မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆ လ ၃၀ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆ လ ၃၀ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၁
ကိုဗစ်ကာကွယ်ဆေး၊ နိုင်ငံရေးနဲ့ စီးပွားရေးစျေးကွက်
ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးနိုင်ရေး အတွက် အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက အိန္ဒိယ၊ တရုတ်နိုင်ငံနဲ့ အပြင် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုဗက်စ် အစီအစဥ်စတာတွေကိုပါ ချိတ်ဆက်ကြိုးစားခဲ့ပြီး စစ်အာဏာသိမ်းတာမတိုင်ခင် ၃ သန်း ရောက်ရှိထားပါတယ်။ ဦးစားပေးအုပ်စုတွေ၊ ဦးစားပေး အသက်မွေးဝမ်းကျောင်း အုပ်စုတွေခွဲခြားပြီး ထိုးနေတုန်းတဝက်တပျက်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ရာက ကျန်းမာရေး ဝန်ကြီးဌာနက အရာရှိအချို့အပါအဝင် စီဒီအမ်လုပ်ကြတဲ့ အချိန် လအနည်းငယ်ကြာ ကာကွယ်ဆေး ထိုးမယ့်ကိစ္စက အများရဲ့ အာရုံစိုက်မှုမခံရတော့ပါ။ အဲဒီကာလတွေမှာ ယခင်ရရှိထားတဲ့ ကာကွယ်ဆေးတွေကို တချို့သောဆေးရုံတွေနဲ့ ကိုဗစ်ကုသရေး ကွာရင်တိုင်းစင်တာတွေမှာ ထိုးပေးနေပေမယ့်လည်း ကိုဗစ်ကူးစက်မှုကလည်း ဒီလောက်ပြင်းထန်မှုမရှိတာတကြောင်း လူစိတ်ဝင်စားမှု မရှိခဲ့ကြပါဘူး။
ဒါပေမယ့် နိုင်ငံရဲ့ မြို့ကြီးတွေ အတော်များများမှာ ဇွန်လကုန်လောက်က စတင်ပြီး ရုတ်တရက် ကူးစက်မှု မြန်ဆန်စွာမြင့်တက်ခဲ့သလို သေဆုံးနှုန်းကလည်း မျှော်လင့်မထားလောက်တဲ့ ကိန်းဂဏန်းနဲ့ ဖြစ်ပွားလာရာက ကာကွယ်ဆေးအပေါ် စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာတာဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီးနိင်ငံတွေမှာတော့ ကာကွယ်ဆေးရဖို့ရာ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေအနေနဲ့ ငွေကြေးနဲ့ နိုင်ငံရဲ့ သြဇာကိုသုံးပြီး ကြိုးစားကြ၊ ကာကွယ်ဆေး အမျိုးမျိုးရှိတဲ့အထဲ စိတ်ကြိုက်ရွေးချယ်ဝယ်ယူကြ ထိုးမယ့် နုိင်ငံသားတွေတောင်မှ ဟိုဆေးထိုးမထိုးချင်ဘူး ဒီဆေးမှ ထိုးချင်တယ်ဆိုတာမျိုး ရွေးချယ်ကြတာမျိုး ရှိသလို၊ အစိုးရက ကိုယ့်နိုင်ငံသားတွေ ဆေးထိုးဖို့ အတွက် ဆွဲဆောင်ရာမှာ ဆေးထိုးတဲ့သူကို ယူရို ၈၀၊ ၁၀၀ ဆုကြေးအဖြစ် ပေးတာမျိုးတွေတောင် ဥရောပ နိုင်ငံတချို့မှာ ရှိတယ်လို့ ကြားသိရပါတယ်။ ကာကွယ်ဆေးထိုးခြင်းဟာ စီးပွားရေးကို ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ အတွက် အရေးကြီးတဲ့ အချက်တချက်ဖြစ်တယ်ဆိုတာ သက်ဆိုင်ရာနိုင်ငံတွေက အစိုးရတွေ အနေနဲ့ သဘောပေါက် နားလည်ထားကြလို့ ကာကွယ်ဆေး ထိုးနိုင်ဖို့ တွန်းတွန်းထိုးထိုး လုပ်ဆောင်နေကြတာပါ။
သို့ပေမယ့် ကမ္ဘ့ာရဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ အနေနဲ့တော့ ချမ်းသာပြီးနိုင်ငံတွေလို ကာကွယ်ဆေး ၂ လုံးအပြင် အရံ တမျိုးပါထိုးဖို့ နေနေသာသာ တကြိမ်ထိုးဖို့အတွက် ဆေးရရှိဖို့အတွက်၊ ဝယ်ခွင့်ရဖို့တွက် လုံးပန်းနေရသလို မြန်မာနိုင်ငံလို နိုင်ငံရေးပြဿနာပါ တပူပေါ် နှစ်ပူဆင့်နေတဲ့ နိုင်ငံတွေအဖို့ ကာကွယ်ဆေးကို ၁၀၀ ရာနှုန်းလွှမ်းခြုံဖို့ထက် အရေးကြီးဆုံးဆိုသူတွေ VIP ဆိုတဲ့ အုပ်စုတွေ၊ ကာကွယ်ဆေး ထိုးတဲ့ ကိစ္စမှာ မသမာမှုတွေ၊ ခြစားမှုတွေ၊ စီးပွားရေး စျေးကွက်သဖွယ် ပေါ်ပေါက်လာတာတွေ တွေ့ကြုံနေကြရပါတယ်။
ပြီးခဲ့တဲ့ တလကျော် အတွင်း ကိုဗစ်ကာကွယ်ဆေး စျေးကွက်က ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာပေါ်ထွက် နေပြီလို့ဆိုရမှာပါ။ ဖိုက်ဇာ လို့ခေါ်တဲ့ ဂျာမဏီနိုင်ငံထုတ် ကာကွယ်ဆေးကို ရန်ကုန်မြို့က ပုဂ္ဂလိက ဆေးရုံအချို့မှာ ကျပ် ၁၀ သိန်းနဲ့ ထိုးနိုင်တယ်ဆိုတဲ့ သတင်းတွေ၊ ကိုဗစ်ရှီးလ် ကာကွယ်ဆေးဆို ကျပ် ၅သိန်း၊ ခုတလောမှာ ၃သိန်းခွဲလို့ စျေးအနည်းငယ်လျော့သွားတာတွေ ကြားသိနေရပါတယ်။ ဒီစျေးနှုန်းတွေက ပေါ်ပေါ်ထင်ထင် ကြေညာတဲ့ စျေးနှုန်းတွေမဟုတ်ပါဘူး။ အဖွဲ့အစည်းတချို့က တရားဝင်တင်သွင်းလာပြီး ထိုးပေးတဲ့ အစီအစဥ်မျိုးလည်းရှိပါတယ်။ ဥပမာ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း လိုမျိုးက တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို တရားဝင်တင်သွင်းလာပြီး ကျပ် သောင်းဂဏန်းနဲ့ ထိုးပေးမယ်ဆိုတာမျိုးလည်း ရှိသလို အထက်က ပြောသလို ဆေးရုံတချို့ ဓါတ်ခွဲခန်းတချို့နဲ့ ခုမှ ရာသီပေါ် စီးပွားရေးလုပ်ငန်းအနေနဲ့ ဆေးတင်သွင်းလာပြီး ထိုးပေးတာ ၊ ဆေးပဲ ရောင်းချတာမျိုးတွေလည်း အများအပြား ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
တချို့လည်း အွန်လိုင်းမှာ အမည်အမျိုးမျိုး နဲ့ ကြော်ငြာပြီး ဝယ်ယူမယ့်သူ ထိုးမယ့်သူတွေရှာကြတာမျိုး သတိပြုမိပါတယ်။
ဇူလိုင်လနဲ့ သြဂုတ်လတွေထဲကိုဗစ်ဒယ်လ်တာမျိုးကွဲက မြို့ကြီးအတော်များများမှာ ရိုက်ခတ်ခဲ့မှုကြောင့် လူသောင်းနဲ့ချီ သေဆုံးခဲ့ရာမှာ ကိုဗစ်ကူးစက်မှုကို နိုင်ငံရေးပြဿနာနဲ့ ရောနှော စဥ်းစားခဲ့သူအချို့ နိုင်ငံရေးကိစ္စ အဖြစ်ထက် ကျန်းမာရေး ကူးစက်မှုကပ်၊ ကာကွယ်ဆေးထိုးရေး အတွက် သက်သက်သာ မြင်လာကြပြီး ရှိတဲ့ ငွေကြေးနဲ့ ထိုးနိုင်ဖို့ အဆက်အသွယ်တွေ ရှာဖွေစုံစမ်းလာကြတာလည်း တွေ့ရပါတယ်။
ဘယ်ကိစ္စမဆို နိုင်ငံရေးစီမံခန့်ခွဲမှုနဲ့ ဆက်နွယ်နေကြတာ သဘာဝပဲ ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာ အရှိန်မြင့်တက်နေချိန် ကိုဗစ်ကူးစက်မှု အန္တရာယ်ကို ဘယ်သူမှ အလေးမထားခဲ့ကြ၊ အလေးမထားနိုင်ကြတာလည်း ဖြစ်ခဲ့တာပါ။ အခုတော့ ကိုဗစ်ကူးစက်မှုက ကိုယ့်မိသားစုထဲက ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကိုတောင် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်တယ်ဆိုတဲ့ အနေအထားရောက်လာတဲ့အခါ နီးရာဓါး ကြောက်ကြရတာမျိုး ဖြစ်လာပါတယ်။
ခုလက်ရှိ ကိုဗစ်ကာကွယ်ဆေး စျေးကွက်မှာ ဝန်ကြီးဌာနလိုမျိုး၊ စစ်တပ်လိုမျိုးက ထွက်ရှိလာတဲ့ ဆေးတွေလည်း ရှိနေတယ်လို့ အချို့က ဆိုကြပါတယ်။ အများနဲ့ ဆိုင်တဲ့ ခွဲတမ်းတွေထဲက သက်တမ်းကုန်ရက် နီးကပ်လာလို့ဖြစ်ေစ၊ အခြားအကြောင်းကြောင့် ဖြစ်စေ ပြင်ပကို ထွက်ရှိလာပြီး ၂ ကြိမ်ထိုးဖို့ကို ကျပ်သိန်းဂဏန်းနဲ့ ရောင်းချနေတာမျိုးဖြစ်ပါတယ်။
ဒီလို ကာကွယ်ဆေးစျေးကွက်မှာ အမျိုးမျိုး အဖုံဖုံ ဖြစ်ပျက်နေတာတွေ နဲ့ပတ်သက်လို့ သတင်းမီဒီယာတွေလည်း ယခင် တုန်းကလို စုံစမ်းဖော်ထုတ်ရေးကြတာ၊ တာဝန်ခံမှုရှိလာဖို့ မီးမောင်းထိုး ရေးကြတာ နည်းပါးနေတာလည်း သတိပြုမိပါတယ်။ သတင်းမီဒီယာ အများစုက နေ့စဥ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ဖြစ်တဲ့ ဆန္ဒပြမှု၊ ဗုံးကွဲမှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ တိုက်ပွဲ စတဲ့ သတင်းတွေကို အာရုံစိုက် ေဖါ်ပြနေကြတာကြောင့်လည်း အခုလို ကိစ္စမျိုးတွေ ဦးစားပေးမဖေါ်ပြနိုင်ကြတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ကာကွယ်ဆေးက နိုင်ငံရေးနဲ့ ဆက်နွယ်နေတာ ဖြစ်သလို နိုင်ငံရေးစိတ်ဝမ်းကွဲမှု၊ မြန်မာနိုင်ငံရဲ့ ခြစားမှု၊ ပွင့်လင်းမှုမရှိတဲ့ စျေးကွက်၊ မှောင်ခိုစျေးကွက်တခုကိုလည်း ဖေါ်ပြနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဘေးဟာ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေ မဆိုထားနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ မိသားစုတွေ ပတ်ဝန်းကျင်တွေကို နိုင်ငံရေး စီးပွားရေး လူမှုရေး ကျန်းမာရေး နယ်ပယ်ပေါင်းစုံကနေ ထိုးနှက် ထိခိုက်စေပါတယ်။ စိတ်ဝမ်းကွဲမှုတွေ အငြင်းအခုံတွေ ပဋိပက္ခတွေကို ဖျားနာ သေဆုံးမှုတွေ ကနေ ဖန်တီးပါတယ်။ နိုင်ငံရေး စစ်ရေးခေါင်းဆောင်တွေ ဘာသာရေး လူမှုရေးခေါင်းဆောင်တွေ နယ်ပယ်စုံက ခေါင်းဆောင်တွေ အစုအဖွဲ့တွေ အားလုံးရဲ့ အပေါင်းလက္ခဏာကို ဦးတည်တဲ့ ခေါင်းဆောင်မှု၊ ကွန်မြူနီတီ၏ ကိုယ်ချင်းစာထား စာနာပူးပေါင်းကူညီဆောင်ရွယ်မှု၊ စည်းလုံးညီညွတ်မှုတွေကနေ ကပ်ဘေးတွေကနေ ရုန်းထွက်နိုင်ကြတာ ဖြစ်ပါတယ်။ ယခုအချိန် စစ်အာဏာသိမ်းပြီး လူသတ် အကြမ်းဖက်စစ်ကောင်စီလက်အောက်က မြန်မာပြည်သူတွေအတွက်တော့ ကိုဗစ်ကပ်ဘေး ထပ်ဆင့်ဖိဆီးမှုတွေကြောင့် ပြည်သူတွေဟာ စစ်ကောင်စီအပြင် တကိုယ်ကောင်းဆန် အမြတ်ထုတ် ကိုယ်ကျိုးရှာတဲ့ ခြစားမှုတွေ မှောင်ခိုတွေ ခေတ်ပျက်ချိန် အခွင့်ရေးသမားတွေ အစုအဖွဲ့တွေ၏ နင်းခြေမှုကိုပါ ခံစားနေရပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar