စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုတွေရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သဘောထား
![]() |
At Mon State, Myanmar Military collection census data (Photo - Thanlwin Times) |
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၃ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၃
စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုတွေရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သဘောထား
ယခုရက်ပိုင်း သတင်းတွေထဲမှာ စစ်ကောင်စီ ရွေးကောက်ပွဲ အတွက်ပြင်ဆင်မှုတွေကို ဟန့်တားကြဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ TNLA က ပြောဆိုလိုက်တဲ့ သတင်း၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရွေးကောက်ပွဲ စာရင်းကောက်နေတဲ့ သူတွေကို တိုက်ခိုက်မှု သတင်းတွေ တွေ့လာနေရတာ ဖြစ်ပါတယ်။ မုံရွာမြို့တွင်းတနေရာမှာ ရွေးကောက်ပွဲ စာရင်းကောက်တဲ့အဖွဲ့ကို ပီဒီအက်ဖ်တွေက ကားပေါ်ကနေ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်တဲ့ ရုပ်သံဗီဒီယို ဖိုင် အွန်လိုင်းပေါ် တင်ထားတာလည်း တွေ့ရပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့က ရပ်ကွက်တခုမှာလည်း ရွေးကောက်ပွဲ စာရင်းကောက်တဲ့ အဖွဲ့တွေကို လိုက်ပါတဲ့ စစ်ကောင်စီ လုံခြုံရေးအဖွဲ့ဝင်တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ပြီး ရဲတဦးသေဆုံးတဲ့ သတင်းလည်း ဖတ်ရှုရပါတယ်။
ရွေးကောက်ပွဲ စာရင်းကောက်တာနဲ့ ပတ်သက်လို့ ပထမဆုံးအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုက တနင်္သာရီတိုင်း လောင်းလုံမြို့နယ်မှာဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေကို ကြည့်ရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာ မူဝါဒနဲ့ မြေပြင်မှာ ကျင့်သုံးဖို့အသေးစိတ် လမ်းညွှန်ချက်တွေ ၊ အဖွဲ့တွေ အမျိုးမျိုးရှိကြတဲ့ PDF အဖွဲ့တွေအတွက် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တူညီတဲ့ လမ်းညွှန်သဘောထားတွေ ထုတ်ပြန်ထားဖို့ လိုအပ်လိမ့်မယ် လို့ထင်ပါတယ်။
ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အချက်က အငြင်းပွားစရာမလိုလောက်အောင် ထင်ရှားပေမယ့် ရွေးကောက်ပွဲ မဖြစ်အောင် တားဆီးမယ်ဆိုတဲ့ ရပ်တည်ချက် မူဝါဒမှာ အသေးစိတ် ရှင်းလင်းရမယ့် အနေအထားရှိတယ်လို့ ထင်မြင်မိပါတယ်။ ဘယ်လို တားဆီးမလဲ၊ ရွေးကောက်ပွဲမှာ ပါဝင်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေကို စစ်ရေးအရ တိုက်ခိုက်မှာလား၊ ရွေးကောက်ပွဲ မဲစာရင်း ကောက်ယူတဲ့ လုပ်ငန်းစဥ်မှာ ပါဝင်သူတွေ အရပ်သားတွေကို ဘယ်လို သဘောထားမလဲ၊ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ အပေါ် သဘောထား ၊ သူတို့ကို ဖမ်းဆီးတာလိုမျိုး သတ်ဖြတ်တာလိုမျိုး လုပ်ဆောင်တာကို သဘောတူသလား ဆန့်ကျင်သလား စတဲ့ အချက်တွေက ဆွေးနွေး အသိပေးထားဖို့ အရေးတကြီး လိုအပ်လိမ့်မယ်လို့ ထင်မြင်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၄င်းတို့ ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပခွင့်မပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထိန်းချုပ်နယ်မြေ သတ်သတ်မှတ်မှတ်မရှိသေးတဲ့ NUG အနေနဲ့ မြို့တွေမှာ လှုပ်ရှားနေတဲ့ PDF အဖွဲ့တွေ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေ ကို စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အသေးစိတ် သဘောထားထုတ်ပြန်ချက်၊ လမ်းညွှန်ချက် တရပ်ပေါ်ထွက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။