Breaking News

မြန်မာ့ကျောက်မျက်ရတနာဥပဒေအပေါ်သဘောထား (အင်တာဗျူး)

မြန်မာ့ကျောက်မျက်ရတနာဥပဒေအပေါ်သဘောထား (အင်တာဗျူး)
(မိုးမခ) မေ ၃ ရက် ၂ဝ၁၉
တွေ့ဆုံမေးမြန်းသူ အောင်ကျော်ဇင်

NLD အစိုးရလက်ထက်တွင် အတည်ပြုပြဌာန်းခဲ့သည် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်ပတ်သက်ပြီး ယင်းဥပဒေအပေါ် အမြင်သဘောထားတွေကို Natural Resource Governance Institute ၏ Myanmar Country Manager ဦးမော်ထွန်း အောင်ကို တွေဆုံမေးမြန်းထားပါတယ်။

မေး ။ ။ လွှတ်တော်ကနေ အတည်ပြုပြဌာန်းခဲ့တဲ့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့ပတ်သက်ပြီး မြန်မာ့ကျောက်မျက် ရတနာလောကအတွက် ဘယ်လောက်အတိုင်းအတာထိ သက်ရောက်မှုရှိနိုင်တယ်ဆိုတာ သုံးသပ်ပေးပါလား။

ဖြေ ။ ။ အခုလက်ရှိ ဥပဒေအရဆို အကြီးစား လုံးဝမရှိတော့ဘူး။ လုပ်ကွတ်တကွက်ကို ငါးဧကသတ်မှတ်ထားတယ်။ လုပ် ကွက်တကွတ်နဲ့ တကွက်တိုင်း မြေစာစွန့်ပစ်လမ်း ချန်ရမယ်။ လုပ်ကွတ်တကွက်နဲ့ တကွတ်ကြား မြေစာစွန့်ပစ်လမ်းချန်ရင် စတုဂံပုံအကွက်ဖြစ်မယ်။ ပတ်ပတ်လည်လည်မှာ မြေစာစွန့်ပစ်လမ်း ရှိနေရမဲ့ပုံစံဖြစ်တယ်။ အကြီးစားတွေကတော ဒီပုံစံနဲ့လုပ်လိုမရတောဘူး။ အရင်တုန်း လုပ်ကွက်အတွက် လိုင်စင်ချထားပေးတဲ့နေရာမှာ နောက်ကြောင်းရာဇာဝင်ကို သိပ် မ လိုက်ဘူး။ ငွေရေး၊ ကြေးရေး တောင့်တင်းသလား။ အခွန်မှန်မှန်ဆောင်သလား။ အခွန်ဆောင်တဲ့နေရာမှာ သူနဲ့ထိုက်သင့်တဲ့ အခွန်ဆောင်သလားဆိုတာ ပြန်စစ်ရမယ်။ ကုမ္ပဏီတခုက ကျောက်ထွတ်လာပြီဆိုကြပါတော့၊ အဲဒီကျောက်အတွက် ကုမ္ပဏီတွေရဲ့ဒါရိုက်တာတွေက အခွန်မှန်မှန်ဆောင်ထားသလား အစိုးရအနေနဲ့ကြည့်ရမယ်။ နောက်တခုက ဝင်ငွေခွန် ဆောင်ထားသလား၊ မဆောင်ထားသလားဆိုတာ စစ်ရမယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုရှိသလားဆိုတာ စစ်ရမယ်။ ဒီနေရာမှာ ကျွန်တော်စိုးရိမ်တာရှိတယ်။ အရင်တုန်းက လိုင်စင်ချထားပေးတဲ့နေရာမှာကို လူကိုပေးခဲ့ကြတယ်။ နည်းပညာ ကိုအခြေခံပြီး လိုင်စင်ချထားမှုထက် နိုင်ငံရေးဆန္ဒကိုအခြေခံပြီး ချထားပေးခဲ့တယ်။

နောက်တခုက အုပ်ချုပ်စီမံမှုကမဟုတ်ဘဲ မိုင်းတွင်းအင်ဂျင်နီယာကဏ္ဍကလည်း အရေးကြီးတယ်။ လက်ရှိသွားနေတာ လုပ်ကွက်တွေက အကြီးကြီးတွေဖြစ်တယ်။ ဒါတွေကို ငါးဧက ဘယ်လိုပြန်ရိုက်မလဲ။ တချို့ဟာတွေဆို ချောက်တွေကနေ အသူ တရာနက်တဲ့ ချောက်တွေဖြစ်နေပြီ။ ဒါကြောင့် လက်တွေ့ကျတဲ့အကွက်တွေ ပြန်ချပေးတဲ့နေရာကို စောင့်ကြည်ရ မယ်။ နောက်တခုက ဒီဥပဒေအရ ကိုင်တွယ်ကျင်သုံးတဲ့ ဌာနအဖွဲ့အစည်းတွေရဲ့ အင်အားတောင့်တင်းမှုနည်းပညာဖွံ့ဖြိုးမှုကလည်း အရေးကြီးတယ်။ ဖားကန့်လိုနေရာမျိုးမှာ ပြန်တမ်းဝင်အရာရှိ ဘယ်နှစ်ယောက်ခန့်ထားသလဲ။ ကျွန်တော်သိရသ လောက်နည်းတယ်။ ဖားကန့်လိုနေရာမျိုးမှာ အယောက်ရှစ်ဆယ်လောက်ပဲ ခန့်ထားတယ်။ အဒီထဲမှာ ပြန်တမ်းဝင်အရာရှိက ဆယ်ရာခိုင်နှုန်းလောက်ပဲရှိမယ်။ နိုင်ငံတော်အဆင့် စစ်ဆေးတာက ပြန်တမ်းဝင်အရာရှိက စစ်ရတာဖြစ်တယ်။ လက်ရှိအနေ အထားမှာ လူကမနိုင်ဘူး။ စီစီတီဗီတွေတပ်ပြီး ကျောက်မခိုးအောင်စောင့်ကြည်တဲ့ နည်းပညာတွေလည်း မရှိဘူး။ စီမံခန်ခွဲတဲ့ ကျောက်ဂိုဒေါင်ထဲမှာ ကျောက်မလဲအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းပညာတွေမရှိဘူး။ လူနည်းတယ်။ နည်းပညာ နည်းတယ်။ နောက်တခုက ဒေသအတွင်းမှာ တရားဥပဒေစိုးမိုးမှုနည်းတာကို အကြောင်းပြုပြီး ကျောက်အလဲအထပ်တွေ လုပ်နိုင်တယ်။ ထုတ်နေတာကလည်း တန်ချိန်ကို သောင်းနဲ့ချီထုတ်နေတာဖြစ်တယ်။ တန်ချိန်ကို သောင်းနဲ့ချီထုတ်နေတဲ့ အချိန်မှာ စောင်ကြည့်တဲ့စွမ်းဆောင်ရည်က အားနည်းနေတယ်။ အဲဒါတွေကို လက်ရှိဥပဒေက ဘယ်လောက်ထိ ကုစား ပေး မှာလဲ။ အထူးသဖြင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းလို့ခေါ်တဲ့ နိုင်ငံတော်ရဲ့ကိုယ်စားပြုပြီးတော့ ကုမ္ပဏီတွေနဲ့ စာချုပ် ချုပ်နေတဲ့ နိုင်ငံတော် SOE ကဏ္ဍပဲဖြစ်တယ်။ ဒီဥပဒေမှာ သူ့ကိုရည်ညွှန်းထားတာ နှစ်ခုလောက်ပဲပါတယ်။ သူကတော့ ဝန်ကြီး ဌာနကနေတဆင့် အလုပ်ပြန်အပ်ရင် အပ်မှာပေါ့။ အဲဒါတွေကိုလည်း ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်လို့မြင်ပါတယ်။ကျွန်တော်တို့ နိုင်ငံကသတ္တုနဲ့ သံယံဇာတကို ထုတ်စားမယ်လို့ မြင်ထားတယ်။ များများထုတ်ပြီး အကြမ်းထည်ရောင်း စားမဲ့အစား ဈေးကွက်လိုအပ်ချက်ကိုကြည့်ပြီး ချောထည် ပိုလုပ်ရမှာ။ နောက်ပြီး ကျောက်မျက်မှာ အခွန်တွေဘယ်လို ကောက်လဲဆိုတာ သိပ်ပြီးတော့ မရှင်းလင်းဘူး။ အခုဥပဒေမှာပြောထားတာ တွင်းဝခွန်ရှိမယ်။ ရတနာခွန်ရှိမယ်။ အဒီနှစ်ခု လောက်ပဲ ဥပဒေထဲမှာတွေ့ရတယ်။ ကျန်တဲ့အခွန်ဖြစ်တဲ့ ပြည်ထောင်စုအခွန်ဥပဒေကနေ အထူးကုန်စည်ခွန် လာရင်လာ မယ်။ ရတနာခွန်လာရင် လာမယ်။ အဲ့ဒါကလဲ တနေငွေ တနေရွှေ ဖြစ်လို့မရဘူး။ အခုဟာက တချို့နှစ်တွေမှာ အထူး ကုန်စည်ခွန် ကောက်လိုက်နဲ့ ပြောင်းလိုက်နဲ့ ဂဏန်းမငြိမ်ဘူး။ အဲဒါကလည်း အခွန်ဘဏ္ဍာတောက်ကို နိုင်ငံတော်အဆင့်မှာ ကောက်ယဖို့ တာဝန်ရှိသူတွေနဲ့ ဘယ်လိုပေါင်းစပ်ညှိနှိုင်းမယ်ဆိုတာ မတွေ့ရဘူး။ နောက်တခုက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖြစ်တယ်။ ဒီဥပဒေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကောင်းလာတယ်။ သို့သော်လည်း ကျွန် တော်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး စောင့်ကြည့်ပြီး လုပ်ဖို့လည်းလိုတယ်။ တကယ်လို့ တူး ဖော်သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို မလိုက်နာခဲ့ဖူးဆိုရင် ပိတ်သိမ်းခွင့်တွေ၊ ရုပ်သိမ်းခွင့် တွေ လုပ်မှာလား။ နောက်တခုက ပွင့်လင်းမြင်သာမူပဲ ဖြစ်တယ်။ အခုဆို မြန်မာနိုင်ငံက EITI အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်တယ်။ ဒီဥပဒေထဲမှာ MEITI နဲ့ အခြား နိုင်ငံတကာစံနှုန်းတွေ ပါလာတယ်။ သို့သော် စံနှုန်းပါလာတာက အခန်းတခုကို ရည်ညွှန်းထား သလိုဖြစ်နေတယ်။ EITI က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လှုမှုပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သက်ဆိုင်တာမဟုတ်ဘူး။ Valume change လို့ခေါ်တဲ့ သတ္တူတူးဖော်ရာကနေ အစိုးရပိုက်ဆံ ဘယ်လိုသုံးလိုက်တယ်ဆိုတဲ့ အခန်းကဏ္ဍထိပါတာ ဖြစ်တယ်။ အဲဒါပါလာတာ ကောင်းတယ်။ ဒီဥပဒေမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်သင့်တယ်။

