Breaking News

အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၂ ၈

အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၂ ၈

(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၀

အမေရိကမှာ - No Vote ဟူ၍ ပြောသူ မရှိပါ။

(၁)
ယခု ရက်ပိုင်းတွေမှာ၊ အမေရိကန်ပြည်ထောင်စုတွင်၊ နိုင်ငံရေးသည်  ကိုဗစ်၊ ကိုဗစ်သည် နိုင်ငံရေး ဖြစ်နေသည်။
လက်ရှိ သမ္မတ ဒေါ်နယ်ထရန့် ကိုဗစ်-19 ရောဂါ ကူးစက်ခံရပြီး ဆေးရုံ ပို့လိုက်ရသည်။ ဆေးရုံမှာ လေးရက်ပဲ နေလိုက်ရပြီး၊ အိမ်ဖြူတော်တွင် ဆက်လက်ကုသမှု ခံယူရန်၊ ဆေးရုံက ပြန်ဆင်းသွားသည်။

အမေရိကန် သတင်းဌာနတွေ၊ သတင်းစာတွေက မနေနိုင်။ အကယ်၍၊ သမ္မတကြီး(ထရန့်) ရောဂါအခြေအနေ ဆိုးရွားနေခဲ့လျှင်၊ အမေရိကန် နိုင်ငံရေး ရှေ့အလားအလာ မည်သို့ဖြစ်လာနိုင်မလဲ။ ဤသို့ မေးခွန်းထုတ်
ကြသည်။

သမ္မတထရန့် ရောဂါဘယကြောင့် အလုပ်မလုပ်နိုင်လျှင်၊ လက်ရှိ ဒုတိယ သမ္မတမိုက်ပင့်စ်က ယာယီသမ္မတအဖြစ် တာဝန်ယူရမည်။ အကယ်၍ ထပ်ပြီး ဒုတိယသမ္မတဖြစ်သူကပါ ရောဂါဘယကြောင့်၊ သို့မဟုတ် အခြား
အကြောင်းကြောင့် ယာယီသမ္မတတာဝန် မယူနိုင်ဘူးဆိုလျှင်၊ ကွန်ဂရက် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ(SPEAKER OF THE HOUSE) နန်စီပလိုစီ က ယာယီသမ္မတအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

ဒါက သူတို့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် PRESIDENCY ဖြစ်သည်။ (မြန်မာလို အင်္ဂါစဉ်ဟု ခေါ်မလား) နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပဲ ဖြစ်သည်။ ထရန့်က ထရန့်ပဲ ဖြစ်သည်။ ထရန့် အိမ်ဖြူတော်မှာ ဆေးကုသမှု ခံယူရင်း ရုံးထိုင်မည် ဖြစ်သည်။

ရီပတ်ဗလီကင်တွေ ကံဆိုးသည်ဟု ပြောရတော့မည်။ ကံဆိုးမ သွားလေရာ ကိုဗစ် လိုက်လို့ရွာသည်။ သမ္မတထရန့်၏ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင် ရေး မန်နေဂျာဖြစ်သူ Bill Stepien လည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်
ရသည်။ (၂၀၁၆ ရွေးကောက်ပွဲတုန်းက ထရန့် အောင်နိုင်ရေး မန်နေဂျာလုပ်ခဲ့သူ Kellyanne Conway လည်း ယခု ပိုးကူးစက်ခံနေရသည်)

လက်ရှိ ရီပတ်ဗလီကင်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်တို့၏ ပထမအကြိမ် စကားစစ်ထိုးပွဲ(PRESIDENTIAL DEBATE)ကို စက်တင်ဘာ ၂၉၊ ၂၀၂၀ နေ့က၊ အိုဟိုင်းရိုးပြည်နယ်၊ ကလိဗ်လဲန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထို စကားစစ်ထိုးပွဲတွင် ဂျိုးဘိုင်ဒင် ပြောခဲ့သည့် စကားတစ်ခွန်း ကျနော် တေးမှတ်ထားသည်။

"Show up and vote. You will determine the outcome of this election. Vote, vote, vote ... "

မဲပေးကြောင်းပြပါ။ ရွေးကောက်ပွဲရလဒ်အပေါ်၊ သင်တို့က ပြဋ္ဌာန်းနိုင် ကြမယ်။ မဲပေးပါ။ မဲပေးကြပါ။

(၂)

ဂျိုးဘိုင်ဒင် တစ်ဦးတည်းကသာ မဲပေးဖို့ တိုက်တွန်းလှုံ့ဆော်နေသည် မဟုတ်ပါ။ အမေရိကတွင် ပရိသတ်စိတ်ဝင်စားမှု အများဆုံးရှိသော ဘတ်စကက်ဘောအားကစားသမားများကလည်း၊ မဲပေးဖို့ လှုံ့ဆော်
တိုက်တွန်းကြပါသည်။

သူတို့က "VOTE" ဆိုသော စာလုံးကို ကြီးကြီးရှင်းရှင်း ရိုက်နှိပ်ထားသော အားကစားဝတ်စုံကို၊ သူတို့ပြိုင်ပွဲကျင်းပရာနေရာတွင် ဝတ်ဆင်ပြသကြ ပါသည်။ မဲပေးပါ။ မဲပေးကြပါ။

ဒီမိုကရေစီစနစ်မှာ၊ လူသည် ရွေးကောက်ပွဲသတ္တဝါပဲ ဖြစ်သည်မဟုတ်လား။

သူတို့ အမေရိကန် အဖြူ အမည်း မပြောပါနှင့်။ သူတို့ လာတီနို မက္ကဆီကန်မပြောပါနှင့်။ သူတို့ ဥရောပ၊ အရှေ့အလယ်ပိုင်းတွေက ရွှေ့ပြောင်းအခြေချသူတွေကို မပြောပါနှင့်။ ကျနော်တို့ အာရှသားတွေလည်း အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးကြရိုးထုံးစံဖြစ်သည်။ အမေရိကန်နိုင်ငံသား ခံယူထားသူ ကျနော်တို့မြန်မာနွယ်ဖွားတိုင်းရင်းသားများလည်း၊ သူတို့မဲပေးခွင့်ကို လက်လွှတ်အဆုံးရှုံး မခံကြပါ။ သူတို့ ဘဝင်ကျသည့် သမ္မတကို သူတို့ မဲပေးကြမြဲဖြစ်သည်။

ဥပမာ၊ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲတွင်၊ မဲပေးပိုင်ခွင့်ရှိသူ အမေရိကန်နိုင်ငံသား မြန်မာနွယ်ဖွားများသည် တချို့က ဟီလာရီကလင်တန်ကို ပေးသည်။ တချို့ကျ ဒေါ်နယ်ထရန့် ကို ပေးသည်။ ဒါက သူတို့ ဒီမိုကရေစီပဲဖြစ်သည်။

ထိုရွေးကောက်ပွဲ ဟီလာရီကလင်တန်ရှုံးပြီး နောက်နေ့ ကျောင်းရောက်တော့၊ အင်္ဂလိပ်စာ သဒ္ဒဗေဒဘာသာရပ် သင်ကြားပို့ချသူ ပါမောက္ခမစ္စစ်ဂယ်ရီ သည် ကျနော့်အား ဟီလာရီကလင်တန် သမ္မတ မဖြစ်၍ ကြေကွဲဝမ်းနည်းရသည့် အကြောင်းများ ပြောကြားနေခဲ့လေသည်။ ကျနော်ကလည်း ဟီလာရီဘက်က ဖြစ်သည်။ အမေရိကန်နိုင်ငံသား မဟုတ်၍၊ မဲတော့ ပေးခွင့်မရှိ။

မည်သို့ပင်ဖြစ်စေ၊ ကိုယ်ကြိုက်တဲ့ပါတီ ကိုယ်မဲပေးနိုင်တယ်။ ကိုယ် သဘော ကျတဲ့ သမ္မတ ကိုယ်မဲပေးနိုင်တယ်။ ဒါက ဒီမိုကရေစီပဲ မဟုတ်လား။ မဲ မပေးဘဲ နေတာကသာ၊ ဒီမိုကရေစီကို ဆန့်ကျင်တာ လုံးလုံး ဖြစ်သည်။ "NO VOTE" ဆိုတာ၊ ဒီမိုကေရစီမှှ မဟုတ်တာ။ "NO VOTE" ဆိုတာက၊ သူခိုးသူယုတ်တွေ အလုပ်ပါ။ ပညာတတ်တွေရဲ့အလုပ် မဟုတ်ပါဘူး။
 
သမ္မတကြီးတစ်ယောက်လုံး ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက် ခံနေရသည့် တိုင်းပြည်မှာ၊ ကိုဗစ်ကိစ္စက အရေးကြီးသလို၊ ရွေးကောက်ပွဲ ကလည်း တန်းတူ၊ သို့မဟုတ် တန်းတူထက် အရေးကြီးကြောင်း ထင်ရှားနေပါသည်။

ဒေါ်နယ်ထရန့် ဆေးရုံပေါ်ရောက်နေသည်။ ဂျိုးဘိုင်ဒင် မဲဆွယ်စည်းရုံရေး ဆင်းနေသည်။ (ရွေးကောက်ပွဲ ၄၈-ရက်အလို၊ အမေရိကန်ပြည်တွင်းစစ်၊ စစ်ပြေငြိမ်းရာ၊ ဂက်တီးစဘာ့ဂ် မှာ ဂျိုးဘိုင်ဒင် မိန့်ခွန်းပြောခဲ့သည်) မေရီလဲန်းပြည်နယ်၊ ဝေါ်တာရိဒ် စစ်ဆေးရုံပေါ်ကနေ၊ သမ္မတကြီး ဒေါ်နယ် ထရန့်က၊ သူ၏ TWITTER ကတစ်ဆင့်၊ မဲဆန္ဒရှင် ရီပတ်ဗလီကင် အမေရိကန် ပြည်သူတွေကို၊ ဆရာဝန်များ၏ ကူညီစောင်မမှုဖြင့်၊ သူ နေကောင်းထိုင်သာ ရှိနေပါကြောင်း သတင်းပေးလိုက်သည်။ "With their helps, I am feeling well." တဲ့။

ဒါ ဒေါ်နယ်ထရန့် မဲဆွယ်စည်းရုံးရေးလုပ်လိုက်တာပဲ မဟုတ်လား။

(၃)

ကျနော်တို့ မြန်မာပြည်မှာလည်း၊ ကိုဗစ်တော်လှန်ရေးကြီး ဆင်နွှဲနေပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း၊ နေကောင်းထိုင်သာရှိ နေပါသည်။ ။

အောင်ဝေး ၊ အောက်တိုဘာ ၆၊ ၂၀၂၀

COVID-19 LIVE UP DATES OCTOBER 6, 2020
World: Cases-35.347.404 Deaths-1,039,406
U.S.: Cases-7,341,406 Deaths-208,433
Myanmar: Cases- 18.781 Deaths- 444
SOURCE: WHO Covid-19 dashboard