မျိုးသန့်ထွန်း(စစ်ကိုင်း) - "ကိုလိုနီခေတ် ဗုဒ္ဓဘာသာ ပြည်ပသာသနာပြုအသင်း ဥပဒေ၊ မန္တလေး၊ ၁၉၁၃ စာအုပ်ငယ်လေ့လာချက်"

မျိုးသန့်ထွန်း(စစ်ကိုင်း) - "ကိုလိုနီခေတ် ဗုဒ္ဓဘာသာ ပြည်ပသာသနာပြုအသင်း ဥပဒေ၊ မန္တလေး၊ ၁၉၁၃ စာအုပ်ငယ်လေ့လာချက်"
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၀
တိုလီမိုလီလေးများကို ကျွန်တော် စုဆောင်းလေ့ရှိပါတယ်။ တိုလီမိုလီဆိုတာ စာပေ၊ သမိုင်းနဲ့ ပတ်သက်မဲ့ စာရွက်စာတမ်း၊ စာအုပ်များကို စုဆောင်းတာကိုပြောပါတယ်။ များများစားစားတော့ မဟုတ်ပါ။ တပိုင်တနိုင်တော့ စုဖြစ်ပါတယ်။ အခု စာအုပ်လေးက နှစ်ပေါင်း ၁၀၇ နှစ် ကျော်နေပြီဖြစ်တဲ့ "နိုင်ငံခြားဗုဒ္ဓဘာသာ သာသနာပြုအသင်း" အကြောင်းထုတ်ထားသော စာအုပ်ဖြစ်ပါတယ် ။
တိုလီမိုလီလေးများကို ကျွန်တော် စုဆောင်းလေ့ရှိပါတယ်။ တိုလီမိုလီဆိုတာ စာပေ၊ သမိုင်းနဲ့ ပတ်သက်မဲ့ စာရွက်စာတမ်း၊ စာအုပ်များကို စုဆောင်းတာကိုပြောပါတယ်။ များများစားစားတော့ မဟုတ်ပါ။ တပိုင်တနိုင်တော့ စုဖြစ်ပါတယ်။ အခု စာအုပ်လေးက နှစ်ပေါင်း ၁၀၇ နှစ် ကျော်နေပြီဖြစ်တဲ့ "နိုင်ငံခြားဗုဒ္ဓဘာသာ သာသနာပြုအသင်း" အကြောင်းထုတ်ထားသော စာအုပ်ဖြစ်ပါတယ် ။
ထိုစာအုပ်လေးကို စာကြည့်တိုက်ကြီးတခုကနေ မိတ္တူဆွဲ ယူလာခဲ့ပါတယ်။ ဖတ်ကြည့်ရင် ကိုလိုနီခေတ်က ဗုဒ္ဓဘာသာ ကို ပြည်ပမှာ သာသနာပြုဖို့ ဒီအသင်းကို မန္တလေးမှာ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ တည်ထောင်တဲ့ခုနှစ်က ၁၉၁၃ ပါ။ ထိုအသင်းကြီးဟာ ဗုဒ္ဓဘာသာသာသနာအတွက် ဂုဏ်ယူစရာတစ်ရပ်လို့ မြင်မိပါတယ်။
ဒီအရင်က ရန်ကုန်မှာ ဧပြီ ၁၉၀၆ မှာ ဝိုင်အမ်ဘီအေ အသင်းကို ဦးဘဘေ( ဘကြီးဘဘေ)၊ ဒေါက်တာဘရင် တို့ကစတင် ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ပါတယ်။ အင်္ဂလိပ်ကို ဆန့်ကျင်တဲ့ စနစ်အထဲက ဘာသာရေး အသင်းဖွဲ့ ၍ တိုက်ရင် မြန်မြန်ခရီးရောက်ပါတယ်။ အဲဒီအယူဆဟာ မြန်မာပြည်ကို အင်္ဂလိပ်အင်ပါယာအဖြစ် ကြေညာပြီးတဲ့နောက်မှာ လက်နက်ကိုင်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်းမှာဖြစ်လာတာပါ။ ။ ဒီနောက်မှာ မြန်မာခေါင်းဆောင်းတွေဟာ အသင်းအဖွဲနဲ့ (နှလုံးရည်) တိုက်ခိုက်ကြဖို့ အတွေးအခေါ်ရလာခဲ့ပါတယ်။
အခုဟာက မန္တလေးမှာ ၁၉၁၃ ခုနှစ်က ဖွဲ့စည်းတဲ့ ဗုဒ္ဓဘာသာကို နိုင်ငံခြားမှာပျံနှံ့ဖို့၊ သာသနာပြုဖို့ရာအတွက် ဤ အသင်းကြီးကို ဖွဲ့စည်း တည်ထောင်တာဖြစ်ပါတယ်။ ဒီလိုဆိုတော့ အသင်း၏ရည်ရွယ်ချက် ကောင်းတယ်လို့ ဆိုရပါ့မယ်။ ဆိုလိုတာက အင်္ဂလိပ်ကို ဆန့်ကျင်အရေး ရည်ရွယ်ချက်မပါလို့ ဘဲ ဖြစ်ပါတယ်။ အခုပြောမှာက အသင်းကြီးအကြောင်းပါ။
ဒီအသင်းကြီးရဲ့ ဥပဒေစတဲ့ အကြောင်းအရာများ အသေးစိတ် ဖော်ပြခွင့်ပြုပါ။ အချို့နေရာများက မှုရင်းသတ်ပုံအတိုင်းပြုထားပါတယ်။
ဒီအသင်းကို စာအုပ်မျက်နှာဖုံးခေါင်းစီးက ..ဗုဒ္ဓသာသနာနှစ်-၂၄၅၇။ ဂေါဇာသက္ကရာဇ် ၁၂၇၅ ခု။ နယုန်လ္ဆန်း-၁၅ရက် ၊အဂ်လိပ်နှစ် - ၁၉၁၃-ခု၊ ဇွန်လ ၁၈ရက်နေ့တွင် မန္တလေးမြို့၌ ဖွဲ့စည်းတည်ထောင်သော "နိုင်ငံခြား ဗုဒ္ဓဘာသာ သာသနာပြု အသင်းဥပဒေ ဆိုတဲ့ လက်စွဲစာအုပ်လေးပါပဲ။ စာမျက်နှာအားဖြင့် ၁၂ မျက်နှာလောက်ရှိ ပါတယ်။ သက်တမ်းက ၁၀၇ နှစ် ပြည့်ခဲ့ပါတယ်။ ဒီအသင်းဟာ ဗုဒ္ဓဘာသာ ကမ္ဘာသို့ သာသနာပြုဖို့ရာမှာ အင်မတန်အထောက်အကူ ပြုတဲ့ အသင်းလို့ ပြောလို့ရပါတယ်။ ဒီအသင်းကို မန္တလေးမှာ တည်ထောင်ထားပါတယ်။ အဂ်လိပ်က အထက်ဗမာပြည်သိမ်းပြီး ၂၇-၂၈ နှစ်ကြာမှာဖွဲ့စည်းခဲ့ပါတယ်။အသင်းကို ဘယ်သူဘယ်ဝါတွေခေါင်းဆောင်မှုဖြင့်ဖွဲ့စည်းဆိုတာ မပါဝင်ပါဘူး။ အသင်းရဲ့အဂ်လိပ်လိုက.. RULES OF THE Society for Propagating Buddhism in Foreign Counties. S.P.B Press Mandalay,1913. လို့ ဖော်ထားပါတယ်။
ဖတ်ကြည့်လိုက်တော့ အသင်းကို စနစ်တကျ ဖွဲ့စည်းထားကြောင်းသိရပါတယ်။ ဒုတိယ စာမျက်နှာမှာ "မာတိကာစဥ်" ပုဒ်မအစဥ် နံပါတ်အစဥ်တိုင်း (၁)ကနေ(၂၀) အထိ အသင်းရဲ့ရည်ရွယ်ချက်ကအစ အသင်းငွေကို အသုံးပြုပုံ စာရင်းအင်းများကို ကြည့်ရူခွင့်ပြုယူရန်အဆုံး ဖော်ပြထားပါတယ်။ နံပါတ်စဥ်(၁)က အသင်းရဲ့ ရည်ရွယ်ချက်များအကြောင်းပါ..မှုရင်းစာအရ... "ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မှုသော ပရိယတ္တိသာသနာတော်မြတ်သည် အတိုင်းတိုင်းအပြည်ပြည်၊ အမြို့မြို့အရပ်ရပ်တို့ကို နှံ့ပြား ပြန်ပွား၍ နိုင်ငံခြားရှိ လူအမျိုးမျိုးတို့လိုက်နာယုံကြည်၊ ဗုဒ္ဓဘာသာအဖြစ်၌ တည်အောင် ရည်ဆောင်ပြီးလျှင် ဤအသင်းကို ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်ဟု ဆိုထားပါတယ်။ ဒါဟာ အသင်းရဲ့ရည်ရွယ်ချက်များအထဲက တချက် ဖြစ်ပါတယ်။
နောက်တစ်ချက်ကို မှုရင်းအတိုင်း ထပ်ဖော်ပြရရင်း "အင်္ဂလန်ပြည် မန်ချက်စတာမြို့ရှိ (ပါဠိတတ်စ် ဆိုဆိုက်တီး) အသင်းက အင်္ဂလိပ်အက္ခရာဖြင့်ရေးသားပြီးသော် သဂ်ါယသနာတင် ပိဋကတ်ကျမ်းစာများကို အဂ်လိပ်ဘာသာဖြင့်ပြန်ဆိုရေးသါးရာ၌ စရိတ်ငွေတတ်နိုင်သမျှ ထောက်ပံ့ကူညီခြင်း" လို့ ဆိုပါတယ်။ ဒါကိုကြည့်ရင်း ဒီအသင်းနဲ့ ၁၈၈၁ ခုမှာတည်ထောင်တဲ့ ပါဠိတတ်စ်ဆိုဆိုက်တီးအသင်းနှင့် အဓိက ဆက်စပ်မှုတစ်ခုဖြစ်ပါတယ်။ ပါဠိတတ်စ်က ဗုဒ္ဓ - အင်္ဂလိပ်ဘာသာပြန် စာအုပ်များရဲ့ စရိတ်ခံ ကူညီရမယ်လို့ ဆိုပါတယ်။ နောက်တစ်ခါ လန်ဒန်မြို့ကြီးမှာတည်ထောင်ထားတယ်တဲ့ ဂရိတ် - ဘရိတန် - အိုင်ရလန် - ဗုဒ္ဓဘာသာသာသနာပြုအသင်းကြီးနဲ့ တခြားနိုင်ငံခြား ဗုဒ္ဓသာသနာပြုအသင်းများအတွက် တိုးတတ်စေရန် တတ်နိုင်သမျှ ထောက်ပံ့ရမယ်၊ ဒီပြင် လယ်တီဆရာတော်ဘုရာကြီးကိုယ်တိုင် ရေးသားထားတဲ့ ကျမ်းများစွာကို အင်္ဂလိပ်လို ပြန်ဆိုဖို့ ဒီအသင်းကပဲ ကုန်ကျစရိတ် ပေးရမယ်၊ ဒါပြင် နိုင်ငံခြား ပညာရှိ(ရှင်) များက ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ဆရာတော်ကြီးများအား လျှောက်ထားမေးမြန်း ဖြေဆိုထားတဲ့ အဖြေဝိသဇ္ဇနာ စာများကို အဂ်လိပ်လို ပြန်ဆို စာအုပ်ထုတ်ရာမှာလည်း ကူညီမှုရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေ ပါဝင်တာကိုတွေ့ရပါတယ်။
နောက်တခါ ၃လ တစ်ခါ ဒီအသင်းကပဲ ပုံနှိပ်ကာ ဗုဒ္ဓစ်ရီဗျူးလည်း စာအုပ်ဖြစ်စေ သတင်းစာအုပ်များဖြစ်စေ ထုတ်ဝေဖို့ ကုန်ကျစရိတ်ကို ထောက်ပံ့ရမယ်ကြောင်း၊ နိုင်ငံခြား မှာ ဗုဒ္ဓဘာသာ-သာသနာ တိုးတတ်ပြန့်ပွားရာအဓိက အကြောင်းများဖြစ်ပါတယ်။
ထိုအသင်းကြီးကို အသင်း၀င်သူများဟာ မည့်သည်အမျိုးအနွယ် ယောကျ်ားမိန်းမမဆို (သို့မဟုတ်) မည်သည့်အစုအသင်း အမည်နှင့်မဆို ပါဝင်ခွင့်ရှိရမယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လွတ်လပ်စွာ အသင်းသားဖြစ်ပိုင်ခွင့် ရှိနိုင်ပါတယ်။
ဒီအပြင် အသင်းကြီးမှာ အကြီးအချုပ်ဆရာတော်နှင့် နာယကဆရာတော်များ ခန့်ထားတင်မြှောက်အရေးပါ ။အသင်းမှာ ဥပါသကာ အမှုဆောင်လူကြီး (၂၇) ဦး ထားရှိရပါမယ် ။ ထိုအမှုဆောင်လူကြီးများကို နှစ်စဥ်အစည်းအဝေးလုပ်ကာ ရွေးချယ်တင်မြှောက်ရန်၊ ဒီနောက် အဆိုပါ အမှုဆောင်လူကြီး လစ်လပ်တဲ့အခါ၊ လက်ရှိအမှုဆောင်လူကြီးတို့က ရှေ့လာမယ့်အစည်းအဝေးမတိုင်မီက ရွေးကောက်ဖို့ ဆောင်ရွက်ရမယ်၊ နောက်ထပ် ဥပါသကာတို့အထဲက အမှုဆောင်လူကြီးအဖြစ် ရွေးကောက်တင်မြှောက်ခွင့်ကို နည်းလမ်းတကျစီစဥ်ထာပါတယ်။
နောက်ထပ် အသင်းကြီးရဲ့ လူပုဂ္ဂိုလ်များ အုပ်ချုပ်ရေးဖွဲ့စည်းပုံကို ပြောရမယ်ဆိုရင် - အသင်းအုပ်ချုပ်ဖို့ရာ အမှုဆောင်လူကြီးအထဲကပဲ ဥက္ကဋ္ဌ-၁၊ ဒုဥက္ကဌ-၊ စက္ကရီတေရီ - ၁၊ ဒုတိယစက္ကရီတေရီ - ၁၊ ငွေထိန်း၊လူကြီးများ စတဲ့ပုဂ္ဂိုလ်များကို နှစ်စဥ်အစည်းအဝေးက ရွေးချယ်ပေးရမယ်လို့ အသေးစိတ်ပါရှိပါတယ်။
တကယ်လို့များ အမှုဆောင်လူကြီးတို့မှာ ၆-ကြိမ်တိုင်တိုင် အစည်းအဝေးမတက်ပျက်ကွက်ခဲ့ရင် အမှုဆောင်လူကြီးအဖြစ်ကနေ အလိုလို နှုတ်ထွက်ပြီးလို့ မှတ်ယူရမယ်တဲ့။ သဘောက အမှုဆောင်လူကြီးတစ်ဦးဦးက ၆ကြိမ်တိုင် အစည်းအဝေးမတတ်ခဲ့ရင် နှုတ်ထွက်တယ်လို့ ယူဆအပြီးဖြစ်ပါတယ်။
နောက်တစ်ချက် အသင်းဝင်များအကြောင်းဖြစ်ပါတယ်။ အမှုဆောင်လူကြီးတဦး၏အောက်မှာ မြန်မာနိုင်ငံအတွင်း အဝေးမြို့ တမြို့တမြို့ထဲမှာဖြစ်စေ၊ တရွာထဲမှာဖြစ်စေ အသင်းဝင်ဦးရေ ၃၀ ထက်။ ပိုနေ ယင် တွဲဘက်အသင်းတစ်ခုပြုလုပ်ရမယ်။ ဒါကို မှုလအသင်းကြီးရဲ့အခွင့်အမိန့်ကိုတောင်းခံနိုင်တယ်။ ဒီအပြင် တွဲဘက်အသင်းရဲ့ဆန္ဒဟာ အမှုဆောင်လူကြီးတစ်ဦး ဆန္ဒနှင့်ညီစေရမယ်တဲ့။ နောက်တခါ တရားဟောဆရာခန့်ထားရေး၊ စာရေးစာချီ များခန့်ထားရေးတို့ကို အသင်းက စနစ်တကျလုပ်ပါတယ်။ အဲဒီအပိုင်းကို သေသေချာ ချာဖော်ပြထားပါတယ်။
နောက်ဆုံးအချက်များက အသင်းရံပုံငွေ စီမံခန့်ခွဲအရေးနဲ့ တိုးပွားရေးဖြစ်တယ်။
အသင်းကြီးရဲ့ငွေသုံးစွဲရေးကို စနစ်တကျဆောင်ရွက်ပါတယ်။ ဥပမာ - ငွေထိန်းလက်မှာ ငွေ ၅၀ ကျပ် အထိ သိမ်းထားခွင့်ရှိတယ်။ ငွေ ၅၀ ကျပ်ထက် ပိုပါက စက္ကရီတေရီထံပေး၍ အသင်းအမည်နဲ့ ဘဏ်မှာ အပ်နှံထားရမယ်။ တကယ်လို့သာ နိုင်ငံခြားသာသနာပြု နှင့် ပတ်သက်ပြီး ငွေ ၅၀၀ ကျပ် အထိ အသင်းက ထုတ်ပေးခွင့်ရှိပါတယ်။ ဒီ ငွေ ၅၀၀ ကျပ် ထုတ်ပေးခွင့်ကို အမှုဆောင်လူကြီးရဲ့ဆန္ဒ၊ တွဲဘက်အသင်းတသင်းစီရဲ့ ဆန္ဒများကိုပေါင်းစပ်ကာ တဝက်ထက်ပို၍ ဆန္ဒသဘောတူပါက ငွေထုတ်ပေးလို့ရပါတယ်။ ဒါဟာ အသင်းကြီးရဲ့ စနစ်တကျ စီမံတဲ့အပိုင်းကို အခုခေတ် အဖွဲ့အစည်းတွေ နမှုနာယူသင့်ပါတယ်။ နောက်ဆုံးမှာ အသင်းကြီး၏ စာရင်းအင်းရှင်းတမ်း များကို ကြည့်ရှုခွင့်ပြုအကြောင်းနဲ့ ပတ်သက်ပါ့တယ်။
ဥပမာ--အလှူငွေ အရစာရင်း၊ အသုံးစာရင်း၊ လက်ကျန်စာရင်းနှင့် ဘဏ်စာရင်းများကို အသင်းတိုက်မှာ အချိန်မရွေး ထုတ်ပြပေးရပါမယ်။ တကယ်တော့ ဤအသင်းကြီးဟာ ကိုလိုနီခေတ်က နယ်ချဲ့ရဲ့ဓါးမိုးထားတဲ့ အောက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ အသင်းကြီးကို ဘယ်သူဘယ်ဝါတွေနဲ့ ဖွဲ့အစည်းတည်ထောင်တယ် ဆိုတာကတော့ ဤစာအုပ်မှာ မတွေ့ရပါဘူး။ စာမျက်နှာ - ၁၂ မျက်နှာလောက်ရှိတဲ့ "နိုင်ငံခြား ဗုဒ္ဓဘာသာ သာသနာပြု အသင်း ဥပဒေ၊ ၁၉၁၃၊ စာအုပ်ဟာ မြန်မာသမိုင်းအတွက် မှတ်တမ်းတင်စရာတစ်ခုအနေနဲ့ ရှိနေစချင်ပါတယ်။ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းရဲ့ စာတမ်း "အမှိုက်ထဲကသမိုင်း" (၁၂-၁၁-၆၉)၊ စာပေအင်အား၊ အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ၁၉၇၀၊ အထဲမှာ ဒီအသင်းစာအုပ်ငယ်ကို ရေးသားထားတာ မတွေ့ရပါဘူး။
ဒီဆောင်ပါးကို ဆရာကြီးဒေါက်တာသန်းထွန်း(၁၉၂၃-၂၀၀၅) ကွယ်လွန်ခြင်း ၁၅-နှစ်အတွင် ဂုဏ်ပြူရေးသားလိုက်ရပါတယ်။
မျိုးသန့်ထွန်း(စစ်ကိုင်း)
မျိုးသန့်ထွန်း(စစ်ကိုင်း)