Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၁) အပိုင်း (၉)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၁) အပိုင်း (၉)
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၉

● မိုင်းဆတ်မြို့နယ်
မိုင်းဆတ်ခရိုင်အတွင်း၌ မိုင်းဆတ်နှင့်မိုင်းတုံမြို့နယ် ၂ ခုရှိပါသည်။ မိုင်းဆတ်မြို့နယ်အား ပြည်ထဲရေးဝန်ကြီးဌာန၏ ၄/၈/ ၁၉၇၂ ရက်စွဲပါ အမိန့် စာဖြင့်ဖွဲ့စည်းခဲ့ပြီး မိုင်းခုတ်မြို့နယ်ခွဲအား ပြည်ထဲရေးဝန်ကြီးဌာန၏ ၉/၈/၂၀၀၂ ရက်စွဲပါ အမိန့်စာဖြင့် ဖွဲ့စည်းခဲ့သည်။ ယခုအခါ မိုင်းခုတ်မြို့နယ်ခွဲအား မိုင်းခုတ်မြို့အဖြစ် ပြောင်းလဲဖွဲ့စည်းထားရှိသည်။

မိုင်းဆတ်မြို့နယ်သည် အရှေ့အနောက် ၄၅ မိုင်၊ တောင်မြောက် ၆၅ မိုင် ရှိပြီး ၁၉၁၀. ၆၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဖက်တွင် တာချီလိတ်မြို့နယ်၊ တောင်ဖက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဖက်တွင် မိုင်းတုံမြို့နယ်၊ မြောက်ဖက်တွင် ကျိုင်းတုံမြို့နယ်တို့နှင့် နယ်နမိတ်ထိစပ်၍နေပါသည်။ မြင့်မားသောတောင်ကုန်းတောင်တန်းများပေါများပြီး မိုင်းဆတ်၊ မိုင်း ခုတ်၊ မိုင်းတွမ်းတို့တွင်သာ မြေပြန့်လွင်ပြင်များရှိပါသည်။ မြို့နယ်အတွင်း အဓိကစီးဆင်းနေသောချောင်းများမှာ နမ့်ဆင် ချောင်း၊ နမ့်ခုတ်ချောင်း၊ နမ့်ဆွမ်းချောင်းတို့ဖြစ်သည်။ နမ့်ခုတ်ချောင်းသည် အရှေ့မြောက်အရပ်မှတောင်ဖက်သို့စီးဆင်းပြီး ထိုင်းနိုင်ငံတွင်းသို့ စီးဝင်သည်။ မယ်ဆွမ်ချောင်းမှာ အနောက်ဖက်မှစတင်စီးဆင်းပြီး နမ့်ခုတ်ချောင်းတွင်းစီးဝင်သည်။ မယ် ပန်ချောင်းမှာ အရှေ့မြောက်မှစတင်စီးဆင်း၍ နမ့်ခုတ်ချောင်းတွင်းသို့ပင် စီးဝင်သည်။ နမ့်ဆင်ချောင်းမှာ မိုင်းဆတ်နှင့်မိုင်း ပျဉ်းမြို့နယ်တို့အား ပိုင်းခြားပေးထားသည်။ တောတောင်လျှိုမြောင်များအား ဖြတ်သန်းစီးဆင်းရ၍ ထိုချောင်းများသည် မိုး ရာသီတွင် ရေစီးသန်ပြီး နွေရာသီတွင် ရေနည်းပါးပြီး ရေတံခွန်များရှိသည်။

၂၀၁၇ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ မိုးရွာရက် ၇၀ ရှိပြီး မိုးရေချိန် ၄၀.၄၇ လက်မရှိသည်။ နွေရာသီ အမြင့်ဆုံးအပူချိန် ၃၀.၉ ဒီဂရီစင်တီဂရိတ်ရှိပြီး ဆောင်းရာသီ အနိမ့်ဆုံးအပူချိန် ၁၇.၄ ဒီဂရီစင်တီဂရိတ်ရှိသည်။

မိုင်းဆတ်မြို့နယ်အတွင်း သစ်တောဖုံးလွှမ်းမှု ၅၈% ရှိသည်။ ထင်ရှားသောတောင်တို့မှာ လွယ်မန်တောင်၊ လွယ်ဆမ် ဆုံတောင်၊ လွယ်ခမ်းတောင်၊ လွယ်ကျန့်တောင်တို့ဖြစ်သည်။ ထိုတောတောင်များတွင် ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း၊ ထောက်ကြံ့၊ မျောက်ချော၊ ရုန်း၊ စကားဝါ၊ ယင်းတိုက်၊ ယင်းမာ၊ ဒီဒူး၊ လက်ပံနှင့် ဝါးပင်များ ပေါက်ရောက်ကြသည်။ ထိုတော တောင်များတွင် ဝက်ဝံ၊ တောဝက်၊ ဂျီ၊ ဆတ်၊ မျောက်၊ တောကြက်၊ တောခွေး၊ တောင်လိပ်၊ မြွေ၊ သင်းခွေချပ်၊ တောင်ဆိတ်နှင့် ငှက်အမျိုးမျိုးစသည့် သားရဲတိရိစ္ဆာန်များ ကျက်စားပါသည်။

မိုင်းဆတ်မြို့ နယ်တွင်း နေထိုင်ကြသော အဓိကတိုင်းရင်းသားလူမျိုးများမှာ
၁။ ဝ - ၃၉၀၆၉ ဦး
၂။ လားဟူ - ၂၂၆၆၇ ဦး
၃။ ရှမ်း - ၁၁၇၂၆ ဦး
၄။ အာခါ - ၄၁၄၉ ဦး
၅။ ဗမာ - ၄၅၆၈ ဦးတို့ အဓိကအများစုဖြစ်ပြီး အခြားတိုင်းရင်းသားများလည်း နေထိုင်ကြပါသည်။ မြို့နယ်လူဦးရေစုစုပေါင်းမှာ ၈၅၅၇၁ ဦး ဖြစ်ပါသည်။

မိုင်းဆတ်မြို့ပေါ် ရပ်ကွက် ၃ ခု၊ ကျေ းရွာအုပ်စု ၂၀၊ ကျေးရွာ ၁၅၃ ရွာတွင် အိမ်ခြေ ၁၁၅၇၆ အိမ်၊ အိမ်ထောင်စု ၁၁၇၅၀ စုရှိပြီး မိုင်းခုတ်မြို့နယ်ခွဲတွင် မြို့ပေါ်ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၇ စု၊ ကျေးရွာ ၈၉ ရွာရှိပြီး အိမ်ခြေ၂၇၉၁ အိမ်၊ အိမ် ထောင်စု ၂၇၉၇ စုရှိပါသည်။

မိုင်းဆတ်မြို့နယ်တွင်းနေထိုင်ကြသည့်နိုင်ငံခြားသားများမှာ
၁။ တရုတ် ၂၄၃၀ ဦး
၂။ အိန္ဒိယ ၄၆ ဦး
၃။ နီပေါ ၃ ဦး စုစုပေါင်း ၂၄၇၉ ဦးရှိသည်။

မိုင်းဆတ်မြို့နယ်တွင်း ဘာသာရေးကဏ္ဏ၌
၁။ ဗုဒ္ဓဘာသာ ၄၂၉၉၁ ဦး
၂။ ခရစ်ယန် ၂၅၉၆၀ ဦး
၃။ နတ် ၁၆၅၂၂ ဦး
၄။ ဟိန္ဒူ ၄၄ ဦး
၅။ မွတ်စလင် ၅၄ ဦး ရှိသည်ကိုတွေ့ရသည်။

မိုင်းဆတ်မြို့နယ်တွင်း၌ ဗုဒ္ဓဘာသာ စေတီ ၅၀၊ ဓမ္မာရုံ ၁၇ ခု၊ ဘုန်းတော်ကြီးကျောင်း ၄၀၊ သီလရင်ကျောင်း ၁ ကျောင်း၊ ရဟန်း ၈၄ ပါး၊ သာမဏေ ၃၈၀ ပါး၊ သီလရင် ၄၂ ပါးရှိပါသည်။ မြို့ပေါ်တွင် ခရစ်ယာန်ဘုရားကျောင်း ၅ ကျောင်း၊ ကျေး လက်တွင် ခရစ်ယာန်ဘုရားကျောင်း ၅၄ ကျောင်းရှိပါသည်။

မိုင်းဆတ်မြို့နယ်အတွင်း မြေအမျိုးအစားများမှာ
၁။ လယ်မြေ ၁၅၀၁၆ ဧက
၂။ ယာမြေ ၂၃၀၇၂ ဧက
၃။ ဥယျာဉ်မြေ ၄၀၁၀၆ ဧက
၄။ တောင်ယာ ၁၃၆၉၄ ဧက
၅။ ကြိုး ဝိုင်း/ပြင် ကာကွယ်တော ၁၉၈၃၂၂ ဧက
၆။ တောရိုင်း ၃၅၈၅၄၁ ဧက
၇။ မြေရိုင်း ၃၇၄၈၁၄ ဧက
၈။ မစိုက်ပျိုးနိုင်သောမြေ ၁၉၈၀၆၆ ဧကတို့ ဖြစ်ပါသည်။

မိုင်းဆတ်မြို့နယ်အတွင်း သီးနှံစိုက်ပျိုးထွက်ရှိမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
စဉ် - အမျိုးအစား - စိုက်ဧက - ထွက်ရှိမှု
၁ - စပါး (နွေ) - ၁၅၃၇ - ၁၂၆၇၁၀ တင်း
၂ - စပါး (မိုး) - ၄၂၆၈၆ - ၃၁၀၁၁၃၈ တင်း
၃ - မြေပဲ (မိုး) - ၄၇၀ - ၂၁၃၈၅ တင်း
၄ - မြေပဲ (ဆောင်း) - ၃၃ - ၁၄၂၅ တင်း
၅ - နှမ်း (မိုး) - ၃၃၀ -၂၆၄၀ တင်း
၆ - ပဲစင်းငုံ - ၇၈ - ၆၆၃ တင်း
၇ - ပြောင်း (မိုး) - ၄၀၂၅ - ၂၂၇၈၅ တင်း
၈။ ပြောင်း (ဆောင်း) -  ၃၉၁ - ၁၇၇၅၄ တင်းတို့အပြင် နှစ်ရှည်သီးနှံများအဖြစ်

စဉ် - အမျိုးအစား - စိုက်ဧက - လက်ရှိထွက်ဧကထွက်ရှိမှု
၁ - ရာဘာ - ၃၁၇၅၁ - ၈၇၇၀၄၇၀ ပိဿ
၂ - လဘက် - ၅၀၀ - ၃၂၅၇၆၃၇၅ ပိဿ
၃- ကော်ဖီ - ၁၂၄၃ - ၁၀၁၁၀၀ ပိဿ စသည်တို့ ဖြစ်သည်။

ထို့ပြင် မိုင်းဆတ်မြို့နယ်အတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံလည်း စိုက်ပျိုးကြပါသည်။ မိုင်းဆတ်မြို့နယ်တွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျွဲ ၂၁၃၁ ကောင်၊ နွား ၇၃၃ ကောင်၊ လယ်ထွန်စက် ၁ စီး၊ လက်တွန်း လယ်ထွန်စက် ၁၈၄၆ စီး၊ ချွေလှေ့စက် ၁၀၉ စီး အသုံးပြုသည်ကို တွေ့ရပါသည်။ မြို့နယ်တွင်း ဆန်ဖူလုံမှု မှာ ၂၁၇.၇၈ ၊ ဆီဖူလုံမှု မှာ ၂၉.၇၇% ရှိပါသည်။ မြို့နယ်တွင်း၌ မြစိမ်းရောင် ရွာ ၂ ရွာရှိပါသည်။

မိုင်းဆတ်မြို့နယ် မွေးမြူရေးကဏ္ဍတွင်
၁။ ကျွ၁၅၁၇၄ ကောင်
၂။ နွား ၁၀၂၇၂ ကောင်
၃။ ဝက် ၄၉၉၂၅ ကောင်
၄။ သိုး/ဆိတ် ၃၈၁၈ ကောင်
၅။ ကြက် ၂၆၆၈၇၃ ကောင်
၆။ ဘဲ ၁၅၁၈၂ ကောင် ဖြစ်ပါသည်။

မိုင်းဆတ်မြို့နယ်တွင် သတ္တု တူးဖေါ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ မရှိပါ။ မြို့နယ်တွင် အလုပ်လက်မဲ့နှုန်းမှာ
အလုပ်လုပ်နိုင်သူ ၆၀၀၆၃ ဦး
လုပ်ငန်းခွင်၌ရှိသူ ၅၂၄၆၇ ဦး
အလုပ်လက်မဲ့ ၇၅၉၆ ဦး
အလုပ်လက်မဲ့နှုန်း ၁၀ % ဖြစ်ပါသည်။

မိုင်းဆတ်တွင် လေယဉ်ကွင်းရှိပြီး တပတ်လျှင် ၂ ရက် လေယာဉ် အဆင်းအတက်ရှိပါသည်။ အဓိကသွားလာမှုမှာ မော် တော်ယဉ်အားအသုံးပြုကြပါသည်။ မိုင်းဆတ်မှ မိုင်းတုံသို့ ၂၁ မိုင်၊ မိုင်းဆတ်မှ မိုင်းပုအွန်၊ မိုင်းပျဉ်းသို့ ၅၁ မိုင်၊ မိုင်းဆတ်မှ မိုင်းခုတ်၊ မိုင်းဖြတ်သို့ မိုင် ၃၀၊ ကျိုင်းတုံ၊ မိုင်းခွန်၊ မိုင်းခုတ်သို့ ၄၅ မိုင်နှင့် တာချီလိတ်၊ မိုင်းတွမ်း၊ မိုင်းဆတ်သို့ ၁၀၇ မိုင် တို့အား ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ လမ်းအကောင်းကြီးတော့ မဟုတ်ပေ။ အချို့လမ်းပိုင်းများတွင် လမ်းဆိုးသည်။ သို့သော် သွားလာဆက်သွယ်၍ရသည်ဟု ဆိုရမည်။ မိုင်းဆတ်တွင် ကားဂိတ် ၅ ခုခန့်ရှိပြီး တာချီလိတ်၊ မိုင်းတုံ၊ ပုံပါကျင်၊ နာကောင်းမူး၊ ကျိုင်းတုံ၊ တောင်ကြီးမြို့များသို့ နေ့စဉ် ယာဉ်လိုင်းများ ပြေးဆွဲသည်။

မိုင်းဆတ်မြို့နယ်တွင်း ပညာရေးကဏ္ဍ၌ အထက ၂ ကျောင်း (မိုင်းဆတ်၊ မိုင်းခုတ်၊ ဆရာ ၄၇ ဦး၊ ကျောင်းသား ၁၅၄၁ ဦး)၊ အထကခွဲ ၂ ကျောင်း (မိုင်းတွမ်း၊ မြို့သစ်) နှင့် အလက ၃ ကျောင်း (ကာနု၊ နားကော၊ မယ်ဆွမ် တောင်) တို့တွင် ဆရာ ၈၃ ဦး၊ ကျောင်းသား ၂၄၇၂ ဦး။ အမက ၆၆ ကျောင်း (ဆရာ ၁၇၃ ဦး၊ ကျောင်းသား ၆၀၅၆ ဦး)၊ ဘကကျောင်း ၂ ကျောင်း (ဆရာ ၁၀ ဦး၊ ကျောင်းသား ၂၀၀ ဦး) တို့ရှိပါသည်။

မိုင်းဆတ်မြို့နယ်အတွင်း ကျောင်းအပ်နှံမှုနှုန်းမှာ
၅ နှစ်ပြည့်ကလေး ၂၁၀၀ ဦး
ကျောင်းအပ်နှံမှု ၁၉၈၉ ဦး
ကျောင်းအပ်နှံမှု ၉၄.၇၁ % ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်း ရောက်ရှိဖြေဆိုမှု မှာ 
၂၀၁၆/၂၀၁၇ ခုနှစ်
စာရင်းရှိ ၃၄၆ ဦး
ဖြေဆိုသူ ၃၁၅ ဦး
အောင်မြင်သူ ၄၄ ဦး
အောင်ချက် ၁၃.၉၇% ဖြစ်ပါသည်။

မြို့နယ်တွင်း စာတတ်မြောက်မှုနှုန်းမှာ
မြို့နယ်လူဦးရေ ၈၄၃၆၈ ဦး
၁၅ နှစ်အထက်လူဦးရေ ၆၄၃၁၉ ဦး
စာတတ်မြောက်သူ ၂၀၀၄၉ ဦး
စာတတ်မြောက်နှုန်း ၂၃.၇၆ % ဖြစ်ပါသည်။

ကျန်းမာရေးကဏ္ဍ၌ မိုင်းဆတ်တွင် ကုတင် ၅၀ ဆန့် မြို့နယ်ဆေးရုံ ၁ ရုံ၊ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံ ၃ ရုံ (မိုင်းခုတ်၊ ယောင်ခ၊ ဝမ်ဟုန်)၊ ကျေးလက်ကျန်းမာရေးဌာန ၄ ခု (ကောင်းမူတန်၊ မယ်နင်း-လွယ်လန်း၊ မိုင်းခုတ်၊မိုင်းတွမ်း) နှင့် ကျေး လက်ကျန်းမာရေးဌာနခွဲ ၁၆ ခုရှိပါသည်။ ဆရာဝန် ၅ ဦး၊ သူနာပြု ၂၅ ဦး၊ လက်ထောက်ကျန်းမာရေးမှူး ၄ ဦးရှိသည်။ ကျန်း မာရေးဝန်ထမ်းနှင့် လူဦးရေအချိုးမှာ ...
ဆရာဝန် ၁ : ၁၆၈၇၃
သူနာပြု ၁ : ၃၅၆၈
လက်ထောက်ကျန်းမာရေးမှူ း ၁: ၂၂၃၀၃ တို့ ဖြစ်ပါသည်။

မြို့နယ်တွင်းအဖြစ်များသောရောဂါများမှာ ငှက်ဖျား၊ တီဘီ၊ ဝမ်းကိုက်၊ ဝမ်းလျောနှင့် အသည်းရောင်တို့ဖြစ်ပါသည်။ မွေးကင်း စ ကလေးသေနှုန်း ၂.၃ % ရှိပြီး ကိုယ်ဝန်ပျက်ကျနှုန်း ၁၀၆.၅ % ဖြစ်ရာ ကိုယ်ဝန်ပျက်ကျနှုန်း မြင့်မားပါသည်။

မိုင်းဆတ်မြို့နယ်တွင် ရုံးစိုက်သည့် နိုင်ငံရေးပါတီများမှာ
၁။ NLD
၂။ USDP
၃။ SNLD
၄။ SNDP
၅။ တစည
၆။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP
၇။ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ANDP
၈။ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ WNUP တို့ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ်ရာတွင် 
မဲပေးနိုင်သူ ၄၀၆၉၇ ဦး
မဲလာပေးသူ ၃၀၅၄၂ ဦး ၇၅.၀၅ % ရှိပြီး USDP က ၈၈၇၆ မဲ ၂၉.၀၆ % ဖြင့် အနိုင်ရသည်။
WNUP ၆၇၉၅ မဲ ၂၂.၂၄ % ဖြင့် ဒုတိယ
LNDP ၄၆၂၇ မဲ ၁၅.၁၄ % ဖြင့် တတိယနေရာတွင် ရှိသည်။

၂၀၁၅ ခုနှစ် မိုင်းဆတ်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ နေရာအတွက် ရွေးချယ်ရာတွင်
မဲပေးနိုင်သူ ၂၃၉၇၄ ဦး
မဲလာပေးသူ ၁၈၆၄၃ ဦး ၇၇.၇၆ % ရှိပြီး
USDP က ၅၆၉၂ မဲ ၃၃.၀၁ % ဖြင့် အနိုင်ရသည်။
WNUP ၄၅၁၂ မဲ ၂၆.၁၆ % ဖြင့် ဒုတိယ
LNDP ၃၂၅၀ မဲ ၁၈.၈၅ % ဖြင့် တတိယနေရာတွင် ရှိသည်။

၂၀၁၅ ခုနှစ် မိုင်းဆတ်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ နေရာ ရွေးချယ်ရာတွင်
မဲပေးနိုင်သူ ၁၆၇၂၃ ဦး
မဲလာပေးသူ ၁၁၈၉၉ ဦး ၇၁.၁၅ % ရှိပြီး
USDP က ၂၉၆၇ မဲ ၃၀.၆၁ % ဖြင့် အနိုင်ရသည်။
WNUP ၁၆၄၀ မဲ ၁၆.၉၂ % ဖြင့် ဒုတိယ
LNDP ၁၅၇၂ မဲ ၁၆.၂၂ % ဖြင့် တတိယနေရာတွင် ရှိပါသည်။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် မိုင်းဆတ်မြို့ နယ်တွှင်းရှိ မဲပေးနိုင်သူစာရင်းမှာ ၄၀၆၉၇ ဦးဖြစ်ပြီး ၂၀၁၇ မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည့် အသက် ၁၈ နှစ်ပြည့် လူဦးရေ စာရင်းမှာ ၄၈၈၉၅ ဦးဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး