Breaking News

ကိုသန်းလွင် ● စတိုးရစ်ဝါဒ

ကိုသန်းလွင် ● စတိုးရစ်ဝါဒ
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၉

(၁)
အလက်စန္ဒားသည်ဂရိတ်သည် ဘီစီ ၃၂၃ ခုနှစ်တွင်ကွယ်လွန်သည်။ အရစ်စ္စတိုတယ်က သူ့အရင် တစ်နှစ် စော၍ ကွယ် လွန်ခဲ့သည်။ ထိုအချိန်မှစ၍ အီဂျစ်ပြည်တွင် ကလိယိုပက်ထရာ ကွယ်လွန်သည့်အချိန် (ဘီစီ ၃၀) အထိ နှစ်ပေါင်း ၃၀၀ ခန့်ကို ဟေလင်းနှစ်ခေတ် (Hellenic) ဟု ခေါ်ပါသည်။

(၂)
ဟေလင်းနှစ်ခေတ်တွင် အယူအဆ သုံးမျိုးပေါ်ပေါက်ခဲ့ပါသည်။ အက်ပီးကျူးရပ် (ဘီစီ ၃၄၁-၂၇၁) ၏ ဝါဒ၊ စတိုးရစ် (stoic) ဝါဒနှင့်သံသယဝါဒီများ (sceptics) ဟူ၍ဖြစ်ပါသည်။ အက်ပီကျူးရပ်ကတမျိုးပြောမည်။ ထိုအရာများ ၏ ဆန့်ကျင်ဘက်ကို အမှန်ဟူ၍ စတိုးရစ်များက ပြောမည်။ သံသယဝါဒီများက ဘယ်ဟာအမှန်ဟု မဆုံးဖြတ်နိုင် အဖြေကို ပြောရန်ဝန်လေး နေပြီးချိန်ဆနေမည်။

သို့သော် သူတို့သုံးဦးစလုံးတွင် တူညီသော အချက်တစ်ချက်ရှိပါသည်။ ဖီလိုဆိုဖီသည်ကုစားတတ်သော ပညာ တစ်ရပ်ဖြစ်ပြီး အသက်ကြီးသော၊ အသုံးမဝင်တော့သောလူတို့ဖြေဖျော်စရာ တခုမဟုတ်ပါ။ လူတို့ ၏ စိတ်နှလုံး တည်ငြိမ်အေးချမ်းစရာတို့ကိုရှာဖွေပြီး ဘဝကိုအနှောက်အယှက်ကင်းကင်းနှင့်နေနိုင်ရေးပင်ဖြစ်ပါသည်။ တနည်း ဆိုသော် နေ့တဓူဝ ဆင်းရဲခြင်းဒုက္ခ များမှ ကင်းဝေးစွာနေနိုင်ရေးပင် ဖြစ်သည်။

ပလေတိုနှင့် အရစ်စ္စတိုတယ်တို့မပြောကြားသောအချက်များ၊ သူတို့မကိုင်တွယ်နိုင်သောဝါဒများကို အက်ပီကျူးရပ်နှင့် စတို ရစ်များက သင်ကြားကြပါသည်။ ပလေတိုနှင့် အရစ်စ္စတိုတယ် တို့၏ကျောင်းများမှာ ပုံစံအမျိုးမျိုးနှင့်ဆက်လက်တည်ရှိနေကြဆဲပင်ဖြစ်သည်။ သူတို့က လူတို့ကို ဘယ်လိုနေရမည်၊ ဘယ်လိုထိုင်ရမည် ဆို သည်ကိုပြောကြားခဲ့ကြသော်လည်း လူသာမာန်များ ဈေးထဲတွင် မည်သို့ ပြုမူရမည်ဆိုသည်တို့ကို မသင်ကြား ကြပါ။

အချို့ရိုမင်စာရေးဆရာများ ကတော့ နားလည်ရန်လွယ်ကူသော  စာများကိုရေးကြပါသည်။ ရိုမင်နိုင်ငံရေးသမားနှင့် ဆော်သြသူ စီဇာရို (Cicero) က အက်ပီကျူးရပ်၏ စာများသည် နားလည်ရန်လွယ်ကူသည်ဟူ၍ရေးသားခဲ့ ပါသည်။ အေသင်တွင် လူများစုက ဖီလိုဆိုဖာတို့၏ စကားများကို အလေးထား၍နားထောင်ခဲ့ကြပါသည်။

ဆိုကရေးတီးသည် ပလေတိုနှင့် အရစ္စတိုတယ် တို့ထက်ပို၍ ဆန်းသစ်သောနည်းလမ်းများကိုတီထွင်ခဲ့ပါသည်။ သူကလူတို့ ၏ ဦးစားပေးလုပ်ဆောင်စရာရှိသည်တို့ကို ပြင်ဆင်ရန်နှင့် ဘဝအတွက် ရည်ရွယ်ချက်ရှိရန်တို့ကို ဟောပြောခဲ့သည်။ ဟေလင်းနစ်ဖီလိုဆိုဖာများက ဆိုကရေတီး၏သင်ကြားချက်များအတိုင်း လိုက်နာခဲ့ကြသည်။ လူတို့၏စိတ်ကိုငြိမ်သက်စေရန်၊ တည်ငြိမ်အေးချမ်းမှုကို ရနိုင်စေရန် ဆရာ၏နည်းအတိုင်း ဆရာ၏ဘဝကိုဥပမာ ထား၍ကြိုးစားခဲ့ကြသည်။ စိတ်တည်ငြိမ်မှု အတွက် မိမိကိုယ်ကို ဆန်းစစ်ရန် လိုပုံ တို့ကိုဆော်သြခဲ့ကြသည်။ ဆိုကရေးတီးကိုယ်တိုင်က အတိုက်အခံလုပ်သူကိုတွေ့လျှင် စိတ်ငြိမ်သက်ခဲ့သော်လည်း သူ့ဘဝ၏ရည်ရွယ်ချက် မှာ စိတ်တည်ငြိမ်မှု ဖြစ်ပါသည်ဟု ဘယ်သောအခါကမှ မပြောခဲ့ပါ။ အက်ပီကျူးရပ်၊ စတိုးရစ်နှင့် သံသယဝါဒီတို့၏ဦးတည်ချက်မှာ ဘဝတွင် စိတ်ငြိမ်သက်မှု အရေးကြီးသည်ဟု တစိုက်မတ်မတ် ပြောခဲ့ကြပါသည်။ သူတို့အားလုံးသည် Atroxia ခါ် စိတ်တည်ငြိမ်မှုအတွက် အနှောက်ယှက်ကင်းကင်းနေတတ် အောင်လေ့ကျင့်ခဲ့ကြပါသည်။ ဆိုကရေးတီးက လူကောင်းသူကောင်းတို့အပေါ် ဘယ်သောအခါမှပြင်ပမှ ရန်သတ္ထုမပြုနိုင်ကြ ကြောင်း  အကြောင်းမူကား သင့်ကိုရန်ပြုရန်သင့်တွင်မကောင်းသောစိတ်ဓာတ်ရှိရမည် ဖြစ်သောကြောင့်ပင်။

ဆိုကရေးတီး တွင်အရစ္စတာပတ်(Airstippus) နှင့် အရစ်စသီးနီး (Artisthene) တို့သည် ထင်ရှားသော လက် ထောက်နှစ်ဦးတို့ဖြစ်ကြသည်။ စိတ်ပျော်ရွင်မှုကို ခံစားတတ်သော အရစ်စ္စတာပပ် ကအက်ပီကျုးရပ်၏ဆရာဖြစ်  လာပြီး ရသေ့ကြီးတစ်ပါးကိုထီးထီးနေတတ်သော အရစ်စသီးမှာ စတိုရစ်တို့၏ ဆရာဖြစ်လာပါသည်။ ထို့ကြောင့် ထိုအယူဝါဒ နှစ်ခုလုံးမှာ ဆရာအရစ္စတိုတယ်၏ ဝါဒဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သံသယဝါဒီတို့မှာလည်းဆိုက ရေးတီး ကဆင်းသက်သည်ဟုပင်ပြောနိုင်ပါသည်။  ဆိုကရေးတီးက “သူဘာမှမသိကြောင်း” ခဏခဏပြော ရာ သံသယဝါဒီတို့ကလည်းဤသို့ပင်ပြောကြပါသည်။ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စများတွင်ဆိုကရေးတီးကမေးခွန်း ထုတ်တတ်သလို သံသယဝါဒီများကလည်း လူ့ကျင့်ဝတ်သာမက အရာရာတိုင်းကို မေးခွန်းထုတ်ခဲ့ပါသည်။

ဆိုကရေးတီးခေတ်ကသူတစ်ဦးတည်းဖီလိုဆိုဖီလောကကိုလွှမ်မိုးထားနိုင်ခဲ့သော်လည်း ဟေးလင်းနှစ်ခေတ်တွင် လူမြောက်များစွာဝင်လာကြပါသည်။ ပထမဆုံး စတိုးရစ်ဟုအခေါ်ခံရသူမှာ အေသင်ဈေးအတွင်းမှ ဆင်ဝင်အနီး (Stoic) မှ ဇီနို(၃၃၃-၂၆၂ ဘီစီ) ( Zeno of Litium) ဖြစ်ပါသည်။ ထို့နောက်ဥပဒေနှင့်လောဂျစ်တွင် ကျော်ကြား သော ခရစ်စီပတ် ( Chrisippus) (၂၈၂-၂၀၇ ဘီစီ) ဖြစ်ပါသည်။ ခေတ်ဟောင်းက အဆိုတခုမှာခရစ်စီပတ်သာ မရှိပါက စတိုးရစ်ဝါဒဟူ၍ဖြစ်ပေါ်မလာနိုင်ဟု ဖြစ်ပါသည်။ သူသည် စာအုပ်ပေါင်း ၇၀၅ အုပ်ရေးခဲ့သော်လည်း ယခုအခါမှာ တစ်အုပ်မှ မတွေ့ရတော့ပါ။ နောက်တစ်ခါ စတိုးရစ်နှင့် ပါတ်သတ်၍ ကျော်ကြားသော စာရေး ဆရာများရှိကြပါသည်။ စီနီကာ၊ အက်ပီစီတေးတပ်၊ မားကပ်အာရီလီယပ်တို့ (Maruns Arelius) တို့ဖြစ်ကြပါ သည်။ သူတို့အဓိကထား၍ ရေးခဲ့ကြသည်မှာ စိတ်ဓာတ်ဆိုင်ရာ ညွှန်ကြားချက်များ စိတ်ကို ငြိမ်းချမ်းအောင် ပြုနည်းတို့ ဖြစ်ပါသည်။ စိတ်ကို ငြိမ်သက်အောင် ပြုလုပ်သော (Resigned Stoicism) ဟုလည်းခေါ်နိုင်ပါသည်။

မားကပ်မှာအေဒီ ၂ရာစုက လူသားဆန်သောအင်ပါယာကြီးတို့ တည်ထောင်ခဲ့သူဖြစ်ပါသည်။ သူကခက်ခဲသော အချိန်များတွင် ဘုရင်ဖြစ်ခဲ့ရပြီး မနှစ်မြို့သော အဖြစ်များကိုသာ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါသည်။ အက်ပီစီတေးတပ် (Epictetus) (အေဒီ ၅၀- ၁၂၀) မှာ ယခင်က ကျေးကျွန်ဖြစ်ခဲ့ပြီး လွတ်လပ်မှု၏ သဘာဝနှင့် သူတစ်ပါး၏ ကျွန်မဖြစ်နိုင်သော (ဥပမာ လူတို့၏ စိတ်ကူးစိတ်သန်းများ) အကြောင်းကို ရေးခဲ့ပါသည်။ စီနီကာမှာ (၄ဘီစီ အေဒီ ၆၅) အရာရှိတစ်ယောက်ဖြစ်ပြီး အင်ပါယာ ကလောဒီယပ် (Claudius) ၏ ညီမနှင့် ညိစွန်းသည်ဟု စွပ်စွဲ ခံရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။ နောက်ပိုင်းအင်ပိုင်ယာဖြစ်လာမည့် နီရို (Nero) ကိုကျူတာအဖြစ်သင်ကြား ပေးရန် ပြန်ခေါ်ရသည်။ နောက်ပိုင်းတွင် နီရိုက သူ့ကို မိမိကိုယ်ကို သတ်သေရန် အမိန့်ပေးခဲ့သည်။

အက်ပီကျူးရပ်ကကမ္ဘာစင်္ကြာဝဠာကြီးမှာပြင်ဆင်မထားသောအင်အားစုများ၏ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။ စတိုးရစ်တို့ကမှု စင်္ကြာဝဠာကြီးသည် အသေးစိတ်ကစ၍ စီစဉ်ထားသော အရာဖြစ်သည်ဟုယူဆသည်။ အက်ပီ ကျူးရပ် ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိဘဲ စင်္ကြာဝဠာကြီ ဖြစ်ပေါ်လာပုံကို ပြောသည်။ စတိုးရစ်တို့ကမှု ထာဝရ ဘုရားသခင်သည်အမြဲထာဝရတည်ရှိနေပြီးအရာအားလုံး၏(In Charge) ဖြစ်သည်ဟုပြောသည်။

အက်ပီကျူး ရပ် ကသဘာဝတရားသည် ဘာဖြစ်လိမ့်မည်ဟူသောရည်ရွယ်ချက်မရှိ။ အတမ်များ၏ ဖြစ်လိုရာဖြစ် တိုက်ဆိုင်မှု သာ ဖြစ်သည်။ စတိုးရစ်တို့က အရာရာတိုင်းသည် ကံတရားအတိုင်းဖြစ်နေကြပြီး အရာဝတ္ထုဖန်တီး ခြင်းနှင့်ပျက်စီး ခြင်းတို့သည် အကြိမ်ကြိမ်အဖန်ဖန်ထပ်ခါထပ်ခါဖြစ်ပျက်နေကြသည်။ အက်ပီကျူးရပ်ကလူတိုင်း သည် မိမိတို့ အလုပ်ကိုလွတ်လပ်စွာလုပ်နိုင်ကြသည်ဟု ယူသည်။ စတိုးရစ်တို့က ငြင်းဆန်ကြပြီး သူတို့၏ ကံကို သာယုံကြည် ကြသည်။ ကံ၏ထိန်းချုပ်မှုက နောက်မှရှိနေသည်။

သို့သော်လူသည် မိမိအပြုအမှုအတွက်မိမိတို့မှာသာ တာဝန် ရှိ ကြသည်။ အက်ပီကျူးရပ်က အရာရာတိုင်းသည် အာကာသထဲတွင် အတမ်များတိုက်ခိုက် ပူးပေါင်းကြရာမှ ဖြစ်ပေါ်နေပြီး စတိုးရစ်များက အရာဝတ္ထုတိုင်းသည် အသက်ရူသကဲ့သို့ မိမိဘာသာ မိမိပုံစံကို ဖန်တီးနေကြပြီး အတမ်များနှင့် ဘာမှ မဆိုင်ဟု ယူဆကြသည်။ စတိုး ရစ်များက အရာရာတိုင်းကို မြေ၊ရေ၊လေ၊ မီးဆိုသော ဓာတ်ကြီးလေးပါးနှင့် ဖွဲ့စည်းထားပြီး အတမ်တို့စုပေါင်း ခြင်းမှ ဖြစ်ပေါ်လာခြင်း မဟုတ်ဟု ယူဆသည်။ သူတို့၏လူ့ကျင့်ဝတ်နှင့်စင်္ကြာဝဠာဆိုင်ရာသီအိုရီ (Cosmology) ကို အခြားသူများထံမှ ရယူသည်။ သူတို့၏ စင်္ကြာဝဠာတည်ောက်ပုံမှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်က ရှိခဲ့သော ဂရိတို့၏ စင်္ကြာဝဠာတည်ဆောက်ပုံအတိုင်းဖြစ်သည်။

စတိုးရစ်များ၏ ထင်ရှားသော ယူဆချက်တစ်ခုမှာစင်္ကြာဝဠာကြီးသည် ဘာမ မတက်နိုင်ဘဲ လက်ခံလိုက်ရသော ( Resigned Acceptance) အရာတစ်ခု ဖြစ်သည်။ အကယ်၍ ကံတရားကသာ ဆုံးဖြတ်သည်ဟု ဆိုလျှင်လည်း တကယ်ဖြစ်ပျက်သွားသည်မှာ ထိုအတိုင်းဖြစ်ပါသည်ဟု လက်ခံလိုက်စရာသာ ရှိတော့သည်။

သင်မပြောင်းလဲနိုင်သော အရာများနှင့်ပါတ်သတ်၍ ရုတ်ရင်းဆန်ခက် ငြင်းဆန်နေ၍ အကြောင်းထူးမည် မဟုတ် ပေ။ ဆုံးရှုံးရမည့် အရာများနှင့်ပါတ်သတ်၍ သင်က အစွဲသန်လွန်းနေပါလျှင် သင်ဘဲ ဒုက္ခရောက်ရလိမ့်မည်။ သို့ပါသော်လည်း အရာအားလုံးကို ကံကြမ္မာပေါ်ချည်းပုံချနေ၍လည်း မဖြစ်တန်ရာ။ သင်ဆုံးရှုံးရန် သေချာနေ သည့် အရာအားလုံးကို လိုက်လျောညီထွေရှိအောင်ပေးအပ်လိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်တော့သည်။ သို့မဟုတ်လျင်လည်း ကံကြမ္မာကသင့်အစားဝင်၍ ဆုံးဖြတ်ပေးလိုက်ခြင်းကို ဂရုမစိုက်ခြင်းသည်သာ အကောင်း ဆုံးဖြစ်သည်။ သို့မဟုတ် အခြာသဘောထားနိုင်သောနည်းရှိပါသည်။

သင်ဆုံးရှုံးလိုက်ပြီဟု သဘောမထားပါနှင့်။ သင်က ပြန်ပေးသည်ဟု သဘောထားပါ။ သင့်ကလေးသေဆုံးသွား ခြင်းသည်သင့်ကလေးကို ပြန်ပေးလိုက်ခြင်းသာဖြစ်သည်။ သင့်မြေယာများ သိမ်းခံရသည်ဟုဆိုလျှင် ပိုင်ရှင်အ စစ်သို့ပြန်ပေးသည်ဟု သဘောထားလိုက်ပါ။ သင့်ကထိုပစ္စည်းများကို ဧည့်သည်များက တည်းခိုခန်းအပေါ်သ ဘော ထားသလိုသာ သဘောထားလိုက်ပါ။

ခရီးသွားလျင်လည်း ပေါ့ပေါ့ပါးပါးသာ သွားပါလေ။ သင်ဆုံးရှုံးမည့် အရာများသည် ဆုံးရှုံးပြီးသား ဖြစ်ချင် ဖြစ်နေ ရော့မည်။ အရေးကြီးသည်မှာ ကံကြမ္မာ၏ရိုက်ခတ်ခြင်းဒဏ်ကို အညင်သာဆုံး ဖြစ်စေရန်သာ ဂရုစိုက်ရမည်။

အက်ပီစီးတေးတပ်က သင်ထိန်းချုပ်နိုင်သော အရာများကိုသာ ထိန်းချုပ်ပါဟု ပြောခဲ့သည်။ သင့်အတွေးအခေါ် နှင့် သင့်လိုအင်ဆန္ဒများသည်သာ သင်ထိန်းချုပ် (Control) နိုင်သော အရာများဖြစ်ကြသည်။ သင့်ကိုယ်ခန္ဓာ တွင် ဘာတွေဖြစ်မည်၊ သင့်မိသားစုအပေါ်ဘေးလူတို့အမြင်နှင့် ဘဝကံကြမ္မာတို့အပေါ်တွင် သင့်မှာထိန်းချုပ်ပိုင် ခွင့်မရှိပါ။ သင်မထိန်းချုပ်နိုင်သော အရာများအပေါ်တွင် စိတ်သောက ရောက်နေရပါက သင့်မှာကုစရာဆေးမရှိ တော့ပေ။ သင်ထိန်းချုပ်နိုင်သောအရာများကိုသာထိန်းချုပ်၍၊သင်မထိန်းချုပ်နိုင်သောအရာများအပေါ်လစ်လျူရှု ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ထိုအခါမည်သူတစ်ဦးတစ်ယောက်ကမှသင့်ကို လွှမ်းမိုးထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

“ သင်ကိုယ်တိုင်က နောက်ဆုတ်လိုက်ပါ” ဟူ၍ မားကပ် ဆိုပါသည်။ သူကိုယ်တိုင်က ကျူးကျော်သူများကို ကာကွယ်ရင်းနှင့် ဖီလိုဆိုဖီတွင်လည်း အလားတူ ခုခံရေးဝါဒကို ဆွဲကိုင်ဟန်တူသည်။ ဆီနီကာ ကလည်း ခုခံ ကာကွယ်ရာတွင် အကောင်းဆုံးနေရာရောက်အောင် ပြန်လုပ်ပြီး အကောင်းဆုံးခံတပ်ကို တည်ဆောက်ပါ ဟု ပြောခဲ့သည်။ ပျော်ရွှင်သော လူတစ်ယောက်ဖြစ်စေရန် လူအုပ်က ပျော်ရွှင်သောသူဟု သိနေရန်မလိုပါ ဟုပြောခဲ့ သည်။ မိမိပျော်ရွှင်ရခြင်းကို အများသိအောင်ကြေညာရန် မလိုပါဟု ဆိုလိုသည်။

 (၃)
အက်ပီကျူးရပ်နည်းတူ စတိုးရစ်တို့မှာ သေခြင်းအပေါ်၌ အယူအဆမှန်မှန်ကန်ကန်ဖြစ်အာင် အားထုတ်ရသည်။ အက်ပီကျူးရပ်က သေခြင်းအပေါ်မှန်မှန်ကန်ကန် သဘောထားရန် မှာ သဘောထားဘာမှ မရှိခြင်းပင်ဖြစ်သည်။ စတိုရစ်တို့က လူ၏ကံကြမ္မာ အတွက်သေခြင်းသည် ကောင်းသောနမူနာ အဖြစ်သဘောထားသည်။ ကမ္ဘာပေါ် ရှိ အရာအားလုံးတွင်သေခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ မားကပ်ကလူ့အသက်ဆိုသည်မှာဘာမှ မထူးဆန်း ဘဲ ခဏကြာလျင် လူဆိုသည်မှာ ဘာမှရှိတော့သည်မဟုတ်။ ဘယ်ကိုမှ ရောက်သွားသည်မဟုတ်။ သေခြင်း ဆို သည်မှာ ဘဝတစ်ခုပြီးပြတ်ဆုံးသွားစေခြင်းပင်ဖြစ်သည်။ စတိုးရစ်တို့က ဘဝသည် စိတ်ကူးယဉ်ဆန်သော ဘဝ တစ်ခုဖြင့် မနေနိုင်တော့ပါလျင် သေခြင်းသည် အမြဲတစေရှိနေသော ရွေးချယ်စရာတစ်ခုပင် ဖြစ်သည်။  သိက္ခာ လည်းမကျ။ ဘာမှပျောက်ဆုံးသွားသည်လည်းမဟုတ်။ သေခြင်းသည်ဂုဏ်ရှိသောထွက်ခွါခြင်းတစ်ခုဟုသဘော ထားသည်။

ကိုသန်းလွင်
Ref: The Dream of Reason, by Anthony Gottlieb.