Breaking News

ကိုသန်းလွင် - ကိုလံဘီယာ အကြပ်အတည်း



Protesters in the streets of Medellín demonstrated their support for former president Álvaro Uribe after the Colombian Supreme Court ordered him to be detained.


ကိုသန်းလွင် -  ကိုလံဘီယာ အကြပ်အတည်း

(မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၀

Ref: Ex-president’s arrest underscores Colombia’s deep divisions By Julie Turkewitz, New York Times 13 August 2020 


(၁)

သမ္မတဟောင်း မစ္စတာအယ်ဘာရို အူရီဘေး (Alvaro Uribe) သည် ကိုလံဘီယာနိုင်ငံ၏ နိုင်ငံရေးကို ဆယ်စုနှစ်ပေါင်းများစွာလွှမ်းမိုးခဲ့ပြီး အချို့လူများအတွက်အချစ်ဆုံးနိုင်ငံရေးသမားဖြစ်ခါ အချို့လူများအတွက်မှု အမုန်းဆုံးနိုင်ငံရေးသမားတစ်ယောက်ဖြစ်ပါသည်။

အချို့သောကိုလံဘီယာလူမျိုးတို့အတွက် သူသည်ကယ်တင်ရှင်ကြီးဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးအတွက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်သူဖြစ်ခါ ပြည်တွင်းစစ်ကြောင့်သွေးထွက်သံယိုမှု များပြားသောနိုင်ငံတွင် လူများ ကိုပို၍ သေကြေပျက်စီးစေခဲ့ပါသည်။ နိုင်ငံတော်၏အခက်ခဲများကိုလက်တွေ့ဖြေရှင်းပေးခဲ့သူလည်းဖြစ်ပါသည်။

အချို့သောသူများအတွက်မူ သူသည် ရာဇဝတ်ကောင်တစ်ယောက်ဖြစ်ပြီး လူ့အခွင့်အရေးကိုဘေးချိတ် ခါသောင်းကျန်းသူများကို နှိမ်နင်းခဲ့ပြီး အပြစ်မဲ့သောပြည်သူများပါ သေဆုံးရပါသည်။

(၂)

လွန်ခဲ့သောအပါတ်က သူ့ကိုနေအိမ်အကျယ်ချုပ်အဖြစ်ထားရှိရန် အမြင့်ဆုံးတရားရုံးက အမိန့်ပေးလိုက် ချိန်တွင် နိုင်ငံအတွင်းရှိ လက်ဝဲ လက်ယာကွဲ၍ နိုင်ငံရေးပဋိပက္ခများကို နက်သည်ထက်နက်အောင်ဆွဲပို့လိုက်သ ကဲ့သို့ ဖြစ်ခဲ့ရပါသည်။ နိုင်ငံတွင် ဒဏ်ရာအနာတရဖြစ်ခဲ့ရသည်မှာအကြိမ်များစွာရှိခဲ့ပါသည်။ ထို့ကြောင့်ဤကဲ့သို့ ဖမ်းလိုက်ခြင်းက ပြန်လည် ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းချက်များကိုအရာမထင်ဖြစ်စေ ခဲ့ပါသည်။

ထိုကဲ့သို့ ထိန်းသိမ်းကြောင်းကြေညာအပြီး နာရီအနည်းငယ်အတွင်းမှာပင် သူ့ကိုထောက်ခံသူများရော သူကိုမထောက်ခံသူများပါ လမ်းမပေါ်ထွက်လာခဲ့ကြပြီးကားဟွန်းများတီး၍လည်းကောင်း ဒန်အိုး၊ ခွက်များတီး၍ လည်းကောင်း ဆန္ဒပြခဲ့ကြပါသည်။ အမြင့်ဆုံးတရားရုံး၏ လုပ်ရပ်မှာ ၂၀၁၆ ခုနှစ်ကရရှိခဲ့သော သဘောတူညီမှု များကို ဖျက်ဆီးပြစ်လိုက်သလိုဖြစ်နေပါသည်။

နောက်တစ်နေ့နံနက်တွင်မစ္စတာအူရီဘေးပါတီမှတရားစီရင်ရေးစနစ်ကိုအမြစ်မှမြေလှန်ပြစ်ရန်တောင်း ဆိုခဲ့ပါသည်။ ကြည့်ရသည်မှာ နောက်ထပ်အဖမ်းအဆီးများ မလုပ်နိုင်ရန်ဖြစ်ပါသည်။ လက်ရှိသမ္မတဖြစ်သူမှာ အူရီဘေး၏ မိတ်ဆွေဖြစ်ပြီး အီဗန်ဒူကေး (Ivan Duaue) မှာ ၄င်း၏ဆရာကို ဖမ်းဆီးခြင်းအတွက်ကျေနပ်စရာ အကြောင်း မရှိပါ။

ထို့နောက် တရားရေးဌာန Inspector General ကတိုင်းပြည်သို့ အရေးတကြီးမေတ္တာရပ်ခံရာတွင် တိုင်း သူပြည်သားများအနေဖြင့်တရားရေးဌာနကိုထိခိုက်အောင်တိုက်ခိုက်ခြင်းမပြုရန် မေတ္တာရပ်ခံခဲ့သည်။ တိုင်းပြည် တွင်နောက်ထပ်ရုန်းရင်းကြမ်းတမ်းမှု များမဖြစ်ရန်ရှောင်ကျဉ်ကြစေလိုကြောင်းကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကြောင့် တိုင်းပြည်ရုတ်ရက်ခတ်ချိန်တွင် အနာဂတ်ကိုအရောင်မဲသွားစေမည့် တိမ်ပုတ်တိမ်မဲများ မလွှမ်းမိုးအောင်၊ ဒီမိုက ရေစီကို ခြောက်လှန့်ပြီး မှောင်မဲသောညများမဖြစ်အောင်ဆောင်ရွက်ကြစေလိုကြောင်းပါရှိပါသည်။

သမ္မတအူရီဘေးကို ထောက်ခံကြသော မယ်ဒလင်မြို့မှ ဆန္ဒပြပွဲတခုတွင် လူအများသည် ကားများ၌ ကိုလံဘီယာအလံကိုတပ်ဆင်၍ မြို့လယ်ခေါင်လမ်းမတလျှောက် စီတန်း၍ ရပ်ခဲ့ကြပါသည်။ ဆန္ဒပြသူများက သူတို့၏ခေါင်းဆောင်ကို ဖမ်းဆီးထားပြီး ၂၀၁၆ ခုနှစ်က ချုပ်ဆိုခဲ့သောစာချုပ်အရ ထောင်ပေါင်းများစွာသော သူပုန်များမှာ လွတ်မြောက်နေကြခြင်းကို မကျေနပ်ကြောင်း ပြောပြာကြပါသည်။

ကိုလံဘီယာတွင်ရှိခဲ့ကြသောခေါင်းဆောင်များတွင် အူရီဘေး မှာ အကောင်းဆုံးဖြစ်ပြီး တိုင်းပြည်၏ အကြီးဆုံးသူပုန်အုပ်စုဖြစ်သည့် အက်ဖအေအာစီ (FARC- Revolutionary Arm Forces of Colombia) ကိုပြို ကွဲအောင်ဖြိုကွဲနိုင်သူအဖြစ်သတိရမိကြပါသည်။ တချို့ကအရင်သမ္မတယခုလိုအင်အားချိနဲ့ပြီးအဖမ်းခံရချိန်တွင် တဖက်ကရန်သူ များက အင်အားကောင်းပြီး တိုင်းပြည်ကိုရန်ပြုမှာကိုစိုးရိမ်ကြပါသည်။ ထိုသို့ဆိုလျှင်ယခင်က တိုင်းပြည်တွင်အကြမ်း ဖက်မှုများကို ပြန်လည်ကြုံတွေ့ကြရပါလိမ့်မည်။

“အူရီဘေး ကိုလံဘီယာတနိုင်ငံလုံးဟာ ခင်ဗျားနဲ့အတူရှိနေတယ်” ဟု ကြွေးကြော်ကြပါသည်။ မိုင်ရာ ပေါင်းများစွာဝေးသော မြို့တော် ဘိုဂိုတာ (Bogota) တွင်မူ သူ့ကိုဆန့်ကျင်သူများက အိုးများ၊ ပန်းကန်များ ကိုကိုင်တွယ်၍ ထွက်လာကြပြီး သူတို့သည်မစ္စတာအူရီဘေး သည် ဘယ်သောအခါမှ တရားရုံးရှေ့ရောက်မ လာနိုင်ဘူးဟုထင် နေကြရသည်။ သို့အတွက် ထိုသမ္မတဟောင်း တရားရင်ဆိုင်ရမည့်အရေးအတွက် ပျော်ရွှင် နေကြပါသည်။ သူတို့သည် သတင်းကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

သားသမီးများအသတ်ခံရသူမိဘများက အူရီဘေးသမ္မတကိုအပစ်ဖို့ကြသည်။ အူရီဘေးသည် လွန်ခဲ့ သောနှစ်ပေါင်း ၄၀ အတွင်း မထင်မရှားခေါင်းဆောင်အဖြစ်မှတနိုင်ငံလုံးအုပ်ချုပ် ရသည့်သမ္မတဖြစ်လာချိန်ဝယ် သူ ့ဝါဒအဖြစ် (Urbismo) ကိုကြွေးကြော်ခဲ့ပါသည်။ သူကသူ့ဖခင်မှာ ဖက်ဖအေအာ စီ၏သတ်ဖြတ်ခြင်းကိုခံခဲ့ရ သည်ဟု ပြောရာ ဖက်ဖအေအာစီ ကမူထိုအချက်ကို မဟုတ်မမှန်ကြောင်း ငြင်းဆိုပါသည်

သူသမ္မတဖြစ်လာသော ၂၀ဝ၂ ခုနှစ်တွင် တချိန်က ဆယ်နှစ်ကျော်ကြာ ကြီးမားသောပုန်ကန်မှုကြောင့် သွေးထွက်သံယိုမှု ဖြစ်ခဲ့ရချိန်ဖြစ်ပါသည်။ ဟိုက်ဝေးကိုပိတ်ပင်မှုများ၊ ပြန်ပေးဆွဲမှုများနှင့်မြို့တော်တွင်ဗုံးခွဲမှုများ မှာအမြဲလိုလိုဖြစ်ပျက်နေသောအကြောင်းအရာများဖြစ်ပါသည်။ ထိုအချိန်မှာနိုင်ငံရေးအနေဖြင့် ဖက်ဖအေအာစီ ကိုနိုင်အောင်တိုက်နိုင်ပြီး မြို့တော်ကိုတရားဥပဒေနှင့်အညီ အုပ်ချုပ်နိုင်မည့်လူကို အမြဲလိုချင်နေကြပါသည်။

သမ္မတအူရီဘေးမရှိလျင် ကိုလံဘီယာသည် ဒီမိုကရေစီနိုင်ငံမဖြစ်နိုင်ဟု ပြောဆိုကြသူများရှိပါသည်။ ဗင်နီဇွဲလားကဲ့သို့ (Failed state) ဖြစ်သွားနိုင်ပါသည်။ ထို့အတူ သူပုန်များကိုတိုက်ခိုက်နေစဉ်တွင် စစ်တပ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟုပြောဆိုသူများလည်းရှိပါသည်။ ဤနည်းဖြင့် အပြစ်မဲ့ သောပြည်သူများမှာထောင်ချီ၍ သေဆုံးခဲ့ကြရပါသည်။ ယခုအခါ ရှေ့နေများနှင့် လူ့အခွင့်အရေးဆိုင်ရာပုဂ္ဂိုလ် များက သေဆုံးသူများတွင် အပြစ်မဲ့သောလယ်သမားများ ပါဝင်ကြသည်ဟုဆိုပါသည်။ စစ်သားများက ရန်သူ အလောင်းများကိုပြပြီး စစ်နိုင်သည်ဟုဆိုကြပါသည်။ အမေရိကန်တို့က ထိုသို့အပြစ်မဲ့သူများ သေဆုံးရကြောင်း ထောက်ပြကြသောအခါ သမ္မတသည်အမြဲစိတ်ဆိုးပြီး အရေးယူဆောင်ရွက်ရန်ငြင်းဆိုခဲ့ သည်ဟုဆိုပါသည်။

ယခု သမ္မတအူရီဘေးကို အရေးယူရလောက်အောင်ဖြစ်ရသည့်ကိစ္စမှာ အသေးအဖွဲပြစ်မှုကလေးသာ ဖြစ်ပြီး ကြီးမားသောလူသတ်မှုများမဟုတ်ဟုဆိုပါသည်။ ယခုအမြင့်ဆုံးတရားရုံးက နေအိမ်အကျယ်ချုပ်ချရ သည့် ပြစ်မှုမှာမွန်ဆလေ့ (Juan Monslave) ဆိုသူတစ်ယောက်ကိုစစ်တပ် (Para Military) ဖွဲ့စည်းသည့် ကိစ္စ တွင်ထွက်ဆိုထားချက်ကို ပြန်လည်ရုတ်သိမ်းခိုင်းခဲ့သည်ဟု စွပ်စွဲခံရပါသည်။ ထို့ကြောင့် အမှုမှာသာမာန်လာဘ် ထိုးမှု၊ သက်သေကို အကြပ်ကိုင်မှုဟုပြောနိုင်ပါသည်။

(၃)

နောက်တစ်ခုမှာ ကိစ္စများမှာထိုစစ်တပ်၏ သတ်ဖြတ်မှုများနှင့်ပတ်သတ်နေပါသည်။ ညီဖြစ်သူ စံတီရာဂို (Mr. Santiago) မှာဤကဲ့သိုစစ်တပ်၏လူသတ်မှုများနှင့်ပတ်သက်၍အမှုစွဲတင်ပြီးပါပြီ။ အူရီဘေးမှာယခုသမ္မတ မဟုတ်တော့သော်လည်း ဆီးနိတ်လူကြီးအဖြစ် ဆက်လက်ရာထူးရှိနေပါသေးသည်။ ကိုလံဘီယာ၏တရားစီရင် ရေးအရသူ့ကိုအမှုစစ်ဆေး စဉ်အတွင်း ဤသို့ နေရာ မှယာယီထုတ်ပယ်ထားခြင်းကို ပြုလုပ်နိုင်ပါသည်။

အပြစ်ကျူးလွန်သည်ဟု ထင်ရှားပါကထောင်ဒဏ် ၆ နှစ်မှ ၈ နှစ်အပြစ်ပေးခံရနိုင်သည်။ လက်ရှိသမ္မတ ကလည်း သမ္မတဟောင်း တစ်ယောက်ကို ဤသို ့စွဲဆိုထားခြင်းမှာ တရားဥပဒေစနစ်ကို ထိခိုက်သည်ဟု ပြောပါ သည်။ ယခုအချိန်တွင် မစ္စတာအူရီဘေးမှာမြို ့တော်အနီးမှ သူ့နေအိမ်တွင်ရှိနေပြီးကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက် ခံရသည်ဟုသူနှင့်နီးစပ်သူများကပြောပါသည်။ သူ့အခြေအနေမှာစိုးရိမ်ရသည့်အခြေအနေမဟုတ်ပါ။ သူ့နေအိမ် မှာတန်ဖိုးကြီးပစ္စည်းများနှင့် တည်ဆောက်ထားပြီး မြင်းပြိုင်ကွင်းများ၊ ရေကူးကန်များလည်းရှိသည်။ သူ့ကိုစောင့် ရန် ရဲများလည်းမထားဘဲ သူ့ကိုယ်ပိုင်ခံဝန်ဖြင့်နေရခြင်းဖြစ်သည်။

အူရီဘေးသည် ၂၀၁၀ ခုနှစ်အထိ သမ္မတဖြစ်ခဲ့ပြီး တတိယအကြိမ်အရွေးခံရန်ကိုမူ တရားရုံးကအရွေး ခံရန်ခွင့်မပြုတော့ပါ။ သို့သော်သူ၏သြဇာလွှမ်းမိုးမှုမှာသေးငယ်မသွားဘဲယခု သမ္မတ မှာလည်း သူ့သြဇာအာ ဏာနှင့် တင်ထားခဲ့ခြင်းဖြစ်သည်။ နိုင်ငံအနေဖြင့် အက်ဖအေအာစီနှင့်ငါးနှစ်ကြာစစ်ပွဲဖြစ်ခဲ့ပြီးစစ်ပြီးခါစ ငြိမ်းချမ်း ဘို့ တာစူနေချိန် ဖြစ်သည်။ သို့သော်နိုင်ငံအတွင်းအကွဲအပြဲကရှိနေသေးသည်။ တိုင်းပြည် မှာ ယခုတိုင်မစ္စတာ ဒူကေး ကတိပေးထားသော လမ်းများ၊ ကျောင်းများနှင့်လျှပ်စစ်တို့ကို စောင့်ဆိုင်းနေကြဆဲဖြစ်သည်။ သူပုန်များ အပေါ်တွင်သက်ညှာလွန်းသော မစ္စတာ အူရီဘေး ၏ပေါ်လစီများကို မနှစ်သက်ကြပါ။

ကိုသန်းလွင်

Ref: Ex-president’s arrest underscores Colombia’s deep divisions By Julie Turkewitz, New York Times 13 August 2020