Breaking News

ကိုသန်းလွင် - အမေရိကန်ပြည်၏ဒုက္ခ


ကိုသန်းလွင် - အမေရိကန်ပြည်၏ဒုက္ခ

(မိုးမခ)မေ ၂၅၊ ၂၀၂၀
(New York Time)

(၁)
အမေရိကန်ပြည်တွင် အိမ်မှာသာ နေရမည်ဟူသောအမိန့်ထွက်လာသောအခါ အလုပ်သမားများနှင့် လုပ်ငန်းအသေးကလေးများကို ပိုင်ဆိုင်သူများမှာ စီးပွားရေးအားဖြင့်ပျက်စီးကြရပါသည်။ စီးပွားရေးကိုအပျက်ခံ ၍ အိမ် ထဲမှာသာတာရှည်နေရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် ဒါဇင်များစွာသော နယ်များတွင်လော့ဒေါင်း အမိန့်ကို ရုတ်သိမ်း ၍ အပြင်သို့ထွက်ရန်ပြင်ဆင်နေကြပါသည်။

များသောအားဖြင့် ထိုနယ်များမှာ အပြင်ထွက်ရန် (Guide Line) နှင့်နဲနဲမျှ မကိုက်ညီ သေးပါ။ အချို့ မှာ ရောဂါကလည်းကူးစက်ဆဲ ဆက်စပ်ရောဂါများလည်း ဖြစ်ပွားနေကြဆဲဖြစ်ပါသည်။ ဒုတိယ အကြိမ်ပြန်လာ မည်ဆိုသည့် ဆောင်းခါတိုင်အောင် မစောင့်နိုင်ကြတော့ဘဲ ထွက်လာကြခြင်းဖြစ်ခါ တစ်နိုင်ငံလုံးရောဂါထပ်ဖြစ် ရန် သေချာနေပါသည်။

(၂)

လူတွေ အပြင်ထွက်ခွင့်ကို ပေးရတော့မှာ ဖြစ်ပါသည်။ မေးစရာရှိသည်မှာ အမေရိကန်တို့ သည်နည်း လမ်းအသစ်များဖြင့် ရောဂါမဖြစ်ရန်ကာကွယ်ဖို့အသင့်ဖြစ်ပြီလားဟုဖြစ်ပါသည်။ တစ်ခုသေချာသည်မှာ နှာခေါင်း စည်းများကို ဝတ်ဆင်ခြင်းသည် ရောဂါပြန့်ပွားခြင်းကို ကာကွယ်ပေးနိုင်သည်ဟု လူတို့သိလာကြပါသည်။ နိုင်ငံ တစ်ခုလုံးအနေဖြင့်ခြုံကြည့်လျှင်စမ်းသပ်ခြင်း (Test) သည် မလုံလောက်သေးပါ။ အိမ်သုံးဖြစ်သော နှာခေါင်း တွင်း စမ်းသပ်ခြင်းနှင့် တံတွေးကို စမ်းသပ်ခြင်းတို့သာရှိပါသေးသည်။

အမေရိကန်တို့သည် (Anti body) ရှိမရှိစမ်းသပ်ရန် တန်းစီနေကြပါသည်။ ၄င်းရှိမှ ရောဂါကို ခံနိုင်ရည်ရှိ သူဖြစ်နိုင်ပါသည်။ သို့မဟုတ် ဘဝကိုအရင်အတိုင်းပြန်နေနိုင်ရန်ကြိုးစားကြခြင်းဖြစ်ပါသည်။ ယခုအချိန်ထိ တွေ့ ရသမျှမှာ များပြားလှသောအမေရိကန်တို့သည် အန်တီဘော်ဒီ ရှိသည်ဟူ၍ ဖြစ်ပါသည်။ 

အလုပ်ရှင်များကလည်း ပို၍လုံခြုံသော အလုပ်ခွင်ကို ဖန်တီးပေးလိုကြပါသည်။ အတော်အတန်ထိရောက် သောဆေး (Antivial Treatment) ကိုတော့ တွေ့ရှိပါပြီ။ ကမ္ဘာတစ်ဝှမ်းမှာရှိကြသောဓာတ်ခွဲခန်းများ၌ထိုဆေး ကို သုံးနိုင်ရန်ပြင်ဆင်နေကြပါသည်။ အမေရိကန်တို့သည် မိမိတို့ အိမ်မှာသာ နေရန် ကြိုးစားနေကြသည် သို့ မဟုတ် လူ ထူထပ်သော နေရာများတွင် တစ်ဦးနှင့် တစ်ဦးခြောက်ပေ အကွာ၌ နေနေကြ ပါသည်။ ကမ်းခြေ သဲသောင်ပြင်များ၊ တောင်တတ်လမ်းကြောင်းတစ်လျှောက်နှင့် ကလေးကစားကွင်း ၌လည်း ထိုသို့နေခြင်းကို လိုက်နာကြပါသည်။ သို့ရာတွင် ထိုလူအုပ်အတွင်းငြိမ်သက်ပြီး ပိုးတို့ကိုသယ်ဆောင်လာ သော သူမရှိဘူးဟူ၍ မပြောနိုင်ကြပါ။

အန်တီဘော်ဒီ စမ်းသပ်ခြင်းမှာ အမျိုးအစားပေါင်း ၅၀ ခန့်ရှိပါသည်။ သို့သော် အများစုမှာ မတိကျပါ။ နယ်ပေါင်းများစွာက အလုအယက် ထိုစမ်းသပ်ခြင်းကိုပင် စမ်းသပ်ရန်ပြင်ဆင်နေကြပါသည်။ မလိုအပ်ဘဲ လော့ ဒေါင်းမှာ ရီပါတ်ဗလီကင် နှင့် ဒီမိုကရက်ပါတီနှစ်ခု၏တိုက်ပွဲဖြစ်နေပါသည်။ ရောဂါမကူးရန် ဆောင်ရွက်ချက်များ ကိုလူပုဂ္ဂိုလ်တို့၏ လွတ်လပ်ခွင့်ကို ထိခိုက်သည့်သဖွယ် ပြောဆိုနေကြပါသည်။ လူတို့၏ သေနှုန်းကလည်းများ ပြား နေသည်။ တစ်ချိန်က သြဂုတ်လတွင်ခြောက်သောင်းခန့်ရှိမည်ဟု ခန့်မှန်းရာ သည့်ထက်များစွာ ကျော်လွန် နေပါသည်။ သမ္မတထရမ့်ကပင်သေနှုန်းသည် ၁ သိန်းကျော်နိုင်သည်ဟုပြောနေပါပြီ။ အချို့ရောဂါဗေဒ ပညာ ရှင်များ ကထိုအရေအတွက်ထက် သုံးဆများနိုင်ပြီး နှစ်သိန်းလေးသောင်းနား နီးကပ်သွားနိုင်သည်ဟု ပြောဆို နေကြပါ သည်။ အိမ်ဖြူတော်၏ရောဂါကာကွယ်ရေးအဖွဲ့မှ ဒေါက်တာ ဖေါက်ချီ (Dr Fauci) ကမတ်လတွင်သေ နှုန်းသည်တံခါးပိတ်ထားရသော လူအိုရုံများ၊ ထောင်များ၊ စက်ရုံအလုပ်ရုံများ၌ ပိုများနိုင်သည်ဟု ပြောကြားခဲ့ ပါသည်။

ပြန်လည်ဖွင့်ပေးရာတွင် သိပ္ပံကို အခြေမခံဘဲ နိုင်ငံရေးအမြင်ဖြင့်သာ ရှုမြင်ခြင်းက အမှားကို ဖြစ်စေလိမ့် မည်ဟု သိပ္ပံပညာရှင်များက သတိပေးနေကြပါသည်။

ပြန်လည်ဖွင့်လှစ်ခြင်း၏အကျိုးသက်ရောက်မှုကိုချက်ချင်းမသိနိုင်ပါ။ ကျယ်ပြန့်သော စမ်းသပ်ခြင်းများ မ လုပ်ဘဲနှင့်လည်း ရောဂါပြန့်ပွားမှု၏အခြေအနေမှန်ကို မသိနိုင်ပါ။ ရောဂါစွဲကပ်သူတစ်ဦးသည် ဆေးရုံတင်ရန်အ တွက်ရောဂါအပြင်းအထန်ဖြစ်လာရန်မှာနှစ်ပါတ်မှသုံးပါတ်အထိကြာမြင့်နိုင်ပါသည်။ ရောဂါကိုမမြင်ရသည်နှင့် မရှိဘူးဟုယူဆကာတာဝန်ရှိသူများကပြန်လည်ဖွင့်လှစ်ပေးခြင်းလည်းမဖြစ်သင့်ပါ။ ပြန်လည်ဖွင့်လှစ်ရန်တောင်း ဆိုမှုများသည် (Second Wave) အဖြစ်ရောဂါပြန်ဖြစ်လာမှာကို စိုးရိမ်ရသည့်အဖြစ်ကို ရောက်သွားနိုင်ပါသည်။
ဗဟိုပန်းခြံတွင် မတ်လအတွင်းကငှက်ကလေးများအော်သံကိုကြားနေရပြီး၊ ယခုအခါအပြေးလေ့ကျင့် သူများ၊ လမ်းလျှောက်သူများ၊ စက်ဘီးစီးသူများနှင့် ဆူညံနေပါသည်။ ယခင်က တစီးတလေ သာရှိခဲ့ရာတွင် ကားများမှာ တန်းစီနေပြီး ဟိုက်ဝေးများတွင် ကားများဖြင့်အပြည့်ရောက်ရှိလာကြပါသည်။

တစ်နိုင်ငံလုံးအနေဖြင့် တနေ့လျင် ၂၅,ဝ၀ဝ ကျော်ရှိသော ရောဂါကူးစက်မှုကိုတွေ့နေရဆဲဖြစ်ပါသည်။ အချို့မှာမိသားစုဝင်အချင်းချင်းကူးခြင်း၊ ဆေးကုသသည့် ဆရာဝန်များ အကြားနှင့်အလုပ်ခွင် အတွင်းမှ ကူး လာခြင်းတို့ဖြစ်ပါသည်။ ရောဂါကူးစက်မှုနှုန်း မများရန်အတွက် အချို့အလုပ်ခွင်များတွင် တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာတွင်ထားခြင်း၊ လေကောင်းလေသန့်ရအောင်စီစဉ်ပေးခြင်း၊ အပူချိန်တိုင်းထွာခြင်းကိုအချိန်မှန် မှန်မှန်ပြုလုပ်ခြင်းနှင့် မျက်နှာဖုံးတပ်ခြင်းကို မလုပ်မနေရ လိုက်နာကြရပါသည်။

အိမ်ဖြူတော်မှ ထုတ်ပြန်သောအချက်များတွင်လည်း ရောဂါပြန့်ပွားမှုနှုန်းကျဆင်းလာမှု သည် ၁၄ ရက် အထိရှိရမည်ဟု ဆိုထားရာ မည်သည့်နယ်မှာမှ ဖြစ်ပေါ်ခြင်းမရှိပါ။ အမေရိကန်နိုင်ငံအဝှမ်းကြည့်လိုက်လျင်ချမ်း သာသောတက်ဆပ်ကိုပြည်နယ်၌ပင်ဆေးရုံများ၌အသက်ရှုစက် (Ventilator)မလုံလောက်ခြင်း၊ လူနာတင်ကား မလုံလောက်ခြင်း၊ ဆေးရုံများ၌အထောက်အကူပစ္စည်းများ ပြတ်လပ်ခြင်းများရှိပါသည်။ နယူးရော့တွင် ပြည်သူ အများအပြားကိုစမ်းသပ်ပြီးပါပြီ။ ကာလီဖိုးနီးယားနှင့်လူအချိုးချလျှင် ၂ ဆ တက်စပ်ပြည်နယ်မှာထက် ၅ ဆပိုမို များပြားပါသည်။ ဟားဗတ်ပုံစံကဆိုသည်မှာတစ်နေ့လျှင် လူ သန်း ၂၀ ခန့် စမ်းသပ်နိုင်ရမည်ဟု ဆိုသည်။ ထိုမျှ အများကြီး လူကိုစမ်းသပ်ရန် ကမ္ဘာပေါ်တွင် နည်းလမ်းမရှိပါဟု ကိုရိုနာ (Task Force) ၏စမ်းသပ်ရေး တာဝန်ခံ က မကြာခင်က ပြောဆိုသည်။ ဇွန်လကစ၍ တစ်လလျှင် လူ ၈ သန်းခန့် စမ်းသပ်နိုင်ပြီး တစ်နေ့လျှင် ၂၇,ဝ၀ဝ သာ စမ်းသပ်နိုင်မည်ဟု ဆိုသည်။ 

ယခုအချိန်တွင်မိမိတွေ့ရှိခဲ့သူများကို(Contact Tracing)အရလိုက်လံရှာဖွေရန်မှာမဖြစ်နိုင်သေးကြောင်း တရုတ်ပြည်ကရှိသောအချက်အလက်နှင့် အမေရိကန်ပြည်ရှိအခြေအနေအရ ရောဂါဖြစ်သူတစ်ယောက် သည် လူ ၅၀ ခန့်ကိုတွေ့ရှိနိုင်ကြောင်း။ ထို့ကြောင့်ရောဂါဖြစ်သူ လူ ၂၅,ဝ၀ဝ ကို နေ့စဉ်တွေ့ကြုံနေကြရာ တစ်နေ့လျှင် တွေ့ရှိနေကြ သူပေါင်း ၁.၃ သန်းခန့် ရှိသည်ဟုဆိုသည်။ လူ ၅ ယောက်ပါသောအဖွဲ့တစ်ဖွဲ့သည် ၃ ရက်အတွင်း လူ ၅၀ ကို ရှာဖွေနိုင်ပါသည်။ တစ်နေ့လျှင် လူ ၂၅,ဝ၀ဝခန့် ရောဂါဖြစ်နေသည်ဆိုလျှင် ရှာသောသူ လူတစ်သိန်း ခန့်ငှားရပါလိမ့်မည်။

နှာခေါင်းစည်းတပ်ခြင်းမှာ အာရှတိုက်၊ ချက် ရီပါတ်ဗလစ်၊ ဂျာမနီ၊ အစ္စရေးတို့တွင် ရောဂါပြန့်ပွားခြင်း ကိုတားဆီးနိုင်ခဲ့ပါသည်ဟု (Mask4all) အဖွဲ့ကဆိုသည်။ ဥရောပနှင့် အမေရိကန်တို့တွင် အရေးကြီးဆုံးအမှား မှာ လူများသည် နှာခေါင်းစည်းကို မတပ်ဆင်ကြခြင်းပင်ဖြစ်သည်။ 

တရုတ်ပြည်မှာဆိုလျှင် ဒီဂျစ်တယ် (Tracking) စနစ်ကိုသုံးပြီး ကိစ္စတိုင်းလိုလို လိုက်လံထိန်းသိမ်းခဲ့ရာ အောင်မြင်ခဲ့သည်။ ဖလော်ရီဒါ၊ တင်နယ်ဆီ နှင့်တက်ဆပ် ပြည်နယ်တို့တွင်ပြန်ဖွင့်နေပြီးသူတို့သေနှုန်းသည် အမြင့်ဆုံးဖြစ်နေသည်။ တရုပ်မြို့ကြီးများတွင် မဖြစ်မနေလုပ်သားအနည်းစုကိုသာလုပ်ခွင့်ပေးသည်။ မြို့တော် အချင်းချင်းခရီးသွားလာခွင့် မရှိသေးပါ။သေနှုန်းသည် သုညဖြစ်ပြီး၁၄ ရက်ကြာမှဖွင့်ပေးသည်။
အီတလီတွင်မိမိ အိမ်မှကိုက်၂၀ဝ သာသွားလာ ခွင့်ပြုသည်။ ရဲတို့ကလမ်းပေါ်ရှိနေသူများ၏ခရီးသွား လာခွင့်ကိုစစ်ဆေးနေသည်။ ၁၉၁၈ ပုလိပ်ရောဂါဖြစ်စဉ်ကလည်း လော့ဒေါင်း မှာထိရောက်ခဲ့သည်။ သေနှုန်းကို မထိမ်းသိမ်းနိုင်ခဲ့ခြင်းမှာ စောစောရုတ်သိမ်းခဲ့၍ဖြစ်သည်။ ဒင်ဗာမြို့တွင် လူအသေများသဖြင့် ကျောင်းများပိတ်၍ လူစုလူဝေးမလုပ်ရဟု တားမြစ်ခဲ့ရာပြန်ရုတ်သိမ်းသောအခါ သေနှုန်းသည်တစ်ခါပြန်၍ မြင့်တက်လာသည်ကို တွေ ့ရ သည်။

(၃)

ဆွီဒင်နိုင်ငံကဲ့သို့ (Herd Immunity) သဘောကို အသုံးပြုပြီး ငယ်ရွယ်၍ ကျန်းမာသော လူငယ်များကို ရောဂါကူးစက်ခံပြီး ရောဂါကိုတိုက်ဖျက်ခဲ့သည်။ မူလတန်းကျောင်းများကိုဖွင့်ပြီး အထက်တန်း ကျောင်းများကို ပိတ်ထားခဲ့သည်။ အစ္စရေးနိုင်ငံကလည်း ဆွီဒင်ကိုနမူနာယူ၍နေခဲ့သည်။ အမေရိကန် နမူနာမှာ “ဘာဘဲဖြစ်ဖြစ် ဖွင့်ကြကွာ” ဟူသောအယူအဆဖြစ်ပါသည်။

ယနေ့အချိန်ထိတော့ ဆွီဒင်နိုင်ငံ၏သေနှုန်းမှာ လူဦးရေနှင့်အချိုးချလျှင် အမေရိကန်ထက်များနေတုန်း ဖြစ်ပါသည်။ လူတစ်သန်းလျှင် ၃၄၂ ဦး ရှိသည်။ အမေရိကန်တွင် ၂၅၇ ယောက်ဖြစ်ပါသည်။ ဒိန်းမတ်က ၉၂ ရှိပြီး နော်ဝေးက ၄၂၊ ဖင်လန်က ၅၁ ဦးနှင့် အိုင်စလန်က ၂၉ ဦးရှိပါသည်။

တောင်ကိုရီးယားမှ ကြားရသောသတင်းမှာရောဂါဖြစ်၍ဆေးရုံတက်၊ ဆေးရုံမှဆင်းလာသောလူတစ် ယောက်အဖို့ရောဂါပြန်ဖြစ်သော်လည်းရောဂါကို ကိုမကူးစက်စေနိုင်ဟုဆိုသည်။ သတင်းကောင်းဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Expert Fears US is reopening too quickly By Donald Mcneil, New York Times May 15 2020