Breaking News

ကိုသန်းလွင် - တရုတ်ပြည်နှင့် ဆီမီကွန်ဒတ်တာ

ကိုသန်းလွင် - တရုတ်ပြည်နှင့် ဆီမီကွန်ဒတ်တာ

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၂

( ၁ )

ဆီမီကွန်ဒတ်တာများသည် လူတို့တီထွင်ထားသော ပစ္စည်းများထဲတွင်တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသော ထရန်စစ္စတာ ဘီလီယံပေါင်းများစွာ ပါဝင်ပြီး တည်ဆောက်ပုံမှာအလွန်ရှုပ်ထွေးပါသည်။ တည်ဆောက်ရန်လည်း အလွန်ဈေးကြီးလှပါသည်။

နောက်ဆုံးပေါ် ချစ်ပ များမှာစူပါကွန်ပျူတာများနှင့် စမတ်ဖုန်းများတွင်ပါဝင်ပြီး၎င်းတွင်အလွန်သေးငယ် သောနာနိုမီတာ (တစ်ဘီလီယံ တွင် တစ်ပုံ) အရွယ်ရှိ ထရန်စစ္စတာ များပါဝင်ပါသည်။ တည်ဆောက်မည့် ချစ်ပ များထက်ပို၍ ၎င်းတို့ကို တည်ဆောက်ထားသောစက်များမှာ ပို၍အသေးစိတ်ရပါသည်။ ဗိုင်းရပ် ကောင်လေးများ ထက်ငယ်သောအရွယ်အထိ အသေးစိတ်ရပါသည်။ အဆိုပါ ချစ်ပ စက်များမှ ာနှစ်ချီ၍ကြာအောင် တည်ဆောက် ရပြီး ဒေါ်လာသန်းရာ ပေါင်းများစွာတန်ပါသည်။ ၎င်းတို့ကိုတည်ဆောက်သည့် ဒတ်ချ ကုမ္ပဏီ ASML မှာကမ္ဘာ ပေါ်ရှိ (Lithography)   စက်များကို ထုတ်လုပ်ပေးနိုင်သော တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပြီး ၎င်းသည်လွန်ခဲ့သောဆယ်နှစ်အတွင်း စက်အလုံးရေ ၁၄၀ မျှ သာထုတ်လုပ်နိုင်ခဲ့ပါသေးသည်။

၎င်းသည် ချစ်ပ များ၏ နောက်ထပ်အံ့သြစရာအကြောင်းကို ဖော်ပြရန် ဖြစ်ပေါ်လာပါသည်။ ချစ်ပ ထုတ်လုပ်မှု နည်းပညာ၏အောင်မြင်မှုများအပြင် ချစ်ပ ကုန်သွယ်မှု၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့်ပူးပေါင်းဆောင် ရွက်မှုတို့ အကြောင်း ဖြစ်ပါသည်။ သမိုင်းပါမောက္ခ ခရစ်မီလာ (Christ Miller)  က Chip war ဆိုသောစာအုပ်တွင် ချစ်ပ များ၏ ဆပ်ပလိုင်းချိန်းများ အကြောင်းရေးသားဖော်ပြခဲ့ပါသည်။

( ၂ )

ချစ်ပ တခုကို ဂျပန်ပိုင် အင်္ဂလန်နိုင်ငံတွင်ရှိသည့် ARM ဆိုသော ကုမ္ပဏီက ဘလူးပရင့်များကိုရေးဆွဲပါ သည်။ ထိုသို့ ရေးဆွဲရာတွင် ကာလီဖိုးနီးယားနှင့် အစ္စရေးမှ အင်ဂျင်နီယာများကအမေရိကန်ဆော့ဝဲယားများ ကို အသုံးပြု၍ရေးဆွဲရပါသည်။ ဒီဇိုင်းပုံကို ရပြီဆိုလျှင် ၎င်းတို့ကို ထိုင်ဝမ် သို့ပို့ရပါသည်။ ထိုင်ဝမ်ကုမ္ပဏီ ကလည်း အလွန်သန့် ရှင်းသော ဆီလီကွန်ပြားနှင့် ဓာတ်ငွေ့ (Gas) များကို ၎င်းတို့ကိုထုတ်လုပ်သော ဂျပန် နိုင်ငံမှဝယ် ယူရပါသည်။ ထိုအပြားများပေါ်တွင် ဒီဇိုင်းပုံအတိုင်း ထွင်းယူပြီး အသေးစိတ်သော စက်များဖြင့် လိုအပ်သော အတိုင်း အထွာများ အတမ် တစ်ခု နှစ်ခု၏ အထူအတိုင်းရအောင်ထုတ်လုပ်ရပါသည်။ ချစ်ပ လုပ်သော ကိရိယာများကို ကုမ္ပဏီငါးခု မှသာ ရနိုင်ပြီး ဒတ်ချ၊ ဂျပန်၊ ကာလီမိုးနီးယားမှ ကုမ္ပဏီ ၃ ခုတို့ဖြစ်ပါသည်။ ထိုကိရိယာများ မရှိပဲ ချစ်ပ များကိုထုတ်လုပ်၍မရပါ။ ထိုချစ်ပ များကို အရှေ့တောင်အာရှနိုင်ငံများတွင် စမ်းသပ်၍ အထုပ် (package) များ တွင် ထည့်ပြီး တရုတ်ပြည်သို့ တယ်လီဖုန်းနှင့် ကွန်ပျူတာများတွင်အသုံးပြုရန် ပို့ပေးပါသည်။

ဤလုပ်ငန်း၏ နုနယ်၍အသေးစိတ်ရသော လုပ်ငန်း၏ ပျော့ကွက်များမှာ ကိုဗစ်ရောဂါပြန့်ပွားမှု ဖြစ်ချိန်တွင် ထင်ရှားလာပါသည်။ ချစ်ပ မလုံလောက်မှုကြောင့် ဆုံးရှုံးရငွေမှာ အမေရိကန်စီးပွားရေးတခုလုံး၏ တန်ဖိုးမျှ ဖြစ်လာပါသည်။ ဘီလီယံရာပေါင်း များစွာချီ၍ တန်ဘိုးရှိပါသည်။ ချစ်ပ နှင့်ပတ်သက်၍ ကြီးကျယ်ခမ်းနားစွာ တွေးခေါ်နိုင်ရန် လိုအပ်ပါသည်။ ကမ္ဘာ့ရေနံဈေးကွက်၊ လေယာဉ်တင် သင်္ဘောတစီး၊ နျူကလီယားလက်နက် စသည်တို့ကို ထိန်းချုပ်သူ ရှိသကဲ့သို့ ချစ်ပ ဈေးကွက်ကို မည်သူက ထိန်းချုပ်လုပ်ကိုင်နေပါသနည်း ဆိုသော မေးခွန်းရှိပါသည်။ ချစ်ပ များမှာ စမတ်ဖုန်းနှင့် ကွန်ပျူတာများသာမက ဒရုန်းများ (Drone)၊ စောင့်ကြည့်သည့် ကိရိယာများ (surveillanes tools)၊ စစ်သုံးလက်နက်များ AI နှင့် ယနေ့ ခေတ်သစ်ကမ္ဘာတွင် ရှိ ရှိသမျှ ပစ္စည်း တိုင်းတွင် ပါဝင်နေသဖြင့် ထိုအရာများသည် မှားယွင်းသောလူများ၏ လက်ထဲသို့ရောက်သွားပါက မတွေးဝံ့လောက်အောင် အန္တရာယ်ရှိနိုင်ပါသည်။

ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒန်၏ တရုတ်တို့ကိုယ်တိုင် ပြည်တွင်းတွင် ချစ်ပ ကိုအပြီးသတ်လုပ်ကိုင်နိုင် ပြီး ဆီမီကွန်ဒတ်တာ စက်တည်ဆောက်ရေး ကိစ္စတို့ကို တားမြစ်နိုင်ရန် ချမှတ်ထားသော ပေါ်လစီများအတွက် သြဘာပေးရန်သာရှိပါတော့သည်။ ယခုလအတွင်း အမေရိကန်စီးပွားရေးကုန်သွယ် ဌာနက ကြေညာရာတွင် တရုတ်ပြည်တွင်း ချစ်ပ စက်ရုံ တည်ဆောက်ရေးအတွက် လိုအပ်သောပစ္စည်းများကို တရုတ်တို့ မဝယ်ယူနိုင်စေရန် ကန့်သတ်ချက်များကို ပါဝင်ခဲ့ပါသည်။

သတ်မှတ်ထားသော ခြွင်းချက်အနည်းငယ်မှအပ တရုတ်စစ်တပ်မှ ဝယ်ယူတော့မည်ဟုဆိုလျှင်နောက်ဆုံး ပေါ်နည်းပညာဖြင့်ထုတ်လုပ်သည့် ချစ်ပ များ မပါဝင်စေရန်သတိထားရမည် ဖြစ်သည်။ တရုတ်တို့၏ ချစ်ပ နှင့်ပတ်သက်၍ နည်းပညာများမှာ ၁၀ နှစ် ခန့်နောက်ကျ ကျန်ရစ်လိမ့်မည်ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဘိုင်ဒန် ၏ပေါ်လစီသည် တရုတ်တို့ကိုအလုပ်မဖြစ်အောင် လမ်းအလယ်ခေါင်တွင် ကိုင်ဆုပ်၍ လုပ်ငန်းရပ်ဆိုင်းသွားအောင် အကျပ်ကိုင်လိုက်ခြင်း ဖြစ်သည်။ ချစ်ပ ကို AI အပါအဝင် တရုတ်တို့က လူထုကို စောင့်ကြည့်ရန်နှင့် စစ်လက်နက်ပစ္စည်းများတွင် အသုံးမပြုနိုင်စေရန်အားပေးခြင်း ဖြစ်သဖြင့် ဤလုပ်ရပ်ကို လုပ်သင့်သည်ဟု ယူဆကြပါသည်။

ဆီလီကွန်ဒတ်တာနည်းပညာတွင် တရုတ်တို့သည် ယခုအခါ အခြားနိုင်ငံများကို မှီခိုရပါသည်။ ဆီမီကွန် ဒတ်တာကို ပြည်တွင်းမှာသုံးရန် မှာယူရသောစရိတ်သည် ယခုအခါ ရေနံကိုတင်သွင်းရတွင်သုံးသော ငွေအရေတွက်ထက် များလာပါသည်။ တရုတ်အစိုးရသည် မိမိကိုယ်တိုင် ချစ်ပ စက်ရုံတည်ဆောက်နိုင်ရေးအတွက် ငွေ ကို ဘီလီယံချီ၍ သုံးစွဲနေပါသည်။ သို့သော် တိုးတက်နှုန်းမှာ အလွန်နှေးကွေးနေပါသည်။ 

အမေရိကန်တို့ ချမှတ်ထားသော ကန့်သတ်ချက်များမှာ တရုတ်ပြည်စစ်တပ်နှင့် ပို၍ပတ်သက်နေပေရာ တရုတ်ပြည် ပရိုက်ဗိတ်ကုမ္ပဏီများမှာ တရုတ်စစ်တပ်နှင့် လွန်စွာရင်းနှီးစွာဆက်ဆံနေသဖြင့် ကန့်သတ်ချက်များကို ကျော်လွန်နိုင်စေရန် ကြိုးစားလျက်ရှိပါသည်။ ယခုအသစ်ထွက်လာသော ကန့်သတ်ချက်များမှာ စစ်တပ် သို့မဟုတ် စစ်တပ်နှင့် ဆက်သွယ်နေသော မြို့ပြကုမ္ပဏီများ၊ ကော်ပိုရေးရှင်းများ ဟုဆိုသဖြင့် အားလုံးနှင့် သက်ဆိုင်သည်ဟု ပြော၍ရပါသည်။

တရုတ်ကုမ္ပဏီတစ်ခုတည်းကိုသာ ချစ်ပ ရောင်းချခြင်းကို ကန့်သတ်သည်မဟုတ်ပေ။ Foreign Direct Product Rule အရအမေရိကန် ချစ်ပ များကိုအသုံးပြုသည့် ကမ္ဘာပေါ်မှ မည်သည့်ကုမ္ပဏီကိုမဆို သက်ဆိုင်ပါ သည်။ ထို့ကြောင့်တရုတ်တို့ ဒီဇိုင်းလုပ်သော ချစ်ပ ကို ဝယ်ယူအသုံးပြုမိပါက အမေရိကန်တို့ ထိန်းချုပ်ထားသော ချစ်ပ လုပ်စက်များကို မည်သည့်နေရာကမှ ဝယ်ယူသုံးစွဲခွင့်မရှိတော့ပေ။

ထို့နောက် ပြည်သူလူထုအပေါ် ကန့်သတ်ချက်မှာ မည့်သည့်တရုတ်ကုမ္ပဏီတွင်မှ အလုပ်မလုပ်နိုင်စေရ ဟူ ၍ ဖြစ်သည်။ တရုတ်ပြည်တွင် ချစ်ပ လုပ်ငန်းကျွမ်းကျင်သော အတွေ့ကြုံရှိသောအင်ဂျင်နီယာ၊ မန်နေဂျာနှင့် အလုပ်သမားများစွာ လိုအပ်လျက်ရှိသည်။ ယခုအချိန်တွင် အမေရိကန်လူမျိုးအများအပြား တရုတ်ကုမ္ပဏီများတွင် လုပ်ကိုင်လျက်ရှိပါသည်။ ယခု သတ်မှတ်လိုက်သော စည်းကမ်းချက်အရ မည်သည့်အမေရိကန် သို့မဟုတ် အစိမ်းရောင်ကဒ် ကိုင်ဆောင်ထားသူ များအားလုံး လုပ်ကိုင်ခွင့်မရှိပါ။ လက်ရှိ အလုပ်လုပ်နေသူများကိုလည်း ဤကန့်သတ်ချက်က ဆက်လက်အလုပ်ပိုင်ခွင့် မပေးပါ။ (ဤဥပဒေမှ ကင်းလွတ်ခွင့်ကို လျှောက်ထားနိုင်ပါသည်။)

တရုတ်တို့က ဤဥပဒေကို မည်သို့တုံ့ပြန်ကြမည်နည်း။ တနည်းမှာ ဥပဒေမှ လွတ်ရာလွတ်ကြောင်း ရှောင်ရှားနည်း  ဖြစ်သည်။ တရုတ်တို့တွင် နှစ်ပေါင်းများစွာချမှတ်ထားသော  ဆန်ရှင်များကို ရှောင်ရှားနည်း များရှိပါသည်။ မိုက္ကရို ချစ်ပ များမှာ လွန်စွာသေးငယ်ပြီး လူမသိသူမသိ ဝယ်ယူနိုင်ပါသည်။ အမေရိကန် ကုန်သွယ်ရေးဌာနလက်အောက်ရှိ Bureau of Industry and Security သည် ပြည်ပထုတ်ကုန်များကို စစ်ဆေးတာ ဝန်ယူရပါသည်။ ဤဌာနတွင် လုပ်စရာ၊ ကြည့်စရာများ များပြားလှပြီး လောလောဆယ်တွင် ငွေအင်အား၊ လူအင်အား တိုးပွားလာခြင်းမရှိပါ။  ထိုသို့စောင့်ကြည့်ရမည့်အရာများ များပြားလွန်းလှသဖြင့် စေ့စေ့စပ်စပ် မလုပ် မကိုင်နိုင်ပါ။ တရုတ်လူမျိုးတို့သည် ဤသို့ အလုပ်ပိလျက်ရှိသော လူများ၏ စောင့်ကြည့်ခြင်းကို အသာတကြည် ရှောင်ထွက်နိုင်ကြပါသည်။

( ၃ )

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ထံ ရေနံကိုမရောင်းရဟုပေါ်လစီရှိသဖြင့် အမေရိကန်သည် မကြေ ညာသော်လည်း စစ်ဖြစ်နေပါသည်ဟု သဘောထားရှိခဲ့ဖူးပါသည်။ အမေရိကန် ဆီလီကွန်ဒက်တာ ဥပဒေမှာ  ရေနံနှင့်စာသော် အလွန်နယ်ကျဉ်းမြောင်းပါသည်။  

တရုတ်ပြည်က ဂျပန်တို့ကဲ့သို့ အမေရိကန်တို့ အပေါ်စစ်ဖြစ်နေသည်ဟု သဘောထားသည်ဟု မပြောနိုင်သေးပါ။ အမေရိကန်တို့အတွက် အခြားနည်းလမ်းများ ရှိပါသေးသလား။ လာမည့်ဆယ်စုနှစ်များတွင် ဆီလီကွန်ဒတ်တာသည် နိုင်ငံများစွာ၏ စီးပွားရေးအင်အားသဖွယ် ဖြစ်ပါလိမ့် မည်။ 

ကိုသန်းလွင်

Ref:Biden Just Clobbered China’s Chip Industry By Farhad Manjoo, N. Y. Times October 22 2022.           

 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar