Breaking News

ကိုသန်းလွင် - ရောဂါ တဖန်ပြန်၍ ဖြစ်ခြင်း



“You're kidding me!” Sanne de Jong, a nursing assistant, said when she was told she had COVID-19 again in July. PHOTO: MIRANDA DE JONG

ကိုသန်းလွင် - ရောဂါ တဖန်ပြန်၍ ဖြစ်ခြင်း

(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၁

(၁)

ဇွန်လကုန်ပိုင်းလောက်က ဆန်နီဒီဂျုံး(Sanne de Jones) သည်အော်ဂလီဆန်ခြင်းနှင့်အတူအသက် ရှုမဝ ခြင်း၊ ကြွက်သားများကိုက်ခဲခြင်း၊ နှာရည်ယိုစီးခြင်း စသည်တို့ခံစားခဲ့ရပါသည်။ သူ အစကထင်ခဲ့သည်မှာ သူ့ တွင်ရှိခဲ့သော Covid-19 မှ ကျန်ရစ်ခဲ့သောဝေဒနာများပင်ဖြစ်မည်ဟု ထင်ခဲ့ပါသည်။ အသက် ၂၂ နှစ်အရွယ်သူမ သည် ဧပြီ ၁၇ ရက်နေ့က ရက်သတ္တ ၂ ပါတ်ကြာအောင် ရောဂါ၏လက္ခဏာများ (Mild Symtoms) များပြခဲ့ပြီး မေလ ၂ ရက်နေ့တွင် စမ်းသပ် ကြည့်ရာ ပိုးများကင်းစင်ကြောင်းတွေ့ခဲ့ရပါသည်။ ထိုစဉ်က သူ့အမေကြီး ဖြစ်သူ ကို နောက်ဆုံးနှုတ်ဆက် ခဲ့ရပါသည်။

ထိုသို့ သူ၏လက္ခဏာများပြန်လည်ပေါ်လာသဖြင့် ဆရာဝန်ကထပ်မံစမ်းသပ်ရန်အကြံပေးခဲ့ပါသည်။ ဤမျှ မြန်မြန်ဆန်ဆန်ပြန်၍ ရောဂါဖြစ်ရခြင်းမှာ ထူးဆန်းနေသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပါ။ သူသည်နောက် ပိုင်းတွင် အနံ့ မရတော့ပါ။ ဝမ်းဗိုက်အတွင်းကလည်းအောင့် နေပြီးဝမ်းများ လျှောခဲ့ပါသည်။ ဇူလိုင်လ ၃ ရက်နေ့ တွင် ရောဂါကာကွယ်ရေးဌာနမှ ဖုန်းလာပါသည်။ သူ့မှာရောဂါပိုး ရှိနေပြန်ပါသည်။

သုတေသနပြုသူများက ဤသို့ရောဂါပြန်ဖြစ်သူများကို စိတ်ဝင်စားလျက်ရှိပါသည်။ သူတို့သည် အဖြစ်နည်း ကြသော်လည်း တဖြည်းဖြည်းပြန်၍ များလာပါသည်။ ဒုတိယဖြစ်ခြင်း၌ ရောဂါသည် လျင်မြန်စွာပျောက်ကင်းလိမ့် မည်ဟုထင်ကြပါသည်။ အနာဂါတ်တွင်ပေါ်လာမည့်ဆေးများက ဤဖြစ်ရပ်ကို ကာကွယ်နိုင်ပါမည်လား။ လူတိုင်း မေးနေကြသောမေးခွန်းမှာ ဒုတိယအကြိမ်ဆိုလျင် ပထမအကြိမ်လောက် ခံရမဆိုးတော့ဘဲ လျင်မြန်စွာ ပျောက် ကင်းမည်လားဟူ၍ဖြစ်ပါသည်။

ရောဂါဖြစ်လိုက်သည်နှင့်ခံနိုင်ရည်ရှိပြီ (Immunity) ဟူသောအယူအဆသည် မှားယွင်းနေပါသည်။

(၂)
တောင်ကိုရီယား ဆရာဝန်များက ဒုတိယ အကြိမ်ပြန်ဖြစ်သောလူနာများကို မေလ ကတွေ့ရှိခဲ့ကြပါသည်။ 

သို့သော်သြဂုတ်လ ၂၄ ရက်နေ့ရောက်မှ အတည်ပြုချက်ယူနိုင်ခဲ့ပါသည်။ အသက် ၃၅ နှစ်အရွယ်ယောင်္ကျားတစ် ယောက်သည် ဟောင်ကောင်ဆေးရုံတွင် မေလ အတွင်းက ဆေးကုသမှုခံယူခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ စပိန် နိုင်ငံမှအပြန် ဟောင်ကောင်လေဆိပ်တွင် စမ်းသပ်ရာ၌ ရောဂါရှိနေ (Positive) ဖြစ်ခဲ့ပါသည်။ ထိုမှစ၍ ပြန်ဖြစ် သောလူနာများ မှာ ၂၄ ဦးရှိလာခဲ့ပါသည်။ ဆရာဝန်များကမှု ဤကဲ့သို့ဖြစ်သူ အရေအတွက်အဖြစ်မှာပို၍များပြား လိမ့်မည်ဟု ယုံကြည်ကြပါသည်။

လူတစ်ယောက်သည် ထပ်မံ၍ ဒုတိယအကြိမ်ရောဂါစွဲကပ်သည်ဟုဆိုလျင် ကြားထဲ၌ ပိုးမရှိသောကာ လသည် တစ်လခန့်ကြာရပါမည်။ ဖြစ်နိုင်သည်မှာ ဒုတိယအကြိမ်စမ်းသပ်ချိန်တွင် ပထမအကြိမ်က ရောဂါပိုး များကျန်ရစ်ခဲ့သည်များလည်း ရှိနိုင်ပါသည်။ အသက်ရှုလမ်းကြောင်းတစ်လျှောက် ဗိုင်းရပ်ကို နိမ်နှင်းခဲ့သော် လည်း လုံးဝအရှင်းပျောက်အောင်မကုသနိုင်ခဲ့ပါ။

ဤကဲ့သို့ဖြစ်လျင်လည်း ရောဂါမည်သို့ ကူးစက်ခံရကြောင်း ခွဲခြားရန် ဓာတ်ခွဲခန်းများတွင် ပစ္စည်းကိရိယာ နှင့်စမ်းသပ်ရန် အချိန်လုံလောက်စွာမရနိုင်ပါ။ နယ်သာလန်နိုင်ငံတွင် ထိုကဲ့သို့ကိစ္စပေါင်း လူ ၅၀ တွင်ဖြစ်ခဲ့ပါ သည်။ ဘရာဇီးတွင် ၁၉၅ ယောက် ဆွီဒင်တွင် ၁၅၀၊ မက္ကဆီကိုတွင် ၂၈၅ ယောက် ကာတာတွင် အနည်းဆုံး ၂၄၃ ဦးရှိပါသည်။

ဟောင်ကောင်မှလူနာမှာ ဒုတိယအကြိမ်တွင်အခြေအနေပို၍ဆိုးပါသည်။ ပထမအကြိမ်ဖြစ်စဉ်က ခုခံနိုင် စွမ်းအားပေါ်ခဲ့သည်။ ဒုတိယအကြိမ်ရောဂါပိုးက တိုက်ခိုက်ချိန်မှာ ၄င်းသည် ခုခံနိုင်စွမ်းအားကိုကျော်လွန်၍ ဖြစ်ပွားရခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း ထိုကိစ္စမျိုးမှာ ဖြစ်တောင့်ဖြစ်ခဲနည်းပါးရခြင်းဖြစ်ပါသည်။
ထိုကိစ္စမျိုးသည် အနာဂတ်အချိန်များတွင်လည်း ဖြစ်ပွားကြပါလိမ့်ဦးမည်။ လူပေါင်းမြောက်များစွာတို့တွင် ပိုးရှိခဲ့ပြီး ကောင်းစွာမသုတ်သင်နိုင်ပါက ထပ်မံ၍ဖြစ်ပွားဖွယ်ရှိပါသည်။

SAR Severe Acute Respiratary Syndrome နှင့် MER Middle East Reipiratory Syndrome တို့ ဖြစ်ပွားခဲ့စဉ်က လူတို့သည်ရောဂါကို ခံနိုင်ရည်ရှိသည့်အားကို ၂ နှစ်ခန့် ကိုယ်ထဲတွင်ရှိနေအောင် တည်ဆောက် ခဲ့ကြပါသည်။ အန်တီဘော်ဒီ (T-Cell) မှာတခါတရံ ၂ နှစ်ထက် ရှည်ကြာ ခံနိုင်ရည်ရှိကြပါသည်။ တချို့တွင် ရော ဂါ ဖြစ်ရခြင်းမှာ ကောင်းသည်ဟု ယူဆကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ခုခံအားသည် ပိုမိုကောင်းမွန်လာသည့် သဘောကြောင့်ဖြစ်သည်။ ခုခံနိုင်အား (Imune System) ကိုလေ့ကျင့်ခန်း (Training) ပေးသည်နှင့်တူ သောကြောင့် ဖြစ်သည်ဟုဆိုသည်။

ယခုအချိန်ထိ ရောဂါကို ဒုတိယအကြိမ်ဖြစ်ပွားမှုများမှာ ပထမအကြိမ်ကထက်ဆိုးသည်ကို မတွေ့ရပါ။ ဘရာဇီး နိုင်ငံ ရီယဲဒီဂျနေရို ရှိ ဆရာဝန်တစ်ယောက်မှာ ဒုတိယအကြိမ်ဖြစ်သောအခါ ပိုမိုဆိုးရွားသောလက္ခဏာ များကို ခံစားရသည်။ သူ့ကို ပထမမိတ်ဆွေတစ်ဦးမှ မေလ ထဲတွင်ရောဂါကူးပြီး ရောဂါလက္ခဏာ များပြသသောကြောင့် ဆေးစစ်သောအခါ ရောဂါမရှိကြောင်း တွေ့ရှိရပါသည်။ ၃ လကြာသောအခါ လက္ခဏာများ ပေါ်လာပြန်သည်။ သူ ၏နံနက်စာကို အနံ့ခံ၍ မရတော့ချေ။ သို့ပါသော်လည်း ချက်ချင်း မစမ်းသပ်ဖြစ်ခဲ့ပါ။ ရောဂါ ကို ခံနိုင်ရည်အားရှိခဲ့ သည်ဟု ယူဆသောကြောင့်ဖြစ်ပါသည်။ ထိုအချိန်တွင်အဆုပ်ကို ကွန်ပြူတာ တိုမိုဂရပ် (Tomography) ရိုက် ကြည့်သောအခါ အဆုပ်တဝက်မှာ ရောဂါကြောင့် ပျက်စီးနေပြီဖြစ်ကြောင်း တွေ့ရပါသည်။ ထိုအချိန်မှ ကိုးဗစ် ရောဂါပိုးရှိကြောင်း ကို စမ်းသပ်တွေ့ရှိရပါသည်။

သူ၏အလုပ်မှာ ဆေးရုံအရေးပေါ်ဌာနတွင် ဖြစ်သည်။ ထို့ကြောင့် သူ့လူနာများက ကူးသည်ဟု ယူဆရပါ သည်။ ဗိုင်းရပ်များပြည့်နေသောလေထု မှကူးစက်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ သို့သော်အခြားပညာရှင် များ ကမှု ပထမရောဂါကြောင့် ခုခံအားမှာ အရာမရောက် (Misfire) ဖြစ်ခါ ဒုတိယအကြိမ်ဖြစ်သောအခါ၌ ပိုမိုဆိုးရွား စွာခံစားရသည် ဟုယူဆနေကြသည်။ 

(Dengue Fever) ဒန်ဂီ ရောဂါတွင် ပထမရောဂါကြောင့်ဖြစ်သော အန်တီဘော်ဒီများသည် ဒုတိယ အကြိမ် ရောဂါ ပိုးများကို ဆဲလ်များအတွင်းသို့ ဝင်ရောက်ရန်ကူညီကြသည်။ ဒန်ဂီဗိုင်းရပ်က လူတို့တိုက်ခိုက်ရန်အညီပေး ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒန်ဂီရောဂါထပ်မံ ဖြစ်လျင် ဒုတိယအကြိမ်ဖြစ်သောအခါ အခြေအနေပိုမိုဆိုးရွားပြီး လူတို့သေသည်အထိ ဒုက္ခပေးနိုင်ပါသည်။

အခြားသောရောဂါများမှာ ပထမရောဂါဖြစ်သည်နှင့်၄င်းကရောဂါပိုးကို နှိမ်နင်းသော အန်တီဘော်ဒီကို ဖန် တီး ခြင်းဖြင့်  နောက်တခါ ရောဂါပိုးဝင်ရောက်ရန်အခြေအနေမှာ ခက်ခဲသွားတော့သည်။

တရုတ်တို့ရေးသားသောစာတမ်းတခုတွင် ပထမအကြိမ်ရောဂါဖြစ်ပွားစဉ်က အန်တီဘော်ဒီ ဖြစ်ပွားစေရာတွင် အဆင့်မမှီသောကြောင့် ဒုတိယအကြိမ်ဖြစ်ပွားလျင် လူများ ဒုက္ခရောက်နိုင်သည်။ သို့သော်ယခုအချိန်အထိ ဤသို့အဆင့်မမှီသည့် အန်တီဘော်ဒီကြောင့် ရောဂါဖြစ်ရန်အခြေအနေပိုကောင်းနေသော လူနာကို မတွေ့ဘူးပါ။

(၃)

ဒီဂျုံး၏ ရောဂါဖြစ်ပွားသည့်ဗိုင်းရပ်၏အခြေအနေ ၂ ခုမှာ တူညီခြင်းမရှိပါ။ လုံးဝမတူညီသော်လည်း ဆင်ဆင် တူမှုရှိနေသောကြောင့် ဧပြီလပထမရောဂါဖြစ်ပွားစဉ်က လုံးဝကင်စင်အောင် မကုသနိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်ပါ သည်။ ဒီဂျုံး က ပထမရောဂါကင်းရှင်းချိန်တွင် သူ့အမေကြီးကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ စိတ်တွင် ဖိအားများပြား နေမှုက အကျိုးသက်ရောက်မှု ရှိကောင်း ရှိနိုင်ပါသည်။ 

နိုဝင်ဘာလ ၅ ရက်နေ့က အမေရိကန်ပညာရှင်များ၏ရေးသားချက်၏ ကိုရိုနာဗိုင်းရပ်သည် လူ၏အစာအိမ် လမ်းကြောင်းအပါအဝင် အတွင်းရောဂါများ၌ ကြာရှည်စွာခိုအောင်းနိုင်ကြောင်း တွေ့ရှိရသည်။ ထိုသို့ ကိုယ်ခန္ဓာ တွင်ခိုအောင်းနေသော ပိုးကကာလကြာရှည်မှ ထပ်မံဒုက္ခပေးခြင်းလည်း ဖြစ်နိုင်ပါသည်။

ဒီဂျုံးမှာ စက်တင်ဘာလက ပိုးကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိရသည် ထိုရောဂါ၏လက္ခဏာများကို တွေ့ရှိ နေရဆဲဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ခန္ဓာ၏ခုခံအားက သူ့ကို ၂ လခန့်ကာကွယ် ပေးထားခဲ့ခြင်းဖြစ် နိုင်ပါသည်။ သူသည် ယခုတိုင် ဝမ်းတွင်းမကောင်းသောရောဂါ၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် နာမ်ကြောဆိုင်ရာ ဝေဒနာများခံစား ရဆဲဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Reinfections, Still rare provide clues to Immunity, Science By Job de Vriezo 20 Nov 2020.