Breaking News

သန်းလွင် - စပိုင်ဝဲယား

သန်းလွင် - စပိုင်ဝဲယား

(မိုးမခ) ၁၆၊ ၂၀၂၂


( ၁ )

ကက်တလိုနီးယား (catalonia) ပြည်နယ်၏ ပါလီမန်သည် ဘာစီလိုနား မြို့တော်၏ အစွန်တွင် ရှိသော နန်းတော်၌ တည်ရှိပါသည်။ ဤနန်းတော်သည်ဘုရင် ဖိလစ် V က ကက်တလန်ပြည်သားများကို စောင့်ကြည့်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့တွင်လည်း ကက်တလန် ပြည်သူအများစုက စပိန်မှ လွတ်လပ်ရေးရယူရန် ဆန္ဒရှိနေကြပါသည်။ စပိန်အစိုးရက စပိန်ထံမှ ခွဲထွက်ဖို့အရေး တောင်းဆိုသူ ပါလီမန်အမတ် ၁၂ ယောက်ကို ဖမ်းဆီးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်ကို စပိန်က အသိအမှတ်မပြုပါ။ မဲရုံများကို ဖျက်ဆီး၍ ပြည်သူအများအပြားကို ဒဏ်ရာရစေခဲ့ကာ မဲမှာလည်း ထည့်သူ နည်းပါးသော်လည်း ထည့်သူ ၉၀ ရာခိုင်နှုန်းက လွတ်လပ်ရေးအတွက် မဲပေးခဲ့ကြပါသည်။

အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်သော ဂျိုဒီဆိုးလက် (Jordi Sole) သူ၏ တယ်လီဖုန်း၊ i-phone 8 Plus ကို ကနေဒါနိုင်ငံမှ စီတီဇင် (Citizen Lab) ကုမ္ပဏီဝန်ထမ်း ဖြစ်သူ၏ လက်ထဲသို့ထည့်၍ ဖုန်းကို စစ်ဆေးရန် ပေးလိုက်ပါသည်။ စစ်ဆေး သူက WhatsApp နှင့် SMS Massage တို့ကို သူ၏ ဆော့ဝဲယားနှင့် စမ်းသပ်စစ် ဆေးကြည့်ရှုပါသည်။ စပိုင် ဝဲယားများအလုပ်လုပ်ရန်မှာအချို့တွင် လင့် (link) ကို နိပ်ရန်လိုပြီး အချို့ကမလိုပါ။ ဆော့ဝဲလ်ယား ဖုန်းထဲ ရောက်ပြီဆိုသည်နှင့် သူ့ဖာသာ အလုပ်စ လုပ်ပါသည်။

၂၀၂၀ ခု ဇွန်ကအတွင်းတွင် တယ်လီဖုန်းမှာ ဟက် (hack) လုပ်ခံခဲ့ရပါသည်။ နှစ် ကြိမ်ဖြစ်ပြီး စပိန် အစိုးရ၏ လူမှုလုံခြုံရေး (Social Security) အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ထိုဆော့ဝဲယားကို ပီဂါဆပ် (Pegasus) ဟုခေါ်ပါ သည်။ ဤဆော့ဝဲယားကို အင်၊အက်စ်၊အို (NSO Group) ခေါ်အစ္စရေးကုမ္ပဏီတခုက ပြုလုပ်ရောင်း ချပါသည်။ သူကဖုန်းထဲမှ ရေးသားထားသမျှကို ထုတ်ယူနိုင်ပါသည်။ ဓာတ်ပုံများလည်းယူငင်နိုင် ပြီး ဖုန်းတွင်ရှိသော ကင်မရာကို အသုံးပြုကာ ဓာတ်ပုံများရိုက်ယူပါသည်။ ဖုန်းတွင်ပါဝင်သော မိုက်ခရိုဖုန်းကို အသုံးပြု၍ အသံလည်း သွင်းယူနိုင်ပါသည်။ ဤသည်မှာ အချိန်နာရီကို လိုက်၍ (real time) ဖြစ်ပျက်သမျှကို မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ လျှို့ဝှက်အစည်းအဝေး များကိုလည်း မှတ်တမ်းယူနိုင်ပါသည်။ ပီဂါဆပ် သည် တရားမဝင်လုပ်ရန် ကြိုးစားနေသူများ အစိုးရက အရေးယူဆောင်ရွက်မှာကို မလိုလားသူများနှင့် မိမိကို ဆန့်ကျင်သူများကို ရှာဖွေဖော်ထုတ်နေသော အစိုးရများအတွက် အသုံးဝင်လာပါသည်။

ဆိုးလက်မှာ သူ ဥရောပကောင်စီသို့ အရွေးခံရပြီး ပါလီမန် တက်ရောက်ရန် ပြင်ဆင်နေစဉ် သူ၏ဖုန်းမှာ ဟက်လုပ်ခြင်း ခံခဲ့ရပါသည်။ သူ ဤနေရာသို့ အရွေးချယ်ခံခဲ့ရခြင်းမှာလည်း သူ့မိတ်ဆွေမှာ လွတ်လပ်ရေး တောင်းဆိုသဖြင့် အဖမ်းခံခဲ့ရသောကြောင့် သူ့နေရာတွင် အစားထိုး ခန့်အပ်ခြင်းခံခဲ့ရ၍ ဖြစ်ပါသည်။

ကတ်တလိုနီးယားတွင် ရှေ့နေများ၊ နိုင်ငံရေးသမားများ၊ တက်ကြွသူများ၏ ဖုန်းအလုံး ၆၀ ကျော်မှာ စပိန်နှင့် ဥရောပတလွှားတွင် ဟက်လုပ်ခြင်း ခံကြရပါသည်။ ဤသည်မှာ ပီဂါဆပ်၏ အနှောင့်အယှက်ခံရခြင်းကို သေသေချာချာ မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ 

ပီဂါဆပ်ကို စပိန်အစိုးရမှ အသုံးပြုဖွယ်ရှိပြီး စီတီဇင်ဓာတ်ခွဲခန်း၏ ဆန်းစစ်ချက်အရ စပိန်အစိုးရအရာရှိများက စေခိုင်းခဲ့ခြင်း ဖြစ်ပါသည်။ အင်၊ အက်စ်၊ အို တွင် အလုပ်လုပ်ဖူးသူတဦး၏အဆိုအရ စပိန်အစိုးရသည် အင်၊ အက်စ်၊ အို ၌ စာရင်းဖွင့်ပြီးသား ရှိသည်ဟု ဆိုပါသည်။ ဖုန်း အဟက်ခံရသူ ၄၀ ကျော်တို့က စပိန်အစိုးရ၏ လုပ်ရပ်ကို ရှုတ်ချကြပါသည်။

( ၂ )

အများသုံး စပိုင်ဝဲယား ဈေးကွက်မှာ ကြီးထွားနေပြီး ၁၂ ဘီလီယံဒေါ်လာမျှ အထိရှိလာပါသည်။ ထိန်းချုပ်မှုကင်းမဲ့ပြီး သံသယဖြစ်ဖွယ်ရာများနှင့် ပြည့်နေသည်။ 

မကြာသေးမီက စီတီဇင်ဓါတ်ခွဲခန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် (Amnesty International) တို့၏စီစစ်ချက်အရ နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူများ၊ အစိုးရကို မထောက်ခံသူများနှင့် ဖိနှိပ်ချုပ်ချယ်သော အစိုးရတို့ကြား၌ ပီဂူးဆပ် ဆော့ဝဲယား ရှိနေသည်။ 

လန်ဒန်တက္ကသိုလ်မှ ခွဲဖြမ်းစိတ်ဖြာရေး (Forensic) ဌာန၏ လေ့လာချက်များအရ ပီဂါဆပ်မှာ လက်တွေ့အကြမ်းဖက်မှု အမှု ၃၀၀ ကျော်နှင့် ပတ်သက်နေပါသည်။ 

ရဝန်ဒါ အတိုက်အခံပါတီဝင်များနှင့် အယ်လဆာဗားဒေါနိုင်ငံ ခြစားမှု ပပျောက်ရေး လုပ်ငန်းများနှင့်လည်း ပတ်သက်နေပါသည်။

မက်ဆီကိုနိုင်ငံတွင် မူးယစ်ဆေးအဖွဲ့ (drug cartel) ကို စုံစမ်းနေသူ ဂျာနယ်လစ်နှင့် ပတ်သက်နေသူများ ဖုန်းတွင် တွေ့ရှိရပါသည်။ 

ဂျာနယ်လစ် ခါရှောက်ဂျီ သေဆုံးရမှုတွင်လည်း သူနှင့် ဆက်စပ်နေသော လူများ၏ ဖုန်းများတွင်လည်း ပီဂါဆပ် ဆော့ဝဲလ်ယားကို တွေ့ရပါသည်။ ၂၀၁၈ ဖြစ်ခဲ့သော ဤလူသတ်မှုတွင် သူ၏ မိတ်ဆွေများ၏ ဖုန်းမှာ တစုံတဦး၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရပါသည်။

ပီဂါဆပ်ကို အနည်းဆုံးနိုင်ငံ ၄၅ နိုင်ငံတွင် အသုံးပြုနေကြပါသည်။ ၎င်းနှင့် အလားတူ ဆော့ဝဲယားများမှာ အမေရိကန်ပြည်နှင့် ဥရောပနိုင်ငံများတွင် သုံးခဲ့ကြပါသည်။ မိုက်ခရိုဆော့ကုမ္ပဏီ အရာရှိတစ်ဦးက ပြောသည်မှာ ဤ ဆော့ဝဲယားများကို အစိုးရပေါင်းစုံက ဝယ်၍ အသုံးပြုနေကြသည်ဟု ဆိုပါသည်။

အင်၊ စက်စ်၊ အို မှာ ဤသို့ စပိုင်ဝဲယား ပြုလုပ်ရောင်းချခြင်းတွင်  မူလ ဗဟို ကျပါသည်။ ၂၀၁၄ ခုနှစ်က အင်တာဗျူးတခုတွင် ကုမ္ပဏီ စီအီးအို ဟိုလီယို (Shalev Hulio) က သူ့ဆော့ဝဲယား အောင်မြင်မှုများအတွက် ဂုဏ်ယူနေဟန်ရှိပြီး ၎င်းက သူ့ဆော့ဝဲယားကို အစိုးရ အနည်းအငယ်နှင့် သူ့ ထောက်လှမ်းရေးအေဂျင်စီ အချို့တို့သို့ ရောင်းချကြောင်း ပြောပါသည်။ 

ကုမ္ပဏီသည် ၁ ဘီလီယံဒေါ်လာမျှတန်ပြီး ဖေ့ဘွတ် စသော ကုမ္ပဏီများက စွဲထားသော အမှုများကို ဖြေရှင်းနေရသည်ဟု ဆိုသည်။ ပီဂါဆပ်ကို အသုံးပြု၍ ဖုန်းများကို ဟက်ကြရာဝယ် ဤဆော့ဝဲလ်ယားကို တွေ့တိုင်း သူတို့ကုမ္ပဏီမှာ ပြဿနာကို ဖြေရှင်းရပါသည်။ ကုမ္ပဏီမှာ များစွာ အောင်မြင်သော်လည်း နေရာပေါင်းများစွာ၌ ကြီးစွာသော ပြဿနာများ၏ အလယ်သို့ ရောက်ရှိနေပါသည်။

အင်၊ အက်စ်၊ အို ကုမ္ပဏီကို ၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်ပြီး လူ ၃ ဦး၏ နာမည်မှ စကားလုံး ၃ လုံးကိုယူ၍ စုပေါင်းမှည့်ခေါ် ထားခြင်း ဖြစ်ပါသည်။ ကုမ္ပဏီတွင် ယခုအခါ လူ ၈၀၀ ခန့် ငှားထားပြီး အစိုးရများက ပြည်သူတို့၏ ဖုန်းများကို ဟက်လုပ်နိုင်ရန် အဓိက အကူအညီပေးနေသည့် ကုမ္ပဏီ ဖြစ်ပါသည်။

ဇူလိုင် ၂၀၂၀ တွင် ပီဂါဆပ်ကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ရုံးအဖွဲ့ကို အဓိကထားရန် ရည်ရွယ်ခဲ့ပါသည်။ မည်သည့် ဆော့ဝဲယားဟု အတည်မပြုသော်လည်း အစိုးရအရာရှိတဦးက ဒေါင်းနင်းလမ်းရုံးကို ဦးတည်၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်းကို အတည်ပြုပြောဆိုခဲ့ပါသည်။ 

ဗြိတိန်ထောက်လှမ်းရေး၏ ဌာနတခုဖြစ်သော ဆိုက်ဗာလုံခြုံရေးဌာန (Cyber Security Centre) မှ ဂျွန်ဆင်၏ ဖုန်းအပါအဝင် ဖုန်းများကို စစ်ဆေး၍ ဒေတာများ ခိုးယူခံရကြောင်းကို အတည်မပြုနိုင်ခဲ့ကြပါ။

စီတီဇင်ဓာတ်ခွဲခန်းက ဆန်းစစ်ရာတွင်ရရှိသော ဒေတာများကို အာရပ်စော်ဘွားများနိုင်ငံရှိ ဆာဗာတခု (Server) နှင့် ချိတ်ဆက်ထားကြောင်း တွေ့ရှိခဲ့ရပါသည်။ 

၂၀၂၀ ဇူလိုင်နှင့် ၂၀၂၁ ဇွန်လအတွင်းတွင် နိုင်ငံခြား ရေးဌာနသို့ ဆက်သွယ်သော ဖုန်းများကို ဟက်ခံရကြောင်း တွေ့ရသည်။ ဤအကြိမ်တွင် ဆက်သွယ်သော ဆာဗာများမှာ အာရပ်စော်ဘွားများနိုင်ငံ၊ အိန္ဒိယနှင့် ဆိုက်ပရပ်နိုင်ငံများတွင် ရှိကြောင်း သိရသည်။ 

ဗြိတိသျှနိုင်ငံ တရားရုံးတခုက စော်ဘွားများနိုင်ငံမှ မင်းသမီး ဟာရာ (ဘုရင် ရှိတ် Mohammeal Bil Rashid ၏ ဇနီး) သည် သူ၏ကလေးနှစ်ယောက်နှင့် အတူ လန်ဒန်သို့ ထွက်ပြေးသွားခဲ့ပါသည်။ သူ၏ရှေ့နေမှာ သူနှင့်အတူ ဟက် ခံရသည်။ တစ်စုံတဦးက အင်၊ အက်စ်၊ အို သို့ ထိုသို့ ပီဂါဆပ် ဆော့ဝဲယားကို အသုံးပြုကြောင်း ဖုန်းဆက် အကြောင်းကြားခဲ့ပါသည်။ 

တိုနီဘလဲယားမှာ သူ့ဇနီးက အင်၊အက်စ်၊အို ၏ အကြံပေးအဖွဲ့တွင် ပါဝင်သဖြင့် သူကလည်း ဟာရာနှင့် သူ၏ ရှေ့နေတို့ကို အသိပေးခဲ့ကြောင်း သိရပါသည်။

အင်၊ အက်စ်၊ အို ၏ စီအီးအိုက သူတို့ဆော့ဝဲယားကို ဥရောပနိုင်ငံများတွင် နိုင်ငံအားလုံးလိုလိုက အသုံးပြုကြကြောင်း ပြောပါသည်။ ဂျာမနီ၊ ပိုလန်၊ ဟန်ဂေရီ၊ ဘီလားရှုးနိုင်ငံ အစိုးရတို့က ဤဆော့ဝဲယားကို အသုံးပြုကြောင်း ဝန်ခံကြပါသည်။ သူတို့သည် တရားရုံးက ခွင့်ပြုသလောက်သာ ဆော့ဝဲယားကို အသုံးပြုကြကြောင်း သို့စေကာမှု ဤဆော့ဝဲယားမှာ လူတိုင်း သုံးနိုင်ပြီး မရည်ရွယ်သည့် လူ၏လက်ထဲ ရောက်ပါက လက်နက်သဖွယ် အန္တရာယ်ပေးနိုင်ပါသည်။

အမေရိကန်နိုင်ငံ၌လည်း ဤဆော့ဝဲယားကို အသုံးပြုလျက်ရှိပါသည်။ အမျိုးသားလုံခြုံရေးကောင်စီ နှင့် စီအိုင်အေ တို့တွင် ၎င်းတို့၏ ကိုယ်ပိုင်ဆော့ဝဲယားများ ရှိသလို စစ်တပ်နှင့် တရားရုံးကလည်း တခြား ဆော့ဝဲယားများကို အသုံးပြုကြပါသည်။ တိုင်းသတင်းစာကြီးက အက်ဘီအိုင်က ပီဂါဆပ်ဆော့ဝဲယားကို ၂၀၁၉ ခုနှစ် တွင် ဝယ်ယူ၍ သုံးစွဲဖူးကြောင်း ဖွင့်ဟဝန်ခံခဲ့ပါသည်။ 

စီအိုင်အေ က ဂျီဘူးတီး (Djibouti) နိုင်ငံတွင် အကြမ်းဖက်မှု (Terroism) များကို တိုက်ခိုက်ရန် ဝယ်ပေးဖူးပါသည်။ ဤဆော့ဝဲယားကို သူ့အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အပါအဝင် လူများစွာတို့ကို စုံစမ်းထောက်လှမ်းရန် အသုံးပြုကြောင်း တွေ့ရှိခဲ့ရပါသည်။ 

ယမန်နှစ်က အက်ပဲလ်က ကြေညာရာတွင် သူ၏အိုင်ဖုန်း ကိုင်ဆောင်သူ ယူဂန်ဒါသံရုံး ဝန်ထမ်းလူ ၁၁ ဦး၏ ဖုန်းများကို ဟက်ခဲ့သည်ဟု ဆိုပါသည်။ အင်၊အက်စ်၊အို ကသူ၏ ဆာဗာများကို ပိတ်ပစ်ခဲ့ပါသည်။ 

ဘိုင်ဒန် အစိုးရက သူ၏ဝန်ထမ်းများကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံခြားသားများလုပ်သော စပိုင်ဝဲယားများ ဝယ်ယူခြင်းကို တားမြစ်တော့မည်ဟု ဆိုသည်။

ပထမဦးစွာ အင်၊အက်စ်၊အို နှင့် အခြားကုမ္ပဏီပေါင်းများစွာကို အမေရိကန်လုပ် ဆော့ဝဲများကို လိုင်စင်မရှိဘဲ ဝယ်ခွင့်မရတော့ဟု သိရပါသည်။ အင်၊အက်စ်၊အို မှာ ဝင်းဒိုး “Windows” ကဲ့သို့သော ဆော့ဝဲယားများကို ဝယ်ယူရန် ခက်ခဲသွားသည့်အတွက် အိုင်ဖုန်းနှင့် ကလောက်ဆာဗာ (Cloud Server) များကို အသုံးပြုရန် အခက်အခဲ ဖြစ်သွားပါသည်။

အစ္စရေးပါလီမန်တွင် အာရပ်ခေါင်းဆောင်များက အင်၊ အက်စ်၊ အို၏ အခန်းကဏ္ဍကို မေးခွန်းထုတ်ကြပါသည်။ “ခင်ဗျားတို့က အားနည်းတဲ့ လူ့အဖွဲ့အစည်းတွေမှာ ပဋိပက္ခဖြစ်သူတွေကို သေအောင် လုပ်နေတာပဲ။ ဒီလို လုပ်နေတာ ကြာလှပြီ” ဟုပြောသည်။ 

သူတို့က ပါလက်စတိုင်း ၆ ယောက်ကို ပီဂါဆပ်ဖြင့် စောင့်ကြည့်ရင်း အစ္စရေး ပိုင်နယ်မြေတွင် နေခွင့်ပိတ်လိုက်သည်။ ပီဂူဆပ်ကို ထုတ်လုပ်သူတို့ကလည်း “သူတို့ဟာ အကြမ်းဖက်မှုကို တိုက်နေကြတာပါ။ ဒီထဲမှာပါရတဲ့အတွက် ဂုဏ်ယူပါတယ် “ဟုဆိုသည်။

( ၃ )

အင်၊အက်စ်၊အို က ဆော့ဝဲယား ဝယ်သူ ၉၀ ယောက်ကို မရောင်းဘူးဟု ငြင်းပယ်ခဲ့သည်။ သူတို့ ဆော့ဝဲယားသည် တနိုင်ငံတွင် ၁ သန်းမျှ တန်သော်လည်း ချမ်းသာသည့်နိုင်ငံ ဆိုလျှင် သန်းပေါင်းရာချီ၍ ရောင်းရ ပါသည်။ ဆော့ဝဲယားကို ဝယ်ပြီဟုဆိုလျင် အင်၊ အက်စ်၊ အို သည် စင်နှစ်ခုဖြင့် သွားရသည်။ တစ်ခုမှာ စတိုလုပ်သည့် ဆော့ဝဲယားထား၍ နောက်တစ်စင်မှာ အသုံးပြုမည့်ဆော့ဝဲယားထားရန် ဖြစ်သည်။

“ကျွန်တော်တို့ ဆော့ဝဲယားဟာ စည်းကမ်းဖောက်ဖျက်သူတွေကို ဖော်ထုတ်ဖို့ ဖြစ်တယ်။ သူတို့ကို ဥပဒေ ထိန်းသိမ်းတဲ့အရာရှိတွေ သိအောင်လုပ်ရမယ်။ လမ်းမှာ ဆူးငြောင့်တွေကတော့ အများကြီးပဲ။ ဒါတွေကို တတ်နိုင်သမျှ ရှင်းလင်းရမှာပဲ” ဟု စီအီးအို လုပ်သူက ပြောပါသည်။

ကိုသန်းလွင်

Ref: The serveilance State, By Ronan Farrow, New Yorker May 2 2022



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar