ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၉)
ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၉)
(မိုးမခ) စက်တင်ဘာ ၂၃ ၊ ၂၀၂၄
“မိုက်ရူးရဲလုပ်လျှင် အသက်ဆုံးရှုံးနိုင်သည်။ သူရဲဘောကြောင်လျှင် ရန်သူ့လက်တွင်း ကျရောက်နိုင်သည်။ ဒေါသထွက်လျှင် အလွဲအမှားတို့ကို ကျူးလွန်မိအောင် အလွယ်တကူ ဖြားယောင်း သွေးဆောင်၍ရသူအဖြစ်သို့ ရောက်သွားနိုင်သည်။ ဂုဏ်ပြုခံရခြင်းကို မက်မောလျှင် အလွယ်တကူ စော်ကားမော်ကားပြုလာမှုကို ခံရတတ်သည်။ သနားကြင်နာ လွန်ကဲလျှင် မကြာခဏ စိတ်ညစ်ရတတ်သည်။”
ဆွန်ဇု Sun Tzu ( ဘီစီ ၅၄၄ - ၄၆၉ )
ဆွန်ဇုနဲ့ပတ်သက်ပြီး သူအကြောင်း၊သူရေးခဲ့တဲ့ The Art of War စစ်အနုပညာကျမ်းအကြောင်းတွေ ကို ကျနော် ပြီးခဲ့တဲ့အပတ်က ရေးခဲ့ပါတယ်။
ဒီတပတ်မှာတော့ စစ်အနုပညာကျမ်းနဲ့ ပတ်သက်ပြီး ဘာသာပြန်တာမျိုးတော့ မလုပ်လိုပါ။ ချဥ်းကပ် သုံးသပ် တင်ပြတာ လုပ်လိုပါတယ်။
အကြောင်းကတော့ ဆရာကြီးတွေကိုယ်တိုင် ဘာသာပြန်ပြီးဖြစ်လို့ ကျနော့်အမြင် သုံးသပ်ချက်တွေကို တိုတိုတုတ်တုတ် လိုရင်းကိုသာ ရေးသားတင်ပြလိုပါတယ်။
The Art of War စစ်အနုပညာကျမ်းမှာ အခန်းပေါင်း ၁၃ ခန်း ရှိပါတယ်။
အခန်းတခန်းချင်းစီကို ( ၁ ) အဓိပ္ပာယ်နဲ့ အရေးပါမှု ( ၂ ) အထောက်အကူပြုနိုင်တဲ့ နည်းလမ်းများ ( ၃ ) သုံးသပ်ချက် ဆိုပြီး အပိုင်း ၃ ပိုင်းနဲ့ ချဥ်းကပ် လေ့လာကြည့်ပါမယ်။
တိုက်ရိုက်ဘာသာပြန်စာအုပ်တွေလည်းရှိပြီ ဆိုတော့ ဒီနည်းက ပိုထိရောက်မယ်လို့ ယူဆပါတယ်။
ဆိုလိုတာက ဆွန်ဇုရဲ့ စစ်သေနင်္ဂဗျူဟာ Tactics တွေကို ရွေးထုတ်လေ့လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
၁။ ရန်သူအကြောင်း ကိုယ့်အကြောင်းသိခြင်း ( Know Your Enemy and Yourself )
၂။ တိုက်ပွဲဝင်ရမည့် မဟာဗျူဟာစီမံကိန်းများရေးဆွဲခြင်း ( Strategic Planning )
၃။ လှည့်စားခြင်း ( Deception )
၄။ ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း ( Flexibility )
၅။ အင်အားကိုစုစည်းခြင်း ( Concentration of Force / Energy )
၆။ မြေပြင်အနေအထားကို အသုံးချခြင်း( Terrain Utilization )
၇။ ရန်သူ့အားနည်းချက်ကို တိုက်ခိုက်ခြင်း /စစ်ဆင်ခြင်း( Attack the Weak Points /
Manoeuvre )
၈။ သေနင်္ဂဗျူဟာရှိ ကွဲပြားသောနည်းနာများ ( Variation in Tactics )
၉။ စိတ်ဓာတ်စစ်ဆင်ရေး ( Psychological Warfare )
၁၀။ ကွဲပြားသော မြေအနေအထား ( Classification of Terrain )
၁၁။ အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်ခြင်း ( Adaptation to Circumstances )
၁၂။ စစ်ဆင်ရေးနှင့် ဦးဆောင်မှု ( Warfare and Leadership )
၁၃။ စပိုင် ထောက်လှမ်းရေးများ အသုံးပြုခြင်း ( Use of Spies )
၁။ ရန်သူအကြောင်း ကိုယ့်အကြောင်းသိခြင်း ( Know Your Enemy and Yourself )
အဓိပ္ပာယ်နဲ့ အရေးပါမှု
မိမိအားသာချက်များနဲ့ အားနည်းချက်များကို သိအောင်လုပ်ပါ။
မိမိအားသာချက်တွေနဲ့ အားနည်းချက်တွေကို ကောင်းစွာ နားလည်ရပါမယ်။
ဆိုလိုတာက မိမိအားသာချက်ကို ဖွံ့ ဖြိုးစေပြီး မိမိအားနည်းချက်ကို အားသာချက်ဖြစ်အောင် လှည့်ပြောင်းရပါမယ်။
ရန်သူ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို သိအောင်လုပ်ပါ။
ရန်သူ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို သိအောင်လေ့လာပြီး ရန်သူရဲ့ အားနည်းချက်တွေကို အသုံးချ တိုက်ခိုက်ဖို့ ကြိုးစားပါ။ ရန်သူ့အားသာချက်တွေကို အားနည်းချက်ဖြစ်လာအောင် နည်း လမ်းရှာဖွေ တိုက်ခိုက်ရပါမယ်။
အထောက်အကူပြုနိုင်တဲ့ နည်းလမ်းများ
1. SWOT Analysis (Strengths, Weaknesses, Opportunities, Threats)
သုံးသပ်ချက်
o မိမိရဲ့ SWOT Analysis မိမိရဲ့ အားသာချက်များ (Strengths)၊
အားနည်းချက်များ (Weaknesses)၊ အခွင့်အရေးများ (Opportunities)၊
လုံခြုံမှုများ (Threats) များကို သေချာတိကျ မှန်ကန်အောင် စနစ်တကျ လေ့လာပါ။
o ရန်သူရဲ့ SWOT Analysis ရန်သူရဲ့ အားသာချက်များ၊ အားနည်းချက်များ၊
အခွင့်အရေးများနဲ့ လုံခြုံမှုများကို အခိုင်အမာ ဖော်ထုတ်ပါ။
2. Intelligence Gathering သတင်းအချက်အလက်များ စုဆောင်းပါ။
o မိမိ အချက်အလက်များ စိစစ်ခြင်း
o ရန်သူ၏ အချက်အလက်များ စိစစ်ခြင်း
3. Strength and Weakness Analysis:
o မိမိ စွမ်းရည်များ စိစစ်ခြင်း
o ရန်သူ၏ စွမ်းရည်များကို စိစစ်ခြင်း
4. Simulation and Testing:
o မိမိ လုပ်ဆောင်မှုများ စိစစ်မှုများ:
o ရန်သူ၏ လုပ်ဆောင်မှုများကို စိစစ်ခြင်း
5. Continuous Assessment:
o မိမိ နောက်ဆက်တွဲပြောင်းလဲမှုများကို စိစစ်ခြင်း
o ရန်သူ၏ နောက်ဆက်တွဲ ပြောင်းလဲမှုများကို စိစစ်ခြင်း
သုံးသပ်ချက်
"Know Your Enemy and Yourself" သည် စစ်ဆင်ရေးအတွက် အရေးပါသော အချက်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့နဲ့ ရန်သူကို နားလည်ဖို့ဆိုတာ စစ်ဆင်ရေးအောင်မြင်မှုကို အထောက်အကူပြုလေ့ရှိသော တရားတခု ဖြစ်ပါတယ်။
၂။ တိုက်ပွဲဝင်မည့် မဟာဗျူဟာစီမံကိန်းများ ရေးဆွဲခြင်း ( Strategic Planning )
အဓိပ္ပာယ်နဲ့ အရေးပါမှု
စီမံကိန်းရေးဆွဲခြင်း စစ်ဆင်ရေးအောင်မြင်ရန် စီမံကိန်း ( ရှုံးနိမ့်မှုမရှိစေရန် စီမံကိန်း
) ကို အသေအချာရေးဆွဲရပါမယ်။ ကောင်းမွန်တဲ့ စီမံကိန်းဆိုတာ
ကိုယ်လုပ်ဆောင်နိုင်တဲ့ စွမ်း ဆောင်ရည်တွေနဲ့ ရန်သူ့အားနည်းချက်တွေကို
အထူးသဖြင့် အခြေခံရပါမယ်။
စီမံကိန်းများမွမ်းမံခြင်း တိုက်ခိုက်မှုများတွင် အကောင်းဆုံးအကျိုးရှိရန်
မိမိစီမံကိန်းတွေကို အမြဲတမ်း update မွမ်းမံ ပြင်ဆင်ခြင်း စနစ်တကျ ထိန်းသိမ်းခြင်းတွေ လုပ်ရပါမယ်။
အထောက်အကူပြုနိုင်သော နည်းလမ်းများ
၁။ Mission ပန်းတိုင် ( သို့ ) ပစ်မှတ်
o ရည်ရွယ်ချက် (Purpose):
o တန်ဖိုးများ (Core Values):
o ရည်မှန်းချက် (Vision):
o အကျိုးသက်ရောက်မှု (Impact): တို့ကို အခြေခံပြီး Mission Statement ရေးရာမှာ အထက်ဖော်ပြပါအချက်များ ထည့်သွင်းရေးသားသင့်ပါတယ်။
၂။ Resource Allocation ( အရင်းအမြစ်များ စီမံခန့်ခွဲမှု )
o အရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲခြင်း
o အရင်းအမြစ်များကို စနစ်တကျ ခွဲဝေခြင်း
၃။ Risk Assessment and Management ( အန္တရာယ် အကဲဖြတ်မှုနှင့် စီမံခန့်ခွဲမှု )
o အန္တရာယ်များကို ရှာဖွေစိစစ်ခြင်း
o အန္တရာယ်ကို ကာကွယ်ရေးလုပ်ငန်းရပ်များ စီမံခန့်ခွဲခြင်း
၄။ Detailed Planning ( အသေးစိတ် စီမံကိန်းရေးဆွဲခြင်း )
o အသေးစိတ် အစီအစဉ်များ ရေးဆွဲခြင်း
o စီမံကိန်းပေါင်းများစွာကို ဖန်တီးဆောင်ရွက်ခြင်း
၅။ Contingency Planning ( အရေးပေါ် စီမံကိန်းများ )
o အရေးပေါ် ကိစ္စများအတွက် ကြိုတင်ပြင်ဆင်သည့် စီမံကိန်းများ
o အရေးပေါ်ကိစ္စများအတွက် လတ်တလောလုပ်ဆောင်ရန် စီမံကိန်းများ
o အရေးပေါ်ကိစ္စများအတွက် ဆက်လက်လုပ်ဆောင်ရန် စီမံကိန်းများ
၆။ Monitoring and Evaluation ( မော်နီတာလုပ်ခြင်းနှင့် အကဲဖြတ်ခြင်း )
o အပြန်အလှန်စစ်ဆေးမှု
o သုံးသပ်မှုများ
Mission Statement ရေးသားတဲ့ နည်းလမ်း
၁။ တိုတောင်းမှန်ကန်မှု
Mission statement ဟာ တိကျ၊ တိုတောင်းပြီး အချက်အလက် လုံလောက်ရမယ်။ လူတိုင်းအတွက် နားလည်လွယ်ပြီး တာဝန်ရှိမှုကို ထင်ဟပ်ဖို့ လို တယ်။
၂။ အမြဲတမ်းရည်ရွယ်ချက်
Mission statement က အချိန်ကြာတဲ့အထိ အားသာမည့် ရည်ရွယ်ချက်ဖြစ်ဖို့လိုတယ်။ ပြောင်းလဲတတ်တဲ့ လုပ်ငန်းစဉ်တွေကြားမှာလည်း မူလရည်ရွယ်ချက်ကို မပျက်မကွက် ထိန်းသိမ်းထားဖို့ လိုတယ်။
သုံးသပ်ချက်
Strategic Planning ဟာ တိုက်ပွဲအောင်မြင်ဘို့ အရေးပါတဲ့ အချက်တခု ဖြစ်ပါတယ်။
စီမံကိန်းတွေ ကို သေချာစွာ ရေးဆွဲခြင်း၊ အရင်းအမြစ်များကို အကျိုးရှိစွာ သုံးစွဲခြင်း၊ အန္တရာယ်များကို စီမံခြင်း စတဲ့ အရေးပေါ် စီမံကိန်းတွေကို လိုက်လျောညီဖြစ်အောင် အထောက်အကူ ဖြစ်နိုင်ပါလိမ့်မယ်။
နောက်တပတ် ပြန်ဆုံကြမယ်ဗျာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar