Breaking News

ကိုသန်းလွင် - စပိန်ဘုရင် နှင့်အခွင့်အာဏာ

ကိုသန်းလွင် - စပိန်ဘုရင် နှင့်အခွင့်အာဏာ

(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၀

(၁)

စပိန်ဘုရင်ဖြစ်သူ ဖိလစ် (Felipe) သည်ဖခင်ဖြစ်သူ စပိန်ဘုရင်ဟောင်း စွမ်ကားလို့ (Juan Carlos) ထံမှ သြဂုတ်လ ၃ ရက်နေ့တွင် စာတစ်စောင်လက်ခံရရှိခဲ့ပါသည်။ ထိုစာတွင် ဘုရင်ကြီးက သူ့စပိန်နိုင်ငံမှထွက် ခွာသွားပြီဖြစ်ကြောင်း၊ သူ့ကိုစစ်ဆေးရန်ရှိပါက စစ်ဆေးခံရန် လက်လှမ်းမီသည့်နေရာတွင်ရှိနေမည်ဖြစ်ကြောင်း၊ အကြောင်းကြားခဲ့ပါသည်။ သူ ဘယ်အရပ်ဒေသသို့ထွက်ခွါသွားသည်ကို တရားဝင်ထုတ်ဖေါ်ပြောကြားခြင်းမရှိ သော်လည်း အာရပ်စော်ဘွားများ နိုင်ငံတွင်ရှိနေသည်ဟုယုံကြည်ရပါသည်။

(၂)

၁၉၉၆ ခုနှစ်တွင် ကာလို့စ်၏လျှို့ဝှက်ချစ်သူဖြစ်သည့် ဘာဘရာ ရေး (Babra Rey) ကိုစပိန်သတင်းစာ ဖြစ်သည့် (El Mondo) မှ အင်တာဗျူးလုပ်ရန်စီစဉ်ခဲ့ပါသည်။ သတင်းစာက သူတို့ဇတ်လမ်းကိုဖုံးကွယ်ထားရန် အတွက် စပိန်ဘုရင်ကငွေကြေးပေး ရန်သဘောတူညီကြောင်း ကိုအထောက်အထား ရလိုခဲ့သည်။ မစ္စရေးမှာ ဘေးမှ ဖိအားများကြောင့် အင်တာဗျူး မလုပ်နိုင်ခဲ့ပါ။ ထို့ကြောင့်ဘုရင် ၏အားနည်းချက်နှစ်ခုဖြစ်သောမိန်းမနှင့် ငွေအကြောင်းကို ဘယ်သူမှမသိရဘဲ နှစ်ပေါင်း ၂၀ ကြာမျှ လျှို့ဝှက်ထားနိုင်ခဲ့ပါကြသည်။ ထို့ကြောင့် ဘုရင်ကြီး မှာ အဝတ်များ မရှိကြောင်းကို စပိန်ပြည်သားတို့ကသိသော်လည်း မျက်နှာလွဲ နိုင်ခဲ့ကြပါသည်။

ခေတ်မမှီတော့သော မိတ်ဆွေတို့အပေါ် သစ္စာရှိမှု၊ စပိန်ဘုရင်တို့၏ပါတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ပိတ်မှောင်နေသည့်ပါတ်ဝန်းကျင်၊ ဘုရင်တို့အပေါ်တွင်ဘာမှအရေးမယူနိုင်အောင်လုပ်ထားသောဖွဲ့စည်းအုပ်ချုပ် ပုံ ုအခြေခံဥပဒေ တို့ကြောင့် ဘုရင်ကြီးမှာ ဥပဒေ၏ အထက်တွင်ရှိနေခဲ့ပါသည်။ ဘုရင်ကိုတရားမစွဲနိုင် ချိန်တွင် ဘုရင်ကြီးမှာအာရပ်နိုင်ငံ အာဏာရှင်ခေါင်းဆောင်များထံမှ ငွေကြေးအမြောက်အများ ရရှိခဲ့ပါသည်။ ၂၀၁၂ခုနှစ် ကစပိန်နိုင်ငံတွင် Recession ဖြစ်၍ စီးပွားရေးကပ်ဆိုက်နေပြီး ၂၅% မျှသော စပိန်နိုင်ငံ သားများသည်အလုပ် လက်မဲ့ဖြစ်နေချိန်တွင်သူ့ချစ်သူဂျာမန်စီးပွားရေးလုပ်ငန်းရှင် လာစင် (Corinna Larsen) ထံသို့ယူရိုငွေ ၆၅ သန်း ကိုလွှဲပြောင်းပေးခဲ့ပါသည်။

ထိုကိစ္စလူသိရှင်ကြားဖြစ်လာသောအခါ ဘုရင်ကြီးမှာ မနေတော့ဘဲ နိုင်ငံရပ်ခြားသို့ထွက်သွားရန်ပြင် ဆင်ပါတော့သည်။ ထိုကိစ္စမှာတကယ်ကတော့ ဘုရင်ကြီး၏ပြစ်မှုများတွင် (Tip Of The Iceberg) သဖွယ်ရေ ပေါ်တွင်ပေါ်နေသော အပိုင်းအစမျှသာဖြစ်ပါသည်။

ယခုအခါ ဘယ်မှာရောက်နေသည်ကိုတရားဝင်မသိရပါ။ အစိုးရနှင့် ဘုရင်တို့၏ လျှို့ဝှက်ဆွေးနွေးမှုများ မှ ထိုသို့ အဖြေထွက်လာခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်ထိ စပိန်ပြည်သူများမှာ ဘာအကျိုးအကြောင်းမှ ရေရေ ရာရာ မသိကြရသေးပါ။

သူ့ကို ဆွစ်ဇာလန်နိုင်ငံကလည်းစစ်ဆေးနေပြီး ၂၀ဝ၈ ခုနှစ်က ဆော်ဒီအာရေးဗီးယားဘုရင်ထံမှယူရို ငွေသန်း ၁၀ဝ မျှရရှိခဲ့သည်ဟုဆိုသည်။ တကယ်က၂၀၁၄ ခုနှစ်တွင် သားဖြစ်သူကို ထီးနန်းလွှဲအပ်ကာ စပိန် နိုင်ငံကို နှစ်ပေါင်း ၄၀ ကျော်မျှ အုပ်ချုပ်ခဲ့သူသည် ဤကဲ့သို့စစ်ဆေးခံရချိန်တွင် စပိန်နိုင်ငံအတွင်း ၌သာရှိနေ သင့်ပါသည်။ သူ၏လန်ဒန်တွင်ရှိသော အိမ်၊ လှေ (Yatch)၊ ဖါရေရီ (Ferrari) ကားနှင့် မော်ရိုကို နိုင်ငံရှိ မြေတို့ မှာ စုစုပေါင်းယူရိုငွေ ၆၂ သန်းမျှ တန်သည်။ လန်ဒန်မှ အိမ်မှာ အိုမန်နိုင်ငံဘုရင်ထံမှ လက်ဆောင်အဖြစ် ရရှိခဲ့ ရာ ထိုလက်ဆောင်များသည် ဘာမှလုပ်မပေးဘဲ ရရှိခဲ့သည်မဟုတ်ပေ။

ဆော်ဒီတို့ထံမှရသည့် ယူရိုငွေသန်း ၁၀ဝ မှာ ဘုရင်သည် မက္ကာနှင့် မက်ဒီနာအကြား ၆ ဒဿမ ၇ ဘီလီယံ တန်သော ရထားလမ်း ပရောဂျက်အတွက် ကော်မရှင်ရခဲ့ခြင်းဖြစ်သည်ဟု စပိန် အမြင့်ဆုံးတရားရုံး မှစစ်ဆေး သူတို့ကယူဆသည်။

ယခုကျွန်တော်တို့သိရှိရသည်မှာ စပိန်ဘုရင်သည် စပိန်တို့၏ခေါင်းဆောင်အလုပ်အပြင်အလုပ် ကန် ထရိုက်ရရှိရန် “လော်ဘီ” လုပ်သည်ဟူ၍ဘဝနှစ်ခုနေလေ့ရှိကြောင်းသိခဲ့ကြပြီဖြစ်သည်။ စပိန်ဘုရင်ကို စစ်ဆေး ရန်အတွက် ကော်မရှင်ဖွဲ့ရန်ကြိုးစားခြင်းကို နိုင်ငံ၏ပါလီမန်က တားမြစ်ခဲ့သည်။ ထို့ကြောင့် စပိန်နိုင်ငံတွင်တာ ဝန်ထမ်းဆောင်သွားကြသော ဝန်ကြီးချုပ်များကို ဘုရင်၏လုပ်ရပ်နှင့် ပါတ်သတ်၍ သူတို့သိမသိမေးမြန်းရန်အ ခွင့်အရေး ဆုံးရှုံးသွားသည်။ ဘုရင်၏လုပ်ရပ်မှာ စပိန်နိုင်ငံ၏ နိုင်ငံခြားရေးဝါဒကို ထိခိုက်ဖွယ်ရာရှိရာ ၄င်းတို့ သည်ဘုရင်ကြီးနန်းစွန့်ချိန်တွင်ဘုရင်ကို မစစ်ဆေးရဟူသော(Immunity) မှာကုန်ဆုံးသွားပြီဖြစ်၍ မေးမြန်းစရာ ရှိသည်တို့ကို မေးမြန်းရန်ဖြစ်နိုင်သည်။

၁၉၉၅ ခုနှစ်က အများသူငါသိစီးပွားရေး လုပ်ငန်းရှင် ရိုကာ (Javier De Roca) ကသတင်းစာသို့ပြော ရာတွင် ပင်လယ်ကွေ့စစ်ပွဲအတွင်းက ကူဝိတ်ဘုရင်ထံမှ ဒေါ်လာ ၁၀ဝ သန်းဆာဒမ်ဟူစိန်ကိုဆန့်ကျင်ရန်မဟာ မိတ် ဖွဲ့စည်းရာတွင်ပါဝင်ရန်အတွက် ပေးခဲ့ရသည်ဟုဆိုသည်။ စပိန်တို့သည် ဆယ်စုနှစ်များစွာအာရပ်အာဏာ ရှင်များ ကို ကမ္ဘာကထောက်ခံခဲ့ရန်အတွက် (Legitimacy) ကိုပေးခဲ့သည်။ ၂၀၁၈နိုဝင်ဘာလတွင် ဆော်ဒီအာ ရေးဗီးယား အိမ်ရှေ့မင်းသားကသတင်းထောက် ခါရှောက်ဂျီကိုသတ်ဖြတ်ရန်အမိန့်ပေးခဲ့သည်ဟု ကမ္ဘာကယူဆ နေချိန်တွင်စပိန်ဘုရင်ကြီးသည်အိမ်ရှေ့မင်းသား၏မိတ်ဆွေအဖြစ်ဆော်ဒီအာရေးဗီးယားကိုရောက်လာကြောင်း ဆော်ဒီမီဒီယာများက ဖော်ပြခဲ့ကြသည်။

ဘာရိန်းနိုင်ငံ၏ဒီမိုကရေစီရေးဆန္ဒပြပွဲများကို နိမ်နှင်းနေချိန်တွင် ဘာရိန်း နိုင်ငံသို့မကြာခဏခရီး သွားရောက်ခဲ့သည်မှာ ညီအစ်ကို “ဘုရင်စနစ်”ကို ဆက်လက်ထိန်းသိမ်းထားကြရန်ဖြစ်သည်။ နိုင်ငံအချင်းချင်း တိုင်ပင်ခြင်းထက်သူ့ဘဏ်အကောင့်ထဲသို့ငွေထည့်ပေးထားခြင်းဖြစ်နိုင်ပါသည်။ ဘုရင်၏မန်နေဂျာတစ်ယောက် ကအာဏာပိုင်များကို ပြောကြားရာတွင် ဘာရိန်းမြို့တော် မာနားမားမြို့မှပြန်လာသောအခါ Brief Case ထဲတွင် ဒေါ်လာ ၁ ဒဿမ ၉ သန်းပါလာခဲ့သည်ဟုဆိုသည်။

ကျွန်တော်တို့သည် ဆွတ်ဇာလန်နိုင်ငံနှင့် စပိန်နိုင်ငံတို့၌ရှိသော တရားသူကြီးများ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေရသည်။ ဘုရင်ကြီးသည် လူ့ယဉ်ကျေးတို့ ခွင့်မပြုသော အပြုအမူမျိုးကို လုပ်ခဲ့သည်မှာသေချာ ပါသည်။ ဘုရင်ကြီးကစပိန်နိုင်ငံကို အာဏာရှင်အဖြစ်မှဒီမိုကရေစီနိုင်ငံဖြစ်အောင် ပြောင်းလဲပေးခဲ့ခြင်းကြောင့် စပိန်လူမျိုး တို့၏ ချစ်မြတ်နိုးခြင်းကို ခံယူရသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ သို့သော ်တစတစ သက်သေ အထောက်အထားများပေါ်လာခြင်း၊ စုံစမ်းစစ်ဆေးမှုများအရှိန်ရလာသည်နှင့်အမျှသိလာရခြင်းတို့မှာ အရေး မကြီးတော့ပါ။ နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များအုပ်စုနှင့် သတင်းသမားများပေါင်းစပ်ပြီး ဘုရင်ကြီး ကို အကာအကွယ်ပေးလာခဲ့ကြပါသည်။ အမှန်တရားအတွက်ပြောဆိုချက်များမှာဘုရင်စနစ်ကို ကြိုက်နှစ်သည်၊ ကြိုက်နှစ်သက်ခြင်းမရှိစသည့် အငြင်းအခုံပွဲအဖြစ်ပြောင်းလဲခဲ့ရပါသည်။

သူ့ကိုကာကွယ်သူများက ဘုရင်ကြီးသည်ဘယ်အလုပ်ကိုဘဲလုပ်နေပါစေ၊ ဒီမိုကရေစီ၏ ဖခင်ကြီး အဖြစ်မှ လျှော့ကျမသွားနိုင်ပါ။ ဤအချိန်၌ ကက်တလိုးနီးယား ကစပိန်နိုင်ငံ မှခွဲထွက်ရန် လွတ်လပ်ရေးတောင်း ဆိုနေချိန်မှာဖြစ်ရာတိုင်းပြည်၏ (Institution) ကြီးများကိုကာကွယ်ထားရပေမည်။ ဤအချက်မှာပြောသင့်သော အချက်ဖြစ်ပြီး များစွာ အဓိပ္ပာယ်ကတော့မရှိလှပါ။ နိုင်ငံရေးအင်အားစုများက ဘုရင်စနစ် ပြိုပျက်ရန်ကြိုးစားနေ ချိန်တွင် ပို၍အရေးစိုက်သင့်ပါသည်။ သို့ပါသော်လည်း လူအများမငြင်းပယ်နိုင်သည့်အချက်မှာ စပိန်နိုင်ငံ တွင် ဘုရင်စနစ်ကို ပျက်လိုပျက်စီးဖြစ်အောင် ပြုလုပ်သူမှာ ဘုရင်ကြီးကိုယ်တိုင် ဖြစ်နေခြင်းပင်ဖြစ်သည်။

(၃)

ဥရောပတွင် ဘုရင်စနစ်မှာ သံတမန်အရေးအခင်းများကို ကျင်းပခြင်းမျှသာကျန်ပါတော့သည်။ မျိုးချစ် စိတ်ရှိစေရန်နှင့် အခမ်းအနားများကို ကျင်းပပေးရန်တို့သာရှိပါသည်။ စပိန်ဘုရင်၏ အပြုအမှုများနှင့်မကြာခင် က မှပေါ်ပေါက်ခဲ့သော ဗြိတိသျှမင်းသား အင်ဒရူးနှင့် ဂျက်ဖရီ အက်စတိုင်း (Jeffrey Epstein) တို့ စပ်ဆက်မှု များကြောင့် ဘုရင်စနစ်မှာများစွာနာမည်ပျက်ခဲ့ရပါသည်။ ထို့ကြောင့် ဘုရင်စနစ်သည်ခေတ်နှင့် ကိုက်ညီခြင်းရှိ မရှိ ဟူသောမေးခွန်းပြန်လည် ပေါ်ပေါက်ခဲ့ရပါသည်။

စပိန်နိုင်ငံ၏ဘုရင်စနစ်ကို အနားယူခြင်းဖြင့်မကယ်တင်နိုင်ပါ။ ဘုရင်ကြီးကိုအန္တရာယ်မပြုရန် ကာကွယ် ပေးထားခြင်းဖြင့် လက်ရှိဘုရင် ဖိလစ်ကို သူသည်လည်း ဘုရင်ကြီးကဲ့သို့သောသဘောထားမျိုး (Treatment) ကို ရမှာဘဲဟု ထင်စရာဖြစ်နေတော့သည်။ စပိန်တို့အတွက်လိုနေသည်မှာပွင့်လင်းသောဆွေးနွေးမှုဖြစ်ပါသည်။ လုပ်ချင်ရာလုပ်ပိုင်ခွင့်ကိုရုတ်သိမ်း ၍အားလုံးကိုထင်သာမြင်သာရှိအောင်ဘုရင်စံနစ်နှင့် နိုင်ငံကလက်ခံနိုင်သော ပုံစံ ကိုဆွေးနွေးကြရန်ဖြစ်ပါသည်။

ဘုရင်ကြီးအဝတ်အစားမရှိသည့်အဖြစ်ကို ပြည်သူအများကပြောနိုင်ဆိုနိုင်ခွင့် ရှိမှသာအများကသိနိုင်ပါ လိမ့်မည်။ အဖြစ်အပျက်ကိုမမြင်ဟန်ဆောင်၍ မျက်နှာလွှဲနေခဲ့သည်မှာ ကာလကြာရှည်ခဲ့ပါပြီ။

ကိုသန်းလွင်

Ref: A Spanish King’s Immoral Double Life By David Jimenez New York Times August 15.2020