်ခြင်းသည် မှားသောလုပ်ရပ်ဖြစ်ကြောင်းဝန်ခံပြောကြားသည်။ သူနှင့် မိုရဲလစ်အကြား ကွာဝေးပါသည်ဟုပြောလိုက်ခြင်းပင်ဖြစ်ပါသည်။ မစ္စတာမိုရဲလစ်ကို သမ္မတအဖြစ်မှဆင်း ပေးရန် စစ်တပ်ကပြောခြင်းဖြစ်သဖြင့် ၄င်းကိုစစ်အာဏာသိမ်းခြင်း (Coup) ဟုလည်းပြောနေကြပါသည်။ သို့ သော် မိုရဲလစ်ကို လူတစ်ယောက်ကတိုင်းပြည်တွင် အမည်ကျော်ကြားခြင်းမရှိသေးသည့် သူတစ်ယောက်ကိုလွှဲ ပေး ပြီးသူလုပ်နေသည့် ဆိုရှယ်လစ်နိုင်ငံဖြစ်ရေးကို အသစ်တဖန်အသက်သွင်းပေးလိုက်ခြင်းလည်းဖြစ်ပါသည်။

အကယ်စင်စစ် မိုရဲလစ် မရှိတော့ခြင်းသည် သူတို့၏ အမ်အေအက်စ် ရွေ့လျားမှုကိုပိုမို၍ခိုင်မာစေပါသည်။ ဘိုလီးဗီးယား နိုင်ငံအတွင်းမှ သူ့ကိုဖယ်ရှားခြင်းဖြင့် ပိုမိုကောင်းမွန်သောခေါင်းဆောင်များပေါ်ထွက်လာစေပါ သည်။ သူတို့ သည်မိုရဲလစ်ရှိစဉ်က ရှေ့တန်းသို့ထွက်ခွင့်မရကြသူများဖြစ်ပါသည်။

အာဏာကိုစွဲကိုင်ဘူးသူတို့အဖို့ အာဏာကိုပိုမို မက်မောစေသည်သာဖြစ်သည်။ သူတို့ကိုပြန်မလာအောင် နားချခြင်းကိစ္စမှာလွယ်ကူသည့် ကိစ္စတခုမဟုတ်ပါ။ ပြန်လာခြင်းအတွက်ရှင်းလင်းပေးရမည့် တရားဥပဒေဆိုင် ရာအကြောင်းကလည်း အများကြီးရှိသေးသည်။

အာဂျင်တီးနားတွင် ကစ်ချနာ (Christina Fernandez De Kirchner) ၂၀၁၉ ခုနှစ်က သူ၏ တတိယအ ကြိမ်အရွေးခံရန် အတွက်ပြင်ဆင်ခဲ့သော်လည်း သူ၏ခြစားမှုဆိုင်ရာပြစ်မှုများရှိနေသဖြင့်လက်လျှော့ခဲ့ပါသည်။ သူအာဏာရှိစဉ်က သူ၏ Chief Of Staft လုပ်ခဲ့သည့် ဥပဒေပရော်ဖက်ဆာဖာနင်ဒက်စ် (Alberto Fernandez) ကိုသူ့ပါတီကိုယ်စားလှယ်အဖြစ်တင်မြောက်ခဲ့သည်။ သူကဒုသမ္မတအဖြစ်ရွေးချယ်ခံခဲ့သည်။ သူတို့သည်အာဂျင် တီးနားရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပါ သည်။

အီကွေဒေါနိုင်ငံတွင်လည်း ကိုရီးယား (Rafael Correa) သည် ထိုပုံစံအတိုင်းလိုက်နာရန်ကြိုးစားလျက်ရှိပါ သည်။ သူ သည် ၃၅ နှစ်အရွယ် မစ္စတာ အောရပ် (Mr. Andres Arauz) သူ၏ ကက်ဘိနက်မှဝန်ကြီးတစ်ဦး (စီးပွားရေးပညာရှင်) ကိုလာမည့် ဖေဖော်ဝါရီလတွင် ရွေးချယ်တင်မြှောက်ပွဲသို့ဝင်ရောက်ရန်ရွေးချယ်ခဲ့သည်။ မစ္စတာ ကိုရီယားမှာလွန်ခဲ့သောဧပြီလက ခြစားမှုကိစ္စများနှင့် ထောင်ဒဏ်ရှစ်နှစ်အပြစ်ပေးခံရသည်။ မစ္စတာ အော်ရပ်အဖို့အရွေးခံရရန်အရေးနှင့် သူနှင့်ခြစားသောခေါင်းဆောင်တို့ အကြားမည်မျှကွာဝေးသည်ကိုပြသရန် လိုအပ်ပါသည်။

ခေါင်းဆောင်များအနေဖြင့်အတိုက်အခံတို့ကို မိမိကသာအောင်နိုင်လိမ့်မည်ဟုယုံကြည်မှုကတိုက်တွန်း ပေးလျက်ရှိပါသည်။ ဘရာဇီးနိုင်ငံတွင်ထောင်ကျသွားသည် ့သမ္မတဟောင်း လူလာ (Luiz Lula) မှာအလွန် လူချစ်လူခင်များ၍ နာမည်ကြီးခဲ့သူဖြစ်သည်။ ယခုအခါ ၂၀၂၂ တွင်ကျင်းပရန်ရှိ သည့်သမ္မတရွေးချယ်ပွဲ ၌ ဝင် ရောက်ယှဉ်ပြိုင်နိုင်ရန် အလားလာရှိပါသည်။ သူသည်ရွေးကောက်ပွဲကျင်းပချိန်တွင်အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး ထောက်ခံမှုမှာလည်း အကန့်အသတ်များရှိနေပါသည်။ သူသည်ဒုတိယအကြိမ် ရွေးကောက်ပွဲအထိသာ ရောက်ခဲ့ပြီး သမ္မတဘော်စနာရိုု ကိုရှုံးနှိမ့်ခဲ့ပါသည်။ သူ၏အလုပ်သမား (Workers Party) မှ နောက်ပေါ်လာ မည့် ဘော်စနာရို၏ လက်ထောက်များထဲမှတစ်ယောက်ယောက်ကို လွှဲပေးလိုက်လျင်လည်း အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

အာဂျင်တီးနားတွင်သမ္မတဟောင်း မာခရီ (Macro Macri) သည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကိုပြန် နိုင်စရာ အကြောင်းရှိနေပါသည်။ သို့သော်သူကိုယ်တိုင်က တိုင်းပြည်တွင် နာမည်ဆိုးဖြင့်ကျော်ကြားနေခိုက် တစ်ခြားလူ တစ်ယောက်ကိုလွှဲပေးလိုက်လျင်အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ပြောနေကြသည်မှာ Buenos Aires မြို့တော်ဝန် လာရက်တာ (Horacio Rodriguez Larreta) သည်ခေါင်းဆောင်မှုကိုပြောင်းလဲခံယူရန်အကောင်း ဆုံးအခြေအနေတွင်ရှိနေပါသည်။ အချို့ကလည်း သူသည်ခေါင်းဆောင်တစ်ယောက်အနေနှင့် ဆွဲဆောင်မှုမရှိ၊ (Chrisma) ဟုပြောနေကြပါသည်။ သူသည် မန်နေဂျာကောင်းတစ်ယောက်ဖြစ်ပြီး နိုင်ငံတွင်သူ၏ကျော်ကြား သော လုပ်ရပ်များရှိခဲ့ပါ သည်။ မစ္စတာမာခရီ ၏ပရောဂျက်အတွက် နိုင်ငံရေးအရောင်များမရောယှက်သေး သည့် ခေါင်းဆောင်အသစ်ဖြစ်ပါသည်။

(၃)

ယခုလနိုဝင်ဘာ ၉ ရက်နေ့ကသမ္မတဟောင်း အီဗို မိုရဲလစ်သည် မိမိနိုင်ငံ ဘိုလီးဗီးယားသို့ပြန်လည် ရောက်ရှိ လာရာ ပြည်သူအများက ကြီုဆိုခဲ့ကြပါသည်။ သမ္မတအသစ် ပြောသလို အနာဂါတ်တွင် မိုရဲလစ် မပါတော့ဘူးဆိုသည်မှာ မမှန်ကန်ပါ။ ပေါ်လစီပိုင်းတွင် မိုရဲလစ်ကဘယ်မျှပါမည်ကို စောင့်ကြည့်ရန်သာရှိပါ တော့သည်။ နည်းစနစ်အဟောင်းများနှင့်ခေတ်ဟောင်းက လုပ်နည်းလုပ်ဟန်များမှာ ခေတ်မမှီတော့သလိုအချို့ နေရာများတွင် တရားဥပဒေကို ကျော်လွန်၍ လုပ်ကိုင်ရသည်များရှိပါသည်။

မစ္စတာမိုရဲလစ်၏ ၁၄ နှစ်တာ နေသွားခဲ့သောကာလအတွင်းကအမှားများကို အမှန်ဖြစ်ရန်မှာ အဖွဲ့အစည်း (Institution) များကိုခိုင်ခိုင်မာမာရှိစေရန်တည်ဆောက်ဖို့လိုသည်။ ထိုအဖွဲ့အစည်းများမှာ သမ္မတဟောင်း၏ အလိုဆန္ဒပြည့်ဝစေရန်ဥပဒေများကိုလိုသလိုပြောင်းလဲအသုံးပြုရသည်များရှိခဲ့ပါသည်။

မစ္စတာအာစေး အနေဖြင့်သတိကြီးစွာထား၍ရှောင်ရှားနိုင်ပါမှ ဆိုရှယ်လစ်နိုင်ငံသို့အရောက်သွားမည့် အမ် အေအက်စ် ၏ ရည်ရွယ်ချက်များအောင်မြင်ပါလိမ့်မည်။ အဖွဲ့အစည်းကြီးများ၏ လုပ်နည်းထုံစံများကို ပြောင်းလဲ ရေးမှာ နိုင်ငံရေး၊ စီးပွားရေးရှု့ထောင့်မှကြည့်လျင်ခက်ခဲရှုပ်ထွေး၍နေပါသည်။ ဘိုလီးဗီးယားတွင် တိုင်းရင်းသား ရေးရာမှာ ယဉ်ကျေးမှုရေးရာများ များပြားမှုကြောင် ့ဆင်းရဲမှုတိုက်ဖျက်ရေးနှင့် လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေး ကိုကြိုးစား အားထုတ်ရမည်ဖြစ်ပါသည်။ မိုရဲလစ်၏ခွဲခြားအုပ်ချုပ်သောအကျင့်နှင့် အာဏာရှင်ဆန်သောလုပ်ရပ် များ ကိုပယ်နိုင်ရပါမည်။

ကိုသန်းလွင်

Ref: The lesson for a region from Bolivis By Brendan O’Boyle , New York Times October28 2020.