Breaking News

ကိုသန်းလွင် ● အဘူဒါဘီမင်းသား

ကိုသန်းလွင် ● အဘူဒါဘီမင်းသား
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၉

(၁)
၁၉၉၁ ခုနှစ်က အသက် ၂၉ နှစ်ရှိပြီဖြစ်သော အာရပ်စော်ဘွားများနိုင်ငံ (United Arab Emirate) ၏ မင်းသား မိုဟာမက် ဇာရက် (MBZ Mohammed Bin Zayed) သည် ဝါရှင်တန်သို့ လက်နက်များဝယ်ရန်ရောက်ရှိလာပါသည်။ ၁၉၉၁ ခုနှစ်က ကူဝိတ်ကို အီရတ်နိုင်ငံမှ ကျူးကျော်ဝင်ရောက်ပြီးခါစက ဤမျှ များပြားသောလက်နက်များဝယ်ခြင်းကို သူ့နိုင်ငံကို ကာကွယ်ရန်ဟု သဘောပေါက်ခဲ့ကြပါသည်။ Hellfire မစ်ဆိုင်း၊ အပါးချီ ဟယ်လီကော်ပတာ ၃၂ စီး၊ F-16 ဂျက်အစင်း ၈၀၊ Mirage ဂျက် ၆၂ စီး ဝယ်ယူမည်ဆိုသောကြောင့် အမေရိကန်ကွန်ဂရက်လွှတ်တော်က ဒေသတွင်း တည်ငြိမ်ရေးအတွက် စိုးရိမ်ခဲ့ကြပါသည်။

(၂)
သို့သော် အမရိကန်ကာကွယ်ရေးဌာန ပင်တာဂွန်အနေဖြင့် အာရပ်ပင်လယ်ကွေ့တွင် မိတ်ဆွေရှာနေချိန်နှင့် တိုက်ဆိုင်နေ သောကြောင့် ငယ်ရွယ်သောမင်းသားကို ပါတနာအဖြစ် တွေ့မြင်ကြပါသည်။ အာရပ်စော်ဘွားများနိုင်ငံကို ထူထောင်သူ စာမတတ်သူ Bedouin ၏သားငယ်သည် အရာရာကိုသေချာလုပ်ကိုင်တတ်ပြီး ဗြိတိန်နိုင်ငံ ဆန်းဟတ် (Sanhust) စစ်တက္က သိုလ်ဆင်း၊ ဟယ်လီကော်ပတာပိုင်းလော့သည် သူ့ဖခင်ကို ထိုစဉ်က ကူဝိတ်စစ်ပွဲအတွက် အမေရိကန်တို့ကို ဒေါ်လာလေး ဘီလီယံမျှ ပေးလှူရန်တိုက်တွန်းခဲ့ပါသည်။

အမေရိကန်အမျိုးသားလုံခြုံရေးအရာရှိဖြစ်ခဲ့သူ ကလပ် (Richard Ciark) ကလည်း မင်းသားသည် ဘယ်တော့မှ ဖိနှိပ်သူ မဟုတ်ပါဟု ကွန်ဂရက်ကို ပြောကြားခဲ့ပါသည်။

နောက်နှစ်ပေါင်း သုံးဆယ်ကြာသည့်အခါ ယခုအချိန်တွင် အာရပ်စော်ဘွားများနိုင်ငံ၏ အိမ်ရှေ့မင်းသားသည် အာရပ် ကမ္ဘာတွင် အင်အားအကြီးဆုံးခေါင်းဆောင်ကြီး ဖြစ်လာခဲ့ပါသည်။ ဝါရှန်တန်တွင် နိုင်ငံခြားသားထဲမှ သြဇာကြီးမားသော အသံတစ်သံဖြစ်လာခဲ့ပါသည်။ ဝါရှန်တန်ကို စစ်လိုသောနိုင်ငံအဖြစ် မိမိအင်အားကိုအသုံးချရန် တိုက်တွန်းသူ တစ်ဦးဖြစ်လာ ပါသည်။

ဆော်ဒီအိမ်ရှေ့မင်းသား အမ်ဘီအက်စ် (MBS) မိုဟာမက် ဘင်ဆော်လမွန်ကို လူသိများကြသော်လည်း MBZ အဘူဒါဘီမှ မင်းသားကို အာရပ်ဒေသမှလွဲ၍လူသိမများလှပါ။ မင်းသားမိုဟာမက်ကို အမေရိကန်ပြည်သူတို့က မသိပါ။ သူ့နိုင်ငံသည် အမေရိကန်တွင် အငယ်ဆုံးပြည်နယ် ဖြစ်သည့် (Rhode Island) ထက်ပင်လူဦးရေ နည်းပါးသေးသည်။ သို့သော် သူကတော့ ကမ္ဘာပေါ်တွင် အချမ်းသာအကြွယ်ဝဆုံးသူတစ်ဦးဖြစ်ပါသည်။ သူက ထိန်းချုပ်ထားသော ငွေပမာဏမှ ၁ ဒဿမ ၃ ထရီလီ ယံ မျှရှိပါသည်။

ဆယ်စုနှစ်ပေါင်းများစွာ မင်းသားသည် အမေရိကန်တို့၏ မဟာမိတ်ဖြစ်ခဲ့ပါသည်။ ယခုအခါ သူ့ဘာသာ လမ်းတီထွင်ပြီး သွားနေပါသည်။ သူ၏အရံတပ်သားများသည် ယီမင်နိုင်ငံ၊ လမ်းဗျား၊ ဆိုမာလီနှင့် အီဂျစ်ပြည်၏ မြောက်ဘက် ဆိုင်းနိုင်းဒေသ တွင်ရှိကြပါသည်။ ဒီမိုကရေစီ စနစ်သို့ပြောင်းလဲလိုကြသောနိုင်ငံများအတွက်တော့ ရန်သူတစ်ဦးဖြစ်ပါသည်။ အီဂျစ်ပြည်တွင် အာဏာရှင်စနစ်နှင့် ဆော်ဒီအာရေးဗီးယားတွင် အုပ်ချုပ်သူများဘက် မှဘက်လိုက်ဆောင်ရွက်ခဲ့ပါသည်။

အကြိမ်ပေါင်းများစွာ အမေရိကန်ပေါ်လစီကိုဆန့်ကျင်ပြီး အိမ်နီးချင်းနိုင်ငံများကို မတည်မငြိမ်ဖြစ်အောင်ဆောင်  ရွက်ခဲ့ပါ သည်။ လူ့အခွင့်အရေး လှုံဆော်သူများကအတိုက်အခံများကို ထောင်ချခြင်း၊ ယီမင်စစ်ပွဲတွင် ဆော်ဒီအာရေးဗီးယားကို ထောက်ခံခြင်း၊ ဂျာနယ်လစ် ခါရှောက်ဂျီ (Jamal Khoshaggi) ကို သတ်ဖြတ်ခြင်းအပေါ် ရေငုံနုတ်ပိတ်နေခြင်းကို နားမလည် နိုင်ဖြစ်ကြရပါသည်။ မစ္စတာထရမ့်၏ လက်ထက်တွင် ဝါရှန်တန်နှင့် ပိုမိုရင်းနှီးလာပြီးသူ့သြဇာမှာ ပိုမိုထက်မြက်လာသည်။ ထရမ့်မှာ မင်းသားဖြစ်စေလိုသည့်အတိုင်း ကာတာ၊ လစ်ဗျားနှင့် ဆော်ဒီအာရေးဗီးယားရေးအပေါ် ရှုမြင်လေ့ရှိသည်။ တခါ တရံ သူ၏ကက်ဘိနက်ဝန်ကြီးများနှင့် အယူအဆ ကွဲလွဲလေ့ရှိသည်။
အနောက်တိုင်း သံတမန်များက မင်းသားတွင် ရန်သူနှစ်ဦးရှိကြောင်း။ ၎င်းတို့မှာ အီရန်နှင့် မွတ်စလင် ဘရားသားဟုဒ် (Muslim brotherhood) တို့ဖြစ်ကြောင်း။ မစ္စတာထရမ့်မှာ ထိုနှစ်ဦးလုံးနှင့် မတည့်ကြောင်း ယခင်အပတ်များက သမ္မတ သည် ကွန်ကရက်က ကန့်ကွက်နေသည့်ကြားမှ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများနိုင်ငံတို့သို့ လက်နက်များ ရောင်းချရန်ကြိုးစားခဲ့သည်။

အများသောအားဖြင့် အာရပ်နိုင်ငံများ၏ ခေါင်းဆောင်များသည် ဗိုက်ရွဲရွဲ၊ စကားကို ရေပက်မဝင်ပြောနိုင်သူ များဖြစ်ပြီး ဧည့်သည်ကိုစောင့်ခိုင်းထားတတ်ပါသည်။ မင်းသားမိုဟာမက် ကတော့သည်လိုမဟုတ်ပါ။

ဗြီတိသျှစစ်ကျောင်းကို အသက် ၁၈ နှစ်အရွယ်တွင် အောင်မြင်ခဲ့ပြီး အခုအချိန်ထိ ကျန်းမာပြီး ပိန်ပိန်ပါးပါး ကျန်းမာရေး လိုက်စားသူ ဖြစ်ပါသည်။ ဧည့်သည်များနှင့် အားကစားလေ့ကျင့်သည့် ပစ္စည်းများအကြောင်း ပြောတတ်ပြီး အစည်းအဝေးသို့ အချိန်မှန်မှန်လာရောက်လေ့ရှိသူ ဖြစ်ပါသည်။ အမေရိကန်အရာရှိများက သူ့ကိုသိကြသည်။ သိချင်တတ်ချင်သည်။ ရိုသေ သမှုရှိသည်ဟု ဝေဖန်လေ့ရှိပါသည်။ သူ့ကော်ဖီကို သူ့သာဘာငှဲ့တတ်ပြီး အမေရိကန်တို့၏ ဓလေ့ကို ချစ်မြတ်နိုးစွာ သူ့က လေးများကို “ဒစ်စနေ၏ ကမ္ဘာ” သို့လည်ပတ်လေ့ရှိသည်ဟု သိရပါသည်။

အဘူတာဘီမို့ကို လူလုပ်သည့်ကျွန်းများဖြင့် ဝန်းရံထားပြီး Wall Street ကဲ့သို့စီးပွားရေးမြို့တော်ကြီးကို တည်ဆောက်နေပါ သည်။ ထို့အပြင် နယူးရောက်တက္ကသိုလ်ကဲ့သို့တက္ကသိုလ်ကြီးတစ်ခုကိုတည်ဆောက်နေပြီး ပြင်သစ်ပြည်မှ လုဗ် (Louvre) ကဲ့သို့ပြတိုက်ကြီးတခုလည်း တည်ဆောက်လျက်ရှိပါသည်။

အမေရိကန်တို့နှင့်တွေ့တိုင်း သူကရှင်းပြသည်မှာ သူ့တိုင်းပြည်သည် အာရပ်နိုင်ငံများကြားတွင် လစ်ဘရယ်အကျဆုံးနိုင်ငံ ဖြစ်ကြောင်း၊ မိန်းမများမှာ အိမ်နီးခြင်းနိုင်ငံများထက် ပိုမိုလွတ်လပ်ကြကြောင်းပြောလေ့ရှိသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် မတူညီသောအချက်မှာ သူ့နိုင်ငံတွင် ခရစ်စယာန်ဘုရားရှိခိုးကျောင်းများ၊ ဟိန္ဒူ ဆစ်ခ် တို့၏ ဘုရားကျောင်းများကို ခွင့်ပြုထားကြောင်း၊ အထူးသဖြင့် သူ့နိုင်ငံတွင်ရှိကြသော နိုင်ငံရေးရပ်ခြားမှ ရောက်လာကြသည့် အလုပ်သမားများအတွက်ဖြစ်ကြောင်း ပြောပြလေ့ရှိပါသည်။ နိုင်ငံတစ်ခုလုံးတွင် လူဦးရေ ၉ သန်းကျော်ရှိရာ သူ့နိုင်ငံသားမှာ လူဦးရေ ၁ သန်းပင်မပြည့်ကြောင်း တခြားလူများမှာ နိုင်ငံခြားသားအလုပ်သမားများဖြစ်ကြပါသည်။

ယမန်နှစ်က သည်းခံနိုင်ရေးဝန်ကြီးဌာန (Ministry Of Tolerance) ကို သည်းခံစိတ်ဓာတ်ထားရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ ကြောင်း၊ ၂၀၁၉ခုနှစ် ကို “သည်းခံကြရန်နှစ်” ဟူ၍သတ်မှတ်ထားသည်။

အဘူဒါဘီမှာ တကမ္ဘာလုံး၏ရေနံ (Reserve) ၏ ခြောက်ပုံတစ်ပုံခန့်ရှိသည်။ ထို့ကြောင့် ပတ်ဝန်းကျင်နိုင်ငံများအတွက် မျက်စိကျစရာနိုင်ငံဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီအဖြစ်မှ လွတ်မြောက်ခဲ့ချိန်တွင် အီရန် ရှားဘုရင်က ရေနံ ထွက်သည့် ကျွန်းသုံးကျွန်းကို သိမ်းယူသွားခဲ့သည်။

မွတ်စလင်ညီအစ်ကိုများအဖွဲ့ (Muslim Brotherhood) မှာ အီဂျစ်ပြည်တွင် စတင်ဖွဲ့စည်းခဲ့သည်။ နှစ်ကိုးဆယ် ကျော်ကြာပြီဖြစ်သည့်အာရပ်နိုင်ငံအများအပြားတွင် ထင်ပေါ်ခဲ့သည့် အဖွဲ့အစည်းတခုဖြစ်သည်။ သူ့ဖခင်က ထိုအဖွဲ့ဝင်တစ်ယောက်ကို သူ့ကျူတာအဖြစ်ခန့်အပ်ခဲ့သည်။ သူ့ကို ဘရာသားဟုဒ်စိတ်ဓာတ် ရိုက်သွင်းရန်ကြိုးစားခဲ့သည်။

သူသည် အာရပ်တစ်ယောက် မွတ်စလင်တစ်ယောက်ဖြစ်သည့်အားလျော်စွာဆုတောင်း (Pray) လေ့ရှိသည်။ လူထုကြားဝယ် အစ္စလန်အတွေးအခေါ်ကသာ စိုးမိုးနေသည်။ ၈၀ရာခိုင်နှုန်းမျှသော စစ်သားများက အစ္စလန်အ ယူဝါဒကို စွဲမြဲစွာကိုးကွယ်သူများဖြစ်ကြသည်။ ထိုအကြောင်းများကြောင့် အာရပ်နိုင်ငံများသည်  ဒီမိုကရေစီ မထွန်းကားနိုင်ဘဲ မဲရွေးလိုက်တိုင်း အစ္စ လန်ဝါဒကသာ မဲအများဆုံး ရနိုင်သည်ဟု ဆိုသည်။

(၃)
၂၀၁၆ ဒီဇင်ဘာလက သူသည် အိုဗားမားနှင့် ညစာစားရန်ဖိတ်ခေါ်ထားခြင်းကို အပျက်ခံကာ ထရမ့် ၏သားမက် ကူရှာနားနှင့် (Jared Kushner) ထမင်းစားရန်သွားခဲ့ဖူးသည်။ ထရမ့်အဖွဲ့နှင့် ရုရှားပြည်တို့အကြား စကားအဆက်အသွယ်ရအောင် လုပ် ပေးဘူးသည်။ ထိုအကြောင်းများကြောင့် မင်းသားအောက်တွင် အလုပ်လုပ်နေသူ ၅ ဦး ထက်မနည်း ရာဇဝတ်မှု မကင်းသော ပြစ်မှုများနှင့် Special Counsel မူလာမှ (Mr Robert Mueller) ကခေါ်ယူ မေးမြန်းခံရသည်။ ထိုအကြောင်းများကြောင့် နှစ် ၃၀ ခန့် အမေရိကားသို့ မှန်မှန်ကြီးလာသူ မင်းသားသည် အမေရိကားကို မပေါ်လာတော့သည်မှာ ၂ နှစ်ခန့်ရှိပါပြီ။

ကိုသန်းလွင်
Ref: What to know about Prince Mohammed bin Zayed, New York Times 2 June 2019