Breaking News

ကိုသန်းလွင် ● မီဒီယာများကို ပိတ်ပင်ခြင်း

ကိုသန်းလွင် ● မီဒီယာများကို ပိတ်ပင်ခြင်း
(မိုးမခ) မေ ၁၃၊ ၂၀၁၉

(၁)
လွန်ခဲ့သော တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲပြီးသည့်နောက် သီရိလင်္ကာအစိုးရက အမေရိကန်ဆိုရှယ်မီဒီယာများဖြစ်ကြသော ဖေ့စ်ဘွတ် (Facebook) နှင့် ဂူးဂဲလ်၏ ယူကျူ့ (You Tube) ကို ခေတ္တခဏပိတ်လိုက်သည်ဟုဆိုသောအခါ ကျွန်တော့်တွင် ပထမဆုံးပေါ်လာသောအတွေးမှာ “ကောင်းတာပေါ့” ဟူ၍ဖြစ်ပါသည်။

အပြစ်မဲ့သူများ၏ အသက်ပေါင်းများစွာကို ကယ်တင်ရန်ကြိုးစားခြင်းဖြစ်သဖြင့် ကောင်းပါသည်။ ဤကုမ္ပဏီကြီး များမှာမိမိတို့ တီထွင်ထားသော အရာ (Product) များ၏အကျိုးဆက်ကို မထိန်းသိမ်းနိုင်သောကြောင့် ပိတ်ပစ်သည်ကကောင်းပါသည်။ ထိုနက်ဝပ်များကို လွှမ်းမိုးနေသော ဒီဂျစ်တယ် (Data) အဟောင်းအနွမ်းများနှင့် မမှန်မကန်သတင်းများကြောင့် ဤသို့သော သတင်းများဆက်မလာရအောင် ပိတ်ပစ်သည်မှာ သင့်လျော်ပါသည်။ တနင်္ဂနွေနေ့နံနက်ကဆိုလျှင် မမှန်ကန်သော သတင်းများမှာများစွာပြန့်နှံ့လျှက်ရှိပြီး သီရိလင်္ကာအစိုးရက အကြမ်းဖက်မှုများ ပိုမိုဆိုးရွားပြီး ပြန့်နှံ့သွားမှာကို စိုးရိမ်ခဲ့ရပါသည်။

(၂)
သတင်းများပြန့်ပွားလေလေ ကျွန်တော်တို့တွင် သည်းခံနိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ယုံကြည်မှုတို့ ပိုမိုခိုင်မာလာသည်ဟု ယူဆသူ တယောက်အနေဖြင့် ယခုလိုပိတ်ပြစ်ခြင်းကြောင့် များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ကမ္ဘာကြီးပေါ်တွင် လူအများ အပြား အကြား၌ သတင်းများကို လွတ်လွတ်လပ်လပ် ဖြန့်ချိခြင်း စမ်းသပ်မှုမှာ အောင်မြင်မှုမရှိကြောင်း ဝမ်းနည်းဖွယ်ရာတွေ့ရှိရ ပါသည်။ ထို့ကြောင့်တာရှည်ကောင်းကျိုးကို ရည်မျှော်လျက် ဖေ့စဘွတ်၊ ယူကျု့တို့ကို ပိတ်ပစ်ပါဟု တောင်းဆိုရမလို ဖြစ် နေပါသည်။

ထိုသို့တောင်းဆိုမူမှာ မဖြစ်နိုင်သော တောင်းဆိုမှုသာဖြစ်ကြောင်း သိသာလှပါသည်။ အဘယ်ကြောင့်ဆိုသော် မီဒီယာများကိုပိတ်ပြစ်ခြင်းဆိုသည်မှာပြဿနာ၏ မူလသဘာဝအရင်းအမြစ်ကို ဖြေရှင်းခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ခုတ်ရာ တလွှဲ၊ ရှရာတခြား ဖြစ်နေသည်။ မီဒီယာတို့၏လုပ်ရပ်ကြောင့် လူ့သဘာဝကြီးမှာ လူသားမဆန်တော့ကြောင်းမှာ သေချာ ပါသည်။ ထိုမီဒီယာဆားဗစ်ကို တည်ဆောက်ကြသူများအနေဖြင့် သူတို့တီထွင်ထားသောကိရိယာများကို ကိုင်တွယ်အသုံး ပြုပါကမည်သို့သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လိမ့်မည်ဆိုသည်ကို ကြိုတင်တွေးတောနိုင်ခြင်းမရှိကြောင်းမှာ ထင် ရှားလှပါသည်။

ထို့ကြောင့် ဒီဂျစ်တယ်ပစ္စည်းထုတ်လုပ်သူများသည် ဒီဂျစ်တယ် “လက်နက်ရောင်းဝယ်သူ” များဖြစ်လာကြပြီး သူတို့ပစ္စည်းကို လက်နက်သဖွယ် အသုံးပြုကြသူများဖြစ်ကြပါသည်။ သူတို့သည် လူထုအတွင်း မကျေနပ်မှုများကို လက်နက်သဖွယ်ကိုင် တွယ် အသုံးပြုနိုင်သူများဖြစ်ကြပါသည်။

ထို့ကြောင့် စိတ်ကောင်းမရှိသူများက ထိုပစ္စည်း (Platform) ကို သူတို့ လိုသလိုဆက်လက် အသုံးပြုနေကြပါသည်။ အဖြေ ဟူ၍ ရေရေရာ မရှိခြင်းကို အကြောင်းပြု၍ ဤစနစ်တခုလုံးမှာလည်း ဤသို့ ဤပုံ အလုပ်လုပ်ရန် တည်ဆောက်ထားသဖြင့် ထိုအတိုင်းပင် ဆက်လက်အသုံးပြုနေကြပါသည်။

ထို့ကြောင့် ယနေ့ရောက်ရှိနေသော ကျွန်တော်တို့အခြေအနေမှာ ဘာမှ အံ့သြစရာ မရှိပါ။ သီရိလင်္ကာ အစိုးရအနေဖြင့်လည်း အကြမ်းဖက်မူများ ပိုမိုဆိုးရွားလာမှာကို အကြောင်းပြု၍ ပိတ်မြဲပိတ်ထားမည်။ ထိုနိုင်ငံနှင့် ပတ်သက်၍ ဖေ့ဘွတ် ယူကျူနှင့် ဗိုက်ဗာတို့မှသတင်းများကို ဖြန့်ဝေသူတို့ကလည်း သူတို့လုပ်မြဲပုံစံအတိုင်း ဆက်လုပ်နေကြဦးမည်သာဖြစ်သည်။

ဖေ့စ်ဘွတ်ကပြောသည်မှာ သူတို့ဆားဗစ်သည် မိမိကို ချစ်သူ၊ ခင်သူများနှင့် အဆက်အသွယ်ပြုလုပ်ရန်တီထွင်ထားခြင်း ဖြစ်သဖြင့် ဤအတိုင်းပင် ဆက်လက်ရပ်တည်ပြီး ဤနက်ဝပ်အတွင်းမှာ မလိုလားအပ်သောအကြောင်းအရာများကို သီရိ လင်္ကာ အစိုးရပိုင်းမှ တာဝန်ရှိသူများနှင့် ဆက်သွယ်၍ ဖယ်ရှားသွားရမည် ဖြစ်ကြောင်းပြောသည်။
တချိန်က သီရိလင်္ကာတွင် ဒီမိုကရေစီစနစ် ထွန်းကားဖြန့်ပွားရေးအတွက် ဆိုရှယ်မီဒီယာ အင်အားကို အသုံးပြုခဲ့ရာမှ ယခု အခါ ဘာသာရေးနှင့် အမုန်းတရားဖြန့်ဝေမှုအတွက် အပြစ်တင်စရာဖြစ် နေပြီဖြစ်သည်။ ဖေ့စ်ဘွတ်မှာ လွန်ခဲ့သောနှစ်များ အတွင်းက မွတ်စလင်မုန်းတီးရေးဝါဒကို ပြန့်ပွားစေသောအသုံးအနှုန်းများဖြင့် ပြည့်နှက်နေသည်ဆိုခါ ခေတ္တခဏမျှပိတ်ပင် ထားမူများ ရှိခဲ့သည်။

ဤကဲ့သို့ပိတ်ပြစ်သည်အထိ လုပ်ဆောင်ခဲ့ခြင်းမှာ တမ္ဘာလုံးဆိုင်ရာ (Trend)  ဦးတည်ချက်ကို ပြသလိုက်ခြင်းဖြစ်ပြီး အစိုးရ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုမရှိအောင် ရှောင်ရှားကြရမည်ဟု တိုင်းသတင်းစာက ရေးသားလိုက်သည်။

လွန်ခဲ့သည့်လက ဖြစ်ပွားခဲ့သော နယူးဇီလန်တွင်  သေနတ်သမားကပစ်ခတ်မှုမှာလည်း ဆိုရှယ်မီဒီယာများက ထုတ်လွှင့်ခဲ့ သော သတင်းများဝါဒဖြန့်စကားများ၏ ရလဒ်ပင်ဖြစ်သည်။ သို့သော် လူသတ်မှုကို ကျူးလွန်သူမှာ သေနတ်သမားသာဖြစ်ပြီး မီဒီယာများ မဟုတ်ချေ။ သို့သော်မီဒီယာများက လှုံဆော်ရေးသားဝါဒဖြန့်မှုများကြောင့် ဤသို့ဖြစ်ပွားခဲ့ရသည် မှာထင်ရှားနေ သည်။

ဤကိစ္စတွင် နယူးဇီလန် အစိုးရက မီဒီယာများကို ပိတ်ပင်ခြင်းမရှိခဲ့ပါ။ သို့ရာတွင် မီဒီယာများအပေါ် တာဝန်ရှိကြောင်း သိသိ သာသာကြီး အပြစ်ဖို့ခဲ့ပါသည်။ ဤဖြစ်ရပ်ဖြစ်ပွားစက  မီဒီယာတွင် သေနတ်ပစ်ခတ်မူအကြောင်း ချက်ခြင်းပါလာခဲ့ပြီး ထိန်းမနိုင်သိမ်းမရဖြစ်သွားခဲ့ရသည်။

နယူးဇီလန်အစိုးရက မီဒီယာများကို ဝန်ကြီးချုပ် အာဒင် (Jacinda Ardern) ၏ဦးဆောင်မှုဖြင့် ရုတ်တရက် စိတ်လှုပ်ရှား ဖွယ်မြင်ကွင်းများပေါ်လာခြင်းကို မတားဆီးနိုင်ခြင်းအတွက် အရေးယူရန် စီစဉ်နေသည်။ သြစတြေလျအစိုးရကမူ ဧပြီလ စောစောပိုင်းကဤကဲ့သို့ ရုတ်တရက်ဖြစ်သွားသော အကြမ်းဖက်မူများကို မီဒီယာတွင် မပြန့်ပွားရေးအတွက် ဥပဒေကို ပြ ဌာန်းပြီးဖြစ်သည်။ အမေရိကန်တွင်မူ ဤကိစ္စသည်ပြစ်မှု မြောက်မမြောက်ကို အချေအတင်ဆွေးနွေးနေကြတုန်းဖြစ်သည်။

လုပ်နည်းလုပ်ဟန်နှင့် အသွင်အပြင်ကွဲပြားသော်လည်း တကယ်အကျိုးသက်ရောက်မှုမှာအတူတူပင် ဖြစ်သည်။ မီဒီယာများ က မိမိတို့လူ့အဖွဲ့အစည်းတွင်ရှိနေသော မိမိကိုယ်ကိုထိမ်းသိမ်းကာကွယ်ထားသော အကာအကွယ်များ ကိုဖျက်ဆီးပစ် လိုက်ပြီဖြစ်သည်။ လူတိုင်း စကားပြောပိုင်ခွင့်ကို မီဒီယာများက ဖန်တီးသည်။ ထိုစကားများတွင် မှားယွင်းသော၊ စိတ်ကောင်း မရှိသောစကားများပါဝင်ကြရာ ကုမ္ပဏီများမှာ ၎င်းတို့ကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြရဆဲဖြစ်သည်။

အင်တာနက်ပေါ်စက ထိုသို့သော အတားအဆီးများကို ဖယ်ရှားရန် ဆွေးနွေးခဲ့ကြဘူးသည်။ ယခု အခါထို အတားအဆီးများ မှာမရှိကြတော့ပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ထိုအတားအဆီးများမရှိ ခြင်းကြောင့် ဖြစ်ပေါ်လာသောပြဿနာများကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြရမည်ကို ဆွေးနွေးကြရန်လိုပါသည်။ ပိုမိုများပြားသော မော်ဒရေတာ (Moderator) များကို စောင့်ကြည့်စေခြင်း၊ ဆောဖဝဲယား ဖြင့်ထိမ်းပေးခြင်း၊ ပိုမိုကောင်းမွန်သော (Algorithm) များပြုလုပ်ကြရပါမည်။

(၃)
မီဒီယာများကို ပိတ်ပြစ်ခြင်းသည်အဖြေမဟုတ်ပါ။ နယူးဇီလန်နှင့် သီရိလင်္ကာတို့တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ် များကသက်သေခံ လျက်ရှိပါသည်။ ပြဿနာတခုပေါ်လာချိန်တွင် မီဒီယာများကိုပိတ်ပစ်ရန် အချိန်သည် နောက်ကျသွားခဲ့ပါပြီ။

ကိုသန်းလွင်
Ref: Sri Lanka Shut Down Social Media by Kara Swisher , New York Times April 24, 2019.