Breaking News

မောင်လူပေ - လူ(၃၅)သန်းကို ကန့်သတ်ထားရတဲ့ တရုတ်နှစ်သစ်ကူး


မောင်လူူူူပေ - လူ(၃၅)သန်းကို ကန့်သတ်ထားရတဲ့ တရုတ်နှစ်သစ်ကူး

(မိုုုုုုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၀

ဝူဟန်အဆုတ်နာရောဂါကြောင့် တစ်ရက်အတွင်း(၁၅)ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူဦးရေ(၄၁)ဦးအထိ တိုးလာသည်။ ရောဂါဖြစ်ပွားသည်ဟု သေချာသောဝေဒနာသည်များ ကမ္ဘာအနှံ့တွင် လူ(၁၂၈၇)ထိ ရောက်ရှိလာတဲ့အတွက် တရုတ်နှစ်သစ်ကူးရာသီတွင် ဝူဟန်မြို့အပါအဝင် မြို့(၁၂)မြို့ကို ကန့်သတ်မြို့အဖြစ် သတ်မှတ်လိုက်ပါသည်။ အကြောင်းအရာတစ်စုံတစ်ခုမပြနိုင်ပဲ မြို့ထဲကို အဝင်အထွက် လုပ်ခွင့်မရှိ။ ရထား၊ကား၊ လေယာဉ်၊သင်္ဘော အဝင်အထွက်မရှိ။ မည်မျှကြာမည် မသိရသေး။

ဝူဟန်မြို့တစ်မြို့ထဲမှာ လူ(၁၁)သန်းကျော်ရှိငည်​၏ ကန့်သတ်ဧရိယာအားလုံးမှာ လူပေါင်း(၃၅)သန်းကျော်လောက် ပါဝင်နေသည်။ အဲဒီလောက်များပြားတဲ့လူတွေကို ကန့်သတ်လိုက်ရတဲ့အပြင် မြို့တော်ပီကင်းမှာလည်း နှစ်သစ်ကူးပွဲတော်ကြီးကျင်းပပြုလုပ်မှာကို ဖျက်သိမ်းခဲ့ရသည်။ နှစ်သစ်ကူးရာသီမှာ ခရီးသွားတွေ၊ စျေးဝယ်ကြမဲ့သူတွေ မရှိတော့သည့်အတွက် အဲဒီနေရာတွေမှာ စီးပွားရေးအရ အလွန်အထိနာပါသည်။ နှစ်သစ်ကူးစျေးရောင်းပွဲဝင်ငွေက စျေးသည်တွေတစ်နှစ်လုံးဝင်ငွေ၏ လေးပုံတစ်ပုံလောက်အထိ ရှိသည်ဆို၏။

ဟောင်ကောင်၊ မကာအို၊ တိုင်ဝမ်၊ ကိုးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ ထိုင်း၊ စင်္ကာပူတို့ စသည်တို့အထိ ရောက်ရှိသွားတဲ့ ဒီဗိုင်းရပ်ပိုးကို တားဆီးဖို့ ခရီးသွားခြင်းကန့်သတ်တဲ့ ဒီနည်းသာ အထိရောက်ဆုံးလို့ သိရ၏။ တရုတ်အစိုးရ၏ ကန့်သတ်ထိန်းချုပ်မှုက အံ့အားသင့်စရာကောင်းသည်။ နှစ်သစ်ကူးပွဲတော်အချိန်မှာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံပေါင်း ခုနှစ်သောင်းကျော်ကို ပိတ်ခိုင်းလိုက်သည်။ လူအများလာလည်ကြမည့် ပီကင်းရှိ ရှေးဟောင်းနန်းတော်ရာ၊ ရှန်ဟိုင်းရှိ ဒစ္စနီမြေ တို့လည်း ပိတ်လိုက်သည်။ ခရီးသွားကန့်သတ်မှုကြောင့် မကာအိုရှိ ကာဆီနိုရုံတွေမှာလည်း လူမလာကြတော့။ ရောဂါဖြစ်ပွားမှုများသောအရပ်များရှိ မက်ဒေါ်နယ်ဆိုင်များလည်း ပိတ်သည်။

ကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီမို့ အားလုံးက ဆက်စပ်၍နေသည်။ တရုပ်ပြည်၏ စီးပွားရေးအခြေအနေကို ထိခိုက်ရသလို အမေရိကန်တွေ၏ စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်ခြင်းရှိသည်။ တရုတ်စတော့တွေထိုးဆင်းရသလို အမေရိကန်စတော့တွေလည်း ဆင်းသည်။ တရုတ်ပြည် ဂျီဒီပီတိုးနှုန်းကို ၂%လောက်အထိ ထိခိုက်နှိုင်မည်ဆို၏။ ၂၀၀၃ SAR ရောဂါဖြစ်ပွားစဉ်က တရုတ်ပြည်မှ ဝန်မခံခဲ့ပဲ တားဆီးမှုပါ မပြုခဲ့သော်လည်း ယခုအခါတွင် ချက်ချင်းဝန်ခံခဲ့သလို ကာကွယ်မှုပါ လုပ်ခဲ့သဖြင့် အမေရိကန်သမ္မတထရန့်အပါအဝင် ခေါင်းဆောင်များ၏ ချီးကျူးမှုရရှိခဲ့သည်။ ရောဂါကုသရေးအတွက် ကုတင်တစ်ထောင်ဆန့် ယာယီဆေးရုံတစ်ခုကို ဆယ်ရက်အတွင်း တည်ဆောက်နေပြီဆိုသည်။

ဝူဟန်အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသူများသည် ရောဂါအခံတစ်မျိုးမျိုးရှိသူများဖြစ်သည်ဆို၏။ ပန်းနာရင်ကျပ်၊ သွေးတိုး၊ နှလုံးရောဂါစသည်အခံရှိထားသဖြင့် ပြင်းထန်သေူအဆုတ်ရောင်ရောဂါဒဏ်မခံနိုင်ကြဟု ဆိုပါသည်။ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစီးများတတ်ဆင်ခြင်း၊ လက်ကို စင်ကြယ်အောင် မကြာခဏဆေးခြင်း၊ လူထူထပ်ရာနေရာများသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ အစားအသောက်များကို ကျက်အောင်ချက်၍ စားခြင်း၊ နေမကောင်းဖြစ်နေပါက ဆေးရုံဆေးခန်းချက်ခြင်းပြသပေးခြင်း စသည်တို့ လုပ်ဆောင်သင့်ပါကြောင်း။