မတ် ၂၈ ရက်ဟာ နိုင်ငံရေးပါတီတွေရဲ့ သမိုင်းမှတ်တိုင်တွင်တဲ့ နေ့
မြန်မာနွေဦး ခရိုနီကယ် - မတ် ၂၈ မြင်ကွင်း
(မိုးမခ) မတ် ၂၉၊ ၂၀၂၃
မတ် ၂၈ ရက်ဟာ နိုင်ငံရေးပါတီတွေရဲ့ သမိုင်းမှတ်တိုင်တွင်တဲ့ နေ့
၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ဟာ မြန်မာ့သမိုင်းမှာ မှတ်တိုင်တခုဖြစ်ခဲ့တဲ့နေ့ရက် တရက်ဖြစ်ခဲ့ပါတယ်။ ဖဆပလ အစိုးရက ဖမ်းတော့မယ်ဆိုတဲ့ အတွင်းသတင်းကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုတဲ့နေ့ ဖြစ်လို့ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းစစ် စတင်ဖြစ်ပွားတဲ့ မှတ်တိုင်နေ့ရက်တရက်လို့ သတ်မှတ်ကြတာ ဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ဘက်ကတော့ အဆိုပါနေ့ ကို ၄၈၂၈ လို့ အတိုကောက်ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာတော့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ဇန်နဝါရီလ ၂၆ ရက်မှာထုတ်ပြန်အပြီး ရက် ၆၀ အတွင်း မှတ်ပုံပြန်မတင်တဲ့နိုင်ငံရေးပါတီတွေ အလိုလို ဖျက်သိမ်းပြီးဖြစ်တယ်ဆိုတဲ့ စာပိုဒ်အရ ဒီနေ့မှာ နိုင်ငံရေးပါတီ ၄၀ ဟာ အလိုလိုဖျက်သိမ်းပြီး ကြေညာတဲ့နေ့ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီဟာလည်း အဆိုပါ နိုင်ငံရေးပါတီ ၄၀ ထဲ ပါဝင်နေတာ ဖြစ်ပါတယ်။ တတိယ အင်အားအကြီးဆုံးပါတီ သို့မဟုတ် ၂၀၂၀ ရွေးကောက်ပွဲမှာ အရေအတွက်အားဖြင့် တတိယ အများဆုံးရွေးချယ်ခံရတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လည်းပါဝင်တာ ဖြစ်ပါတယ်။
NLD ပါတီအနေနဲ့ အခုလို ကြေညာခံရမယ်ဆိုတာ မမျှော်လင့်ထားတာတော့မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ထွက်ပြီးနောက် ပါတီရဲ့ လက်ရှိရောက်ရှိနေတဲ့ အခြေအနေမှာ မူဝါဒ ချမှတ်တဲ့ နံပါတ် ၁ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ အခြေအနေအောက်မှာ ၄င်း ကိုယ်တိုင်က ဘာမှတ်ချက်မှ မပေးတဲ့အနေအထားမှာ ပါတီပြန်လည်မှတ်ပုံတင်ဖို့ မည်သူကမျှ ဆုံးဖြတ်ခြင်းမရှိပဲ ပြည်ပရောက်နေတဲ့ CRPH နဲ့ NLD ပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ဗဟိုကော်မတီဝင်တွေ ၄၀ ဦးက မှတ်ပုံမတင်၊ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုတဲ့အပြင် ဆန့်ကျင်တိုက်ဖျက်ကြဖို့ သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို ပါတီဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ရလဒ်က မှန်းဆထားပြီးရလဒ် ဖြစ်တယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီတုန်းကလည်း NLD အနေနဲ့ ပါတီအဖြစ်နဲ့ ရပ်တည်ခွင့်အတွက် မှတ်ပုံတင်မလား ၊၂၀၁၀ခုနှစ် ရွေးကောက်ပွဲ ဝင်မလား သို့မဟုတ် ဒီအတိုင်းပဲ ပါတီမဟုတ်ပဲနဲ့ ရပ်တည်မလားဆိုတဲ့ ရွေးချယ်စရာ အခြေအနေမျိုးကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ထိုစဥ်က ရွှေဂုံတိုင်ကြေညာစာတမ်းလည်း ထွက်ခဲ့တာ ဖြစ်ပါတယ်။ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး နိုင်ငံရေးပါတီ မသတ်မှတ်လည်း အဖွဲ့အစည်းတခုအနေနဲ့ ၂၀၁၂ အထိ ရပ်တည်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးနောက်မှာ အဲသည်အချိန်ကာလတွေအတွင်း မဖြူဖြူသင်း ဦးဆောင် လုပ်ကိုင်နေတဲ့ အိတ်ချ်အိုင်ဗီ စောင့်ရှောက်ကြည့်ရှုတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါတွေက ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်အကြား ဖြစ်ပျက်ခဲ့တဲ့ သာဓက တွေဖြစ်ပြီး အခုလက်ရှိအခြေအနေက အဲဒီတုန်းကအခြေအနေ မျိုးနဲ့ အများကြီးကွာခြားတဲ့ သဘောလည်း ဖြစ်ပါတယ်။ အခု ကာလအနေအထားက အာဏာသိမ်းစစ်တပ်အနေနဲ့ ၄င်းရဲ့ အာဏာအတွက် ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့အချိန်ကာလဖြစ်ပြီး ၂၀၁၀နဲ့ ၂၀၁၂ ခုနှစ်အကြားကာလနဲ့ လုံးဝခြားနားတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ခြင်း၊ မပယ်ဖျက်ခြင်းကို ခေတ္တဘေးဖယ်ထားပြီး NLD ပါတီအနေနဲ့ စဥ်းစားရွေးချယ်ရမယ့် နိုင်ငံရေး လမ်းကြောင်း တွေ ရှိနေတာလည်း ဖြစ်ပါတယ်။ NLD အနေနဲ့ အခုလိုအချိန်မှာ ပြည်တွင်း မြေပေါ် အခြေစိုက်တဲ့ ပါတီအနေနဲ့ ဆက်လက် ရပ်တည်ဖို့ လိုအပ်သလား ၊ သို့မဟုတ် NLD ဆိုတဲ့နာမည်ကို ပြည်ပ (သို့မဟုတ်) လွတ်မြောက်နယ်မြေမှာ အပြီးတိုင်သယ်ဆောင်သွားမလား ဆိုတာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဦးဆောင်မှုကို ပြည်ပကနေ (သည်စကားလုံး မသုံးချင်ရင်လဲ လွတ်မြောက်နယ်မြေ) ကနေ ခေါင်းဆောင်မှု ပေးတော့မလား သို့တည်းမဟုတ် ပြည်တွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေ လွတ်လာတဲ့အထိ ပါတီကို အချို့သောတိရိစ္ဆာန်တွေ hibernate (တဆောင်းလုံးဂူအောင်းပြီးအိပ်စက်) လုပ်တဲ့အနေအထားမျိုးနဲ့ ဘာမှ ကြီးကြီးမားမား လုပ်ဆောင်မှုမရှိပဲ ငြိမ်နေမလားဆိုတာ ဖြစ်ပါတယ်။
ဒီမေးခွန်းက စစ်ကောင်စီခန့်အပ်ထားတဲ့ UEC ရဲ့ ကြေညာချက် အကျိုးသက်ရောက်မှုထက်ပိုပြီး အရေးပါတဲ့ မေးခွန်း ရွေးခြယ်မှု တခုလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar