Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၉) နိဂုံး


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၉) နိဂုံး

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  ဇန်နဝါရီ ၂၅၊ ၂၀၂၀

(နိဂုံး) အပိုင်း (၁၇) - ဖြည့်စွက်ချက် မှတ်တမ်းမှတ်ရာများဘိန်းသမိုင်းမှတ်တမ်းမှတ်ရာကြီးများ

ခရစ်သက္ကရာဇ် (AD- ၄၀ဝ၀ ခုနှစ်)


ရှေးဟောင်း သုတေသနပြုချက်အရ တွေ့ရှိခဲ့ရတာက ကျောက်ခေတ် သစ်ရဲ့ ဆွိတို့ရဲ့ ကျေးလက်တောရွာမှာ ပေါ်ပီပင် စိုက်ပျိုးမှုရှိနှင့်ပြီးဖြစ်တယ်။

ခရစ်သက္ကရာဇ် (AD- ၃၄၀ဝ ခုနှစ်)


ပေါ်ပီပင်ဟာ မီဆိုးပိုတေးနီးယား မြေနိမ့်ပိုင်းမှာ စိုက်ပျိုးပါတယ်။ စန်မီထော့လူတွေက ံကူ ွငူ အဖြစ် သတ်မှတ်ကြတယ်။ တစ်နည်းဆိုရရင် ''လူကို ပျော်ရွှင်စေတဲ့ သစ်ပင်'' လည်းဖြစ်ပါတယ်။ ဆန်လူမျိုးစုက သိပ်မကြာ ခင်မှာ အဲဒီအပင်ရဲ့ စိုက်ပျိုးမှု နည်းပညာရယ်၊ သူ့ရဲ့ တန်ဖိုးကို ယာစုလူမျိုး တွေကို မိတ်ဖွဲ့သင်ကြားပေးလိုက်ပါတယ်။ ပေါ်ပီပင်ရဲ့ ရွေးချယ်စိုက်ပျိုးမှု အတတ်ပညာကို ယာစုလူမျိုးကနေ ဘေဘီလုံသားတွေဆီ ဆင့်ပွားသင်ကြားပေး လိုက်ပြန်ပါတယ်။ ဘေဘီလုံသားတို့က တဖန်သူတို့ရဲ့ အသိအမြင်တွေ အီဂျစ် သားတွေဆီ ထပ်ဆင့် တဖန်ဖြန့်လိုက်ပြန်ပါတယ်။

AD- ၄၀ဝ၀ ခုနှစ်


ရှေးဟောင်းသုတေသနပြုချက်အရ ကျောက်ခေတ် ခေတ်သစ်ရဲ့ ဆွိတို့ရဲ့ ကျေးလက်တောရွာတွေမှာ ပေါ်ပီပင်စိုက်ပျိုးမှုရှိနှင့်ပြီးဖြစ်တယ်။

AD- ၃၄၀ဝ ခုနှစ်


ပေါ်ပီပင်ဟာ မီဆိုးပိုတေးနီးယား မြေနိမ့်ပိုင်းမှာ စိုက်ပျိုးပါတယ်။ စန်မီထော့လူတွေက ံကူ ွငူ အဖြစ် သတ်မှတ်ကြတယ်။ တစ်နည်းဆိုရရင် ''လူကို ပျော်ရွှင်စေတဲ့ သစ်ပင်'' လည်းဖြစ်ပါတယ်။ ဆန်လူမျိုးစုက သိပ်မကြာ ခင်မှာ အဲဒီအပင်ရဲ့ စိုက်ပျိုးမှု နည်းပညာရယ်၊ သူ့ရဲ့ တန်ဖိုးကို ယာစုလူမျိုး တွေကို မိတ်ဖွဲ့သင်ကြားပေးလိုက်ပါတယ်။ ပေါ်ပီပင်ရဲ့ ရွေးချယ်စိုက်ပျိုးမှု အတတ်ပညာကို ယာစုလူမျိုးကနေ ဘေဘီလုံသားတွေဆီ ဆင့်ပွားသင်ကြားပေး လိုက်ပြန်ပါတယ်။ ဘေဘီလုံသားတို့က တဖန်သူတို့ရဲ့ အသိအမြင်တွေ အီဂျစ် သားတွေဆီ ထပ်ဆင့် တဖန်ဖြန့်လိုက်ပြန်ပါတယ်။

AD- ၁၃၀ဝ


ဘုရင့်နိုင်ငံသစ် မင်းနေပြည်တော် တီပီစ်မှာ အီဂျစ်တွေ ရှေးဦးဆုံး စတင်ပြီး ပေါ်ပီပင်စိုက်ပျိုးပါတယ်။ လေးဆက်မြောက်ပင်း ဆော့မိုးစ်၊ အာခိုင်း နတွန်းနှင့် ထူထော့အားမုန်ဘုရင် အုပ်ချုပ်စဉ်ကာလက ဘိန်းကူးသန်းရောင်း ဝယ်မှု အတော်လေးကို စည်ပင်ဖွံ့ဖြိုးနေပြီဖြစ်တယ်။ ဖေးနီကျီးသားနှင့် ခေါလီ ထောသားတို့ကပဲ အဲဒီအထဲမှာ ပါဝင်ပတ်သက်နေပြီးဖြစ်တယ်။ နောက်ပိုင်း မြေထဲပင်လယ်မှာ ဒီလိုအကျိုးအမြတ်ရှိတဲ့ ရုက္ခဗေဒအပင်မျိုးကို ဂရိ၊ ချဲထိုက် ကျီးနှင့် ဥရောပကုန်းမြေကြီးဆီ ဆင့်ပွားရောက်ရှိသွားပြန်တယ်။

AD- ၁၁၀ဝ

ဆိုက်ပရပ်ကျွန်းမှာ ''ပင်လယ်ရဲ့ ပြည်သူလူထု'' လို့ မည်တွင် သူတွေ က သူတို့ရဲ့ နာမည်ကျော်ကြားတဲ့ လက်မှုအနုပညာကို သုံးပြီး ဓားငယ်လေးနဲ့ သူတို့ စိုက်ပျိုးထားတဲ့ ပေါ်ပီပင်တွေကို ရိတ်သိမ်းကြပါတယ်။ အဲဒါဟာ ထော လို့ယီ ကျဆုံးသွားတဲ့အထိပါပဲ။

AD- ၃၃၀


မာချီထွန့်က အလက်ဇန္နားဧကရာဇ်မင်းက ဘိန်းကို ပါရှားနှင့် အိန္ဒိယ ဆီ ဖြန့်လိုက်တယ်။


ခရစ်သက္ကရာဇ် - ၄၀ဝ


အီဂျစ် တီပီစူးမှာ စိုက်ပျိုးတဲ့ ပေါ်ပီပင်ကို အာရပ်ကုန်သည်တွေက ပထမဆုံးအကြိမ် တရုတ်ပြည်ဆီ ပြန့်ပွားစေတယ်။

၁၃၀ဝ ခုနှစ်

ဘိန်းဟာ ဥရောပသမိုင်းမှတ်တမ်းမှတ်ရာတွေမှာ တိမ်မြုပ်ပျောက်ကွယ် နေတာ နှစ်ပေါင်းနှစ်ရာရှိလာပါတယ်။ ဘိန်းဟာ ''မြင့်မြတ်တဲ့ ဘာသာရေးအဆုံး အဖြတ် ရိပ်သာ'' ခေတ်ကာလတုန်းက ပညာသည်အလွှာ အဆင့်ရဲ့ စီးကရက် ဆေးလိပ်အဖြစ် သတ်မှတ်ကြပါတယ်။ ဒီမတိုင်ခင်တုန်းက ဘာသာရေးအဆုံး အဖြတ်ရိပ်သာရဲ့ မျက်စိထဲမှာ အရှေ့တိုင်းနှင့် ဆက်သွယ်တဲ့ အရာဝတ္ထုမှန်သမျှ အားလုံးဟာ မကောင်းဆိုးဝါးတို့နဲ့ အတူတကွ ဆက်သွယ်နေတယ်လို့ ရှုမြင်ကြ ပါတယ်။

၁၅၀ဝ ခုနှစ်


ပေါ်တူဂီလူမျိုးတွေ တရုတ်ပြည်ရဲ့ ပင်လယ်ကမ်းရိုးတန်းအတိုင်း အရောင်းအဝယ် လုပ်ကြတုန်းက ကုန်ပစ္စည်းတွေထဲမှာ ဘိန်းပါဝင်ပါတယ်။ တရုတ်လူမျိုးက သူတို့တွေဟာ ရိုင်းစိုင်းမှုနှင့် ဘေးမကင်းမှုဟူ၍ထင်မြင်ယူဆ ကြတယ်။


၁၅၂၇ ခုနှစ်


ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခြင်း။ အဂ္ဂရိတ်ပညာရှင်ကြီး ဒေါက်တာပေါ့လားချက်စူးစ်က ဘိန်းကို ဥရောပဆေးဝါးလောကထဲကို ဆွဲခေါ် သွားပါတယ်။ အဲဒီအနက်ရောင်ဆေးလုံးဟာ ''ဥဒါန်းတွင်ရစ်မည့် ကျောက်တုံး'' ရယ်လို့ တွင်ကျယ်ပြီး တီပါးရင်း မာဖီးယားအဖြစ် ထုတ်လုပ်ပြီး အကိုက်အခဲ ပျောက်ဆေးဝါးအဖြစ် အသုုံးချပါတယ်။

၁၆၀ဝ ခုနှစ်


ပါရှားနှင့် အိန္ဒိယဒေသသားတို့က ပျော်ရေးရွှင်ရေးကို ရည်ရွယ်ပြီး ဘိန်းရောနှောထားတဲ့အရည်ကို စားသုံးကြပါတယ်။ ပေါ်တူဂီကုန်သည်တွေက အိန္ဒိယဘိန်းတွေကို သယ်ဆောင်ယူငင်ပြီး မကာအိုကို ဖြတ်သန်းကာ တရုတ် ပြည်သို့ ရောက်လာကြပါတယ်။

၁၆၀၆ ခုနှစ်


ဗြိတိန်ဘုရင်မကြီး အဲလစ်စဘက် (၁) ရဲ့အထူးခွင့်ပြုမိန့်နဲ့ အရှေ့ အိန္ဒိယကုမ္ပဏီက ကုန်တင်သင်္ဘောကြီးတွေနဲ့ အကောင်းဆုံး အိန္ဒိယဘိန်းတွေကို ဥရောပတိုက်ဆီသို့ သယ်ဆောင်ပြန်သွားကြတယ်။

၁၆၈၀ ခုနှစ်


ဗြိတိန်လူမျိုး ဆေးဝါးဆရာကြီး ထိုးမားစ်ရှီးတတ်စ်က တင်ချာဆေးရည် ကို မိတ်ဆက်ပေးပါတယ်။ များပြားလှတဲ့ အနာရောဂါတွေ ကုသရာမှာ အမြဲ တမ်း အသုံးပြုတဲ့ဆေးဝါး ဖြစ်သွားလေတယ်။

၁၇၀ဝ ခုနှစ်


ဟော်လန်နိုင်ငံက အိန္ဒိယဘိန်းတွေကို တရုတ်ပြည်နှင့် အရှေ့တောင် အာရှဘက်ဆီ ထုတ်ယူတင်ပို့ပါတယ်။ ဟော်လန်သားတွေက ဘိန်းကို သောက် ရှူစရာဆေးရွက်ကြီးအဖြစ် တရုတ်တွေကို မိတ်ဖွဲ့ပေးပါတယ်။

၁၇၂၉ ခုနှစ်


တရုတ်ပြည် ယုန်းကျဲန့်ဧကရာဇ်မင်းက ဘိန်းအဆီနှင့် ဘိန်းတွေ တရုတ်ပြည်တွင်းမှာ အရောင်းအဝယ်ပြုလုပ်တာကို ပိတ်ပင်ဟန့်တားတဲ့ အမိန့် ထုတ်ပြန်ချမှတ်လိုက်ပါတယ်။ အမိန့်ချမှတ်မှုထဲမှာ ထပ်ဆင့်ပါလာတာက ဆေးဝါးအသုံးပြုမှု အထူးအမိန့်တစ်ရပ်ရရှိမှသာ ရောင်းဝယ်မှုပြုနိုင်ပါတယ်။


၁၇၅၀ ခုနှစ်


ဗြိတိန်နိုင်ငံရဲ့ အရှေ့အိန္ဒိယကုမ္ပဏီက ဘိန်းထွက်ရှိ နယ်မြေဒေသအဖြစ် ဘင်္ဂလားပြည်နယ်နှင့် ဘီဟာပြည်နယ်ကို ထိန်းချုပ်ဖို့ စီမံကိန်း ချမှတ်လိုက်ပါ တယ်။ ကာလကတ္တားကနေ တရုတ်ပြည်ဆီ ပို့တဲ့ ကုန်ပစ္စည်းတွေအထဲမှာ ဘိန်းက အများဆုံးပါဝင်နေပါတယ်။

၁၇၅၃ ခုနှစ်


ရုက္ခဗေဒပညာ ဖခင်ကြီး လင်နိုက်ရဲ့ ပထမဆုံးရေးသားပြုစုတဲ့ ''ရုက္ခဗေဒစိုက်ပျိုးရေးစိတ်ဓာတ်'' စာအုပ်ထဲမှာ ပေါ်ပီပင်ကို အမျိုးအစားခွဲခြား ပြသထားပါတယ်။

၁၇၆၇ ခုနှစ်


ဗြိတိန်ရဲ့ အရှေ့အိန္ဒိယကုမ္ပဏီက အထိတ်တလန့်ဖြစ်ဖွယ် ကိန်းဂဏန်း - သေတ္တာအလုံးပေါင်း ၂၀ဝ၀ (တစ်နှစ်တာ) ဘိန်းတွေကို ထုတ်ကုန်ပစ္စည်း တစ်ရပ်အနေနဲ့ တရုတ်ပြည်ထဲ တင်သွင်းလေတယ်။

၁၇၉၃ ခုနှစ်


ဗြိတိန်ရဲ့ အရှေ့အိန္ဒိယကုမ္ပဏီက ဘိန်းကုန်သွယ်ရေးကို လက်ဝါး ကြီးအုပ် အပိုင်သိမ်းထားပါတယ်။ ဘယ်အိန္ဒိယသား ပေါ်ပီစိုက်ပျိုးသူများကမှ တခြားကုန်သွယ်မှု ယှဉ်ပြိုင်ဘက်ဆီကို ဘိန်းရောင်းချခွင့် မပြုပေ။ ဗြိတိန်တို့က သာ အပိုင်ချုပ်ထားကြပါတယ်။

၁၇၉၉ ခုနှစ်


တရုတ်ပြည် မန်ချူးမင်းဆက် ကျားချင့်ဘုရင့်လက်ထက်တုန်းက ဘိန်းပျံ့နှံ့မှု၊ ဘိန်းကုန်သွယ်ခြင်း ပိတ်ပင်ဟန့်တားမှုနှင့် ပေါ်ပီပင်စိုက်ပျိုးမှုကို တားမြစ်တဲ့ အမိန့်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

၁၈၀ဝ ခုနှစ်


ဗြိတိန်နိုင်ငံ လှဝမ့်ကုမ္ပဏီက စမိုက်နာ့ (ကနေ့ တူရကီနိုင်ငံ ရီချူမိသြ) က ထွက်တဲ့ ဘိန်းအားလုံးရဲ့ တစ်ဝက်နီးပါးလောက်ကို ဝယ်ယူလိုက်ပါတယ်။ အိုစမန်ဧကရာဇ်နိုင်ငံက ဘိန်းကို ဥရောပတိုက်နှင့် အမေရိကဆီ တင်ပို့မှာကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ပါတယ်။

၁၈၀၃ ခုနှစ်

ဂျာမနီ ဓာတုဗေဒပညာရှင်ကြီး တက်လီရှ် - ဂျက်ထိနာ့က ဘိန်းကို အက်ဆစ်ထဲမှာ ပျော်ဝင်စေပါတယ်။ ပြီးတော့ အမိုးနီးယားနှင့် ဓာတ်ခွဲလိုက်ပြန် တယ်။ ဘိန်းထဲက အာနိသင်အချို့ ပျက်ပြယ်ကုန်ပါတယ်။ ဒီတော့ အယ်လ်ကာ လွိုက် (ေေုူူသငိ) ကို ရရှိပါတယ်။ အယ်လ်ကာလွိုက်ဆိုတာက ဘဝင်ကို ပြင်း ပြင်းထန်ထန် ငြိမ်စေတဲ့ အစွမ်းအစရှိတဲ့ အရာဝတ္ထုဖြစ်ပါတယ်။ မော်ဖီးယားလို့ လည်း ခေါ်ပြန်ပါသေးတယ်။

ဆရာဝန်တွေ ယုံကြည်ထားကြတာက ဘိန်းဆိုတာက နောက်ဆုံး မှာ လုံးဝကို ယဉ်ပါးစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ မော်ဖီးယားကို ''ဘုရားသခင် ကိုယ်တော်မြတ်ရဲ့ ဆေးဝါးပစ္စည်း'' ရယ်လို့ သဘောထားလိုက်ရင်ဖြင့် ချီးကျူး အမွှန်းတင်ထိုက်ပေတယ်။ အားထားစရာလည်း ဖြစ်ပေတယ်။ ကာလရှည်ကြာ တဲ့ အကျိုးအာနိသင်နှင့် ဘေးကင်းလုံခြုံတဲ့ အနှစ်သာရတွေနဲ့ ပြီးပြည့်စုံနေပါ တယ်။

၁၈၀၅ ခုနှစ်

အမေရိကန် ဘော်စတွန်သား ချားစ် - ခါးပို့စ်က အင်္ဂလန်ကနေ ဘိန်းဝယ်ယူလာပါတယ်။ ဒီနောက်မှာ ဗြိတိန်သား မှောင်ခိုသမားတွေရဲ့ အကူ အညီနဲ့ သူ့ရဲ့ ဘိန်းတွေ တရုတ်ပြည်တွင်းဆီ ခိုးသွင်းပါတယ်။

၁၈၁၂ ခုနှစ်


အမေရိကန်သား ဂျွန်ဆင် - ခုရှင်းဟာ ရောင်းဝယ်ဖောက်ကားမှုကို လုပ်ကိုင်တဲ့ သူ့ဦးလေး ဂျန်းမ်စ်နှင့် ထိုးမားစ်-အီလက်ထရမ် သတ္ထုကုမ္ပဏီရဲ့ ငှားရမ်းမှုကြောင့် တူရကီဘိန်းတွေ ကွမ်တုံးဆီ မှောင်ခိုပို့ပေးတာကနေ အကြီး အကျယ် ကြီးပွားချမ်းသာသွားပါတယ်။

၁၈၁၆ ခုနှစ်


နယူးယောက်မြို့သား ဂျွန်ဆင်ယာကွတ်အားစ်ထ်ဟာ ဘိန်းမှောင်ခို ကုန်သွယ်ရေးအဖွဲ့ထဲ ပါဝင်ပါတယ် သူ့ရဲ့ အမေရိကန်သားမွေးထည် (သားရေ ပါသော သားမွေးထည်) ကုမ္ပဏီက တူရကီဘိန်း ၁၀ တန်ကို ဝယ်လိုက်ပါတယ်။ ဒီနောက်မှာ ပင်လယ်ကူးသင်္ဘောနှင့် ကွမ်တုံးနှင့် မာချီတွန်းကို တရားမဝင် ခိုးပို့ပါတယ်။ အားစ်ထ်က နောက်ပိုင်းဘိန်းကို မှောင်ခိုလမ်းကြောင်းနဲ့ တရုတ် ပြည်ဆီ မပို့ဘဲ ဗြိတိန်နိုင်ငံဆီကိုသာ သီးခြားရွေးပို့ပါတယ်။

၁၈၁၉ ခုနှစ်


ကဗျာဆရာ ကျိချူနှင့် ဗြိတိန်နိုင်ငံသား စာပေပညာရှင်တစ်ယောက်တို့ က ဘိန်းကို အာရုံပိုင်းဆိုင်ရာဘက်မှာ သုံးစွဲဖို့ကို စမ်းသပ်ကြပါတယ်။ ဒါ့အပြင် စွဲလည်း မသွားစေရပါ။

၁၈၂၁ ခုနှစ်


ထိုးမာစ်တက်စွန်းစီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ '' ဗြိတိန်နိုင်ငံသား ဘိန်းစားတစ်ယောက်ရဲ့ ဖြောင့်ချက်'' ဝတ္ထုထဲမှာ ဘိန်းရဲ့ စွဲလမ်းနှစ်သက်စေမှု တွေကို စီကုံးရေးခြယ်ထားပါတယ်။

၁၈၂၇ ခုနှစ်


ဂျာမနီနိုင်ငံသား တမူစူးထရဲ့ န မော့စ်ကုမ္ပဏီက မော်ဖီးယားကုန်သွယ် မှု လုပ်ငန်းကို စတင်ဆောင်ရွက်ပါတယ်။

၁၈၃၀ ခုနှစ်


ဗြိတိန်နိုင်ငံက ဆေးဝါးကုသမှုမှာ သုတေသနပြုမယ့် ရည်ရွယ်ချက်နှင့် တူရကီနှင့် အိန္ဒိယနိုင်ငံတွေကနေ ခန့်မှန်းချေ ၂၂၀ဝ၀ ပေါင် အလေးချိန်ရှိတဲ့ ဘိန်းတွေကို ဗြိတိန်နိုင်ငံဆီ တင်သွင်းပါတယ်။


၁၈၃၇ ခုနှစ်

စာရေးဆရာ အဲလစ်ဇဘက် ဘာရွေထ်ပုလ်နိုန် မော်ဖီးယားထဲ စတင် နစ်မွန်းချေလေပြီ။ အဲဒီကာလက အစပြုပြီး သူ့မှာဟာ တီထွင်စွမ်းအားရှိတဲ့ တေးကဗျာတို့ကို မဖွဲ့ဆိုနိုင်တော့ပါ။

၁၈-၃-၁၉၃၉

တရုတ်ပြည်အရေးပါတဲ့ ဘိန်းတားဆီးရေး တာဝန်ခံ ဘုရင့်တမန်တော် လင်ကျဲ့ရွှီက တိုင်းတပါးနိုင်ငံခြားသားတို့ရဲ့ ကုန်သင်္ဘောပေါ်မှာ တင်ထားတဲ့ ဘိန်းတွေကို ပေးအပ်ဖို့ အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒါကို တုန့်ပြန်တဲ့အနေနဲ့ ဗြိတိန်တို့က ခရီးရှည်ချီတပ်ဖွဲ့ကို တရုတ်ပြည် ပင်လယ်ကမ်းရိုးကွေ့ဆီ မောင်း ဝင်ချီတက်ခိုင်းလိုက်တယ်။ အဲဒီနောက် တရုတ်ပြ်ည ဗြိတိန်ပထမဘိန်းစစ်ပွဲ ဖြစ်ကြပါတယ်။

၁၈၄၀ ခုနှစ်

နယူးအင်္ဂလန်သားတွေက ဘိန်းပေါင်ချိန် ၂၄၀ဝ ကို အမေရိကန်ပြည် ထဲ ယူငင်သွားလိုက်ကြတယ်။ အမေရိကန် အကောက်ခွန်ဌာနက သတိထားမိ ပြီး ကြီးလေးတဲ့ အခွန်ကောက်တို့ကို ကောက်ခံလေတယ်။

၁၈၄၁ ခုနှစ်

ပထမဘိန်းစစ်ပွဲမှာ တရုတ်ပြည်က စစ်ရှုံးပါတယ်။ စစ်လျော်ကြေးငွေ အများအပြားကို အတင်းအကြပ် တောင်းခံလို့ ပေးလိုက်ရပါတယ်။ ဒါ့အပြင် ဟောင်ကောင်ကိုလည်း ဗြိတိန်လက်ထဲ ပေးအပ်လိုက်ရပါတယ်။

၁၈၄၃ ခုနှစ်

အိုက်တိန်းပေါင်က ပရော်ဖက်ဆာ အလက်ဇန္နား ဝူတက်က မော်ဖီး ယား ထိန်းချုပ်တဲ့ နည်းပညာတစ်ရပ်ကို တီထွင်လိုက်ပါတယ်။ ထိုးသွင်းတဲ့ ကိရိယာနဲ့ လူ့ခန္ဓာကိုယ်တွင်းဆီ ထိုးသွင်းရပါတယ်။ ထိုးသွင်းလိုက်တာနဲ့ မော်ဖီးယားဟာ ရောဂါသည်ရဲ့ ခန္ဓာကိုယ်မှာ တမဟုတ်ချင်းမှာပဲ အစွမ်းအာနိ သင်ပြပါတော့တယ်။ သုံးကြိမ်ပြုလုပ်ပါတယ်။

၁၈၂၅ ခုနှစ်


ဗြိတိသျှတွေ အောက်မြန်မာပြည်ကို ခိုးဝင်လာပါတယ်။ အိန္ဒိယက ဘိန်းအမြောက်အမြား ခိုးထုတ်သွားပါတယ်။ ဘိန်းလက်ဝါးကြီးအုပ် ဖြတ်တောက် တဲ့ အစိုးရရဲ့ သဘောတူချက်နှင့် ခိုးထုတ်ကြပါတယ်။

၁၈၅၆ ခုနှစ်
ဗြိတိန်နှင့် ပြင်သစ်တို့ တရုတ်ကို ဒုတိယအကြိမ် ဘိန်းစစ်ပွဲ ဖန်တီးပြန် တယ်။ စစ်ပွဲရဲ့ ရလာဒ်ကတော့ တရုတ်ပြည်က ထပ်တစ်ကြိမ် စစ်လျော်ကြေးတွေ ပေးရပြန်တယ်။ ဘိန်းကုန်သွယ်မှုဟာ တရားဝင် လုပ်ငန်းဖြစ်သွားရပါတယ်။ အရှေ့တောင်အာရှမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေ တအားကို တိုးတက်ထွန်း ကားလာပါတယ်။

၁၈၇၄ ခုနှစ်
ဗြိတိန်သား ဃ"ျွ ရန်းထ်က ပထမဆုံးအကြိမ် မော်ဖီးယားရဲ့ ပေါင်းစပ် တဲ့ ဟီးရိုးအင်းဆင့်ပွားပစ္စည်းကို စမ်းသပ်ထုတ်လုပ်ပါတယ်။ ဒါကို နံပါတ်နှစ် အက်ဆီတိုင်းလ် (ခေနအပူ) မော်ဖီးယားလို့ ခေါ်တွင်ပါတယ်။ အမေရိကန်ပြည် စန်ဖရန်စစ္စကိုမြို့မှာ ဘိန်းသုံးစွဲမှု ကန့်သတ်ထားပါတယ်။

၁၈၇၈ ခုနှစ်
ဥပဒေပုဒ်မ အမျိုးမျိုး ခွဲခြားထုတ်ပြန်မှုဖြင့် ဘိန်းသုံးစွဲမှုကို လျော့ပါး ကျဆင်းစေပြီး အဆုတ်ရောဂါဖြစ်ပေါ်မှုနှုန်း လျော့သွားဖို့ကို ဗြိတိသျှတို့ မျှော် လင့်ကြပါတယ်။ အသစ်ချမှတ်တဲ့ တရားဥပဒေမှာက ဘိန်းရောင်းဝယ်မှုကို မှတ်ပုံတင်စာရင်းသွင်းထားတဲ့ တရုတ်ဘိန်း (ရှူ) သူတို့နှင့် အိန္ဒိယဘိန်း (စား) သူတို့ကိုသာ ကန့်သတ်ရမယ့်သူတွေအဖြစ် ပြဋ္ဌာန်းထားပါတယ်။ မြန်မာနိုင်ငံ မှာ ဘိန်းစား (ရှူ) တာကို ပြင်းပြင်းထန်ထန် ပိတ်ပင်တားမြစ်ထားပါတယ်။

၁၈၈၆ ခုနှစ်
အင်္ဂလိပ်တို့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း (ရှမ်းပြည်နယ်) ကို အုပ် စီးလိုက်တယ်။ ဘိန်းရဲ့ ထုတ်လုပ်မှုတွေ မှောင်ခိုရောင်းဝယ်မှုတွေဟာ အောက် မြန်မာနိုင်ငံမှာ တအားကို ထြွကသောင်းကျန်းကုန်ပါပြီ။ အင်္ဂလိပ်တွေ ဘယ် လောက်ပဲ အစွမ်းကုန်ကြိုးပမ်းကြပါစေ၊ ဘိန်းကုန်သွယ်မှုကြီးကတော့ ဆိုးဆိုးရွား ရွားကြီးကို လက်ဝါးကြီးအုပ် ဖြတ်တောက်ထားတဲ့ နေရာမှာပဲ ကျရောက်နေပါ တယ်။

၁၈၉၀ ခုနှစ်
အမေရိကန်ပါလီမန်က ဥပဒေတစ်ရပ် ချမှတ်ထုတ်ပြန်လိုက်ပါတယ်။ မူးယစ်ထုံထိုင်းစေတဲ့ ဆေးဝါးတွေကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်လိုက်ပါတယ်။ ဘိန်းနှင့် မော်ဖီးယား အခွန်နှုန်းကို မြင့်မြင့်မားမား တိုးမြှင့်လိုက်ပါတယ်။

အမေရိကန်မှာ ဝီရှဲန့် - ဟတ်စ်ထ်လိုင်းက သေးသေးမွှားမွှား ဂျာနယ် တစ်စောင်ကနေ ပုံဝတ္ထုတစ်ပုဒ် ကြံစည်ရေးသားထားပါတယ်။ ဝတ္ထုမှာက လူဖြူမလေးဟာ တရုတ်ကောင်လေးတစ်ယောက်ရဲ့ ဖြားယောင် သွေးဆောင်တာ ကို ခံရပါတယ်။ တရုတ်ကောင်လေးက ဘိန်းနဲ့ လူ့စိတ်ကို တုန်လှုပ်ခြောက်ချား စေတဲ့ ညှို့ယူဖမ်းစားတဲ့ ''အဝါရောင်ဘေးသင့်စေတဲ့'' ဆေးကို အသုံးပြုပါတယ်။ ဒါ့အပြင် မူးယစ်ထုံထိုင်းမှုကို ခုခံနိုင်စွမ်းအားရှိတဲ့ ဆေးဝါးအဖြစ် ပုံဆောင်ထား ပါသေးတယ်တဲ့။

၁၈၉၅ ခုနှစ်
ဂျာမန်ပိုက်သြဆေးဝါးထုတ်ကုမ္ပဏီ စာရင်းငှာ ရှယ်လီစီး - တက်ခွေ ကျဲ့တွေ့ရှိတာက အက်ဆစ်ရေဒီကယ် (ခေငိ မေိငခေူ) နဲ့မော်ဖီးယားကို အရည် ကျဲစေပြီး ထုတ်လုပ်တဲ့ မူးယစ်ထုံထိုင်းစေတဲ့ ပစ္စည်းက သာမန်ရိုးရိုးမော်ဖီယား လို တစ်ဖက်သတ်တစ်ခုတည်း အသုုံးဝင်မှုသာ မကတော့ပါ။ ပိုက်သြကုမ္ပဏီ က အမှတ်နှစ် အက်ဆီတိုင်းလ် (ခေနအပူ) မော်ဖီးယားကို ထုတ်လုပ်ပါတယ်။ အဲဒါကို ပေးလိုက်တဲ့ နာမည်က ''ဟီးရိုးအင်း'' (့နမသငည) လို့နာမည်ပေး ကင် ပွန်းတပ်မှည့်ခေါ်လိုက်ပါတယ်။ သုံးနှစ်ကာလအတွငး်မှာ ဟီးရိုးအင်းကို အမြောက်အမြား ထုတ်လုပ်လို့ မရသေးပါ။

၁၉၀ဝ ခုနှစ်
အမေရိကန်က စိန့်ဂျိမ်း ကြင်နာမှုအသင်း (ွှ့န ဏ့ငူညေအ့မသစငခ ှငေညါ ောဲနျ ှသခငနအပ) က အရေးတော်ပုံတစ်ရပ်ကို လှုံ့ဆော်လိုက်ပါတယ်။ အသင်းဝင် တစ်ယောက်တိုင်း တစ်ယောက်တိုင်း မော်ဖီးယားဆေးစွဲသူ သုံးယောက်ဆီကို စာတိုက်ကနေ ဟီးရိုးအင်းပေးပို့ကြရပါမယ်။ ရည်ရွယ်ချက်က မော်ဖီးယားဆေးစွဲသူတွေ မော်ဖီးယားဆွေးစွဲမှုကို ပြတ်သွားစေတဲ့ စိတ်စေတနာ ကောင်းနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ဗြိတိန်နှင့် ပြင်သစ်သားတွေက အရှေ့တောင်အာရှရဲ့ ဘိန်းထုတ်လုပ် မှုကို အောင်အောင်မြင်မြင် ချုပ်ကိုင်နိုင်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အလယ်တောင် ပိုင်း ကျွန်းဆွယ်ကို ရွှေတြိဂံရယ်လို့ အခေါ်ခံရတဲ့ နယ်မြေဒေသတကြောမှာ နောက်ဆုံးနတ္ထိတံကတော့ ၂၀ ရာစုခေတ် ၄၀ ခုနှစ်တွေမှာ အရေးအပါဆုံး ဘိန်းထွက်ရှိတဲ့ နယ်မြေဒေသကြီးဖြစ်လာပါတယ်။

၁၉၀၂ ခုနှစ်
မဂ္ဂဇင်းဂျာနယ် အစောင်စောင်မှာ ဆေးပညာရှင်တွေရဲ့ ဟီးရိုးအင်းဖြင့် ဆေးဝါးကုသမှု စူးစမ်းလေ့လာတွေ့ရှိချက်တွေကို ရေးသားထားပါတယ်။ ဆရာဝန်တချို့တလေက သူတို့ရဲ့ မော်ဖီးယားဆေးစွဲ ဝေဒနာရှင်တွေ ဟီးရိုးအင်း ပြောင်းလဲသုံးစွဲဖို့ကို ဖြောင်းဖြပြောဆိုလို့ ထမြောက်အောင်မြင်သွားပြီးဖြစ်ပါ သတဲ့။

၁၉၀၃ ခုနှစ်
ဟီးရိုးအင်း ဆေးစွဲမှု ဝေဒနာနှုန်းထား တုန်လှုပ်ခြောက်ချားလောက် အောင် အဟုန်ပြင်းပြင်းနဲ့ ထိုးတက်လာပါတယ်။

၁၉၀၅ ခုနှစ်
အမေရိကန်ပါလီမန်က ဘိန်းပိတ်ပင်ဟန့်တားမှု ဥပဒေတစ်ရပ်ကို အတည်ပြုချမှတ်လိုက်ပါတယ်။

၁၉၀၆ ခုနှစ်
တရုတ်ပြည်နဲ့ ဗြိတိန်နိုင်ငံတို့က တရုတ်အိန္ဒိယနှစ်နိုင်ငံကြားမှာ ဘိန်းကုန်သွယ်မှုလုပ်ငန်းကို ပိတ်ပင်တားမြစ်ရေးစာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးချုပ်ဆိုလိုက်ပါတယ်။

ဆရာဝန်တချို့က ဟီးရိုးအင်းက ဆေးစွဲဝေဒနာသည်တွေရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုဖြစ်စဉ်ကို စမ်းသပ်လေ့လာပါတယ်။ ပရော်ဖက်ဆာ အလက်ဇန္နား လန်ဘယ်လ်နှင့် ပရော်ဖက်ဆာ ချားလ်စ် ြ တန်းစ်တို့က ဟီးရိုးအင်းဘိန်းဖြူ ဆေးစွဲသူတွေကို ကုသတဲ့ နည်းနာတွေကတော့ တိုးတက်မှုရှိပြိး အကျိုးအာနိသင် ပြွေါကယ်ဝတဲ့ ကြင်နာသနားမှုဆိုတဲ့ နည်းလမ်းက ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရှိချေတဲ့နည်း ဖြစ်ပါတယ်ရယ်လို့ ကျယ်ကျယ်လောင်လောင် မိန့်ဆိုပါတယ်။

အမေရိကန်ပါလီမန်က ဘိန်းကို စားစရာပစ္စည်းအဖြစ် ပြောင်းလဲခြင်း နှင့် မူးယစ်ထုံထိုင်းဆေးဝါးအဖြစ် ပြုလုပ်ခြင်းတို့ကို ပိတ်ပင်တားမြစ်တဲ့ ဥပဒေ ထုတ်ပြန်လိုက်ပါတယ်။ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း ထုတ်လုပ် ပိုင်ခွင့် အထူးရယူဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီတော့မှ ဘိန်းထုတ် လုပ်မှုနဲ့ ဘိန်းဖြန့်ဖြူးမှုနှုန်းထား စတင်ကျဆင်းလေတယ်။

၁၉၀၉ ခုနှစ်
အမေရိကန်ပြည်ထောင်စုက ပထမပြည်ထောင်စု မူးယစ်ထုံထိုင်း ကုန်ပစ္စည်း ထိန်းချုပ်မှု ဥပဒေကို ထုတ်ပြန်လိုက်ပါတယ်။ ဘိန်းသွင်းယူလာမှုကို ဥပဒေချိုးဖောက်မှု တစ်ရပ်အဖြစ် အမိန့်ထုတ်ပြန်လိုက်တယ်။ အမေရိကန် သတင်းရပ်ကွက်တွေက တရုတ်ပြည်ဆီ ဘိန်းပို့ဆောင်မှုကို တားမြစ်ပိတ်ပင်ဖို့ ကို ဆော်သြထားပါတယ်။

၁-၁-၁၉၀၉
နိုင်ငံတကာ ဘိန်းညီလာခံကြီး ရှန်ဟဲမြို့မှာ ကျင်းပပါတယ်။ အမေရိ ကန် ကိုယ်စားလှယ် ဟန့်မိလ်တွန်းလန့်ထ်နှင့် အမေရိကန် စိန့်အသင်းတော်ကြီး ရဲ့ ပရော်ဖက်ဆာ ရှယ်လီ - ဘိုရွန်တို့က နိုင်ငံတကာ လူ့ဘော်အဖွဲ့အစည်းကို ဖြောင်းဖျ တိုက်တွန်းလိုက်ပါတယ်။ တိုက်တွန်းချက်ကတော့ စာရိတ္တ မဏ္ဍိုင် မမှန်ကန်တဲ့ ဘိန်းထုတ်လုပ်မှုနှင့် ဘိန်းရောင်းဝယ်ဖောက်ကားမှုကို ဟန့်တား ပိတ်ပင်ထားပါတယ်။

၁၉၁၀ ခုနှစ်
နှစ်ပေါင်း ၁၅၀ ကျော်လွန်ခဲ့ပေမယ့် ဘိန်းပိတ်ပင်ဟန့်တားမှု ကြိုးပမ်း ခဲ့မှုတွေ အကြိမ်ကြိမ် အရေးရှုံးနိမ့်ခဲ့တဲ့ တရုတ်ပြည်ဟာ နောက်ဆုံးမှာ တရုတ် အိန္ဒိယကြား ဘိန်းကုန်စည်ကူးသန်းရောင်းဝယ်မှုကို ဗြိတိသျှတို့အား တိုက်တွန်း နှိုးဆော်ရင်းက အောင်အောင်မြင်မြင် ပိတ်ပင်တားဆီးနိုင်လေတယ်။

၁၇-၁၂-၁၉၁၄
''ဟာလီစ်မူးယစ်ထုံထိုင်းကုန်ပစ္စည်းဥပဒေပုဒ်မ'' ကို သဘောတူ ချ မှတ်လိုက်တယ်။ ရည်ရွယ်ချက်က မူးယစ်ထုံထိုင်းပစ္စည်းကို ကန့်သတ်ထိန်းချုပ် လိုက်ခြင်းပဲ ဖြစ်တယ်။ (အထူးသဖြင့် ကိုကာအင်းဖြစ်တယ်။ ဒါပေမဲ့ ဟီးရိုးအင်း လည်း ပါဝင်နေပါတယ်) အဲဒီကုန်ပစ္စည်း ၄င်းဥပဒေပုဒ်မက ဆရာဝန်တွေ၊ ဆေးဝါးထုတ်လုပ်တဲ့ ဆရာသမားတွေ၊ အခြားမူးယစ်ထုံထိုင်း ကုန်ပစ္စည်းသုံး စွဲသူတွေကို မှတ်ပုံတင်စာရင်းပြုစုထားဖို့ရယ်၊ အခွန်ငွေ ပေးဆောင်ဖို့တွေကိုပါ တောင်းဆိုထားပါတယ်။

၁၉၃၂ ခုနှစ်
အမေရိကန်ဘဏ္ဍာရေးဆိုင်ရာ မူးယစ်ထုံထိုင်းကုန်ပစ္စည်းထိန်းချုပ် ရေးဌာန (ပထမပြည်ထောင်စု မူးယစ်ထုံထိုင်းကုန်ပစ္စည်းထိန်းချုပ်ရေး ယန္တရား အဖွဲ့အစည်း) က မူးယစ်ထုံထိုင်းကုန်ပစ္စည်တရားဝင် ဖြန့်ဖြူးရောင်းချမှုအားလုံး ကို ပိတ်ပင်ဟန့်တားလိုက်ပါတယ်။ တရားဝင်ဟီးရိုးအင်း ရောင်းဝယ်မှုကို ပိတ်ပင်ဟန့်တားလိုက်တော့ ဆေးစွဲသူတွေဟာ မတတ်သာဘဲ လမ်းဘေးက မှောင်ခိုရောင်းချသူတွေရဲ့ လက်ထဲကနေ ဥပဒေမဲ့ ရှာကြံဝယ်ကြရလေတယ်။

၁၉၂၅ ခုနှစ်
အများစုက တရုတ်ပြည်ကို ဆိုက်ရောက်လာကြပါတယ်။ ဒါ့အပြင် ရှန်ဟဲနှင့် ထျန်းကျင်းမှာ ပြုပြင်မွမ်းမံပြီး ဥပဒေမဲ့ ဟီးရိုးအင်းမှောင်ခိုသမားတို့က အမေရိကန်ကို ပို့ကြတယ်။

၁၉၄၀ ခုနှစ် - ၁၉၄၅ ခုနှစ်
ဒုတိယကမ္ဘာစစ်ကာလအတွင်း ဘိန်းကုန်သွယ်ရေးအစဉ်အလာ လမ်းကြောင်း ပြတ်တောက်သွားပါတယ်။ အိန္ဒိယ၊ အီရင်လမ်းကြောင်းတွေပါ ပြတ်တောက်သွားပါတယ်။ ဘိန်းလက်ဝါးကြီးအုပ် ဖြတ်တောက်ခံရမှာ စိုးရိမ်တဲ့ ပြင်သစ်တို့က မုန်းဟိုးပြည်နယ်က တောင်သူလယ်သမားတို့ကို ပေါ်ပီပင် တိုး ချဲ့စိုက်ပျိုးဖို့ကို အင်တိုက်အားတိုက် ချီးမြှောက်အားပေးပါတယ်။

၁၉၄၅ ခုနှစ် - ၁၉၄၇ ခုနှစ်
စစ်ပွဲပြီးစီးတဲ့နောက် မြန်မာတို့ အင်္ဂလိပ်လက်ထဲကနေ လွတ်လပ်ရေး ရလာပါတယ်။ ဘိန်းစိုက်ပျိုးရေးနှင့် ဖြန့်ဖြူးရောင်းဝယ်မှု လုပ်ငန်း ရှမ်းပြည်နယ် မှာ ကြီးကြီးကျယ်ကျယ် ဖွံ့ဖြိုးလာပါတယ်။

၁၉၄၈ ခုနှစ် - ၁၉၇၂
ခိုစီကား လူဆိုးအုပ်စုကြီးက အနက်ရောင်မြေအောက်ဂိုဏ်းရဲ့ မူးယစ် ထုံထိုင်းကုန်ပစ္စည်းကိုယ်စာလှယ်တို့ရဲ့ သဘောတူညီချက်ရယူပြီး အမေရိကန် ဟီးရိုးအင်းဈေးကွက်ကို လက်ဝါးကြီးအုပ် အပိုင်စီးလိုက်ပါတယ်။ ပြင်သစ်မာဆေး ဓာတ်ခွဲစမ်းသပ်ခန်းကနေ တူရကီကလာတဲ့ ဘိန်းတွေကို ပြုပြင်မွမ်းမံထုတ် လုပ်ပြီးတဲ့နောက် ဟီးရိုအင်းဟာ အလွယ်တကူ ထုတ်လုပ်နိုင်ပြီး၊ နယူးယော့ လမ်းမတန်းက ဆေးသမားတွေကို ရောင်းချပေးနိုင်ပါပြီ။

၁၉၅၀ ခုနှစ် - ၁၉၆၀ ခုနှစ်
အာရှကွန်မြူနစ်ဝါဒ ရွှေတြိဂံနယ်မြေဒေသ ဒေသခံ အရိုင်းအစိုင်း လူမျိုးစုတို့နှင့် စစ်ဘုရင်လေးတွေ စိုးမိုးတဲ့ နယ်မြေတွေမှာ ပျံ့နှံ့သွားမှာကို အမေရိကန်တို့ စိုးရိမ်ပြီး ထိန်းချုပ်ဟန့်တားကြလေတယ်။ အနောက်အုပ်စုရဲ့ ထိန်းချုပ်မှုအားနှင့် ကွန်မြူနစ်တို့ ဆန့်ကျင်ရေးကို ထိန်းသိမ်းထားနိုင်ရေးအတွက် စစ်ဘုရင်ငယ်လေးတွေနဲ့ ပေါင်းသင်းဆက်ဆံရေး မိတ်မပျက်ရလေအောင် ဘိန်းမှောင်ခိုသမားတွေကို ငွေကြေးတွေ စစ်ဘုရင်ရဲ့ လက်နက်ခဲယမ်းမီးကျောက် ပံ့ပိုးပေးခြင်း၊ ဘိန်းများကို လေကြောင်းကနေ သယ်ယူပို့ဆောင်ခြင်းတို့ကို ကူညီဆောင်ရွက်ပေးကြလေတယ်။ ဒီလိုနဲ့ နိဂုံးချုပ်လိုက်တော့ ဟီးရိုးအင်းတွေ အမေရိကန်ဆီ ပျံ့နှံ့သွားလေတယ်။ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူတွေ နဲ့ ဆေးစွဲသူတွေရဲ့ လက်တွင်း သက်ဆင်းသွားကြလေတယ်။

၁၉၆၂ ခုနှစ်
ဘိန်းကို မြန်မာနိုင်ငံက ဥပဒေမဲ့ ကုန်ပစ္စည်း (တရားမဝင် ကုန်ပစ္စည်း) လို့ သတ်မှတ်လိုက်တယ်။

၁၉၆၅ ခုနှစ် - ၁၉၇၀ ခုနှစ်
ဗီယက်နမ်စစ်ပွဲထဲ အမေရိကန် ဒလိမ့်ခေါက်ကွေးနဲ့ ပါဝင်သွားခြင်းဟာ တရားမဝင် ဟီးရိုးအင်းတွေ ပင်လယ်ဒီလှှိုုင်းလုံးကြီးတွေလို အမေရိကန်ကို ခပ်ပြင်းပြင်း ရိုက်ပုတ်တိုက်ခိုက်ချေလေပြီ။ အမေရိကန်က အရှေ့တောင်အာရှ မဟာမိတ်တွေကို ကူညီပေးရေးအတွက် စီအိုင်အေက လေကြောင်းလိုင်းတစ်လိုင်း ဖွင့်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံကနေ လောနိုင်ငံဆီ ဘိန်းပို့ဆောင်ကြပါတယ်။ တစ်ပြိုင်တည်းမှာပဲ ဘိန်းတချို့တဝက်ကို ခိုစီကားလူဆိုးဂိုဏ်းက မာဆေးကို သယ်ဆောင်သွားပြီး ဟီးရိုးအင်းအဖြစ် ပြုပြင်ထုတ်လုပ်ပြီးတဲ့နောက် ပြင်သစ်တို့ ရဲ့ သဘောတူညီချက်ကို ရယူပြီး အဲဒီအဆက်နဲ့ အမေရိကန်ကို သယ်ယူပို့ ဆောင်ကြပြန်တယ်။ အမေရိကန်မှာ ဟီးရိုးအင်းသုံးစွဲသူတွေ ခန့်မှန်းခြေ ၇ သိန်းခွဲ ရှိလာပါတယ်။

၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ
ခေတ်ပေါ်နာမည်ကြီးအဆိုတော် ဂျာနီဂျွန်ပရင် ဟီးရိုးအင်း အသုံးစွဲ လွန်သွားတာကြောင့် ဟောလိဝုဒ်က ူညောိမေု ဟိုတယ်မှာ သေဆုံးသွားပါ တယ်။

၁၉၇၂ ခုနှစ်
ရွှေတြိဂံက ဟီးရိုးအင်းထုတ်ကုန်ကို စစ်ဘုရင်ခွန်ဆာအုပ်စုက ထိန်း ချုပ်ထားပါတယ်။ ခွန်ဆာဟာ ဘိန်းစိမ်းကို ပြုပြင်မွမ်းမံထုတ်လုပ်ပြီး မူးယစ် ထုံထိုင်းပစ္စည်း ကုန်သွယ်မှုလုပ်ငန်းကြီးရဲ့ အရေးတကြီး ပုဂ္ဂိုလ်ဖြစ်ပါတယ်။

၁၉၇၃ ခုနှစ်၊ ဇူလိုင်လ
အမေရိကန် သမ္မတ နစ်ဆင်က တရားရေးဌာနမှာ မူးယစ်ထုံထိုင်း ကုန်ပစ္စည်း ထိန်းချုပ်ရေးဌာန (ီမကပ နည်သမခနာနညအ ဗာိငညငျအမအေငသညယ ီနဗ) ကို ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ တစ်ခုတည်းသာဖြစ်တဲ့ ခိုင်ခံ့တဲ့ မူးယစ် ထုံထိုင်းမှု ကုန်ပစ္စည်းထိန်းချုပ်မှု ပြည်ထောင်စုအစိုးရယန္တရားရဲ့ အင်အားတစ်ရပ် ဖြစ်သွားလေတယ်။

၇၀ ခုနှစ်ခေတ် အလယ်ပိုင်းကာလ
ဗီယက်နမ်ပြည် ဆေးရုံကျသွားခြင်းက ဝုန်းဒိုင်းကြဲနေတဲ့ ဟီးရိုးအင်း ဒီလှိုင်းယုတ်လျော့ကျဆင်းသွားပါတယ်။ မက္ကဆီကိုက ရှဲ့လားမာတက်လွေဟာ ဘိန်းစိမ်းရင်းမြစ်အသစ် ထွန်းပေါက်လာပါတယ်။ ''မက္ကဆီကို ရွှံ့နွံကန်'' က ၁၉၇၈ ခုနှစ်မှာ ''တရုတ်အဖြူမှုန့်'' နေရာကို အစာထိုးဝင်ရောက်လာပါပြီ။

၁၉၇၈ ခုနှစ်
အမေရိကန်နှင့် မက္ကဆီကိုအစိုးရတို့က ဘိန်းစိမ်းလာရင်းကို မြေလှန် ပစ်လိုက်မယ့် နည်းလမ်း ဆေးရည်ဖျန်းပြီး ပေါ်ပီပင်တွေကို သတ်ပစ်တဲ့ ဓာတု ဗေဒဆေးရည်ကို တွေ့ရှိလိုက်ပါတယ်။ ဒီအမြစ်က ရှင်းပစ်တဲ့ စီမံကိန်းက အမေရိကန်မှာ ပျံ့နှံ့နေတဲ့ ''မက္ကဆီကို ရွှံ့နွံကန်'' သုတ်သင်ရှင်းလင်းရေး စီမံ ကိန်းဖြစ်တယ်။ ''မက္ကဆီကို ရွှံ့နွံကန်'' ဟာ နှောင့်ယှက်ဖျက်ဆီး အထိုးနှက်ခံလိုက် ရပါတယ်။ ဒါပေမဲ့ ဟီးရိုးအင်းလာရင်းဖြစ်တဲ့ ရင်းမြစ်မြေ ရွှေလခြမ်းသစ်နယ် မြေဖြစ်တဲ့ အီရန်။ အာဖဂန်နစ္စတန်၊ ပါကစ္စတန်က ထပ်ဆင့်ပေါ်ထွက်လာပြန် တယ်။ ဥပဒေမဲ့ ဟီးရိုးအင်းထုတ်လုပ်မှုက ဇာတ်ဟန်ဆန်ဆန် ဒီရေလှိုင်းတွေ မြင့်တက်လာရပြန်လေတယ်။

၁၉၈၂ ခုနှစ်
ဆပ်ကပ်လူရွှင်တော် ဂျွန်ဆင်းဖေ့လူးစ်က ဟီးရိုးအင်းနှင့် ခိုကာအင်း ရောနှောဆေးရည် စပိဘော (ှစနနိဘေူ) တရားလွန်သုံးစွဲခြင်းကြောင့် သေဆုံး သွားပါတယ်။

၁၃-၉-၁၉၈၄
အမေရိကန်ပြည်ထောင်စုအစိုးရအရာရှိတွေ ဆယ်နှစ်ကျော် လေ့လာ သုတေသနပြုကြရာက တတိယကမ္ဘာရဲ့ ဆေးခြောက်၊ ကိုကိုး သို့တည်းမဟုတ် ပေါ်ပီ ထုတ်လုပ်ရာနယ်မြေဒေသမှာ အစားထိုးသီးနှံစိုက်ပျိုးခြင်းဖြင့် မူးယစ် ဆေးဝါး ပစ္စည်းစိုက်ပျိုးမှုနှင့် ပြစ်မှုကျူးလွန်မှုကို အမြစ်ပြတ်အောင် ရှင်းမပစ် နိုင်ပါ။ ဒီဝမ်းနည်းစရာသတင်းက မြန်မာ၊ ပါကစ္စတန်၊ မက္ကစီကိုနဲ့ ပီရူးတို့ရဲ့ လက်တွေ့စမ်းသပ်ချက်တွေက ရရှိလာတဲ့ အတွေ့အကြုံတွေ ဖြစ်နေပါတယ်။

၁၉၈၈ ခုနှစ်
ဘန်ကောက်မှာ အကြီးမားဆုံး ဟီးရိုးအင်းမှောင်ခိုမှုကြီးတစ်ခုကို ဖော်ထုတ်ဖမ်းဆီးနိုင်ပါတယ်။ ဟီးရိုးအင်းပေါင်ချိန် ၂၄၀ဝ ကို ရွှေတြိဂံကနေ ပြီး နယူယော့ကို သယ်ယူပို့ဆောင်ဖို့ ဖြစ်ချေမယ်လို့ အမေရိကန်နိုင်ငံက သံသယဝင်ပါတယ်။ ဒီမှုခင်းကို ကျူးလွန်သူရယ်လို့ သံသယအဝင်ခံရတဲ့ သူကတော့ မူးယစ်ကုန်ပစ္စည်းစစ်ဘုရင် ခွန်ဆာပါပဲ။

၁၉၉၀ ခုနှစ်
အမေရိကန်တရားရုံးက ရှမ်းပြည်နယ်စစ်ခေါင်းဆောင် ခွန်ဆာကို တရားစွဲဆိုအမှုဖွင့်လိုက်ပါတယ်။ ၄င်းက ဟီးရိုးအင်းမှောင်ခို ကုန်သွယ်မှုတွေ ထဲမှာ မူးယစ်ထုံထိုင်းကုန်ပစ္စည်းစစ်ဘုရင်ရယ်လို့ ပုပ်သိုးတဲ့ နာမည်တွင်နေပါ တယ်။ အမေရိကန်ထိပ်တန်း စုံစမ်းစစ်ဆေးရေးအရာရှိရုံးက တရားစွဲဆို အမှု ဖွင့်တာမှာ လွန်ခဲ့တဲ့ ၁၈ လတုန်းက ဟီးရိုးအင်း ၃၅၀ဝ ပေါင် နယူးယော့ကို အရောက်ပို့ဆောင်ခဲ့တဲ့ အမှုဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ ဘန်ကောက်မှာ ဖော်ထုတ်ဖမ်းဆီးလိုက်တဲ့ ဟီးရိုးအင်းအမှုကလည်း ခွန်ဆာနဲ့ ပတ်သက်နေမှာ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်
ကိုလံဘီယာ ဘိန်းရာဇာတို့က အဆင့်မြင့်သန့်စင်တဲ့ ဟီးရိုးအင်း အမေရိကန်ကို တင်သွင်းခဲ့တယ်ရယ်လို့ ပြောကြပါတယ်။

၁၉၉၃ ခုနှစ်
အမေရိကန် မူးယစ်ထုံထိုင်းကုန်ပစ္စည်းထိန်းချုပ်ရေးဌာနရဲ့ ကူညီပံ့ ပိုးမှုကြောင့် ထိုင်းစစ်တပ်က စတင်ပြီး ရွှေတြိဂံက ဧကထောင်ချီတဲ့ ပေါ်ပီစိုက် ခင်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

၃၁-၁၀-၁၉၉၃
ဟီးရိုးအင်းက ကမ္ဘာကျော် သရုပ်ဆောင် လိဖ်ဖေ့နီးစ်စ် (အသက် ၂၃ ) နှစ်ကို သတ်ပစ်လိုက်ပြန်တယ်။ ၄င်းက ဟီးရိုးအင်းနှင့် ခိုကာအင်း ရော နှောဆေးရည်ကို အလွန်အကျွံ သုံးဆောင်ရာကနေ သေဆုံးသွားပါတယ်။


၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ
ဘိန်းစိုက်ပျိုးမှု အမြစ်ကစ မြေလှန်ပစ်ရေး ကြိုးပမ်းမှု ရှုံးနိမ့်သွားပါ ပြီ။ အမေရိကန်သမ္မတကလင်တန်အစိုးရက နဂိုမူလက မူးယစ်ဆေးဝါး ဆန့် ကျင်ရေးလှုပ်ရှားမှုကဏ္ဍကို မူးယစ်ကုန်ပစ္စည်း ထိန်းချုပ်ရေးအဖြစ် ပြောင်းလဲ ပစ်လိုက်ပါတယ်။ ၄င်းက တရားဥပဒေလိုက်နာစောင့်ထိန်းခြင်း လုပ်ဆောင်ချက် အား အားပေးအားမြှောက်ပြုခြင်းနှင့် ဥပဒေနှင့် ကိုက်ညီတဲ့ စီးပွားရေးအခွင့် အလမ်းကို တိုးမြှင့်အားပေးသွားခြင်း ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်၊ ဧပြီလ
''နိဗ္ဗာန်'' (ငြမလညေန) တီးဝိုင်းအဖွဲ့ ပင်တိုင်အဆိုတော် ခုထ်ဆိုးဝါး သေမှုသေခင်းဟာ ဟီးရိုးအင်းနှင့် ပတ်သက်နေပါတယ်။

၁၉၉၅ ခုနှစ်
ရွှေတြိဂံဟာ ဘိန်းအဓိက ထွက်ရာနယ်မြေဒေသအဖြစ် တက်လှမ်း သွားပါပြီ။ နှစ်စဉ် ၂၅၀ဝ တန် ထုတ်လုပ်ထွက်ရှိပါတယ်။ အမေရိကန် မူးယစ် ဆေးကျွမ်းကျင်ပညာရှင်များရဲ့ ပိုင်းခြားဝေဖန်ချက်အရ မူးယစ်ဆေးပစ္စည်း မှောင်ခိုလမ်းကြောင်းအသစ်ကနေ မြန်မာနိုင်ငံကနေ လောပိုင်နက် နယ်မြေ ကို ဖြတ်သန်းပြီး တရုတ်ပြည်တောင်ပိုင်းဘက်ဆီကို ဝင်ရောက်သွားပါတယ်။ နောက်ပြီး ကမ္ဘောဒီးယားနှင့် ဗီယက်နမ်လမ်းကြောင်းတွေလည်း ရှိနေပါသေး တယ်။

၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ
ရှမ်းပြည်နယ်အင်အားအရှိဆုံး ဘိန်းရာဇာကြီး ခွန်ဆာ မြန်မာအစိုးရ ထံ ''လက်နက်ချအလင်းဝင်'' လိုက်တယ်။ သူဟာ သူ့ရဲ့ကာလရှည်လျားတဲ့ နှစ် ၃၀ ရဲ့ အစိုးရဆန့်ကျင်ရေးတိုက်ပွဲကို ရပ်ဆိုင်းပစ်ရမှာဖြစ်တယ်။

ကိုးကားစာအုပ်စာတမ်းများ

(၁) မာတင်ရေး ''ဘိန်းသမိုင်းကြောင်း'' စီမွန်နှင့် ဇူးစ်ထ် ကုမ္ပဏီ၊ လန်ဒန်မှ ဖြန့်ချိထုတ်ဝေသည်။
(၂) သိန်းယွမ်ရေး ''ရွှေတြိဂံနှင့် ဗမာပြည်ကွန်မြူနစ်ပါတီခေတ်ကာလ''
(၃) ''ကိုးကန့်စိတ်ဓာတ်'' နှင့် ကိုးကန့်အထူးဒေသနှင့် စပ်လျဉ်းတဲ့ အချက် အလက်မှာ ရွှေတြိဂံအချက်အလက်ကို ဖော်ပြခြင်း
(၄) ကဲကျဲန့်ချူး ''ရွှေတြိဂံကို စူးစမ်းထောက်လှမ်းခြင်း''
ဝမ်ဟောက်ရေး ကျန်းချဲန် (ရွှေမြို့တော်) စာပေတိုက်၊ ပီကင်း ၁၉၉၈ ဖြန့်ချိ ထုတ်ဝေသည်။
(၅) စွမ်းကွမ်းစိန်းရေး ''တရုတ်ပြည် လူသားမျိုးနွယ်တို့ ချမ်းသာသုခရရေး တီထွင်ကြံဆပေးတဲ့ ပြည်'' ယူနန်ပြည်သူ့စာပေတိုက်၊ ခွန်မင်း၊ ၂၀ဝ၂ ဖြန့်ချိထုတ်ဝေသည်။
(၆) သခင်သန်းထွန်း
(၇) ''မြန်မာနိုင်ငံ နိုင်ငံရပ်ခြား တရုတ်နွယ်ဖွား အကြမ်းဖျဉ်းသမိုင်းကြောင်း
(၈) ထန်းလျားလိန်း '' ကမ္ဘာ့မူးယစ်ဆေးပစ္စည်း ကယောက်ကယက်ဖြစ်မှုများ''
(၉) ဟို့စိန်တ ''ဒီခေတ်မြန်မာ'' အဓိကစီရင်ပြုစုသည့်
(၁၀) ယီဟုန်စေ ''မုန်းဂိုးတိုက်ပွဲ''
နှင့်
ရွှေတြိဂံနှင့် စပ်လျဉ်းသည့် သတင်းဆောင်းပါးအချက်အလက်များ