Breaking News

ဂျူနီယာဝင်း - တယ်လီဗီးရှင်းနှင့် ရေဒီယို


ဂျူနီယာဝင်း - တယ်လီဗီးရှင်းနှင့် ရေဒီယို

(ဂျူနီယာဝင်းရေး ၂၁ရာစု ဂျာနယ်လစ်ဇင်စာအုပ်၊ မိုးမခစာအုပ်စင်ကောက်နုတ်ချက်)
မိုးမခ၊ ဇူလိုင် ၃၊ ၂၀၁၉

၁။ တယ်လီဗီးရှင်းဟာ သတင်းတွေကို ချက်ချင်းလက်ငင်း ဖော်ပြမူ တစ်ခု ဖြစ်တယ်။ ကျွန်တော်တို့က အသံရော ရုပ်ရောပါတဲ့ ရုပ်မြင်သံကြားကို ကြည့်ရတာ သဘောကျပါတယ်။

၂။ ၂၀ရာစုအစလောက်မှာ ရေဒီယိုပေါ်လာတော့ သူက သတင်းစာပညာရဲ့ တိုးတက်လာမူအဖြစ် ပရိသတ်ကို ချပြလိုက်ခဲ့တာ ဖြစ်ပါတယ်။

၃။ ရေဒီယိုဌာနတွေရဲ့ ထုတ်လွှင့်မူပုံစံဟာ တစ်နေ့တာ အစီအစဉ်ကို ကွက်လပ်မရှိအောင် ထုတ်လွှင့်ရပါတယ်။

၄။ သတင်းထုတ်လွှင့်မူတွေဟာ အဝေဖန်ခံကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းတွေရဲ့ အတိမ်အနက်ဘာမှ မပါပဲ ခပ်တိုတိုလိုရင်းကို ထုတ်လွှင့်သွားလို့ဖြစ်ပါတယ်။

၅။ သတင်းထုတ်လွှင့်မူလုပ်ငန်းဟာ အစိုးရရဲ့ ထိမ်းချူပ်မူနဲ့ လှူပ်ရှားနေကြတာ ဖြစ်နေသောလည်းပဲပေါ့လေ အစိုးရနဲ့ တရားမူဆိုင်ရာအဖွဲ့များဟာ အဲသည်လို သတင်း အစီအစဉ်ခေါင်းစဉ်တွေထဲ ပါသွားမှာကို သိပ်မလိုလားကြပါဘူး။

၆။ Ted Tarner (တက်တာနာ) ဟာ လွတ်လပ်သော အန္တလန်တာ တီဗီဌာနကြီးရဲ့ ပိုင်ရှင် ဖြစ်ပါတယ်။ သူဟာ လူထုပရိသတ်ကို ဆက်သွယ်ရေးအတွက် မရေတွက်နိင်တဲ့ အသံလွှင့်ဌာနတွေကို ချဲ့ထွင်ပေးခဲ့သူ ဖြစ်ပြီး ဆက်တလိုက်နဲ့ ကြိုးတပ်နည်းပညာစနစ်ရဲ့ ဦးဆောင်သူ ဖြစ်ပါတယ်။

ဦးဦးဖျားဖျား သတင်းဦးများ
၂၀ရာစုမှာ တိုးတက်လာတဲ့ သတင်းထုတ်လွှင့်မူတွေဟာ ပုံနှိတ်သတင်းတွေကိုပဲ ဖတ်ခဲ့ရတဲ့ ပရိသတ်အတွက် ပြောင်းလဲမူတစ်ခု ဖြစ်လာပါတယ်။ ၁၉ ရာစုအလယ်ပိုင်း တုန်းကဆို ဓါတ်ပုံတွေနဲ့ ကြေးနန်းကနေ ပို့လိုက်တဲ့သတင်းမျိူးကိုသာ လက်ခံခဲ့ရတယ်။ အဲဒါ ၁၈၂၀ခုနှစ်ပိ်ုင်းလောက် ကလို့ ဆိုရမယ် ထင်ပါတယ်။ အသံနဲ့ ထုတ်လွှင့်တဲ့ နည်းပညာတိုးတက်လာတော့ သတင်းတင်ပြမူဟာ ပုံနှိတ်ထားတာတွေ ထုတ်လွှင့်ပေးမူ အဆင့်လောက်ဖြစ်လာပါတယ်။

ယနေ့ခေတ်တော့ အသံရော ရုပ်ရော ထုတ်လွှင့်ပြသကြပါတယ်။ ကျွန်တော်တို့ဟာ တစ်ခုခု ဖြစ်တယ် ကြားရင် ချက်ချင်း ရုပ်မြင်သံကြား ကောက်ဖွင့်ကြတယ် မဟုတ်လား။ ဘာအရေးတကြီးဖြစ်သလဲ ကြည့်လိုက် သတင်းထဲ မြင်ရတယ်။ ဘာကြားသလဲ နားထောင်လိုက်ပါ ကိုယ်တိုင် ကြားရပါတယ်.. ဆိုတော့ ကိုယ်မြင်တာကိုယ်တွေ့၊ ကိုယ်ကြားတာ ကိုယ်ယုံပေါ့ဗျား။

သတင်းထုတ်လွှင့်မူရဲ့ ရုပ်လက္ခဏာတစ်ခုကတော့ နေရာတိုင်းမှာ ရှိနေတာ ဖြစ်ပါတယ်။ နေရာတိုင်း ဆိုတဲ့အခါ ရေဒီယိုဟာ ဘယ်နေရာမှာမဆို ရှိတယ်ပေါ့။ ရေဒီယိုလေးတစ်လုံး ဆောင်ထားရတာ ပေါ့ပါးတယ်၊ အချိန်အခါမရွေးဖွင့်နားဆင် လို့ရပါတယ်။ အသုံးဝင်တယ်။ ရုပ်မြင်သံကြားသတင်းကကျတော့ နေ့စဉ် တစ်နေ့တကြိမ် ကြည့်ကြတယ်။ ကျေနပ်ကြပါတယ်ပေါ့။

သတင်းထုတ်လွှင့်မူဟာ ပုံနှိတ်သတင်းတွေနဲ့ ကွာပါတယ်။ သို့သော် သတင်းထောက်များက သတင်းတွေ လိုက်ကြ၊ အချက်အလက်တွေ စုဆောင်းကြ အဲဒါတော့ တူပါတယ်။ သတင်းထောက်များ သတင်းစာဆရာများ အလုပ်လုပ်ကြရသလိုပဲ သူတို့လည်း လုပ်ကြရတယ်။ သတင်းထုတ်လွှင့်မူဆိုင်ရာ သတင်းထောက်များအတွက် ပရိသတ်ရဲ့ တောင်းဆိုမူကို ကြည့်ရတယ်။ အဲဒါကွာခြားမူပါပဲ။ သူတို့ဟာ ပွဲကြည့်ပရိသတ်က ဘယ်လိုအသံ၊ ဘယ်လို ရုပ်ပုံမျိူး အလိုရှိတယ် ဆိုတာကို အသုံးချရပါတယ်။ သည်တော့ အဓိက ကတော့ ရိုးရိုးရှင်းရှင်းနဲ့ သတင်းကို နားလည်အောင်၊ နားဝင်သွားအောင် ပါပဲ။

သတင်းထုတ်လွှင့်တဲ့ ဌာနတွေကများပါတယ်။ သည်တော့ သတင်းထုတ်လွှင့်တာကို စောင့်ကြည့်ကြတဲ့လူတွေက စကားအပြောအဆိုတင်ပြပုံ ကောင်းတဲ့ ဆီကို ဦးစားပေးကြည့်ပါတယ်။ ပီးတော့ အချင်းချင်း တွေ့ကြတဲ့အခါ ဒါကို ဖောက်သည်ချကြတယ်ပေါ့။ ဟိုးအရင်တုန်းကဆို ရေဒီယိုကသတင်းကို လူတွေစုပြီး နားဆင်ကြတယ်။ ရုပ်မြင်သံကြားသတင်းလွှင့်တော့ လမ်းပေါ်မှာ လူတွေစုပြီး ကြည့်ကြတယ်။ ပြီးရင် လမ်းလျောက်ရင်း စကားပြောရင်း သတင်းအကြောင်း ဆွေးနွေးကြတယ်။

ပုံနှိတ်သတင်းတင်ပြမူဟာ သတင်းထုတ်လွှင့်မူကို ဘယ်လိုမှ မယှဉ်နိ်ုင်တာတော့ အမှန်ပါ။ သို့သော် ရုပ်မြင်သံကြားတွေမပေါ်မှီက ရေဒီယိုကိုပဲ အားကိုးခဲ့ရတာကို တော့ မမေ့ကြပါနဲ့လေ။

ရေဒီယို
လ ျှပ်စစ်လှိူင်းတွေ သို့မဟုတ် ရေဒီယိုလှိူင်းများဟာ အလင်း၏အလျင်နဲ့ သွားလာနေပါတယ်။ ဒါကို ဖမ်းယူတယ်၊ လက်ခံတယ်၊ ထုတ်လွှင့်တယ်ပေါ့။ ဒါဟာ စဉ်ဆက်မပြတ် ဖြစ်ပျက်နေတာပါ။ ဒိအရင်က ကြေးနန်းနဲ့ သတင်းပို့တယ်။ ဒီနေရာကို ရေဒီယိုကဝင်လာတာပါ။ ၂၀ရာစု အစပိုင်းလောက်က အမေရိကရေတပ်က သင်္ဘောတစ်စင်းနဲ့ တစ်စင်း၊ ပြီးတော့ ကမ်းကို တလှည့်စီ သတင်းပို့နေရတဲ့စနစ်က အသုံးမဝင်ဘူးဆိုတာ သိလာကြတယ်။ ၁၉၁၂ခုနှစ်မှာ တိုက်တင်းနစ် သင်္ဘော မြိုပ်တဲ့ ဖြစ်ရပ်မှာ ရေဒီယိုဆက်သွယေ်၇း နည်းပညာဟာ အရေးကြီးတဲ့ အခန်းဂဏမှာ ပါဝင်ခဲ့တယ် ဆိုတာ သက်သေပါပဲ။ ရေဒီယိုနဲ့ ဆက်သွယ်ပြီး သတင်းပို့တယ်၊ သတင်းယူတယ်၊ သတင်းလွှင့်တဲ့အလုပ်ဟာ အခုလို အရေးတကြီးဖြစ်ရပ်မျိူးမှာ ရုပ်မြင်သံကြားထက် သာပါတယ်။ ၂၀ရာစုနှစ်လည်မှာ ရေဒီယိုရဲ့အမြန်နှူန်းနဲ့ ရောက်ရှိတဲ့ အကွာအဝေးဟာ အများကြီးသာလွန်နေပါတယ်။ အဲသည်နေရာမှာတော့ ရေဒီယိုဆက်သွယ်မူ နည်းပညာဟာ သိပ်ကိုအရေးပါပါတယ်။


(သည်အခန်းမှာ ဂျိမ်းစ်က ရေဒီယိုစားသုံးသူတွေနဲ့ ရေဒီယိုဌာနဆိုင်ရာ ၁သောင်းကျော်ရဲ့ လုပ်ငန်းပိုင်းဆိ်ုင်ရာတွေကို အသေးစိတ် ရှင်းထားပါတယ်။ အဲသည်အပိ်ုင်းတွေကို ကျော်လိုက်ပါ့မယ်။)

ရေဒီယိုအသံလွှင့်မှာ သတင်း ရယ်၊ စကားပြော အခန်းရယ်ဟာ အဓိက ကျပါတယ်။ ဒါပြီးရင် သီချင်း ဂီတ ရော့ခ် ဂျက်ဇ် စသဖြင့် တွေ ပါပါမယ်။ နေ့စဉ် ရရှိတဲ့ အချက်အလက်များ ထုတ်လွှင့်မူအပြင် နားဆင်သူတွေဆီက တိုက်ရိုက် ပါဝင်ဆွေးနွေးတဲ့ အစီအစဉ်တွေ ရှိပါတယ်။ ခေါင်းစဉ်တစ်ခုကို ပြပြီး ဆွေးနွေးမူများထဲမှာ နိုင်ငံရေး၊ ကျမ်းမာရေး၊ အားကစား စသဖြင့်တို့ ပါပါမယ်။ ပေါ်ပြူလာဖြစ်သူတွေနဲ့ အင်တာဗျူးတွေ၊ ဧည့်သည်အဖြစ် ဖိတ်ထားတဲ့ သူတွေနဲ့ စကားပြောတာတွေ ပါလေ့ရှိပါတယ်။

ရေဒီယိုဌာနများမှာ ကြော်ငြာတွေလက်ခံပြီး စီးပွားရေးဆန်တဲ့ ဌာနများရှိသလို ရေဒီယိုဌာန သီးသန့်ဆိုပြီးတော့လည်း ရပ်တည်နေတာတွေရှိပါတယ်။ ရေဒီယိုဌာနပေါင်း ၅၀ဝကျော်ဟာ ကြော်ငြာများလက်မခံပဲ သူ့ဘာသာရပ်တည်နေ ကြပါတယ်။ သူတို့ကို ပိုင်ဆိုင်သူများက ဖောင်ဒေးရှင်းတွေ၊ ပညာရေးဆိုင်ရာတွေ၊ အစိုးရရဲ့ ပံ့ပိုးမူတွေအပြင် မိမိတို့မိဘဘိုးဘွားများ အမွေကို ဆက်ခံပြီး ဆက်လုပ်နေကြတာတွေ လည်းရှိသလို နားထောင်သူ ပြည်သူများရဲ့ အလှူငွေများနဲ့ ရပ်တည်နေကြတာတွေ ဖြစ်ပါတယ်။

အနည်းငယ်သော စီးပွားရေးဆန်ဆန် ရပ်တည်နေကြတဲ့ ရေဒီယိဌာနများကျတော့ ကံမကောင်းစွာပဲ သူတို့ဟာ သတင်းရဖို့ကြိုးစားကြရ၊ ကြော်ငြာရဖို့ ဆွဲဆောင်ရနဲ့ ငွေကြေးမြောက်များစွာ ရင်းနှီးရပါတယ်။ ဒီလိုဌာနများရဲ့ မန်နေဂျာများက ဆိုရာမှာ သူတို့အသံလွှင့်တာကို နားဆင်တဲ့သူတွေဟာ သတင်းတွေထက်ကို သီချင်းတို့ ဘာတို့ကို ပိုပြီး လိုလားကြတယ် လို့ပြောပါတယ်။ သည်တော့ လူထုနားဆင်တဲ့ ရေဒီယိုအစီအစဉ်တွေဟာ သတင်းစာပညာပိုင်းဆိုင်ရာနဲ့ ယှဉ်ပြောရရင် သိပ်တော့ အဆင်မပြေလှဘူးပေါ့။ သို့သော်လည်း တချိူ့သော တိုင်းပြည်တွေမှာတော့ စီးပွားရေးဆန်သော ရေဒီယိုဌာနများဟာ အရေးပါတဲ့နေရာမှာ ရှိနေကြပါတယ်။ အပြိုင်အဆိုင်တွေလည်းများပြီး နားဆင်သူတွေလည်း ပေါများပါတယ်။ အဲသည်မှာလည်း သတင်းတွေက သိပ်ပြီး မျက်နှာမရပါဘူး။ ယနေ့ခေတ်မှာ ဆက်တလိုက်ရေဒီယိုက ခေတ်မှီနေဆဲဖြစ်သောလည်း အနာဂတ်ကိုတော့ မပြောနိုင်သေးပါဘူး။

နောက်ထပ် စိန်ခေါ်နေတဲ့ လက်ရှိစနစ်တစ်ခုကတော့ အင်တာနက်ရေဒီယို ဖြစ်ပါတယ်။ နည်းပညာအရ ငွေကြေးအနည်းငယ်လောက်နဲ့ အင်တာနက်တကိုယ်တော်သုံးတဲ့ သူတွေလည်း နားထောင်နိုင်ပါတယ်။ အဲသည်မှာ သတင်း၊ စီးပွားရေးနဲ့ ဂီတ တွေလွှင့်ပါတယ်။ တချိူ့သော ၈ီတပိုင်းဆိုင်ရာ အဖွဲ့တွေက အင်တာနက် ရေဒီယိုကိုသုံးပြီး သူတို့ကိုယ်ပိုင်တေးသီချင်းတွေ ထုတ်လွှင့်ကြပါတယ်။ သည်မှာလည်း စီးပွားရေးအရလွှင့်တာနဲ့ စီးပွားရေးမပါတဲ့ အင်တာနက်ရေဒီယိုဆိုပြီး ရှိပါတယ်။ ဝက်ဆိုက်တွေမှာတော့ အများအားဖြင့် နားထောင်လိုသူတွေအတွက် နားဆင်လို့ရအောင် ဖွင့်ပေးထားပါတယ်။ နယ်ဝေးနယ်ခြားကသူတွေလည်း နားထောင်လို့ရတယ်ပေါ့။ အဲသည်မှာ အထူးသဖြင့် ဘောလုံးသတင်းတွေကျတော့ အဓိက ဖြစ်ပါတယ်။ www.mlb.com မှာဆိုရင် ဝင်ခွင့်ကောက်ခံထားပြီး အသင်းဝင်သူများကို ရေဒီယိုအသံလွှင့်ချက်များနဲ့ အားကစား သတင်းများ ဂိမ်းများကို နှစ်စဉ်ကြေးနဲ့ အသုံးပြုနိုင်ကြပါတယ်။ ဘယ်နေရာဘယ်အရပ်က ဖြစ်ဖြစ် အားကစား ဝါသနာအိုးများဟာ အင်တာနက်ရှိသ၍ အသံဖိုင်တွေကို ဒေါင်းလုပ်လုပ်ပြီး နားဆင်နိုင်ကြပါတယ်။

ဒေသဆိုင်ရာ ရုပ်မြင်သံကြား
၂၀ရာစု အလယ်ပိုင်းလောက်ကမှ ရုပ်မြင်သံကြားတွေက ရေဒီယိုတွေကို လွှမ်းမိုးလာတာပါ။ သို့သော် တဖြေးဖြေးနဲ့ပါပဲ။ စစချင်းတော့ ရုပ်မြင်သံကြားလက်ခံတဲ့ စက်တွေက ဈေးကြီးပါတယ်။ သိပ်ပြီးတော့လည်း မကောင်းသေးပါဘူး။ အစီအစဉ်တွေကလည်း သတ်မှတ်ချက်တွေနဲ့ပါ။ လူတွေကလည်း ရေဒီယိုကသာ စူပါပဲလို့ယူဆနေကြပါတယ်။ ဘာဖြစ်လို့လဲဆို ရေဒီယိုနားသောတဆင်ရင်း အလုပ်မပြတ်ဘူးကိုး။ အလုပ်လုပ်ရင်း ရေဒီယိုနားထောင်ရတဲ့ အရသာကို ပိုကြိုက်ကြပါတယ်။ ရုပ်မြင်သံကြားကျတော့ လူတွေရဲ့ ဂရုစိုက်တာ တယ်ခံချင်တာကိုး။

ဒုတိယကမ္ဘာစစ်နောက်ပိုင်းကျတော့ ဆက်သွယ်မူတွေ တိုးတက်လာပြီး လူတွေဟာ ဖျော်ဖြေရေးတွေကို စိတ်ဝင်စားလာကြတယ်။ ရုပ်မြင်သံကြားကို အထူးအဆန်းသဖွယ် ကြိုဆိုကြပါတယ်။ စက်တွေလည်း အရောင်းလိုက်လာကြတယ်။ ရုပ်မြင်သံကြားလိုင်စင် တွေလည်းထုတ်ပေးပါတယ်။ ၁၉၄၈ ခုနှစ်လောက်မှာ Federal Communication Commission (FCC) (အစိုးရနဲ့ သက်ဆိုင်သည့် ဆက်သွယ်ရေး အဖွဲ့) (အတိုကောက် အက်ဖ်စီစီ) က လိုင်စင်ထုတ်ပေးတာကို ရပ်လိုက်ပြီး ရုပ်မြင်သံကြားရဲ့ အသုံးပြုမူ အခြေအနေကို စဉ်းစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါက ၄ နှစ်လောက်အကြာမှာ အစသတ်သွားတယ်။ ရုပ်မြင်သံကြားစက်မူလုပ်ငန်းဟာ အကြီးအကျယ် ထိုးကနဲ တက်လာပါတယ်။ ၁၉၅၅ခုနှစ်မှာ နိုင်ငံရဲ့ ၃ပုံ၂ပုံဟာ ရုပ်မြင်သံကြားစက်ရှိလာကြပြီး အခုဆိုရင် ၉၈ ရာခိုင်နှူန်း ဖြစ်လာပါပီ။

စက်မူလုပ်ငန်း တိုးတက်လာတာနဲ့အမျှ ဒေသဆိုင်ရာ ရုပ်မြင်သံကြားဌာနတွေလည်း ပေါ်လာပါတယ်။ အမေရိကန်ပြည်ထောင်စု မှာတင် ၁၆၀ဝ လောက် ဖြစ်လာပါတယ်။ သူတို့ ဟာ အက်ဖ်စီစီ ရဲ့ခွင့်ပြုချက်နဲ့ လိုင်းတွေ၊ လှိူင်းတွေထုတ်လွှင့်ကြတာ ဖြစ်ပါတယ်။ တချိူ့ရုပ်မြင်သံကြားဌာနတွေဟာ ဒေသတွင်းဆိုင်ရာတွေဖြစ်လို့ သူ့နယ်မြေအတွင်းမှာသာ ဖမ်းလို့ရပါတယ်။ ရုပ်မြင်သံကြားဌာနတစ်ခု တည်ထောင်တယ်ဆိုတာ အရင်းအနှီး မြုပ်နှံထားရပြီး ဆက်လက်ပြီးလည်း မပြတ်အောင် ရင်းနှီးနေရပါတယ်။ သည်တော့ ကြော်ငြာကိုလည်း ရယူပြီး ရေရှည်တည်တံ့အောင် လုပ်ကြရတယ်။ အပြိုင်အဆိုင်တွေလည်း ရှိတာကြောင့် သူတို့ဟာ ကြော်ငြာခကို အခမဲ့ ပေးကာ နောက်မှ ပြန်ရအောင် လုပ်ကြပါတယ်။

ဒေသဆိုင်ရာ ရုပ်မြင်သံကြားအစီအစဉ်တွေမှာ သတင်းကြေငြာတဲ့ ဂဏဟာ သတင်းစာဆရာတွေ အတွက် အရေးကြီးတဲ့ လွှင့်ထုတ်မူတွေ ဖြစ်လာပါတယ်။ လူတွေကလည်း သတင်းကို လူတွေနဲ့ တွဲကြည့်ရတာ သဘောကျကြပါတယ်။ ပထမ နှစ်၆၀ လောက်ဟာ နိုင်ငံတကာသတင်းတွေ တော်တော် ခေတ်စားခဲ့ပါတယ်။ သတင်းကြေငြာတဲ့သူတွေထဲမှာ Walter Cronkite (ဝေါလ်တာ ခရွန်ကိုက်)ဟာ ၁၉၆၀ ကနေ ၁၉၇၀ အထိ CBS News (စီဘီအက်စ် သတင်းအေဂျင်စီ) မှ သတင်းကြေငြာသူအဖြစ် တာဝန်ယူခဲ့ရသူဖြစ်ကာ သူ့ကို ‘the most trusted man in America’ (အမေရိက ကအယုံကြည်ရဆုံးသူ) လို့တောင် ခေါ်ကြပါသတဲ့။ နောက်ပိုင်း အနှစ် ၂၀လောက်မှာ ၂၄ နာရီ ရုပ်မြင်သံကြားတွေ အချိန်ပြည့် ပြသကြတော့ လူထုဟာ ရွေးချယ်စရာတွေ များလာတာကြောင့် သတင်းကြေငြာမူအပိုင်းတွေဟာ မှေးမှိန်လာခဲ့ပါတော့တယ်။

ရုပ်မြင်သံကြားသတင်း
ယနေ့ရုပ်မြင်သံကြားသတင်းဟာ NBC (အမ်ဘီစီ သတင်းအေဂျင်စီ) က ၁၉၄၀ခုနှစ်လောက်က စလို့ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွင့်နိုင်ခဲ့ပါတယ်။ သတင်းကြေငြာသူဟာ သူ့ရုပ်သွင်နဲ့ စတင်မိတ်ဆက်ကာ သတင်းကိုပါ ကြေငြာရတာ ဖြစ်ပါတယ်။ စစချင်းမှာဆိုရင် ရုပ်ရှင်ဓါတ်ပုံများနဲ့ သွားရတာကြောင့် လစ်ဟာမူများ အနည်းငယ် ရှိခဲ့ပါတယ်။ ၁၉၄၀ခုနှစ် အဆုံးပိုင်းကာလတွေမှာ CBS (စီဘီအက်စ် သတင်းဂျင်စီ)ကလည်း အဲသည်လို သတင်းတင်ဆက်မူတွေ လိုက်လုပ်လာပါတယ်။ သတင်းထောက်များရဲ့ အသံများကိုထည့်သွင်းကာ သတင်းကြေငြာမူတွေမှာ လူကြိုက်များလာ ရပါတယ်။

ရုပ်မြင်သံကြားသတင်းဆိုင်ရာ ဒါရိုက်တာများက သတင်းကြေငြာရာမှာ နည်းလမ်းတွေ တစ်ခုတည်းမက ရှိတယ်လို့ သဘောပေါက်လာကြပါတယ်။ သတင်းများကို ဖျော်ဖြေတဲ့ ပုံစံမျိူးသုံးပြီး ကြေငြာရင် ပိုပြီး သက်တောင့်သက်သာရှိတယ်ပေါ့။ ထို့ကြောင့် သတင်းမှတ်တမ်းကားတွေ စတင်ပေါ်လာပါတယ်။ သတင်းကြေငြာသူများဟာ အင်တာဗျူးများနဲ့ ပုံစံမျိူးစုံဝင်လာ ကြပါတယ်။ သတင်းစာဆရာအချင်းချင်း တစ်ယောက်တစ်လှည့် သို့မဟုတ် သတင်းကြေငြာသူနဲ့ သတင်းထောက်နဲ့ အပြန်အလှန် စသဖြင့်။ သည်လိုပဲ နံမယ်ကြီးပုဂ္ဂိုလ်များနဲ့ အင်တာဗျူးတွေ လုပ်လာကြတယ်။

ထိုကဲ့သို့သော သတင်းကြေငြာပုံ၊ သတင်းတင်ပြပုံများဟာ ယနေ့ထက်တိုင် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ သို့သော်လည်း ဟိုးခေတ်တုန်းကနဲ့ ယှဉ်ပြီး အဝေဖန်ခံကြရတယ်။ ဘာကြောင့်လဲဆိုတော့ အခုခေတ် သတင်းကြေငြာတာ၊ အင်တာဗျူးပုံစံ လုပ်ပြတာတွေဟာ ဘလာ ဘလာ တွေများနေတယ်။ တချိူ့က အဲဒါကို babblerati (ဘာဘလာရာတီ) လို့လှောင်ပြီးခေါ်ကြတယ်။ ဘာသတင်းအချက်အလက်မှ မပြောပဲနဲ့ အလကား ပေါက်ကရတွေ လေထွားနေတယ်ပေါ့။

ရုပ်မြင်သံကြားသတင်း အစီအစဉ်တွေဟာ အမြဲတမ်းလိုလို အဲသည်လို အဝေဖန်ခံနေကြ ရပါတယ်။ အခြေခံအကျဆုံးနဲ့ အဝေဖန်ခံနေရဆဲဖြစ်တဲ့ အရာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

- တိုကလည်းတို၊ တိမ်ကလည်းတိမ်။
သတင်းကြေငြာသူအတွက် ရေးပေးရတဲ့ သတင်းတွေဟာ ကန့်သတ်မူတွေနဲ့ ဖြစ်ပါတယ်။ ကန့်သတ်ထားတဲ့ ပမာဏတွေကြောင့် သတင်းရေးပေးရသူဟာ သတင်းအချက်အလက်တွေ အကုန်မပါနိုင်သလို၊ အသေးစိတ်လည်း မပါနိုင်တော့ပါဘူး။ နားဆင်သူကိုလည်း ဘာမှ သေချာ သတင်းအချက်အလက် ပြည့်စုံအောင် မပေးနိုင်ပါဘူး။ သတင်းအများစုဟာ စက္ကန့် ၂၀ ကနေ စက္ကန့် ၃၀ လောက်သာ ရကြပါတယ်။ ကြည့်ရူသူအတွက် ဘာမှကောင်းတာ မရှိတဲ့ အချိန်အကန့်အသတ်ပဲ။

- ရုပ်ပုံနဲ့ အသံသာ သတင်းကို ဦးဆောင်နေတာ။
သူတို့က အဆိုတစ်ခုရှိပါတယ်တဲ့။ “သွေးထွက်သံယိုရှိရင် အဲဒါက ရှေ့ကနေ ဦးဆောင်သွားတာပါပဲ“ ဆိုလား။ ဆိုလိုတာက သွေးထွက်သံယိုဖြစ်ရပ်တွေ၊ ဒါမှမဟုတ် ထိတ်လန့်စရာရုပ်ပုံတွေ၊ ဒါမှမဟုတ် အဲသည်လို ခပ်ဆန်ဆန်မျိူးတွေ ဖြစ်ကြည့်ပါလား၊ အဲသည် အဖြစ်အပျက်တွေက သတင်းစာမျက်နှာကို ဦးဆောင်သွားတော့တာပဲ။ နောက်ဝေဖန်ခံကြရတာတစ်ခုကတော့ သတင်းအေဂျင်စီတွေကိုယ်တိုင် က ရယူထားထားတဲ့ ဗီဒီယိုတွေ၊ အသံတွေသာ ဖြစ်ကြည့်ပါလား၊ အဲဒါတွေကို သတင်းအရည်အသွေး ရှိလို့ရယ်မဟုတ်ပဲ သူတို့အတွက် သတင်းတွေဆိုပြီး ကြေငြာပေးနေတော့တာပဲ တဲ့။

- အနှစ်သာရရှိတာထက် အရေးမပါတာများကို လွှင့်ထုတ်။
ဝေဖန်သူတွေက ပြောတာတော့ သတင်းကြေငြာတ့အခါ သူတို့က အရေးအကြီးဆုံး ဆိုတာတွေထက် ဘာမှအရေးမပါတာတွေ၊ သမရိုးကျမဟုတ်တာတွေကိုပဲ ဆွဲယူ ကြေငြာကြပါတယ်တဲ့။

- အဆုံးသတ်သတင်းကိုလည်း သတင်းဖြစ်ဖို့ သိပ်ပြီးမကြိုးစားကြဘူး။
(သတင်းတွေ ကြေငြာပြီး နောက်ဆုံးသတင်းကြေငြာပြီး အဆုံးသတ်တဲ့အခါကို ဆိုလိုပုံရပါတယ်။) သတင်းကြေငြာဖို့ သတင်းရေးပေးသူဟာ အဆုံးသတ်သတင်း စာကြောင်းကို သိပ်ဂရုမစိုက်ကြပါဘူး။ သတင်းထောက်တော်တော်များများ ကသူတို့သတင်းကြေငြာပြီးတဲ့အခါ “နောက်ဘာဖြစ်မလဲဆိုတာ ဘယ်သူသိမလဲ“ ဒါမှမဟုတ် “ကျွန်တော်တို့ ဆက်လက်စောင့်ကြည့် ကြတာပေါ့“ စသဖြင့် အဆုံးသတ်စကားမျိူးကို သူတို့့ သတင်းနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် ဆွဲယူ သုံးကြပါတယ်။ ရေဒီယိုသတင်းတစ်ခုမှာ ဆိုရင် “ဟောဒီ တရားရုံးက လာမယ့် နွေဦးရာသီကျမှပဲ ဆုံးဖြတ်မယ်လို့ မျော်လင့်ရပါတယ်“ လို့ တရားရုံးသတင်းတစ်ခုကို တင်ပြရင်း အဆုံးသတ်ပါတယ်။ သည်လိုအဆုံးသတ်လိုက်တာကို နားဆင်သူတွေအတွက် ဘာမှ မရပါဘူး။ ဆိုလိုတာက တရားရုံးအများစုဟာ နွေရာသီမတိုင်မှီမှာသာ တရားစီရင်ဆုံးဖြတ်တာ ဖြစ်လို့ဖြစ်ပါတယ်။

သည်လိုဝေဖန်မူတွေဟာ သတင်းကြေငြာမူကို ဖျော်ဖြေရေးသဖွယ် ကျင့်သုံးလာကြတဲ့ နောက်ပိုင်းမှာ စီးဝင်လာတာဖြစ်ပါတယ်။ သိပ်ကို အလေးအနက်ထားတဲ့ သတင်းစာဆရာတွေဟာ အသံနဲ့ရုပ်ကို သတင်းကြေငြာတဲ့အခါ ဘယ်လိုဘယ့်နှယ့်ဆိုတဲ့ တောင်းဆိုမူတွေနဲ့ အစချီကာ ကြိုးစားခဲ့ကြပေမယ့် အမြဲတမ်းတော့ မအောင်မြင်ခဲ့ကြပါဘူး။

(နံမယ်ကြီး သတင်းအေဂျင်စီတွေရဲ့ ၁၀ခုလောက် ဇယားကို ဖော်ပြထားပါတယ်။ နံပါတ်တစ်က CBS (စီဘီအက်စ်) ပါ။ နောက်တာ့ NBC (အမ်ဘီစီ)၊ ABC (အေဘီစီ)၊ Fox (ဖောက်စ်)တို့စသဖြင့် ဖြစ်ပါတယ်။ သက္ကရာင်္ဇ ၂၀ဝ၁ စစ်တမ်းပါ။ အဲဒါကို ကျော်လိုက်ပါ့မယ်။)

(ဆက်လက်ပြီးတော့ သတင်းအေဂျင်စီတွေရဲ့ ထုတ်လွှင့်မူ အစီအစဉ်များကို တင်ပြထားပါတယ်။ ကိုယ့်တိုင်းပြည်နဲ့ မဆိုင်တာတွေများလို့ ချန်လိုက်ပါမယ်။ အဲသည်စာပိုဒ်ကြီးမှာ အဓိကအချက်တစ်ခုက သူတို့သတင်းအေဂျင်စီများရဲ့ ဆောင်ပုဒ်ပါ။ “လူထုစိတ်ဝင်စားမူကို ဦးစားပေး၊ လူထု စိတ်သက်သက်သာသာ ရှိရေး၊ ပြည်သူလူထု လိုအပ်တာကို ပြသရေး။“ ဖြစ်ပါတယ်တဲ့။ အဲဒါက Federal Communication Commission (FCC) (အစိုးရနဲ့ သက်ဆိုင်သည့် ဆက်သွယ်ရေး အဖွဲ့) ကထုတ်ပြန်ထားတာပါ။)

သတင်းထုတ်လွှင့်မူတွေ၏အနာဂတ်
သတင်း ထုတ်လွှင့်သူတွေအတွက် အနာဂတ်က သိပ်မရေရာလှပါဘူး။ အဲသည်နယ်ပယ်ဟာ ၂၀ ရာစုအတွင်းမှာတော့ တည်ငြိမ်ပါတယ်တဲ့။ ပြောရရင် အင်တာနက်တွေ ပေါ်လာတာကြောင့် သတင်းပိုင်းဆိုင်ရာဟာ အင်တာနက်ကို ပိုပြီး ကိုးစားလာကြပါတယ်။ အဲသည်အကြောင့် နောက် အခန်းမှာ ဆက်လက်ဖော်ပြထားပါတယ်။ သတင်းထုတ်လွှင့်မူ သတင်းစာပညာ ဘယ်လိုများ ပြောင်းလဲသွားမှာပါလိမ့်။