Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၃၀)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၃၀)
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၉

● SSPP/SSA နှင့် ရှမ်းအရှေ့ 09977798313
ကွန်မြူ နစ်နှင့်ပေါင်းရေးကို ဆန့်ကျင်ခဲ့သည် SSPP ဥက္ကဌ ခွန်ကြာနုနှင့်အင်အား ၂၀၀ ခန့်သည် သဘောထားကွဲလွဲသည့် ၁၉၇၅ ခုနှစ်မှာပင် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ထွက်ခွါလာပြီး ရှမ်းအရှေ့ ထိုင်းနိုင်ငံနယ်အနီး ဟိုမိန်း- မုန်းမိုင်တွင် အခြေပြုခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် SSPP'မြောက်ပိုင်းမှ ဗိုလ်မှူးကြီးစမ်မိန်းနှင့် အဖွဲ့ရောက်ရှိလာပြီး မုန်းမိုင်စခန်းကိုထိမ်းချုပ်ခဲ့ပြီး ဥက္ကဌခွန်ကြာနုနှင့် သူ့အားထောက်ခံသူများအား အနားပေးခဲ့ရာ ခွန်ကြာနုတို့လည်း ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံသွားခဲ့သည်။ ခွန်ကြာနုသည် ဖဆပလ ခေတ် စိုက်ပျိုးရေးမင်းကြီးတာဝန်ယူခဲ့သည့် ခွန်ကြာပု၏သားဖြစ်ပြီး ၁၉၅၈ ခုနှစ် နွမ်စစ်ဟန်ဖွဲ့ပြီးနောက်ရောက်လာသည့် ရှမ်းကျောင်းသားများထဲကတဦးဖြစ်သည်။

ခွန်ကြာနုနောက်ပိုင်း SSPP ဥက္ကဌ တာဝန်ယူသူမှာ ရှမ်းအရှေ့တွင်ပင်အခြေပြုနေသော စိုင်းပန် ခေါ် စဝ်ပွန်တိုင်းဖြစ်သည်။ စဝ်ပွန်တိုင်းသည် ကျိုင်းတုံစော်ဘွားခေတ်က ကတ်တောင်ရွာစား၏သားဖြစ်ပြီး ဆေးတက္က သို့လ်ကျောင်းသားတဦး စာသင်ကြားနေစဉ် ၁၉၅၈ ခုနှစ်တွင် နွမ်စစ်ဟန်သို့လာရောက်ပူးပေါင်းခဲ့သည့် ရှမ်းပညာတတ်ကျောင်းသားတဦးဖြစ်သည်။ ၁၉၆၁ ခုနှစ် နွမ်စစ်ဟန်မှခွဲထွက်၍ SSIA ဖွဲ့စည်းသောအခါ စဝ်ပွန်တိုင်းသည် အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့သည်။ ၁၉၆၄ ခုနှစ် SSA ဖွဲ့စည်းသောအခါ စဝ်ပွန်တိုင်းသည် စစ်ဦးစီးချုပ်လက်ထောက်တာဝန်ယူခဲ့သည်။ ရှမ်းအရှေ့ SNA အား ပြန်လည် စည်းရုံးရန် ၁၉၆၉ ခုနှစ်တွင် ကျိုင်းတုံဒေသသို့ စဝ်ပွန်တိုင်း ပြန်လည်လာရောက်ခဲ့သေးသော်လည်း အောင်မြင်မှု မရခဲ့ပေ။ ၁၉၆၉ ခုနှစ်တွင် SSA မှ စဝ်ကွမ်းဇိဏ်း၏ SURA ခွဲထွက်သောအခါ စဝ်ကွမ်းဇိဏ်းနှင့် နီးစပ်သူဖြစ်သော်လည်း စဝ်ပွန်တိုင်းသည် SSA တွင် ကျန် ခဲ့သည်။ ၁၉၇၁ ခုနှစ် သြဂုတ်လ ၁၆ ရက် SSPP ဖွဲ့စည်းသောအခါ စဝ်ပွန်တိုင်းသည် ဒုဥက္ကဌတာဝန်ယူခဲ့ပြီး ၁၉၇၇ ခုနှစ် SSPP ခေါင်းဆောင်အပြောင်းအလဲဖြစ်သောအခါ ဥက္ကဌ တာဝန်ယူခဲ့သည်။

အဆိုပါ ထိုင်းနယ်စပ် မုန်းမိုင်စခန်းအား ထိမ်းချုပ်နိုင်ခဲ့သော ဗိုလ်မှူ းကြီးစမ်မိန်းနှင့် အခြားခေါင်းဆောင်တဦးဖြစ်သော ပန်းအောင်တို့သည် ၁၉၇၈ ခုနှစ်တွင် ခွန်ဆာ SUA အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရသည်။ ခွန်ဆာသည် စဝ်ကွမ်းဇိဏ်းနှင့် မပူးပေါင်းမီ SUA အဖြစ်ရှိနေစဉ်ကာလက ရှမ်းခေါင်းဆောင်အချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟုဆိုပါသည်။ ထိုဖြစ်ရပ်ပေါ်ထွက်လာခြင်းမှာ ၁၉၇၅ ခုနှစ်ခန့်တွင် SSPP/SSA တပ်မဟာ ၁ မှ စစ်ကြောင်းမှူ း စဝ်စိုင်းအောင်သည် တန့်ယန်း-လားရှိုးကြားကားလမ်းတွင် မှောင်ခိုကားကြီးတစီးပေါ်မှ တရုတ်ဘာသာဖြင့် စာရွက်စာတမ်းအပြည့်ပါသော သေတ္တာတလုံးအား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါစာရွက်စာတမ်းများအား SSPP က အရှေ့မြောက် CPB အား လွှဲပြောင်းပေးခဲ့သည်။ အဆိုပါစာရွက်စာတမ်းများမှာ တရုတ်ပြည်တွင်းရှိ ကူမင်တန်သူလျှ ိုးများ၏ လှု ပ်ရှားမှုများဖြစ်ရာ အရှေ့မြောက် CPB က တရုတ်ပြည်သို့လွှဲပေးခဲ့သဖြင့် တရုတ်ပြည်တွင်းရှိ တရုတ်ဖြူ သူလျှ ို အမြောက်အများအဖမ်းခံခဲ့ရသည်ဟုဆိုသည်။ ထို့ကြောင့် SSPP အား လက်တုန့်ပြန်ရန် တိုင်ဝမ်ထောက်လှမ်းရေးမှ ၎င်းတို့၏အေးဂျင့် ( သူလျှ ို) ဖြစ်သော ခွန်ဆာလက်ရုံး ကျန်းစုရှင်းအားတာဝန်ပေးခဲ့သည်ဟု ဆိုသည်။ ထိုသူတို့၏ လက်ချက်ကြောင့် SSPP ခေါင်းဆောင် ၇ ဦးခန့် လုပ်ကြံခံခဲ့ရသည်။ ကျန်းစုရှင်းသည် ကူမင်တန်မှ ခွန်ဆာထံ လာရောက်ပူးပေါင်းသူတဦးဖြစ်ပြီး ၁၉၉၆ ခုနှစ် ခွန်ဆာလက်နက်ချ သောအခါ ထိုင်းမှတဆင့် တိုင်ဝမ်သို့ သွားရောက်ရန် ကြို းစားခဲ့သေးသော်လည်း ထိုင်းက အမေရိကန်သို့ လွှဲပြောင်းပေးမည်ဆို၍ မသွားဖြစ်ဘဲ လက်နက်ချ ပြီးနောက် ခွန်ဆာနှင့် မြန်မာပြည်တွင် မထင်မရှား နေထိုင်ခဲ့သူဖြစ်သည်။

ဗိုလ်မှူ ကြီးစမ်မိန်းလုပ်ကြံခံရပြီးနောက် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S အား ဗိုလ်မှူးကြီးစမ်မိုင်နှင့် ကမ်ခေးတို့က ဆက်လက်ခေါင်းဆောင်သည်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်အနီး ထိုင်းနယ်စပ် ကြူဟုန်းတွင် ပြောင်းရွှေ့ အခြေပြုသည်။ ၁၉၈၁ ခုနှစ်တွင် ထိုင်းနယ်စပ် ကြူဟုန်းတွင် SSPP ညီလာခံတရပ်ကျင်းပခဲ့သည်။ CPB နှင့် ပူးပေါင်းခဲ့သည့် ပြည်သူ့ဒီမိုကရေစီလမ်းစဉ်အား အမျိုးသားဒီမိုကရေစီလမ်းစဉ်အား ပြောင်းလဲလက်ခံသည်ဟု ဆုံးဖြတ်ပြီး စိုင်းလှအောင်အား ဥက္ကဌအဖြစ်တင်မြှောက်ခဲ့သည်။ ဥက္ကဌနေရာမှ ဖယ်ရှားခံခဲ့ရသော စဝ်ပွန်တိုင်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၁၉၈၃ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် SUA ၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရသည်။

သို့သော် နောက်ပိုင်းတွင် SSPP တပ်မဟာ ၁ မှ စဝ်ဆေနွံ (မိုင်းလင်းစော်ဘွား၏သား) က ပြည်သူ့ ဒီမိုကရေစီလမ်းကြောင်းကို ပြောင်းလဲလက်ခံသည်။ စိုင်းလှအောင် ခေါ် စဝ်ဆေလင်းအား ဥက္ကဌတာဝန်မှ ဖယ်ရှားခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် စဝ်ဆေလင်း လက်နက်ချသွားခဲ့သည်။ ၁၉၈၄ ခုနှစ် စဝ်ဆေနွံ ကွယ်လွန်ပြီးနောက် စိုင်းလိတ် (ကုလား) က ဆက်လက်တာဝန်ယူခဲ့သည်။

SSPP/SSA-S တောင်ပိုင်းအဖြစ် ဗိုလ်မှူးကြီးစမ်းမိုင်နှင့် အင်အား ၅၀၀ ခန့်သည် ထိုင်းနယ် ကြူဟုန်းတွင် အခြေပြု ပြီး သံလွင်အနောက်ခြမ်း မိုးနဲ-မိုင်းပန်ဂွင်၊ တာကော်အထက် ပျက်ကန့်နယ်မြေတို့တွင် ၁၉၈၅ ခုနှစ်ထိ ဖြန့်ခွဲလှုပ်ရှားခဲ့သည်။ SSA-S သည် ၁၉၈၄ ခုနှစ် စဝ်ကွမ်းဇိဏ်း၏ SURA တို့ပူးပေါင်း၍ Tai Revolutionary Council/ Tai Tevolution Army ( TRC/TRA) ဖွဲ့စည်းခဲ့သည်။ TRC ဥက္ကဌ စဝ်ကွမ်းဇိဏ်း၊ ဒုဥက္ကဌ စမ်းမိုင်တို့က တာဝန်ယူခဲ့သည်။ TRC/TRA သည် ၁၉၈၅ ခုနှစ်တွင် ခွန်ဆာ၏ SUA နှင့် ပူးပေါင်း၍ MTA ( Mong Tai Army ) ဖွဲ့စည်းခဲ့သည်။ သို့ဖြစ်ရာ ၁၉၈၄ ခုနှစ် နောက်ပိုင်း၌ ရှမ်းပြည်နယ်အရှေ့ပိုင်း တွင် SSPP/SSA ၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့တော့သည်ဟု ဆိုရပေမည်။

● ရှမ်းအရှေ့နှင့် SURA
SSA တွင်ပါဝင်ခဲ့သော စဝ်ကွမ်းဇိဏ်း၏ တပ်ဖွဲ့များသည် ၁၉၆၈ ခုနှစ်မှစ၍ SSA နှင့် ကင်းကွာလာခဲ့ပြီး ၁၉၆၉ ခုနှစ်မှစ၍ SURA Shan UnitedRevolutionary Army ( SURA ) ဟု ပြန်လည်ခွဲထွက်ပြန်သည်။ SURA ၏ဌာနချုပ်အား ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်ထိ ရှမ်းအရှေ့ နှင့်ထိစပ်နေသော ထိုင်းနိုင်ငံ ပိန်းလုံတွင် အခြေစိုက်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ထိုင်းအစိုးရ၏ကန့်သတ်မှုများကြောင့် SURA ဌာနချုပ်အား ပိန်းလုံနှင့် မျက်နှာချင်းဆိုင်ရှိပန်မိုင်ဆွန် (ရှမ်းအရှေ့နယ်မြေ) တွင်းသို့ ပြောင်းရွှေ့အခြေပြုရသည်။ SURA၏ လက်အောက်ခံတပ်ဖွဲ့များကမူ သံလွင်မြစ်အရှေ့ခြမ်းတွင် မိုင်းတုံ၏ အနောက်ဖက်မှ ကရင်နီနယ်စပ်ထိ၎င်း၊ သံလွင်အနောက်ခြမ်းတွင် ရှမ်းပြည်တောင်ပိုင်း၌၎င်း ဖြန့်ခွဲလှုပ်ရှားသည်။

SURA သည် ၁၉၈၄ ခုနှစ်တွင် SSA-S နှင့် ပူးပေါင်း၍ TRC/TRA ကိုဖွဲ့စည်းခဲ့သည်။ ထိုသို့ဖွဲ့စည်းစဉ်က SURA က အင်အား ၃၀၀၀ ခန့်ရှိပြီး၊ SSA-S က အင်အား ၅၀၀ ခန့်ရှိခဲ့သည်။ TRC/TRA သည် ၁၉၈၅ ခုနှစ်တွင် ခွန်ဆာ၏ SUA နှင့်ပူးပေါင်း၍ MTA အားဖွဲ့စည်းခဲ့ကြသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး