Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၉

Photo- Bloomberg
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၉
ခင်လေး (Aotearoa)
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၀

 ကိုးဗစ်ကဗျာ

ကျောင်းပိတ်ရက်တွေရောက်ပြီမို့ ကိုယ်စာရေးချိန်ရပြန်ပြီပေါ့။ သတိပေးချက် အဆင့် ၂ ကို ချတုန်းက ကျောင်းပြန် သွားရခါနီးမှာ အစည်းအဝေးတစ်ခုလုပ်ပါတယ်။ အဲဒီမှာ ပြောရဲဆိုရဲရှိအောင် အစပျိုးတဲ့ ice breaker အနေနဲ့ ကိုးဗစ်ကြောင့် အိမ်ကနေ အလုပ်လုပ်ရတဲ့အတွေ့အကြုံမှာ ဘယ်ဟာကို အကြိုက်ဆုံးလဲဆိုတာ ပြောကြ ပါတယ်။ အဲဒီလို ပြောဖို့အတွက် ဆရာမကြီး တစ်ယောက်က ကဗျာလေးရေးလာပါတယ်။ သူ့ကဗျာလေးက ပီပြင်လွန်းလို့ ဘာသာပြန်ပြီး ကိုယ့်မှတ်တမ်းလေးမှာထည့်ပါရစေလို့ ခွင့်တောင်းပါတယ်။ သူက ကြည်ကြည် ဖြူဖြူပဲ ခွင့်ပြုပါတယ်။ ခံစားကြည့်ပါနော်။

Thoughts from a Bubble            May 2020
ပူဖေါင်းထဲက အတွေးများ           မေ ၂၀၂၀

Once, crowded city streets
full of people going nowhere, quickly
People adrift, their roots forgotten, past lessons lost
Anger, division, lies and disconnect
Then the unseen comes on a breath
With a cough or a touch
Arrives on the wing, silently
With our loved ones returning

တစ်ခါတုန်းက.....
လူတွေအပြည့်နဲ့ ပျားပန်းခတ်မျှ စည်ကားနေခဲ့တဲ့လမ်းတွေ
အတိတ်ကိုမေ့၊ ဘဝဟောင်းကိုမေ့၊ ဒေါသ၊ မောဟတွေဖုံးလွှမ်းပြီး မုသားတွေနဲ့ တစ်သီးတစ်ခြား လွင့်မြောနေကြတဲ့လူတွေ.....
သူတို့တွေဆီကို ပြန်လာကြတဲ့ ချစ်ခင်မြတ်နိုးရသူတစ်ချို့ရဲ့
ဝင်သက်ထွက်သက်၊ ချောင်းတစ်ချက်၊ အထိတစ်ချက်နဲ့အတူ
မမြင်ရတဲ့အရာတစ်ခုဟာ တိတ်ဆိတ်စွာပျံသန်းပြီး ရောက်လာခဲ့တယ်။


Now, empty city streets
full of no one, only danger and fear
No sight of cars, no sound of joy or laughter 
We hide away, afraid and stand apart
Suspicious
Too scared to hug, or touch a hand
Gloves and masks and distance
This is how we live now

ခုတော့.....
မြို့ထဲကလမ်းမတွေဟာ ဗလာကျင်းနေ
နတ္ထိတွေနဲ့ ပြည့်ကျပ်နေပြီး အန္တရာယ်နဲ့ ကြောက်လန့်ခြင်းပဲ ရှိနေတယ်၊
ကားဆိုတာမမြင်ရ၊ ပျော်ရွှင်ရယ်မောခြင်းဆိုတာ မကြားရ၊
သံသယတွေ ကြောက်လန့်ခြင်းတွေနဲ့အတူ ခပ်ခွာခွာပဲ ရပ်နေ ပုန်းနေကြရတယ်၊
ပွေ့ဖက်နှုတ်ဆက်ဖို့ လက်ဆွဲနှုတ်ဆက်ဖို့တောင်မတွေးရဲ သိပ်ကြောက်နေရတယ်၊
လက်အိပ်တွေ မျက်နှာဖုံးတွေနဲ့ ခပ်ဝေးဝေးကနေ လက်ပြ
အခုလက်ရှိနေနေရတဲ့ ဘဝပေါ့။
Emotions, tears close to the surface
Loss and grief, lives and jobs and freedom
Bubble bubble, toil and trouble
Bubble bubble, don’t break your bubble
Such a fragile thing to keep us safe
Bear hunt sightings, messages in chalk
Reconnect us with each other
Bringing smiles again

စိတ်ထိခိုက်မှုတွေ မျက်ရည်တွေဟာ ခံစားမှုမျက်နှာပြင်ပေါ်ကို ရောက်လာနေပြီ
ဆုံးရှုံးမှုတွေ ဝမ်းနည်းကြေကွဲမှုတွေ ဘဝတွေ အလုပ်တွေနဲ့ လွတ်လပ်မှုတွေ
ပူဖေါင်း ပူဖေါင်း ပင်ပန်းဆင်းရဲမှုနဲ့ ဒုက္ခတွေ
ပူဖေါင်း ပူဖေါင်း မင်းရဲ့ ပူဖေါင်းကို မပေါက်စေနဲ့
အင်မတန် ထိရှလွယ်တဲ့ ကိုယ်တို့ရဲ့ အကာအကွယ်
ကလေးတွေ ညနေ လမ်းလျောက်ရင် ကြည့်ရအောင် ပြူတင်းဘောင်ပေါ် တင်ထားပေးတဲ့ ဝက်ဝံရုပ်
မြေဖြူခဲလေးတွေနဲ့ ရေးထားပေးတဲ့ အားပေးစာလေးတွေ
ကိုယ်တို့ အချင်းချင်း လူသားတွေလို ပြန်လည်ဆက်သွယ်နိုင်စေခဲ့
အပြုံးတွေကို ပြန်လည် သယ်ဆောင်စေနိုင်ခဲ့။

But, a world so strange, no longer familiar
Anxiety high as winter approaches
Do numbers stay low as we start to reopen?
Funerals, weddings again, but too small
Complex, controlling and still we’re constrained
Anger, division, lies and disconnect
Time to dissect, discuss and review
Our verdict awaits and history will judge

ဒါပေမယ့် စိမ်းလွန်းလှတဲ့ ဒီကမ္ဘာ ဘယ်လိုမှ မမှတ်မိနိုင်တော့
နှင်းခါးတွေကျတဲ့ ဆောင်းနားနီးလေလေ စိုးရိမ်မှု ရေချိန် တက်လာလေလေ
ပြန်စဖွင့်ရင် ရောဂါဖြစ်တဲ့သူဦးရေ ခုလိုပဲ နည်းနေဦးမှာလား
စျာပနတွေ မဂ်လာဆောင်တွေ အကျဥ်းရုံးလို့ပေါ့
ရှုပ်ထွေးမှုတွေ ထိန်းချုပ်မှုတွေနဲ့ ခုချိန်ထိ အတားအဆီးတွေကြားမှာ နေနေဆဲ
ဒေါသ၊ ကွဲပြားမှု၊ လိမ်ညာမှုနဲ့ အထီးကျန်မှု
ခွဲခြမ်းစိတ်ဖြာ ဆွေးနွေးသုံးသပ်ဖို့တော့ လိုနေပြီ၊
ကိုယ်တို့အတွက် စီရင်ချက်ကစောင့်နေပြီ၊ သမိုင်းက အဆုံးအဖြတ်ပေးတော့မယ်။

What next then? For us. For the earth
Have we reflected and changed?
Will we remember these lessons and learn?
I doubt
We wait, we hope. Some of us pray
We think. Too much. Not enough
Slowly a return to normal
We will not be brave or bold

Maybe kinder, stronger, better
Perhaps, Perhaps not
We know what humans do

ဒီတော့ ဘာဆက်လုပ်ကြမလဲ။ ကိုယ်တို့ လူသားတွေအတွက်၊ ကမ္ဘာမြေကြီးအတွက်၊
ကိုယ်တို့ ဖြစ်ခဲ့တာတွေကို ပြန်လည်သုံးသပ်ပြီး ပြောင်းသင့်တာတွေ ပြောင်းပြီးပြီလား၊
ဒီသင်ခန်းစာတွေကို မှတ်မိမှာလား၊ မှတ်သားစရာတွေ မှတ်သားပြီးပြီလား၊
သံသယတွေနဲ့ပါပဲ
ကိုယ်တို့ စောင့်ခဲ့ကြတယ်၊ အကောင်းဆုံးကို မျှော်လင့်ခဲ့ကြတယ်၊ တစ်ချို့က ဘုရားရှိခိုး ဆုတောင်းကြတယ်၊
ကိုယ်တို့ အရမ်းကို စဥ်းစား ဆင်ချင်ကြတယ်၊ ဒါလဲ မလုံလောက်ပါဘူး၊
ပုံမှန်ဆိုတဲ့ စံ ဆီကို ဖြည်းဖြည်းချင်း ပြန်လာနေကြတယ်၊
သတ္တိရှိမှုနဲ့ ရဲရင့်မှုတွေ တော့ကိုယ်တို့မှာ ရှိကြမယ် မဟုတ်ပါဘူး။

ပိုကြင်နာ၊ ပိုအားရှိ၊ ပိုကောင်းလာနိုင်ပါတယ်
ဖြစ်ရင်လဲဖြစ်နိုင် မဖြစ်ရင်လဲ မဖြစ်နိုင်တာတစ်ခုကတော့
လူသားတွေ ဘာလုပ်ကြသလဲဆိုတာ ကိုယ်တို့ သိလာကြတာပါပဲ။
  
Fiona Lord

ဖီယိုးနာ လော့ဒ်

စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေ။
ခင်လေး (Aotearoa)
8:48 p.m. 06.07.2020 Monday