အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၆ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း
အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၆ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၂
စီးပွားပျက်ကပ်ကြီးကို မည်သို့တုံ့ပြန်ခဲ့သနည်း - ၄
“မာတင် ဝုဖ် (Martin Wolf) အဆိုအရဆိုလျှင် ယူရိုငွေကြေးဇုန် ဇာတ်လမ်း၏ လူဆိုးဗီလိန်မှာ ဂျာမဏီဖြစ်နေသည်။ ‘ဂျာမန် ၏ ဩဇာလွှမ်းမိုးမှုအောက်တွင်’ ယူရိုငွေကြေးဇုန်၏ မူဝါဒ အယူအဆသည် Liquidationism အပေါ်မူတည်ထားသည်။ [Footnote: Liquidationism သည် အများလက်ခံသည်နှင့် မတူညီသော ဩစတြီးယန်း စီးပွားရေးအတွေးအခေါ် တခု ဖြစ်သည်။ စီးပွားရေးကျဆင်းမှု၏ သက်ရောက် ထိခိုက်မှုများ လျော့ပါးစေရန်အတွက် အစိုးရ သို့မဟုတ် ဗဟိုဘဏ်က မည်သို့ဆောင်ရွက်စရာမလိုဟု မြင်သည်။ ယင်းအစား ထိခိုက်နစ်နာရသည့် ကုမ္ပဏီ များ စာရင်းရှင်းပိတ်သိမ်းရခြင်း ကဲ့သို့သော “ယာယီနာကျင်ရမှုမျိုး” (temporary pain) ကသာ အကျပ်အတည်းအတွက် အဖြေကိုယ်တိုင်ဖြစ်သည်ဟု ဆိုသည်။]
ယူရို ငွေကြေးဇုန်ရှိ ဗဟိုဘဏ်က နှိုင်းယှဉ်ချက်အရဆိုလျှင် လက်ရဲဇက်ရဲရှိပြီး အချို့သော ဘတ်ဂျက်ငွေ ထောက်ပံ့မှုများကို ပေး အပ်ထားပြီး ဖြစ်သည်… ရွေးချယ်ထားသည့် မူဝါဒများတွင် ဘတ်ဂျက်တင်းကြပ်မှု၊ ပြိုင်ဆိုင်နိုင်စွမ်း competitiveness နှင့် ပတ်သက်၍ ဖက်မညီသော ချိန်ညှိမှုများ (ဘတ်ဂျက်လိုငွေပြနေသည့် နိုင်ငံများတွင် ချိန်ညှိမှုအားလုံးနှင့်အတူ ဆောင်ရွက် ချက်များ) နှင့် စီးပွားရေး အကျပ်အတည်း ထိခိုက်ခံစားရသည့်နိုင်ငံများတွင် ဘဏ်များထံသို့ ငွေကြေးဖြည့်ဆည်းပေးရန် အကန့်အသတ်ဖြင့် အကူအညီပေးခြင်းများ ပါဝင်သည်။ ဥရောပဗဟိုဘဏ် (ECB) က ငွေကြေးဖောင်းပွမှု ဖြစ်မည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေသောကြောင့် လက်များကို လက်ထိတ်ခပ်ထားသည့်နှယ် ရှိနေသည်။ အထူးသဖြင့် ဂျာမဏီနိုင်ငံက ဖြစ်သည်။ သို့ဖြစ်ရာ quantitative easing အိုင်ဒီယာကို အကျောက်အကန် ဖြစ်နေသည်။ သို့မဟုတ် သိသာသည့် အတိုးနှုန်း အနုတ်ဖြစ်နေမှု (negative interest rates) စသည့် အငြင်းပွားမှု မူဝါဒများအပေါ်တွင်လည်း လက်တွန့်နေသည်။” The Shifts and the Shocks, 329.
ကမ္ဘာ့စီးပွားပျက်ကပ်ကြီး၏ သက်ရောက်မှုကို တရုတ်နိုင်ငံက များစွာ မခံစားရပါ။ အမှန်ဆိုရလျှင် ဖွံ့ဖြိုးမှုရာခိုင်နှုန်းက ၂၀၀၇ ခုနှစ်တွင် ၁၁.၉% မှ ၂၀၀၉ ခုနှစ်တွင် ၆.၂% သို့ ကျဆင်းသွားခဲ့သည်။ တရုတ်အာဏာပိုင်များက ဒေသခံတို့၏ ဝယ်လိုအား မြင့်မားလာစေရန် ဒေါ်လာ ၅၈၆ ဘီလီယံ အကြီးအကျယ် ဖြည့် ဆည်းပေးခဲ့သောကြောင့်၊ ၂၀၁၀ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှု ၁၁.၉% သို့ ပြန်၍ ခုန်တက်လာခဲ့သည်။ GDP ၏ ရာခိုင်နှုန်းအနေဖြင့်မူ တရုတ်နိုင်ငံ၏ လှုံ့ဆော်မှုသည် အမေရိကန်ပြည် ထောင်စုတွင် သမ္မတအိုဘားမား ဆောင်ရွက်ခဲ့သည့် ဒေါ်လာ ၇၈၇ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ပမာဏ ၂ ဆ ရှိခဲ့သည်။ သို့ပါ သော် လည်း တရုတ်၏ စီးပွားရေးဖွံ့ဖြိုးမှုက ပျမ်းမျှ ၇% ဝန်းကျင်သို့သာ ဖြစ်နိုင်ဖွယ် ရှိပါသည်။ တရုတ်နိုင်ငံက အခြားသော စိန်ခေါ်မှုများကိုလည်း ကြုံတွေ့ခဲ့ရသည်။
အိမ်ရာကဏ္ဍ နှင့် အချို့သော စက်မှုကဏ္ဍများဖြစ်သည့် သံမဏိ၊ သင်္ဘောတည်ဆောက်ခြင်း နှင့် သတ္တုတွင်းတူးလုပ်ငန်းများ တွင် အလွန်အမင်း ထောက်ပံ့မှုပိုလျှံနေသည့် ပြဿနာရှိနေပါသည်။ အခြားတဖက်တွင်လည်း တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု ကဏ္ဍက ကြီးထွားလာနေသည်။ ယင်း ဝန်ဆောင်မှုကဏ္ဍက ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ GDP ၏ ၄၆ % ရှိနေပြီး၊ စက်မှု ကဏ္ဍ (၄၄%) ကို ကျော်တက်သွားသည်။ အစိုးရပိုင် ကုမ္ပဏီများအနေဖြင့် ဈေးကွက်၏လွတ်လပ်စွာ လုပ်ကိုင်လည်ပတ်နေ မှုသဘောကို အထူးထိတွေ့ခံစားနေရသည်။ ဝင်ငွေမညီ မျှမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု ပြဿနာက နိုင်ငံရေးတည်ငြိမ်မှု အတွက် အန္တရာယ်ခြိမ်းခြောက်မှုတခု ဖြစ်လာ၍ နေသည်။ အကျင့်ပျက်ခြစားမှု နှင့် ဥပဒေရေးရာကဏ္ဍတွင် မဖွံ့ဖြိုးသေး ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ တရုတ်နိုင်ငံမှ ပြန်၍ ဆုတ်သွားကြသည်။ စားသုံးမှုက တရုတ်နိုင်ငံ GDP ၏ ၃၅% သာ ရှိသည်။ ဤအချက်က ထင်ဟပ်ဖော်ပြနေသည်မှာ တရုတ်နိုင်ငံ စီးပွားရေးကို ယခုတိုင် ရင်းနှီးမြှုပ်နှံမှုက မောင်းနှင်နေဆဲ ဖြစ်သည်။ စိန်ခေါ်မှုပြဿနာမှာ တရုတ်နိုင်ငံ စီးပွားရေးအသွင်ကူးပြောင်းမှုတွင် ဝန်ဆောင်မှုကဏ္ဍ နှင့် စားသုံးမှုတိုးတက်လာ စေရေးအတွက် မောင်းနှင်ထည့်ရန် ဖြစ်သည်။
တရုတ်အာဏာပိုင်များအတွက် စိန်ခေါ်မှုများမှာ စီးပွားရေးနယ်ပယ်မျှသာ မဟုတ်ပါ။ လေထု၊ ရေနှင့် မြေဆီလွှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုများကိုလည်း ဖြေရှင်းပေးရန် ရှိပါသေးသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ အလုပ်လုပ်ကိုင်နိုင်သော လူဦးရေ ကျုံ့လာခြင်း ဖြစ်သည်။ မေးခွန်းတခုမှာ တိုးတက်လာသည့် တရုတ်နိုင်ငံ၏ လူလတ်တန်းစားကြောင့် ဝယ်လိုအားကို မြင့်တက်လာစေမည်လော၊ ထိုအခါ တရုတ်နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်လာစေမည်လော ဟူ၍ ဖြစ်သည်။
ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzõ Abe) က ၂၀၁၂ ခုနှစ်တွင် သူပြန်၍ ရွေးကောက်ခံရပြီးနောက်တွင် ကိန်း၏ စတိုင် လှုံ့ဆော်မှု အစီအစဉ်များကို စတင်ဆောင်ရွက်ခဲ့သည်။ သူ၏ အစီအစဉ်တွင် “မြား ၃ ခု” ပါဝင်ပြီး ဂျပန်နိုင်ငံ၏ နာတာရှည် စီးပွားရေးတန့်နေမှုကို ပစ်မှတ်ထားသည်။ ပထမမြှားသည် ဘတ်ဂျက်ဆိုင်ရာ ဧရာမလှုံ့ဆော်မှုနှင့် ပတ်သက် သည်။ ဒုတိယမြှားအရ ဂျပန်ဗဟိုဘဏ်မှနေ၍ ငွေကြေးဖြည့်ဆည်းခြင်း (monetary easing) နည်းလမ်းသုံးခြင်း ဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို ၂% အထိ တွန်းတင်ဖို့ ဖြစ်သည်။ တတိယမြှားသည် ဂျပန်နိုင်ငံ၏ ပြိုင်ဆိုင်နိုင်စွမ်းကို အားကောင်း မြှင့်တင်ပေးရန် ဖွဲ့စည်းပုံအရ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ပါဝင်သည်။
ဤမြှား ၃ စင်းကို လူအများက “အေဘီနောမစ်” (Abenomics) ဟု သိကြသည်။
ဂျပန်နိုင်ငံ၏ ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှု ပစ်မှတ် ၂ ရာခိုင်နှုန်း သတ်မှတ်ထားပြီး၊ တပြိုင်နက်တည်းတွင် စီးပွားရေးစနစ်အတွင်းသို့ ယန်းငွေကို ထိုးထည့်ဖြည့်ဆည်းသည်။ (ဥပမာအားဖြင့် - quantitative easing မျိုး ဖြစ်သည်)၊ တရားဝင်မသတ်မှတ်ထားသော်လည်း အနုတ်သဘော အတိုးနှုန်း (a de facto negative interest rate) ကို ထားရှိသည်။
၂၀၁၅ ခုနှစ်တွင် ငွေကြေး ဖောင်းပွမှုက ၀.၆% တဝိုက်တွင် ရှိသည်။ အသစ်သော ဘတ်ဂျက်အသုံးစရိတ်များကြောင့် မူလကတည်းက ရှိနေခဲ့ပြီ ဖြစ် သော ဘတ်ဂျက်လိုငွေပြမှုကို ပို၍ ကြီးထွားလာစေသည်။
၂၀၁၄ ခုနှစ် တနှစ်ဝန်းကျင်တွင် စားသုံးမှုအခွန် (consumption tax) မြင့်မားလာစေခြင်းဖြင့် စီးပွားရေးစနစ်မှာ စီးပွားပျက် ကပ်ကြုံရမည့် အခြေအနေမှ ပြန်၍ဦးမော့ရန် ကူညီပေးနိုင်ခဲ့သည်။ ငွေကြေး ဖောင်းပွမှုက ၀% နီးပါး ကျဆင်းခဲ့သည်။ ဂျပန်နိုင်ငံ၏ GDP မှာ ၂၀၁၅ ခုနှစ်တွင် ၀.၈% သာ မြင့်မားလာမည်ဟု ကြိုတင်ခန့်မှန်းကြသည်။
သတင်းကောင်းမှာ ဂျပန်ဗဟိုဘဏ်၏ quantitative easing မူဝါဒ ရလဒ်ကြောင့် ယန်းငွေက အခြား ငွေများနှင့် ယှဉ်လျှင် ငွေလဲနှုန်းအားပျော့လာသည်။ ဂျပန်နိုင်ငံ၏ ပြည်ပတင်ပို့ပစ္စည်းများအတွက် ပို၍ဈေးချို ပြိုင်ဆိုင်နိုင်စွမ်း မြင့်မားလာစေခဲ့သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar