Breaking News

ကိုသန်းလွင် - တရုတ်နှင့်အိန္ဒိယ နယ်နိမိတ်အရေး


ကိုသန်းလွင် - တရုတ်နှင့်အိန္ဒိယ နယ်နိမိတ်အရေး

(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၀

Ref:How China and India came to lethal blow ByAjai Shukla New York Times June 22 2020.

(၁)

မေလဆန်းမှစတင်၍ တရုတ်ပြည်စစ်တပ်နှင့် အိန္ဒိယနယ်ခြားစောင့်တပ်တို့အကြား အခြေအနေတင်းမာ ခဲ့ပါသည်။ အခင်းဖြစ်ပွားသောနေရာမှာ ကာရာကိုရမ် (Karakoram) တောင်တန်းများတည်ရှိရာ အိန္ဒိယမြောက် ပိုင်းလာဒါး (Ladakh)ဒေသနှင့်သဲကန္တာရထူထပ်သည့်တရုတ်ပြည်အယ်လကာလိုင်း (Alkaline)ဒေသရှိအပ်ဆိုင် (Aksai) ချင်းတို့အကြားဖြစ်ပါသည်။ ဤဒေသကိုအိန္ဒိယကပိုင်ဆိုင်သည်ဟုပြောဆိုနေသည့်တိုင်တရုတ်စစ်သား များက တပ်စွဲထားပြီး တရုတ်တို့၏ ရှင်ဂျင်းဒေသ (Xinjiang) နှင့်နီးပါသည်။

ထိုဒေသသည် လူသူအရောက်အပေါက်နည်းပြီး အလွန်အေးသောသဲကန္တာရနယ်ဖြစ်ပါသည်။ ဆီးနှင်းဖုံး သောတောင်ကြီးများရှိပြီး လူနေအိမ်ခြေနည်းကာ စိုက်ပျိုးထားသောကွင်းများသည် ကျိုးတို့ ကျဲတဲသာရှိသည်။ ရေအမြဲအေးခဲနေသည့် ရာသီဥတုရှိပြီး ပင်လယ်ရေမျက်နှာပြင်ထက်ပေ ၁၄,ဝ၀ဝ အမြင့် မှာရှိပါသည်။ လွန်ခဲ့ သောအပါတ်ကကြီးမားသောလက်နပ်ကြီးများမကိုင်ရဟု ဆိုသဖြင့် လက်ကိုင်တုတ်များ၊ သံချောင်းရိုက်ထား သောတုတ်များ ဖြင့်ရိုက်နှက်ကြသည်။ အိန္ဒိယစစ်သား ၂၀ ခန့်သေကြေ၍ အများအပြားဒဏ် ရာရရှိခဲ့ကြ ပါ သည်။

ဗြိတိသျှတို့ကနယ်ခြားကို ဘော်ဒါလိုင်းမရှိ၊ အမှတ်အသားမရှိ၊ မြေပုံပေါ်တွင်လည်းအညွှန်းမရှိ ချန်ထား ခဲ့ခြင်းဖြစ်သည်။ ၁၉၅၀ခုနှစ်တွင် တရုတ်စစ်တပ်က တိဗက်ကိုသိမ်းလိုက်သောအခါ တရုတ် နယ်စပ်ဖြစ်လာပြီး နယ်စပ်တစ်လျှောက်အငြင်းပွားမှုများဖြစ်ပွားခဲ့သည်။ ပြဿနာဖြစ်သောနယ်မြေဧရိယာမှာ ၁၃၅,ဝ၀ဝ စတုရန်း မိုင်ရှိပြီး ယခုအခင်းဖြစ်ပွားသည့်နေရာမှာ ၃၅,ဝ၀ဝ စတုရန်းမိုင်ခန့်ရှိပါသည်။ အရမ်နချယ်ပရာဒက်ရှ(Arunchal Pradesh) ဟုအိန္ဒိယကခေါ်ပြီး တရုတ်တို့က ထိုနယ်ကို တောင်ပိုင်းတိဗက်ပြည် ဟုခေါ်ပါသည်။

(၂)

၁၉၆၂ ခုနှစ်ကလည်း နယ်နိမိတ်တစ်လျှောက် အငြင်းအခုံဖြစ်ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ရပါသည်။ တရုတ်တို့က အောင်နိုင်လိုက်ခါ အပစ်အခတ်များ ရပ်စဲပြီးနောက်စစ်မဖြစ်မီက မိမိပိုင်နယ်များအထိ ပြန်လည် ဆုတ်ခွာခဲ့ကြပါသည်။ ထို့နောက်စစ်တပ်နှစ်ခုသည် နယ်နိမိတ်မျဉ်းကြောင်းတစ်လျှောက် စောင့်ရှောက်ကြပြီး လက်နက်ကြီးများမပါသော ငြင်းခုန်ရမှုများမှာ နေ့စဉ်နှင့်အမျှရှိနေခဲ့ပါသည်။ စစ်ဖြစ်ခြင်းမှရှောင်ရှားရင်း တွေ့ဆုံ ဖြေရှင်းပွဲများမှာ စာချုပ်များကို ၅ ကြိမ်လက်မှတ်ထိုးပြီး နယ်နိမိတ်လမ်းကြောင်းများ သတ်မှတ်ခဲ့ကြပါသည်။

တရုတ်တို့က သူတို့ပိုင်နယ်မြေအတွင်းလမ်းများဖောက်ထားပြီး အိန္ဒိယပြည်ဘော်ဒါလိုင်းအတွင်းဘက်မှ နှေးကွေးစွာတိုးတက်မှုနှင့် (Infra Structure) ဆောက်လုပ်မှုကိုတရုတ်တို့က အမြဲတစေကန့်ကွက်ခဲ့ကြပါသည် အိန္ဒိယက ဆောက်လုပ်လျက်ရှိသော လမ်းများတွင် လားဒါးနယ်အတွင်းရှိ Darbuk -shyok -Daulat Beg Oldi လမ်းဖြစ်ပြီး ထိုလမ်းတွင် သွားလာရန်ခက်ခဲသောပင်လယ်ရေမျက်နှာပြင်ထက် ၁၆၀ဝ၀ ပေမြင့်သော နေရာများ ပါဝင်သည်။ ထိုနေရာတွင်နယ်နိမိတ်မျဉ်းကြောင်းနှင့်အပြိုင်ဖြစ်နေပြီး Daulat Beg Oldi ရှိအိန္ဒိယတပ်ရင်းတစ်ခု တပ်စွဲ ထားသောမြို့သို့ရောက်ပါသည်။ ထိုမြို့တွင် အိန္ဒိယလေတပ်စခန်းလည်းရှိပါသည်။ ၁၂ မိုင်ခန့်အဝေးတွင် မူ ကာရာကိုရမ် Pass ခေါ် ဖြတ်လမ်းရှိပြီး ထိုနေရာသည် ရှင်ဂျင်း နှင့် လာဒါး ပြည်တို့ကိုခွဲခြားထားသည့်နေရာ လည်းဖြစ်ပါသည်။

ထိုလမ်းတွင်တံတား ၃၇ စင်းမျှထိုးရပြီးရေခဲနေသည့်မြစ်ကိုဖြတ်ကာ ၁၉ နှစ်ကြာဖောက်လုပ်ခဲ့ရပါသည် အောက်တိုဘာလ ၂၁ ရက်နေ့က အိန္ဒိယကာကွယ်ရေးဝန်ကြီးက တံတားတခုကို ဖွင့်ပေးခဲ့သည်။ ထိုလမ်းပြီးစီး သွားသောကြောင့်အိန္ဒိယတပ်များကိုရာသီမရွေးမြစ်ရေကြီးချိန်များတွင်လည်း အလျင်အမြန်ရွှေ့ပြောင်းသွားလာ နိုင်ပါသည်။ 

တရုတ်ကထိုလမ်းမကြီးသည် တရုတ်နှင့်အိန္ဒိယတို့ပါဝါချိန်ခွင်လျှာကိုထိခိုက်သည်ဟုယူဆပါသည်။လွန် ခဲ့သော ၂ လခွဲက နီရမ်ဒါမိုဒီ၏ “အိန္ဒိယနိုင်ငံသစ်” လှုပ်ရှားမှုကိုလည်းတရုတ်က သတိပြုမိပါသည်။ အိန္ဒိယ က သြဂုတ်လ ၅ ရက်နေ့တွင်ကိုယ်ပိုင်အုပ်ချုပ်ရေးပေးထားသော ဂျမူးနှင့်ကက်ရှမီးယားနယ်ကိုလည်း လွတ်လပ်စွာ အုပ်ချုပ်ပိုင်ခွင့်ကို ပြန်လည်ရုတ်သိမ်းခဲ့ပါသည်။

အိန္ဒိယက ဂျမူး၊ ကက်ရှမီးယားနှင့် လာဒါးနယ် နှစ်ခုကို အုပ်ချုပ်ရာနယ်နှစ်ခုအဖြစ် သပ်သပ်ခွဲလိုက်သည်။ ပြည်ထဲရေးဝန်ကြီးအမစ်ရှား (Amit Shah) ကအိန္ဒိယပါလီမန်တွင် ပါကစ္စတန်ထိန်းချုပ်သော ကက်ရှမီးယားနှင့် တရုတ်ထိန်းချုပ်သော အပ်ဆိုင် ချင်းပြည်နယ် ၂ ခုစလုံးကို အိန္ဒိယကပိုင်သည်ဟုပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးရာဌာန ပြောခွင့်ရှိသူတစ်ဦးက အိန္ဒိယ၏အပြုအမှုကို လက်ခံနိုင်ဖွယ်ရာမရှိကြောင်း တရုတ်တို့၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စော်ကားရာရောက်သည်ဟုပြောပါသည်။ အိန္ဒိယလုပ်ရပ်မှာ တရားမဝင်ဘဲ ၄င်းကိုလက်သင့်မခံနိုင်ဟု ပြောပါသည်။ နယူးဒေလီအစိုးရက တရုတ်ပြောသည်ကိုလစ်လျူရှုထားပုံရပါသည်။ နိုဝင်ဘာလတွင် ဂျမူး၊ ကက်ရှမီးယားနှင့် လာဒါး တို့ ပါဝင်သောမြေပုံအသစ်ကို အိန္ဒိယမြေတိုင်းဌာနကထုတ် ပြန်ပါသည်။ အိန္ဒိယအစိုးရက အပ်ဆိုင်ချင်း ပြည်နယ်ကို လာဒါးနယ် အတွင်းသွပ်သွင်းပြီး သူတို့ပိုင်နေရာအဖြစ် သတ်မှတ်ထားပါသည်။ ထိုသို့လူသူအရောက်အပေါက်နည်းပြီးဧပြီ၊ မေလတိုင်အောင်ရေခဲသည့်မြင့်မားလှသော ဒေသတွင်ကိုရိုနာဗိုင်းရပ်ပင်မရောက်နိုင်ဟုဆိုသော်လည်းတရုတ်တို့ကအိန္ဒိယအပေါ်ခွင့်လည်းမလွှတ်မေ့လည်း မမေ့နိုင်ပါ။

မေနှင့်ဇွန်လတွင် အိန္ဒယပိုင်သည်ဆိုသောမြေမှ ၄၀ စတုရန်းမိုင်မျှ အကျယ်ကိုတရုတ်တို့က သိမ်းပိုက် လိုက်ပါသည်။ ၄င်းမြေထဲတွင် ဂါလဝမ် မြစ်ဝှမ်းဒေသ (Galwan River Valley) လည်းအပါအဝင်ဖြစ်ပါသည်။ ထိုကဲ့သို့ သိမ်းပိုက်လိုက် ခြင်းကြောင့် အိန္ဒိယက အသစ်ဖောက်လုပ်ထားသောလမ်းကို စောင့်ကြည့်နိုင်သည့် အပြင်လိုအပ်ပါကလက်နက်များနှင့် ပစ်ခတ်၍ ပိတ်ဆို့နိုင်ပါသည်။

အိန္ဒိယကဇွန်လ ၆ ရက်နေ့တွင်ဤလုပ်ရပ်ကိုကန့်ကွက်ခဲ့ပါသည်။ နှစ်ဘက်မျက်နှာချင်းဆိုင်အခက်အခဲ မှ လွတ်မြောက်ရေး ဆွေးနွေးကြပါသည်။ တရုတ်တို့က သဘောတူညီထားသည့်အတိုင်း ဤဒေသမှ ဆုပ်ခွာမ ပေးသည့်အပြင် ရာပေါင်းများစွာသော တရုတ်စစ်သားများက အိန္ဒိယစစ်တပ် ကိုတိုက်ခိုက်ကြပါသည်။ တရုတ် ပြည်က မိမိပိုင်ဒေသတွင် မိမိနေထိုင်သည်ကို အိန္ဒိယကကျူးကျော်လာသည် ဟုဆိုပါသည်။ ၁၉၉၆ နှင့် ၂၀ဝ၅ တွင် ချုပ်ထားသော စာချုပ်များအရ နယ်ခြားစောင့်တပ်များသည်သေနက်နှင့် လက်နက်ကြီးများကို ကိုင်ဆောင် ခွင့်မရှိပါ။ ရရာ သစ်သားဒုတ်များဖြင့် တိုက်ခိုက်ကြရာတွင်အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ရပါသည်။ အချို့ဒဏ်ရာ ရသူများကို ဂါလဝမ် မြစ်၏မတ်စောက်သော ကမ်းပါးမှ ပစ်ချကြသည်ဟု ဆိုပါသည်။

တရုတ်တို့က၄င်းတို့ဘက်မှအထိခိုက်ရှိသည်ကိုမထုတ်ပြန်ပါ။ သက်သေမရှိဘဲ အိန္ဒိယမီဒီယာကမှုတရုတ် ၄၃ ဦး သေဆုံးခဲ့သည်ဟုပြောပါသည်။ အိန္ဒိယအစိုးရသတင်းထုတ်ပြန်ရန်တစ်နေကုန်အချိန်ယူပြီးတရုတ်အစိုးရ ကို မထိခိုက်စေသောအသုံးအနှုန်းဖြင့် ကြေညာခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့က အိန္ဒိယဝန်ကြီးချုပ် နီရန်ဒါမိုဒီက သေဆုံးသွားသော အိန္ဒိယစစ်သားများအသက်ပေးရခြင်း မှာ အချည်းနီးမဟုတ်ကြောင်း၊ပြောဆိုသည်။ ဝန်ကြီးချုပ်မိုဒီက တရုတ်သမ္မတ ရှီကျင်းဖျင့်ကို ၂၀၁၄ ခုနှစ်က သူ့မွေးရပ်မြေ အမာဒါဘတ်သို့ ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်ကလည်း တရုတ်၊ ဘူတန်၊ အိန္ဒိယ ၃ နိုင်ငံ ဒေါ်ကာ (Dolka) နယ်ခြားနေရာတွင် အငြင်းပွားခဲ့ဖူးသည်။ ရက်ပေါင်း ၇၃ ရက်အကြာရင်ဆိုင်ခဲ့ရပြီးသွေးထွက် သန်ယိုမှုမရှိဘဲ ထိုငြင်းခုန်ပွဲမှာ ပြီးဆုံး ခဲ့သည်။ ထိုအကြပ်အတည်းတွင်အိန္ဒိယတို့ကနိုင်ငံရေးအရ အမြတ်ထုတ် ခြင်းဖြင့်စခန်းသိမ်းခဲ့သည်။ တရုတ်တို့က တပ်စွဲထားလင့်ကစား အိန္ဒိယနိုင်ငံက ဘာမှမတုန့်ပြန်ခဲ့ပါ။

၂၀၁၈ ခုနှစ်က တရုတ်သမ္မတကြီးနှင့် ဝူဟန် တွင်တွေ့ဆုံခဲ့သေးသည်။ မိုဒီက တွေ့ဆုံပွဲ ၂ ခုလုံးသည် အားရစရာကောင်း၍ အကြပ်အတည်းကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့သည်ဟု ကြေညာသည်။ အတိုက်အခံတို့က မှု ထိုင်ဝမ်အရေး၊ ဟောင်ကောင်အရေးနှင့် ယခုကိုရိုနာဗိုင်းရပ်ပြန့်ပွားခြင်းသည်တို့အပေါ် အသံမထွက်၊ ရေငုံ နုတ်ပိတ်နေရသော သူတို့ဝန်ကြီးချုပ်ကို အပြစ်ဖို့နေကြပါသည်။

(၃)

ထိုအတောအတွင်း အမေရိကန်အစိုးရကအိန္ဒိယအစိုးရကို အကူညီလိုသလား ဟူ၍ အကြိမ်ကြိမ် မေးမြန်း ခြင်းပြုခဲ့ပါသည်။ မေးလိုက်တိုင်း အိန္ဒိယသည် မိမိတို့ပြဿနာကို မိမိတို့ဘာသာဖြေရှင်းနိုင်ပါသည် ဟူ၍ သာ အကြောင်းပြန်ခဲ့သည်။

တရုတ်တို့နှင့် ဘော်ဒါကိစ္စ သူပိုင်ငါပိုင်ဆွေးနွေးခြင်းဖြင့် ပြဿနာသည်ရေရှည်တွင် လိပ်ခဲတင်းလင်းဖြစ် သွားနိုင်သည်။ အကယ်၍ တရုတ်တို့က သိမ်းပိုက်ထားသောနေရာမှ ဆုတ်မပေးပါက အိန္ဒိယပြည်သည် အမေရိကန်မှ အကူအညီတောင်းခံနိုင်ပါသည်။

ကိုသန်းလွင်
Ref:How China and India came to lethal blow ByAjai Shukla New York Times June 22 2020.