Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - ခေတ်သစ်အတွက် ပညာရေး (၁)


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - ခေတ်သစ်အတွက် ပညာရေး (၁)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်) ဇွန် ၅၊ ၂၀၁၉

ဤဆောင်းပါးကို ဂျော့ဘားနပ်ရှော ရေးသားထားသော အောက်ပါအဆိုအမိန့်ဖြင့် ဖွင့်ဆိုခဲ့သည်။ ထိုအဆိုမှာ-

ယခုခေတ်တွင် အရာရာတိုင်း၏ x,y,z ကို လူတိုင်းသည် သိကြသည်ဟု ထင်ရသော်လည်း ဘယ်သူမှ မည်သည့်အရာ၏ a,b,c ကိုမှ မသိကြပါ။

ဆောင်းပါး၏ အစထိပ်ဆုံးတွင် ဤအဆိုကို တင်ထားသည်။ ထိုစာအုပ်ရေးသော ပုဂ္ဂိုလ် ှSir Richand Livingstone (ဆာရစ်ချပ်လန်ဘင်စရန်) သည် ဘားနပ်ရှော၏ အဆိုအမိန့် နှင့်ပတ်သက်၍ ဘာမှရေးဖွဲ့ခြင်း၊ ထပ်ဆင့်ရှင်းလင်းခြင်းတို့ကို မပြုလုပ်ပါ။ ဤအဆိုသည် သူ့ဘာသာသူ ရှင်းနေပြီးဖြစ်သည်ဟု ယူဆပုံရပါသည်။ ယခုဆောင်းပါးကို ဘာသာပြန်ဆို သူအနေဖြင့်လည်း ဘားနပ်ရှော၏ မူရင်းအဆိုအတိုင်းထားခဲ့ဖို့ စိတ်ရှိပါသည်။ သို့သော်လည်း ဤအဆိုထဲတွင် ပါဝင်သောဝေါဟာရနှစ်ခုဖြစ်သည့် 'a,b,c' နှင့် 'x,y,z' တို့သည် ဘာကိုဆို လိုသည်ဟူသည်ကိုတော့ ဖွင့်ဆိုချင်ပါသည်။ အနောက်နိုင်ငံသားများအနေဖြင့် 'a,b,c' နှင့် 'x,y,z' တို့သည် ဘာကိုဆိုလိုသည်ဟူသည်ကို သိပြီးဖြစ်ပါသည်။ မြန်မာလူများအနေဖြင့် 'ကခဂ' နှင့် 'ဟဠအ' ဟုဆိုလျှင်တော့ ဘာကိုဆိုလိုသည်ကို သိပါလိမ့်မည်။

အားလုံးသိကြသည့်အတိုင်း 'a,b,c' ဟူသည် အင်္ဂလိပ်အက္ခရာ၏အစဖြစ်သလို 'ကခဂ' သည် မြန်မာအက္ခရာ၏အစဖြစ်သည်။ 'x,y,z' သည် အင်္ဂလိပ်အက္ခရာ၏အဆုံးဖြစ်သလို၊ 'ဟဠအ' သည် မြန်မာအက္ခရာ၏အဆုံး ဖြစ်သည်။ ထို့ကြောင့်ဘားနပ်ရှော၏အဆိုအမိန့်တွင် 'a,b,c' ဟူသည်မှာ 'လွယ်ကူသောအပိုင်း'ကိုဆိုလိုသည်။ 'x,y,z' ဟူသည်မှာ'ခက်ခဲသော အပိုင်း' ကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ဘားနပ်ရှော၏အဆိုအမိန့်သည် ဘာကိုဆိုလိုသည် ကို သိနိုင်ပါသည်။

ဤဆောင်းပါးတွင် ''ကျွန်တော်''ဟူသော နာမဝိသေသနသည် ထိုဆောင်းပါးရှင်Sir Richand Livingstone ကို ညွှန်းခြင်းဖြစ်ပါသည်။

ခေတ်သစ်ကမ္ဘာအတွက် ခေတ်သစ်ပညာရေး
ကျွန်တော်သည် ဤဆောင်းပါး (ဟောပြောချက်)ကို အားလုံးသိပြီးဖြစ်သော အဆိုများဖြင့် စတင်ပါမည်။ ယခုကျွန်တော် (Sir Richand Livingstone) စတင်လိုသော အဆို များမှာ-

''ကျွန်ုပ်တို့သည် ခေတ်သစ်ကမ္ဘာကြီးအတွက် ခေတ်သစ်ပညာရေးစနစ်တစ်ခုကို လိုအပ် သည်''

''ကျွန်ုပ်တို့၏ လူငယ်များကို ယခုဆန်းသစ်နေသောခေတ်တွင် နေနိုင်အောင် နေတတ် အောင် ပြင်ဆင်ပေးရမည်''

ဤအဆိုများကို ပထမဦးဆုံးကြားလိုက်ရသောအခါတွင် အတော်ကိုပင် အထင်ကြီးစရာ ကောင်းလှပါသည်။ ထိုအဆိုများသည် ကျွန်ုပ်တို့လိုအပ်နေသော သင်ရိုးကိုမီးမောင်းထိုးပြလိုက် သကဲ့သို့ဖြစ်သည်။

သို့သော် "ဤအဆိုများကို နောက်တစ်ခေါက်ပြန်ကြည့်၍ စဉ်းစားလိုက်ပါ။ ကျွန်ုပ်တို့ ၏ လူငယ်များကိုခေတ်နဲ့လျော်ညီအောင် ပညာပေးရမည်မှာ မှန်ပါသည်။ သို့သော် ပညာပေး သည်ဟူရာတွင် ဘာတွေသင်ပေးရမည်နည်း၊ ဘာတွေကအရေးကြီးသနည်း၊ ပြောတာတော့ 'ခေတ်သစ်အတွက်' 'ခေတ်သစ်ပညာရေး'ဟူ၍ဖြစ်သည်။ 'ခေတ်သစ်'ဟူသော စကားလုံးများ ကိုတော့ အဖန်တလည်းလည်း သုံးနေသည်။ သို့သော် 'ခေတ်သစ်'ဟူသော စကားလုံး၏ အဓိပ္ပာယ်သည်ဘာလဲ။ အခုခေတ်ကို ခေတ်သစ်ဟုခေါ်လိုက်ရာတွင် ခေတ်သစ်ဟုခေါ်သော ယခုကာလနှင့်ခေတ်သစ်မဟုတ်သောကာလ ဥပမာလွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်၊ နှစ် ပေါင်းနှစ်ထောင်ကနဲ့ ယခုနဲ့ဘာကွာသနည်း၊ 'ခေတ်သစ်'ဟူသော ဝေါဟာရကို ဘာမှန်းမသိ ဘဲပေါ်ပင်အနေနဲ့ သုံးနေခြင်းသည် ရှိတ်စပီးယား  ၏အဆိုတစ်ခုကဲ့သို့ဖြစ် နေသည်။ ထိုအဆိုမှာ -

ဘဝဟူသည်လေသံမိုးသံတွေ တညံညံနဲ့ဆူပွက်လို့နေပါသည်။ သို့သော် တကယ်ကောက် ချက်ချလိုက်တော့ ဘာအနှစ်သာရမှမရှိပါကလား။

ထို့ကြောင့် 'ခေတ်သစ်'ဟူသော ဝေါဟာရကိုမသုံးမီ ထိုစကားလုံး၏အဓိပ္ပာယ်ကိုသုံးသပ်၍ ကြည့်ကြရအောင်လား။ခေတ်သစ်ဟူသည် အဘယ်နည်း၊

ခေတ်သစ်ဟုခေါ်သောကာလနှင့် ခေတ်သစ်မဟုတ် သောကာလတို့သည် ဘာကွာ သနည်း၊

ခေတ်သစ်ဟူသည် ယခုကာလကိုခေါ်လျှင် ယခုကာလ နှင့်လွန်ခဲ့သောနှစ်ပေါင်းတစ် ထောင်၊ နှစ်ထောင်စသည်တို့သည် ဘာကွာသနည်း။ဤမေးခွန်းများကိုဖြေရာတွင် ...

ဤမေးခွန်းများကိုဖြေရာတွင် အထောက်အကူပေးနိုင်သော စာနှစ်စောင်ကို ကျွန်တော် (Sir Richard Livingstone) သည်လွန်ခဲ့သော ၁၈ လအတွင်းတွင်ရရှိခဲ့သည်။

စာတစ်စောင်မှာ ရောဂါဗေဒပညာပါမောက္ခတစ်ဦးထံမှဖြစ်သည်။ သူသည် အသက်ကြီး လာသောအခါတွင် ဂရိဒဿနပညာရှင်ပလေတို (Plato) ၏အင်္ဂလိပ်ဘာသာပြန် စာပေများ ကို ဖတ်လျက်ရှိသည်။ သူ၏အတွေ့အကြုံကို ဤသို့ရေးသားထားသည်ကို ဖတ်ရသည်။ ''ကျွန်တော်ဟာအရင်က ခေါင်းထဲမှသိပ်မရှင်းတဲ့အကြောင်းအရာတွေကို တိတိကျကျ ပြတ် ပြတ်သားသား ဖော်ထုတ်ရေးသားထားတာတွေကိုတွေ့တော့ အလွန်အံ့သြမိပါတယ်။ အဲဒီရေး သားချက်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်တုန်းကဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်သူမှ မစဉ်းစားမိသေးတဲ့ အကြောင်းအရာတွေကိုလည်း တွေ့ရပါတယ်။

ဒုတိယစာမှာ ကျွန်တော် (Sir Richard Livingstone) ၏ ကျောင်းနေဘက်သူငယ် ချင်းထံမှဖြစ်သည်။ သူငယ်ချင်းသည် မြန်မာနိုင်ငံ၏စစ်မျက်နှာပြင်ရှေ့တန်းတွင် ကျဆုံးသွား သော သူ၏သားအကြောင်းကိုရေးရာတွင် ''ကျွန်တော့်သားဂျင် ဟာ စစ်မတိုက်တဲ့အချိန် မှာ ပေလေတိုရဲ့စာတွေကို ဖတ်တဲ့အကြောင်းကိုရေးထားပါတယ်။ သူဟာ ပလေတိုရေးတဲ့ Apology (တောင်းပန်စာ)အမည်ရှိတဲ့ အက်ဆေးထဲက စာပိုဒ်နှစ်ပိုဒ်အကြောင်းကို စစ်တိုက် မထွက်မီ အမြဲတမ်းရေးထားတာ ဖတ်ရပါတယ်။ အဲဒီအက်ဆေးထဲမှာ အခုလိုရေးထားပါ တယ်။ 

"အဓိပ္ပာယ်ပြည့်ဝတဲ့ လူမှန်ရင်၊ အရာရာကို သိတတ်တဲ့လူမှန်ရင်၊ သူရဲ့အသက်ရှင်နေ ထိုင်ဖို့နဲ့ သေဖို့အတွက် အခွင့်အလမ်းတွေကို အချိန်ကုန်ခံပြီးတွက်မနေသင့်ဘူး။ သူစဉ်းစား ရမှာက သူလုပ်တဲ့အလုပ်ဟာ မှန်သလား၊ မှားသလားဆိုတာကို တွက်ရမယ်၊ သူလုပ်တဲ့အလုပ် ဟာ လူကောင်းလုပ်တဲ့အလုပ်လား၊ လူဆိုးလုပ်တဲ့အလုပ်လား၊ ဆိုတာကိုစဉ်းစားရမယ်။ သူ ရောက်နေတဲ့နေရာဟာ သူကိုယ်တိုင်ရွေးလို့ပဲဖြစ်စေ၊ သူ့အထက်အရာရှိက ရွေးလို့ရောက်နေ တာပဲဖြစ်စေ၊ အဲဒီနေရာမှာ သူတာဝန်ထမ်းဆောင်နေသရွေ့ရှိနေရမယ်၊ အန္တရာယ်တွေရှိနေ ချိန်မှာလည်း နောက်မဆုတ်ဘဲရှိနေရမယ်။ အဲဒီအချိန်မှာ တာဝန်မကျေလို့ အရှက်တကွဲ ဖြစ်တာမျိုးမဖြစ်ဖို့ကိုဘဲ စဉ်းစားရမယ်'' 

ပလေတို၏ ဤစကားများကို မြန်မာနိုင်ငံ၏တောထဲ မှ အသက်ဘေးကိုရင်ဆိုင်နေချိန်တွင် ရေးခဲ့ခြင်းဖြစ်သည်။

အချုပ်ကိုပြောရလျှင် လူ့သဘာဝဟူသည်ရှေးနှင့်ယခုတို့တွင် အခြေခံအားမြင့်ဘာမှ ပြောင်းလဲမှုမရှိပါ။ ထို့ကြောင့် ဒင်တေ နှင့် ရှိတ်စပီးယား  တို့ကဲ့သို့ ရှေးကစာရေးဆရာကြီးများသည် ယခုထက်တိုင်ပင် ဆက်လက်ခေတ်မီနေဆဲ၊ အဓိပ္ပာယ် ပြည့်ဝနေဆဲဖြစ်လေသည်။

လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်နှင့် ယခုအချိန်အတွင်းတွင် ပညာရှာမှီးသော နည်း ပညာများပြောင်းလဲလာသည့်အတွက် နည်းပညာအသစ်များကို ထပ်သိဖို့လိုအပ်လာသည်။ သို့သော် နည်းပညာထက်ပို၍ နက်နဲသောဆရာများသည် ဘာမှမပြောင်းလဲသေးချေ။ မပြောင်း လဲသောအရာအချို့ကိုပြောရလျှင် ပညာဗဟုသုတအသစ်များကို ရှာမှီးလိုသောစိတ်၊ ရှာမှီး သောစွမ်းအင်၊ အခက်အခဲဟူသရွေ့ကို ကျော်လွန်စေချင်သောစိတ်ဓာတ်၊ ကမ္ဘာလောကကြီးကို အမှန်အတိုင်းသိလို၊ မြင်လိုသောစိတ်၊ အရေးကြီးသော အရာနှင့်အရေးမကြီးသောအရာတို့ကို ခွဲခြား၍သိလိုမြင်လိုခြင်း၊ အမှန်တရားတစ်ခုခုကို သက်သေပြပြီးသော အခြေအနေနှင့်မပြသေးသော အခြေအနေတို့ကိုသိတတ်ခြင်းဟူသော ဆရာများသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က အခြေအနေနှင့်ယခုအခြေအနေတို့ သည် ပြောင်းလဲမှုမရှိသေးချေ။

ထို့ကြောင့်ပင်လျှင် ပိုမို၍နက်ရှိုင်းသော လူ့ဘဝ၏ ပြဿနာများသည် ဘာမှပြောင်းလဲမှု မရှိသေးချေ။

သို့ရာတွင် 'ခေတ်သစ်'ဟူသော စကားလုံးကိုသုံးရာတွင် တော်တော်ဂရုစိုက်ရမည့်သဘော ရှိသည်။ 'ခေတ်သစ်'ဟုဆိုလိုက်လျှင် အဓိပ္ပာယ်နှစ်မျိုးထွက်သည်ကိုတွေ့ရမည်။ တစ်မျိုးမှာ အချိန်ကာလ ဖြစ်သည်။ ဤအဓိပ္ပာယ်ဖြင့် ကောက်မည်ဆိုလျှင်ပလေတိုသည်လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာလောက်ကကျန်ခဲ့ပြီဖြစ်သည်။ ပညာရေးအကြောင်းရေးထားသော ဤစာအုပ်သည် ၁၉၄၆ ခုနှစ်က စတင်ပုံနှိပ်ခဲ့သည်။

အဓိပ္ပာယ်နောက်တစ်မျိုးမှာ 'ခေတ်သစ်'ဟူသည် အတွေးအခေါ်၊ အမြင်၊ သဘောထား ကိုဆိုလိုခြင်းဖြစ်သည်။ ဤသည်ကား ဤစာအုပ်အနေဖြင့် ကောက်ယူသော အဓိပ္ပာယ်ဖြစ် သည်။ အတွေးအခေါ်၊ အမြင်၊ သဘောထားအနေဖြင့် မပြောင်းလဲသည့်သဘောကို ဆောင် သည်။

ဤဆောင်းပါးတွင် 'ခေတ်သစ်ကမ္ဘာအတွက် ခေတ်သစ်ပညာရေး'ဟူသော ခေါင်းစဉ် အောက်တွင် နောက်ဆုံး၌ အောက်ပါမေးခွန်းများဖြင့် အဆုံးသတ်ခဲ့သည်။

ခေတ်သစ်ဟူသည် အဘယ်နည်း။

ခေတ်သစ်ဟုခေါ်သောကာလနှင့်ခေတ်သစ်မဟုတ်သောကာလတို့ ဘာကွာသနည်း။

ခေတ်သစ်ဟူသည် ယခုကာလကိုခေါ်လျှင် ယခုကာလနှင့် လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်၊ နှစ်ထောင်စသည်တို့သည် ဘာကွာသနည်း။

ဤမေးခွန်းများကိုဖြေရာတွင် ----- ဟူသော ခေါင်းစဉ်အောက်တွင်ပါရှိသော သုံးသပ် ချက်များအရ ယင်းမေးခွန်းများ၏အဖြေများမှာ ဤသို့ဖြစ်သည်။

ခေတ်သစ်ဟူသည်မှာ အချိန်ကာလကိုဆိုခြင်းမဟုတ်၊ အတွေးအခေါ်အယူအဆတို့၏ အမြဲဆန်းသစ်နေခြင်း၊ ဘယ်တော့မှမတိမ်ကောခြင်း ဖြစ်သည်။

အချိန်ကာလကိုပြောခြင်းမဟုတ်သောကြောင့် ခေတ်သစ်ကာလနှင့်ခေတ်ဟောင်းကာလ ဟူ၍မရှိတော့ပါ။

အချိန်ကာလကိုဆိုလိုခြင်းမဟုတ်သောကြောင့် ခေတ်သစ်ဟူသည်ယခုကာလကို ပြော ခြင်းမဟုတ်သလို ဘယ်ကာလကိုမှညွှန်းခြင်းမဟုတ်ပါ။

မျက်မှောက်ကာလ၏ ပြဿနာများ
ခေတ်သစ် (modern) ဟူသော ဝေါဟာရ၏ အသုံးအနှုန်းနှင့်ပတ်သက်၍ ဤမျှရှင်းပြီး သည့်နောက် ယခုမျက်မှောက်ကာလအတွက်လိုအပ်သော ပညာရေးစနစ်သည်မည်ကဲ့သို့သော စနစ်မျိုးဖြစ်သင့်သည်ကို ဆွေးနွေးပါမည်။ ဤပညာရေးစနစ်သည် မျက်မှောက်ကာလ အတွက် ပြင်ဆင်ရန်လိုအပ်သော ပညာစနစ်မျိုးဖြစ်ရမည်။ တစ်နည်ဆိုရသော် မျက်မှောက်ကာလ၏ ပြဿနာကိုရင်ဆိုင်နိုင်ရန် လိုအပ်သည့်ပညာမျိုးကို ပေးစွမ်းနိုင်သောပညာရေး စနစ်ဖြစ်ရပါမည်။ ဤသို့ဆိုလျှင် မျက်မှောက်ကာလ၏ မျက်မှောက်ပြဿနာများသည် ဘာတွေဖြစ်သည်။ ၎င်းတို့ ထဲတွင် အရေးအကြီးဆုံးသည် ဘာတွေဖြစ်သည်ဟူသည်ကို သိရပါမည်။

အပေါ်ရံအားဖြင့် ကြည့်လိုက်မည်ဆိုလျှင် မျက်မှောက်ကာလ၏ပြဿနာများသည် အဓိကအားဖြင့် ခေါင်းစဉ်နှစ်ခု၏အောက်တွင်ရှိနေပါသည်။

ပထမခေါင်းစဉ်မှာ လူမှုရေးပြဿနာများ (Social Problem) ဖြစ်သည်။ ကျွန်ုပ်တို့၏ ရှုပ်ထွေးလှသော ယဉ်ကျေးမှုတို့မှဆင်းသက်လာသော လူမှုရေးပြဿနာများ ဖြစ်သည်။ ၎င်းတို့ထဲတွင် ကုန်သွယ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ နိုင်ငံခြားရေးရာ၊ နိုင်ငံတကာရေးရာတို့လည်း ပါသည်။

ဒုတိယခေါင်းစဉ်မှာ သိပ္ပံနှင့် အသုံးချသိပ္ပံ (Science and applied science) ဖြစ်သည်။ ပညာရေးစနစ်သည် ဤခေါင်းစဉ်နှစ်ခုအောက်ရှိ ပြဿနာများကို ဖော်ထုတ်၍အရေးယူနိုင် ရမည်ဖြစ်သည်။ ထို့ကြောင့် ပညာရေးဆိုင်ရာဌာနကြီးနှစ်ခုမှာ လူမှုရေးသိပ္ပံဌာနနှင့် သဘာဝ သိပ္ပံဌာန (Social Science and natural science) ဟူ၍ ဖြစ်သင့်သည်။ ခေတ်သစ်ပညာရေး စနစ်ဟုခေါ်သော ပညာရေးစနစ်အောက်တွင် ဤဌာနကြီးနှစ်ခုသည် ခေတ်သစ်နှင့်မျက် မှောက်ခေတ်၏ အဓိကလိုအပ်ချက်များကို ကာမိနိုင်လိမ့်မည်ဟု ထင်မှတ်ရပါသည်။ ထင်တဲ့ အတိုင်း တကယ်ပဲဖြစ်ပါသလား။

ဤကိစ္စကိုပြန်လည်၍ သုံးသပ်ကြည့်မည်။

လူမှုရေးသိပ္ပံ (Social Science) အပေါ် အခြေခံသောပညာရေး
လူမှုရေးသိပ္ပံအပေါ်အခြေခံသော ပညာရေးစနစ်ကို ဝေဖန်သုံးသပ်ကြည့်ကြရအောင်။

ပညာရေးနှင့်ပတ်သက်၍ရေးသားထားသော စာအုပ်တစ်အုပ်ထဲတွင် ဤသို့ဖတ်လိုက်ရ သည်။ 

''ဒီနေရာမှာ ဆရာတွေရဲ့သင်ရိုးမာတိကာရွေးပုံက တော်တော်အရေးပါပါလိမ့်မယ်။ ဆရာတွေက သင်ရိုးထဲမှာဘာတွေပါသင့်တယ်ဆိုတာကို အထူးဂရုစိုက်ပြီးရွေးရမှာပါ။ ရွေးချယ်တဲ့အကြောင်းအရာတွေထဲမှာ ခေတ်သစ်လူ့အဖွဲ့အစည်းကို ဖွဲ့စည်းထားပုံ၊ အရာရာကို စီမံပုံ၊ စတာတွေဖြစ်ပါတယ်။ အခုမျက်မှောက်ကာလမှာ လူဖြစ်လာပြီဆိုရင်သဘာဝ အင်အားသယံဇာတ တွေကိုသုံးပြီး အရာရာကိုဖန်တီးပုံ၊ ပစ္စည်းတွေထုတ်လုပ်ပုံ၊ ဖြန့်ဝေပုံ၊ လူအများနဲ့သက်ဆိုင်တဲ့ ခရီးသွားလာရေး၊ အစားအစာ၊ ရေ၊ မီး စတာတွေကို ထိန်းချုပ်ပုံ၊ ကုန်ကျစရိန်နဲ့ဝင်ငွေမျှတအောင်စီမံပုံ စတာတွေကိုသိအောင်သင်ရိုးမာတိကာကိုဖန်တီးရမှာ ဖြစ်ပါတယ်။ အပေါ်ရံကြည့်လိုက် လျှင် ဒါမှအခုမျက်မှောက်ခေတ်အတွက်ပညာရေးဟူ၍ ထင်စရာရှိပါသည်။

သို့သော် ကျွန်တော့်အမြင်ပြောရလျှင် ဤသင်ရိုးမာတိကာ သည် ဘယ်လောက်ကောင်းသည်ဟူသည်ကိုတော့ မပြောတတ်ပါ။ သေချာတာကတော့ အလွန်ပျင်းစရာကောင်း၊ ညည်းငွေ့စရာကောင်းပြီး ကျောင်းသားများကိုကျောင်းများများ ပြေးစေမည်ဖြစ်ပါသည်။ ကျောင်းသင်ခန်းစာသည်အစိုးရ၏ဝါဒဖြန့်ခြင်း သက်သက်ဖြစ်နေပါ သည်။

ဤသင်ရိုးမာတိကာထဲတွင် ဝါဒဖြန့်မှုတွေသာများနေပြီး ဘာသာရေးအကြောင်း၊ ဘာသာ စကားများအကြောင်း၊ အနုပညာအကြောင်း၊ တေးဂီတအကြောင်း၊ သမိုင်းအကြောင်းတို့ကို လျစ်လျူရှုထားသည်။

ဟိုနည်းနည်း ဒီနည်းနည်းအစုံသိရန်
တကယ်သာ ပညာပေးမည်ဆိုလျှင် အားလုံးကို ပညာပေးဖို့အချိန်မရှိပါ။ ပညာပေးလိုသော အကြောင်းအရာများကိုစုံစေချင်လျှင် ဟိုဒီအနည်းငယ်မျှလောက် အပေါ်ရံမျှသာသင်ဖို့အချိန် ရှိပါသည်။ ဟိုဒီအနည်းငယ်လောက်စီ ပညာပေးခြင်းသည် သူ့နေရာနဲ့သူအသုံးဝင်ပါသည်။ စိတ်ဝင်စားဖို့လည်းကောင်းပါသည်။ အသုံးဝင်မှုအနေဖြင့်ရှိသော်ငြားလည်း အကန့်အသတ် အတိုင်းအတာဖြင့်သာရှိပါသည်။ အရေးကြီးသည်မှာ ဤကဲ့သို့သောဟိုဒီနည်းနည်းစီ ပညာပေး ခြင်းသည် အန္တရာယ်များပါသည်။ အန္တရာယ်များရခြင်းအကြောင်းမှာ နည်းနည်းစီသိခြင်းကို အလုံးစုံသိသည်ဟု ထင်သွားတတ်ခြင်းဖြစ်သည်။ ပညာမတတ်သောသူများသည် လူ့အသိုင်း အဝန်းအတွက်အန္တရာယ်ရှိသည်ဟု ကြားဖူးပါလိမ့်မည်။ ဟုတ်လည်းဟုတ်ပါသည်။ သို့သော် ပညာ မတတ်သောသူများ၏ အန္တရာယ်သည် ပညာတစ်ဝက်တစ်ပျက်သာတတ်သောသူများ၏အန္တရာယ်လောက်မဆိုးပါ။ ပညာတစ်ဝက်တစ်ပျက်သာတတ်သူများသည် ဘာသာရပ်များ အကြောင်းကို မှတ်ချက်များပေးနိုင်စွမ်းရှိသည်။ သူတို့တကယ်မသိကြောင်းကို မသိချေ။

ထို့ကြောင့် ခေတ်သစ်ပညာရေး၏ရည်ရွယ်ချက်တစ်ခုမှာ အားလုံးကို ဟိုနည်းနည်း ဒီနည်းနည်းသိစေရန်နှင့် ဟိုနည်းနည်း ဒီနည်းနည်းသိသော်လည်း ဧကန်တကယ်နက်နက် နဲနဲမသိကြောင်းကိုလည်း သိစေရန်ဖြစ်သည်။

ဤရည်ရွယ်ချက်ကို ပြည့်စေရန်ဘာလုပ်သင့်သနည်း။

ဟိုဒီနည်းနည်းစီသိခြင်းနှင့် တကယ်မသိကြောင်းသိခြင်း
ဟိုဒီနည်းနည်းစီသိရန်နှင့် နည်းနည်းစီသာသိသောအရာများကို တကယ်နက်နက်နဲနဲ မသိကြောင်းကိုသိရန်ဟူသောရည်ရွယ်ချက်ကို အထမြောက်စေရန်၊ လုပ်နိုင်သောနည်းမှာ နည်းနည်းစီသာသိသော ဘာသာရပ်များထဲမှ တစ်ခုကိုသေချာနက်နက်နဲနဲသိစေခြင်း ဖြစ်သည်။ သို့ရာတွင် သေချာစွာနက်နက်သိစေသော ဘာသာရပ်ကို သေချာသိခြင်းနှင့်မသိ ခြင်းတို့ကို ခွဲခြား၍သိတတ်အောင် သင်ပေးရမည်ဖြစ်သည်။ သို့ရာတွင် သေချာသိခြင်းဟူသော အရာသည် ဧကန်တကယ်ခက်ခဲသော အရာဖြစ်သည်ဟူသည်ကိုလည်း သဘောပေါက်စေရ မည်။

အချုပ်ကိုဆိုရသော် သေချာသိခြင်းနှင့်သေချာမသိခြင်းတို့ကိုခွဲခြား၍သိရန် သေချာသိ ခြင်းအတွက် မည်မျှ မည်မျှလောက် ကိုယ်စိတ်နှလုံးတို့ စိုက်ထုတ်ရသည်ကိုလည်း သိရှိသဘော ပေါက်ရန်ကို သင်ပေးရမည်ဖြစ်သည်။

ယခု မျက်မှောက်ကာလ၏ပညာရေးစနစ်များ၏ အားနည်းချက်သည် ဤအလုပ်ကို ထိ ရောက်စွာမစွမ်းနိုင်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် လူမှုရေးသိပ္ပံဆိုင်ရာဘာသာရပ်များ ၏ သင်ရိုးမာတိကာများ၏အားနည်းချက်ဖြစ်သည်။ ဤသည်ကား လူမှုရေးသိပ္ပံကိုအခြေခံသော သင်ရိုးမာတိကာအကြောင်းဖြစ်သည်။ ယခုဆက်လက်၍သဘာဝသိပ္ပံအခြေခံသသော ပညာ ရေးစနစ်ကိုပြောပါမည်။

သဘာဝသိပ္ပံ (Natural Science) ကို အခြေခံသောပညာရေး
လူမှုရေးသိပ္ပံ (Social Science) ဘာသာရပ်များသည် ယင်းဘာသာရပ်၏ သဘော သဘာဝအရ အရာရာကို အပေါ်မျှသာသိပြီး ဘယ်အရာကိုမှ ကောင်းကောင်းမသိခြင်းသည် မဖြစ်မနေဖြစ်ရမည့်သဘောမျိုးဖြစ်သည်။ သို့သော်လည်း သဘာဝသိပ္ပံ (Natural Science) သဘောသဘာဝအလျောက်ပင် သဘာဝသိပ္ပံဘာသာရပ်များသည် တိကျမှု၊ သေချာမှုကို ဦးစားပေးပြီးဖြစ်နေသည်။ သိပ္ပံနှင့် သိပ္ပံသဘောတရားတို့သည် နှစ်ပေါင်းနှစ်ထောင်ကျော်ပြီဖြစ် သော်လည်း ထိုဘာသာရပ်၏ အရေးပါသော ဝိသေသများသည်ကား အသုံးချသိပ္ပံ (applied science) နည်းပညာ(technology) တို့ဖြစ်နေသည်။ ယင်းဝိသေသများသည် သိပ္ပံပညာရပ် စစ်စစ် (Pure Science) အပေါ်တွင် ရပ်တည်နေသည်။ သိပ္ပံပညာသည် လူ့ဘဝ၏ မျှော်လင့် ချက်များကိုပေးစွမ်းနိုင်သည်။ ထို့ကြောင့် သိသာထင်ရှားသောကောက်ချက်တစ်ခုမှာ ပညာရေး ကိုပြုပြင်ပြောင်းလဲရမည်၊ ပြုပြင်ပြောင်းလဲသည့်အခါတွင် သိပ္ပံပညာကိုအလေးပေး ရမည်။ ဤကောက်ချက်မှာသူ့သဘာဝအလျောက်ဖြစ်လာသောဆရာ ဖြစ်သည်။ သို့သော် ဤကောက် ချက်သည် တကယ်ပဲမှန်သလား။

ဤကောက်ချက်သည် တကယ်မှန်၊ မမှန်ကိုမဆုံးဖြတ်မီ သိပ္ပံပညာနှင့်ပတ်သက်၍ သိသာထင်ရှားသောအကြောင်းအရာများကို အရင်ပြောပါမည်။ ထိုအကြောင်းဆရာများမှာ ...

(ဆက်လက်ဖော်ပြပါမည်)