နိုင်ငံတကာသာဂိ - နောင်တကြီး ၄ မျိုး ဆိုပဲ

(မိုးမခ) မတ် ၁၂၊ ၂၀၂၂
သာဂိ စာမရေးတာ ကြာပါပြီ။ ကိုဗစ်ကာလတုန်းက ထုံ့ပိုင်းထုံ့ပိုင်း ရေးပါတယ်။ နွေဦးတော်လှန်ရေးစကတည်းက စာမရေးဖြစ်ပါ။ နေ့စဉ် မိုးမခသတင်းမြင်ကွင်းမှတ်တမ်းရေးတဲ့ မြန်မာပြည်တွင်းအယ်ဒီတာက သတိပေးပါတယ် … သာဂိတို့ မိုက်ခဲစိန်တို့ မရေးတာ ကြာပြီတဲ့။ နွေဦးတော်လှန်ရေး တနှစ်အတွင်း အနိုင်ရရေးအတွက် အစွမ်းကုန် အလုပ်လုပ်နေလို့ စာမရေးဖြစ်တာလို့ ဆင်ခြေမပေးလိုပါ၊ စာရေးစရာနဲ့ စာရေးချင်စိတ် မရှိလို့ မရေးတာပါ။ အခုတော့ ကြိုးစားပြီး စာပြန်ရေးပါမည်။ သာဂိက ပြင်ပက စာတွေ ဆောင်းပါးတွေ ဖတ်ပြီး တွေးစရာ ရေးစရာတွေ ရရင် ရေးတဲ့ ကလောင် ဖြစ်ပါတယ်။ ဘာသာပြန်စာတွေလည်း မှီးရေးတယ် ဆိုကြပါစို့။ အခုဖတ်မိတဲ့စာက တိုင်းမဂ္ဂဇင်းထဲက Deniel Pink ၏ The Power of Regret: How looking backward moves us forward ဆိုတဲ့ စာအုပ်အကြောင်း စာရေးသူနဲ့ မေးဖြေ ဆောင်းပါး ဖြစ်ပါတယ်။
စာရေးဆရာပြောချင်တာက နောင်တဆိုတာ၏ အစွမ်း၊ နောက်ပြန်လှည့်ကြည့်ခြင်းက ကျနော်တို့ကို ရှေ့သို့ တွန်းပို့နိုင်တယ် ဆိုတဲ့ စာအုပ်ခေါင်းစီးပါ။
အများက ပြောချင်ကြတာက - နောင်တ တွေ ရပြီး တမှိုင်မှိုင်နဲ့ ရှေ့မတိုးဖြစ်ဘူး၊ သည်တော့ No Regrets ပဲ ဖြစ်ရမယ်။ နောင်တ ရဖို့ အချိန်မရှိဘူး၊ နောင်တဆိုတာ မရှိရဘူးလို့ ပြောကြ ဆိုကြ ပို့ချလေ့ရှိပါတယ်။ ဒါကြောင့် စာရေးသူက နောင်တ ဆိုတာ လိုအပ်တယ်လို့ စာတတန် ပေတဖွဲ့ ရေးတာ ဖြစ်ပုံရပါတယ်။
သူက နောင်တ ၄ မျိုးဆိုပြီး ခွဲပြပါတယ်။
(၁) Foundation Regret
(၂) Boldness Regret
(၃) Moral Regrets
(၄) Connection Regrets ဆိုပြီး ထုတ်ပြပါတယ်။
Foundation Regrets ဆိုတာက အခြေခံ သာမန်ရိုးကျ နောင်တတွေပါ။ နေ့စဉ်စားဝတ်နေရေး ပညာရေး အလုပ်အကိုင် အာမခံချက်တွေအတွက် မလုပ်ခဲ့မိတာကို နောင်တရကြတဲ့ အမျိုးအစားကို ခေါ်ဆိုပါတယ်။ သည်ပညာကို မသင်ခဲ့မိလို့၊ သည်အလုပ်ကို မလျောက်ခဲ့မိလို့ စတဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ် နောင်တတွေ ဖြစ်ပါတယ်။
Boldness Regrets ကတော့ မစွန့်စားမိတဲ့ နောင်တ ဖြစ်ပါတယ်။ သည် အခွင့်အရေးကို ငါ ယူလိုက်ရမှာကွာ … မလုပ်လိုက်မိတာ နာတာပဲ ဆိုတာမျိုးပါ။ အဲသည်လို မစွန့်စားမိလို့ ရတဲ့ နောင်တတွေက အများကြီး ရှိပါတယ်။ လူတွေက စွန့်မှ စားရမယ့် ကိစ္စတွေကို မစွန့်စားခဲ့ကြတာ ဘ၀မှာ အများအပြားရှိပါတယ် တဲ့။
နောက် Moral Regrets ကတော့ သိပ်အများကြီး မရှိဘူး၊ နဲနဲတော့ ရှုပ်ထွေးတတ်တယ်။ ဘာသာရေးနဲ့ဆိုင်တဲ့၊ သဘောတရားနဲ့ ဆိုင်တဲ့ ၊ စာရိတ္တနဲ့ ဆိုင်တဲ့ နောင်တမျိုးကို ခေါ်ပါသတဲ့။ သူများပစ္စည်းခိုးမိလို့ သူများအသက်သတ်မိလို့ သီလကျိုးပေါက်လို့ နောက်မှ နောင်တတွေ တသီကြီး ရနေ၊ စိတ်မကောင်းတွေ ဖြစ်နေတာမျိုးကို ဆိုလိုပါတယ်။
ဒီနောင်တမျိုးက ကိုယ့်ရွေးချယ်မှုနဲ့ ဆိုင်ပါတယ်။ ငါးမျှားတာ အမဲလိုက်တာ ဝါသနာပါသူက သူပျော်တာ သူလုပ်လို့ နောင်တ ရချင်မှ ရပါမယ်။ သူ့စိတ်သူ့အမြင် သဘောထားနဲ့ နိုင်ငံရေးအမြင်တွေနဲ့ ဆိုင်ပါတယ်။
Connection Regrets ကတော့ လူအများအပြားမှာ ရှိကြတယ်တဲ့။ လူတွေအချင်းချင်း အဆက်အသွယ် ပြတ်တောက် သွားကြတာ၊ ဖြတ်တောက်လိုက်မိတာကနေ နောင်တ ရမိတဲ့ အမျိုးအစား ဖြစ်ပါတယ်။ လူတွေဆီမှာ အဲသလိုမျိုး ဆွေမျိုး ၊သားချင်း ၊သူငယ်ချင်း ၊မိတ်ဆွေ ၊လုပ်ဖော်ကိုင်ဖက် အချင်းချင်းတွေကြား ဆက်ဆံရေးတွေ ပြတ်တောက်ဝေးကွာပြီးမှ ရကြတဲ့ နောင်တမျိုး။ အဲသည်မှာ တဦးနဲ့တဦး ဆက်ဆံရေး အေးစက်သွားကြတယ်ဆိုရာမှာ ကိုယ့်တဖက်သပ် ဆုံးဖြတ်ချက်၊ အထင်လွဲတာကြောင့် ဖြစ်စေ ဖြတ်တောက်လိုက်တာ ဝေးကွာသွားကြတာ ဖြစ်ပါတယ်။ နောက်တော့မှ နောင်တ ရကြတာမျိုး ဖြစ်ပါတယ်။
သည်တော့ နောင်တကို သုံးသပ်တာနဲ့ အမှားကနေ သင်ခန်းစာယူတာ ဘာကွဲသလဲ တဲ့။ နောင်တဆိုတာက ခံစားချက် သက်သက် ဖြစ်ပါတယ်။ အမှားဆိုတာ ကာယကံမှု ဖြစ်ပါတယ်။ အမှားဆိုရင် ကိုယ်လုပ်မိတာကို ပြန်ပြင်ဆင်ကြရတယ်။ နောင်တကတော့ အဲသည် ခံစားချက်ထဲကနေ ရုန်းထွက်နိုင်အောင် ကြိုးစားရပါတယ်။ နောင်တကို အသုံးချနိုင်သူတွေ ဆင်ခြင်နိုင်သူတွေက အနာဂတ်မှာ အမှားမလုပ်ဖို့ ပြင်ဆင်နိုင်ကြပါတယ်။ ပိုပြီး ပြသနာတွေကို ဖြေရှင်းလာနိုင်ကြတယ်။ ပိုပြီး အစီအစဉ်တွေ ချမှတ်နိုင်လာကြတယ်။ နောင်တကို ထုတ်ဖော်နိုင်သူ၊ အမှားကို ပြင်ဆင်နိုင်သူတွေက မိမိအနာဂတ်မှာ ရှေ့ရောက်နိုင်တယ်၊ နောက်မဆုတ်ဘူး ရပ်တန့်ပြီး မနေကြပါဘူး တဲ့။
ဘာသာရေးအဆုံးအမတွေမှာ နောင်တရသူတွေက အပြစ်ကို ဖွင့်ဟ ဝန်ခံကြရင် ဘုန်းတော်ကြီးတွေက ကြားနာပြီး အပြစ်က လွတ်စေတယ်လို့ ဆိုကြပါတယ်။ သည်လိုမျိုး ဘာသာရေးတွေက နောင်တရသူတွေနဲ့ အပြစ်ကျူးလွန်သူတွေကို ဘာသာရေးနဲ့ ကုစားတာ စည်းရုံးတာတွေ လုပ်ကြတယ်။ တကယ်တန်းက လူတွေအားလုံးမှာ အမှားတွေ နောင်တတွေ ချည်းနဲ့ ပြည့်နေတာပါ။ သည်အမှားတွေ နောင်တတွေကို ဖြေရှင်းနိုင်မှ ရင်ဆိုင်နိုင်မှသာလျင် ကုစားပစ်နိုင်မှသာလျင် လူတွေက ရှေ့တိုးနိုင်မယ်ဆိုတာ သိပ္ပံပညာမှာကော ဘာသာရေးဝါဒတွေက ထောက်ပြထားကြပြီး ဖြစ်ပါတယ် တဲ့။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar