မိုးမခ အင်တာနက်လွှင့်တင်ရင်း မောင်ရစ် ရူးသွားခြင်း

မောင်ရစ် (မိုးမခ) ဖေဖော်ဝါရီ ၂၉၊ ၂၀ဝ၈(အမှာစာ - လွန်ခဲ့တဲ့ ၂၀၀၈ တုန်းက၊ လွန်ခဲ့တဲ့ ၁၆ နှစ်။ ရွှေဝါရောင်တော်လှန်ရေးလွန်၊ မြန်မာစစ်တပ်က သံဃာ့သွေးနဲ့ ခြေဆေးထားချိန်၊ မြန်မာပြည်၏ အမှောင်ကာလကြီးတခုတုန်းက ရေးခဲ့မိတဲ့ အက်ဆေးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအစဦးပိုင်းများကာလကိုများ ကြိုတင် မြင်ယောင် အိပ်မက်မက်နေမိသလားလို့ တွေးမိတာကြောင့် ပြန်လည်ဆန်းသစ် ဖော်ပြလိုက်ပါတယ်။)
ရန်ကုန်မြို့ကြီး တခုလုံး မီးခိုးတွေ အူနေချိန်မှာ သတိပြန်ဝင်လာခြင်းဖြစ်သည်။ လက်ထဲမှာ မြဲမြဲဆုပ်ကိုင်ထားသည့် ကလောင်၊ ကင်မရာနှင့် အသံဖမ်းစက်တို့က တစစီ လွင့်စင်သွားခြင်း မရှိသေးပေ။ ဘေးမှာက ကိုယ့်ဝိုင်းတော်သားတွေ ကျန်နေသေးသည်။ သေနတ်သံများ၊ ဗုံးသံများက အဝေးတနေရာဆီမှ ကြိုးကြား ကြိုးကြား ကြားနေရသည်။ လူထုကြီးက မောင်ရစ်တို့ ဝပ်နေသော လမ်းဘေးကနေ ကြွေးကြော်သံများနှင့် ချီတက်သွားကြသည်။ သူတို့လက်ထဲမှာက ဒေါင်းအလံတွေ၊ မီးတုတ်တွေ၊ လက်လုပ် ဒုတ်တွေ၊ ဓါးတွေနှင့်ဖြစ်သည်။
"ကျနော်တို့ သူတို့နဲ့ပဲ လိုက်ပြီး သတင်းယူရမှလား …"
အဝေးကြည့်မှန်ပြောင်းက မေးသည်။မောင်ရစ်က ကယောင်ကတန်းနှင့် ခေါင်းငြိမ့်ပြသည်။ စကားဆုံးသည်နှင့် သူတို့ လူအုပ်နောက်သို့ ပြေးလိုက်ရတော့သည်။ ပြည်ပက သယ်ယူလာသည့် ဖုန်းတွေက အလုပ်လုပ်နေသဖြင့် အဖွဲ့တွေက တယောက်နဲ့တယောက် သတင်းလှမ်းပေး၊ လှမ်းပို့နိုင်ခြင်း ဖြစ်သည်။ ချီတက်နေသည့် လူထုကြီးကလည်း သူတို့တွေ လိုက်လာတာကို သဘောကျသည်။ သူတို့ကလည်း သတင်းမေးလို့ရတာကိုး။
"ရွှေဂုံတိုင်မှာ ဘယ်လိုတဲ့လဲ။ "
လူငယ်တယောက်က မေးသည်။ လက်ထဲမှာက စစ်တပ်လား လုံထိမ်းဆီကလားမသိ၊ လုလာပုံရသော ဒိုင်းကာတခုကို ကိုင်ထားသည်။ ဒိုင်းကာထိပ်မှာက စက်သေနတ်ကျည်ဆံဖောက်ရာများကို တွေ့ရသည်။
"ဘုန်းကြီးတွေအများကြီးက အဖွဲ့ချုပ်ရုံးကို ဝိုင်းပြီး ကာကွယ်ထားတယ်။ လူတွေကော လူငယ်တွေကောက ရွှေတိဂုံဘုရားကို တက်သိမ်းထားပြီးပြီ။ အဲဒီမှာ သပိတ်မှောက်တဲ့ လူတွေ စုထားကြလိမ့်မယ်။ စစ်တပ်က ကန်တော်ကြီးဖက်ကနေ ဝင်စီးဖို့လုပ်လို့ အဲဒီက အိမ်တွေကော၊ ဆိုင်တွေကောကို တပ်ဦးတခုက မီးတင်ရှို့ပစ်လိုက်တယ်။ အခု စစ်တပ်က မီးလောင်ပြင်နောက်မှာ ရောက်နေတယ် …"
မိုးမခ(ရန်ကုန်)အဖွဲ့ထဲက မောင်ရစ်နဲ့ခုမှ မြင်ဖူးသည့် အထောက်တော်တယောက်က ရှင်းပြနေသည်။ လှမ်းမေးလိုက်မိသည်။

"အဲဒီမှာ ဘယ်အဖွဲ့က သတင်းလိုက်ယူနေသလဲ …"
"ဘန်ကောက် ဒီဗီဘီက တအုပ်စု အဲဒီမှာ လိုက်ပါနေတယ်…"
သူက မောင်ရစ်ကို လှမ်းဖြေလိုက်သည်။
"ကျနော်နဲ့ ဖုန်းချင်းလည်း ချိတ်ထားပြီးသား။ ထူးရင် ပြောမှာပါ။"
လူအုပ်ကြီးက ရန်ကုန် ဆေးရုံကြီးကို ချီတက်နေခြင်းဖြစ်သည်။
မြန်မာ့အသံကိုတော့ သပိတ်မှောက်တပ်ဦးတခုက ပိတ်ဆို့ထားသည်။ စစ်တပ်က တက္ကသိုလ်များအားလုံးကို ဗုံးများ၊ စိန်ပြောင်းများနှင့်ပစ်ပြီး ဖြိုခွဲထားသဖြင့် ကမာရွတ်မြို့နယ်၏ ရင်ဘတ်ကြီးတခုလုံး ပွင့်ပြီး ပေါက်ကျနေသလို ဖြစ်နေသည်။လူတွေကတော့ လမ်းတွေအားလုံးကို သစ်ပင်တွေ၊ ကားတွေနဲ့ ပိ်တ်ပြီး မီးတင်ရှို့ထားသည်။ ရပ်ကွက်တွေထဲကို စစ်သားတွေက တင့်ကားတွေနှင့် ကြိတ်ဖြတ်ပြီး ထိုးဖောက် မောင်းနှင်ကြသော်လည်း လူတွေက ပိတ်ဆို့ပြီး အနီးကပ် မီးရှို့ဖျက်ဆီးနေကြသဖြင့် ရှုပ်ထွေးမှုက ကြောက်စရာကောင်းသည်။ အဲဒီဖက်ကိုတော့ ထိုင်းနယ်စပ်က သတင်းအဖွဲ့တွေက လိုက်နေသည်။ ဧရာဝတီအဖွဲ့က အဲဒီမှာ ရှိနေသည်ဟု ကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အထိကို လူထုက ဘုန်းကြီးတွေနှင့် ချီတက်ခြင်းဖြစ်သည်။ သံတမန်အိမ်ရာရပ်ကွက်တွေမှာ စစ်တပ်က ပိတ်ဆို့ထားသဖြင့် သံရုံးများက ကားများကို အကာအကွယ်ယူပြီး တပ်ဦးတခုက ဒေါ်စုခြံထဲကို အရောက် သွားနိုင်သည်။ အဲဒီမှာ မဇ္ဈိမနဲ့ ဟစ်တိုင်အဖွဲ့က လိုက်ပါသွားသဖြင့် ဒေါ်စု၏ အရေးပေါ်မိန့်ခွန်းကို သူတို့ အင်တာနက်ပေါ် အမြန်တင်လွှတ်လိ်ုက်နိုင်သည်။
နိုင်ငံတကာသတင်းဌာနတွေက သူတို့ ချယ်နယ်တွေမှာ အင်တာနက်က တင်သမျှကို အမြန်ယူပြီး ပြန်လွှတ်နေသဖြင့် ကမ္ဘာကြီးကတော့ ရင်မပြီး မြန်မာပြည်ကို ကြည့်နေမည် ထင်သည်။
"မြန်မာ့အသံမရလည်း အရေးမကြီးဖူး။ အတိုက်အခံသတင်းဌာနကလူတွေ ပြည်တွင်းက သပိတ်တပ်ဦးတွေနဲ့အတူရှိရင် ပြီးတာပဲ …"တယောက်က လှမ်းပြောသည်။ ဟုတ်တာပဲ။ သတင်းတွေကို ဘီဘီစီ၊ ဗီအိုအေနဲ့ အာရ်အက်အေ မြန်မာအစီအစဉ်က မိတ်ဆွေတွေကတဆင့် သတင်းအတည်ပြုချက်ယူပြီး လွှင့်နေလျင် တတိုင်းပြည်လုံးက ပြည်သူတွေ သတင်းမပြတ်တော့ပေ။
ဆူးလေမှာတော့ စာနယ်ဇင်းသပိတ်တပ်ဦးက နေရာယူထားသည်ဟု ကြားသည်။ စစ်တပ်က တိုက်တွေကို မီးတင်ရှိူ့ပစ်လိုက်သဖြင့် လမ်းပေါ်ကို လူတွေ အကုန်ရောက်လာသည်။ သူတို့မျှော်လင့်သလို လူတွေက ကစဉ့်ကလျား ဖြစ်သွားမယ့်အစား လူတွေကလည်း မီးတောထဲက တိုးထွက်ပြီး စစ်တပ်ကို ပြန်ပြီး တောနင်းသလို ပြန်နင်းလာသည်။ နေစရာ အိမ်တွေ၊ စားစရာ လုပ်ငန်းတွေ မရှိမှာတော့ ပြတ်ပြတ်သားသားပဲ ပြန်ခုခံပြီး ရန်ကုန်မြို့တွင်းကို လူထုက ပြန်သိမ်းတာ ဖြစ်သည်။
ဆေးရုံကြီးမှာတော့ ဆရာဝန်တွေ၊ သူနာပြုတွေတင်သာမက လုပ်အားပေး ကျောုင်းသူ ကျောင်းသားတွေပါ တွေ့နေရသည်။ ဘယ်ကတည်းက ရောက်နေမှန်း မသိသော အယ်လ်ဂျာဇီးရားက တီဗီကင်မရာတွေနဲ့ သတင်းထုတ်ပြန်ပေးနေတာကို တွေ့ရသည်။ သူတို့ကလည်း ဂြိုလ်တု ဆက်သွယ်ရေးစက်ကို ပေးသုံးမည်။ သတင်းတွေ၊ အသံတွေ အရုပ်တွေလည်း ကောင်းတာလေးတွေ မျှပေးရန် ပြောသဖြင့် မိုးမခအဖွဲ့သားတွေ အကြိုက်ဖြစ်သွားသည်။ အင်တာနက်ပေါ် တင်စရာတွေ အမြန်တင်ရသည်။ အသံတွေနဲ့ အရုပ်တွေက အဓိကဖြစ်နေသဖြင့် စာရိုက်ရန် မစီစဉ်နိ်ုင်တော့ပေ။
"တိုင်းပြည်ကြီး ပျက်ပြီလား။ ပြည်တွင်းစစ်ကြီးနဲ့ တစစီ ပြိုကွဲပြီလား ”
နိုင်ငံခြားသတင်းထောက်က မေးလာသည်။ မိုးမခ(ရန်ကုန်)ကတော့ ခပ်တင်းတင်းဖြေသည်။
"အခု ပြည်သူတွေဆီမှာ ဦးဆောင်မှုပေးနေတဲ့ အတိုက်အခံပါတီရှိတယ်။ ခေါင်းဆောင်တွေ ရှိတယ်။ သူတို့တွေက ပြသနာတွေကို ရှေ့ကနေ ဖြေကြားပေးနေတယ်။ ပြည်သူလူထုက ခုချိန်မှာ စစ်တပ်လက်ထဲက တိုင်းပြည်ကို ပြန်သိမ်းနေတာ။"
"နိုင်ငံတကာကို ဘာပြောထားပြီးပြီလဲ"
"နိုင်ငံတကာက အချိန်မီဝင်ပြီး ပြည်သူတွေဖက်က ရပ်တည်ပေးမှ ဖြစ်မယ်။ အတိုက်အခံကလည်း တောင်းဆိုထားပြီးပြီ။ ဒါဆိုရင် စစ်တပ်တွေက မြို့တွေ ရွာတွေ လူတွေကြားထဲက ဆုတ်ပေးရင် လူထုကလည်း အသေခံပြီး ပြန်တိုက်နေမှာ မဟုတ်ဘူး။"
မောင်ရစ်တို့အဖွဲ့က ဆေးရုံကြီး အရေးပေါ်နားမှာ နေရာယူထားလိုက်သည်။ ရန်ကုန်အနှံ့က ဒဏ်ရာရ၊ သေကြေသမျှကို ဒီနေရာမှာ တွေ့ရသည်။ သတင်းလည်း ပို့လို့ရမည်။ ကောင်းကင်တခုလုံးကတော့ မီးခိုးတွေနဲ့ မှောင်မဲနေသည်။ ဘယ်ကြည့်ကြည့် မီးခိုးလုံးများ၊ လူထု၏ အော်ဟစ်သံများ။ သေနတ်သံတွေကလည်း ကြားနေရဆဲ။ သေနတ်သံတချက် တချက်ကို လူထုကြီး၏ တခဲနက်ဟစ်ကြွေး ညာသံပေးသံကြီးက ဖုံးလွှမ်းသွားသည်။ ပြီးလျင် အဲဒီနေရာက သေနတ်သံ ပျောက်သွားပြီ။
"အိမ်ပြန်စရာ မရှိတဲ့လူတွေ၊ မိသားစုတွေကို ဘယ်ပို့ရမှာလဲ။"
တပ်ဦးတခုကို ဦးဆောင်လာသူ လူငယ်လေးက မေးနေသည်။ သူညာဖက်လက်မောင်းမှ ပတ်တီးတွေစီးထားပြီး သွေးတွေက စီးကျနေဆဲဖြစ်သည်။
"ဆူးလေးဘုရားမှာ စုမယ်။ မြို့ထဲက ဟော်တယ်တွေ၊ ရုံးခန်းမတွေအကုန်လုံး ဖွင့်ပြီးတော့ သူတို့တွေကို လက်ခံထားကြလိမ့်မယ်။ သာရေး နာရေး ကူညီမှုအသင်းတွေက အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေက စာနယ်ဇင်း သမဂ္ဂက လူတွေနဲ့ ပေါင်းပြီး ကြေငြာချက်ထုတ်ထားတယ်။"
ပြည်ပသုံး ဖုန်းတလုံးကိုင်ထားသူ အဖွဲ့တခုက လှမ်းအော်ပြောလိုက်တာ ကြားလိုက်ရသည်။ သူတို့က မောင်ရစ်တို့ကို လှမ်းလက်ပြသဖြင့် ပြန်လက်ပြလိုက်ရ၏။
"ဘယ်ကလဲဗျ။"
အဝေးကြည့်မှန်ပြောင်းက မေးသည်။
ရန်လိုကျွဲက …
"ပြည်တွင်း ဂျာနယ်တိုက်တခုကပဲ။ သူတို့လည်း သတင်းကူလိုက်ပေးနေတယ်။ အဲဒါကို နယ်စပ်က ရိုးမ ၃ တို့၊ ခေတ်ပြိုင်တို့က သူတို့ဆီက ပစ္စည်းတွေ ဝိုင်းကူပေးထားတယ်။ ကျနော်တို့တွေဆီက ပိုရင် အသံဖမ်းစက်တွေ ပေးထားခဲ့။ ကွန်ပျူတာတွေ မျှထားခဲ့လို့ရတယ်။ သူတို့တွေက နယ်ပိုကျွမ်းတယ်ဗျ။ လူလည်း ပိုသိတယ်။ ကျနော်တို့က သူတို့နောက်က သတင်းလိုက်ရမှာ။"
"ကဲ လိုက်ဗျာ။ "
မောင်ရစ်က ဝင်ဖြေလိုက်မိသည်။
"နယ်စပ်တွေက ဘယ်လိုလဲ"
သူတို့ကို မေးလိုက်မိသည်။ သူတို့က အဖော်ရပြီဖြစ်၍ ဝမ်းသာနေသည်။ ထမင်းထုတ်တွေလည်း ဝေပေးသည်။
"နယ်စပ်တွေမှာ တခြားတိုင်းပြည်တွေက သူတို့စစ်တပ်တွေနဲ့ လာစောင့်နေတယ်။ ဖြတ်ပြေးလာသူတွေကို လက်နက်သိမ်း၊ မှတ်ပုံတင်လုပ်ပြီး စခမ်းတွေထဲမှာ ထိမ်းထားတယ်။ ပြေးတာက ပြည်သူမဟုတ်ဘူး။ စစ်သားတွေနဲ့ သူတိ်ု့မိသားစုတွေ။ တနင်္လာရီတိုင်းကိုတော့ ထိုင်းနယ်စပ်ဖက်က အဖွဲ့တွေ အကုန်လုံး ဝင်လာကြပြီ။ ရုံးခန်းဖွင့်တာတွေ၊ စုရပ်တွေ လုပ်နေကြတယ်။ သူတို့တွေလည်း ဝိုင်းကူညီဖို့ ချီတက်လာမယ် ပြောတယ်။ အဓိကက ဒီကပါတီရဲ့ သဘောပဲ။ ပါတီက နယ်တွေမှာ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ဖို့ပြောရင် လိုက်ဖွဲ့မယ်တဲ့။ ရပ်ကွက်က လူကြီးတွေနဲ့ပဲ ဝိုင်းလုပ်ကြမယ်တဲ့။ တပ်တွေထဲအထိတော့ လိုက်ပြီး စီးနင်းတာ မလုပ်သေးဖူး။ မြို့တွေ နယ်တွေထဲမှာ ပြည်သူကို နှိမ်နှင်းတာ သတ်ဖြတ်တာ မလုပ်ရင် ပြီးတာပဲတဲ့။"
လူငယ်လေးက ပြန်ဖြေသည်။
"တောကြောင်တွေကော ရှိသလားဗျာ။ အင်းစိန်ထောင်ကော ဘယ်လိုလဲ။ "
"မီးတွေ လောင်လာတာနဲ့ အင်းစိန်ထောင်ကို ဖွင့်ချရတာပဲလေ။ ၈၈ အဖွဲ့တွေက စည်းကမ်းတကျ လူတွေစုပြီး ချီတက်လာလို့ လူထုကြီး တခုလုံးက မီးတွေလောင်နေတဲ့ကြားက ဝိုင်းပြီး ပူးပေါင်း ချီတက်ကြတာ။ စစ်တပ်က ဒါကို ပစ်လို့ ဒီကောင်တွေကို လူထုက ပြန်ပြီး ခုခံကြရတာပဲ။ ကျနော်တို့မှာ အဲဒီဖြစ်စဉ်တခုလုံး အရုပ်ရိုက်ထားတာ ရှိတယ်။ "
မောင်ရစ်တို့ မျက်နှာများ ဝင်းသွားကြသည်။ ဒီအရုပ်တွေကို ကမ္ဘာကြီးကော၊ မြန်မာပြည်သူတွေကော ကြည့်လိုက်ရရင် ဘယ်လောက် ဝမ်းသာလိုက်မလဲ။အဝေးကြည့်မှန်ပြောင်းက တနေရာကို လက်ညိုးညွှန်ပြသည်။ သူရဲ့ အငယ်ဆုံးညီမလေး။ ခေါင်းမှာ နဖူးစီး အနီနဲ့ တပ်ဦးတခုနဲ့အတူ လူနာတွေကို သယ်ဆောင်ပြီး ဆေးရုံကြီးထဲ ဝင်လာနေသည်။ သူနဲ့ သူညီမလေးတို့ မတွေ့ကြတော့တာ နှစ်ပေါင်း များစွာ ရှိပြီ။ သူ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ကတည်းကပေါ့။ အဝေးကြည့်မှန်ပြောင်းက အဝေးကပဲကြည့်ပြီး ကျေကျေနပ်နပ်ကြီး ပြုံးလို့ နေလေသည်။
ဝုန်းကနဲ မြည်ဟီးသံကြီးက အနီးကပ်ပြီး ပေါက်ကွဲသွားသည်။ မောင်ရစ်တို့ တစစီ လွင့်စင်ပြိုကွဲကုန်ကြတော့သည်။
မောင်ရစ် သတိပြန်လည်လာချိန်မှာတော့ ဆန်ဖရန်မြို့က စိတ္တဇ ဆေးရုံပေါ်မှာ ဖြစ်သည်။ ဦးနှောက်နှင့် အာရုံကြောဆေးရုံဟု ယဉ်ကျေးအောင်ခေါ်၏။
သမီးကတော့ သူ့အဖေ စိတ်နောက်ပြီး ရူးသွားလို့ ငိုနေသည်။ မိန်းမကတော့ နေ့မှာ ထမင်းစားဖို့ ကွန်ပျူတာတို့၊ နက်ဝပ်တို့ဖြင့် ကူလီထမ်းသည့် အလုပ်ကိုလုပ်၊ ညဖက်မှာတော့ ဇီးကွက်များလို မအိပ်ဘဲ မိုးမခအင်တာနက် စွန်ကြီး မိုးပေါ်လွှင့်ရင်းဖြင့် စိတ်ရူးပေါက်သွားသည့် ယောကျာ်းအကြောင်းကို ရှင်းပြရလွန်းသဖြင့် အသံဝင်ပြီး စိတ်တိုနေသည်။
အယ်လ်အေက မီးလျံမြေခွေးတို့ လင်မယားကတော့ သတင်းလာမေးရှာသည်။ မောင်ရစ် ပယောဂတွေ ကပ်နေတာ ပျောက်အောင်လို့ ဦးဇင်းဉာဏ်ဦးမောင်တို့ ဦးဇင်းကိုသက်တို့က ပရိတ်ရွတ်ပေးဖို့ လာနေသည်တဲ့။ တော်ပါသေးရဲ့ ဆေး ဦးပေလို့။
ဟဲ ဟဲ။
အဲန်အယ်ဒီနဲ့ ၉၀ ရွေးကောက်ပွဲကြီး ရှည်ပါစေသော်၊ အသက်။
(နိဂုံး ဖြည့်စွက်စာ - အခု ဇွန် ၂၀၊ ၂၀၂၄။ မိုးမခဝိုင်းတော်သားများလည်း ပြည်တွင်းစစ် မီးတောက်တွေကြားထဲ ဆက်လက်ရုန်းကန် နေဆဲပါ။ မီဒီယာမိတ်ဆွေသစ်တွေလည်း တိုးလာခဲ့ပြီ။ အဲသည်ထဲမှာ CDM သတင်းရုပ်သံသမားတွေနဲ့ လက်တွဲခဲ့ကြတာလည်း ၃ နှစ်တာ ကာလ လွန်မြောက်လာခဲ့ပါပြီ။ Radio NUG က မိတ်ဆွေသစ်များကိုလည်း သည်စာနဲ့ နှုတ်ဆက်လိုက်ပါသည်။ သည်ပုံအတိုင်းဆိုရင် - အခု မောင်ရစ်ကတော့ အရူးဆေးရုံကနေ ဆင်းရမယ့်ပုံ မရှိသေး)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar