မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၂ ရက် မြောက်နေ့ မြင်ကွင်း

Photo - Myanmar NOW

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၂ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၁စားနပ်ရိက္ခာ ကျန်းမာရေး ကပ်ဘေး
ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ WFP က လာမယ့် လများအတွင်းမှာ မြန်မာနိုင်ငံမှာ လူသန်းနဲ့ချီပြီး အငတ်ဘေးနဲ့ ကြုံနိုင်တယ်ဆိုတဲ့ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး မတည်ငြိမ်မှုြဖစ်ပေါ်လာပြီး ဝန်ဆောင်မှု၊ ဆောက်လုပ်ရေး နဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍတွေမှာ အလုပ်အကိုင်ဆုံးရှုံးပြီး အခြားတဖက်မှာလည်း ကုန်စျေးနှုန်းက မြင့်တက်နေတာကြောင့် နောက်လာမယ့် ၃ လကနေ ၆ လအတွင်း မြို့တွေမှာ နေထိုင်သူတွေ ပိုပြီး အငတ်ဘေးဒဏ်ကို ခံရနိုင်ခြေရှိတယ်လို့ ဖေါ်ပြထားပါတယ်။
ဒီအစီရင်ခံစာ လေ့လာကောက်ယူချက်ထဲက အတိုင်း ဖြစ်မယ်လို့ တထစ်ချ မမှတ်ယူပေမယ့်လည်း ဖြစ်နိုင်ခြေ အလားအလာတွေက တော့ နေ့စဥ်ဘဝတွေမှာ မြင်တွေ့နေရပါတယ်။ နကို ကိုဗစ်ကြောင့် ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေခဲ့ရတဲ့ စက်ရုံအလုပ်ရုံတွေ စစ်အာဏာသိမ်းမှု အပြီး ဆန္ဒပြမှု၊ ဘဏ်တွေ မဖွင့်လှစ်နိုင်မှု၊ အလုပ်သမားအများဆုံးနေထိုင်ကြတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံအရှေ့ မြို့နယ်တွေမှာ ရက်စက်စွာ ဖြိုခွဲခဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့နောက် အလုပ်သမားတွေ မြို့ကို ယာယီ စွန့်ခွာသွားကြတာ လူဦးရေအားဖြင့် သိန်းနဲ့ချီရှိခဲ့တာပါ။ ဒီအဖြစ်အပျက်တွေ ရဲ့နောက်မှာ စက်ရုံတွေ မလည်ပတ်နိုင်တော့တာတွေ တခြားသော စီးပွာေရး လုပ်ငန်းတွေလည်း စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက် ဂယက်ဒဏ် ခံစားကြရပြီး မကြာခင်လပိုင်းတွေမှာ ပုဂ္ဂလိကကဏ္ဍရဲ့ စီးပွားရေး ကျဆင်းဆုတ်ယုတ်မှုက ထင်ထင်ရှားရှားတွေ့ ကြုံလာရဖွယ်ရှိနိုင်ပါတယ်။
စီးပွားရေး တက်တာ ကျတာက မဆန်းသော်လည်း ကျဆင်းတဲ့ အတိုင်းအတာ၊ နကိုကတည်းက တနှစ်နီးပါး ကိုဗစ်ကူးစက်ရောဂါဒဏ် ခံထားရလို့ ထိခိုက်နေတဲ့ မြန်မာ့စီးပွားရေးဟာ စစ်အာဏာသိမ်းမှုကြောင့် ယိုင်နဲ့နေတာကို တွန်းလှဲလိုက်သလို ဖြစ်သွားမယ့် သဘောမျိုးလည်း ဖြစ်နေပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေမပြောနဲ့ လမ်းထဲ ရပ်ကွက်ထဲမှာ ဆောက်နေတဲ့ ၆ထပ်၊ ၈ ထပ် တိုက်တွေ အာဏာသိမ်းကတည်းက ဆက်မဆောက်နုိင်ပဲ ရပ်နားထားကြရတာ ခုတိုင်ပဲ ဖြစ်ပါတယ်။ အလုပ်သမားတွေကိုယ်၌ကလည်း မြို့ပေါ်မှာ ပစ်နေခတ်နေ ၊ ဝင်ရောက် လုယက်၊ ရိုက်နှက်တာတွေ လုပ်နေတာကြောင့် မြို့ပေါမှာ မနေရဲကြတော့ပဲ ဆွေမျိုးရှိရာ မိသားစုရှိရာ နယ်မြို့၊ ရွာတွေဆီ ပြန်ကုန်ကြတယ်လို့ ဆိုပါတယ်။ အခုလို ဆောက်လုပ်ရေးလုပ်ငန်းတွေ မလည်ပတ်ရာက လူတွေ ဝင်ငွေ မရှိ၊ ရင်းနှီးတဲ့ ပိုင်ရှင်တွေလည်း တိုက်ခန်း၊ ရုံးခန်း၊ အဆောက်အဦးတွေ ဝယ်မယ့်သူ ငှားမယ့်သူသိသိသာသာ လျော့ကျသွားပြီမို့ ဆက်ဆောက်ဖို့ မဝ့ံမရဲ ဖြစ်ကြတဲ့သဘောလည်း ဖြစ်ပါတယ်။
အကူအညီပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ စီးပွားရေး ရင်းနှီးြမှုပ်နှံတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ ရပ်ဆိုင်းတဲ့ဟာ ရပ်ဆိုင်း၊ ဆိုင်းငံ့တဲ့ဟာက ဆိုင်းငံ့ထားတဲ့ သတင်းတွေ ဖြစ်စဥ်တွေလည်း သတင်းထဲမှာရော ကိုယ့်ပတ်ဝန်းကျင်မှာပါ မြင်တွေ့ ကြားသိနေရတာပါ။
အခုလို စီးပွားရေး အကြပ်အတည်း လက္ခဏာတွေ ရှေ့ပြေးနိမိတ်တွေကို မြင်တွေ့နေရစဥ်မှာပဲ ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ကမ္ဘာ့နိုင်ငံအတော်များများမှာ ကိုဗစ် တတိယ လှိုင်းက ဝင်ရောက်နေပြီး တရက်တရက် ထောင်နဲ့ သိန်းနဲ့ ကူးစက်လူနာတွေ တွေ့နေရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ စစ်အာဏာသိမ်းမှုဒဏ်ကို အကြီးအကျယ် ထိခိုက်ခံစားရတဲ့ အခြေအနေမှာ ကိုဗစ် တတိယလှိုင်းပါ ကူးစက်လာဦးမယ်ဆိုခဲ့ရင် မြန်မာနိင်ငံအဖို့ ကံအဆိုးဆုံးအနေအထား ဖြစ်သွားနုိင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲလုခင် ဖြစ်နေတဲ့ အနေအထား အုပ်ချုပ်တဲ့ဆိုတဲ့ စစ်ကောင်စီ ကို လူထုက အသိအမှတ် မပြုတဲ့အနေအထားမှာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ အောက်တိုဘာလလို ကူးစက်ရောဂါ တကြော့ပြန်လာခဲ့မယ်ဆိုရင် အဆိုးဆုံးအခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။
ဒီလို ကြုံတွေ့ရနိုင်ခြေရှိတဲ့ အခြေအနေအခင်းအကျင်းတွေအတွက်လည်း စီအာရ်ပီအိတ်၊ အမျိုးသားညီညွတ်ရေး အစိုးရ တို့အနေနဲ့ တွေးဆပြင်ဆင်ထားသင့်တယ်လို့မြင်ပါတယ်။ သေနတ်ကိုင်ပြီး အစိုးရလို့ ဆိုနေတဲ့သူတွေရဲ့ဂိုဏ်းကို လူထုက အသိအမှတ်မပြုတဲ့ တိုင်းပြည်မှာ ကူးစက်ရောဂါ ကပ်ဘေး၊ အငတ်ဘေးလိုမျိုးကျရောက်ခဲ့ရင် ဘယ်လို စီမံကာကွယ် တွန်းလှန်ကြမလဲဆိုတာ တွေးဆထားရမယ့် အခြေအနေ တရပ်လို့ ထင်မြင်မိပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar