Breaking News

ကိုသန်းလွင် - ပြတိုက်မှသည် ဗလီသို့


ကိုသန်းလွင် - ပြတိုက်မှသည် ဗလီသို့

(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၀
Ref: Religious Jewel Divides anew by Carlotta Gall New York Times July 11 2020
(၁)

အေဒီ ၆ ရာစုကတည်းက တည်ထားခဲ့ပြီးအင်ပိုင်ယာကြီးများ တစ်ခုမှတစ်ခုပြောင်းကာ ယနေ့တွင်မှု အာယာဆိုဖီယာ (Hagia Sophia)သည်ပြတိုက်ကြီးတစ်ခုအဖြစ် တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့တွင်ရပ်တည်နေ ပါသည်။ ၄င်းသည် ရောမသားတို့၏ အရှေ့တိုင်းအင်ပါယာပိုင် ဘုရားရှိခိုးကျောင်းလဲဖြစ်ခဲ့ဖူးသည်။ အော်တိုမန် အင်ပါယာခေတ်တွင် ဗလီ ဖြစ်ခဲ့သည်။ ကမ႓ာကြီး၏ အစ္စလာမ်နှင့် ခရစ္စယာန်တို့၏ အားပြိုင်မှုလက္ခဏာ အဖြစ် သမိုင်းတလျှောက်အထင်အရှားရပ်တည်ခဲ့ပါသည်။ 

ယခုပြတိုက်အဖြစ် မြင်ရသောခေတ်တွင်တူရကီ အစိုးရ၏ နိုင်ငံရေး နှင့်မပါတ်သက်ဘဲ ယဉ်ကျေးမှုဆိုင်ရာအထောက်အထားအဖြစ်ခန့်ခန့်ကြီး ရပ်တည်ခဲ့ပါသည်။

ယခုအခါ တူရကီသမ္မတ အက်ဒဝန် (Recep Tayyip Erdogen) က ဗလီကြီးဖြစ်အောင် ကြိုးစားလျက် ရှိပါသည်။ သူ၏ပုဂ္ဂိုလ်ရေးရည်မှန်းချက်၊ သူ့ကိုဝိုင်းဝန်းထောက်ခံသုများ၏ရည်မှန်းချက်များကိုဖြည့်ဆည်းနိုင်ရန် လည်းဖြစ်ပါသည်။ သို့သော် ကမ္ဘာအရပ်ရပ်မှ ခရစ္စယာန်များနှင့် အမေရိကန်နှင့် ရုရှားအပါအဝင် နိုင်ငံများ၏ ကန့်ကွက်ခြင်း ကိုတော့ ရင်ဆိုင်ရပါလိမ့်မည်။

(၂)
တူရကီနိုင်ငံ၏ ပြိုင်ဘက်ဖြစ်သော ဂရိတို့အတွက်ဆိုဖီယာသည် ခရစ္စယာန်တို့ အထွဋ်အမြတ်ထားရာ နေရာလည်းဖြစ်ပါသည်။ အဆောက်အဦးထဲတွင်ခရစ္စယာန်တို့၏ အမှတ်တရ ပန်းချီကားများ ရုပ်ပုံများရှိသည်။ ၄င်းကို ဗလီအဖြစ်ပြောင်းလဲခြင်းမှာ ခရစ္စယာန်တို့ကို မထေမဲ့မြင်ပြုလိုက်ခြင်းလည်း ဖြစ်ပါသည်။ အစ္စတန်ဘူလ် မြို့တွင်ဗလီပေါင်းသုံးထောင်ကျော်ရှိရာနောက်ထပ်ဗလီလည်းမလိုအပ်တော့ပါ။ ပုပ်ရဟန်းမင်းကြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို နှင့် ရုရှားနိုင်ငံဘုရားရှိခိုးကျောင်းမှဘုန်းတော်ကြီးများက အပြင်းအထန်ကန့်ကွက် နေကြပါသည်။ 

မစ္စတာအက်ဒဝန်ကို မထောက်ခံသောသူတို့က သူ့အတွက်နိုင်ငံရေးအကျပ်အတည်းပေါ်တိုင်းပေါ်တိုင်း ဆိုဖီယာကို ဗလီအဖြစ်ပြောင်းလဲရေးကိုရှေ့တန်းတင်လာလေ့ရှိသည်ဟုဆိုပါသည်။ ထိုနည်းဖြင့်သူအခြေခံထား ရာလူအုပ်စု၏ထောက်ခံခြင်းကိုတစ်ခဲနက်ရရှိပါလိမ့်မည်။ တူရကီ၏နိုင်ငံရေးအာဏာကို ၁ဂ နှစ်ကြာအောင်ထိန်း သိမ်းထားနိုင်ခဲ့သော်လည်းသူ၏အနာဂါတ်အတွက်မသေချာမှုများနှင့်ရင်ဆိုင်နေရသည်။ယမန်နှစ်အစ္စတန်ဘူလ် မြို့ တော်ဝန်ရွေးချယ်ပွဲမှာသူ၏ကိုယ်စားလှယ်မှာရှုံးနိမ့်ခဲ့သည်။ ထို့နောက် ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွါးချိန်တွင် တိုင်းပြည်၏စီးပွါးရေးမှာလည်းဆုတ်ယုတ်လျက်ရှိ ပြီးထောက်ခံသောလူအင်အားမှာလည်းလျှော့နည်းလာသည် ။

ဇူလိုင်လ၂ ရက်နေ့က တူရကီအထွေထွေ အုပ်ချုပ်ရေးရုံးက ဆိုဖီယာ (တူရကီအခေါ် Ayasofya) ကို အနှစ် ၈၀ ရှိလာပြီဖြစ်သည့် ပြတိုက်အဖြစ်ပြောင်းလဲခဲ့သည့် ကြေညာချက်ကိုဖျက်သိမ်းလိုက်သည်။ ၄င်းကရက် သတ္တပတ် ၂ ပါတ်ကြာတွင်ဗလီ အဖြစ်ပြောင်းလဲမည့်အကြောင်း ကြေညာမည်ဖြစ်သည်။ ထို့နောက်မှ သမ္မတ အက်ဒဝန် ကနောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်မည်ဖြစ်သည်။ 

အက်ဒဝန်သည် အစ္စတန်ဘူလ်မြို့၏ မြို့တော်ဝန်အဖြစ် လွန်ခဲ့သည့် ၂၅ နှစ်က စတင်ထမ်းဆောင်ခဲ့ရာ သူ၏မွေးရပ်မြေမြို့တော်ကိုအမှတ်တရဖြစ် အောင်တစ်ခုခုကိုလုပ်ဆောင်ခဲ့ချင်နေသည်။ Golden Horn ရေပြင် ကို ရှင်းလင်းခြင်း၊ တံတားထိုး၍လမ်းဖေါက်ခြင်း၊ အထင်ကရနေရာများတွင်ဗလီတည်ဆောက်ခြင်းတို့ကို လုပ်ပြီး ပြီ။ ယခုဆိုဖီယာ မှာရှေးအကျဆုံး အနုပညာလက်ရာတစ်ခုဖြစ်ပြီး ကမ္ဘာတွင်ဂုဏ်ယူရသော ဘုရားရှိခိုးကျောင်း တစ်ခုဖြစ်ခဲ့ သောကြောင့် သူနာမည်ကျန်ရစ်မည်ကတော့သေချာပါသည်။

ဆိုဖီယာကို အေဒီ ၅၃၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ခရစ္စယာန်တို့၏ အသဲနှလုံးအဖြစ် နှစ်ပေါင်း ၁ဝဝ နီးပါး ရပ်တည်ခဲ့ပါသည်။ ၄င်းတွင်ကြီးမားသောဂူအလုံး (Dome) ကြီးများပါဝင်ပြီး၊ ပိသုကာ ပညာရှင်များ ၏လက်ရာများဖြင့်ရှေးဟောင်းကွန်စတင်တီနိုပယ်မြို့တော်ဟောင်း၏ဦးသျှောင်အဖြစ် ဂုဏ်ယူဖွယ်ဖြစ်ခဲ့ပါသည်။
၁၄၅၃ ခုနှစ်တွင် မာမက်II ကကွန်စတင်တီနိုပယ်မြို့ကိုသိမ်းပိုက်ခဲ့ပြီး သူ့စစ်သားများက ရသမျှပစ္စည်း တွေကို သယ်ဆောင်ခဲ့ကြသည့်တိုင် အဆောက်အဦး၏အလှမှာ မပျက်မစီးဘဲရှိခဲ့သည်။ ဗလီအဖြစ် ဆက်လက် ထိန်းသိမ်းထားရှိခဲ့ပါသည်။ ထို့ နောက်နှစ်ပေါင်း ၅ဝဝ ကြာအောင် မွတ်စလင်အော်ကိုမန်အင်ပိုင်ယာ၏အထွဋ် အမြတ်ထားရာအဆောက်အဦး တစ်ခုဖြစ်ခဲ့ပါသည်။ 

ထို့နောက်ကျော်ကြားသော ပိသုကာပညာရှင်များဖြင့် အဆောက်အဦးကို လှပအောင် မွမ်းမံချယ်သ ခဲ့ကြပါသည်။ ဘုရားရှိခိုးသည့် မျှော်စင်အများအပြားကို ထပ်မံတည်ဆောက်ပြီး အော်တိုမန်ပိသုကာပညာရှင် ဆိုင်းနမ် (Sinan) က မြေငလျှင်ကြောင့်ပြိုပျက်သွားသော နေရာများတွင် အဆောက်အဦး Dome များကို ခံနိုင်ရည်ရှိစေရန် ကျားကန်ပေး ခဲ့ပါသည်။

အော်တိုမန်အင်ပါယာကြီး ပြိုပျက်သွားချိန်တွင်ဆိုဖီယာ၏အခြေအနေများလည်းပြောင်းလဲခဲ့ရပါသည်။ ခေတ်သစ်ရီပတ်ဗလစ်ကို တည်ထောင်သူ မွတ်စတာဖါ ကာမဲ (Mastafa Kemal Ataturk) ကတိုင်းပြည်၏ “နိုင်ငံရေးတွင် ဘာသာရေး၏စိုးမိုးမှုမရှိစေရန်” ဟူ၍ ဘာသာရေး အဆောက်အဦးများအပြားကို ပိတ်ပြစ်ခဲ့ပါ သည်။ ရောမ သားတို့ကဘာသာရေးအတွက်အသုံးချခဲ့သော ဆိုဖီယာအပါအဝင်အဆောက်အဦး အများအပြား ကို ပြတိုက်များ အဖြစ်ပြောင်းလဲခဲ့ပါသည်။ ဘာသာရေးလုပ်ငန်းများရပ် ဆိုင်သွားပြီး သူတို့နေရာတွင်တိုးရစ် နှင့် ထိန်းသိမ်းရေးလုပ်ငန်းများ (Conservations)၊ လေ့လာစရာများ၊ ဖြစ်ပေါ်လာစေခဲ့ပါသည်။ အက်ဒဝန်၏ နောက် လိုက်များအလိုအရကမ္ဘာတွင် အစ္စလာမ်နှင့်ပတ်သတ်၍ အရေးကြီးဆုံး အဆောက်အဦးသုံးခုရှိရာဆိုဖီယာသည် တတိယအရေးအကြီးဆုံးဖြစ်ပါသည်။ ပထမ(Grand Mosque Of Mecca)နှင့်ဂျေရုစလင်ရှိ (Al-aqsa Mosque) တို့ဖြစ်ပါသည်။ ဆိုဖီယာသည် ဗလီအဖြစ်သတ်မှတ်ပြီးပြီဆိုကတည်းကကာလကြာသော်လည်း ရွေ့လျှားပြောင်း လဲသွားခြင်းမရှိဘဲ ဗလီအဖြစ်သာတည်ရှိနေပါသည်ဟုသူတို့ကယူဆသည်။

မစ္စတာအက်ဒဝန်သည် ကာမဲ၏ဘာသာရေးမပါသောနိုင်ငံရေးအဆောက်အဦးတစတစယိုယွင်း ပျက်စီး သည်နှင့်အတူအော်တိုမန်အင်ပါယာကြီးကို ပြန်လည်အသက်သွင်းလိုသောသဘောဖြင့်စောင့်ကြည့်နေခဲ့ပါသည် မေလကုန်က ကိုရိုနာဗိုင်းရပ်ကြောင့် ကိုယ်တိုင်မတက်ရောက်နိုင်သော်လည်း ကွန်စတင်တီနိုပယ်ကို မွတ်စလင် စစ်တပ်ကအောင်နိုင်ခြင်း ၅၆ရနှစ်မြောက်နေ့အသံနှင့်အလင်းရောင်များဖြင့်ဆင်ယင်ကျင်းပသည့်ပွဲကိုစက်ခလုပ် များဖြင့်ဖွင့်လှစ်ပေးခဲ့ပါသည်။

အနှစ် ၈၀ အတွင်းပထမဆုံးအကြိမ်အဖြစ်တခန်းတနားပြင်ဆင်ထားသောထိုင်ခုံ (Dai)ပေါ်တွင်အီမန် (Imam) ကထိုင်ခါ ကိုရမ်ကျမ်း စာအုပ်ကိုဖွင့်လှစ်၍ (Conquest Surah) ကိုပြန်လည်ဖတ်ကြားပြီး မက္ကာနှင့် မီဒီယမ်း (Mediane) တို့အကြား စာချုပ်(Hndaibiyah) ကိုဂုဏ်ပြုခဲ့သည်။ 

ထိုကဲ့သို့ဖတ်ကြားရွတ်ဆိုခြင်းကြောင့် စိတ်အနှောက်အယှက်များစွာဖြစ်ကြရပါသည်။ ဂရိနိုင်ငံခြားရေး ဝန်ကြီးဌာနက အရှေ့ရောမအင်ပါယာကို ဆက်ခံသုများအဖြစ်သူတို့ကိုယ်သူတို့ ယူဆထားရာဤသို့ရွတ်ဆိုခြင်း ကိုလက်ခံနိုင် ဖွယ်ရာမရှိဟု ဆိုလိုက်ပါသည်။ UNESCO ကလည်း ဆိုဖီယာမှာ ယဉ်ကျေးမှုအဆောက်အဦးတစ် ခုဖြစ်သဖြင့် ဤသို့မလုပ်ထိုက်ကြောင်းကန့်ကွက်လိုက်ပါသည်။ 

တူရကီတွင်ရုံးထိုင်သော ခရစ္စယာန်တို့၏ အကြီးအမှုးဘုန်းတော်ကြီးက ဆိုဖီယာတွင် ခရစ္စယာန်နှင့် မွတ်စလင်တို့ ယှဉ်တွဲ၍ဘာသာရေးလုပ်ဆောင်နေရာမှ ဗလီအဖြစ်သို့ပြောင်းလဲပြစ်ခြင်းသည် ကမ္ဘာပေါ်ရှိ ခရစ္စယာန်ခေါင်းဆောင်အများအပြားကိုကန့်လန့်တိုက်ခြင်းဖြစ်ကြောင်းပြောဆိုသည်။ သူကတူရကီလူမျိုးအား လုံးအား ကမ္ဘာကြီးပေါ်တွင်တင်ရှိသောကျေးဇူးကို ဤနည်းဖြင့်မပြသသင့်ကြောင်းပြောဆိုသည်။

မစ္စတာပွန်ပီယို ကတရားရုံးတွင်ရင်ဆိုင်ခြင်း မပြုမှီက တူရကီတို့သမိုင်းတွင်ယုံကြည်လေးစားရာ အယူ ဝါဒများကို လေးစားခဲ့ပုံများကိုပြောဆိုပြီး ဆိုဖီယာကို ဘာသာရေးပေါင်းစုံ အသုံးပြုနိုင်သောပြတိုက် အဖြစ်သာ ထားရှိသင့်ကြောင်းပြောဆိုပါသည်။ အက်ဒဝန်ကမူ ဂရိတို့ ပြောဆိုခြင်းကိုတူရကီနိုင်ငံ၏ ပြည်တွင်းရေးတွင်ဝင် ရောက် ပြောဆိုသည်ဟု စွတ်စွဲလိုက်ပြီး ဥပဒေကြောင်းအရ ဖြစ်ရမည်ဟုပြောကြားသည်။ 

(၃)

ဆိုဖီယာသည် ယမန်နှစ်က တိုးရစ် ၃ ဒဿမ ၇ သန်းမျှလည်ပတ်ခဲ့ပြီး သူတို့တွင် သမိုင်းကြောင်း ယဉ်ကျေးမှုရေးရာများနှင့် ပါတ်သတ်၍တစ်ပုံတစ်ပင်ကြီးရှိနေသည်။ ဧည့်သည်များစာရင်းတွင်သမ္မတအိုဘား မားနှင့် ဂျာမန်အကြီးအကဲ မာကယ်တို့လည်းပါဝင်သည်။ တစ်ချို့ကလည်း ဆိုဖီယာကို ပြတိုက်တစ်ခုအနေဖြင့် ထားခြင်းသည်ယဉ်ကျေးမှုအမွှေအနှစ်များကိုထိန်းသိမ်းရာရောက်မည်ဟု ပြောဆိုနေကြပါသည်။ ထိုအနုပညာ လက်ရာများတွင် (Christ, Virgin Mary, John Baptist) တို့အပြင်အင်ပါယာ (Jnstinian I) နှင့်ဘုရင်မ(Zဝe) တို့၏ရုပ်ပုံရုပ်ထုများ ပါဝင်ပါသည်။ 

မွတ်စလင်တို့ဘုရားဝတ်ပြုနေစဉ်တွင် ခရစ္စယာန်တို့၏ ဘာသာရေးဆိုင်ရာအထိမ်းအမှတ် ပစ္စည်းများ ကိုတနည်းနည်းဖြင့်ဖုံးကွယ်ထားရန်လိုအပ်ပါသည်။ ယခုအချိန်အထိ ဒီအဖြစ်မျိုးအထိမဖြစ်ပါစေနဲ့ ဟုမျှော်လင့် နေသူများလည်းရှိသည်။

ကိုသန်းလွင်
Ref: Religious Jewel Divides anew by Carlotta Gall New York Times July 11 2020