Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၃)

လောက်ကိုင်မြို့။  ၀လုံး/မြန်မာတိုင်း(မ်)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၃)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  ဒီဇင်ဘာ ၁၃၊ ၂၀၁၉

အပိုင်း (၁၁) - သတင်းထောက်တွေ ရှုမြင်သုံးသပ်ကြတဲ့ ကိုးကန့်
သက္ကရာဇ် ၂၀ဝ၂ ခုနှစ်ရောက်တော့ ကိုးကန့်အထူးဒေသ တည်ဆောက် တာ ၁၃ နှစ် ရှိပါပြီ။ ကိုးကန့်လမ်းတွေပေါ်မှာ လောင်းကစား ဝိုင်းတော်ကြီးတွေ ကို နေရာတကာမှာ မြင်တွေ့ရပါတယ်။ ကိုးကန့်တောင်တန်းမြေရဲ့ လမ်းမကြီး တွေ၊ လမ်းသွယ် လမ်းမြောင်ကလေးတွေမှာ ပျော်စရာ ရွှင်စရာ ပေါင်းစုံ ခြိမ့် ခြိမ့်ကို ညံလို့ပါ။ မီးရှူးမီးပန်း၊ ဗျောက်အိုးပစ်ဖောက်သံတို့ကလည်း စီစီကို ညံ လို့ပေါ့။ လောင်းကစားဒိုင် (အိမ်) အသွယ်သွယ်ကလည်း ဈေးဦးတွေ ပေါက်နှင့် ပြီးကြပါပြီ။ အသက် ၇၀ ဇရာအရွယ်ထဲ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်တဲ့ အထူး ဒေသအစိုးရ ဥက္ကဋ္ဌကြီး ဖုန်ကျားရှင် ကိုယ်တိုင် လောင်းကစားဒိုင်ဖွင့်ပွဲ အခမ်း အနားကို တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်ပါတယ်။ ဖဲကြိုးကို ဖြတ် အပြီးမှာ ဟောသလိုမျိုး ြွေကးကြော်လိုက်ပါတယ်။ ''ငါ ဖွံ့ဖြိုးတိုးတက်အောင် မင်းက ငါ့ကိုလာပြီး ကူညီတယ်၊ ငါက မင်းကြီးပွားချမ်းသာအောင် ကူညီပါ့မယ်''။

၂၀ဝ၁ ခုနှစ်၊ သြဂုတ်လ။ ယူနန်ပြည်နယ် ပြင်ပရေးရာ ရုံးခန်းတာဝန်က ယူနန်ဆီကို ကိုးကန့်ခေါင်းဆောင်တွေ လေ့လာရေးခရီးအဖြစ် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (ထိုတုန်းက ပြင်ပကို ထုတ်ပြန်မပြောကြားပါ)။ အထူး တလည် ဖိတ်ကြားခံရသူတွေထဲမှာ ဤစာအုပ်ကို ရေးသားပြုစုတဲ့သူတွေထဲက ဆရာကဲ့ရာစုလည်း ပါဝင်ပါတယ်။ ကိုးကန့်ဘက်က အရေးပါသူတွေရယ်၊ ယူ နန်ပြည်နယ် ပြင်ပရေးရာ လုပ်ငန်းဆောင်ရွက်သူတွေ တရားဝင်ဆွေးနွေးကြပါ တယ်။ ဆွေးနွေးတဲ့ အဓိကအချက်တွေကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ် နင်းရေးရယ်၊ နယ်နိမိတ် ထိန်းသိမ်းစောင့်ရှောက်ရေးရယ်၊ နယ်စပ်ကုန်သွယ်ရေး အကြောင်းတွေ ပါဝင်ပါတယ်။ ကိုးကန့်ဘက်က တောင်းဆိုတာက ယူနန်ဘက် ကနေ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးအတွက် စီးပွားရေးအကူအညီတွေ ပေးရပါမယ်။ ကိုးကန့်ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးမှာ အကျိုးသက် ရောက်မှုရှိတာကို ဗွေဆော်ဦး စတင်မြင်တွေ့ရတာကို ယူနန်ဘက်က အသိ အမှတ်ပြု ချီးကျူးကြောင်း ထုတ်ဖော်ပြောကြားပါတယ်။ အခုဆိုရင် ကိုးကန့်ကနေ တရုတ်ပြည်ဘက်ဆီ စီးဝင်လာတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ဆေးရှာဖွေတွေ့ရှိ တာက စုစုပေါင်းနှုန်းထားရဲ့ ဆယ်ပုံတစ်ပုံမျှသာ ရှိနေပါသေးတယ်။

ကိုးကန့်အထူးဒေသအစိုးရ ဥက္ကဋ္ဌ ဖုန်ကျားရှင်က သတင်းထောက် ကဲ့စုရာကို ပြောပါတယ်။ ''ကိုးကန့်ကို လာကြပါ ခင်ဗျာ။ ကိုးကန့်ကို လာကြပါ''။ ဟိုးစောစော ၂၀ဝ၀ ခုနှစ်တွေထဲမှာ ကိုးကန့်မဟာမိတ်တပ် ဦးစီးချုပ်ဌာန၊ ကိုးကန့်အစိုးရက ''ယန်းချဲန်ညနေသတင်းစာ'' နှင့် စာရေးသူကို ဖိတ်စာပေး ဖိတ်ကြားလိုက်ပါတယ်။ သတင်းထောက်ကို ဖိတ်ကြားရတဲ့အကြောင်းက ကိုး ကန့်နယ်မြေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး တိုးတက်မှုလက်တွေ့ ဖြစ်ရပ်မှန်ကို သတင်းရေးသားဖို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပေတယ်။ ၂၀ဝ၂ ခုနှစ် ဧပြီလကုန်ပိုင်းလောက်က နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်း ရေးအဖွဲ့က မူးယစ်ဆေးဝါး ရင်းမြစ်နေရာဒေသရဲ့ အကျိုးသက်ရောက်မှု အစစ်အမှန်ကို သတင်းရယူရေးအတွက် သတင်းထောက်တွေ ကိုးကန့်ကို ရောက်ရှိလာကြပါတယ်။ သတင်းထောက်တွေ ကိုးကန့်နယ်မြေဆီကို လာရောက် ဖို့ မျက်နှာပြ ဖိတ်ခေါ်သူကတော့ မဟာမိတ်တပ် ဒုတိယတပ်မှူးချုပ် ဝေ့ချောင်း ရင်ဖြစ်ပါတယ်။ ဝေ့ချောင်းရင်က ၁၉၅၂ ခုနှစ်မှာ မွေးဖွားပါတယ်။ ကျန်းစီး ဇာတိသား ဖြစ်တယ်။ ''ယဉ်ကျေးမှု တော်လှန်ရေး'' တုန်းက တရုတ်ပြည် ပညာတတ်လူငယ်ဖြစ်ပြီး၊ နယ်မြေကျော်ဖြတ်လာပြီး ဗကပလက်နက်ကိုင် ပြောက်ကျားတပ်ထဲ ဝင်ရောက်လာသူ ဖြစ်တယ်။ စောစောပိုင်းတုန်းက ဗမာ ပြည်ကွန်မြူနစ်ပါတီလက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့ရဲ့ စစ်ဦးစီးတာဝန်ကိုယူ ပြီး တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ပါတယ်။ ယခုအခါမှာ စစ်တပ်ဖွဲ့နှင့်် ကုန် သည်စီးပွားတွေကို ဖိတ်ခေါ် ကမ်းလှမ်းရေးတာဝန်တွေကို ယူထားပါတယ်။ တချို့က သူဟာ ဖုန်ကျားရှင်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူရယ်လို့ သုံးသပ် ထားကြပါတယ်။

ကိုးကန့်ကို ရွှေတြိဂံကလူတွေက တရုတ်မြန်မာနယ်စပ်ကို ''မကာအို မြို့ကလေး'' ရယ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ မျက်မှောက်အချိန်မှာ ယူနန်ကနေ ကိုးကန့်သွားမယ်ဆိုရင် အဓိကနယ်ခြား ဂိတ်စခန်းနှစ်ခုကို ဖြတ် သန်းရပါတယ်။ အဲဒီနေရာတွေက မတ်စောက်ပြီး ကြမ်းတမ်းလွန်းတဲ့ တောင် ပေါ်လမ်းတွေရယ်၊ ဆင်းရဲမွဲတေတဲ့ ယူနန်ပြည်နယ် လိန်ချန်းနယ်မြေမှာ တည် ရှိနပါတယ်။ ပထမဂိတ်စခန်းကတော့ ကျဲန့်ခန်းခရိုင်ရဲ့ နန်စန် (မြို့) ဂိတ်စခန်း ဖြစ်တယ်။ ဂိတ်စခန်းကနေ ထွက်လာလို့ ခရီးအတိုင်းအတာ ၈ ကီလိုမီတာလောက် ဆိုရင် ၄င်းရဲ့ မြို့တော် လောက်ကိုင်ကို ရောက်သွားပါပြီ။ ဒုတိယဂိတ်စခန်း က ခိုင်မာတိုင်းရင်းသား၊ ဝတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်ရဲ့ မုန်း တင့်မြို့ ဂိတ်စခန်းဖြစ်တယ်။ အဲဒီ ဂိတ်စခန်းကနေပြီး သူ့ရဲ့မြို့တော် လောက် ကိုင်နဲ့ဆိုရင် ခရီးတာ ကီလိုမီတာ ၁၀ဝ မျှသာရှိတယ်။ လမ်းပန်းခက်ခဲ ကြမ်း တမ်းတယ်။ ဒါ့အပြင် ကိုးကန့်ဆိုတာက မူးယစ်ဆေးဝါး စတင်ထွက်ရှိတဲ့ ရေ သောက်မြစ်ထဲကတစ်ခု ဖြစ်နေပါသေးတယ်။ လမ်းတစ်လျှောက်မှာ တရုတ်ပြည် ပြည်သူ့လုံခြုံရေး နယ်စပ်အစောင့်တို့ရဲ့ မူးယစ်ဆေးဝါး ဝရမ်းထုတ်ပြန်ထားတဲ့ နေရာဖြစ်တယ်။ ရှာဖွေစစ်ဆေးရေး အင်မတန် စေ့စပ်သေချာပြီး တင်းကြပ်လွန်း လှတယ်။

အခု ပြောနေကြတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ (ကိုးကန့် နယ်မြေဒေသ) မှာ မြန်မာနိုင်ငံအစိုးရက ခရိုင် (၁)၊ မြို့ (၁)၊ အထူးဒေသ (၁)၊ ရွာ (၂၀) ကျေးလက်တောရွာ (၂၆၃) ရှိနေပါတယ်။ ကိုးကန့်ဟန်လူမျိုး တွေ အဓိကနေထိုင်ကြတာက ၄င်းစီရင်စုနယ်မြေအတွင်းက အဓိကလေးနေရာ ပိုင်းခြားထားပါတယ်။ လူနည်းစုတိုင်းရင်းသားတွေက တောင်ကုန်းမြင့်တဲ့နေရာ တွေမှာ နေကြတယ်။ ကိုးကန့်သားတွေ တကယ်လို့များ ဘိန်းစီးပွားရေးကို အားမထားရင်၊ သူတို့ရဲ့ ဘဝဟာ တအားကို ဆင်းရဲနုံချာလွန်းမှာ အသေအချာ ပါပဲ။ သူတို့ရဲ့ ဝင်ငွေပမာဏက တရုတ်ပြည် ယူနန်ပြည်နယ်က တောင်သူ လယ်သမားတွေထက် အများကြီးကို နိမ့်ပါးနေမှာ ဧကန်မလွဲပါ။ အစိုးရဟာ တပ်မှူးကနေ တပ်သားငယ်လေးအထိ တစ်လဝင်ငွေပမာဏ ပျမ်းမျှခြင်း တစ် ယောက်ကို ရင်မင်ပိ ၆၀ ယွမ်၊ ဒါမှမဟုတ် ဆန် ၄၀ ပိဿာ လောက်ပဲရကြပါ တယ်။ (မှတ်ချက် - ခု သုံးထားတာ တရုတ်ပိဿာဖြစ်ပါတယ်။ မြန်မာ ၁ ပိဿာ = တရုတ် ၃"၂၉၃၁ ပိဿာ (ကျင်း)။ ဒါပေမဲ့ ကိုးကန့်ခေါင်းဆောင်တွေ အားလုံးကတော့ အရမ်းကို ပိုက်ဆံချမ်းသာကြတယ်။ ကြားရတဲ့စကားအရကတော့ ရင်မင်ပိယွမ်ငွေ ထရီလန် (သန်းသောင်း) ချီရှိတဲ့ ငွေကြေးတွေက ကိုးကန့်သား တွေကြားထဲမှာ စီးဝင်ပျံ့နှံ့နေပါသတဲ့။ အကယ်၍ ယွမ်ငွေ သန်းပေါင်းလေးသောင်း ငွေကို လူနှစ်သိန်းနှုန်းနဲ့ မျှဝေတွက်ချက်လိုက်မယ်ဆိုရင် ကိုးကန့်သားတွေရဲ့ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံပြီး လည်ပတ်တဲ့ငွေက ပျမ်းမျှခြင်း နှစ်သိန်းစီ ရှိကြမှာ ဖြစ်တယ်။ ဒါကလည်း ဟိုးအရင်က အဓိကရှိခဲ့တဲ့ မူးယစ်ဆေးဝါး စုစည်းမြှုပ်နှံ တဲ့ အရင်းအနှီးဓနငွေကြေးတွေသာဖြစ်တယ်။

၂၀ဝ၂ ခုနှစ် ရောက်လာပါပြီ။ ကိုးကန့်အထူးဒေသ တည်ထောင်လိုက် တာမှာ ၁၃ နှစ် ရောက်လာပါပြီ။ ကိုးကန့်လမ်းအသွယ်သွယ်ပေါ်မှာ လောင်း ကစားတွေက နေရာတကာမှာ တွေ့မြင်ရပါတယ်။ ကိုးကန့်ရဲ့ လမ်းမကြီးတွေ လမ်းသွယ် လမ်းမြောင်တွေမှာ အရောင်အသွေးတွေ စုံလင်လှတဲ့ လောင်းကစား ဝိုင်းတွေက စီစီကို ညံလှပါပေ့။ ဆိုင်းသံ ဗုံသံ တညံညံ၊ မီးအိုးဗျောက်အိုးသံတို့ ကလည်း ဝေဝေလျှံလို့ပေါ့။ တစ်အိမ်နဲ့ တစ်အိမ်၊ တစ်ဝိုင်းနဲ့ တစ်ဝိုင်း ဆက်လို့ နေပါတယ်။ ပြောရမယ်ဆိုရင် အိမ်တိုင်း အိမ်တိုင်း နီးပါး ဝိုင်းတွေဖွင့်ထားကြပါ တယ်။ အသက် ၇၀ အရွယ် ဇရာပင် ထောင်းနေပြီးဖြစ်တဲ့ အထူးဒေသအစိုးရ ဥက္ကဋ္ဌ ဖုန်ကျားရှင်ကိုယ်တိုင် တက်ရောက်ပြီး ဖဲကြိုးဖြတ် အခမ်းအနား ဖွင့်ပေး ပါတယ်။ အခမ်းအနားဖွင့်ပွဲမှာ သူပြောတဲ့ စကားကတော့ ''ငါ ဖွံ့ဖြိုးတိုးတက် အောင် မင်းက ငါ့လာပြီး ကူညီတယ်။ မင်းကြီးပွားချမ်းသာအောင် ငါကူညီပါ့ မယ်'' ။ 

လူတွေ ပြောဆိုကြတဲ့ စကားအရ သိရတာက ဥက္ကဋ္ဌ ဖုန်ကျားရှင်က ဒီလောင်းကစားဝိုင်းရဲ့ ၈၀ プ ကို စိုးမိုးထားပါသတဲ့။ သူ့ရဲ့သားကြီးဖြစ်တဲ့ အထူးဒေသ ဒုတိယဥက္ကဋ္ဌ ဖုန်တက်ရင်ကလည်းပဲ အင်မတန် ခမ်းနားခန့်ထည် တဲ့ ရန်ဖုန်း ပျော်စရာ ရွှင်စရာ ကစားပွဲ ကုမ္ပဏီကြီးကိုလည်း ဖွင့်လှစ်ထားပါ တယ်။ သူ့ရဲ့ တတိယမြောက်သားကတော့ ကိုးကန့်အထူးဒေသမှာ ဘဏ်တိုက် ဖွင့်ထားပါတယ်။ ဖုန်မိသားစုတို့ဟာ အင်မတန်ခေတ်မီပြီး ကြီးကျယ်ခမ်းနားတဲ့ ရင်ဖုန်းဟိုတယ်ကြီးကိုလည်း ဖွင့်လှစ်ထားပြန်ပါသေးတယ်။ အဲဒီဟိုတယ်ကတော့ ၂၀ဝ၂ ခုနှစ် ကိုးကန့်မှာ အသစ်ဖွင့်လိုက်တဲ့ ဟိုတယ်တွေထဲက အကောင်းဆုံး တည်းခိုနိုင်တဲ့ ဟိုတယ်ကြီးဖြစ်တယ်။ လောင်းကစား ကက်စီယို အဆောက်အဦ ကြီးတွေရဲ့ ရှေ့မှာ ခေတ်မီကားမျိုးစုံ ရပ်ထားတာကိုပါ တွေ့မြင်ရမှာဖြစ်တယ်။ တရုတ်ပြည်က လာရောက်ကြသူတွေလည်း မနည်းမနောပါပဲ။ ကျားကျားမမ လောင်းကစား ရွှေဧည့်သည်တွေ၊ စားပွဲခုံတွေ၊ နံဘေးမှာ အကျအနစတိုင်လ် ထုတ်ကြပြီး ယွမ်ငွေစက္ကူ ရင်မင်ပိတွေကို အရသာခံပြီး မျက်စိစားပွဲထိုင်နေကြ ပါတယ်။ ဒီလမ်းမကြီးကဖြင့် အဝါရောင် ကာမဂုဏ်တွေ၊ လောင်းကစားတွေကို အဓိကထားတဲ့ လမ်းမကြီးပါ။ အသက်ပါပါ၊ သင်းရနံ့တွေ ဖြာလို့ပါ။ လမ်းမကြီး ရဲ့ အဆုံးစွန်ထိပ်မှာတော့ ဥက္ကဋ္ဌကြီး ဖုန်ကျားရှင်ရဲ့ အိမ်ဂေဟာပဲ ဖြစ်ပါတယ်။ အဝင်တံခါးဝမှာ အစောင့်တပ်သားတွေက စောင့်ကြပ်နေကြတယ်။ ဘာကြောင့် များလဲဆိုတော့ အဲဒီလမ်းမကြီးမှာ ဆောင်ကြာမြိုင်တွေကလည်း အများအပြား စုပြုံနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ အဲဒီဒေသက လူတွေ က ဖုန်ကျားရှင်ကို ''နာမည်ကျော် ပြည့်တန်ဆာအထိန်းအသိမ်း ကျွမ်းကျင်သူ ကြီး'' ရယ်လို့ ခေါ်ကြပြန်ပါသေးတယ်။

ဒီလိုနေရာမျိုးမှာ လောင်းကစားဝိုင်ကြီးဖွင့်မယ်ဆိုရင် အခြေခံတစ်ရပ် အနေနဲ့က နိုင်ငံရေးမှာ အရေးပါအရာရောက်တဲ့ နယ်ခံရဲ့ ကျောထောက်နောက် ခံ ရှိရပါမယ်။ လောင်းကစားဒိုင်တစ်ခု ဖွင့်တာဟာ တကယ်တော့ တရုတ်ပြည် တွင်းက ကုန်သွယ်ရေးမြို့တော်တစ်ခု ဖွင့်လှစ်တာနဲ့က အတူတူပါပဲ။ ပြီးတော့မှ လောင်းကစားဝိုင်းရဲ့ လောင်းကစား စားပွဲခုံအမျိုးမျိုး၊ လောင်းကစားခန်းမကို လည်းပဲ ကုန်သည်ပွဲစားငယ်လေးတွေ ဝမ်းရေးအတွက် လာပြီး ငှားရမ်းရင်လည်း ခွဲဝေပေးရပြန်ပါသေးတယ်။ ငှားရမ်းကြသူတွေ၊ လောင်းကစားဝိုင်းမှာ အမှုထမ်း တဲ့ သူတွေဟာ အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့သူတွေ ဖြစ်ကြတယ်။ ကွမ်ကျိုး၊ ရှန်ဟဲ၊ ချဲန်တူး၊ စိန်းချွမ်း၊ ကျဲ့ယန်း၊ ဖုကျန့်၊ မကာအို စတဲ့ လူအမျိုး မျိုး အဖုံဖုံပါပဲ။ ကိုးကန့်လောင်းကစားဝိုင်းကြီးတွေက မကာအိုရဲ့ ပေါ်တူကီ ရွှေမြို့တော် လောင်းကစားဝိုင်းကြီးပါပဲ။ စိန်းဒိုင်းမွန်း ခန်းမကြီး၊ ရွှေနဂါးခန်းမ ကြီး စသည် စသည်တို့ ဖြစ်ကြပါတယ်။ အလုပ်ဝန်ထမ်း အမျုးိမျိုးတို့က သေ သပ်ကျန စမတ်ကျလှတဲ့ တူညီဝတ်စုံတွေနဲ့ ဂျူတီဆင်းရပါတယ်။ လောင်းကစား ဝိုင်းတိုင်းရဲ့ အပေါက်ဝမှာ တစ်ခုနဲ့တစ်ခု လူအရေအတွက်မတူတဲ့ လက်နက် ကိုင်အစောင့်တွေ သတိအနေအထားရဲ့ စောင့်ကြပ်နေပါတယ်။ လောင်းကစား ဝိုင်းရဲ့ အပြင်အဆင်အားလုံးဟာ ပေါ်တူကီမြို့တော် ဖူကျင်းရဲ့ ြူကန ဏူညေ အတိုင်း ပုံစံကူးယူထားတာဖြစ်ပါတယ်။ ဝိုင်းထဲမှာ ဂဏန်းစေ့ အလုံးတွေကို ဆင့်ထပ်တားတာရယ်၊ ကိန်းဂဏန်း အမှတ်အသား ပြုထားတာရယ်တွေ ရှိပါ တယ်။ ကစားဝိုင်းတံခါးဝပေါက်မှာ ကျောက်ခဲတုံးတစ်တုံးလို့ ထင်ရပါတယ်။ အဲဒါကို ပိတ်စအနီနဲ့ ထုတ်ထားပြိး ချိတ်ဆွဲထားပါတယ်။ ဘယ်လိုအဓိပ္ပာယ် များလဲဆိုတော့ ကျွန်တော်တို့လည်း မသိရပါ။ အတော်လေး ရှေးကျလွန်းမယ့် အဓိပ္ပာယ်အယူအဆ သေချာပေါက်ရှိလိမ့်မယ်လို့ပဲ တွေးဆကြည့်ရတာပါပဲ။

ခုတလော ကိုးကန့်ရဲ့ လောင်းကစားဝိုင်းတွေက တစတစနဲ့ သာမန် ပြည်သူ့အသွင် ပြောင်းလွဲသွားပါပြီ။ တရုတ်ပြည်ကလာတဲ့ လူကုံထံ ရွှေဧည့် သည်ကြီးတွေ ကြာလေ အလာနည်းပါးလေဖြစ်ပြီး ရေရှည်အနေနဲ့ ကြေးကြီး ကြီး လောင်းကြေးထပ်ကြတဲ့ ကစားသမားတွေကိုချည်း အားထားလို့မရတော့ပါ။ ပိုပြီး အားထားရမှာက ပိုမိုများပြားတဲ့ နေ့စဉ်ရက်ဆက် လာကစားကြတဲ့သူတွေ ကိုပဲ ပိုပိုပြီး အားထားရမှာ ဖြစ်ပါတယ်။ အခုကိုးကန့်မှာ စိတ်ပါဝင်စားမှုအရှိ ဆုံးကတော့ လောင်းကြေး ရင်မင်ပိယွမ် နှစ်သိန်းပဲ ဖြစ်တယ်။ အနည်းဆုံး လောင်းကြေးက ဆယ်ယွမ်ပါ။ လမ်းမကြီးတန်းက လမ်းဘေးကစားဝိုင်းဆိုရင် ၁ ယွမ်နဲ့လည်း ကစားလို့ရပါတယ်။ ဒီတော့ လူတိုင်း လူတိုင်း ကစားနိုင်ကြတာ ပေါ့။ ဗုဒ္ဓဘာသာ နိုင်ငံတစ်နိုင်ငံဖြစ်ရက်နဲ့ နိုင်ငံ့နယ်နိမိတ်အတွင်းမှာ ဆောင် ကြာမြိုင်လုပ်ငန်းတွေ၊ လောင်းကစားဝိုင်း လုပ်ငန်းတွေလုပ်ပြီး အသက်မွေးဝမ်း ကျောင်းကြတာဟာဖြင့် တကယ့်ပြစ်မှုကြီးတွေပါပဲ။ ဒါပေမဲ့ မြန်မာအစိုးရက ဒါကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ နည်းပရိယာယ်မူဝါဒတွေ ရှိနေပါတယ်။ အထူးဒေသ ဂိတ်တွေကို ကိုးကန့်မဟာမိတ်တပ်က တာဝန်ယူ။ ဒုတိယဂိတ်ကမှ မြန်မာအစိုးရ ထိန်းချုပ်တဲ့ တကယ့်ဂိတ်ဖြစ်ပါတယ်။ ဒီတော့ နှစ်ဦးနှစ်ဖက်ဟာ ရှဉ့်လည်း လျှောက်နိုင်၊ ပျားလည်း စွဲနိုင်ချေမဟုတ်ပါလား။ ဒါဟာ ''နယ်မြေအတွင်း၊ ဂိတ်အပြင်ဘက်'' ဆိုတဲ့ ကိစ္စပေါ့ဗျာ။

ကနေ့ ကိုးကန့်လောက်ကိုင်မှာ လူဦးရေ ခန့်မှန်းခြေ တစ်သိန်းလောက် မှီတင်းနေထိုင်ကြပါတယ်။ ဒါပေမဲ့ တကယ်ဒေသခံ ဇာတိအမှန်နေထိုင်သူက သုံးသောင်းလောက်သာ ရှိပါတယ်။ ကျန်အများစုက တရုတ်ပြည်သားတွေ ဖြစ်ကြပါတယ်။ ဒီတရုတ်ပြည်ကြီးသားတွေ ကိုးကန့်ရောက်လာဖို့ဆိုတာက တရုတ်နယ်နိမိတ် ဂိတ်ဝမှာ ''တရုတ်မြန်မာ နယ်စပ်ခရီးသွား အထောက်အထား လက်မှတ်'' လုပ်ထားလိုက်ရုံနှင့် ပြီးစီးပါတယ်။ အဲသလိုမျိုး ''ခရီးသွားအထောက် အထားလက်မှတ်''ရဲ့ သက်တမ်းက နေ့တစ်နေ့ကနေ တစ်နှစ်မက နေလို့ရပါ တယ်။ ဖြတ်ကျော်ပြီး မြန်မာပြည်ဘက်ကို ရောက်လိုက်တာနဲ့ ဒီဘက်ကလည်း ဘာညာသာရကာတွေ ထုတ်ပေးလိုက်ရုံနဲ့ အခြေခံအားဖြင့်တော့ ရှာတာဖွေတာ စစ်ဆေးတာတွေ မရှိတော့ပါဘူး။ ဒါကြောင့်လည်း တရုတ်ပြည်ကြီးသား အများအပြားဟာ ဘာညာသာရကာလောက်ပဲ ပြုလုပ်ပြီး၊ ဟုတ်တိပတ်တိ သွားလုပ်တယ် မရှိပါဘူး။ 

ဒီဘက်က သုံးစွဲနေတဲ့ လျှပ်စစ်က တရုတ်ပြည်ဘက် ကနေ ကြိုးသွယ်တန်းပြီးပေးတာ ဖြစ်တယ်။ နယ်မြေဒေသအတွင်းက အသုံး ပြုနေတဲ့ တယ်လီဖုန်းတွေ၊ လက်ကိုင်ဖုန်းတွေ အားလုံးဟာ တရုတ်ပြည်ရဲ့ ဖုန်းလိုုင်း၊ နက်လိုင်းတွေက နံပါတ်တွေချည်းဖြစ်တယ်။ နယ်မြေသင်္ကေတ အမှတ်အသားက ယူနန်ပြည်နယ် လိန်ချန်းဒေသရဲ့ ၁၈၈၃ ပါပဲ။ အများသုံး ဖုန်းရုံကလေးက ပြည်တွင်းသို့ အော်တိုရတယ်ဆိုတာက တရုတ်ပြည်ရဲ့ ပြည် တွင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ တရုတ်ပြည် ကြေးနန်းနှင့် စာပို့လုပ်ငန်းကုမ္ပဏီရဲ့ စာပေးစာယူလုပ်ငန်းခွင် ကြေငြာစာကို နေရာအနှံ့အပြား ကပ်ပြုထားပါတယ်။ တရုတ်ပြည် ကုမ္ပဏီ အမြောက်အမြားက ဒီနေရာလာပြီး သူတို့ ယန္တရားတွေ ဖွင့်လှစ်ကြတယ်။ လမ်းမတွေပေါ်မှာ ပြေးဆွဲနေတဲ့ အငှားကားအများစုက တရုတ်ပြည်ကလာတဲ့ ချန်းဟိုအသေးစား မော်တော်ယာဉ်နှင့် အောက်ထို့ ချာလီကားတွေ ဖြစ်တယ်။ စူပါမားကတ်၊ မီနီမားကတ်ဆိုင် ကြီးကြီးသေးသေးတွေရယ်၊ လယ်ယာလုပ်ငန်း ဈေးကွက်က ရောင်းကုန်တွေ အားလုံးနီးပါးက တရုတ်ပြည်ထုတ်ကုန်တွေချည်း ဖြစ်ပါတယ်။ ဟောဒီနေရာမှာ သုံးစွဲနေတဲ့ ငွေကြေးက တရုတ်ပြည် ရင်မင်ပိ ယွမ်ငွေကြေးတွေပဲဖြစ်တယ်။ မြန်မာငွေကြေးကို သုံးစွဲသူမရှိသလောက်ပါပဲ။ ဘာကြောင့်ဆိုရင် လောင်ပန် (သူဋ္ဌေး) တွေက လက်သင့်မခံကြဘူးလေ။

မြန်မာတွေ၊ ကိုးကန့်တွေမှာ စာပေအက္ခရာ တင်မထားတဲ့ စည်းကမ်း ချက်တစ်ရပ် ချမှတ်ထားပါတယ်။ ကာမဂုဏ် ပျော်ပါးနိုင်တယ်၊ လောင်းကစား လည်းပဲ ပျော်ပါးလို့ ရတယ်။ ဒါပေမဲ့ အြွေကးတော့ သည်းခံပါ။ တကယ်လို့ အြွေကးထားတယ်၊ ပိုက်ဆံ လုပ်တယ် ဒါမျိုးတွေ ကျူးလွန်လို့ကတော့ ကြီးလေး ရင် သတ်ပစ်။ သေးငယ်ရင် ဒကောက်ကွေးအကြောကို ဖြတ်ပစ်။ ဒါကြောင့်လည်း ခိုးတာ၊ ဝှက်တာ၊ လုယက်တာ၊ ခါးပိုက်နှိုက်၊ ဓားပြတိုက်တာဆိုတဲ့ အမှုအခင်း တွေက ပြည်တွင်းထက် အများကြီး နည်းပါးပါတယ်။ လမ်းမတွေပေါ်မှာ သွား လာနေရင်းက လမ်းသွားလမ်းလာတွေဟာ ဖြစ်သလိုပဲ ပိုက်ဆံထုပ်ကြီးတွေ၊ အဖိုးတန်ပစ္စည်းတွေကို လက်မှာဆွဲကိုင်ပြီး သွားလာနေတာကို တွေ့ရမြင်ရမှာပါ။ လုမှာ ယက်မှာ၊ ဓားပြတိုက်မှာကို နည်းနည်းလေးမှ စိုးရိမ်စရာမလိုပါ။ ဒါ့အပြင် သေနတ်တွေကို လက်မှာ ကိုင်သူက ကိုင်၊ ကျောလွယ်သူက လွယ်ပြီး ဥဒဟို ကင်းလှည့်နေကြတဲ့ တပ်သားတွေကိုလည်း တွေ့ရပါလိမ့်မယ်။ ဒီလိုမျိုး ရယူ ခံစားခွင့်ကို ပေးသမျှဆိုတဲ့ လစာလေးမှ ရင်မင်ပိ ၄၀ ယွမ်မျှသာရတဲ့ တပ်သား တွေဟာ အစွမ်းကုန်တာဝန်ကျေပွန်ပါတယ်။ မျက်မှောက်ကိုးကန့်ရဲ့ ရာဇဝတ် သားတွေအပေါ် ချမှတ်တဲ့ ''ဥပဒေ'' မှာ သတ်မှတ်ထားတာက အမြင့်ဆုံး ပြစ်ဒဏ်ကျခံကာလက ၆ နှစ်။ ဒီ့ထက်တက်သွားလို့ကတော့ ''သေဒဏ်'' ပါပဲ။ ဒါကြောင့် သေဒဏ်ဆိုတဲ့ ပြစ်မှုကျခံမှုဆိုတာ လွယ်လွယ်လေးနဲ့ ကျခံသွားရမယ် လေ။

ကိုးကန့်ရဲ့ အုပ်ချုပ်ပုံက ဗမာပြည်ကွန်မြူနစ်ပါတီကာလကနဲ့ တူတူပါ ပဲ။ တရုတ်တို့ရဲ့ ပုံစံမျိုးကို ကူးယူပြီး ကိုယ့်မူပိုင်လုံခြုံရေးဌာန၊ ရဲဌာန၊ ယာဉ်ထိန်း အစရှိတဲ့ ယန္တရားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက စာရေးသူ (သတင်းထောက်) မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတာက အင်မတန် စည်ကားလွန်းလှတဲ့ လောက်ကိုင်ရဲ့ လမ်းတွေပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတွေရဲ့ လက်ထဲမှာ ြ-၁၆ အော်တိုမက်တစ်သေနတ်တွေ ကိုင် ဆောင်ထားကြပါတယ်။ ဒါ့အပြင် ကျည်ပါ ထိုးထားတယ်။ လုံခြုံရေးခလုတ်ဖွင့် ထားသလား၊ ပိတ်ထားသလားတော့ စာရေးသူ မသိရပါ။ သူတို့ရဲ့ လုပ်ငန်း သဘောထားနှင့် စိတ်ထားတွေက သူတို့က လူ့ရိပ်လူ့ကဲခတ်ပြီး ဆောင်ရွက်ပါ တယ်။ ခု ကျွန်တော့်လို ဒေသခံအရာရှိက လိုက်ပါပြီး ပြသတဲ့ ဧည့်သည်မျိုးကို တော့ သူတို့ ဘာအနှောင့်အယှက်မှ မပေးတဲ့အပြင် ကားပါတားပြီး ငှားပေးလိုက် ပါသေးတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ တခြားသာမန် တရုတ်ပြည်သားတွေ ကို ငေါက်လား၊ ငမ်းလား၊ ကြိမ်းမောင်းလား လုပ်တာတွေကို အလိုလိုပဲ မေတ္တာစေတနာရှိကြပါတယ်။ သူတို့ အရွံ့မုန်းဆုံးကတော့ နှစ်ပေါင်းများစွာ ကတည်းက ရန်ဘက်လို မြင်ရတဲ့ ဗမာတွေကိုပါပဲ။ လက်ထဲမှာ ြ-၁၆ ကိုင်ထား တဲ့ လမ်းမပေါ်က လမ်းပြရဲတွေရဲ့ ပြင်ပကလာတဲ့ သူတွေကို အော်ငေါက်မာန်မဲနေ တာကို ကြည့်ပြီး တွေ့ရတဲ့ လူအဖို့ နှလုံးတုန်ဖြစ်စရာပါပဲ။

ယောကျာ်းလေးတွေ အသက်အရွယ် (၁၃-၁၄) နှစ်မှာ အားလုံး စစ် မှုထမ်းဖို့ကို သတ်မှတ်ထားပါတယ်။ လူဦးရေက နည်းလှတာကြောင့် စစ်မှုထမ်း လိုက်တာနဲ့ ပြန်ထွက်လို့မရတော့ပါ။ အကယ်၍ နောက်ပိုင်းမှာ စစ်တပ်ထဲ မရှိတော့ဘူးဆိုပေမယ့်လည်း သူ့ကို ခွင့်ရက်ပေးလိုက်တယ်လို့ပဲ သတ်မှတ်ထား ပါတယ်။ စစ်ရေးစစ်ရာပေါ်ပေါက်လာတာနဲ့ ချက်ချင်းတပ်ထဲ ပြန်ဝင်ရပါတယ်။

ကိုးကန့် လောက်ကိုင်မြို့နားမှာ မန်ချူးခေတ် အစဦးပိုင်းက ဆောက် လုပ်ခဲ့တဲ့ ကိုးကန့်ဘုရားကျောင်းတစ်ကျောင်း ရှိပါတယ်။ အထဲမှာ ဘိုးတော် ကွမ်းကုန်းရဲ့ ကွမ်ရင်မယ်တော်တို့ရဲ့ ရုပ်ထုတော်တွေ ရှိပါတယ်။ ဘိုးတော် ကွမ်းကုန်းရဲ့ ညာဘက်လက်က မုတ်ဆိတ်မွှေးတွေကို ဆွဲသနေပြီး ဘယ်လက်က ''ချွန်းချူး'' စာအုပ်ကိုင်ထားပြီး စာဖတ်နေတဲ့ ရုပ်ထုဖြစ်တယ်။ ဒီဘုရားကျောင်း တော်ကြီးရဲ့ အသွင်အပြင်၊ အထားအသိုအားလုံးဟာ ဟန်ယဉ်ကျေးမှ်ု အမျိုး အစား သန့်သန့်များနှင့်သာ ဖြစ်တယ်။ တရုတ်လူမျိုးတို့ အင်မတန်လေးစား အားထားတဲ့ လူစွမ်းကောင်းကြီး ကွမ်းကုန်းဘိုးတော်ကြီးနှင့် ကွမ်ရင်မယ်တော် ကြီးတို့ကို ရောယှက်ထားတဲ့ ဘုရားကျောင်းတော်ကြီးဖြစ်ပါတယ်။ နေ့စဉ် နေ့ တိုင်း ပန်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် လာရောက်ပူဇော်ကြသူတွေ မနည်းမနော လှပါ။ တစ်ခါတစ်ရံများ ဒါဟာ တရုတ်ပြည်မြေပေါ်က တစ်စုံတစ်ခုသော ဘုရားကျောင်းတော်ကြီးဆီကိုများ ရောက်နေသလားလို့တောင် ထင်မှတ်ရပါ တယ်။ 

နှစ်စဉ်နှစ်တိုင်း တရုတ် သက္ကရာဇ် နှစ်လပိုင်း ၁၉ ရက်နေ့ ရောက်လေ တိုင်း ဘုရားပွဲတော် ကျင်းပလေ့ရှိပါတယ်။ လူတွေ ကြိတ်ကြိတ်တိုး စည်ကား လှပါတယ်လို့ ပြောကြပါတယ်။ ဘုရားကျောင်းဆိုင်းဘုတ်ကြီးတစ်ခုမှာ ရေးထွင်း ထားတဲ့ စာကြောင်း တစ်ကြောင်းက ''အနိဋ္ဌာရုံ အလုံးစုံကား ဆင်းရဲဒုက္ခလွန် ကြီးလှ၊ ငရဲတမျှ၊ ဆိုလှပေစွ၊ ကိုးကန့်နယ်မြေ တောတောင်တွေမှာ ဦးခေါင်း မော့ကာ ကြည့်လိုက်လေတိုင်း တံပိုးစည်သံ စစ်မောင်းသံ ခြိမ့်ခြိမ့်ညံမစဲ တသဲ သဲနှင့် မှိုင်းမှိုင်းညို့ညို့ ဟိုးတောင်တန်းတခိုက စစ်ရိပ်စစ်ယောင် မီးခိုးမှိုင်းလုံးတို့ က တောင်ခိုးတွေနဲ့ ရောကာယှက်ကာနဲ့ မိုးကောင်ကင်ထက်ဆီ တိုးတက်လို့ နေချေပြီ။ နှစ်ကိန်းဂဏန်းရာချီတဲ့ အတိတ်သမိုင်းဟောင်းတွေတုန်းက နန်းမိန် (တောင်ပိုင်းမိန်) မင်းဆက်ရဲ့ မှူးကြီးမတ်ရာအပေါင်းတို့ကား မင်းပြောင်းမင်းလွှဲ စစ်မက်ကာလထဲမှာ မန်ချူးမင်းဧကရာဇ်ရဲ့ လက်ထဲ ဝကွက်အပ်နှံ အဖမ်းမခံရ လေအောင် မောင်းနှင်ကာ ထွက်ပြေး တစ်ရပ်တကျေးဆီ ခရီးပြင်းတွေ နှင်ရ ချေတယ်။ သူတို့ကနေ ဆင်းသက်ပေါက်ဖွားလာကြတဲ့ သားစဉ်မြေးဆက်တို့ လည်း မွေးရပ်ဌာနေနဲ့ ကင်းကွာဝေးပြီး တောရိုင်းမြက်မည်းထဲမှာ လူးကာလွန့် ကာ သဘာဝဒဏ်နှင့် စစ်မက်ဒဏ်ကို မရပ်မနားတမ်း လှိမ့်ကာ လှိမ့်ကာ ခံရ ရှာတယ်။ နောက်ထပ် ဆင့်ကဲပြီး နိုင်ငံရေးဒဏ်၊ မူးယစ်ဒဏ်တွေ ဆင့်ပွားတိုးလာ တော့ ကမ္ဘာ့ယဉ်ကျေးမှု ရေစီးကြောင်းနဲ့ ဝေးသထက်ဝေးကွာ ခရီးတာကို ရောက်ရပြန်လေတယ်။ ညစ်ပတ်စုတ်ပဲ့တဲ့ တံတွေးစက်တွေ၊ ပုပ်ဟောင်နံစော် တဲ့ အနံ့ဆိုးတွေ ကိုးကန့်မြေသားတို့ရဲ့ ခန္ဓာကိုယ်တွေမှာ စွန်းထင်ပေကျံကုန် ချေပြီ။ အရွံ့အမုန်းဒဏ်ခံရလေတာ တစ်ချက်ကလေးတောင် အသက်ရှူနား ခွင့် မပေးကြချေ။ ဒါ့အပြင် ပွေလီရှုပ်ထွေးတဲ့ ရှိုက်ငင်ငြွေိုကးနေတဲ့ လောက ဇာတ်ခုံပေါ်မှာ တစ်ကွက်ပြီး တစ်ကွက် ဆက်လက်ကာ ကပြသရုပ်ဆောင်နေ ရတုန်း ဘဝအခြေပါတကား။ အခုတော့ သူတို့တတွေဟာ လက်မောင်းနှစ်ဖက် ကာ ကားနေအောင် ဆန့်တန်းပြီး တရုတ်ပြည်သူသားတို့ကို တလှိုက်တလှဲနဲ့ ကြိုဆိုသမှု ပြုကြချေပြီ။ သူတို့ရဲ့ သွေး၊ သူတို့ရဲ့ ချွေးနဲ့ လဲလှယ်ရယူလာတဲ့ ဒီရေ ဒီမြေမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှု၊ အခြေချနေထိုင်မှုတွေကို ဖက်လှဲ တကင်း ကြိုဆိုမှုတွေ ပြုနေချေပြီတကား။

သူတို့ဟာ ယူနန်ပြည်နယ် လိန်ချန်း၊ ပေါင်စန်းနဲ့ အိမ်နီးချင်းတွေ ဖြစ်ကြပြီး၊ ပြောဟန် ဆိုဟန် လေယူလေသိမ်း၊ ဝတ်စားဆင်ယင်မှုတွေမှာလည်း မတိမ်းမယိမ်းတွေပါပဲ။ သူတို့ရဲ့ ကိုယ်ပေါ်က အသွေးအသားတွေ အားလုံးဟာ ဟွာတရုတ်မျိုးနွယ်ဖွားတို့ရဲ့ အသွေးအသားတွေနဲ့ ဘယ်လိုမှ ခွဲခြားလို့ မရပါ။

ကိုးကန့်သားတွေဟာ လာလတ္တံ့အနာဂတ်မှာလည်းပဲ ဘိန်းတွေ အရပ်လေးမျက်နှာဆီကို ဖြန့်ဖြူးကြမယ့် ကမ္ဘာလောကကို ရှုပ်ထွေးစေမယ့် ဘိန်းရာဇာများသာ ဖြစ်ချေဦးမယ်။ ဗြိတိန်မှာပဲဖြစ်ဖြစ်၊ ဂျပန်၊ တရုတ်၊ နောက် ဆုံး မြန်မာ၊ ဘယ်နိုင်ငံ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်အမျိုးသားရေး ဝါဒပဲ ဖြစ်ဖြစ်၊ ကွန်မြူနစ်ဝါဒပဲဖြစ်ဖြစ်၊ တဖန် ပြည်ထောင်စုကြီးပဲလား၊ ရှမ်းပြည် နိုင်ငံတော်ကြီးကပဲ ဖြစ်လာဖြစ်လာ၊ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အေးချမ်း အေးချမ်း၊ သေနတ်သံ အမြောက်၊ စည်မောင်းသံတွေပဲ ညံနေ ညံနေ၊ ကိုးကန့်သားတွေ ကတော့ လေညာက အနေသာပါ။ ဘယ်လိုမှ ပြောင်းလဲကြမှာ မဟုတ်ပါ။ သူတို့ဟာ ''ငါ့မြင်း ငါ့စိုင်း'' စိုင်းနေကြဦးမှာပါ။ ဆောင်းကုန်တော့ နွေလာပြီး ပြန်တော့ မိုးကိုရောက်၊ ရာသီစက်ဝန်းတွေ သူ့ဘာသာ လည်သွားမှာ၊ ကိုးကန့် သားတွေကတော့ ရှေးကျတဲ့ ကျေးလက်သီချင်းကို သြွေီကး၊ ဘိန်းတင်လား ဝန်တွေနဲ့ ခရီးပြင်တွေ နှင်ကြပြီ။ ကျုံးဟွာ တရုတ်ယဉ်ကျေးမှုတွေနဲ့ လျှောက် လှမ်းကြပြီး ရှေ့နောက်တောင်မြောက် ခြေစင်္ကြာ ဖြန့်ကျက်နေချေမည်တည်း။ ကုန်သည်လား ဝန်တင်ယာဉ်တန်းကြီးက ရေညှိရေမှော်စိမ်းတွေ တက်နေတဲ့ ကျောက်ပြား ကျောက်လွှာချပ်ကြီးတွေကို နင်းပြုပြီး နက်ရှိှုုင်းတဲ့ ခြေရာချိုင့်ခွက် ကြီးတွေကို ထားခဲ့ကြမယ်။ ဒါလည်းပဲ သူတို့ရဲ့ နှလုံးသည်းပွတ်တွေမှာ နက်ရှိှုုင်း လှတဲ့ ဒဏ်ရာဒဏ်ချက်ကြီးတွေ၊ မှိုင်တွေညှိုးလျော်မှုကြီးတွေကို ချန်လှပ်ထားရစ်ခဲ့ ချေတော့မယ်။ 

ကိုးကန့်သားတွေအထဲက လူနည်းစု တိုင်းရင်းသားအများအပြား က ဘုရားကျောင်း ဒီနေရာက ထွက်လာကြ၊ ပျောက်ကွယ်သွားကြပါတယ်။ ဝတ်ဆင်ထားပုံတွေက ခြေဆုံးခေါင်းဆုံး တစ်ကိုယ်လုံး အနက်ဝတ်စုံ။ ချဉ်စော် ကားသီးတွေ၊ သစ်ချသီးတွေ ခင်းချပြီး ရောင်းချနေကြပါတယ်။ တချို့တိုင်းရင်း သူတွေက ငွေပြားတွေသီးပြီး၊ ဆံကေသာတွေထက်မှာ အလှစီခြယ်ထားကြတယ်။ ယွမ်ကြေးငွေ အြွေကစ (မန်ချူးမင်းဧကရာဇ် ပြုတ်ကျသွားတဲ့နောက် သုံးစွဲတဲ့ တရုတ်ကြေးပြားငွေ အြွေကစ) တွေကို အပေါက်ဖောက်သီပြီး ဆင်မြန်းထားကြ တာ၊ ဝတ်စုံတွေကို ဝတ်ဆင်ထားကြတော့ လှုပ်ရမ်းလိုက်လေတိုင်း ငွေအြွေကစ တို့ရဲ့ ရိုက်ခတ်သံ သာသာယာယာကို ကြားလိုက်ရပါတယ်။ အခြားတိုင်းရင်းသူ မိန်းမသားတွေက သူတို့ရဲ့ ရင်သားတွေကို လှစ်ဟပြထားမလောက်ကို ဝတ်ဆင် ထားကြတယ်။ လှပတဲ့ ပုစွန်မျက်လုံးပြုူးတွေက တဏှာရာဂခိုးတွေ လုံးဝ ကင်းမဲ့ကြပါတယ်။ ပိတ်ထည်စ ကော်လာအဝိုင်း၊ လက်အိုးပွပွကြီးတွေ ခေါင်း ထက်မှာ သံပုရာခြမ်း ဦးထုပ်ငယ်လေးတွေကို ဆောင်းပြုထားကြတဲ့ တောင် တန်းသူ တောင်တန်းသားတွေ ရှေ့မျက်နှာချင်းဆိုင်ကနေ တန်းတန်းမတ်မတ် လျှောက်လှမ်းလာကြလေတိုင်း သူတို့ ဦးခေါင်းနောက်ဘက်ဆီက ကျစ်ဆံမြီး တစ်ချောင်းကလည်း ကိုယ်လှုပ်ရမ်းလိုက်တိုင်း လိုက်ပါပြီး ဟိုသည်လှုပ်ရမ်းနေပါ တယ်။ ဒေသခံတွေဆီက ကြားသိရသလောက်ကတော့ ဟိုးရှေးရှေးရုပ်ပုံ ပန်းချီကားချပ်တွေအထဲက မန်ချူးခေတ်တုန်းက ဝတ်စားဆင်ယင်မှုတွေကနေ အထည်ကြီးပျက်တို့က ဆင်းသက်လာကြတဲ့ သားမြေးမြစ်မျိုးဆက်တွေဖြစ်ပါ သတဲ့။ သူတို့အားလုံးဟာ တောင်ပေါ်လမ်းကလေးအတိုင်း လျှောက်လာကြပြီး မြို့ဆီသွားပြီး ဈေးသွားကြပါတယ်တဲ့။ သူတို့တွေအထဲက အနည်းစုကတော့ ရိတ်သိမ်းရလာတဲ့ ဘိန်းစေးရိုင်းတွေကို သယ်သွားကြပြီး လမ်းထိပ်တွေမှာ ရောင်းချလိုက်ကြတယ်။ အဲဒီ မပို့မစို့ ငွေကြေးလေးတွေနဲ့ ဆန်တို့၊ ဆားတို့၊ လယ်ယာသုံး ပစ္စည်းတွေနဲ့ ဖလှယ်ရောင်းဝယ်ကြတယ်။ ဘိန်းရောင်းဝယ်မှုက တင်းကြပ်တဲ့ ရှေးဟောင်းဓလေ့ထုံးတမ်းအတိုင်း ရောင်းဝယ်ကြရပါတယ်။ ရောင်းကုန်ငွေကြေးစနစ်နှင့် နှုန်းထားတွက်ချက်မှုစနစ်က ကျန်ရစ်နေပါသေး တယ်။ တရုတ်ပြည်မှာဆိုရင် ရုပ်ရှင်တွေထဲမှာသာ မြင်ရတော့တဲ့ မြေပိုင်ရှင်ကြီး တွေက တောင်သူလယ်လုပ် ဓားမခုတ်တွေအပေါ် မတရားရက်စက်အနိုင်ကျင့် ကြတဲ့ ''ပြည်တောင်းအငယ်ထဲဆီ ဝင်၊ ပြည်တောင်းအကြီးထဲက ထွက်'' ဆိုတဲ့ ဗြောင်မတရား ဂုတ်သွေးစုပ်တဲ့ အချင်အတွယ်ပစ္စည်း ကိရိယာတွေကို ကိုးကန့် နယ်မြေတွေမှာ အသုံးချကိုင်တွယ်နေကြပါတယ်။ ဒါတွေကို တွေ့မြင်ကြရတဲ့ ခရီးသွားတရုတ်ပြည်သားများအဖို့ ဖော်မပြနိုင်လောက်တဲ့ ခင်မင်ရင်းနှီးမှု သံယောဇဉ် မေတ္တာတရားတွေ တဖွားဖွား ပေါ်ပေါက်လာရလေတယ်။

ဘုရားကျောင်းကြီးနားကို ပေါက်တဲ့ လမ်းခွဲလမ်းမြောင်လမ်းဆုံက အိမ်ကလေးဆိုရင် ဘိန်းတွေ လက်ခံဝယ်သိုလှောင်တဲ့ စခန်းလေးတစ်ခုပါပဲ။ အိမ်ရှင်က ခြံဝန်းထဲမှာ ဝှက်ထားတဲ့ မန်ချူးမင်းလက်ထက်က အချင်အတွယ် ပစ္စည်းတွေကို ထုတ်ယူလိုက်တယ်။ အဲဒါကတော့ ရှေးဟောင်းတရုတ်ချိန်ခွင် တစ်လက်နဲ့ ပျဉ်တစ်ချက်ပါပဲ။ ပျဉ်ပြားရဲ့ အလယ်ဗဟိုချက်မမှာ ရှေးဟောင်း ငွေဒင်္ဂါးပြားတွေ တပ်ထားပါတယ်။ ပျဉ်ချပ်ရဲ့ တစ်ဖက်မှာတော့ ခပ်ချိုင့်ချိုင့် မြောင်းတစ်မြောင်း ထွင်းဖော်ထားပါတယ်။ ကူမင်တန်ခေတ်က ငွေဒင်္ဂါးပြားတွေ အစီအရီ တန်းစီထားပါတယ်။ ဒါတွေဟာ ဘိန်းစိမ်းအရောင်းအဝယ်လုပ်ရာမှာ အလေးအဖြစ် အသုံးချမယ့် ကိရိယာတွေပါပဲ။ ကျွန်တော်တို့ ဖတ်ရှုခဲ့ရဖူးတဲ့ ရွှေတြိဂံ ဘိန်းကုန်သွယ်ရာစာအုပ်တွေထဲက စီကာပတ်ကုံးရေးသားထားတဲ့ အချင်အတွယ် ကိရိယာတန်ဆာပလာတွေနဲ့က တထပ်တည်းကို ကျနေပါတယ်။ ဒီပစ္စည်းတွေအားလုံးကို ကြည့်လိုက်ရုံနှင့် အင်မတန်ကို ရှေးကျလွန်းနေတာကို တွေ့မြင်ရပါတယ်။ အသုံးပြုတဲ့ ပျဉ်ချပ်တုံးကြီးကလည်း ဝါကျင့်ကျင့်နဲ့ ဆီရောင် တွေ လက်နေတာပါပဲ။ ချိုင့်ကျသွားတဲ့ မြောင်းဆိုလည်း မည်းညစ်ညစ်ဆီချေး တွေ အလိမ်းလိမ်း ကပ်တွယ်နေတယ်။ အဲဒီရှေးကျတဲ့ ပစ္စည်းတွေရဲ့ နံဘေးမှာ လေးထောင့်စပ်စပ် အနက်ရောင် ဘိန်းစိမ်းတွေ ချထားပါတယ်။ အတွင်းက ခရတ်စက္ကူ (ုမေ်အ ဏစေနမ) ကိုသုံးပြီး အပြင်ဘက်ကတော့ ငှက်ပျောရွက်စိမ်းနဲ့ ထုတ်ထားပါတယ်။ အရောင်အသွေးကြည့်ပြီး ခန့်မှန်းနိုင်ဖို့အတွက် ထုတ်ပိုးထား တဲ့ စက္ကူနဲ့ ငှက်ပျောဖက်ကို လှပ်ပေးထားပါတယ်။ အိမ်ရှင်ဝတ်ဆင်ထားတာက ဟန်တရုတ်လူမျိုးတို့ရဲ့ အဝတ်အစားပါ။ ဘေးနားမှာ လူနည်းစုတိုင်းရင်းသား တို့ရဲ့ ဝတ်စာဆင်ယင်မှုအတိုင်း ဝတ်ဆင်ထားကြတဲ့ တိုင်းရင်းသူတွေ ဖြစ်ကြပါ တယ်။ မိန်းမသားတွေဟာ တချို့လည်း အသက်ကြီးလှပါပြီ။ တချို့တော့လည်း ငယ်ငယ်ရွယ်ရွယ်ကောင်လေးတွေ ရှိပါသေးတယ်။ သံသယဝင်နေစရာ မလိုပါ ဘူး။ ဒီမိန်းမသားတွေက ဘိန်းလာရောင်းကြတာပါပဲ။ အဲဒီလမ်းမကြီးမှာ အင်မတန်အရေးကြီးတဲ့ ပစ္စည်းနှစ်မျိုးရှိနေပြန်ပါသေးတယ်။ ကျောက်တုံး နှစ် တုံးပေါ့။ တစ်တုံးက ဗြိတိသျှအင်ပါယာကြီးနှင့် ဂရိတန်မန်ချူးကောတို့ရဲ့ နှစ် နိုင်ငံနယ်နိမိတ် သတ်မှတ်ချက် ကျောက်တိုင်ကြီး။ နောက်တစ်တုံးကတော့ ဗြိတိန်ဆိုင်ရာ မြန်မာအစိုးရက ကွတ်ခိုင်စော်ဘွားကို အမိန့်အာဏာနဲ့ ခန့်အပ် လိုက်တဲ့ ကျောက်တုံးဖြစ်တယ်။ ဗြိတိသျှအစိုးရလက်ထက်တုန်းက ကိုးကန့်နယ် မြေဒေသဟာ် ကွတ်ခိုင်စီရင်စုနယ်တစ်နယ်ဖြစ်နေပါတယ်။

ကိုးကန့်လမ်းတန်းတွေပေါ်က ဆိုင်တွေ၊ ထမင်းဆိုင် ဟိုတယ်တွေ အားလုံးကို မြန်မာစာ၊ တရုတ်စာ ရောနှောပြီး ရေးသားထားပါတယ်။ ဒါပေမဲ့ အထင်အရှား တွေ့နိုင်မှာတော့ တရုတ်စာကို အဓိကထားပါတယ်။ မြန်မာစာ ကတော့ အဆင်းတန်ဆာတစ်ရပ်အဖြစ်သာ ထားပါတယ်။ စာအုပ်ဆိုင်တွေမှာ မြန်မာလို ပုံနှိပ်ထားတဲ့ စာအုပ်မျိုး အင်မတန် တွေ့ရခဲပါတယ်။ ရောင်းတဲ့ စာအုပ်တွေအားလုံးလိုလိုဟာ တရုတ်ပြည်က စာအုပ်တွေ၊ ဂျာနယ်မဂ္ဂဇင်း၊ သတင်းစာစောင်တွေပါပဲ။ စာအုပ်မျိုးစုံနဲ့ လိင်မှုဆိုင်ရာ စာအုပ်တွေ၊ ကားချပ် ဓာတ်ပုံ၊ အခွေတွေကိုလည်း ဗြောင်ချပြီး ရောင်းချပါတယ်။ ကိုးကန့်မှာ ကိုယ် ပိုင်သတင်းဂျာနယ်၊ မဂ္ဂဇင်း စာစောင်တွေနှင့် ရုပ်မြင်သံကြား အသံလွှင့်ရုံတွေ ပါ ရှိပါတယ်။ အားလုံးတရုတ်ဘာသာတွေချည်း ဖြစ်တယ်။ ညပိုင်းဧည့်ခန်းမ တွေဆီမှာ ပြသတဲ့ ရုပ်သံအစီအစဉ်တွေက တရုတ်ပြည်မကြီးက အစီအစဉ် ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင် ဟောင်ကောင်အစီအစဉ်သာ ဖြစ်ပါတယ်။ အစီအစဉ် တစ်ရပ်အနေနဲ့ မြန်မာလို ထုတ်လွှင့်တာတစ်ခုပဲ ရှိတယ်။ ဒါကတော့ မြန်မာ ဘာသာနဲ့ ထုတ်လွှင့်တဲ့ သတင်းကဏ္ဍတစ်ခုတည်းသာ ဖြစ်တယ်။ ကိုးကန့်ဟာ မြန်မာ့ရေမြေပေါ်မှာ ရှိနေပါတယ်ဆိုပေမယ့် ရုပ်သံတွေ၊ ဇာတ်လမ်းခွေတွေ တွေ့ရ၊ မြင်ရဖို့ဟာ အတော့်ကို မလွယ်တဲ့ကိစ္စတစ်ရပ်ပါ။

ကိုးကန့် အထူးဒေသအစိုးရဟာ နောက်မျိုးဆက်သစ်တွေရဲ့ ပညာရေး ကို အင်မတန် အလေးထားပါတယ်။ စီရင်စုရွာ ၁၃ ရွာမှာ မူလတန်းကျောင်းတွေ ကောင်းကောင်း ဖွင့်လှစ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံထားပါတယ်။ ကိုးကန့်မှာ အခု ကျောင်း ၇ ကျောင်း ရှိပါတယ်။ ဒီအထဲမှာ အလယ်တန်းကျောင်း (မြန်မာစနစ် နဲ့ဆိုရင် အထက်တန်းကျောင်း) ၃ ကျောင်း၊ မူလတန်း (အလယ်တန်းပါ ပါဝင် နေပါတယ်) ကျောင်းက ၄ ကျောင်း။ ကျောင်းဆရာ ပေါင်း ၃၀ဝ ကျော်၊ ကျောင်းတက်နေရတဲ့ ကျောင်းသားဦးရေက ၁၀ဝ၀ဝ ကျော်ရှိပါတယ်။ အရေ အတွက် ၉၀ プ ရှိတဲ့ ကျောင်းဆရာတွေရဲ့ လစာက တရုတ်ငွေကြေး ရင်မင်ပိ ၆၀ဝ၀ ယွမ်ပေးပြီး၊ တရုတ်ပြည်ကနေ ဖိတ်ခေါ်ခန့်ထားတာပါ။ ကျောင်းရဲ့ ပညာရေးဟာ တရုတ်ဘာသာကို အဓိက ပင်မထားပါတယ်။ တရုတ်စာလုံး တွေကို အဟောင်းရော အသစ်ပါ ရောနှောသုံးပါတယ်။ (တစ်နည်း မူရင်း အဟောင်းစာလုံးအခက်နှင့် ခေတ်သစ်ပြုပြင်မှု အလွယ်စာလုံး) အခြေခံအား ဖြင့် လက်ရှိတရုတ်ပြည်တွင်းက သင်ရိုးညွှန်းတမ်းကိုပဲ ပြဋ္ဌာန်းပါတယ်။ ဒါပေမဲ့ ကိုးကန့်ပြင်ပဘက်ဆီက မြန်မာအစိုးရ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ တရုတ်ကျောင်းတွေက အခြေခံအားဖြင့် ထိုင်ဝမ် ဒါမှမဟုတ် အရှေ့တောင်အာရှ ဒေသတွေဆီက အခမဲ့ပေးတဲ့ သင်ရိုးညွှန်းတမ်းတွေကိုသာ အသုံးပြုသင်ကြား ပေးပါတယ်။

မြန်မာနိုင်ငံရဲ့ တရုတ်စာပညာရေးဟာ ၆၀ ခုနှစ်ကာလတုန်းက လျှမ်းလျှမ်းတောက် ဝေဆာဖွံ့ဖြိုးခဲ့ဖူးပါသေးတယ်။ ထိုတုန်းက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပဲခူး၊ တောင်ငူ၊ တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနား၊ ဗန်း မော်၊ ကျောက်မဲ၊ နမ္မတူ၊ မိုးကုတ်အစရှိတဲ့ မြို့တွေမှာ တရုတ်ကျောင်းတွေ ဖွင့်လှစ်ထားပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ တရုတ်ကျောင်းပေါင်း ၂၀ဝ ကျော်ကျော်ရှိပါလိမ့်မယ်။ ၁၉၆၅ ခုနှစ်ရောက်တော့ မြန်မာအစိုးရက ပညာရေး၊ ကျန်းမာရေးတွေကို နိုင်ငံပိုင်လုပ်ငန်းမူဝါဒ ကျင့်သုံးလိုက်တယ်။ မြန်မာနိုင်ငံ သားတွေ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေ၊ သတင်းစာတွေ၊ ရုပ်ရှင်တွေ၊ ဆေးရုံတွေအားလုံး ကို နိုင်ငံပိုင် (ပြည်သူပိုင်လို့လည်း ခေါ်တယ်) သိမ်းလိုက်ပါတယ်။ အဲဒီအချိန် က အစပြုပြီး တရုတ်ဘာသာကျောင်းတွေ ရပ်စဲသွားပါတယ်။ ဒါပေမဲ့ တချို့ နေရာတွေမှာတော့ ''တစ်ခုလုံးကို အစိတ်စိတ်အပိုင်းပိုင်း ခွဲခြမ်းလိုက်ခြင်း'' နည်းဗျူဟာဖြင့် သိသိသာသာရော၊ တိုးတိုးတိတ်တိတ် ခိုးဝှက်ပြီးတော့ရော၊ ဖြည့်ဆည်းပညာရေးစနစ်နဲ့ရော၊ နည်းအမျိုးမျိုး လမ်းအသွယ်သွယ်နဲ့ ကြံ့ကြံ့ခိုင် ဇွဲရှိရှိနဲ့ တရုတ်ဘာသာစာပေကို ဆက်လက်သင်ကြားကြပါတယ်။ ဘယ်တုန်းကမှ အဆက်ပြတ်သွားတယ်ရယ်လို့မရှိဘဲ အဲဒါရဲ့ ဥပမာ သာဓကကတော့ ကိုးကန့် တွေပါပဲ။

၁၉၆၈ ခုနှစ်။ ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် လော်စစ်ဟန် က ပညာရေး၊ စစ်ရေးနှစ်မျိုး နှစ်ဘာသာ ပူးတွဲပါဝင်တဲ့ ကျောင်းမျိုးကို လွယ် ယိုးခေါ်တဲ့ လားရှိုးကြီးမှာ ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီအထဲက စစ်ရေးပညာ သင်ကျောင်းက ''သမိုင်းပေးတာဝန်အပြည့်အဝရှိနေခြင်း'' ဆိုပြီး အပိတ်ခံလိုက် ရပါတယ်။ နောက်ကိုးကန့်ကျောင်းတစ်ကျောင်းကတော့ ကနေ့အထိ ဖွင့်လှစ် ထားတုန်းပါပဲ။ အခုဆိုရင် နောက်ထပ်ပြီး တစ်ထပ် တောင်တက်လိုက်ပြန်ပါသေး တယ်။ မူလတန်း၊ အလယ်တန်းကနေ တိုးတက်လာလိုက်တာ ခုဆိုရင် အထက် တန်းတောင် ရောက်နေပါပြီ။ ဒီကျောင်းဟာ နောက်ပိုင်းမှာ လားရှိုးရဲ့ ကိုးကန့် စာပေအထက်တန်းကျောင်း ဖြစ်သွားပါပြီ။

ဒီနှစ် အပိုင်းအခြားတွေမှာ မြန်မာအစိုးရက တရုတ်တွေရဲ့ ပညာရေး လုပ်ဆောင်မှုအပိုင်းတွေမှာ အတော်လေး အလျှော့ပေးထားတာကြောင့် မြန်မာပြည် မြောက်ဘက်ပိုင်း မြို့တွေ၊ ရွာတွေ၊ တောင်တန်းတွေစတဲ့ နေရာ ဒေသတွေမှာ ဗုဒ္ဓဘာသာပြန့်ပွားရေးတွေ၊ ကွန်ဖြူးရှပ်ဘာသာရေး ဖြန့်ကျက်ရေး တွေ၊ ဒါမှမဟုတ်လည်း ဖြည့်ဆည်းပညာရေး (ကျူရှင် - ပူစိပန်း) အစရှိတဲ့ နည်းလမ်းအသွယ်သွယ်၊ ပုံစံအမျိုးမျိုးနဲ့ ဗြောင်တဝက်၊ လျှို့ဝှက်တဖုံ နည်းမျိုးစုံ နဲ့ တရုတ်စာသင်ကြားရေးကို စခန်းသွားခဲ့ကြပါတယ်။ ဒီနည်းလမ်းတွေနဲ့ ဖြစ် ညှစ်ပြီး အစိုးရရဲ့ မြန်မာကျောင်းတွေ မတက်ခင် အချိန်ပိုင်းလေးကို တန်ဖိုးရှိရှိ အချိန်လုပြီး တရုတ်စာပညာရေး ဒီရေပူစီးကြောင်းကို ကျားကုတ်ကျားခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ကျောင်းတွေ ကျောင်းတွေဟာ နည်းရာမှ များလာ၊ ပမာဏတွေ သေးငယ်ရာမှ ကြီးထွားလာ၊ မူလတန်း အငယ်စားလေးတွေ ကနေ အလတ် - အထက်တန်းတွေ အထိပါ တိုးမြှင့်လာကြပါတယ်။ ဒါတွေ ဒါတွေဟာဖြင့် တရုတ်စာပညာရေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ ရွှင်ကြည်နူးစရာ မင်္ဂလာရှုခင်းပဲ ဖြစ်လေတယ်။

စာတတန် ပေတဖွဲ့ အထူးဖွဲ့နွဲ့ရေးခြယ်ထိုက်တဲ့ အကြောင်းအရာက တော့ဖြင့် လားရှိုးမြို့ရဲ့ တရုတ်ဘာသာ စာပေသင်ကြားမှုပညာရေးပါပဲ။

၁၉၆၅ ခုနှစ် မတိုင်ခင်တုန်းက တစ်မြို့လုံးမှာက ကျုံးဟွာ၊ ကျုံးစန်း၊ ချောင်ကွမ်း၊ ဟွနန်ဆိုတဲ့ တရုတ်ကျောင်း ၄ ကျောင်းရှိခဲ့ဖူးပါတယ်။ အခုတော့ မိုးမြေသိမ့်သိမ့်တုန်လောက်အောင် အပြောင်းလဲကြီး ပြောင်းလဲသွားချေပြီ။ မှတ်တမ်း မှတ်ရာ စာရင်းအရဆိုရင် ကိုးဝံ၊ စိန့်ကွမ်း၊ စွမ်းလုံ၊ ကိုးမင်၊ ကိုးပန်း၊ ကိုးချန်၊ ဟေးမုန်လုံ၊ မိန်တက် အထက်တန်းကျောင်းက ၈ ကျောင်း၊ ကိုးဝံ အထက်တန်းကျောင်းက ၁ ကျောင်း၊ မူလတန်းကျောင်းတွေကတော့ ဆယ် ဂဏန်းအတော်များများ ရှိနေပါတယ်။ ကျောင်းမှာ ကျောင်းသားဦးရေပေါင်း ၄၀ဝ၀ ကျော် ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ လားရှိုးယဉ်ကျေးမှုအဖွဲ့ကြီးရဲ့ ဦးဆောင်မှုအောက် မှာ လားရှိုးမြို့ယဉ်ကျေးမှုနှင့် ပညာရေးအသင်းအဖွဲ့ကြီးကို အထူးတည်ထောင် ဖွင့်လှစ်လိုက်ပါတယ်။ ကျောင်းကြီး ၉ ကျောင်းက တစ်စိတ်တဝမ်းတည်း ပူး ပေါင်းကြပြီး ယဉ်ကျေးမှုနှင့် ပညာရေးလုပ်ငန်းတွေကို ထိန်းသိမ်းဆောင်ရွက်ကြ ပါတယ်။ မြန်မာပြည်မြောက်ပိုင်း တရုတ်ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍတွေ အညွန့်တလူလူနှင့် တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်တယ်။ ကနေ့ လားရှိုး ကိုးဝံယဉ်ကျေးမှုနှင့် ပညာရေးအဖွဲ့အစည်းထဲကို ကျောင်းပေါင်း ၄၀ ကျော် ဝင်ရောက်လာပြီး ဖြစ်ပါတယ်။ ကျောင်းသားဦးရေပေါင်း ၁၇၀ဝ၀ ကျော်လာပါပြီ။ မြန်မာတစ်နိုင်ငံလုံးမှာ သရဖူဆောင်းထားပါတယ်။ မြန်မာပြည် မြောက်ပိုင်းက တရုတ်ဘာသာ ပညာရေးက မိုးရေစက်တွေရဲ့ နောက်တော်ပါးက မျှစ်စို့ကြီးတွေလိုပါပဲ။ ဟိုနေရာ သည်နေရာ နေရာအနှံ့ အမြောက်အမြား ပေါ်ထွက်လို့ လာနေပါပြီ။ မြန်မာနိုင်ငံ နိုင်ငံရပ်ခြား တရုတ်အမျိုးသားတို့ရဲ့ ယဉ်ကျေးမှုနှင့် ပညာရေးလုပ်ငန်းဆောင်တာကို တတပ်တအားနဲ့ ငွေကြေးတွေ ထည့်ဝင်ကူညီမှုတွေကလည်း တကယ့်ကို ကောင်းမြတ်သော အမူအကျင့်တွေ ဖြစ်ချေလေသည်တကား။