မေး ။ ။ မြန်မာနိုင်ငံက ကျောက်တွေ တရားမဝင်လမ်းကြောင်းကနေ ထွက်ရှိနေတဲ့အပေါ် သုံးသပ်ပေးပါဦး။

ဖြေ ။ ။ တရားမဝင်ထွတ်တာ နှစ်မျိုးရှိတယ်။ ကျွန်တော်တို့နိုင်ငံက ကျောက်တွေထုတ်တဲ့နိုင်ငံဖြစ်တယ်။ ထုတ်လုပ်တဲ့နိုင်ငံ ကတွေက သံယံဇာတကို အခွန်လျော့ပေးလို့မရဘူး။ တန်ရာတန်ကြေးနဲ့ရောင်းဖို့ အခွန်ဆိုတာ လျော့ပေးလို့မရဘူး။ ထုတ် လုပ်မှုကနေ အခွန်တွေကို လျော့ပေးလို့မရဘူး။ ကျွန်တော်တို့ပစ္စည်းက သံယံဇာတပစ္စည်းဖြစ်တယ်။ သိန်းပေါင်းများစွာ တန်တယ်။ အဲဒီလိုနေရာမှာ ကျွန်တော်တို့ရဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေက ကျောက်မထွတ်တဲ့နိုင်ငံတွေဖြစ်တယ်။ ကျွန် တော်တိုရဲ့အခွန်နှုန်းထားမှာ ကျွန်တော်တို့က တပန်းရှုံးပြီးသားဖြစ်တယ်။ ကျွန်တော်တို့က ကျောက်အကြမ်းကို သုညရာ ခိုင်နှုန်းအခွန် မချပေးနိုင်ဘူး။ နိမ်ပါးတဲ့အခွန်ချပေးလိုက်ရင် နိုင်ငံတော်ကနေ လူတစုကိုချမ်းသာစေဆိုပြီး ပေးလိုက်သလိုဖြစ် သွားစေနိုင်တယ်။

အဲ့ဒါကြောင့် နယ်စပ်ဒေသတွေမှာ ကျောက်တရားမဝင်မထွတ်အောင် ကြတ်မတ်ရမယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ် တို့ ထိုင်းနိုင်ငံတွေက ကျောက်အကြမ်းထည်ကို သူတို့နိုင်ငံထဲကို အခွန်လွတ်နီးပါးသွင်းခိုင်းတယ်။ သူတို့ကျောက်မျက်ထုတ် လုပ်တဲ့နိုင်ငံမဟုတ်တော့ တန်ဖိုးတက်လာတဲ့အပေါ်မှာ အခွန်စားမယ်။ ကျွန်တော်နိုင်ငံက လုပ်လို့မရဘူး။ ကျွန်တော် အဲဒီပြ ဿနာကို ဖြေလျှော့တဲနည်းနဲ့ဖြေရှင်းရမယ်။ ကျောက်မျက်ရတနာရောင်းချပွဲတွေကို တလတကြိမ်နီးပါး လုပ်ရမယ်။ အမြဲ တမ်း ကျောက်ဈေးတွေလုပ်ရမယ်။ ကျောက်ထွတ်တဲ့နေရာမှာ တွင်းဝခွန် ကောက်ခံတဲ့စနစ်ကို ပြုပြင်ရမယ်။ ကျောက်စိမ်း ပဲဖြစ်ဖြစ်၊ပတ္တမြားပဲဖြစ်ဖြစ် အကြမ်းထည်ရဲ့ဈေးနှုန်းကို ခန့်မှန်းနိုင်ဖို့လိုတယ်။ ကျောက်စိမ်းဆိုရင် ပွတ်တိုက်ပြီးမှ ခန့်မှန်းတာနဲ့မပွတ်တိုက်ပဲခန့်မှန်းတာ မတူနိုင်ဘူး။ အဒီတွက် တိကျတဲ့နည်းစနစ်တွေ ထားရမယ်။3D ကင်မရာတွေနဲ့ ဒီကျောက် တွေကိုခိုးသယ်လို့ မလွယ်အောင် စောင့်ကြည်ရမယ်။ နယ်စပ်လိုင်းဥပဒေတွေရော နည်းပညာနဲ့ပါ ထိန်းချုပ်ရမယ်။ တဖက် မှာလည်း ကျောက်တွေကို အလွယ်တကူရောင်းဝယ်နိုင်တဲ့ ကျောက်ဈေးတွေ မြစ်ကြီးနားတို့ ဖားကန်တို့မှာ ဖွင့်ပေးရမယ်။ ကျောက်အကြမ်းတွေ ရောင်းတဲ့ဈေးတွေကို လွတ်လွတ်လပ်လပ်ဖွင့်ခွင့်ပြုပြီး အခွန်ကောက်ရင် အခွန်လည်းရမယ်။ ကျောက်အချောထည်ထုတ်လုပ်တဲ့သူတွေကို မြန်မာနိုင်ငံမှာလာလုပ်လို့ရပါတယ်ဆိုပြီး ဖိတ်ခေါ်ရမယ်။ ကျောက်အကြမ်းဈေးကို ပြည့်ပြည့်ဝဝ အခွန်ဆောင်ပြီးသွားရင် တန်းဖိုးမြင့်ကျောက်တွေထုတ်လုပ်နိုင်ဖို့ကိုပါ ကူညီဖို့လိုတယ်။ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ကျောက်မျက်ပြပွဲတွေလုပ်ပေးနိုင်ရင် မြန်မာပြည်ကကျောက်တွေ တန်ဖိုးတွေ ပိုတက်လာမယ်။ ရေရှည်လုပ်ရမှာဖြစ်တဲ့ အတွက် နိုင်ငံတော်က ငါးနှစ်၊ ဆယ်နှစ် ရင်းနှီးမြှုပ်နှံရမယ်။ ကျောက်မျက်ထုတ်လုပ်တဲ့နိုင်ငံတွေဖွံဖြိုးလာဖို့က အခွန်တွေ၊ နည်းပညာတွေနဲ့ပြောင်းလဲယူရမယ်။ အဲဒါမှလည်း ကျောက်တွေတရားမဝင် ထွတ်သွားတာကို တားနိုင်မယ်။ နိုင်ငံတော် ကလည်း အခွန်ရမယ်။ ပြည်သူတွေကလည်း အလုပ်ရမယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း နိုင်ငံတကာအဆင့် လုပ် ငန်းရှင်တွေဖြစ်လာမယ်။

မေး။ ။ NLD အစိုးရလက်ထက်မှာ သံယံဇာတနဲ့ ကျောက်မျက်ကဏ္ဍနဲ့ပတ်သက်ပြီး ကိုင်တွယ်တဲ့မှုဝါဒတွေပေါ် အားရ ကျေနပ်မှုရှိပါသလား။

ဖြေ ။ ။ အဲဒီအပိုင်းက ကျွန်တော်တို့တွေလဲပါဝင်လုပ်ဆောင်နေတာရှိတယ်။ မှုဝါဒပိုင်းမှာ ဥပဒေထွတ်တာနောက်ကျတယ်။မူဝါဒပိုင်းမှာ ဘက်ပေါင်းစုံပါဝင်တဲ့ အစုအဖွဲ့တွေ ပါဝင်ဆွေးနွေးနိုင်အောင်လုပ်တာ အင်မတန်ကောင်းတယ်။ NLD အစိုးရ လက်ထက်မှာ စလုပ်နိုင်တာ။ ၂ဝ၁၇ တည်းက စလုပ်လာတာ ဖြစ်တယ်။ နှစ်နှစ်ကျော်ပြီဖြစ်တယ်။ အဒီလိုလုပ်တဲ့အတွက် လုပ်ငန်းရှင်တွေရော အရပ်ဘက်အဖွဲ့အစည်းတွေရော အစိုးရကြားထဲမှာ နားလည်မှုတွေရလာတယ်။ အဲဒီနားလည်မှုမှာ sustainable ဖြစ်ရမယ်။ Responsibility တာဝန်သိတဲ့လုပ်ငန်း ဖြစ်ရမယ်။ နောက်ပြီးတော့ လူတိုင်း လူတိုင်း သဘောတူတာ က ပွင့်လင်းမြင်သာမှု ပိုအားကောင်းလာရမယ်။ အချောထည်ဈေးကွက်ကို နိုင်ငံမှာရှိရမယ်။ အခွန်စနစ်ပြင်ရမယ်။ အဒီကောင်းတဲ့အချက်တွေကို မှုဝါဒပိုင်းမှာသဘောတူပြီး လုပ်ဆောင်ထားတယ်။ ဒီမှုဝါဒကို ရေရှည်ပုံစံမှာ မြင်ပါတယ်။ ရေရှည်ဆိုတာ နောင်ဆယ်နှစ် ဆယ်ငါးနှစ်မှာ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်လာနိုင်တဲ့ဈေးကွက်အနေအထားကို လုပ်ထားတာ။

မေး ။ ။ မြန်မာနိုင်ငံရဲ့ ကျောက်မျက်လောက ပိုကောင်းလာဖို့က ဘာတွေလုပ်ဖို့လိုပါသလဲ။ အဲဒီအချက်ကိုလည်း သုံးသပ်ပေး ပါဦး။

ဖြေ ။ ။ ကျွန်တော် နိုင်ငံက ရတနာထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်။ ထုတ်လုပ်တဲ့ဖြစ်စဉ်ကနေ ရောင်းချတဲ့ဖြစ်စဉ်ထိ တန်ဖိုးထားဖို့ လိုတယ်။ နောင်လာနောင်သားတွေ တိုင်းပြည်ကိုတန်ဖိုးထားပြီး အကျိုးရှိတဲ့ကဏ္ဍကြီးဖြစ်အောင် ဝိုင်းလုပ်ရမယ်။ အစိုးရ တရပ်ထဲမဟုတ်ဘဲ လုပ်ငန်းရှင်တွေပါရမယ်။ ကျောက်မျက်ကဏ္ဍ ထုတ်လုပ်မှုကရတဲ့ငွေက မျှရမယ်။ ဒေသခံတွေ အတွက်လည်း အကျိုးရှိရမယ်။ နိုင်ငံတော်ကလည်း ရရမယ်။ လုပ်ငန်းရှင်တွေကလည်း စီးပွားရေးအရ လုပ်သာကိုင်သာရှိပြီး ပတ်ဝန်းကျင်ကိုဂရုစိုက်တဲ့ လုပ်ငန်းမျိုးဖြစ်ရမယ်။ ဒီဥပဒေကို အစိုးရတခုထဲကိုင်တွယ်ရတာမဟုတ်ဘဲ လုပ်ငန်းရှင်တွေပါ ဒီဥပဒေပါအချက်တွေကို လိုက်နာဆောင်ရွက်ရင် ပိုကောင်းတယ်။

မေး ။ ။ မြန်မာနိုင်ငံက ကျောက်မျက်ထွတ်ရှိ ဒေသတွေ ဖွံဖြိုးတိုးတက်ဖို့ ဘယ်အချက်တွေကို လုပ်ဆောင်ပေး သင့်တယ်ဆို တာ သုံးသပ်ပေးပါ။

ဖြေ ။ ။ ဒေသခံတွေက ကျောက်မျက်ကိုသူတို့အတွက် အကျိုးမရှိဘူးထင်နေကြတယ်။ ဒေသခံတွေအကျိုးရှိအောင် အရင်ဦး ဆုံးလုပ်ပေးရမယ်။ လစ်လပ်လုပ်ကွတ်တွေကို အမြန်သုံးသပ်ပြီး အသေးစားနဲ့ လက်လုပ်စား တွေအမြန်ဆုံးလုပ်ဆောင် နိုင်အောင် လုပ်သင့်တယ်။ ကျောက်မျက်ဈေးကွက်ကို မူဆယ်၊ မန္တလေး၊ မိုးကုတ်တို့မှာတည်ထောင်ပြီး ကျောက်မှန်သမျှ အဒီဒေသကထွတ်တဲ့စနစ်ကို အမြန်တည်ထောင့်သင့်တယ်။ လိုင်စင်ချထားပေးမှုကို အလျင်စလိုမလုပ်ဘဲ စနစ်တကျ တွက်ချက်ပြီးမှ ချထားပေးသင့်တယ်။ ဒီအချက်တွေက လုပ်ကို လုပ်ရမယ့်အချက်တွေဖြစ်တယ်။