Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၈)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၈)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  ဇန်နဝါရီ ၁၇၊ ၂၀၂၀

အပိုင်း (၁၆)မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးမှာ လက်ဦးမှုမဲ့၊ အခံဘက်ကနေ လက်ဦးမှုရ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ခြေလှမ်းသစ်ဆီသို့ ချဉ်းနင်းဝင်ရောက်လာလေပြီ

လူဦးရေအရေအတွက်က ၇ သောင်း။ ကျေးရွာအရေအတွက်ပေါင်းက ၂၀ဝ ရှိတဲ့ တောင်ပေါ်ဒေသ ရွာကလေးတွေမှာ မြေဧရိယာ ဧကပေါင်း ၃ သောင်းမှာ ပေါ်ပီပင် ( ဏသစစပ ဘိန်းပင်) ကို စိုက်ပျိုးကြတယ်။ အဲဒီမြေနေရာ မှာ ဒေသတစ်ခုလုံးကို ပေါ်ပီပင်စိုက်ပျိုးမှု လုံးဝတားမြစ်ထားပါတယ်။ ဒါဟာ ကမ္ဘာမှာ တကယ့်ကို စံတင်လောက်တဲ့ အကြောင်းအချက်ဖြစ်ပါတယ်။ နောက် ပြီးတော့လည်း ''တရုတ်မြန်မာ နယ်ခြားတစ်လျှောက်ရဲ့ အံ့ချီးဖွယ်ရာ'' ရယ်လို့ လည်း ချီးမွမ်းဂုဏ်ပြုတာကို ခံရပြန်ပါသေးတယ်။

ယူနန်ပြည်နယ်က ရွှေတြိဂံနယ်ဒေသမှာ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုး ဖို့ကို တတပ်တအား ကူညီပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်နဲ့က နှစ်ကာလ နှစ်ဆယ်နီးပါး နောက်ကျခဲ့ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့ကုလသမဂ္ဂ ကြီးရဲ့ ပံ့့ပိုးကူညီကင်းမဲ့တဲ့ အောက်စည်းကနေ ကိုယ့်အားကိုယ်ကိုးပြီး ဆင်နွှဲရ တာ ဖြစ်တယ်။ လှုပ်ရှားဆောင်ရွက်မှုခရီးအတိုင်းအတာ တစ်လျှောက်လုံးမှာ ကမ္ဘာ့ ကုလသမဂ္ဂနဲ့ တခြား တိုင်းနိုင်ငံတွေရဲ့ မတည်ငွေ အစရှိတဲ့ ဝိုင်းဝန်း ကူညီမှုကင်းမဲ့ရာကနေ ဆောင်ရွက်ရတာဖြစ်လေတယ်။ အတိုင်းအတာ ထု ထည်ပမာဏရယ်၊ ထိထိမိမိ ဆုံးခန်းတိုင်အောင် ဆောင်ရွက်ရမယ့် သဘော သဘာဝကနေ ကြည့်ရမယ်ဆိုရင်တော့ ဒါဟာ ထိုင်း (ွှငေ) နိုင်ငံရဲ့ စံနမူနာပြ အသွင်သဏ္ဍာန်ထက် အဆမတန် အများအပြားသာလွန်နေပါတယ်။

ကျွန်တော်တို့ နိုင်ငံက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ဆင်နွှဲခဲ့ တာက နှစ်ကာလပေါင်း နှစ်ဆယ်ကျော်လာပါပြီ။ ကြီးမားလှတဲ့ အရင်းအနှီး တွေ ပေးဆပ်ခဲ့ရပါတယ်။ လက်ရှိ ကနေ့အထိ ယူနန်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး တိုက်ပွဲမျဉ်းတန်းမှာ ပြည်သူ့လုံခြုံရေးတပ်သား၊ လက်နက် ကိုင်ရဲတပ်သား၊ အကောက်အခွန်ဝန်ထမ်းများအစရှိတဲ့ သူရဲကောင်း အယောက် ၃၀ အသက် စွန့်သွားခဲ့ရပါတယ်။ လူပေါင်း ၂၀ဝ ကျော် အနာတရ ရသွားကြ ပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးပြဿနာတို့ကား ရှိမြဲတိုင်း ဆက်လက်တည်ရှိနေ ပြီး၊ ကြီးမားကျယ်ပြန့်ဆဲ ရှိနေတုန်းပါ။ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး တိုက်ပွဲကား ဆေးသုံးစွဲသူတွေ မှတ်ပုံတင်စာရင်းသွင်းထားတာက ၁၉၉၈ ခုနှစ်ရဲ့ စာရင်းအရ ၅"၄ သိန်း၊ ၁၉၉၉ ခုနှစ်မှာ ၆"၈၁ သိန်း၊ ၂၀ဝ၀ ခုနှစ် မှာ ထိုးတက်သွားတဲ့ စာရင်းက ၈"၆ သိန်း၊ ကျွမ်းကျင်ပါရဂူတွေရဲ့ ခန့်မှန်းချက် က တကယ့်လက်တွေ့ပိုင်းမှာ ကိန်းဂဏန်းတွေက ဒီထက် အလှမ်းကွာဝေးတဲ့ အများအပြားမှာ ရှိနေပါတယ်လို့ ဆိုကြပါတယ်။ တရုတ်ပြည်မူးယစ်ဆေးမကင်း တဲ့ ခရိုင် (မြို့၊ ဒေသ) ပေါင်း ၂၀၈၄ မြို့/ ဒေသတွေရှိပါတယ်။ နိုင်ငံတဝှမ်း ခရိုင် (မြို့၊ ဒေသ) ရဲ့ ၇၂"၇プ မှာ ကျရောက်နေပါတယ်။ နိုင်ငံတဝှမ်း အများစုမြို့ကြီးတွေအားလုံးမှာ မူးယစ်ဆေးပစ္စည်းပြဿနာတွေ တက်နေကြပါ တယ်။ ''နှစ်စဉ် နှစ်တိုင်းနိုင်ငံတော်က မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး တိုက်ပွဲရဲ့ ရန်ပုံငွေ အသုံးစရိတ်ကိန်းက ယွမ်ငွေသန်း တစ်ရာစီကို ရောက်နှင့် နေကြပါပြီ။ ယူနန်ပြည်နယ်မှာတင် နှစ်စဉ်ယွမ်သန်းတစ်ရာနီးပါး မြှုပ်နှံနေပါ တယ်''။ ဒါက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးဌာနကြီးရဲ့ အရာရှိရဲ့ ပြော စကားပါ။

ကြီးလေးပြီး သပွတ်အူလှိုက်ရှုပ်ထွေးတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ် နင်းရေးတိုက်ပွဲကား လူတွေကို အတွေးနက်နက်ထဲ နှစ်မြှုပ်လောက်အောင် တွေးခေါ်စရာကြီးတွေဖြစ်နေပါပြီ။ ''အခံဘက် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်း ရေးက လက်ဦးမှုရ မူးယစ်ဆေးဝါးတိုက်ခိုက်နှိမ်နင်းမှုလောက် အကျိုးသက်ရောက် မှု မရှိပါ'' ''မူးယစ်ဆေးထွက်ရာ ရင်းမြစ်ကို အပြတ်မရှင်းသရွေ့ မူးယစ်ဆေး စီးဆင်းမှုတွေ ရပ်ဆိုင်းမသွားနိုင်ချေ'' အကယ်၍ တစ်ကမ္ဘာလုံးက အကြီးမား ဆုံး မူးယစ်ဆေးစိုက်ပျိုးထုတ်လုပ်တဲ့ ဒေသ၊ ရွှေတြိဂံတခွင်လုံးမှာ တကယ့်စီးပွား ဖြစ် လယ်ယာသီးနှံ စိုက်ပျိုးမှုကို ပြုပြင်ပြောင်းလဲစိုက်ပျိုးပါမှ မူလဒေသရင်းမြစ် မြေကို ရှင်းလင်းပစ်နိုင်မှာဖြစ်တယ်။ တကယ့် တကယ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရန်သူကြီးက နိုင်ငံ့ရဲ့ တံခါးဝ အပြင်ဘက်ဆီမှာပါ။ ဒါ့အတွက်ကြောင့် ပညာရှင် တွေဘက်က တင်ပြကြတာက သစ်လွန်တဲ့ ''ရွှေတြိဂံ'' ယေဘုယျစိတ်ကူးစိတ်သန်း ဖြင့် ပင်ကိုယ်မူလကတည်းက ပုပ်ဟောင်နံစော်တဲ့ ရှိရင်းစွဲ ကျော်ကြားနေတဲ့ ''ရွှေတြိဂံ''ကို ဝင်ရောက်အစားထိုးကြရမယ့် အသိတွေရှိဖိုပ လိုအပ်နေပါပြီ။ '' ရွှေတြိဂံကို ရည်ညွှန်းခြင်းဟာ မြန်မာ၊ လော၊ ထိုင်းသုံးနိုင်ငံ နယ်နိမိတ်တွေ ဆက်စပ်နေတဲ့ နေရာတဝိုက်ပဲ ဖြစ်ပါတယ်။ ''ရွှေတြိဂံ''ကို ရည်ညွှန်းလိုက်တာ က တရုတ်ပြည်ယူနန်၊ မြန်မာ၊ လော၊ ထိုင်းနိုင်ငံ နယ်မြေအတွင်းက လေးနိုင်ငံ နယ်မြေတကြောကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။ ရွှေတြိဂံက အဆိပ်အတောက် တွေ ကူးစက်ပျံ့နှံ့နေတဲ့ နယ်မြေဒေသရဲ့ နာမ်းစားအခေါ်အဝေါ် ဖြစ်တယ်။ ရွှေစတုဂံကတော့ အိမ်နီးချင်းနိုင်ငံအများအပြား စီးပွားရေး ဖွင့်လှစ် (တံခါး ဖွင့်မှု) ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ (ဥပမာအားဖြင့် ယူနန်ပြည်နယ် လက်တွေ့လုပ်ဆောင်နေတဲ့ နယ်မြေဖြတ်ကျော် ပြုပြင်စိုက်ပျိုး ရေး) ဒါမှသာ မူးယစ်ကုန်ပစ္စည်း ပြဿနာကြီးကို အမြစ်ပြတ်ရှင်းလင်းပစ်နိုင် မှာဖြစ်ပါတယ်။

ယူနန်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဌာနရဲ့ ထုတ် ဖော်ချက်အရ အဲဒီစိတ်ကူး စိတ်သန်းမျိုးကို ဟိုး ၉၀ ခုနှစ် အစဦးပိုင်းကတည်း က ယူနန်ပြည်နယ် မုန်းဟိုင်ခရိုင်ကော်မတီ ဒု -အတွင်းရေးမှူး ဝေ့ချဲန်က တင်ပြခဲ့ဖူးပါတယ်။ အဲဒါရဲ့ သဘောသကာယက ဧရာမကြီးမားတဲ့ နက်ရှိုင်းလှ တဲ့ နိုင်ငံတကာ နယ်မြေဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုကြီး တစ်ချီတမောင်း လောက်တော့ လှုံ့ဆော်ဆင်နွှဲဖို့ လိုအပ်နေပါပြီ။ အဲဒီအချိန်က အစပြုပြီး နောက်ပိုင်းတွေမှာ ''နယ်နိမိတ်အတွင်း မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေးနှင့် နယ်နိမိတ်အပြင်ဘက် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတို့ ပူးပေါင်းဆောင် ရွက်ရပါမည်။ နယ်နိမိတ်အတွင်းဘက်မှာ အခြေမြဲမြဲ ရပ်တည်ပြီး၊ မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းကို နယ်နိမိတ်အပြင်ဘက် ဆန့်ထုတ်ရပါမည်'' ဆိုတဲ့ လုပ်ငန်းအတွေးအခေါ် လမ်းကြောင်းကို ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ ယူနန်ပြည်နယ် စူးမောင်။ စီးစွမ်းပန်န၊ လိန်ချန်းအစရှိတဲ့ နယ်စပ်နယ်နိမိတ် နယ်မြေခွဲ ၆ ခုမှာ စတင်ပြီး စိတ်ထားထက်ထက်သန်သန် တက်တကြွ်ကြွကနဲ့ နယ်နိမိတ်အပြင်ဘက် မူးယစ်ဆေးဝါး ရင်းမြစ်နယ်မြေဒေသတွေမှာ အစားထိုး သီးနှံပြောင်းလဲစိုက်ပျိုးဖို့ကို တတပ်တအား ကူညီဆောင်ရွက်ပေးနေပါတယ်။

၁၉၉၂ ခုနှစ် နွေဦးကာလ။ 
ဝေ့ချဲန်နှင့် မုန်းဟိုင်ခရိုင် ပြည်ပရေးရာ လုပ်ငန်းအဖွဲ့ဝင်တစ်ဦးနှင့်အတူ နယ်နိမိတ်နအပြင်ဘက်ဆီ ထွက်ပြေးပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ရဲ့ ဆဲ့လျဲ့ဒေသကို စူး စမ်းလေ့လာကြပါတယ်။ လမ်းတစ်လျှောက်တွေ့ရတာက တောင်တခွင်လုံးမှာ ပေါ်ပီပန်းတွေ ပေါပေါများများ ပွင့်လန်းဝေဆာနေပါတယ်။ ဒီတကြောမှာ ပေါ်ပီပင် မစိုက်ပျိုးတဲ့ လယ်ယာတောင်သူတို့ မရှိသလောက်ပါပဲ။ ဒီအတွက် ကြောင့် မုန်းဟိုင်ခရိုင် နိုင်ငံရေးနှင့် ဥပဒေရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ် နင်းရေးမှာ အဓိက ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဝေ့ချဲန်ရင်ထဲမှာ အရမ်းကို လေးလံနေပါတယ်။ မူးယစ်ရင်းမြစ်မြေက မုန်းဟိုင်ခရိုင်မှာ နှစ်စဉ်နှစ်တိုင်း ဖော်ထုတ်ဖမ်းဆီးမိတဲ့ ခိုးဆိုးလုယက်တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေအထဲမှာ ၉၀ プ ကျော်က မူးယစ်ဆေးသုံးစွဲသူတို့ရဲ့ ကျူးလွန်သူတွေ ဖြစ်နေပါတယ်။ ဆဲ့လျဲ့မှာ သူ တစ်ညလုံး အိပ်မရပါ။ ရင်ဆိုင်နေရတဲ့ ဘိန်းစိုက်တာ၊ ဘိန်းရောင်း ဝယ်တာ၊ ဘိန်းမှီဝဲသုံးဆောင်တာ၊ အဲဒီအကျင့်ဆိုးတွေကသာ သူ့အတွေးမှာ လုံချာလည်နေပါတယ်။ အခြေအမြစ်ကနေ ဘယ်လိုလုပ်မှသာ ဒီပြဿနာကို ဖြေရှင်းနိုင်ချေမလဲဆိုတာကိုသာ သူ တွေးနေပါတယ်။ ဝေ့ချဲန်ရဲ့ ထင်မြင်ယူဆ ချက်က ရိုးရိုးရှင်းရှင်းလေးရယ်ပါ။ သူ့အတွေးက ဝယ်တာရှိလို့ ရောင်းတာရှိ တယ်။ တကယ်လို့ မူးယစ်ဆေးဝါး သုံးစွဲသူက မူးယစ်ဆေးပစ္စည်းကိုသာ ဝယ် မရအောင် နည်းလမ်းရှာ ဆောင်ရွက်လိုက်ရင်၊ နောက်ပြီး မူးယစ်ဆေးရောင်းချ သူက ရောင်းစရာ မူးယစ်ဆေးမရှိရင် ဒါဆို ပြဿနာက တစ်ဝက်လောက်တော့ ဖြေရှင်းပြီးသားဖြစ်သွားပါပြီ။ ရွှေတြိဂံမှ ပေါ်ပီတွေကို လုံးဝတိုက်ဖျက်လိုက်မယ် ဆိုရင် မူးယစ်ရင်းမြစ်မြေ သဘောသကန်ရှိတဲ့ ရွှေတြိဂံမှာ မူးယစ်ဆေးကို အပြီးတိုင် ''သုတ်သင်ရှင်းလင်းပစ်ဖို့'' လိုအပ်နေပါပြီ။ ''ဒီသုတ်သင်ရှင်းလင်း ပစ်ဖို့''က ''လက်နက်အင်အား'' နှင့် ''ချဉ်းနင်းဝင်ရောက်စီးနင်းမှု'' တွေ မဟုတ် ပါ။ လိုအပ်တာက ဝိုင်းဝန်းကူညီပြီး ပူးပေါင်းဆာင်ရွက်တာကို အားထားရပါ မယ်။ ရွှေတြိဂံဒေသက လူတွေ ကိုယ့်ဘာသာ အကျိုးရလာဒ်မြင့်မားတဲ့ လယ် ယာသီးနှံပြောင်းလဲ စိုက်ပျိုးစေရပါမယ်။ ၁၉၄၉ ခုနှစ် မတိုင်ခင်က မုန်းဟိုင်ခရိုင် ဟာ ပေါ်ပီတွေ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးတဲ့ဒေသပါ။ ဘိန်း တအားထွက်ပါ တယ်။ ပေါ်ပီပင် စိုက်ပျိုးမှု များပြားမှုဟာ ကနေ့ ရွှေတြိဂံ ဒေသထွက်ရှိတဲ့ နှုန်းထားအောက်ကို မလော့ပါ။ တရုတ်ပြည်သစ်ပေါ် ပေါ်ထွက်လားပြီးတဲ့ နောက် ပြည်သူ့အစိုးရက တစ်ချက်လွှတ်အမိန့်ချမှတ်လိုက်ပါတယ်။ အင်မတန် တိုးတောင်းတဲ့ နှစ်အပိုင်းအခြားမှာပဲ စိတ်ဧကထောင်သောင်းတဲ့ ပေါ်ပီစိုက်ခင်း တွေမှာ လက်ဖက်၊ ဆန်စပါး၊ ကြံ စတဲ့ သီးနှံပင်တွေက အစားထိုး ဝင်ရောက် လာပါတယ်။ ကနေ့ မုန်းဟိုင်ပြည်သူလူထုကို သာဓကထားကြည့်လိုက်ကြစမ်းပါ။ သူတို့တတွေရဲ့ စာဝတ်နေရေးအတွက် ဘဝတွေဟာ ကောင်းသထက် ကောင်း လာပါတယ် အထူးဒေသ ၄ ကလည်း မုန်းဟိုင်လိုများ နည်းလမ်းရှာပြီး မစွမ်း ဆောင်နိုင်တော့ဘူးလား ခင်ဗျာ''

မြန်မာနိုင်ငံအထူးဒေသ ၄ ယာယီတာဝန်ခံဖြစ်တဲ့ တပ်မ ၃၆၉ စစ် ဦးစီးမှူး ရှဲ့ပင်းကို ဝေ့ချဲန်က မေးလိုက်တယ်။ ''မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ် နင်းရေးကို ခင်ဗျားတို့ ပြတ်ပြတ်သားသားလုပ်ချင်သလား။ တခြားစီးပွားသီးနှံ ကို တကယ်ပဲ ပြောင်းလဲစိုက်ချင်သလား'' ရှဲ့ပင်းပြန်သွားပြီး တွေးပြီးရင်း တွေးပါတယ်။ တဖန်ထပ်ပြီး အထူးဒေသခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ဆွေးနွေး တိုင်ပင်ပါတယ်။ နောက်တစ်နေ့ စောစောမှာ ဝေ့ချဲန်ကို လာရှာတယ်။ လိုလို လားလားနဲ့ ပြောလိုက်ပါတယ် ''တရုတ်အစိုးရကသာ ကူညီဖို့ကို လက်ခံမယ်ဆို ရင် ကျွန်တော်တို့ အခြားသီးနှံပင် ပြောင်းလဲစိုက်ပျိုးလိုတဲ့ ဆန္ဒရှိပါတယ်''

မုန်းဟိုင်ခရိုင်ကို ရှေ့ဦးဆုံး ရှမ်းပြည်နယ် အထူးဒေသ ၄ က တွန်း ထုတ်တဲ့ စီးပွားရေးအစားထိုး ဖွဲ့စည်းရခြင်းရဲ့ အကြောင်းချင်းရာ ၁ ကတော့ အစိမ်းရောင် အစားထိုးမှုဖြစ်တယ်။ ထိုစဉ်တုန်းက မုန်းဟိုင်ခရိုင် လက်ဖက် ခြောက်ရုံးခန်းမှာ ကျဲန်းယွင်လုံဆိုတဲ့ အဆင့်မြင့် သီးနှံစိုက်ပျိုးရေး အတတ်ပညာ ရှင်တစ်ယောက် ရှိပါတယ်။ ဒီပညာရှင်ကြီးက ၁၉၆၉ - ၁၉၇၂ တွေတုန်းက နိုင်ငံခြားရေးကော်မတီရဲ့ တရုတ်ပြည် ကျွမ်းကျင်ပညာရှင်အဖြစ် အာဖရိက တိုက် ဆာဟာရသဲကန္တရကြီးဆီ စေလွှတ်ခံရပါတယ်။ အဲဒီသဲကန္တာရပြင်ကြီး ထဲမှာ မာလီနိုင်ငံအတွက် အဆင့်မြင့် လက်ဖက်ခြံကြီး တည်ဆောက်ရေးမှာ အကူအညီပေးရပါမယ်။ ၁၉၉၂ ခုနှစ် နိုဝင်ဘာလဆန်းမှာ ကျဲန်းယွင်လုံဟာ ထပ်မပြီး တာဝန်ပေးချက်အရ ဆဲ့လျဲ့ဒေသကို စူးစမ်းလေ့လာဖို့ ရောက်လာပါ တယ်။ သူ ရောက်လာချိန်မှာ ပေါ်ပီပင်တွေ ရိတ်သိမ်းပြီးပါပြီ။ လယ်မြေတွေထဲ မှာ ပေါ်ပီပင် ရိုးပြတ်တွေသာ ကျန်ရှိပါတယ်။ ကျဲန်းယွင်လုံ တွေ့ရှိတာက အချဉ်ဓာတ် အနည်းငယ်ပါရှိတဲ့ မြေအမျိုးအစားတွေဖြစ်နေတယ်။ ဒီလိုမြေမျိုး နဲ့ ရာသီဥတုမျိုးက (အထူးသဖြင့် ပေါ်ပီပင် စိုက်ပျိုးခဲ့တဲ့မြေမှာ) ဖူသြလက်ဖက် ကို ပြောင်းလဲစိုက်မယ်ဆိုရင် အလွန်ထူးကဲတဲ့ အနံ့တစ်မျိုးသင်းနေပါတယ်။ လက်ဖက်စိုက်ဖို့ အသင့်တော်ဆုံး မြေအမျိုးအစာဖြစ်နေပါတယ်။

မြန်မာနိုင်ငံ အထူးဒေသ ၄ အစိုးရက စေလွှတ်တဲ့ အတတ်ပညာရှင် သုံးဦးရဲ့ အဖော်ပြုမှုနဲ့အတူ ကျဲန်းယွင်လုံ စူးစမ်းလေ့လာပြီးတဲ့ နှစ်ရက်မြောက် ပိုင်းမှာ ကျဲန်းယွင်လုံက ယာယီတာဝန်ခံ ရှဲ့ပင်းနဲ့ တွေ့ဆုံပြီး ပြောကြပါတယ်။ အဲဒါနဲ့ပဲ အမှတ် ၃၆၉ တပ်မနဲ့ တရားဝင် ''ဧကရာချီတဲ့ လက်ဖက်ခြံ ပူးပေါင်း လုပ်ကိုင်တည်ဆောက်ရေး သဘောတူစာချုပ်'' ကို လက်မှတ်ရေးထိုးကြပါတယ်။ လက်ဖက်ခြံ တစ်ဧကရဲ့ ရင်းနှီးမြှုပ်နှံမှုက ယွမ် ၁၇၀ဝ၊ အတတ်ပညာပိုင်းဆိုင် ရာ ဝန်ဆောင်မှုက ယွမ်ငွေ ၅၀ ဆိုပြီး သတ်မှတ်ထားပါတယ်။ အထူးဒေသ ၄ က မြေကြီး၊ ဓာတ်မြေသြဇာ၊ အလုပ်သမားကို တာဝန်ယူပံ့ပိုးပေးရပါမယ်။ တရုတ်ပြည် မုန်းဟိုင်ဘက်က တာဝန်ယူရမှာက အတတ်ပညာပိုင်းဆိုင်ရာနှင့် ပျိုးပင်ဖြစ်ပါတယ်။ စတင်စိုက်ပျိုးလို့မှ ၃ နှစ်ကြာပြီးတဲ့နောက် အထွက်နှုန်းက တစ်ဧကကို လက်ဖက်ခြောက် ၅၀ ကီလိုဂရမ် ထွက်ရပါမယ်။ အဲဒီလောက်မှ မထွက်ရင် တရုတ်ပြည် မုန်းဟိုင်ဘက်မှ လျော်ကြေးပေးရပါမယ်။

ထိုနှစ် ဒီဇင်ဘာလ။ ကျဲန်းယွင်လုံဟာ မျိုးစေ့တွေယူလာပြီး မြန်မာနိုင်ငံ ဆဲ့လျဲ့မှာ ပျိုးထောင်ပါတယ်။ လက်တွေ့စိုက်ပျိုးတာက ၁၂၄"၆ ဧကရှိလာပါ တယ်။ ၁၉၉၃ ခုနှစ် ဇွန်လမှာ ပျိုးပင်လေးတွေဟာ ၃၀ ကီလိုမီတာအမြင့် အထိ ထွားလာပါတယ်။ အောက်တိုဘာလပိုင်းမှာ စစ်ဆေးကြည့်လိုက်တော့ ရှင်သန်မှုနှုန်း ၉၀ プအဖြစ် အောင်မြင်နေပါပြီ။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက် ဖျက်နှိမ်နင်းရေးရုံးက အရာရှိတွေ ရှေ့ဆင့် နောက်ဆင့် နှစ်ကြိမ်လာရောက် ကြည့်ရှုစစ်ဆေးပါတယ်။ သူတို့က တရုတ်အစိုးရက ကူညီဆောင်ရွက်တဲ့ စီးပွားဖြစ် သီးနှံစိုက်ပျိုးမှုကို မြင့်မြင့်မားမား တန်ဖိုးဖြတ် အမွှမ်းတင်ကြပါတယ်။ ဒါ့အပြင် စိုက်ပျိုးဧရိယာ တိုးချဲ့ဖို့ကိုပါ တောင်းဆိုပါတယ်။ စိုက်ဧက သောင်းချီ တဲ့ လက်ဖက်ခြံကြီး အလျင်အမြန် ဖြစ်မြောက်လာအောင် အစွမ်းကုန် ကြိုးပမ်း ခိုင်းပါတယ်။ ခန့်မှန်းတွက်ချက်ကြည့်ရာမှာ ပေါ်ပီပင် တစ်ဧကစိုက်ရင် ဘိန်း ၂-၃ ကီလိုဂရမ် ထွက်ရှိပြီး၊ ယွမ် ၁၀ဝ၀ ဝန်းကျင်ဝင်ငွေ ရရှိပါတယ်။ လက်ဖက် စိုက်ရင် တစ်ဧကကို လက်ဖက်ခြောက် (အခြောက်) ၅၀ ကီလိုဂရမ် ထွက်ပါ တယ်။ ယွမ်ငွေ ၁၀ဝ၀ ကျော် ဝင်ပါတယ်။ ပေါ်ပီပင်စိုက်တာထက် ဝင်ငွေ ပိုမြင့်ပါတယ်။ ကနေ့ဆိုရင် အဲဒီလက်ဖက်ရွက်တွေရဲ့ ကြီးထွားနှုန်းက နှစ် ထောင်းအားရစရာပါပဲ။ နှစ်စဉ်နှစ်တိုင်း ဆွတ်ခူးရရှိပြီး ဈေးကွက်တင်နိုင်ပါပြီ။

ဒါပေမဲ့ ဒီအဖြစ်အပျက်ကလေးက ရယ်ရမလား၊ ငိုရမလား မသိရတော့ ပါ။

ဖခင်က မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးမှာ နာမည်ကျော်ကြား တယ်။ (ကျန်းယွင်လုံရဲ့ ထူးချွန်ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်ကြောင့် ၁၉၉၅ ခုနှစ်မှာ တစ်နိုင်ငံလုံးရဲ့ အလုပ်သမား စံပြဆုကို ဂုဏ်ပြုချီးမြှင့်ခံရပါ တယ်။) သူ့ရဲ့ သားတွေကျတော့ သူနဲ့က ဖီလာဆန့်ကျင်ဖြစ်နေပါတယ်။ အား လုံး မူးယစ်ဆေးသုံးစွဲမှုနဲ့ နာမည်ကြီးနေပါတယ်။ ကျဲန်းယွင်လုံမှာ သားနှစ် ယောက်ရှိပါတယ်။ သားကြီးကို ၁၉၆၉ ခုနှစ်မှာ မွေးတယ်။ သားအငယ်က ၁၉၇၄ ခုနှစ်မှာ မွေးတယ်။ ဖခင်ဖြစ်တဲ့ ကျဲန်းယွင်လုံဟာ အများကောင်းကျိုး အတွက် မြန်မာနိုင်ငံ အထူးဒေသ ၄ ကို သွားရောက်ပြီး အားကြိုးမာန်တက်နဲ့ အစားထိုးသီးနှံ စိုက်ပျိုးရေးမှာသာ စူးစိုက်နှစ်မြှုပ်ထားတဲ့အချိန်မှာပဲ သားတွေ ဟာ ဘိန်းစွဲသွားပါလေရော။ သားကြီးက ကျန်ဟုန်ဆေးဖြတ်စခန်းမှာ ဆေးဖြတ် နေတုန်းပဲ ရှိနေပါသေးတယ်။ သူဟာ ဆေးဖြတ်တာ အကြိမ်အတော်လေး ရှိသွားပါပြီ။ ဘိန်းစွဲတာကို ပြတ်ကိုး မပြတ်သေးပါ။ ဖခင် ကျဲန်းယွင်လုံဟာ သားကြီးအပေါ် စိတ်ပျက်ပြီး လက်လျှော့ရမလောက် ကြုံတွေ့နေရပါတယ်။ သားအငယ်ကောင်က မူးယစ်ဆေးသုံးစွဲတာ တစ်နှစ်ကာလလေးသာ ရှိသေး တယ်။ အလုပ်စခန်းပို့ပြီး ပြုပြင်တာကြောင့် အခုတော့ မသုံးစွဲတော့ပါဘူး။ ကျဲန်းယွင်လုံက ပြောပါတယ်။ ''သားတွေ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့သတင်း ကြားလိုက်ရတုန်းကများ ကျွန်တော် အရမ်းကို တုန်လှုပ်သွားပါတယ်ခင်ဗျာ။ အဲဒီအကြောင်းကြောင်းကြောင့် ကျွန်တော့်ဘဝတစ်ခုလုံးကို မူးယစ်ကုန်ပစ္စည်း တွေကို အမြစ်က စမြေလှန်ပစ်မယ်။ မူးယစ်ဆေးဝါးလုံးဝဆိတ်သုဉ်းရေးကို ကျွန်တော် အစွမ်းကုန် ဆောင်ရွက်သွားရမယ်''

၂၀ဝ၂ ခုနှစ် ဧပြီလကုန်ပိုင်းလောက်မှာ တရုတ်နိုင်ငံက သတင်း ထောက် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးသတင်းစုဆောင်းအဖွဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဒေသ ၄ ရုံးစိုက်ရာ မိုင်းလားကို ရောက်လာပါတယ်။ အထူးဒေသ ၄ ကျရောက်ရာနေရာက တရုတ်၊ မြန်မာ၊ လော သုံးနိုင်ငံ နယ်မြေပိုင်းခြားထား တဲ့ နေရာမှာပါ။ ဧရိယာအကျယ်အဝန်း ၄၉၅၂ စတုရန်းကီလိုမီတာ ရှိပါတယ်။ လူဦးရေက ၇ သောင်းကျော်မှာပါ။ တရုတ်ပြည်ရဲ့ စီးစွမ်းပန်နနဲ့ နယ်မြေချင်း ဆက်နေပါတယ်။ မြောက်ဘက်ပိုင်းမှာ အင်မတန် အင်အားတောင့်တင်းတဲ့ ဝအဖွဲ့အစည်းဖြစ်တယ်။ တောင်ဘက်ပိုင်းမှာက ခွန်ဆာရဲ့ အြွကင်းအကျန်အုပ်စု ရှိပါတယ်။ အနောက်ဘက်ပိုင်းက မြန်မာအစိုးရ စစ်တပ်ပိုင်းခြားထားတဲ့ ဒေသဖြစ်တယ်။ အရှေ့ဘက်ပိုင်းဟာ တရုတ်ပြည်ရဲ့ စီးစွမ်းပန်န ကိုယ်ပိုင်အုပ် ချုပ်မှု မုန်းဟိုင်ခရိုင်ဖြစ်တယ်။ ၁၉၈၉ ခုနှစ် အထူးဒေသ ၄ တည်ထောင်စက မြန်မာနိုငံ ရှမ်းပြည်နယ် အထူးဒေသ ၄ ဆိုတာက အချိနဲ့ဆုံး၊ အင်အားအသေး ငယ်ဆုံးဖြစ်တယ်။ လင်မိန်စိန့်တပ်ဟာ ကြားညှပ်နေရာကနေ ကြံဖန်ပြီး ရပ် တည်နေရပါတယ်။ အစိုးရတပ်နဲ့ လှည့်ပတ်ရှောင်ပြေးတာတွေ၊ မိတ်ဖက်တပ်တွေ နဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ကွင်းရတွေကို ကြိုးစားပမ်းစား လုပ်ဆောင်ရင်းက ရပ်တည်နေရပါတယ်။ ဒီကြိုးပမ်းမှုတွေထဲမှာ တရုတ်ပြည် ယူနန်ပြည်နယ်ရဲ့ တံခါးဖွင့်ရေးမှာ အခြေအနေ ပိုမိုကောင်းမွန်တဲ့ စီးစွမ်းပန်နနဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ အားသာချက်ကို အသုံးချလိုက်ပါတယ်။ စီးပွားရေးကို အင်တိုက် အားတိုက် ဖွင့်လိုက်ပါတယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းပိုင်းမှာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပါတယ်။ ဘက်စုံနေရာကနေ ပြင်ပဆက်ဆံရေးကောင်းမွန် ရေးကို လက်တွေ့ကျကျ အကောင်အထည် ဖော်ပါတယ်။ ဘယ်ဘက်နဲ့မှ ရန်ဘက်မဖြစ်ရလေအောင် ကြိုးပမ်းပြန်တယ်။ ဒေသစီးပွားရေးဖွံ့ဖြိုးရေးကိုသာ အလေးထားဆောင်ရွက်ပါတယ်။ လွတ်လပ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေး ပြဿနာမှာ အထူးသေ ၄ နဲ့ မြန်မာအစိုးရတို့ဟာ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခြင်းကနေ ''နှစ်ဦးနှစ်ဖက် လက်ရှိအနေအထားအတိုင်း ထိန်း သိမ်းထားပါ။ အပြန်အလှန် မကျူးကျော်စတမ်း'' ဆိုတဲ့ သဘောတူညီချက်ကို ရရှိလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာအစိုးရဘက်က လမ်းမကြီးတွေ ပြုပြင်ပေးရေး၊ စာသင်ကျောင်း ၄ ကျောင်းကို ပံ့ပိုးဆောက်လုပ်ပေးရေး၊ ဆေး ရုံ ၁ လုံး ဆောက်လုပ်ပေးရေးကို သဘောတူထားပါတယ်။ လအလိုက် ဆန် အိတ်ပေါင်း ၄၀ဝ၀၊ မြန်မာငွေ တစ်သန်းကျပ် အကူအညီပေးရေး အစက ရှိတာတွေကို သဘောတူညီချက် ရရှိလိုက်ပါတယ်။ လင်မိန်စိန့်တပ်ဖွဲ့က ထိုင်း မြန်မာနဲ့ နီးကပ်နေတဲ့ ရွှေတြိဂံဒေသက မိုင်းပန်ကို လက်လွှတ်ပေးလိုက်ပြီး မြန်မာအစိုးရရဲ့ အအုပ်ချုပ်ခံ နယ်မြေအဖြစ် ခရီးသွားလုပ်ငန်း ရှုမျှော်ခင်း ဖြစ်စေရပါမယ်။ အဲဒီခရီးသွားလုပ်ငန်းဗျူဟာ မြန်မာအစိုးရရဲ့ ပြင်ပကမ္ဘာကို ''တိုင်းရင်းသားချင်း ငြိမ်းချမ်းလွတ်လပ်စွာရှိရေး'' ကြေငြာဆိုင်းဘုတ်တစ်ချပ် ဖြစ်သွားလေတယ်။

သတင်းလာရောက်စုဆောင်းကြတဲ့ သတင်းထောက်အဖွဲ့ကို လာ ရောက်တွေ့ဆုံတာကတော့ အထူးဒေသ ၄ နိုင်ငံရေးတရားဥပဒေပိုင်းက တာ ဝန်ခံ ရှဲ့ပင်းဖြစ်ပါတယ်။ ရှဲ့ပင်းက မိတ်ဖွဲ့ပြောကြားပါတယ်။ ''အစောဆုံးကာလ က ၁၉၉၁ ခုနှစ်ကပါ။ ကျွန်တော်တို့ မူးယစ်ဆေးဝါး ရင်းမြစ်ဇာတိမြေပေါ်မှာ ရှုပ်ရှုပ်ထွေးထွေ၊ ပွေပွေလီလီ မျိုးစုံရောနှောထားတဲ့ ၃ ကီလိုဂရမ်ရှိတဲ့ စပါး မျိုးစေ့တွေကို ကြဲချလိုက်ပါတယ်။ မကြာခင်မှာပဲ ကောက်ပင်တွေကတော့ သဘောဝအလျောက် ရှင်သန်လာတာပေါ့။ ဒါနဲ့ ကျွန်တော်တို့ကလည်း ဒီတစ်ခါတော့ ဟုတ်ချေပြီဟေ့ဆိုပြီး တရုတ်ပြည်ဘက်ဆီကို စပါးမျိုးစေ့တွေ တန်နဲ့ချီပြီး လှမ်းမှာကြတာပေါ့ဗျာ။ စစချင်းတုန်းက ဒီက အရပ်သူ အရပ်သား တွေက တယ်ပြီး မစိုက်ချင်ကြဘူးဗျ။ မထင်မှတ်ဘူးဗျို့။ ကောက်နှံစပါးတွေက ကောင်းမှ တကယ့်ကို ကောင်းကိုဗျ။ အရင်ကဆိုရင် တရုတ်ပြည်ဘက်ကနေပြီး စားနပ်ရိက္ခာတွေ ဝယ်ပြီး စားရတာ၊ အခုတော့ ဒီကအရပ်သူ အရပ်သားတွေရဲ့ အိမ်တွေထဲမှာ စားစရာတွေ သုံးထားတာ အလျှံပယ်ပါပဲဗျာ''

သတင်းထောက်မေး - ''ခင်ဗျားတို့က ဘယ်လိုနည်းလမ်းမျိုးကို သုံး ပြီး ဒီကလူတွေ ဘိန်းမစိုက်အောင် လုပ်လိုက်သလဲဗျ''

ရှဲ့ပင်း ဖြေ - '' အတင်းအဓမ္မစေခိုင်းတော့ ဘယ်လိုမျိုး ဆန့်ကျင်ဘက် အကျိုးဆက်တွေနဲ့ ကြုံတွေ့ရပါသလဲခင်ဗျာ''

ဖြေ - '' ပေါ်ပီပင် မြေလှန်ရှင်းပစ်ရေး လုပ်ငန်းစဉ်ထဲမှာ အထူးဒေသ ၄ က ပေးဆပ်မှုတန်ဖိုး ကြီးကြီးမားမား ပေးရပါတယ်ခင်ဗျာ။ အဲဒီအချိန်က ဘိန်းစိုက်တောင်သူတွေရဲ့ ဘဝအခြေအနေဟာ အတော်လေးကို နိမ့်ကျနေပါ တယ်။ ထမင်းစားဖို့၊ ဆေးကုသဖို့ အတော့်ကို ပြဿနာဖြစ်နေပါတယ်။ လူ ပေါင်း ၆ ထောင်ကျော်ဟာ ရှေ့ဆင့်နောက်ဆင့်ပဲ အထူးဒေသကနေ ပြောင်း ထွက်သွားတာရှိပါတယ်ခင်ဗျ။ နောက်ပိုင်းတွေမှာတော့ တရုတ်ပြည်ရဲ့ ကူညီ ပံ့ပိုးမှုကြောင့် အထူးဒေသ ၄ ရဲ့ သီးနှံအစားထိုးစိုက်ပျိုးမှုဟာ အကျိုးရှိရှိနဲ့ အောင်မြင်ဖြစ်ထွန်းပါတယ်။ ပြီးတော့ ရှောင်မိုင်းလား (မိုင်းလားလေး) ဟာ မူးယစ်ဆေးဝါးနှင့် ကင်းရှင်းကျွတ်လွတ်သွားပြီးတဲ့နောက်မှာ ထိုင်း၊ လော၊ မြန်မာ၊ တရုတ်၊ လေးနိုင်ငံ နယ်စပ်နေ ပြည်သူလူထုတွေ လာရောက်လည်ပတ် ကြတာ တအားကို များပြားလာပါတယ်။ စီးထွက်သွားတဲ့ လူတွေကပါ ပြန်ပြီး ပြောင်းရွေ့လာကြပါတယ်။ အလုပ်လုပ်နိုင်တဲ့ စွမ်းအားတွေ အပြင်ဘက်ဆီကို စီးမျောထွက်သွားမှု အနေအထားဟာ ရပ်ဆိုင်းသွားပါလေရောဗျ။ ဆင်းရဲတွင်း လွတ်ကင်းရေး လုပ်ငန်းတွေက ထပ်ဆင့် ရှေ့တစ်လှမ်းတိုးသွားချေလေပြီ။ အခုကျတော့မှ လူသူတွေ စတင်ပြီး ပြန်လည်စီးဝင်နေကြပါပြီခင်ဗျာ''

မေး - '' ထပ်ဆင့် ဘယ်လို တန်ဖိုးတွေ ပေးဆပ်ခဲ့ရတာမျိုး ရှိပါသေး လဲ ခင်ဗျာ''

ဖြေ - '' အစားထိုးသီးနှံ စိုက်ပျိုးမှု တိုးပွားများပြားလာရေးအတွက် အထူးဒေသက နှစ်နှစ်တာ စုဆောင်းထားတဲ့ ငွေတွေကို ထုတ်ယူသုံးစွဲရပါတယ် ခင်ဗျာ။ မြန်မာငွေကျပ် သန်း ၉၀ဝ (ရင်မင်ပိ သန်းသုံးရာယွမ်) ရင်းနှီးမြှုပ်နှံ ပြီးတစ်နေ့ တန် ၈၀ဝ ထွက်ရှိတဲ့ (ကြံ) သကြားစက်ရုံစက်ရုံကို တည်ဆောက် လိုက်ပါတယ်။ ရလာဒ်ကတော့ ရောင်းလိုအားက အရေးနိမ့် သွားပါတယ်ခင်ဗျ။ သကြားစက်ရုံဟာ ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ရတဲ့ အနေအထားကို ရောက်သွား ပါတယ်။ တပ်ဆင်ထားမှု ယန္တရားအစုံအလင်ဟာ ပျက်စီးဆုံးရှုံးရတော့မယ့် အနေအထားကို ရင်ဆိုင်နေရပါတယ်ခင်ဗျာ''

မေး - ''ပေါ်ပီပင် စိုက်ပျိုးမှုကို မြေလှန်ပစ်လိုက်တော့ ထပ်စိုက်သူ များ ရှိပါသေးသလားခင်ဗျာ''

ဖြေ- ''နယ်စပ်ဒေသတွေမှာ ခိုးပြီး စိုက်တာမျိုးတော့ ရံဖန်ရံခါ ပေါ် ပေါက်လာတယ်။ ဒါပေမဲ့ နိုင်ငံတကာ လူမှုရေးအသင်းအဖွဲ့တွေ (အဓိကကတော့ တရုတ်ပြည်ပါ) ရဲ့ ကြီးကြပ်ကွပ်ကဲမှုကြောင့် အကုန်အစင် ရှင်းပစ်နိုင်ပါပြီ''

ဒါ့အပြင် ၁၉၉၃ ခုနှစ် မတိုင်းခင်တုန်းက အထူးဒေသ ၄ ကနေ မုန်းဟိုင်ခရိုင်ဆီက ခန့်မှန်းခြေစားနပ်ရိက္ခာ ကီလိုဂရမ် ၅ သိန်း ဝယ်ရပါတယ်။ အစားထိုးသီးနှံ ပြောင်းလဲစိုက်ပျိုးခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်မှာ အစပြုပြီးတော့ အထူးဒေသ ၄ က စားနပ်ရိက္ခာတွေက အခုဆိုရင် ကိုယ့်ဒေသအတွက် လုံလုံ လောက်လောက် ရှိကုန်ပါပြီ။ ဒါ့အပြင် နှစ်စဉ် ကီလိုဂရမ် နှစ်သန်းခွဲဝန်းကျင် လောက် ပိုလျှံတာကိုတောင် ထုတ်ရောင်းနိုင်ပါပြီ။

၉၀ ခုနှစ် အလယ်ပိုင်းဒေသ အတွင်းဘက် စာရင်းကောက်ယူချက် အရ အထူး ၄ ဒေသတခွင်လုံးမှာရှိတဲ့ ကျေးရွာပေါင်း ၄၀ဝ အထဲမှာ ကျေးရွာ ပေါင်း ၃၀ဝ နီးပါး ပေါ်ပီပင် စိုက်ပျိုးကြပါတယ်။ တစ်နှစ်ကို ဘိန်းရိုင်းကီလို ဂရမ် ၁ သောင်းထွက်ရှိပါတယ်။ မူးယစ်ဆေးသုံးစွဲသူပေါင်း ၂၁၅၃ ယောက်ရှိ ပြီး၊ လူဦးရေ စုစုပေါင်းရဲ့ ၅ プ မှာ ရှိနေပါတယ်။ နယ်နိမိတ်အတွင်းမှာ ဟီး ရိုးအင်းထုတ်လုပ်တဲ့ စက်ရုံရှိရုံသာမကသေးပါ။ မူးယစ်ဆေးပစ္စည်း အများအပြား တရုတ်ပြည်ကို သယ်ဆောင်သွားပါတယ်။ အရင်ကဆိုရင် ဘိန်းစိမ်းဟာ ကျွန်တော်တို့ဆီက တစ်ခုတည်းသော စီးပွားရေး သီးနှံထွက်ပစ္စည်းသာဖြစ်ပါ တယ်။ အထူးဒေသ တည်ထောင်ပြီးတဲ့အချိန်က အစပြုပြီး လင်မိန်စိန့် ဦး ဆောင်တဲ့ အထူးဒေသ ၄ စစ်ကော်မတီဟာ တရုတ်ပြည်ရဲ့ ဂယက်ရိုက်ခတ်မှု (သြဇာညောင်းမှုကြောင့်ရယ်၊ နိုင်ငံတကာ လူ့ဘောင်အဖွဲ့အစည်းတို့ရဲ့ ပြင်း ထန်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ဖိအားတွေကြောင့်၊ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကို ဆောင်ရွက်မှသာ မြန်မာနိုင်ငံ ဗဟိုအစိုးရရဲ့ ထောက် ခံအားပေးမှုကို ရနိုင်မှာဆိုတာကို သိမြင်လာကြပါတယ်။ ဒါမှလည်းပဲ တရုတ် နိုင်ငံနှင့် နိုင်ငံတကာ လူ့ဘောင်အဖွဲ့အစည်းတို့ရဲ့ အားပေးကူညီမှုကို ရရှိမှာ ဖြစ်တယ်ဆိုတာကိုလည်း သိမြင်လာကြပါတယ်။

၁၉၉၁ ခုနှစ်မှာ အထူးဒေသအစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ် နင်းရေးကို စတင်ဆောင်ရွက်ပါတယ်။ မူးယစ်ဆေးဝါးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေ၊ ဘိန်းစိုက်မြေတွေကို တွန်းလှဲဖြိုဖျက်ပစ်ပါတယ်။ မူးယစ်ဆေးပစ္စည်း တွေကို မီးရှို့ဖျက်ဆီးပစ်ပါတယ်။ မူးယစ်ဆေးပြုပြင်ထုတ်လုပ်တဲ့ စက်ယန္တရား တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဖျက်ဆီးပစ်ပါတယ်။

၂၂-၃-၁၉၉၁ တစ်ချီတမောင်းတည်းနဲ့ မန်းစိုး၊ မန်ပိုက်၊ မန်ဖြတ် တကြောက ဧကပေါင်းရာချီတဲ့ ပေါ်ပီခင်းကို ဖျက်ဆီးပစ်လိုက်ပါတယ်။

၅-၅-၁၉၉၁။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်း ရေး အဖွဲ့အစည်းနှင့် တချို့နိုင်ငံခြား သံတမန်တို့ရဲ့ ကြီးကြပ်မှုကြောင့် အမေရိ ကန်ဒေါ်လာ သန်း ၁၅၀် ဒေါ်လာတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ ဖျက်ဆီးပစ်လိုက်ပါတယ်။ ရုံးစိုက်ရာ မုန်းလရဲ့ မူးယစ်ဆေးဝါးပစ္စည်း ပြုပြင် ထုတ်လုပ်တဲ့ စက်ရုံကို တွန်းလှန်ဖျက်ဆီးလိုက်ပါတယ်။ ဒီနှစ်ကြိမ် လူသိရှင် ကြား မူးယစ်ဆေးမြေလှန်ပစ်ရေး၊ မီးလောင်တိုက်သွင်းရေး လှုပ်ရှားမှုက အထူးဒေသ ၄ ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးမှာ နိုင်ငံတကာနဲ့ ပူး ပေါင်းဆောင်ရွက်တဲ့ ကန့်လန့်ကာကို ဆွဲတင်ဖွင့်လှစ်လိုက်ချေပြီ။ ဒီအချိန်ကာ လရဲ့ ဝေးလံခေါင်သီတဲ့ နယ်ခြားဒေသမှာ ပေါ်ပီပင်စိုက်တဲ့ပြဿနာဟာ ရံဖန် ရံခါ ပေါ်ပေါက်မှုတွေ ရှိနေပါသေးတယ်။ နိုင်ငံတကာ လူမှုရေးအသင်းအဖွဲ့ ရဲ့ ကြီးကြပ်စောင့်ကြည့်မှုအောက်မှာ အလုံးစုံစေရေးရဲ့ အစားထိုးသီးနှံ စိုက်ပျိုး ရေး ပြဿနာဟာ အစဉ်တစိုက် တစ်လျှောက်လုံး လူမှုရေးအသင်းအဖွဲ့အသီးသီး တို့ရဲ့ စူးစမ်းလေ့လာရမှာ သင်ခန်းစာဖြစ်ပေတယ်။

နိုင်ငံတကာ လူ့ဘောင်အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ ဗဟိုအစိုးရတို့ ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးဖိအားကို ရင်ဆိုင်ပြီး အထူးဒေသ ၄ က ၁၉၉၂ ခုနှစ်မှာ ''စိုက်ပျိုးမှု ပိတ်ပင်တားမြစ်ရေး၊ ထုတ်လုပ်မှု ပိတ်ပင်တား မြစ်ရေး'' ဆိုတဲ့ ပိတ်ပင်တားမြစ်ရေးအကြောင်းအရာ ငါးချက်ကို မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ခြောက်နှစ်စီမံကိန်းအဖြစ် လုပ်ဆောင်သွားမှာဖြစ်တယ်။ စီမံကိန်းကို ၆ နှစ်တာ အချိန်ကာလသုံးပြီး စီရင်စု နယ်နိမိတ်အတွင်းမှာရှိတဲ့ ရှိရှိသမျှ ပေါ်ပီပင်တွေကို မြေလှန်ရှင်းပစ်ရပါမယ်။ ၆ နှစ်တာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးစီမံကိန်းကို လက်တွေ့ဆောင်ရွက်လာတဲ့ ကာလတစ် လျှောက်လုံးလုံး အထူးဒေသ ၄ က ရှေးဦးစွာ စိုက်ပျိုးမှု ပိတ်ပင်တားဆီးရေး နှင့် ထုတ်လုပ်မှု ပိတ်ပင်တားဆီးရေးဘက်မှာ ပြင်းပြင်းထန်ထန် ဆောင်ရွက်ပါ တယ်။ ၁၉၉၄ ခုနှစ်ကိုရောက်တော့ ဘိန်းခင်း ၁၄၄၉၈ ဧကသာ ကျန်ရှိပါတော့ တယ်။ အထူးဒေသ ၄ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးရဲ့ ဆုံးဖြတ်ချက်နှင့် စွမ်းရည်ပမာဏက အရမ်းကို ကြီးမားလှပါတယ်။ မူးယစ်ဆေးဝါးငြိစွန်းတဲ့ အဆင့််မြင့်အရာရှိအချို့ကိုပါ အရေးယူအပြစ်ပေးခဲ့ပါတယ်။ ဒီအထဲမှာ ဒုတပ်မ မှူး အဆင့်ကေဒါ ၅ ဦး ပါဝင်နေပါတယ်။ နဂိုမူလကတည်းက အထူးဒေသ အမှတ်နှစ်ပုဂ္ဂိုလ် ချဲဖီပါ အရေးယူ အပြစ်ပေးခံရတဲ့အထဲမှာ ပါဝင်ပါတယ်။ ချဲဖီဟာ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှု လှုပ်ရှားမှုကြီးမှာ ပါဝင်နေတာ ကို ပစ္စည်းနဲ့တကွ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရှာဖွေသိမ်းဆည်းခံရတဲ့ မူးယစ်ဆေး ပမာဏ များပြားတာရယ်၊ ပြစ်မှုက ကြီးလေးလွန်းတာရယ်တို့ကြောင့် ၂၀ဝ၁ ခုနှစ်မှာ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ပြီး သေနတ်နဲ့ ပစ်သတ်ပြီး ပြစ်ဒဏ်ခတ် လိုက်ပါတယ်။

အထူးဒေသ ၄ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးက ဒေသတစ်ခု လုံးမှာ ဗေဆော်ဦးလုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဖိန်ပဒေသမှာ ဆန်စပါး၊ ကြံ၊ ပြောင်းအစရှိတဲ့ စီးပွားဖြစ် အစားထိုးသီးနှံက ပေါ်ပီပင် စိုက်ပျိုးရေးနေရာမှာ တက်တကြွ်ကြွက အားကြိုးမာန်တက် လုပ်ဆောင်လာကြပါတယ်။ တရုတ်ပြည် မုန်းဟိုင်ခရိုင်ရဲ့ ကူညီပံ့ပိုးမှုအောက်မှာ အထူးဒေသ ၄ က ကနေ့အထိ အထွက်မြင့်မားတဲ့ လက်ဖက်မျိုး ၁၂၈ ဧက၊ မျိုးကူးမျိုးစပ်စပါး ၄၀ဝ ဧက၊ ကြံ ၁၀ဝ၀ ဧက၊ ရော်ဘာ ၈၀ဝ၀ ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။ အခြေခံ အားဖြင့် ပေါ်ပီပင်နေရာဝင်ပြီး အစားထိုး စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပြည်သူတွေရဲ့ နေထိုင်မှု အဆင့်အတန်းဟာ ပိုမိုကြီးမားတဲ့ အကောင်းဘက်ဆီ ပြောင်းလဲသွား ပါပြီ။ နယ်စပ်ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးကို တရုတ်ပြည်ဘက်က လျှပ်စစ်ဘက်၊ စာတိုက်လုပ်ငန်းစတဲ့ ပြဿနာတွေကို ကူညီဆောင်ရွက်ပေးပါ တယ်။ သာယာပျော်ရွှင်ရေး၊ စားရေးသောက်ရေး၊ ကုန်သွယ်မှု စီးပွားရေး အစရှိတာတွေ ဖွံ့ဖြိုးတိုးတက်စေပါတယ်။ နှစ်စဉ် နှစ်တိုင်း စက်မှုလုပ်ငန်း ကုန်သွယ်ရေး အကောက်အခွန် ရင်မင်ပိ သန်း ၂၀ဝ ယွမ် ကောက်ခံရရှိပါတယ်။ နောက်ထပ်ပြီး ဖွံ့ဖြိုးတိုးတက်လာမှုလုပ်ငန်းတစ်ရပ်က နိုင်ငံနယ်နိမိတ် ဖြတ် ကျော်တဲ့ ခရီးသွားလုပ်ငန်းဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း တရုတ်ပြည်ကနေ နယ်နိမိတ် ဖြတ်ကျော်ပြီး ဝင်ရောက်လာကြတဲ့ ခရီးသွားဦးရေကတော့ လူ (အကြိမ်) တစ်သန်းကို ကျော်မြောက်လာပါတယ်။ ဝင်ထွက်ပေါက် ဂိတ်ကြေး မှာတင် နှစ်စဉ် ရင်မင်ပိ ယွမ် သန်း ၅၀ မှာ ရှိပါတယ်။

၁၉၉၇ ခုနှစ်ရောက်လာတော့ အထူးဒေသ ၄ ရဲ့ ဧက ၃ သောင်းကျော် ပေါ်ပီပင်စိုက်ခင်းဟာ အခြေခံအားဖြင့် မူးယစ်ဆေးလုံဝ ကင်းကင်းရှင်းရှင်း ဖြစ်သွားပါပြီ။ ဒါကတော့ မြန်မာနိုင်ငံဘက်ကရယ်၊ တရုတ်နိုင်ငံဘက်က စည်း ရုံးရေးအဖွဲ့ဝင်တွေ အခင်းဖြစ်တဲ့နေရာတွေဆီ စစ်ဆေးပြီးမှ သက်သေအဖြစ် ရရှိတဲ့ အဖြေပဲ ဖြစ်ပါတယ်။ အစားထိုးထုတ်လုပ်မှုရဲ့ ဖွံ့ဖြိုးတိုးတက်မှုက မြန်မာနိုင်ငံဘက်က ဝမ်းဝရေး ပြဿနာကို ပြေလည်သွားစေတဲ့အပြင် အခြား မျက်နှာစာ အသီးသီးမှာလည်းပဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ '' မူး ယစ်ဆေးက စစ်တပ်ကိုမွေး၊ စစ်တပ်က မူးယစ်ဆေးကို ကာကွယ်ပေး'' ဆိုတဲ့ မျက်နှာစာကနေ အလွတ်ရုန်းထွက်ရပါမယ်။ ၁၉၉၂ ခုနှစ်မတိုင်ခင်က မြန်မာ နိုင်ငံ အထူးဒေသ ၄ မှာ ပေါ်ပီပင်စိုက်ဧက ၃ သောင်းရှိပါတယ်။ ၁၉၉၈ ခုနှစ်က တရုတ်ပြည်ဘက်က ပါဝင်တဲ့ ကျေးရွာပေါင်း ၁၀၇ ရွာကို ရှာဖွေစစ်ဆေး တာမှာ ကျိုးတိုးကျဲတဲ စိုက်ပျိုးထားမှု အနည်းအကျဉ်းကိုသာ တွေ့ရှိရပါတယ်။ ထပ်ဆင့်ပြီး နှစ်နှစ်တာ ကြိုးပမ်းဆောင်ရွက်လိုက်တော့ အခုဆိုရင် ပေါ်ပီပင် စိုက်ပျိုးမှု လုံးဝဥဿုံကင်းရှင်းသွားပြီးဖြစ်တယ်။

၂၂-၄-၁၉၉၇ နေ့မှာ မြန်မာနိုင်ငံအစိုးရနံပါတ် ၃ ပုဂ္ဂိုလ် ဗိုလ်ချုပ်ခင် ညွန့်ရယ် မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံဆယ်နိုင်ငံကျော်က သံအမတ်ကြီး တွေ၊ စစ်သံမှူးတွေနဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး အစည်း အရုံးအပြင် ကမ္ဘာသစ် မီဒီယာတို့ကနေ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ''မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးရဲ့ ၆ နှစ်စီမံကိန်းကား အခြေခံပိုင်းမှာ ပေါ်ပေါက်ပြီးဖြစ်ပါတယ်။ မျက်မှောက်ကာလမှာ ၄င်းနယ်မြေရဲ့ ဖြတ်သန်းမှုလမ်းတစ်ရပ်အနေနဲ့ မှောင် ခိုလမ်းကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်းပဲ လွန်ခဲ့တဲ့ ရှစ်နှစ်မတိုင်ခင်က နဲ့ နှိုင်းစာလိုက်ရင် ၈ プ ကနေ ယုတ်လျော့ကျဆင်းတာဟာ ၃၈။ ၁၀ဝ၀ဝ နှုန်းဆီ သက်ဆင်းနေပါပြီ။

၁၉၉၇ - ၂၀ဝ၁ လေးနှစ်တာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး ခိုင်ခံ့သွားတဲ့ကာလဖြစ်တယ်။ ဒီမူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး လုံးလုံး လျားလျား ခိုင်ခံ့မှုကို ရရှိလာခဲ့ရာမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ဘက် အထူးဒေသ ၄ က ပေါ်ပီပင် အမြစ်ပြတ်ရေး၊ မူးယစ်ဆေး အမြစ်ပြတ်ရေးတွေ ကို လုံးလုံးလျားလျား အောင်မြင်မှုကို ရရှိလိုက်ပါတယ်။ လူတွေရဲ့ ဘဝကြီးကြီး ကျယ်ကျယ်ကြီးကို သာယာဖြောင့်ဖြူးပြီး အဆင့်အတန်း မြင့်မားလာကြပါတယ်။ လူဦးရေက ၇ သောင်း၊ ကျေးရွာပေါင်း ၂၀ဝ ကျော်တဲ့ တောင်ပေါ်ရွာမှာ ပေါ်ပီပင်စိုက်ဧက ၃ သောင်း စိုက်ပျိုးခဲ့တဲ့မြေမှာ ခုပေါ်ပီပင်တွေ အမြစ်ကစ မြေလှန်ခဲ့တယ်။ မူးယစ်ဆေးဝါးတွေ လုံးဝကင်းစင်သွားပါတယ်။ ဒါဟာ ကမ္ဘာ ပေါ်မှာ တကယ့်ကိုရှားပါးလှတဲ့ စံတင်လောက်တဲ့ ပြယုဂ်ဖြစ်ပါတယ်။ ''တရုတ် မြန်မာနယ်နိမိတ်ရဲ့ အံ့ချီးဖွယ်ရာ'' ဟူ၍ ချီးမွမ်းဂုဏ်ပြုတာကို ခံရပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ ၄ က ပထဝီမြေအနေအထားအရ တရုတ်၊ မြန်မာ၊ ထိုင်း၊ လော လေးနိုင်ငံ ဆက်စပ်တဲ့ နေရာဒေသ ဖြစ်နေတာ ကြောင့် အခုထက်တိုင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားကြတဲ့ အဖွဲ့ အစည်းတွေက အင်မတန် အဆင်ပြေချောမွေ့တဲ့ မူးယစ်ဆေးဝါးမှောင်ခိုလမ်း ကြောင်းတစ်ခုရယ်လို့ အသတ်မှတ်ခံနေရတုန်းပါပဲ။ ဒါပေမဲ့ လက်တွေ့ကျကျ အစားထိုးသီးနှံ ပြောင်းလဲစိုက်ပျိုးလာကတည်းကစပြီး အထူးဒေသ ၄ ပိုင်နက် နယ်မြေထဲက မူးယစ်ဆေးတွေ တရုတ်ပြည်နယ်နိမိတ် ဖြတ်သန်းမှုကြီးဟာ အကြီးအကျယ် လျော့ကျသွားပါပြီ။ ဒီပြဿနာကို ရှင်းလင်းပြောပြနိုင်တဲ့ ကိန်းဂဏန်းတွေရှိလို့နေပါတယ်။ ၂၀ ရာစုခေတ်ကို ပြောင်းလဲပစ်တော့မယ့် ၉၀ ခုနှစ်ကာလ၊ တရုတ်ပြည် မုန်းဟိုင်ခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့က မူးယစ် ဆေးဝါးအမှုပေါင်း ၄၆၂ မှုကို ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ ၈၀ ခုနှစ် ကာလက ရှာဖွေဖမ်းဆီးရမိတဲ့ ၇၅၃ မှုနဲ့ နှိုင်းယှဉ်လိုက်ရင် အမှုပေါင်း ၂၉၁ မှု လျော့နည်း နေတာကို တွေ့ရပါလိမ့်မယ်။ အချိုးနှုန်းအနေနဲ့ ၃၈"၆၅プ ကျဆင်းပါတယ်။ ၉၀ ခုနှစ် နောက်ပိုင်း ၅ နှစ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအမှု ၁၆ ဖြစ်ပါ တယ်။ ဒါဟာ အစားထိုးသီးနှံ လက်တွေ့စိုက်ပျိုးမှု တစ်လျှောက်လုံးကို ထင် ထင်ရှားရှား ဖော်ပြနေတာပဲဖြစ်ပါတယ်။ ဘာများလဲဆိုတော့ အထူးဒေသ ၄ ကမှောင်ခိုအဖွဲ့တွေရဲ့မူးယစ်ဆေးဝါးတွေ တရုတ်ပြည်ထဲ စီးဝင်မှု အကြီး အကျယ် ယုတ်လျော့ကျဆင်းတာကို အထင်အရှားဖော်ပြနေတာပဲဖြစ်ပါတယ်။ဘိန်းစိမ်းကိုပဲ သာဓကထားရမယ်ဆိုရင် ၈၀ ခုနှစ်တုန်းက မုန်းဟိုင်ခရိုင်မှာ ၃၃"၂၅ ကီလိုဂရမ် ဖမ်းဆီးတယ်။ ၉၀ ခုနှစ်မှာ ၁၃၄"၈၃ ကီလိုဂရမ် ဖမ်းဆီး တယ်။ ဒါဟာ ၈၀ ခုနှစ်ထက် ၁၉၇"၆၇ ကီလိုဂရမ် လျော့ကျသွားခြင်းပါပဲ။ ၅၉"၅ プကျဆင်းတာဖြစ်တယ်။ ၁၉၉၉ ခုနှစ်မှာ ၃"၃ ကီလိုဂရမ်သာ ဖမ်းဆီး လိုက်ရပါတယ်။ နှစ်နှစ်ဆယ်အတွင်းမှာ အနည်းဆုံးတစ်နှစ်ပါပဲ။ မုန်းဟိုင်ခရိုင် ကော်မတီရဲ့ သုံးသပ်ချက်ကတော့ ''မူးယစ်ပစ္စည်း စီးဝင်မှု ကိန်းအရေအတွက်က တအားကို ကျဆင်းပါတယ်။ ဒါဟာ ပြည်သူလူထုရဲ့ ဘေးဒုက္ခအန္တရာယ်ဆိုး ကြီး လျော့ပါးသွားခြင်းပါပဲ။ အဲဒီရမှတ်တွေရဲ့ ပိုင်ဆိုင်မှုဟာ တကယ်တော့ လက်တွေ့ကျကျ သီးနှံအစားထိုးစိုက်ပျိုးခြင်းဖြင့် နီးနီးကပ်ကပ် ဆက်စပ်မှုဟာ ခွဲခြားလို့ကို မရပါ။

အစားထိုးသီးနှံ စိုက်ပျိုးမှုရဲ့ ကြိုးပမ်းမှုဟာ တိုက်ရိုက်အကျိုးထူး ခံစာရရုံတင်မကပါ။ ဒီနယ်မြေဒေသရဲ့ လမ်းပန်းပြုပြင်ဖောက်လုပ်ရေး၊ လျှပ်စစ် ဓာတ်အားပေးရေး၊ ကျောင်းဆောက်လုပ်ပေးရေးတွေကိုပါ ကူညီပံ့ပိုးမှုတွေပါ အကျိုးပြုပါသေးတယ်။ အဲဒါကနေပြီး လမ်းပန်းဆက်သွယ်ရေး၊ ရေးအကျိုး ပြုဆောင်ရွက်ရေး၊ စာပို့ဆက်သွယ်ရေး အစရှိတဲ့ အခြေခံကျကျ ဆောင်ရွက်နိုင် ခဲ့ပြီး ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးရေးတိုးတက်လာပါ တယ်။ ပြီးပြည့်စုံမှုရှိပြီး အရောင်အသွေး ထူးခြားတဲ့ အစားထိုး ကုန်ထုတ်လုပ်မှု လုပ်ငန်းပေါ်ထွန်းလာမှုရဲ့ အစပထမ ခြေလှမ်းပါပဲ။

ကောက်ယူတဲ့ စာရင်းဇယားအရ ၁၉၉၂ ခုနှစ်က အစပြုတဲ့ တိုတောင်း လှတဲ့ ဆယ်နှစ်ကာလအတွင်း၊ တရုတ်ပြည်နယ်က ရွှေတြိဂံနဲ့ ထိကပ်တဲ့ နယ် မြေဒေသတွေမှာ အစားထိုးသီးနှံ ဧကလေးသိန်းခွဲ စိုက်ပျိုးဖို့ကို ယွမ်သန်း သုံးရာ ရင်းနှီးမြှုပ်နှံမှုနဲ့ လူပေါင်း ၃ ထောင်ကျော်ရဲ့ နည်းပညာ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးပါတယ်။ ကီလိုမီတာ ၄၀ဝ၀ ကျော် ရှည်လျားတဲ့ နယ်ခြားမျဉ်း အပြင်ဘက်မှာ ဧကပေါင်း ၄၄၅၄၈၃ အစားထိုးသီးနှံ စိုက်ပျိုးပါတယ်။ အစား ထိုးစိုက်ပျိုးတဲ့ စီးပွားဖြစ်လယ်ယာသီးနှံပင်တွေအထဲမှာ ပါဝင်ကြတာကတော့ ရော်ဘာ၊ ကြံ၊ ဆန်စပါး၊ မက်မန်း၊ လက်ဖက်စတာတွေ ဖြစ်တယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ (၁)၊ ဝပြည်နယ်အထူးဒေသ (၂)၊ ကချင်ပြည်နယ် အထူးဒေသ (၃) ၊ ရှမ်းပြည်နယ် အရှေ့ဘက် အထူးဒေသ (၄) အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပိုင်းခြားထားတဲ့ စီရင်စုဒေသတွေမှာ အားလုံးက ပေါ်ပီပင် စိုက်ပျိုးရေးကို စွန့်လွှတ်ကြောင်း ကတိပေးကြပါတယ်။

၁၂ နှစ်ကာလရဲ့ ရှေးယခင်က တရုတ်ပြည် ယူနန်ပြည်နယ် စီးစွမ်း ပန်နာ ပြည်နယ်ခွဲ မုန်းလခရိုင် ဒုခရိုင်မှူး ဆလွေက တပ်ဖွဲ့ကို ဦးဆောင်ပြီး လောနိုင်ငံ နန်ထပြည်နယ်မှာ ပထမဦးဆုံး ရော်ဘာပင် တစ်ပင်ကို စိုက်လိုက် ပါတယ်။ သူ သဘောပေါက်လိုက်တာကတော့ ''အစိမ်းရောင် မူးယစ်ဆေးဝါးတိုက် ဖျက်နှိမ်နင်းရေးလုပ်ငန်းတစ်ရပ်က စတင်လိုက်ချေပြီ'' ဆိုတာပါပဲ။ ဒါက ဘာ ကို ရည်ညွှန်းပြီး ပြောနေသလဲဆိုတော့ တရုတ်ပြည် ယူနန်ပြည်နယ်က ငွေ ကြေးကူညီပံ့ပိုးပြီး ရွှေတြိဂံဒေသမှာ စားစရာသီးနှံပင်နှင့် စီးပွားဖြစ်လယ်ယာ စိုက်ပျိုးကုန်တိုိ့ကို စိုက်ပျိုးပြီး ''စီးပွားရေး အစားထိုးမှု'' ကို လက်တွေ့ကျကျ ဆောင်ရွက်ခြင်း မည်ပေတယ်။ စားနပ်ရိက္ခာနှင့် စီးပွားဖြစ် လယ်ယာစိုက်ပျိုး မှုဖြင့် ပေါ်ပီပင်နေရာကို အစားထိုးဝင်ရောက်ကြပြီး ကုန်သည်စီးပွား ကုန်သွယ် ရေး၊ ခရီးသွားလာရေးနှင့် ထူးခြားမှုအရောင်အသွေး ဖွံ့ဖြိုးတိုးတက်လာစေရပါ မယ်။ ပြင်ပတံခါးဖွင့်မှုကို တိုးချဲ့ရမယ်။ ယဉ်ကျေးမှုအဆင့်ကို မြှင့်တင်ရမယ်။ ဘဏ္ဍာငွေကြေး ဝင်ငွေ တိုးပွားရမယ်။ ပြည်သူအများရဲ့ ဘဝကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရမယ်။ ဒီလိုအကြောင်းအချက်တွေနဲ့ ပေါ်ပီစိုက်ပျိုး နယ်မြေ ဒေသကို မူးယစ်ဆေးပစ္စည်းအပေါ် အားထားနေရတဲ့ အချက်ကို ပြောင်းလဲပစ် ရမယ်။ စကားတစ်ခွန်းကိုပဲ သုံးနှုန်းပြီး အကြမ်းဖျဉ်း ရုပ်လုံးဖော်လိုက်ရမယ်ဆို ရင် ''သမာသမတ်ကျတဲ့ စီးပွားရေးက မူးယစ်ကုန်ပစ္စည်း စီးပွားရေးကို အစား ထိုးရပါမယ်။ အဲဒီလုပ်ရပ်တွေနဲ့ နောက်ဆုံးပန်းတိုင်မှာ ပေါ်ပီပင်စိုက်ပျိုးရေးကို အပြီးအပြတ် မြေလှန်စနစ်နဲ့ ချေမှုန်းပစ်ရပါမယ်။

အစားထိုးသီးနှံစိုက်ပျိုးခြင်းဟာ ယူနန်က ဗွေဆော်ဦး အစပြု တီထွင် ခဲ့ခြင်းမဟုတ်ပါ။ ထိုင်းနိုင်ငံက ၂၀ ရာစုခေတ် ၇၀ ခုနှစ်မှာ အသေးစား စမ်း သပ်မှုတွေ စတင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမြောက်ဘက်ပိုင်းဟာ နဂိုမူလကတည်းက ပေါ်ပီပင် စိုက်ဧက ၃ သိန်းရှိပါတယ်။ ရွှေတြိဂံရဲ့ အရေးပါတဲ့ မူးယစ်နယ်မြေ ဒေသဖြစ်ပါတယ်။ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတွေက ရှေ့ဆင့်နောက်ဆင့်ပဲ အမေရိကန်ဒေါ်လာ သန်းပေါင်းရာချီ ရင်းနှီးမြှုပ်နှံကြပြီး အစားထိုးသီးနှံပင် စိုက်ပျိုးရေးကို အင်တိုက် အားတိုက် ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ နှစ်ပေါင်း သုံးဆယ်ကုန်လွန်ပြီးတဲ့နေ့မှာ ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်းရဲ့ ပေါ်ပီပင် စိုက် ပျိုးမြေဧရိယာဟာ ၈၀ プ ယုတ်လျော့ကျဆင်းသွားပါတယ်။ ယူနန်က ရွှေတြိဂံ နယ်မြေဒေသကို အစားထိုးသီးနှံ စိုက်ပျိုးဖို့ကို ကူညီဆောင်ရွက်ပေးပါတယ်။ ဒါဟာ ထိုင်းနိုင်ငံထက် နှစ်ပေါင်း နှစ်ဆယ်နီးပါး နောက်ကျနေပါပြီ။ ဒါပေမဲ့ အဲဒီကူညီဆောင်ရွက်မှုက ကုလသမဂ္ဂရဲ့ ကူညီပံ့ပိုးမှုမရှိဘဲ ကိုယ့်ဘာသာ လုပ်ဆောင်ရတာဖြစ်တယ်။ လှုပ်ရှားဆောင်ရွက်မှုဖြစ်စဉ်ထဲမှာ ကုလသမဂ္ဂနှင့် တခြားတိုင်းနိုင်ငံတို့ရဲ့ ငွေကြေးထည့်ဝင်မြှုပ်နှံမှု အစရှိတာတွေက လစ်ဟင်း ပျက်ကွက်နေပါတယ်။ ဒါ့အပြင် အတိုင်းအတာထုထည်ပမာဏနှင့် ထိထိ ရောက်ရောက် အောက်ခြေသိမ်း ဆောင်ရွက်မှုတို့က ထိုင်းနိုင်ငံရဲ့ ''ပြင်ဆင်စိုက် ပျိုး'' စီမံကိန်း (အစားထိုး စိုက်ပျိုးမှု) မျိုးက၊ ယူနန်က အင်တိုက်အားတိုက် ဆောင်ရွက်တဲ့ ''စီးပွားဖြစ်အစားထိုး'' ရေးမှာ ပါဝင်တဲ့ လုပ်ငန်းရပ်တွေအားလုံး ရဲ့ တစ်စိတ်တစ်ပိုင်းမျှသာ ရှိပါတယ်။ ယူနန်ရဲ့ ''စီးပွားရေးအစားထိုး စိုက်ပျိုး မှု'' မှာ စားနပ်ရိက္ခာ ကိုယ့်ကိုကိုယ် ဖြည့်ဆည်းပေးရေး ပါဝင်နေပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် ပြုပြင်ရမယ်၊ ပြင်ပကို တံခါးဖွင့်ပေးရ မယ်၊ ကုန်သည်လုပ်ငန်း ကုန်သွယ်ရေးနှင့် ကျန်းမာရေးတွေကို ဖွံ့ဖြိုးတိုးတက် စေရမယ်။ ပြည်သူများရဲ့ ယဉ်ကျေးမှု ပင်ကိုယ်အရည်အချင်းစတဲ့ အရင်းခံ အချက်ကို မြှင့်တင်ပေးရပါမယ်။ အရင်းခံကနေပြီး မူးယစ်ရင်းမြစ်ဒေသရဲ့ သမာသမက်ကျတဲ့ စီးပွားရေးကို လေ့ကျင့်ပျိုးထောင်ပေးရပါမယ်။ ခေတ်မီ ယဉ်ကျေးမှု အဆင့်ကို မြှင့်တင်ရမယ်။ ''အစားထိုး ပြုပြင်စိုက်ပျိုးရေး'' ရဲ့ ကြံ့ခိုင်မှုစွမ်းအားကို မြှင့်တင်ရပါမယ်။

အတိုင်းအတာထုထည်ပမာဏက ကြည့်ရင် ထိုင်းနိုင်ငံက ကျေးရွာ ဆယ်ရွာကျော်မျှသာ ဆောင်ရွက်နိုင်ပါတယ်။ ယူနန်ကျတော့ မြန်မာနိုင်ငံ၊ လောနိုင်ငံတို့ရဲ့ ရာထောင်ရှိတဲ့ ကျေးရွာတွေကို လုပ်ငန်းဆောင်ရွက်တာဖြစ် တယ်။ ရယူပိုင်ဆိုင်လိုက်တဲ့ အကျိုးအာနိသင်တွေကလည်း အားရစရာပါ။ ယူနန်က တိုတောင်းတဲ့ ဆယ်နှစ်အချိန်ကလေးနဲ့ ရွှေတြိဂံနယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးမြေဧက လေးသိန်းခွဲကို အောင်မြင်စွာ ဆောင်ရွက် နိုင်ပါတယ်။ ဒါ့အပြင် အထူးဒေသ ၄ နယ်နိမိတ်တခွင်လုံးမှာ ပေါ်ပီပင်စိုက် ပျိုးရေးကို အောင်မြင်စွာ ပိတ်ပင်ဟန့်တားနိုင်ပြီး ဖြစ်တယ်။

ပြည်သူ့လုံခြုံရေး မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်းရေးဌာနမှ တာဝန်ရှိသူ တို့က သူတို့ရဲ့ သဘောထားအမြင်ကို ထုတ်ပြပါတယ်။ အစားထိုးသီးနှံ စိုက် ပျိုးခြင်းဆိုတာမျိုးက တစ်ချက်တည်းနဲ့ အလွယ်တကူ ထမြောက်အောင်မြင်တာ မျိုး မဟုတ်ချေပါ။ ခုရေတွင်းတူး၊ ခုရေချို ထွက်တဲ့ဟာမျိုး မဟုတ်ပါ။ တချို့ မူးယစ်ဆေးအရင်းခံမြေရဲ့ မူးယစ်ဆေးထုတ်လုပ်မှုတွေ၊ စိုက်ပျိုးမှုတွေဆိုတာ တွေက နှစ်ပေါင်းရာချီတဲ့ သမိုင်းရှိနှင့်ပြီးဖြစ်တယ်။ ဘဝနေမှုထိုင်မှုပုံစံ တစ်မျိုး တဖုံလို ဖြစ်နေပြီးဖြစ်တယ်။ ခန့်မှန်းတွက်ချက် ချက်တွေအရ ကျွန်တော်တို့နိုင်ငံ နဲ့ နယ်ခြားနယ်နိမိတ်ချင်း ထိကပ်နေတဲ့ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်း လော နိုင်ငံ မြောက်ဘက်ပိုင်းတွေမှာ ကနေ့အထိ ပေါ်ပီပင်စိုက်ပျိုးတဲ့ မြေဧရိယာ ၁ သန်း၊ ၂ သိန်းဧက ဝန်းကျင်မှာ ရှိနေတယ်။ နှစ်စဉ် ဘိန်းစိန်တန်ချိန် ၁၅၀ဝ-၂၀ဝ၀၊ ဟီးရိုးအင်း ဘိန်းဖြူက တန်ချိန်ပေါင်း ၁၀ဝ အထက် ထွက်ပါ တယ်။ တစ်ချိန်တည်းမှာပဲ စိုက်ပျိုးစရာမလိုတဲ့ လူရဲ့ အားနဲ့ စက်မှုအားတို့ ပူးပေါင်းထုတ်လုပ်တဲ့ ''ရေခဲမူးယစ်'' ဆေးရဲ့ တိုးတက်မှုအင်အားခေါင်းထောင် လာခြင်းက အရှိန်အဟုန်တအားကို ပြင်းထန်လှပါတယ်။ ဒါဟာ ခြိမ်းခြောက်မှု အသစ်တစ်ရပ် ဖြစ်နေပါပြီ။ ဒီတော့ အစားထိုးသီးနှံ ပြောင်းလဲဆောင်ရွက်တဲ့ တာဝန်ဝတ္တရားဟာ အင်မတန် ကြီးကျယ်ပြီး တအားကို ခက်ခဲနေပါတယ်။

ဒါပေမဲ့ စာရေးသူ (သတင်းထောက်) မြင်သမျှ တွေ့သမျှတွေက နှစ် နှစ်ရာနီးပါးသမိုင်းရှိတဲ့ ရွှေတြိဂံ မူးယစ်စီးပွားရေး ဖွဲ့စည်းတည်ဆောက်မှု ဟာ မသိမသာ တိုးတိုးတိတ်တိတ်ကလေး ပြောင်းလဲမှုတွေ ပေါ်ပေါက်နေပါပြီ။ ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်းရေးရုံးက နောက်ပိုင်းတွေမျာ ဒါကို ''ကမ္ဘာတဝှမ်း မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်းရေးသမိုင်းရဲ့ တီထွင်ကြံဆတဲ့ လုပ်ဆောင်မှု'' ရယ်လို့ အမွှန်းတင်ပါတယ်။

မြန်မာနိုင်ငံ ဗွေဆော်ဦး မူးယစ်ဆေးကင်းမဲ့ဒေသ (ဇုံ) ကို ၁၉၉၇ ခုနှစ် ဧပြီလ မိုင်းလားဒေသမှာ ထမြောက်အောင်မြင်လိုက်ပါတယ်။ ကိုးကန့် ဒေသနှင့် ဝပြည်နယ်ဒေသတွေရဲ့ မူးယစ်ဆေးကင်းစင်နယ်မြေဖြစ်ရေး လုပ်ငန်း စဉ်ဟာ လက်တွေ့ကျကျ အကောင်အထည်ဖော်နေတုန်းပါပဲ။ လာမယ့်နှစ်တွေ လောက်မှာ အကောင်အထည်ဖော်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စစ်တမ်း ကောက်ယူချက်အရ ၁၉၉၉ ခုနှစ် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ပေါ်ပီပင် စိုက်ဧရိယာ အကျယ်အဝန်းက ၄၁၃၃၆ ဟက်တာ ရှိပါတယ်။ ၁၉၉၈ ခုနှစ် ထက် ၃၁プ လျော့နည်းကျဆင်းသွားပါတယ်။ မူးယစ်ဆေးအမျိုးမျိုးရဲ့ အထွက် နှုန်း စာရင်းပေါင်းချုပ်ကလည်း ၁၉၉၈ ခုနှစ်ကထက် ၃၈ プ ယုတ်လျော့ကျဆင်း သွားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ် (ှုုဥ) က ၁၉၉၁ ခုနှစ်က မူးယစ်ထုံထိုင်းမှုကို ဖြစ်စေတဲ့ ဆေးပစ္စည်းတွေရဲ့ ပတ်သက်တဲ့ ကုန် သွယ်မှုလုပ်ငန်းအားလုံးကို စွန့်လွှတ်လိုက်ပါတယ်။ ၄င်းတို့ ပိုင်းခြားချုပ်ကိုင် ထားတဲ ့နယ်မြေဒေသအတွင်းမှာ ဘိန်းနှင့် သက်ဆိုင်တဲ့ အပင်တွေ လုံးဝ စိုက်ခွင့်မရှိပါ။ ပြည်ပနိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုမရှိတဲ့ အခြေအနေမှာ တောင်သူ လယ်သမားတွေကို အတင်းအဓမ္မနဲ့ ဆန်စပါးသီးနှံပင်ကို ပြောင်းလဲ စိုက်ခိုင်း တယ်။ ကျောက်စိမ်း (ကျောက်မျက်ရတနာ) ကုန်သွယ်မှုလုပ်ငန်းနဲ့ လက်နက် တပ်ဆင်မှုတွေရယ်၊ ဘဏ္ဍာငွေရရှိရေးကို ဆောင်ရွက်ကြပါတယ်။ ကနေ့ (ှုုဥ) ထိန်းချုပ်နယ်မြေမှာ အခြေခံအားဖြင့် ဘိန်းလုံးဝကင်းစင်သွားပြီးဖြစ်ပါ တယ်။

၂၀ဝ၁ ခုနှစ်ကစတင်ပြီး မြန်မာအစိုးရက မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်း ရေးရေရှည်စီမံကိန်းကြီးကို အပိုင်း သုံးပိုင်း ပိုင်းပြီး လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်။ အဓိက အလေးထားချက်ကတော့ ငွေကြေးအမေရိ ကန်ဒေါ်လာ သန်းပေါင်း ၅၀ဝ၀ ရင်းနှီးမြှုပ်နှံထားပြီး နယ်စပ်တွင် နေထိုင်သူ များကို တစ်ဖက်က လမ်းပန်းဆက်သွယ်ရေး တည်ဆောက်ရေး၊ စာတိုက်နှင့် ကြေးနန်း၊ စွမ်းအင်ရင်းမြစ်အစရှိတဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို အခြေခံကျကျ ပြုလုပ်နေပါတယ်။ အခြားတစ်ဖက်ကလည်း ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းပိုင်းမှာ ပန်းဂျုံ၊ ဆန်စပါး၊ ဝါဂွမ်း၊ ကြံ အစရှိတဲ့ လယ်ယာသီးနှံတွေကို ပြောင်း လဲစိုက်ပျိုးခြင်းကနေ ပေါ်ပီပင်စိုက်ပျိုးတဲ့နေရာကို တဖြည်းဖြည်း ဝင်ရောက် အစားထိုးလာမှာ ဖြစ်ပါတယ်။ ပေါ်ပီပင် စိုက်ပျိုးခြင်းအားဖြင့် ဘဝ၀မ်းစာရေး ရှာခြင်းဆိုတဲ့ အကျည်းတန် အရုပ်ဆိုး ရိုးရာဓလေ့ထုံးတမ်းကို အပြီးအပိုင် စွန့်လွှတ်ဖယ်ရှားလိုက်ပြီး နောက်ဆုံးမှာ မိသားစုနေထိုင်ရာ ဥယျာဉ်ခြံဝန်းကြီး ကို မူးယစ်ဆေးကင်စင်တဲ့ နယ်မြေထဲ ဝင်ရောက်ကြရလေတယ်။

လောနိုင်ငံ နန်းထပြည်နယ်၊ ဖုန်းဆာလီပြည်နယ် ရှည်လျား ဖြန့်ကျက် နေတဲ့ တောင်ပေါ်တွေမှာ ကြံပင်စိုက်ပျိုးရေးခြံဝန်း၊ ရော်ဘာ စိုက်ပျိုးရေးခြံဝန်း၊ အထွက်တိုးစပါးတွေကို အားရစဖွယ်မြင်တွေ့ရပါတယ်။ ဒါတွေအာလုံးဟာ တရုတ်ပြည် ယူနန်ပြည်နယ်အစိုးရက ပံ့ပိုးကူညီတဲ့ မျိုးစေ့တွေပါပဲ။ ဒါ့အပြင် ကျွမ်းကျင်ပညာရှင်တွေနဲ့ ပံ့ပိုးကူညီမှုနှင့် စိုက်ခဲ့ကြတာတွေ ဖြစ်ပါတယ်။ ဆန်စပါး စိုက်လယ်ကွက်နေ တစ်ဧကထွက်နှုန်း ၅၁၄"၈ ကီလိုဂရမ်ရှိပါတယ်။ ၄င်းဒေသရဲ့ အခြားသီးနှံထက် အထွက်နှုန်း ၃ ဆမြင့်မားပါတယ်။ အခြေခံအား ဖြင့် အစားထိုးသီးနှံပြောင်းလဲစိုက်ပျိုးမှု ရည်မှန်းချက် အကောင်အထည်ပေါ် လာပါပြီ။

ကိုးကန့်မှာ ယင်ကျန့်ထျန်ကျေးရွာမှာ အိမ်ခြေစုစုပေါင်း ၅၅ အိမ် ရှိပါတယ်။ ၁၉၉၆ ခုနှစ်မတိုင်ခင်က အိမ်ထောင်စု ၁၆ စုက ရိုးထဲက လယ်ယာ လုပ်ငန်း အားလပ်နေတာနဲ့ တောင်ပေါ်တက်ပြီး ပေါ်ပီပင် စိုက်ကြပါတယ်။ ၈၀ プ အလုပ်စွမ်းအားနဲ့ ပေါ်ပီပင်တွေကို ဝိုင်းဝန်းကူညီပြီး စိုက်ကြပါတယ်။ ၁၉၉၆ ခုနှစ်မှာ ကြံစိုက်ပျိုးမှုကို စတင်ပြီး အတင်းတွန်းတင်ပြီးတဲ့နောက်မှာ ဘိန်းစိုက်အိမ်ထောင်စုတွေ သိသိသာသာ လျော့နည်းသွားပါတယ်။ အိမ်ထောင် စု ၆ စုသာ ကျန်ရစ်တော့တယ်။ ၈၀ プရဲ့ လှုံ့ဆော်မှုအားတွေက ကြံပင်စိုက် ပျိုးမှုဆီကို ရောက်ရှိလာကြပါတယ်။ တောင်တန်းဒေသ ဘိန်းစိုက်တောင်သူတွေ တချို့လည်းပဲ ရိုးဆီပြောင်းရွှေ့လာကြပြီး ကြံပင်စိုက်ပျိုးကြပါတယ်။ ကနေ့ဆိုရင် ဧကပေါင်း ၃ သောင်းကျော်က အစားထိုးသီးနှံ စိုက်ပျိုးတဲ့ လယ်ယာမြေတွေ အဖြစ် ပြောင်းလဲသွားပါပြီ။ နဂိုမူလ မူယစ်ဆေးစိုက်ပျိုးမှု လယ်ယာမြေရဲ့ ၁၈プ ဝန်းကျင်ရှိပါတယ်။ ၄င်းဒေသက ထွက်ရှိတဲ့ ကြံပင်တွေကို တရုတ်ပြည် ကျဲန့်စန်းခရိုင် နန်းစန်သကြားစက်ကို သကြားထုတ်လုပ်ဖို့ ပေးပို့ရောင်းချပတယ်။ နန်းစန်သကြားစက်ရုံဟာအစားထိုးသီးနှံ စိုက်ပျိုးရေးမှာ ကြီးကြီးမားမားအကျိုးပြု ပါတယ်။ မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်းရေး သကြားစက်ရယ်လို့ ဂုဏ်ပြုခေါ်ဝေါ် ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ သကြားစက်လို့လည်း အမည်တွင်ပါတယ်။

ကိုးကန့်ဒေသရဲ့ သဘာဝရင်းမြစ် အတော့်ကို အကန့်အသတ်တွေက ရှိနေတယ်။ ရေအရင်းအမြစ်ကပါ တအားကို ချို့တဲ့တာကပါ ထပ်ဆင့်ပေါင်း လိုက်တော့ စီးပွားရေး ဖွံ့ဖြိုးရေးမှုဟာ ဆိုးဆိုးရွားရွားကို ထိန်းချုပ်ကန့်သတ်ခံ ရပါတယ်။ ကိုးကန့်ဟာ တရုတ်ပြည်လုပ်နေတဲ့ တောင်ပိုင်းက ရေမြောက်ပိုင်းဆီ ရွှေ့ဆိုတာကို အတုယူပြီး ''အနောက်ဘက်က ရေ အရှေ့ဘက်ဆီ ရွှေ့မလေ'' ဆိုပြီး ြွေကးကြော်လိုက်ပါတယ်။ စီးပွားဖြစ် သီးနှံပြောင်းလဲ စိုက်ပျိုးရေးဘက်မှာ မြေဧကပေါင်း ၄၀ဝ၀ မှာ ကြံပင်တွေ စိုက်ပျိုးကြလေတယ်။ အဲဒီအထဲက ကိုးကန့် မဟာမိတ်တပ် ဒုတပ်မှူးချုပ် ဝေ့ချောင်းရင်က သူ့ရဲ့ ကိုယ်ပိုင်ငွေနဲ့ ကြံပင်ဧက ၅၀ဝ စိုက်ပျိုးပါတယ်။ ဘိန်းစိုက်တောင်သူတွေရဲ့ ဘဝကို ဖြေရှင်း ပေးရေးအတွက် ဝေ့ချောင်းရင်ဟာ ကော်ဖီပင် ၅၀ ဧက၊ သစ်ချသီး ၂၀ ဧက ကို စိုက်ပါတယ်။ ကြံစိုက်ပျိုးရေးမှာ ရှုံးနိမ့်ပါတယ်။ တခြားသီးနှံပြောင်းလဲ စိုက်ပျိုးဖို့ကို ဝေ့ချောင်းရင် ချိန်ဆပါတယ်။ သူ့ရဲ့ အတွင်းရေးမှူး နန်းဆုန့်ကို တရုတ်ပြည်ရဲ့ မုန်းဆင့်ဆီကို စေလွှတ်ပါတယ်။ ကိုးကန့်မှာ ကော်ဖီစိုက်ပျိုးရေး ဖြစ်နိုင်၊ မဖြစ်နိုင်ကို သွားရောက်လေ့လာခိုင်းပါတယ်။ မုန်းတင့်နိုင်ငံပိုင် စိုက် ပျိုးရေးဌာနကလည်း တတ်သိပညာရှင်တွေ စေလွှတ်ပြီး ဝိုင်းဝန်းကူညီစိုက်ပျိုး ပေးစေလိုက်တယ်။

ဝေ့ချောင်းရင်က ပြောပါတယ်။ ''သူများ မစိုက်ဖူးလေ၊ ကျွန်တော် ကတော့ စိုက်မယ်ဗျာ။ တကယ်လို့ ရှုံးနိမ့်သွားသလား၊ ကျွန်တော် လက်ခံရမှာပဲ။ တကယ်လို့ ထမြောက်အောင်မြင်သွားပြီလား၊ ဒါဟာ ကိုးကန့် ပြည်သူတွေ အတွက် လမ်းတစ်လမ်းဖောက်လိုက်တာပဲလေ''။ သူ့အပြောက တကယ့်ကို စမ်းသပ်ချက်တွေ အောင်မြင်မယ်ဆိုရင်တဲ့ နောင်နှစ်ခါမှာ ကော်ဖီပင် ဧက ၃၀ဝ၊ သစ်ချသီးပင် ဧက ၅၀ဝ ကို စိုက်ပျိုးပါမယ်။ ကနေ့ ကိုးကန့် လောင်ကိုင်း ရိုးတွေမှာ ကြံပင်နဲ့ အသုံးမကျဘဲ စွန့်ပစ်ထားတဲ့ မြေဧက ၄ သောင်းရှိနေပါ တယ်။ ကိုးကန့်တခွင်လုံးမှာ မြေယာ နှစ်သိန်းရှိပါတယ်။ 

ဝေ့ချောင်ရင်မှာ အင်မတန်ကြီးမားလှတဲ့ စိတ်အလိုဆန္ဒ ရှိနေပါတယ်။ အကယ်၍ ရွှေဆင်ဖွံ့ဖြိုး ရေးဒေသ ဖြစ်မြောက်အောင်မြင်မယ်ဆိုရင် တောင်တန်းက ဘိန်းစိုက်တောင်သူ တွေဆီ ရိုးဘက်ဆီ ပြောင်းရွှေနေခိုင်းချေမယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ သုတေသန ပြုလုပ်ချက်အရ ယူနန်က အလုံးသေးငယ်တဲ့ ကော်ဖီစေ့က ဘိန်း စိုက်ခဲ့တဲ့ မြေမျိုးမှာ အကောင်းဆုံး အစားထိုးသီးနှံ ဖြစ်ပါတယ်။ ၄င်းဟာ ဘိန်းစိုက်တဲ့ အချက်အလက်နဲ့ လုံးလုံးလျားလျားကို မတူပါ။ ဝေ့ချောင်းရင်ရဲ့ ဦးဆောင်မှုအောက်မှာ ကိုးကန့်အရှေ့ဘက်ပိုင်း တောင်တန်းဒေသအစိုးရတွေ လည်း စတင်ပြီး ကော်ဖီပင် ဧက ၃၀ ကို စိုက်ကြလေပြီ။ လောက်ကိုင်အစိုးရလည်း ပဲ စပြီး စိုက်ပျိုးနေပါပြီ။ တစ်ချိန်တည်းမှာပဲ စီမံကိန်းချပြီး ရော်ဘာအစရှိတဲ့ စီးပွားဖြစ် သီးနှံပင်တွေ စိုက်ပျိုးလာကြတယ်။ စီမံကိန်းအတိုင်းဆိုရင် နောင် အနာဂတ်မှာ တရုတ်ပြည်ဘက်က သိမ်းဆည်းဝယ်ယူကြပါလိမ့်မယ်။ ဂျပန်နိုင်ငံ ဒပါတီက အမတ်တွေက နိုင်ငံတကာ မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေး အစည်းအရုံးနှင့် မြန်မာအစိုးရတို့ရဲ့ သဘောတူညီချက်ကိုရယူပြီး ၂၀ဝ၁ ခုနှစ်တုန်းက ကိုးကန့်တစွေထန်မှာ ပန်းဂျုံကို စိုက်ပျိုးပါတယ်။ ထိုတုန်းက ပြောခဲ့တာကတော့ နောက်ပိုင်းတွေမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၂၀ဝ နဲ့ သိမ်းဆည်းဝယ်ယူပါမယ်။ ဒါပေမဲ့ ၂၀ဝ၂ ခုနှစ်ထုတ်ရောင်းရမယ့် အချိန်မှာ ဈေးနှုန်းက ၅၀ プ ထိုးကျသွားတယ်။ လယ်သမားတွေက ဂျပန်ကို ရောင်းမပေးလိုတော့ပါ။ ၂၀ဝ၂ ခုနှစ်မှာ ဂျပန်ဆီက မျိုးယူပြီး စိုက်လိုက်တဲ့ ပန်းဂျုံပြုပြင်ထုတ်လုပ်မှုက အသုံးပြုတဲ့ စက်ယန္တရားတွေက ၁၉၅၈ ခုနှစ်တုန်းက စက်အဟောင်းကြီးတွေ ဖြစ်နေပါတယ်။ (ကိုးကန့်သားတို့ရဲ့ တီးတိုးပြောစကား တွေက '' ကြည့်ရတာဗျာ၊ ပုပ်သိုးခြစားမှုကြီးတွေက တစ်ကမ္ဘာလုံးမှာ ပေါ်ပေါက် နေတာကိုးဗျ။ ဘယ်ချောင်ဘယ်ကြားမှာမဆို ရှိနေတာပဲဗျ'') ဂျပန်ကျွမ်းကျင် ပညာရှင်တွေ အကြိမ်များစွာ ရောက်လာကြပါတယ်။ ပြောစကားတွေက ကြား ရချက်အရက ဂျပန်တွေက ပန်းဂျုံစိုက်ဖို့ မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ ၃ သိန်း ပေးလိုက်တယ်ဆိုပဲ။ ဒါပေမဲ့ အဲဒါတွေကလွဲပြီး ကိုးကန့်က ဘာတစ်ပြား တစ်ချက်မှ မရပါ။ ဒါ့အပြင် မြန်မာအစိုးရက ဒီကဏ္ဍအတွက်ဆိုပြီး ကိုးကန့် ဆီကို လူတွေ အကြိမ်ကြိမ် စေလွှတ်လိုက်ပါတယ်။ သူတို့တွေ ရောက်ရောက် လာကြပြီး စားစားသောက်သောက်နဲ့ပေါ့ဗျာ။ တောင်သူလယ်သမားတွေကဖြင့် ငွေတပြားတချပ်မှ မရပါဘူးဗျာ။ တစ်ခါတစ်ရံဆိုရင် ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံ ကြတဲ့ တရုတ်ကုန်သည်တွေ ရှုံးနိမ့်သွားကြတယ်။ ဒါပေမဲ့ ဝေ့ချောင်းရင်ကတော့ ကိုးကန့်တို့ရဲ့ ကတိသစ္စာနဲ့ ဂုဏ်သရေကို အာမခံရေးအတွက် ကုန်သည်တွေရဲ့ အမာခံရင်းနှီးမြှုပ်နှံမှုကို တန်ဖိုးမြင့်မြင့် ပေးဝယ်လိုက်တယ်။ ရွှေဆင်ဖွံ့ဖြိုးရေး ဒေသမှာ ဝေ့ချောင်းရင်ဟာ အစိုးရဆီက တပြားတချပ်မှ မတောင်းခံပါ။ သူ တောင်းဆိုတာက ''၅ နှစ်တာ ဖွံ့ဖြိုးရေးဒေသအတွက် သိမ်းဆည်းရရှိတဲ့ အမြတ်ခွန်ငွေကြေးကို အစိုးရထံ မအပ်'' ဆိုတဲ့ မူဝါဒကိုသာ ဆောင်ရွက်လိုပါ တယ်။

၅-၄-၁၉၉၉။ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးရုံးက ယူနန်ပြည်နယ် စူးမောင်ရွာမှာ ''တရုတ်/မြန်မာ အစားထိုးဖွံ့ဖြိုးရေးကဏ္ဍ ပူးပေါင်းမှုညီလာခံ ကျင်းပပါတယ်။ မြန်မာ၊ လော၊ ဗီယက်နမ်၊ ထိုင်း၊ အမေရိကန်၊ ဂျာမနီ နယူးဇီလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဂျပန် အစရှိတဲ့ ၁၂ နိုင်ငံက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး အရာရှိတွေရယ်၊ သီးနှံပင် အစားထိုး စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်တွေရယ်၊ ဒါ့အပြင် ကုလသမဂ္ဂ မူးယစ်တိုက်ဖျက် နှိမ်နင်းရေးရုံး၊ တရုတ်မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်းရေးကော်မတီက ကိုယ်စား လှယ်တွေ ညီလာခံကို တက်ရောက်ကြပါတယ်။ ညီလာခံက ယူနန်က နယ်မြေ ဖြတ်ကျော်ပြှီး သီးနှံအစားထိုးစိုက်ပျိုးတဲ့ အောင်မြင်မှုရလာဒ်ကို အတည်ပြု ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါ့အပြင် နိုင်ငံအသီးသီးက တရုတ်ပြည်ကို အတုယူ ဖို့ကိုပါ ဆော်သြလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူး အာနန်၊ ဒုအတွင်းရေးမှူးနှင့် တွဲဖက် မူး ယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ရုံးလုပ်ငန်းဆောင်ရွက်မှု တာဝန်ခံ အလာချီ ကျွင်းက ယူနန်ပြည်နယ်ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်းနှင့် အစားထိုးသီးနှံပင် စိုက်ပျိုးရေးလုပ်ရပ်ကို မြင့်မြင့်မားမား တန်ဖိုးဖြတ်ထားပါ တယ်။ အလာချီက ပြောပါတယ်။ ''တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံတွေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစားထိုးသီးနှံပင် စိုက်ပျိုးမှုကို ကူညီဆောင်ရွက်ပေးပါ တယ်။ ဒါတွေဟာ ကုလသမဂ္ဂရဲ့ ကူညီပံ့ပိုးမှုမရဘဲ တစ်နိုင်ငံတည်း လွတ်လွတ် ကျွတ်ကျွတ် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယင်းလုပ်ဆောင်မှုက ကျွန်တော် ကြိုတင်တွက်ဆထားတာထက်တောင် ကျော်လွန်နေပါတယ်။ ''။ နောက်ထပ်ပြီး ပြောပါသေးတယ်။ ''ယူနန်ရဲ့ အတွေ့အကြုံက တစ်ကမ္ဘာလုံး မူးယစ်ဆေးတိုက် ဖျက်နှိမ်နင်းရေးတိုက်ပွဲ သေနင်္ဂဗျူဟာအသစ် တင်ပြချက် သက်သေသာဓက အဖြစ် ကုလသမဂ္ဂက ရေးဆွဲ ချမှတ်လိုက်ပါတယ်။ ယူနန်ရဲ့ ဖြစ်မြောက်အောင် မြင်မှုက လူသားတွေ မူးယစ်ဆေးတိုက်ဖျက်နှိမ်နင်းရေးရဲ့ စိတ်ချယုံကြည်မှုနဲ့ စိတ်ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်''။ သူတို့ရဲ့ ထင်မြင်ယူဆချက်က မူးယစ်ဆေး ဝါး တိုက်ဖျက်နှိမ်နင်းရေးမှာ တစ်ကမ္ဘာလုံးက တရုတ်ပြည်ကို အတုယူသင့်ပါ တယ်။ ယူနန်ဆိုတာက တရုတ်ပြည်ရဲ့ ထပ်ပြီးတော့လည်းပဲ ကမ္ဘာ့စံနမူနာပုံစံ ပဲ ဖြစ်ချေလေပြီတကား။