Breaking News

ကိုသန်းလွင် - တရုတ်ပြည်အင်အားကြီးသော ဆင်ဆာ


NYT online


ကိုသန်းလွင် - တရုတ်ပြည်အင်အားကြီးသော ဆင်ဆာ

(မိိုးမခ) မတ် ၂၊ ၂၀၂၀

(၁)

ဖေဖေါ်ဝါရီလ ၇ရက်နေ့ တရုတ်ပြည်ဝူဟန်မြို့မှာ ဒေါက်တာလီဝေလျံ (Dr Li Wenliang) သေဆုံးကြောင်း သတင်းထွက်လာသည်နှင့် တရုတ်တို့၏အင်တာနက်တွင် သူ့သတင်းများဖြင့် ပြည့်နေခဲ့ပါ သည်။ ပို့စ်များမှာ တစ်ခုပြီးတစ်ခုတက်လာနေကြပြီး ၄င်းပို့စ်များတွင်ပြီး ပြည်သူတို့၏ဒေါသကို မြင်နိုင်ကြပါသည်။

တစ်ပတ်ကျော်သည့်တိုင် ဤသတင်းသည် ခေတ်စားနေဆဲဖြစ်ပါသည်။ အသက် ၃၄နှစ်ရှိပြီဖြစ်သော မျက်စိ ဆရာဝန် (Ophthalmologist ) သည် ကိုရိုနာဗိုင်းရပ်အကြောင်း ပထမဆုံးသတိပေးပြီး ထိုရောဂါဖြင့်ပင်ဝူဟန် မြို့ဆေးရုံ၌ သေဆုံးသွားရခြင်းဖြစ်ပါသည်။ ဒေါက်တာလီ ကွယ်လွန်သွားပုံနှင့် ပတ်သက်သမျှ အကြောင်းအရာ များကို တရုတ်ပြည်သူလူထုကသိခွင့်ရှိသည်ဟု အမြဲတစေတောင်းဆိုနေခဲ့ကြပါသည်။ အုပ်ချုပ်သူများအနေဖြင့် ထိုကိစ္စကိုသိုသိုသိပ်သိပ် ဖုံးအုပ်ထားလိုခြင်းမှာလည်း ထင်ရှားပါသည်။

(၂)

ဤရောဂါအကြောင်းကို ဒေါက်တာလီက ဒီဇင်ဘာလ ၃၀ ရက်နေ့က သူ၏အတန်းဖော်များသိစေရန် WeChat မှနေ၍ လူများသည် ှSAR ကဲ့သို့ အပြင်လက္ခဏာများ တူညီနေခြင်းအတွက် သီးသန့်ထား (Quarantine ) ခံရ ကြောင်းအကြောင်းကြားရင်း ဆွေးနွေးပွဲကို စတင်ခဲ့ပါသည်။ သူ့ကို မကြာမီ ဝူဟန်ရဲတပ်ဖွဲ့ကခေါ်ပြီးမေးမြန်း သတိပေးခြင်းခံခဲ့ရပါသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် လီမှာ ဝန်ခံချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ရပြီး ထိုဝန်ခံချက်မှာ သူသည် မှား ယွင်း၍ပြောဆိုမိခဲ့ကြောင်း၊ ၄င်းသည်တရားမဝင်ကြောင်း၊ လူထုကိုထိုအပြောအဆိုများက မငြိမ်မသက်ဖြစ်စေ နိုင်သည်ကို သိရှိပါကြောင်း ဤကဲ့သို့ တာဝန်မဲ့လုပ်ရပ်ကို ဆက်လက်လုပ်ကိုင်မိပါကတရားဥပဒေအရ အရေး ယူအပြစ်ပေးခြင်းခံရမည်ကို သိပါကြောင်း။ ဤစာကိုနားလည်ခြင်းရှိမရှိ မေးထားရာ၊ (I understand) ဆိုပြီး လက်ရေးဖြင့်ရေးပေးခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ကို ကူညီနိုင်ပါမည်လားဟု မေးထားရာ (Yes, I can) ဟု ဖြေဆိုခဲ့ရပါသည်။

များမကြာမီမှာ ကိုင်စင် (Caixin) သတင်းဌာနနှင့်အင်တာဗျူးလုပ်ရာတွင် ဒေါက်တာလီက “ကျန်းမာရး လောက တွင်အသံတစ်သံတည်းထွက်ခြင်းမှာ မလိုလားအပ်သော အကျိုးကျေးဇူးများကို ဖြစ်စေနိုင်ကြောင်း” ပြောခဲ့ ပါသည်။ သူသေပြီဟူ၍ သတင်းထွက်လာသောအခါ လီပြောခဲ့သောစကားများက နောက်လူတို့ရည်ညွှန်းပြော ဆိုစရာ စကားဖြစ်လာခဲ့ပါသည်။ တရုတ်ပြည်၏ အင်တာနက်တွင် ဒေါက်တာလီနှင့်သူပြောခဲ့သော စကားတို့မှာ ပြည်သူအများ တအံ့တသြ ကြည့်ရှူ့ဝေဖန်စရာများ ဖြစ်လာခဲ့ပါသည်။

ဝူဟန်မှာ စာရေးဆရာ ဖင်္နဖန် (Fang Fang) က ဝူဟန်မြို့သူမြို့သားများ၏ နေ့စဉ်ဘဝကိုမှတ်တမ်းတင်နေသူ ဖြစ်သည်။ “ခင်မင်လှစွာသော ဆင်ဆာလူကြီးမင်းရှင့်…ဟု အစချီကာသူက ဝူဟန်မြို့သားများကို စကားပြောခွင့် ပေးစေလိုပါသည်၊ ကျွန်မတို့ဒီနေရာမှာ အပိတ်ခံ၊ (Lock Down) အလုပ်ခံထားရကာ ဆယ်ရက်ကျော်ပါပြီ၊ ကျွန်မတို့ဟာ အလွန်အမင်းကြေကွဲဝမ်းနည်းစရာတွေကိုလည်း ကြုံခဲ့ရပါပြီ၊ လူကြီးမင်းက ကျွန်မတို့ရဲ့ဒေါသ တွေ၊ ဆန္ဒတွေ၊ ခံစားချက်တွေ၊ စဉ်းစားတွေးခေါ်စရာတွေကို ခေါ်ပြောဆိုပိုင်ခွင့်မပေးဘူးဆိုရင် ကျွန်မတို့ရူးကြ ရပါတော့မယ်”ဟု ဆိုသည်။

ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုလျင်ပဲဖြစ်စေ တရုတ်တို့၏အင်တာနက်တွင် လူတို့၏ဒေါသများ၊ ခံစားချက်များဖြင့် ပြည့်နှက် လာခဲ့ပါသည်။

WeChat ပို့စ်များတွင် ဒေါက်တာလီ၏ မျက်နှာကို မျက်နှာဖုံးတပ်ခါ (I cannot, I don’t understand) စသည် ့စာလုံးများဖြင့် ဖေါ်ပြလာကြပါသည်။ ချက်ခြင်းပင် ဤရုပ်ပုံများသည် တရုတ်ပြည်တစ်ပြည်လုံး ပျံ့နှံ့ သွားခဲ့ပါသည်။ ထို့အတူ ဝူဟန်မှပရော်ဖက်ဆာ ဆယ်ယောက်က လက်မှတ်ထိုးထားသော ဒေါက်တာလီနှင့် အပေါင်းအပါ ရှစ်ဦးတို့ကို ခေါ်၍ မေးခွန်းထုတ် သူတို့အနေဖြင့်သူတို့အပေါ် တောင်းပန်သင့်ကြောင်း စာတစ် စောင်ထွက်ပေါ်လာခဲ့ပါသည်။ သို့ပါသော်လည်း ပေါ်လာပြီး မကြာခင်မှာပင် ထိုစာများမှာ အင်တာနက်မှ ဖြုတ် ချခံခဲ့ရပါသည်။

ဖေဖေါ်ဝါရီလတွင် ဝူဟန်မြို့မှအနောက်ဖက် မိုင်၇၀ဝ ဝေးသည့် ချန်ဒူးမြို့မှ အလယ်တန်းကျောင်းဆရာများ က “ကျောင်းသားများထံ အိတ်ဖွင့်ပေးစာ” ဆိုပြီး စာတစ်စောင်ပေါ်လာပြန်ပါသည်။ ထိုစာတွင် ကေမှုး (Albert Camu) က “ပလိပ်ရောဂါကို ရိုးသားမှုနှင့် တိုက်ဖျက်ရမည်” ဟု ရေးသားခဲ့ကြောင်း ရေးခဲ့ပါသည်။ ကျွန်တော် တို့သည် “အသုဘကို မင်္ဂလာတေးနှင့်မပြောင်းလဲနိ်ုင်ပါ။ ထို့ပြင် မြှောက်ပင့်သီချင်းများကို လည်း မေးခွန်း ထုတ်ခြင်းဖြင့် အစားထိုး၍မရပါ” ဟု ၍ ရေးသားထားသည်။ ထိုစာများမှာ အွန်လိုင်းပေါ်တွင် တစ်ဟုန်ထိုး ပြန့်နှံ့သွားပြီး နောက်မကြာမီ ဖြုတ်ချခံခဲ့ရသည်။

အရှေ့ပိုင်းရှန်ဒေါင်း (Shangdang) နယ် ဒုံရင်း (Dongying) မြို့တော်အရာရှိများက ကြီးမှူးသော ဝက်ဆိုဒ်တစ် ခုတွင်မြို့တော်အရာရှိတစ်ယောက်အကြောင်း စာတစ်စောင်ရေးထားသည်ကို တွေ့လိုက်ရသည်။ ထိုအရာရှိ သည် တစ်နေ့လျှင်လေးနာရီဘဲအိပ်၍ကျန်နာရီ ၂၀ကို အင်တာနက်ကိုစောင့်ကြည့်ရင်းဖြင့် အချိန်ကုန်ရကြောင်း ၄င်း၏တာဝန်မှာ ဖေ့စ်ဘွတ်နှင့် တွစ်တာ ကို စောင့်ကြည့်ရကြောင်း (၄င်းတို့မှာ တရုတ်ပြည်တွင် ကြည့်မရပါ။) ထိုစာတမ်းမှာ ထိုအရာရှိကွန်ပျူတာရှေ့တွင် အလုပ်လုပ်နေပုံ ဓါတ်ပုံ များပါဝင်သည်။

တရုတ်ပြည်တွင် ဂူးဂဲလ်ကို မကြည့်နိုင်ဘဲ ဝေဘို ကိုသာကြည့်ရသည်။ ထိုပို့စ်က ဝေဘို (Weibo) တွင် မုန်တိုင်းသဖွယ် ပျံ့လွှင့်သွားသည်။ ပြည်သူတို့၏တုန့်ပြန်မှုမှာ အုပ်ချုပ်သူတို့ မျှော်လင့်သည့် ပုံစံဖြင့်မဟုတ် “ကမ္ဘာအသစ်ဖြစ်ပေါ်ရန် ကြိုးစားနေပုံ”ဟု မှတ်ချက်ရေးသူက ရေးထားသည်။ ထိုစာနှင့် ထို ကွန့်မန့်တို့မှာ ဖြုတ်ချခံလိုက်ရပါသည်။

တာဝန်ရှိသူများက ဒေါက်တာလီသေဆုံးခဲ့ရခြင်းအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်မပြုခဲ့ပါ။ ထို့အပြင် အစိုးရ၏ အနေအထားမှာ အရာရာတိုင်းသည် ၄င်းတို့၏စီမံကွပ်ကဲမှုအောက်တွင် ရှိသည်ဟူ၍ဖြစ်သည်။ သူတို့ သည် အုပ်ချုပ်သူများ၏ မှားယွင်းခဲ့မှုကို ဝန်ခံလေ့မရှိ။ သတင်းကို တတ်နိုင်သမျှမှောင်ချထားသည်။ ဝူဟန်သို့ ဘေဂျင်းမှဒေါက်တာလီ သေဆုံးမှုကို စုံစမ်းရေးအဖွဲ့ တစ်ဖွဲ့ စေလွှတ်လိုက်သည်။ ထို့နောက် ဒေသဆိုင်ရာ တာ ဝန်ခံအရာရှိနှစ်ဦးကို အလုပ်မှ ထုတ်ပစ်ခဲ့သည်။

တာဝန်ရှိသူတို့က ဒေါက်တာလီသေဆုံးရခြင်းမှာ နိုင်ငံတော်အတွက် ပေးဆပ်ရခြင်းဖြစ်သည်ဟု ယူဆထားပုံရ သည်။ နိုင်ငံတော်ဆိုသည်မှာ ကွန်မြူနစ်ပါတီ ကိုဆိုလိုပါသည်။

ရောဂါဗေဒဆရာဝန်ကြီး ဇောင်နမ်ရှန် (Zhong Nanshan) မှာ SAR ရောဂါပိုးကို အရင်ဆုံးရှာတွေ့ခဲ့သူ ဆရာ ကြီးဖြစ်ပါသည်။ ဖေဖေါ်ဝါရီလ ၁၁ရက်နေ့က ရိုက်တာသတင်းဌာနသို့ ပြောရာတွင် “လူတိုင်းက သူ့ကို ဟီးရိုး တစ်ယောက်လို့ဘဲ ပြောကြပါတယ်၊ သူဟာ ဒီဇင်ဘာလကုန်တုန်းက လူတွေကို အမှန်အတိုင်းပြောခဲ့တာပါ၊ ကျွန်တော်ဟာ သူ့အတွက်ဂုဏ်ယူပါတယ်” ဟု ပြောရင်း မျက်ရည်များ စီးကျလာသည်။ လူအများကလည်း ထိုအတိုင်းပင် ယုံကြည်ကြပါသည်။

သူတို့က တရုတ်ကွန်မြူနစ်ပါတီကို မည်သူကဟီးရိုးဖြစ်ပြီး ဟီးရိုးဖြစ်ရန် ဘာတွေလုပ်ဖို့လိုသည်တို ့ကို ပြော ပြရန်မလိုဟု ယူဆသည်။

ဆင်ဝှါသတင်းဌာနက “လူတို့ကို မိမိတို့၏ပူဆွေးမှုများကိုစွမ်းအင်အဖြစ်ပြောင်းလဲပြီးနိုင်ငံအတွက် အလုပ်လုပ် ကြရန်” တိုက်တွန်းသည်။ ဒေါက်တာလီကို နမူနာယူပြီး သူ၏မပြီးဆုံးသေးသော လုပ်ငန်းများကို ဆက်လုပ်ကြရ မည်ဟုဆိုသည်။ ပြည်သူများက အစိုးရ၏ လုပ်ရပ်ကို မြင်ကြသည်။ သူတို့ဘာမှ မတတ်နိုင်ကြ။

လွန်ခဲ့သော တနင်္ဂနွေနေ့က အင်တာနက်တွင် သတင်းတစ်ပုဒ်ဖတ်ကြရသည်။ မသန်စွမ်းသောလူ၏ ရန်ချန် (Yan Chang) ၏အကြောင်းဖြစ်ပါသည်။ သူသည်မသန်စွမ်းသောကြောင့် တစ်ယောက်တည်းမနေနိုင်၊ ထို အတောအတွင်း သူ့ဖခင်မှာရောဂါကြောင့်သီးသန့်နေရန်ခေါ်ဆောင်ခြင်းခံရသည်။ ကလေးသည်တစ်ယောက် ထည်းဖြစ်နေပြီးဇန်နဝါရီလ ၂၉ရက်နေ့ကကွယ်လွန်သွားခဲ့ပါသည်။ ကလေး၏ပြုံးရယ်နေသော မျက်နှာကလေး ကိုတွေ့ရပုံမှာ ဂရုဏာ သက်ဖွယ်ဖြစ်ပါသည်။ ထိုသတင်းကို ဖတ်ရသူများမှာ တရုတ်အစိုးရ၏ လုပ်ပုံကိုသာ ဝေဖန်နေကြသည်။

(၃)

တရုတ်ပြည်တွင် တက္ကသိုလ်ကျောင်းများမှာတစ်ပတ်လျင်တစ်ကျောင်းပေါ်နေကြပါသည်။ တရုတ်တို့၏အောင် မြင်မှုများမှာ နေရာစုံ၊ ဘက်စုံဖြစ်သောကြောင့် ၂၁ ရာစု သိပ္ပံထွန်းကားနေသည်ဟုဆိုနိုင်ပါသည်။ ယခု ကိုရိုနာ ဗိုင်းရပ်အကြောင်း ပြည်သူတို့မသိအောင်ဖုံးကွယ်ရန်ကျိုးစားခြင်းမှာ ၁၉ ရာစုက ပေါ်လစီဖြစ်မည်ထင်ပါသည်။ အကျိုးဆက်မှာ တရုတ်ပြည်မှ အလယ်အလတ်တန်းစားလူများစုကမိမိတို့ကို အစိုးရကမသိမသာ သစ္စာဖေါက် (Betryal) သည်ဟုထင်မြင်သွားခြင်း ဖြစ်ပါသည်။

ထိုအတောအတွင်း ဝေဘိုမှ နို့တစ်တစ်စောင် အင်တာနက်မှတဆင့်ရောက်လာပါသည်။ လူကြီးမင်းကို အင်တာ နက်တွင် သတင်းရေးခြင်း၊ ရီပို့ပေးခြင်းကို ရက်၃၀ ပယ်လိုက်ကြောင်းဆိုပါ၏။ ဤစာမျိုးကိုရ၍မအံ့သြတော့ပါ။

ကိုသန်းလွင်

Ref: Even China can not censor the coronavirus story, Kiki Zhao, New York Time 15.Feb.2020