Breaking News

အရှင်ခေမာစာရ - မစ္စတာ ဟိုဆေးရာမို့ (စ်)ဟော်တာသို့ အရှင်ခေမာစာရမှ အိတ်ဖွင့်ပေးစာ(၂၀၀၃)

 


မစ္စတာ ဟိုဆေးရာမို့ (စ်)ဟော်တာသို့ 

အရှင်ခေမာစာရမှ အိတ်ဖွင့်ပေးစာ(၂၀၀၃)

အရှင်ခေမာစာရ

(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၀

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု (၁၃) နှစ်မြောက်အဖြစ် ထိုင်း-မြန်မာအခြေစိုက် မိုးကြိုးသတင်းစဉ်( မြန်မာနိုင်ငံ လွတ်လပ်သည့် သတင်းအေဂျင်စီ ) တွင် ၂၀၀၃ ခုနှစ်ကအခန်းဆက်ဖော်ပြခဲ့သည့်  မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုနှင့် သံဃာတော်များအခန်းကဏ္ဍနှင့် စပ်လျဉ်း ၍  အရှေ့တီမောလွတ်မြောက်ရေးခေါင်းဆောင် ၁၉၉၆- နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာဟိုဆေးရာမို့စ်ဟော်တာ၏ပြောဆိုချက်မှုကို ပြန်လည်ဆန်းစစ်ရေးသားခဲ့သည့်ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌ အရှင်ခေမာစာရ၏ဆောင်းပါးကို မိုးမခမှ ပြန်လည်ဖော်ပြအပ်ပါသည်။

အရှင်ခေမာစာရသည်  - လေးလုံးအရေးတော်ပုံကာလ ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌအဖြစ်ဦးဆောင်ခဲ့ပြီး စစ်အာ ဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေဒေသသို့ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အပြီးတိုင် အကြွင်းမဲ့ချုပ်ငြိမ်းရေးအတွင် အခြားသောဒီမိုကရေစီရေးဘက်တော် သားများနှင့်အတူ တက်ကြွစာလက်တွဲဆောင်ရွက်ခဲ့ကာ လွတ်မြောက်နယ်မြေတွင် ဖွဲ့စည်းခဲ့သည့်  "အမျိုးသားကောင်စီ" (NCUB) တွင်လည်း ရဟန်းပျိုသမဂ္ဂအနေဖြင့် ဗဟိုတွင်ဦးဆောင်ပါဝင်ခဲ့ပြီး   "ပြည်သူ့အံတုမှုကော်မတီ" (PDC)ကိုဦး ဆောင်ဖွဲ့စည်းခဲ့သူတဦးလည်း ဖြစ်သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် သီတင်းသုံးနေထိုင်တော်မူသည်။ 

မိုးမခ

….

(ဒုတိယပိုင်း) 

၁၉၇၄- ၁၉၇၅ ခု ငြိမ်းချမ်းရေးလှုပ်ရှားမှု

မှတ်မှတ်ရရပြောရမယ်ဆိုရင် ၁၉၇၄-၁၉၇၅  ခု၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုကိုလည်းပဲ မေ့ချန်ထားလို့မရပါဘူး။ ရည်ရွယ်ချက်ကတော့ သံဃာတော်တွေရဲ့ပြည်သူ့ဘက်က ရပ်တည်ချက်ကိုပြောချင်လို့ပါပဲ။ အဲဒီ့လှုပ်ရှားမှုမှာ ဗုဒ္ဓဘာသာသံဃာ ( ၆၀၀) ကျော်အထိ ဖမ်းဆီးခံခဲ့ရပြီး ခေါင်းဆောင်သံဃာ () ပါး ဟာ ထောင်ဒဏ် ()နှစ်ကနေ (၁၅) နှစ်အထိ ကျခံခဲ့ရတယ်။ ကျောင်းသားတွေနဲ့အတူ ကျဆုံးပျံလွန် တော်မူသွားရတဲ့သံဃာတော်တွေရှိပေမယ့် အရေအတွက်မသိရဘူး။ ကျဆုံခဲ့ရတာတော့ အမှန်ပါပဲ။

အဲဒီ့ငြိမ်းချမ်းရေးလှုပ်ရှားမှုဟာ သံဃာနှင့် ကျောင်းသား ပူးပေါင်းထားတာဆိုတော့ အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှုမှာ အရှိန်အဟုန်အတော်ပြင်းထန်ခဲ့တာတွေ့ရတယ်။ အဲဒီတုန်းက စစ်အာဏာရှင်တွေ ဘယ်လောက်အထိ အာဏာပြခဲ့သလဲဆိုရင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်စျာပနကို သူ့ရဲ့တန်ဘိုးကို အသိအမှတ်မပြုတဲ့သဘောနဲ့ ချိုးချိုးနှိမ် နှိမ်လုပ်ခဲ့တယ်။ စျာပနကိုကြိုဆိုခဲ့တဲ့ အရာရှိတွေကိုလည်း ဖြုတ်ပစ်ခဲ့ကြတယ်။ ဒီလိုမတရားတဲ့အမိန့်အာဏာကိုပြည်သူနဲ့အတူပူးပေါင်းပြီး သံဃာတွေဟာ ဆန့်ကျင်ခဲ့ကြတယ်။ ပြည်သူ့ဘက်က ရပ်ခဲ့ကြတယ်။ အနာခံခဲ့ကြတယ်။ အဓိကကတော့ ထိုက်တန်တဲ့ဂုဏ်ပြုမှုတွေ ရှိသင့်တယ်လို့ ယုံ ကြည်လို့ပဲ။ တနည်းအားဖြင့် အာဏာပြပြီး လက်လွတ်စပယ်လုပ်တာမျိုး လက်မခံဘူးဆိုတဲ့သဘောပေါ့။

လက်တွဲညီတဲ့ သံဃာနဲ့ကျောင်းသားများ

မြန်မာနိုင်ငံမှာ ထူးခြားတာတခုရှိတယ်။ ဒါကတော အခြားမဟုတ်ပါဘူး။ ဘယ်အရေးမဆို၊ ဘယ်ကိစ္စမဆိုသံဃာနဲ့ကျောင်းသားဟာ ပူးပေါင်းမိသွားကြတဲ့ အလေ့အထကလေးတွေပါပဲ။ မြန်မာနိုင်ငံမှာ ဗုဒ္ဓ ဘာသာဝင်ရာခိုင်နှုန်း (၈၅%) ကျော်ရှိလေတော့ သာသနာ့ဝန်ထမ်းအရေအတွက်လည်း () သိန်းမှ () သိန်းနီးပါးအထိရှိတယ်။ အဲဒီ ()သိန်းရဲ့တဝက်ဟာ ပညာသင်ကြားနေတဲ့ ရဟန်းငယ်၊ ရဟန်းပျိုတွေ ဖြစ်တယ်။ ဘာသာရေးဆိုတဲ့စကားအတိုင်း ပြည်သူလူထုအပေါ်မှာ သြဇာတိက္ကမအင်မတန်ကြီးမားတယ်။

နောက်ပြီးတော့ ကျောင်းသားတွေဟာ နိုင်ငံရေးသမားတွေမဟုတ်ဘူး။ စီးပွားရေးသမားတွေ မဟုတ်ဘူး။ ကိုယ်ကျိုးရှာတဲ့အရွယ်လည်း မဟုတ်ဘူး။ နိုင်ငံတော်ကိစ္စနဲ့ပတ်သက်လာရင် အသက်ကိုပဓာနမထားဘဲ ရှေ့တန်းကပါဝင်လေ့ရှိတဲ့အတွက် ပြည်သူလူထုက ကြည်ညိုတယ်။ အားကိုးတယ်။

ဒါကြောင့် သံဃာနဲ့ကျောင်းသားပူးပေါင်းမိသွားပြီဆိုရင် ပြည်သူလူထုက အလိုလိုအင်နဲ့အားနဲ့ နောက်က လာရပ်တယ်။ ဒါကြောင့် အစိုးရအဆက်ဆက်ဟာ ကြောက်လန့်နေသလိုသတိကြီးကြီးလည်း ထားကြတယ်။ ဒါနဲ့ပတ်သက်လို့သာဓကထုတ်ပြစရာကတော့ ၁၉၇၄- ၁၉၇၅ - ခုလှုပ်ရှားမှု ၁၉၈၈- ခုလှုပ်ရှားမှုနဲ့ ၁၉၉၀- ပြည့်နှစ်လှုပ်ရှားမှုတွေပဲ ဖြစ်တယ်။

ဒီကနေ့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာလည်း ပြည်တွင်းမှာပဲကြည့်ကြည့်၊ တောတွင်းမှာပဲကြည့် ကြည့်၊ ပြည်ပနိုင်ငံမှာပဲကြည့်ကြည့်၊ ထောင်ထဲမှာပဲကြည့်ကြည့် သံဃာနဲ့ကျောင်းသားတွေဟာ လက်တွဲမဖြုတ် ညီညာတဲ့အားတွေနဲ့ လှုပ်ရှားနေကြတာ သတိပြုမိလိမ့်မယ်လို့ ထင်တယ်။ အမှန်ကတော့ မြန်မာနိုင်ငံမှာ ၁၉၆၂- ခုနှစ်ကစပြီး နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ မရှိတော့ဘူး။ နိုင်ငံရေးလုပ်ချင်ရင် အာဏာပိုင်တွေနဲ့ပူး ပေါင်းလုပ်၊ အာဏာရှင်တွေကလုပ်နေတဲ့နိုင်ငံရေး၊ ခွင့်ပြုတဲ့ နိုင်ငံရေးပဲလုပ်ခဲ့ရတယ်။ ဒါကြောင့်မို့လို့ အတိုက်အခံနိုင်ငံရေးသမားတွေမရှိလေတော့ သံဃာနဲ့ကျောင်းသားဟာ အာဏာရှင်ခွင့်မပြုမလိုလားတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ ဖြစ်လာတယ်။

- - ၈၈ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဗုဒ္ဓဘာသာသံဃာတော်များ ရပ်တည်ချက်

ဒီကမ္ဘာပေါ်မှာ အာဏာရှင်စနစ်တည်ရှိနေသမျှကတော့ အဲဒီ့အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးတောင်းဆိုမှုတွေ၊ ဒီမိုကရေစီကြိုးပမ်းမှုတွေဟာ အစဉ်မပြတ် ဒရစပ်ဆိုသလို ဖြစ်ပေါ်နေမှာ အသေအချာပါပဲ။ ငြိမ်နေရင် ခဏတဖြုတ်ပဲငြိမ်နေရမယ်။ ရေရှည်မှာတော့ မငြိမ်နိုင်ဘူး။ ၁၉၈၈- ခုနှစ်မှာလည်း အဲဒီ့သဘောတရားအတိုင်းပါပဲ။

ဒီမိုကရေစီတောင်းဆိုတိုက်ပွဲဝင်မှုတွေအင်တိုက်အားတိုက်ပေါ်ပေါက်ခဲ့တာကို ကမ္ဘာတဝန်းလုံးက သိပြီးဖြစ်ပါလိမ့်မယ်။ အဲဒီလှုပ်ရှားမှုကာလမှာ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ စာနယ်ဇင်းမီဒီယာတွေက အကျယ် တဝင့် လွှင့်ထုတ်နေခဲ့ကြလို့ပါပဲ။  ပြီးတော့ ဒီမိုကရေစီတောင်းဆိုတိုက်ပွဲဝင်မှု ရက်ပိုင်းမျှမဟုတ်ပါဘူး။ မတ် (၂၆) ရက်က စတင်ခဲ့ပြီး စက်တင်ဘာလမှာ အနည်းငယ်ငြိမ်ကျသွားတာဖြစ်တယ်။ ဒါကလည်း အခိုက် အတန့်သာဖြစ်ပြီး ၁၉၉၀ -ခုနှစ်ရွေးကောက်ပွဲအပြီး ဘာမှထူးမလာတော့ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုတွေဟာ တဖန်ပိုပြီး ကျယ်ပြန့်လာတယ်လို့ပြောရမှာဖြစ်တယ်။ ဒီကနေ့ထိ ကြိုးပမ်းမှုတွေ အခိုင်အမာရှိနေတာ မြင်နေရလို့ပါပဲ။

၁၉၈၈- ခု ဒီမိုကရေစီလှုပ်ရှားမှုဟာ အစောပိုင်းမှာ သာမန်ဖြစ်နေပေမယ့် --၈၈ နေ့နောက်ပိုင်း ပိုမို ပြင်းထန်လာခဲ့တယ်။ ဗိုလ်နေဝင်းအစိုးရ၊ ဗိုလ်စိန်လွင်အစိုးရ၊ ဒေါက်တာမောင်မောင်အစိုးရ၊ အစိုးရ () ဆက်လုံး ဆက် တိုက်ပြုတ်ကျသွားခဲ့တယ်။

စက်တင်ဘာ (၁၈) ရက် ဗိုလ်စောမောင်ဦးဆောင်တဲ့ စစ်ဘက်က ထပ်မံအာဏာသိမ်းတယ်။

ဒီလိုပြင်းထန်မှုကြောင့်၊ ဒီလိုအပြောင်းအလဲတွေကြောင့် တကမ္ဘာလုံးက အာရုံစိုက်တာခံခဲ့ရတာပဲ။ အဲဒီလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားမှုတွေဖြစ်တော့ တရုတ်မှာလည်း ဖြစ်လာတယ်။ အရှေ့ ဂျာမနီ၊ ဆိုဗီယက်ပြည်ထောင်စု၊ ပိုလန်၊ ဟိုလန်၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗက်ကီးရီးယား၊ ရူမေးနီးယား စတဲ့နိုင်ငံတွေ ဆက်တိုက်ဆိုသလိုဖြစ်လာကြတယ်။ တရုတ်မှအပ အားလုံးပြောင်းလဲ သွားတယ်။

ဒါပေမဲ့ စဖြစ်ခဲ့တဲ့မြန်မာနိုင်ငံမှာ ခုထိမပြောင်းလဲသေးဘူး။ အဲဒါဘာကြောင့်လဲဆိုတော့ အစောပိုင်း ကပြောခဲ့သလို စစ်ဘက်ကပေးတဲ့ကတိအပေါ်ယုံကြည်မှုနဲ့ အကြမ်းမဖက်ဘဲ ရနိုင်တယ်ဆိုတဲ့ ခံယူချက်တွေကြောင့်ဖြစ်တယ်။

ဟုတ်ပြီ။ ဒီတော့ ဒီလှုပ်ရှားမှုမှာ ဗုဒ္ဓဘာသာသံဃာတော်တွေ ရှေ့တန်းကပါဝင်ခဲ့တာကို ပြောကြရအောင်။

အဲဒီတုန်းက ဦးပ ဉ္စင်း (ခု စာရေးပေးပို့ခဲ့တဲ့ပုဂ္ဂိုလ်) ရန်ကုန်မြို့တော်မှာ ရှိခဲ့တယ်။ အဲဒီလှုပ်ရှားမှုမှာ အရေးပါတဲ့နယ်မြေတခုရဲ့ အထွေထွေအတွင်းရေးမှူး ရဟန်းပျိုသမဂ္ဂ (ရန်ကုန်)ရဲ့ ခေါင်းဆောင် (၁၆) ပါးအနက် တဦးအပါအဝင်၊ အောက်မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ လွတ်မြောက်နယ်မြေအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂရဲ့ ဥက္ကဋ္ဌ၊ အရေး တော်ပုံ ကြီးကြပ်ရေးကော်မတီရဲ့ကိုယ်စားလှယ်၊ အထွေထွေသပိတ်ကော်မတီရဲ့ ဖောင်ဒါတဦးစသဖြင့် ပါဝင်ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် လှုပ်ရှားမှုတွေရဲ့အားနည်းချက်၊ အားသာချက်တွေကို အတွင်းကျကျ အသေးစိတ်သိတယ်။

သံဃာတွေဟာ ပထမတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားကြတယ်။ တသီးပုဂ္ဂလ ကိုယ့်နည်းကိုယ့်ဟန် နဲ့လှုပ်ရှားတာ သိပ်ခရီးမရောက်တော့ အဖွဲ့အစည်းနဲ့လှုပ်ရှားနိုင်အောင် ရဟန်းပျို သမဂ္ဂ (ရန်ကုန်)ကို ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးများရဲ့ပါဠိစာသင်တိုက်ကြီးတွေက ငယ်ရွယ်တဲ့စာသင်သားတွေကို ကျောင်းတိုက် တတိုက်တပါး၊ နှစ်ပါးစီပါဝင်စေပြီး လျှိူ့ဝှက်စွာ ဖွဲ့စည်းခဲ့ကြတယ်။ ဒီသံဃာအဖွဲ့အစည်းဟာ သီးသန့် လှုပ်ရှားခဲ့သလို ကျောင်းသားတွေ၊ အခြား ဌာနဆိုင်ရာသမဂ္ဂတွေ၊ စက်ရုံအလုပ်သမား သမဂ္ဂတွေနဲ့ လည်း ပူးပေါင်းလှုပ်ရှားခဲ့ကြတယ်။

အထက်မြန်မာနိုင်ငံ မန္တလေးမြို့အခြေစိုက်ဧရိယာတွေမှာလဲ ရဟန်းပျိုသမဂ္ဂ၊ ဂဠုန်နီသံဃာ့အဖွဲ့ချုပ်၊ သံဃာ့သမဂ္ဂီ၊ ချိုးဖြူ ..စတဲ့အမည်တွေနဲ့ သံဃာတွေဟာ ဒီမိုကရေစီလှုပ်ရှားခဲ့ကြတယ်။ ဒါ့ပြင် နိုင်ငံ တဝှမ်း မြို့ကြီး၊ မြို့သေးမကျန် ရဟန်းပျိုသမဂ္ဂဖွဲ့စည်းပြီး ပါဝင်လှုပ်ရှားခဲ့တာဟာ အထင်အရှားဖြစ် တယ်။ အဲဒီဒီမိုကရေစီလှုပ်ရှားမှုတွေမှာ သံဃာတွေအသက်ဆုံးရှုံးခဲ့တာရှိသလို ဖမ်းဆီးထောင်ချ ခြင်းခံခဲ့ရတဲ့သံဃာတွေလည်း အများအပြားရှိတယ်။ ဗုဒ္ဓဘာသာသံဃာတွေဟာ ဘဝ၊ အသက်၊ ဓန၊ ပညာတွေကိုစွန့်ပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးတွေကို လမ်းမပေါ်မှာ၊ ထောင်ထဲမှာ ဆောင်ရွက်ခဲ့ တယ်။ ဒါနဲ့ပတ်သက်လို့ အဲဒီတုန်းကထုတ်ဝေတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းတွေ၊ ထိုင်း စာနယ်ဇင်းတွေ၊ တိုင်း(မ်)မဂ္ဂဇင်းတို့၊ နယူးဝိ(ခ်)တို့နဲ့ နိုင်ငံတကာအသံလွှင့်ဌာနတွေရဲ့ ရုပ်မြင်သံကြားလွှင့်စက်တွေရဲ့ ထုတ်လွှင့်ချက်တွေကို တွေ့ခဲ့ကြရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးကို မတွေ့လိုက်ရဘူး မမြင်ဖူး လိုက်ဘူးဆိုရင် ကမ္ဘာကြီးနဲ့ အင်မတန်ကင်းကွာတဲ့ အရပ်ဒေသမှာ  ရောက်ကောင်းရောက်နေလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မမြင်ချင်၊ မသိချင်ဟန် ဆောင်တာတောင် မမြင်ချင်မသိချင်လို့ မလွတ်နိုင်လောက်အောင်ထိ တကမ္ဘာလုံး အုတ်အော် သောင်း နင်း ဖြစ်နေခဲ့လို့ပါပဲ။

၁၉၉၀- ခုနှစ်ရွေးကောက်ပွဲအောင်ပွဲ

အဲဒီ --၈၈ လပ်ရှားမှုရဲ့နောက်ဆက်တွဲအဖြစ် ၁၉၉၀- ခု ရွေးကောက်ပွဲကိုသတ်မှတ်နိုင်တယ်။ အာဏာသိမ်း အာဏာရှင်စစ်အုပ်စုကလည်း လက်ခံတယ်မဟုတ်လား။ ယုံကြည်ချက်ကတော့ ရွေး ကောက်ပွဲနိုင်ရင် ဒီမိုကရေစီရမယ်၊ အကြမ်းဖက်တိုက်ခိုက်စရာမလိုဘူးဆိုတဲ့အချက်ပါပဲ။ အာဏာသိမ်းစစ်အုပ်စုကလည်း ရွေးကောက်ပွဲမှာနိုင်တဲ့ပါတီကို အာဏာအပ်ပြီး စစ်တန်းလျားကို ပြန်မယ်ဆိုပြီး ခိုင်မာစွာကတိပေးခဲ့တယ်။ ဒီမိုကရေစီအတွက် ဒီလောက်သေချာတာ ဘယ်မှာရှိမလဲ။ စစ်သားကြီးတွေရဲ့ကတိဆိုတော့ အဲ့ဒီတုန်းက ပုံပြီး ယုံခဲ့တာပါပဲ။ ၁၉၉၀- ခု၊ မေလ(၂၇) ရက်နေ့မှာ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့တယ်။ အဲဒီရွေးကောက်ပွဲမှာ

NLD ပါတီက ၈၀ ဒဿမ ၈၂ ရာခိုင်နှုန်းနဲ့ နိုင်ခဲ့တယ်။

ဗီူ ပါတီက ဒဿမ ၂၇ ရာခိုင်နှုန်းနဲ့ နိုင်ခဲ့တယ်။

SNLD ပါတီက ဒဿမ ၇၄ ရာခိုင်နှုန်းနဲ့ နိုင်ခဲ့တယ်။

နေရာဒေသအလိုက်နိုင်ကြတယ်၊ ရာခိုင်နှုန်းက ၈၈ ဒဿမ ၈၃ ဖြစ်တယ်၊ တစညဆိုတဲ့ စစ်တပ်နောက်ခံ ဖွဲ့ထားတဲ့ပါတီ NUP က ဒရမ ၇၆ ရာခိုင်နန်းနဲ့ ရှုံးခဲ့တယ်။ ဒါပေမဲ့ ၁၂ နှစ်ရှိခဲ့ပေမယ့် ယနေ့အထိ အာဏာလွှဲပြောင်းပေးမှုလုံးဝမလုပ်တဲ့အပြင် ပါတီ(၂၀၀) ခန့်ကို တရားမဝင်ဆိုပြီး အဓမ္မဖျက်သိမ်းခဲ့တယ်။ ပါတီခေါင်းဆောင်တွေကိုလည်း တယောက်ပြီးတယောက် ဖမ်းဆီးထောင်ချတယ်။

ဒီမိုကရေစီလပ်ရှားသူတွေကိုလည်း တယောက်ပြီးတယောက် ဖမ်းဆီးထောင်ချတယ်။ ရှုံးတဲ့ပါတီက အစိုးရဖြစ်လာပြီး ထင်သလိုကြဲနေတာ ဒီနေ့အထိပဲ။ အဲဒီလိုအနိုင်ရခဲ့ကြတာဟာ ဗုဒ္ဓဘာသာသံဃာတော်၊ ကျောင်း သားနဲ့ ပြည်သူတရပ်လုံးရဲ့ ညီညွတ်မှုကြောင့်ပါပဲ။

ယနေ့ထိလည်း ဆက်ပြီး ဒီမိုကရေစီအတွက် ညီညွတ်နေကြပါသေးတယ်။

(ဆက်လက် ဖော်ပြပါမည်)