ကိုသန်းလွင် - ဂစ်စကပ် ဒက်စတိုင်း
ကိုသန်းလွင် - ဂစ်စကပ် ဒက်စတိုင်း
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၂၀
(၁)
Valery Giscard d’Estine (၁၉၂၆-၂၀၂၀) ဂစ်စကပ် ဒက်စတိုင်း သည် ခေတ်မှီ အတွေးအခေါ်များနှင့် ၁၉၇၄ ခုနှစ်တွင် ပြင်သစ်ပြည်၏ သမ္မတလုပ်ခဲ့ပါသည်။ ပြင်သစ်ကို ပုံစံအမျိုးမျိုးနှင့် အယူအဆကွဲပြား ခြားနား နေခြင်းမှ စုစည်းနိုင်အောင် ကြိုးစားရင်း ၇ နှစ်အကြာတွင် သူမအောင်မြင်နိုင်ခဲ့သည်ကို သိခဲ့ရသူဖြစ်ပါသည်။ သူသည် ဒီဇင်ဘာ ၂ ရက်နေ့က သူ၏မိသားစုရှိရာ Lori-et-cher အရပ် ပြင်သစ်ပြည်အလယ်ပိုင်းနေအိမ်တွင် ကွယ်လွန်သွားခဲ့ပါပြီ။ သူသည် အသက် ၉၄ နှစ်ရှိပါပြီ။
သူ၏ဖောင်ဒေးရှင်းမှပြောသည်မှာသူသည် Covid-19 ရောဂါဖြင့်ကွယ်လွန်သည်ဟုဆို၏။ ပြင်သစ်ပြည်၏ အကောင်းဆုံးကျောင်းမှဘွဲ့ရခဲ့ပြီး မှူးမတ်မျိုးရိုးဖြစ်ခါ အမြင့်ဆုံးရာထူးများမှာ သူ့တို့ အတွက် ရပိုင်ခွင့် ဖြစ်သည် ဟု ယူဆခဲ့ပါသည်။ ထိုသို့ယုံကြည်သည့်အတိုင်း သမ္မတရာထူးကိုလျင်မြန်စွာရရှိခဲ့ပါသည်။
သို့သော် ၁၉၈၁ ခုနှစ် သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရာတွင် သမ္မတမီထရောင်းကို ရှုံးနိမ့်ခဲ့ပြီး နန်းတော်မှ စွန့်ခွာပေးခဲ့ရပါသည်။ ပြင်သစ်လူမျိုးအနည်းငယ်ကသာ သူ့ကိုကြီးမြတ်သည်ဟု ယူဆခဲ့ပါသည်။ ဒက်စတိုင်း နန်းတော်သို့ရောက်ခဲ့ရသည်မှာ သမ္မတဒီဂေါနှင့် ပွန်ပီဒူး တို့၏လက်မှလွှဲပြောင်းယူခဲ့ခြင်းဖြစ်ပြီး ပြည်သူတို့၏ အကျိုး ကို ပိုမိုဖြည့်စွမ်းနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြပါသည်။
သို့သော် ၁၉၈၁ ခုနှစ် သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရာတွင် သမ္မတမီထရောင်းကို ရှုံးနိမ့်ခဲ့ပြီး နန်းတော်မှ စွန့်ခွာပေးခဲ့ရပါသည်။ ပြင်သစ်လူမျိုးအနည်းငယ်ကသာ သူ့ကိုကြီးမြတ်သည်ဟု ယူဆခဲ့ပါသည်။ ဒက်စတိုင်း နန်းတော်သို့ရောက်ခဲ့ရသည်မှာ သမ္မတဒီဂေါနှင့် ပွန်ပီဒူး တို့၏လက်မှလွှဲပြောင်းယူခဲ့ခြင်းဖြစ်ပြီး ပြည်သူတို့၏ အကျိုး ကို ပိုမိုဖြည့်စွမ်းနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြပါသည်။
(၂)
သို့သော် ပြင်သစ်အစိုးရသည် သူ့လက်ထက်တွင် ဦးစီးချုပ်ကိုင်မှု များခဲ့ပြီး အနောက်ဥရောပနှင့် မြောက် အမေရိကတို့မှ အစိုးရများနှင့် နှိုင်းစာပါက လုပ်ပိုင်ခွင့်များ ပိုမိုချုပ်ကိုင်ခဲ့ပါသည်။ သမ္မတမီထရောင်းက မဲဆွယ်ပွဲ များတွင် ဤသို့ပင် စွတ်စွဲပြောကြားခဲ့ပါသည်။ သူက ဒက်စတိုင်းသည် လုံးဝသြဇာအာဏာကိုပိုင်စိုးပြီး ပြည်သူ တို့ကို ဂရုစိုက်ရန်ပျက်ကွက်ခဲ့သည်ဟု စွတ်စွဲခဲ့ပါသည်။ သူသမ္မတ လုပ်ခဲ့စဉ်ကာလက ဥရောပသည် စစ်ကြီး အပြီး အနှစ် ၂၀ မျှကြာအောင် စီးပွားရေးနယ်ပယ်ချဲ့ထွင်ချိန်နှင့်တိုက်ဆိုင်နေပြီး စီးပွားရေးမှာ အခြေမခိုင်သော အနေအထားရှိခဲ့ပါသည်။ ပြင်သစ်ပြည်၏ အိုမင်းနေသော လူအုပ်စုကို တိုးတက်၍အမြင်သစ်ရှိသောလူငယ်များ က တာဝန်ကို ဝင်ထမ်းရ သည်နှင့်တူနေပါသည်။
သို့သော် ပြင်သစ်အစိုးရသည် သူ့လက်ထက်တွင် ဦးစီးချုပ်ကိုင်မှု များခဲ့ပြီး အနောက်ဥရောပနှင့် မြောက် အမေရိကတို့မှ အစိုးရများနှင့် နှိုင်းစာပါက လုပ်ပိုင်ခွင့်များ ပိုမိုချုပ်ကိုင်ခဲ့ပါသည်။ သမ္မတမီထရောင်းက မဲဆွယ်ပွဲ များတွင် ဤသို့ပင် စွတ်စွဲပြောကြားခဲ့ပါသည်။ သူက ဒက်စတိုင်းသည် လုံးဝသြဇာအာဏာကိုပိုင်စိုးပြီး ပြည်သူ တို့ကို ဂရုစိုက်ရန်ပျက်ကွက်ခဲ့သည်ဟု စွတ်စွဲခဲ့ပါသည်။ သူသမ္မတ လုပ်ခဲ့စဉ်ကာလက ဥရောပသည် စစ်ကြီး အပြီး အနှစ် ၂၀ မျှကြာအောင် စီးပွားရေးနယ်ပယ်ချဲ့ထွင်ချိန်နှင့်တိုက်ဆိုင်နေပြီး စီးပွားရေးမှာ အခြေမခိုင်သော အနေအထားရှိခဲ့ပါသည်။ ပြင်သစ်ပြည်၏ အိုမင်းနေသော လူအုပ်စုကို တိုးတက်၍အမြင်သစ်ရှိသောလူငယ်များ က တာဝန်ကို ဝင်ထမ်းရ သည်နှင့်တူနေပါသည်။
ဘူ၏လက်ထက်က ပဲရစ်မြို့ကိုဈေးချိုသော နျူကလီယာ လျှပ်စစ်ဓာတ်အားဖြင့် ဖြန့်ဖြူးနိုင်ခဲ့သည်။ ဈေး ချိုသောလျှပ်စစ်ဓာတ်အားကြောင့် စက်မှုလက်မှုထုတ်ကုန်ပစ္စည်းများမှာ ပိုမိုပြိုင်ဆိုင်နိုင်အားရှိလာသည်။ စီးပွား ရေးကောင်းလာသောပြင်သစ်အစိုးရသည်နိုင်ငံခြားရေးဝါဒတွင်ပေါ်လစီချမှတ်ရာ၌ဆုံးဖြတ်ချက်များမှာစိတ်ပျက် စရာများနှင့်တွေ့ ကြုံရသည်။
ဂစ်စကပ်သည် ဥရောပကောင်စီပေါ်ထွက်လာရေးအတွက်တွန်းအားပေးဆောင်ရွက်ခဲ့သည်။ ခေါင်းဆောင် များအချိန်မှန်မှန် စုစည်းတွေ့ဆုံနိုင်ရေးကို ဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဂျာမနီနှင့်ပူးပေါင်း ဆောင်ရွက်ရန် အဓိပတိ ဟဲလ်မွတ် ရှမစ် နှင့်ခင်မင်ရင်းနှီးစွာပေါင်းသင်း ဆက်ဆံနိုင်ခဲ့သည်။
ဂစ်စကပ် ဒက်စတိုင်းကိုဂျာမနီပိုင် Kolblez နယ်တွင် ၁၉၂၆ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်မွေးဖွားခဲ့ပါသည်။ သူ၏ဖခင် အက်ဒမွန် (Edomon) မှာထိုစဉ်က ဘဏ္ဍာရေးဝန်ကြီးအဖြစ် ပြင်သစ်တို့ သိမ်းပိုက်ထားသော ဂျာမနီ နယ်တွင်ရှိနေစဉ်မွေးဖွားခြင်းဖြစ်ပါသည်။ သူ့မိခင်ဖြစ်သူမေဗာဒိုး(May Bardoux)မှာနိုင်ငံရေးအရတက်ကြွသော မိသားစုတွင် ပါဝင်ခဲ့သည်။ သူသည် ပြင်သစ်ပြည်ကို ၁၇၁၅ မှ ၁၇၇၄ အထိအုပ်ချုပ်ခဲ့ဘုရင် လူးဝစ် (Bourbon King Louis XV) ၏အနွယ်တော်ဖြစ်သည်။ ပြင်သစ်တော်လှနေ်၇းမတိုင်မီကအုပ်ချုပ်ခဲ့သော ဘုရင်မျိုးရိုးမှလာ သည်ဟုဆိုနိုင်ပါသည်။
သူသည် ပြင်သစ်ပြည်၏ကျော်ကြားသော ပဲရစ် Lycee Janson de Sailly ကျောင်းမှဘွဲ့ရခဲ့သည်။ ဆယ် ကျော်သက်အရွယ်က ဂစ်စကပ်သည်စစ်ကြီးအတွင်းတင့်ကားတပ်ရင်းတွင်တာဝန်ထမ်းဆောင်ရပြီး ၁၉၄၅ ခုနှစ် ပြင်သစ်မှ ဂျာမနီကို သိမ်းပိုက်ရာတွင် ပါဝင်ခဲ့သည်။ သူ၏ထူးချွန်မှုကြောင့် Crois de Guerre နှင့် Bronze Star ဆုများချီးမြှင့်ခံခဲ့ရသည်။
စစ်ပြီးသော် Ecole Polytechinique မှ အတန်းထဲတွင် ထိပ်ပိုင်းမှဘွဲ့ရခဲ့သည်။ ထိုကျောင်းမှာ အစိုးရ ဗျူးရိုကရေစီကို အုပ်ချုပ်မည့် ခေါင်းဆောင်ကောင်းများမွေးထုတ်ရာကျောင်းဖြစ်ပါသည်။
၁၉၅၂ ခုနှစ်တွင် ကျောင်းဆင်းပြီး ဘရန်တီး (Anne Aymone Sauvage de Brantes) နှင့်လက်ထပ်ခဲ့ သည်။ ၄င်းသည် ပြင်သစ် ပြည်၏ သံမဏိများထုတ်လုပ်သော စက်ရုံများကို ပိုင်သော မိသားစုမှ ဆင်းသက်လာ သည်။ သူ့တွင် သား ၂ ယောက်နှင့် သမီး ၂ ယောက်ကျန်ရစ်သည်။
၁၉၅၃ ခုနှစ်တွင် အစိုးရဘဏ္ဍာရေးဝန်ကြီးဌာနတွင်အလုပ်လုပ်ရင်းအဆင့်ဆင့်ရာထူးများတိုးတက်ခဲ့သည်။ သူသည်ပြင်သစ်ဝန်ကြီးချုပ် အက်ဂါဖိုး (Edgar Faure) ၏လက်ထောက်ဖြစ်လာခဲ့သည်။ သူသည်ပြင်သစ်လွှတ် တော် (National Assembly) သို့၁၉၅၆ ခုနှစ်တွင်အရွေးခံခဲ့သည်။ သူသည် Auvergne နယ်ကို ကိုယ်စားလှယ် ပြုပြီး စက်မှုတတ်ကျွမ်း၍၊ စကားပြော ကောင်းသူအဖြစ်အမည်ရလာခဲ့သည်။
နောင် ၃ နှစ်ကြာသောအခါ ၁၉၅၉ ခုနှစ် သမ္မတဒီဂေါက ပဉ္စမနိုင်ငံထူထောင်သောအခါ သူ့ကို ဘဏ္ဍာရေး ဌာနသို့ ဖိတ်ခေါ်ပြီး ဝန်ကြီးအဖြစ်ခန့်ထားခဲ့သည်။ အသက် ၃၄ နှစ်အရွယ်တွင် အငယ်ဆုံးဝန်ကြီးဖြစ်လာသည်။ ပထမဆုံး ဘတ်ဂျက်မိန့်ခွန်းကို ရည်ညွှန်းစရာနုတ်စာအုပ်များမပါဘဲ ပါလီမန်သို့ အလွတ်ပြောခဲ့သည်။ သူသည် ဒီဂေါ ၏ ဂေါလစ် ပေါ်လစီများကို ထောက်ခံသူဖြစ်သည်။ ကမ္ဘာ့ငွေကြေးစနစ်တွင် အမေရိကန်ဒေါ်လာကလွှမ်း မိုး လျက်ရှိရာ ဒေါ်လာမှလွဲ၍ အခြားငွေကြေးကို သုံးစွဲရန်ဆော်သြသူတယောက်ဖြစ်လာသည်။ ဥရောပတွင် အမေရိကန် ကုမ္ပဏီများစိုးမိုးနေခြင်းကိုလည်းဆန့်ကျင်ခဲ့သူဖြစ်သည်။ သူ၏ပေါ်လစီများကို ဒီဂေါနှင့် ပွန်ပီဒူး တို့ က သဘောမကျခဲ့ကြပေ။
သူကနှစ်စဉ်ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ခဲ့သည်။ အမျိုးသားအသုံးစရိတ်ကိုထိန်းသိမ်းခြင်း အကောက် ခွန်ကို တိုးမြှင့်ကောက်ခံခြင်း၊ အလုပ်သမားများနှင့် ကုန်ဈေးနှုန်းထိန်းပေးခြင်း စသည်တို့ကိုလုပ် ဆောင်ခဲ့သည်။ ထိုလုပ်ဆောင်မှုများကို စီးပွားရေးသမားနှင့် အလုပ်သမားခေါင်းဆောင်များက မကျေနပ် ခဲ့ကြပေ။ ၁၉၉၆ ခုနှစ် တွင် ဝန်ကြီးရာထူးမှထုတ်ပယ်ခြင်းခံရသည်။ ထိုသိုထုတ်ပယ်ခံရခြင်းမှာ သူ့အဖို့ပထမဆုံး အကြိမ်ဖြစ်ပြီး ဘဝ တသတ်တာလုံးမမေ့နိုင်သည့် အဖြစ်အပျက်များဖြစ်ခဲ့ကြရသည်။
ဒီဂေါက ၁၉၆၆ ခုနှစ် လူထုဆန္ဒခံယူပွဲမှ အဖြေထွက်၍ ရာထူးမှနှုတ်ထွက်သွားရသည်။ ထိုနှစ်တွင် ဒီဂေါ ပါတီမှလူများက သူ့ကိုခွင့်မလွှတ်နိုင်ကြသော်လည်း ပွန်ပီဒူး သမ္မတဖြစ်ချိန်တွင် သူနှင့်ပူးပေါင်း နိုင်ခဲ့ကြသည်။ သူ့ကိုပွန်ပီဒူးက စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာဝန်ကြီးအဖြစ်ဒုတိယအကြိမ်ခန့်ထားပြန်သည်။ ၁၉၇၄ ခုပွန်ပီဒူး မှာ ကင်ဆာရောဂါနှင့်ကွယ်လွန်သွားသောအခါ အရေးကြီးသောရွေးကောက်ပွဲမှ သမ္မတမီထရောင်းနှင် ့ယှဉ်ပြိုင် ရန်ဖြစ်လာခဲ့သည်။
သမိုင်းတွင် အနီးကပ်ဆုံးရွေးချယ်ပွဲ၏ရလာဒ်အဖြစ် မဲ ၄၂၅,ဝ၀ဝ ဖြင့် အနိုင်ရခါ ဂစ်စကပ်သမ္မတဖြစ်လာ ခဲ့သည်။ နပိုလီယန်ပြီးလျင်ပြင်သစ်ပြည်၏ အသက်အငယ်ဆုံးခေါင်းဆောင်ဖြစ်ပါသည်။
သူ့လက်ထက်တွင်ချိုသာသောလျှပ်စစ်ဓါတ်အားရရှိသဖြင့်ဆီတင်ပို့ခြင်းကို များစွာလျှော့ချနိုင်ခဲ့သည်။ အစိုး ရထောက်ပံ့ငွေနှင် ့ရင်းနှီးမြှုတ်နှံခြင်း ကိုလေယာဉ်ပျံ တည်ဆောက်ခြင်း၊ အပြေးမြန်သော မီးရထားများတည် ဆောက်ခြင်းနှင့် မော်တော်ကားတည်ဆောက်ခြင်းတို့ကိုအားစိုက်လုပ်ခဲ့သည်။ အခြားစက်မှုလက်မှုကဏ္ဍမှထုတ် ကုန်များကြောင့်စီးပွားရေးတောင့်တင်းလာခဲ့သည်။
တိုင်းပြည်စီးပွားရေးတွင် အစိုးရပါလာသောအခါ အချို့စီးပွားရေးကုမ္ပဏီများတွင် ချို့ယွင်းမှုနှင့်စီမံခန့်ခွဲမှု ညံ့ဖြင်းခြင်းတို့ မှာ မမြင်နိုင်ဖြစ်လာသည်။ စီးပွားရေးနှေးကွေးလာပြီးပြည်သူအများ စိတ်မချမ်းသာကြ။ စစ်ပြီး ခေတ်ပြင်သစ်ပြည်တွင် တက္ကသိုလ်တက်သည်အထိ ပညာရေးမှာအခမဲ့ဖြစ်ခြင်း၊ အိမ်ဆောက်ရာတွင်ကူညီခြင်း၊ ပင်စင်ရ့ပုံငွေရှိခြင်း အလုပ်မဲ့သူတို့၏လစာမှာ သူတို့နောက်ဆုံးရ လစာအထိတိုးမြှင့်ပေးခြင်းတို့ဖြင့် ပြင်သစ်တစ် နိုင်ငံလုံး အဆင်ပြေနေခဲ့သည်။
ပြင်သစ်ရွေးကောက်ပွဲအတွက်မဲဆွယ်ရာတွင် ထိုအခြေအနေမှ လက်ဝဲယိမ်းသော အစိုးရ အာဏာရရှိ သွားပါက ဖြစ်လာမညိ့အရေးမှာ မတွေးရဲစရာဖြစ်သည်။သို့ပါသော်လည်း သမ္မတ မီထရောင်း၏ ဆိုရှယ်လစ်နှင့် ကွန်မြူနစ် ညွန့်ပေါင်း အဖွဲ့အစည်းသို့ ပြည်သူများက အာဏာအပ်နှင်းလိုက်ကြသည်။
ရာထူးမှဖယ်ရှားခံရသော်လည်း နိုင်ငံရေးကိုစိတ်ပျက်မသွားဘဲ လွှတ်တော်တွင် Auvergne နယ်အ တွက်နှင့်အခြားကိစ္စများတွင် တက်ကြွစွာပါဝင်ခဲ့သည်။ Immigration ကိစ္စတွင် ပြင်သစ်တို့၏သွေးကပေးသော အခွင့်အရေးတရပ်အဖြစ်ရှိနေပြီး နိုင်ငံခြားသားများကို ဝင်ခွင့်ပေးခြင်းမှာ သိမ်ပိုက်မှု (Invasion) ဖြစ်သည်ဟု ပြောခဲ့သည်။ နိုင်ငံသတင်းစာများတွင် ဂျာမနီ အမျိုးသမီး သတင်းထောက်က ၂၀၁၈ ခုအင်တာဗျူးတခုတွင် သူ၏တင်ပါးကို ကိုင်သည် ဟုစွတ်စွဲပြောကြားသော်လည်း နောက်ပိုင်းတွင် သတင်းမှာတိမ်မြုတ်သွားခဲ့သည်။
(၃)
တူရကီနိုင်ငံ ဥရောပကောင်စီသို့ ဝင်ရေးတွင် တူရကီမှာ ဥရောပနိ်ုင်ငံမဟုတ်ကြောင်းနှင့် အပြင်းအထန် ကန့်ကွက်ခဲ့သည်။ တူရကီကို သာလက်ခံလိုက်ပါက ဥရောပကောင်စီ၏ နိဂုံးပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
တူရကီနိုင်ငံ ဥရောပကောင်စီသို့ ဝင်ရေးတွင် တူရကီမှာ ဥရောပနိ်ုင်ငံမဟုတ်ကြောင်းနှင့် အပြင်းအထန် ကန့်ကွက်ခဲ့သည်။ တူရကီကို သာလက်ခံလိုက်ပါက ဥရောပကောင်စီ၏ နိဂုံးပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကိုသန်းလွင်
Ref: President who struggle to transform France By Jonathan Kendell New York Times December 5 2000.