Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၃)

Photo - TNI Report


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၃)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်) စက်တင်ဘာ ၂၅၊ ၂၀၁၉

မိုးမခမိတ်ဆက် - အဆိုပါစာအုပ်ကို မြန်မာပြည်၊ ရန်ကုန်မြို့မှာ မန်းဖိုးအေးက တရုတ်ဘာသာကနေ တိုက်ရိုက်ပြန်ဆို ထုတ်ဝေပြီး ဖြစ်ပါတယ်။ အခု အွန်လိုင်းမှာ ကောင်းနိုးရာရာ ဖတ်စရာအဖြစ် ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ 

အပိုင်း (၂) - ရွှေတြိဂံဒေသကို ဘိန်းစိုက်ခိုင်းတဲ့ တရားခံ ဘယ်သူလဲ

ရွှေတြိဂံမှာ အရည်အသွေးအကောင်းစား ဘိန်းစိမ်း (ဘိန်းရိုင်း) ထွက်ရှိခြင်းနှင့် ထိပ်တန်းအသန့်စင်ဆုံး ဟီးရိုးအင်းဘိန်းဖြူပါ ထွက်ရှိပါတယ်။ ဘိန်းတို့၊ မူးယစ်ဆေးဝါးတို့နဲ့အတူ ထိုစဉ်နှစ်ကာလတွေတုန်းက တစ်ချိန်တည်း၊ တစ်ပြိုင်တည်းပဲ ထိုင်း၊ လော၊ မြန်မာနိုင်ငံအသီးသီးမှာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ၊ တခြားနိုင်ငံရေး အသင်းအဖွဲ့တွေ အမြဲတမ်းပဲ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ ဖြစ်ပျက်နေပါတယ်။ မူးယစ်ဆေးဝါးနှင့် နိုင်ငံရေး၊ အမျိုး သား လွတ်မြောက်ရေးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး လက် နက်ကိုင်အဖွဲ့အစည်းတို့ သပွတ်အူလှိုက် အတူတကွ ရှိနေကြပါတယ်။ ဒါတွေ ဟာ ကမ္ဘာ့ဇာတ်ရှုပ်ကြီးမှာ ဆိုးကျိုးတွေရဲ့ ပုံရိပ်ပြကွင်းပြကွက်တွေပါပဲ။

ဗြိတိသျှကိုလိုနီတို့ဟာ ရွှေတြိဂံ ပေါ်ပီပင် (ဘိန်းပင်) အစော ဆုံး စိုက်ပျိုးသူတွေဖြစ်တယ်။
ရွှေတြိဂံရယ်၊ ကိုလံဘီယာရယ်၊ အာဖဂန်နှင့် အီရန်နယ်စပ်ချင်း ထိ ကပ်နေတဲ့ ကျင်းစင်းယွဲ့ (ရွှေလခြမ်းသစ်) ရယ်တို့ကို ကမ္ဘာက မူးယစ်ဆေးဝါး အကြီးအကျယ်၊ အများပြားဆုံး ထုတ်လုပ်ထွက်ရှိတဲ့ အခြေခံဒေသကြီး သုံးခုလို့ ခေါ်တွင်ကြပါတယ်။ လူတွေက ယင်းဒေသနှင့် ပေါ်ပီ (ဏသစစပ) မူးယစ်ဆေးဝါး တို့ ဆက်စပ်ပုံကို ဘယ်လိုမျိုး ခိုင်းနှိုင်းထားပါသလဲဆိုရင် လူ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးရည်နှင့် အသားတို့ ဆက်စပ်သလိုမျိုး အလားတူပါပဲလို့ နှိုင်းယှဉ်ပြီး ပြော ကြပါတယ်။ နှိုင်းယှဉ်ပြောဆိုချက်တွေဟာ တစထက်တစ လေးနက် နက်ရှိုင်းလာ ပြီး ရွှေတြိဂံက လူသူတွေ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေ၊ လူ့ဘောင်လောက နယ်မြေဒေသအကြောင်းတွေကနေပြီး ထောင့်တိုင်း အကွက်တိုင်းဆီကို ဆိုက် ရောက်သွားလေသည်။ ရွှေတြိဂံက ထိပ်တန်းဘိန်းနဲ့ သန့်စင်မှု ဒီဂရီနှုန်းထား အင်မတန်မြင့်မားတဲ့ ဟီးရိုးအင်း ဘိန်းဖြူ အမြောက်အမြား ထုတ်လုပ်ထွက်ရှိရုံ မျှသာမကသေးပါ။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ ထိုစဉ်တုန်းက ထိုင်း၊ လော၊ မြန်မာနိုင်ငံအသီးသီးကနေ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့နှင့် တခြားနိုင်ငံရေးအသင်းအဖွဲ့တို့ကပါ ဒီနယ်မြေမှာ ပေါ်ထွက်လာလိုက်၊ ငုပ်လျှိုး ပျောက်ကွယ်သွားလိုက်နဲ့ သံသရာလည်နေပါတယ်။ မူးယစ်ဆေးဝါးနှင့် နိုင်ငံ ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လက်နက်တပ်ဆင်ရေး၊ ဒါတွေဟာ သပွတ်အူလို လိမ်ရှုပ်လို့ ယှဉ်တွဲနေကြပါ တယ်။ ရွှေတြိဂံနယ်မြေပြင်မှာ ပြတွင်းပြကွက်တွေ တစ်ကွက်ချင်း တစ်ကွက်ချင်း ထင်ဟပ်နေတဲ့ ပုံရိပ်တွေက ကမ္ဘာ့ဇာတ်ရှုပ်အဖြစ် ထင်ဟပ်နေလေတယ်။

ဟိုး အစဦးပိုင်း ရွှေတြိဂံဆိုတာက ထိုင်း၊ လော၊ မြန်မာနယ်မြေချင်း ဆက်နေတဲ့ မြေနေရာ ကျဉ်းကျဉ်းကြုတ်ကြုတ်ကလေးကို ရည်ညွှန်းပြီး ခေါ်ဆို တာပါ။ 

ဘာများလဲဆိုတော့ မူလက မဲခေါင်မြစ် (တရုတ်ပြည်နယ် မြေတွင်းမှာ လန်ချန်းမြစ်လို့ ခေါ်ပါတယ်) နှင့် မဲဆိုင်မြစ်တို့ ပေါင်းဆုံတဲ့ မြစ်ဝကျွန်းပါပဲ။ ''ကျဉ်းမြောင်းတဲ့ ရွှေတြိဂံ'' က လူဦးရေအရေအတွက်နဲ့ စပ်လျဉ်းပြီး ယေဘုယျ လူအများစု ထင်မြင်ယူဆကြတာက ကျေးရွာစုစုပေါင်း ၃၀ဝ၀ ကျော်။ လူဦးရေ တစ်သန်းကျော်ရှိတယ်ရယ်လို့ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် အမှန် အကန် ကိန်းဂဏန်းကိုတော့ ဘယ်သူကမှ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ အဲဒီ မြစ်ဝကျွန်းပေါ်က မြေဆီမြေနှစ် အင်မတန် ကောင်းပါတယ်။ တစ်နှစ် အတွင်း ရာသီအလိုက်သီးနှံတွေ တစ်မျိုးပြီးတစ်မျိုး ရိတ်သိမ်းနိုင်ပါတယ်။ စားနပ်ရိက္ခာတွေ ပြွေါကယ်ဝတယ်။ နှစ်စဉ် မတ်လ၊ ဧပြီလတွေမှာ လယ်ယာစိုက် ခင်းတွေ ရွှေဝါရောင် လျှမ်းလျှမ်းတောက်နေလေတယ်။ အဲသလို သဘာဝရှုခင်း ပန်းချီကားချပ်ကနေပြီး ရွှေတြိဂံရယ်လို့ အမည်တွင်ကျယ်လာရခြင်းဖြစ်ပေတယ်။ ခုခေတ် ခုအခါမှာ လူတွေက ရွှေတြိဂံလို့ ခေါ်လိုက်တဲ့ ''ရွှေ'' ဆိုတဲ့ စာလုံးကို နားလည်သဘောထားတာက ဟိုးယခင် မူလဖြစ်စဉ်နဲ့မတူ ကွဲပြားလွဲမှားပြီး ဒီဒေသက တလှိုင်လှိုင် ပေါပေါများများထွက်ရှိတဲ့ ဘိန်းကနေ ဘိန်းရာဇာကြီးတွေ တလှိုင်လှိုင်သဲ့ယူနေတဲ့ ဒီငွေကြေးရွှေငွေ ရုပ်ဝတ္ထုပစ္စည်းနဲ့ အစားထိုးရှုမြင်ပြီး ခေါ်ဝေါ်ကြတဲ့ ''ရွှေတြိဂံ'' မျိုးဖြစ်လို့နေချေပြီ။

ထိုင်းနိုင်ငံ ရုံးစိုက်ရာ ချင်းလိုက်မြို့က ချင်းမိုင်ရဲ့ မြောက်ဘက်မှာပါ။ ''ကျဉ်းမြောင်းတဲ့ ရွှေတြိဂံ'' ရဲ့ အစဖြစ်တယ်။ မဲခေါင်မြစ်ကမ်းမှာပါ။ ရှေးအစဉ် အဆက်ကတည်းက ထိုင်းနိုင်ငံမြောက်ပိုင်းက အရေးပါတဲ့ မြို့ဖြစ်တယ်။ ဟိုး စောစောပိုင်းက ထိုင်းနိုင်ငံရဲက မန်ကို့လိုင်ဘုရင်က သက္ကရာဇ် ၁၂၆၂ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါသတဲ့။ မြို့ထဲက နေရာတစ်ခုကနေပြီး ထိုင်းနိုင်ငံရယ်၊ လောနိုင်ငံရယ်၊ မြန်မာနိုင်ငံရယ် သုံးပြည်ထောင်ရဲ့ နယ်မြေတွေကို ဒီမြို့လေးက နေပြီး လှမ်းမြင်နိုင်ပါသတဲ့။ အဲဒီမြေနေရာကို ချန်းစိန်လို့ ခေါ်ပါတယ်။ ချင်း စိန်မြောက်ဘက်ပိုင်းကနေ လှမ်းမျှော်ကြည့်လိုက်ရင် သူ့ရဲ့ ဘယ်ဘက်မှာက မြန်မာနိုင်ငံ၊ ညာဘက်ပိုင်းက လော (လာအို) နိုင်ငံဖြစ်ကြတယ်။ ဒီနေရာလေးက ကျဉ်းမြောင်းတဲ့ ရွှေတြိဂံရဲ့ နှလုံဝမ်းဗိုက်ပိုင်းဖြစ်တယ်။ ချင်းစိန်ဟာ ထိုင်းနိုင်ငံ မြောက်ဘက်က ရှေးဟောင်းမြို့ငယ်လေးတစ်မြို့ပါ။ သက္ကရာဇ် ၁၃၂၈ ခုနှစ်က တည်ခဲ့တာဖြစ်တယ်။ ဒီနောက်မှာ မြန်မာတို့ ကျူးကျော်သိမ်းပိုက်လိုက်ပြီး နှစ်ပေါင်း နှစ်ရာကျော် အုပ်ချုပ်ခဲ့ပါတယ်။ ချဲ့ခေါလီမင်းဆက်ခေတ် ရောက် တော့မှ ဘုရင်ကျောက်ဖယားလက်ထက်မှာ မြန်မာတို့ကို တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ဒီတော့မှ ထိုင်းတို့ရဲ့လက်ထဲ ပြန်လည်ရောက်ရှိပြီး မြို့ကို အသစ်တဖန် တည် ဆောက်လိုက်တယ်။ မြန်မာတွေ ဒီနေရာကို နောက်ထပ် တစ်ကြိမ် ဝင်ရောက် သိမ်းပိုက်မှာကို စိုးရိမ်ပြီး ပထမမြောက် ရာမဘုရင်ကြီး လက်ထက်မှာတုန်းက ဒီနေရာကို မြေလှန်စနစ်နဲ့ ဖျက်ဆီးပစ်ခဲ့ဖူးပါတယ်။ ဒီနောက်ပိုင်း ပဉ္စမမြောက် ရာမမင်းတက်လာတဲ့အခါကျတော့မှ ဒီမြို့ကို အသစ်တဖန် တည်ဆောက်လိုက် ပြန်တယ်။

ကူမင်တန်တို့ စစ်ရှုံးပြီး တရုတ်ပြည် ယူနန်ဘက်ကနေ နယ်စပ် ဖြတ် ကျော်ပြီး မြန်မာ၊ ထိုင်းနိုင်ငံ နယ်မြေထဲ အတင်းအဓမ္မ ဝင်ရောက်လာကြပါတယ်။ 

ဒီထွက်ပြေးလာကြတဲ့ ကူမင်တန်အြွကင်းအကျန်တပ်ရဲ့ အမြင့်ဆုံး ညွှန်ကြားရေး စခန်းကို ချင်းစိန်နဲ့ အလွန်နီးကပ်တဲ့ မေစလော့မှာ တည်ထားလိုက်တယ်။ ဒီ တုန်းက အဲဒီနေရာကို ''ငြိမ်းချမ်းရေး ကျေးရွာ''လို့ ခေါ်တွင်ကြပါတယ်။ နောက်ပြီး ''ကိုယ်ပိုင်ရပ်တည်ခြင်းကျေးရွာ'' လို့လည်း ခေါ်ကြပြန်ပါသေးတယ်။ ထူးထွေဆန်းပြားတဲ့ အရောင်အသွေးစုံလှတဲ့နေရာပါပဲ။ ကနေ့ မေစလော့ကျေးရွာ ကြီးမှာ လူနေအိမ်ခြေပေါင်း ရှစ်ရာကျော် ကိုးရာရှိပြီး လူဦးရေ ၆၀ဝ၀ ကျော်၊ ၇၀ဝ၀ ရှိပါတယ်။ အဓိက မှီတင်းနေထိုင်ကြတဲ့ သူတွေကတော့ ဟိုးတုန်းက ကူမင်တန်အြွကင်းအကျန် တပ်ဖွဲ့ရဲ့ ဒုတိယ၊ တတိယ မျိုးဆက်သစ်တွေဖြစ်ကြ ပါတယ်။ မူလရှိရင်းစွဲ တပ်ဗိုလ်တပ်သားအများစုတွေ ကွယ်လွန်သွားကုန်ကြပါ ပြီ။ ခုဆို အသက်ရှင်တဲ့ တပ်သား တစ်ရာကျော်ကျော်လေးသာ ကျန်ရစ်နေပါ သေးတယ်။ ၇၀ ခုနှစ် အစပိုင်းတုန်းက ထိုင်းအစိုးရက လယ်မြေ ၁၅၀ဝ ဧက ကို မူလက ကူမင်တန်အြွကင်းအကျန်တပ်သား လုပ်ကိုင်စားသောက်ဖို့ ပေးထား ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နောက်မျိုးဆက်သစ်တွေ ထိုင်းနိုင်ငံသားအဖြစ် ဝင်ရောက်လာတာကိုလည်း ခွင့်ပြုထားပါသေးတယ်။ ၁၉၇၃ ခုနှစ်က အစပြု ပြီး မေစလော့နယ်သားတွေ လက်ဖက်စတင်စိုက်ပျိုးကြတယ်။ ယနေ့ မျက်မှောက် ခေတ် ၄င်းတို့ရဲ့ မြေနေရာမှာ ပြုပြင်မွမ်းမံစိုက်ပျိုးထုတ်လုပ်တဲ့ ''ဝူးလုံရွက်စိမ်း လက်ဖက်'' (နဂါးနက်ရွက်စိမ်းလက်ဖက်ခြောက်) ဟာ ဘန်ကောက်၊ ဟောင် ကောင်၊ ထိုင်ဝမ် အစရှိတဲ့ နေရာတွေဆီ တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူးရောင်း ချလို့နေပါပြီ။ မေစူးလော့သားတွေ မူးယစ်ဆေးဝါး အဝန်းအဝိုင်းထဲမှာ ခြေမချ တာဟာ ဟိုးစောစောကတည်းကပါပဲ။ သူတို့ အဓိကထား စိုက်ပျိုးကြတာက စားနပ်ရိက္ခာကောက်ပဲသီးနှံတွေနဲ့ လက်ဖက်တွေကို စိုက်ပျိုးထုတ်လုပ်ကြပြီး၊ တောင်တန်းဒေသ တိုင်းရင်းသားလူနည်းစုတွေဆီက လယ်ယာထွက်ကုန်တွေကို ဝယ်ယူပြီး ပြုပြင်မွမ်းမံတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ ရလာတဲ့ ကုန်ချော ကို ဖြန့်ချိရောင်းချပြီး ဝမ်းစာရှာကြပါတယ်။

တကယ့် မူးယစ်ဆေးဝါး (ဘိန်း) ခိုအောင်းရာ သိုက်မြုံစခန်းကြီးကို ''ကျယ်ပြန့်သော ရွှေတြိဂံ'' ရယ်လို့ အမည်တွင်လာပါတယ်။ 

အမေရိကန်ပြည် မူးယစ်ဆေးဝါး ဝရမ်းထုတ်ရေးဌာန ပထဝီမြေပြင် အနေအထားမြေပုံကားချပ် ကြီးပေါ်မှာ သင်္ကေတအမှတ်အသားတွေနဲ့ အထင်အရှား မှတ်သားထားကြပါ တယ်။ ''ကျယ်ပြန့်သော ရွှေတြိဂံ'' အဖြစ် ပြောင်းလဲလာပြီးတဲ့နောက် ရွှေတြိဂံ နယ်မြေဒေသကြီးစာရင်းထဲ ပါဝင်နေတာက မြန်မာပြည်မြောက်ဘက်က ရှမ်း၊ ကချင်နယ်။ ထိုင်းနိုင်ငံရဲ့ ချင်းလိုင်မြို့၊ ချင်းမိုင်မြို့မြောက်ဘက်၊ လောနိုင်ငံရဲ့ လန်နန်ထပြည်နယ်၊ ဖုန်းဆားလီ၊ ရှုတိုးမူစက် ပြည်နယ်။ ဗီယက်နမ်ရဲ့ လိုင်ကြိုး ပြည်နယ်တွေ ပါဝင်ပါတယ်။ ဧရိယာ အကျယ်အဝန်းပေါင်း စတုရန်းကီလိုမီတာ ၂ သိန်းရှိပါတယ်။ ဒီဒေသတဝိုက်မှာ ပေါ်ပီပင် (ဘိန်းပင်) စိုက်ပျိုးပြီး အသက် မွေးဝမ်းကျောင်းကြတဲ့ နိုင်ငံအသီးသီးက လူဦးရေအရေအတွက်က ဆယ်သန်း ကျော်ကျော်ရှိသွားပါပြီ။ အဓိက ဖြန့်ကျက်နေထိုင်ကြတာက သံလွင်မြစ်ဝှမ်း တစ်လျှောက်နှင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာပါ။ စတုရန်းကီလိုမီတာ ၂ သိန်း ကျယ်ဝန်းတဲ့ တြိဂံပုံစံ မြစ်ဝကျွန်းပေါ်တစ်လျှောက် ဖြစ်ပါတယ်။ မျဉ်းနှစ် ကြောင်းဆက်မိတဲ့ တြိဂံထိပ်ဖျားပိုင်းက တဖြောင့်တည်း ညွှန်းပြနေတာက မြန်မာနဲ့ အိန္ဒိယ နယ်စပ်ဒေသပါပဲ။ တြိဂံအသွင်ပုံစုံကတော့ ဒုတိယကမ္ဘာစစ် ကာလတုန်းက ''တရုတ်ခုခံတိုက်ခိုက်ရေး အသက်သွေးကြောမျဉ်း'' လို့ခေါ်တွင် တဲ့ စတီးဝပ်လမ်းရဲ့ မြောက်ဘက်မျဉ်းဖြစ်တယ်။ မူရင်းရွှေတြိဂံရဲ့ ပုံသဏ္ဍာန် ကနေ ''လဲစောင်းနေတဲ့ စေတီပုံ'' အဖြစ် ပြောင်းလဲသွားပါတယ်။ စေတီကြီး တစ်ခုလုံးက ထိုင်း၊ လော၊ မြန်မာ၊ ဗီယက်နမ်နယ်မြေပေါ်မှာ တုံးလုံးလဲနေပါ တယ်။ စေတီရဲ့ ၇၀プ က မြန်မာနိုင်ငံမှာ ရှိနေပါတယ်။

ဒီဒေသရဲ့ ဧရိယာအကျယ်အဝန်းက အင်မတန်ကြီးမားလှပါတယ်။ မြန်မာ့ပထဝီမြေပြင်ရဲ့ သုံးပုံတစ်ပုံ၊ ဒါမှမဟုတ် ထိုင်ဝမ်ကျွန်း ၇ ကျွန်းစာ ရှိ ပါလိမ့်မယ်။ ''ကျယ်ပြန့်တဲ့ ရွှေတြိဂံ'' မြေအနေအထားက အများအားဖြင့် ပင်လယ်ရေမျက်နှာပြင် ၁၀ဝ၀-၃၀ဝ၀ မီတာ အထက်မှာရှိပြီး တောင်တန်းဒေသ ဖြစ်ပါတယ်။ ကောင်းလီကုန့်တောင်တန်း တောင်ဘက်ကနေ ဆန့်ထွက်လာပါပြီ။ တောင်ဘက် အလယ်ကြောကျွန်းဆွယ်သဏ္ဍာန် ရှမ်းကုန်ပြင်မြင့်ကြီးပါပဲ။ ရာသီဥတုက ပူပြင်းတယ်။ မိုးများတယ်၊ လျှိုမြောင် ချိုင့်ဝှမ်းတွေ မတ်စောက်နက် ရှိုင်းတယ်။ သစ်တောထူထပ်တယ်။ မြေဆီမြေနှစ်ကောင်းတယ်။ ရွှေ၊ ငွေ ယူရေနီယမ်နှင့် ကျောက်မျက်ရတနာ အစရှိတဲ့ သတ္တုတွေ ပေါပေါများများ ထွက်ရှိလာတဲ့အပြင် ကမ္ဘာပေါ်မှာ အဖိုးထိုက်တန်တဲ့ ကျွန်းသစ်အများဆုံးထွက်ရှိ တဲ့ အကြီးမားဆုံး နယ်မြေဒေသကြီးလည်း ဖြစ်ပါတယ်။ ဒီထက် ကျော်ကြားနေ တာက ဘိန်းထွက်အများဆုံး ကမ္ဘာကျော်ဒေသကြီးလည်းဖြစ်ပါတယ်။ လူဦးရေကတော့ သန်းဂဏန်းမျှသာ။ ပထဝီမြေကြောက မြန်မာပြည် မြောက် ပိုင်း အင်မတန်မြင့်မား မတ်စောက်လွန်းလှတဲ့ တောင်တန်း တောင်ကြောတွေရဲ့ အလယ်မှာ တည်ရှိနေပါတယ်။ တစ်လျှောက်လုံး ဘိန်းစိုက်တယ်၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချတယ်။ တောပုန်းဓားပြတွေ ထြွကသောင်းကျန်းကြပြီး စုစည်း ဝင်ထွက်ရာ ဒေသကြီးလည်း ဖြစ်ပါတယ်။

''ရွှေတြိဂံကြီး'' ဆိုပြီး အဓိကအားဖြင့် မြန်မာပြည်မြောက်ပိုင်း နယ်မြေ တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ 

တိုင်းရင်းသားလူမျိုးစုတွေ များပြားလှတဲ့ တောင်တန်းနယ်မြေဖြစ်တယ်။ ယော၊ မျောင်၊ နန်၊ လားဟူ၊ လီရှော၊ လောင်၊ ရှမ်း (ထိုင်)၊ ဝ၊ အခါ (ဟာ့နီ)၊ ခနာ၊ ကချင်၊ ကယားအစရှိတဲ့ တောင်တန်း တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ နိုင်ငံ နယ်နိမိတ်စည်းကြောင်းတို့၊ နယ် စပ်မျဉ်းကြောင်းဆိုတာတွေကို ဘယ်လိုအရာမှန်း မသိကြတဲ့ တောင်တန်းသား တွေဖြစ်တယ်'' ''တောင်မြင့်လေ မင်းဧကရာဇ်နဲ့ ဝေးလေ'' ဆိုစကားအတိုင်းပါပဲ။ ထိုင်း၊ လော၊ မြန်မာ သုံးနိုင်ငံ အစိုးရတွေက ထိန်းချုပ်ကိုင်တွယ်ခြင်းဆိုတာက ရှေးပဝေသဏီကာလကတည်းက သူ့ဘာသာ စီးမျောစေခြင်းဆိုတဲ့ လက်လွတ် စပယ်ပစ်ထားတဲ့ ပုံစံမျိုး ကိုင်တွယ်ပါတယ်။ ဒါကြောင့်လည်း လက်တွေ့ပိုင်းမှာ ''ပစ်စလက်ခတ် လျစ်လျူရှုထားတဲ့ နယ်မြေ'' ဖြစ်သွားပါတယ်။ 

တောင်တန်းဒေသ တွေမှာ မူရင်းဌာန တိုင်းရင်းသားတွေဖြစ်တဲ့ မျောင်၊ လီရှော၊ ယော၊ အခါစတဲ့ တိုင်းရင်းသားတွေဟာ အစဉ်အလာအတိုင်း ကနေ့ထက်တိုင် တောင်ယာမီးရှို့၊ စူးစိုက်မျိုးနဲ့ ရိုးရာဓလေ့အတိုင်း ထွန်ယက်စိုက်ပျိုးကြတုန်းပါပဲ။ ကျေးရွာတည် ထားပုံက အလယ်မှာက လူနေအိမ်ခြေရွာ၊ ရွာပတ်လည်မှာ အသစ်ခုတ်ထွင်ရှင်း လင်းစိုက်ပျိုးထားတဲ့ လယ်ယာကွင်းပြင်တွေက ဝိုင်းရံထားပါတယ်။ ဒါတွေက လည်း ကာလရှည်ကြာ တည်တံ့နေတဲ့ ရွာနဲ့ ယာမြေမဟုတ်ချေ။ မကြာခဏ ရွှေ့ပြောင်းလေ့ရှိပါတယ်။ အဲဒီလိုမျိုး စိုက်ပျိုးထုတ်လုပ်မှုစနစ်က ပေါ်ပီပင် (ဘိန်းပင်) စိုက်ပျိုးရေးမှာ အင်မတန် ကိုက်ညီနေပါတယ်။ ဒီကတောင်သူတွေက ချုံနွယ်ပိတ်ပေါင်းထူထပ်တဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲ၊ ပြီးတော့ မီးရှို့၊ မြေဆီ မြေနှစ် သြဇာဓာတ်လွန်ပြည့်ဝတဲ့ ဒီယာမြေသစ်မှာ နှစ်အတန်ကြာ စိုက်ပျိုးတဲ့ ဘိန်းပင်တွေ တအားကို သန်၊ တအားကို ထွက်ရှိလေတယ်။ ဒီလိုနဲ့ နှစ်အတန် ကြာ စိုက်ပျိုးထုတ်လုပ်လာရာကနေ မြေဆီမြေနှစ် ကုန်ခန်းလို့ အထွက်နှုန်း လျော့ကျလာတာနဲ့သည့်ပြင် တောင်ကြီးကို ခုတ်ထွင်ရှင်းလင်း မီးလောင်တိုက် သွင်းပြီး ရွာသစ်၊ ယာမြေသစ်ကို ဖော်လိုက်ပြန်တယ်။ ဘယ်လောက်ပဲ ခုတ်လှဲ မီးတင်ရှို့ပေမယ့် ဒါလောက် အပြန့်ကျယ်ပြောလှတဲ့ တောကြီးဟာ ခုတ်မကုန်၊ သုံးမကုန်နိုင်လို့ ရှေးရိုးစွဲတောင်တန်းသားတွေ ထင်မှတ်မှားနေကြတုန်းပါပဲ။ တကယ့် တကယ်တော့ ဒီတော ဒီတောင်တွေမှာ အပင်မပေါက် ငှက်မရောက်တဲ့ တောင်ကတုံးတွေ တစထက်တစ များမြောင်လာပါတယ်။ သဘာဝသစ်တောကြီး ဟာ ဆိုးဆိုးရွားရွား အဖျက်ဆီးခံနေရတုန်း ခံနေရဆဲပါ။

၁၈၅၂ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကို ဖန်တီးလိုက်တယ်။ 

အောက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်တယ်။ မူလလက်ဟောင်း ကိုလိုနီနယ်ချဲ့ သမားတို့ ဆိုတဲ့အတိုင်းပါပဲ။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ ဘိန်းပင်စိုက်ပျိုး မှု သင့်တော်တာကို သူတို့တွေ့မြင်လိုက်ပါတယ်။ အဲဒါနဲ့ပဲ ဗြိတိသျှကိုလိုနီတို့ဟာ ရွှေတြိဂံမှာ ပေါ်ပီ(ဘိန်း)ပင် အစောဆုံးမျိုးစေ့ချ စိုက်ပျိုးသူတွေဖြစ်ပါတယ်။ ဂရိတ်ဗြိတိသျှ ဧကရာဇ်နိုင်ငံတော်ကြီးက ဘိန်းကုန်သွယ်မှုလုပ်ငန်းရဲ့ အမြတ်အစွန်း အမြောက်အမြားရရှိပြီး ချမ်းသြွာကယ်ဝလာပါတယ်။ ဒါပေမဲ့ နှစ်ကာလပေါင်း တစ်ရာသာကျော်လွန်လာပါတယ်။ ပြန့်ပြောကျယ်ဝန်းလှတဲ့ ရွှေတြိဂံနယ်မြေဒေသက ဘိန်းစိုက်တောင်သူတွေ အများစုကတော့ ကနေ့အထိ ဟိုး --- ယခင်အချိန်တုန်းတွေကအတိုင်း တဲစုတ်နဲ့့ပဲ နေနေရပါသေးတယ်။ ဘိန်းစိမ်းကနေ ပြုပြင်ချက်လုပ်လိုက်တဲ့ ဟီးရိုးအင်း ဘိန်းဖြူကလည်း တစ်လျှောက်လုံး ဂရိတ်ဗြိတိန်အပါအဝင် အနောက်ကမ္ဘာကြီးကို ဘေးကြပ်နံကြပ် အနှောင့်အယှက်တွေ အကြီးအကျယ်ပေးနေပါပြီ။

မျက်ဝါးထင်ထင် ဒိဋ္ဌဓမ္မ တွေ့မြင်နေရတဲ့ ရွှေတြိဂံက ပြစ်မှုတွေ ပေါင်းစုံ စုစည်းရာ ဒီအရပ်ဒေသကို လူလူသူသူတွေ မလွဲမသွေ စူးစမ်းလေ့လာကြ ဖို့ လိုအပ်နေပါပြီ။ ဒီတော ဒီတောင် ဒီမြေ ဒီဒေသမှာ ဘိန်းမျိုးစေ့တွေ ဘယ်သူ ဘယ်ဝါကများ အစဦးဆုံး ကြဲချပါခဲ့သလဲ။ ဒီဒေသက တစ်လျှောက်လုံး လုံး ကမ္ဘာနဲ့ အဆက်ပြတ်နေပါတယ်။ မူလက ဘိန်းဆိုတာ ဘာအရာဝတ္ထုဖြစ်တယ် ဆိုတာ လုံးဝကို မသိကြတဲ့ ''သီးခြားကမ္ဘာလေး'' ပါ။ ခုတော့ ဒီသီးခြားကမ္ဘာ လေးဟာ တကယ့်မူးယစ်ဆေးဝါး သိုက်မြုံကြီးအဖြစ် လုံးဝကို ပြောင်းလဲသွားချေ ပြီ။ ဘာကြောင့်များ ခုလို ပြောင်းလဲသွားရတာပါလိမ့်၊ အနောက်တိုင်း ပညာရှင် တွေ လေ့လာသုတေသန လုပ်ကြတော့ နောက်ဆုံး ရလာဒ်အဖြေက - ဗြိတိန် သားတို့ကြောင့်ပါတဲ့။ ဟိုး သက္ကရာဇ် ၁၉၂၄-၁၈၂၆ ခုနှစ်တွေတုန်းက အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်တွေ မြန်မာပြည်ကို စတင်ကျူးကျော် နယ်ချဲ့လိုမှ သိပ်မကြာပါ။ အရှေ့အိန္ဒိယကုမ္ပဏီကြီးက ပေါ်ပီပင် (ဏသစစပ ဘိန်းပင်) မျိုးစေ့ အမြောက်အမြား ရှမး်ပြည်နယ်ဆီကို သယ်ယူပို့ဆောင်လေ တယ်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလမှာ အင်္ဂလိပ်တွေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို သိမ်းပိုက်လိုက်ပြီးတဲ့နောက်ပိုင်း အင်္ဂလိပ်တွေက ရှမ်းပြည်နယ် ပြည်သူပြည်သား တွေကို ပေါ်ပီပင် အတင်းအကြပ် စိုက်ခိုင်းပါတယ်။ ဘိန်းအထွက်နှုန်းက မျှော်မှန်းထားတာထက် သာလွန်နေခဲ့ပါတယ်။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားတို့ က ဒီနယ်မြေက ထွက်ရှိတဲ့ ဘိန်းအများအပြား တရုတ်ပြည်ကို ရောင်းချပြီး၊ မသမာနည်းဖြင့် အမြတ်ယူလေတယ်။ ထိုအချိန်အခါက အစပြုပြီး နောက်ပိုင်း ကာလတွေမှာ တစ်လျှောက်လုံး ပေါ်ပီပန်း (ဘိန်းပန်း) တွေ ရှမ်းပြည်နယ် တောင်တန်းတွေပေါ်မှာ ရောင်မျိုးစုံ ပွင့်လန်းဝေဆာလေတယ်။ ဒါတင် ဘယ် ကလိမ့်ဦးမလဲ။ ရှမ်းပြည်နယ်အပြင် ကချင်၊ ကယား၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ မကွေး အစရှိတဲ့ တိုင်းနှင့် ပြည်နယ်တွေဆီ ပျံ့နှံ့ကူးစက်စေတယ်။

အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တို့ဟာ ရွှေတြိဂံမှာ အစောဆုံး ဘိန်းစိုက်ပျိုးသူ တွေ ဖြစ်ကြတယ်။ ထိုစဉ်တုန်းက နာမည်အပျက်ကြီးပျက်နေတဲ့ အရှေ့အိန္ဒိယ ကုမ္ပဏီက သက္ကရာဇ် ၁၆၀ဝ မှာ ဗြိတိန်ဘုရင်မ အယ်လစ်ဇဘက် (တစ်) အပ်နှင်းထားတဲ့ အထူးလိုင်စင်ပါမစ်အားကိုးနဲ့ ကုန်သည်လူအုပ်ကြီး တစ်အုပ်နဲ့ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ၁၇-၁၉ ရာစုခေတ် အရှေ့အိန္ဒိယ ကုမ္ပဏီဆိုတာက ဗြိတိသျှတို့ တရုတ်၊ အိန္ဒိယ၊ ဟော်လန်ပိုင် အရှေ့အိန္ဒယ (ကနေ့ အင်ဒိုနီးရှား နှင့် ဂျပန်အစရှိတဲ့ အာရှတိုက်နိုင်ငံများနှင့် ကုန်သွယ်ရေး လမ်းကြောင်းဖွင့်တဲ့ ရှေ့ပြေးတပ်ဖြစ်တယ်။ လက်ဖက်ခြောက်၊ ြွေကထည်ပစ္စည်း၊ အိန္ဒိယပွင့်ရိုက်အဝတ်အထည်နှင့် ကာလီ (ဟင်းခတ်အမွှေးအကြိုင်) အစရှိတဲ့ နေ့စဉ်သုံး လူသုံး စားစရာကုန်တွေနှင့် အသုံးအဆောင် ပစ္စည်းတွေကို ဥရောပ တိုက်ဆီ ပို့ဆောင်လေတယ်။ ဒါ့အပြင် အာရှတိုက်ကုန်သွယ်မှု လုပ်ငန်းအားလုံး ကို လက်ဝါးကြီးအုပ်တဲ့ အခွင့်အာဏာကိုပါ အရယူထားပါတယ်။ ဒါပေမဲ့ သူတို့ထင်မှတ်ထားသလို ဖြစ်မလာပါ။ ၁၈ ရာစုနှစ်က အစပြုပြီး သူတို့တွေ ပေါ်ပီပင် (ဘိန်းပင်) စတင် စိုက်ပျိုးခြင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့် ဖြူးခြင်း လုပ်ငန်းကြီးကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေစဉ်မှာပဲ သူတို့ထင် တိုင်းကြဲ ချုပ်ကိုင်ထားတဲ့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရရှိ သွားပါတယ်။ အဲဒီမြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်မှာပဲ ဘိန်းစိုက်ပျိုးထုတ်လုပ် မှုက ရှမ်းကုန်ပြင်မြင့်တစ်ခွင်လုံးနဲ့ တရုတ်၊ ထိုင်း၊ လော အချို့အစိတ်အပိုင်း နယ်စပ်ဒေသတွေမှာ အင်္ဂလိပ်တို့ ကိုလိုနီခေတ်က ရာဇဝတ်ပြစ်မှုဆိုးကြီးရဲ့ အငွေ့အသက်ဟာ ရွှေတြိဂံမှာ ဆိုးဆိုးရွားရွား ြွကင်းကျန်ခဲ့ပါသေးတယ်။

ဟိုတုန်းကတည်းက အစပြုပြီး အစိတ်အပိုင်း တစိတ်တဒေသလောက် ဒါမှမဟုတ် ဧရိယာအဝန်း ကျယ်ကျယ်ပြန့်ပြန့်လောက် နေရာဒေသတွေမှာ ရင်ဆိုင်တိုက်ခိုက်မှုပမာဏတွေ၊ ဒါမှမဟုတ် သေးသေးမွှားမွှားရော၊ ကြီးကြီး ကျယ်ကျယ်တွေပါဝင်တဲ့ ''ဘိန်းစစ်ပွဲကြီး'' တွေ ဒီရေလှိှုုင်းလို နိမ့်ချည် မြင့်ချည် ဒလကြမ်း ပေါ်ပေါက်နေပါတယ်။ သက္ကရာဇ် ၁၇၂၉- ခုနှစ်မှာ မူးယစ်ဆေးဝါး ရဲ့ ဘေးဒုက္ခပေးမှုကြီးကို ဘယ်လိုမှ မခံမရပ်နိုင်တော့တဲ့ မန်ချူးဧကရာဇ်နန်း တော်ကြီးက ဘိန်းရှူရှိုက်စားသုံးမှုကို ပိတ်ပင်တားမြစ်တဲ့ အမိန့်ကြီးကို ထုတ်ပြန် လိုက်လေတယ်။ နောက်ထပ်တဖန် ၁၇၄၃ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင် တားမြစ်တဲ့ အမိန့်ကိုပါ ထပ်ဆင့် ထုတ်ပြန်မှုကို ပိတ်ပင်တားမြစ်တဲ့အမိန့်ကို ထပ်တဖန် ထုတ်ပြန်" ပြန်တယ်။ ဒါပေမဲ့ ကိုလိုနီနယ်ချဲ့ဗြိတိသျှတို့ကို ဘယ်လိုမှ ပိတ်ပင်ဟန့်တားလို့ မရပါ။ တရုတ်ပြည်ကြီးဆီ ဘိန်းအဆက်မပြတ် ထုတ်လုပ် ရောငး်ချလေတယ်။ ၁၈၄၀ ခုနှစ် အင်္ဂလိပ်တရုတ်တို့ ဒီအရေးကိစ္စတို့ အကြောင်း ပြုပြိး ကမ္ဘာ့သမိုင်းမှာ ထင်ပေါ်ကျော်ကြားတဲ့ ဘိန်းစစ်ပွဲကြီးပေါ်ပေါက်လာလေ တော့တယ်။ ထိုစဉ်တုန်းက အင်္ဂလိပ်တို့၊ တရုတ်ပြည်ကြီးဆီ တင်သွင်းတဲ့ဘိန်း ဟာ အိန္ဒိယနှင့် အင်္ဂလိပ်ပိုင် မြန်မာနိုင်ငံမှာ စိုက်ပျိုးတဲ့ ဘိန်းတွေက အဓိက ကျနေပါတယ်။

မှတ်တမ်းမှတ်ရာ စတင်မှတ်သားထားတဲ့ သက္ကရာဇ် ၁၇၆၇ နှစ်ကနေ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်တဲ့ သက္ကရာဇ် ၁၈၂၄ ခုနှစ် အထိ နှစ်ပေါင်း ၅၇ နှစ်အတွင်း အင်္ဂလိပ်တို့ နှစ်စဉ် တရုတ်ပြည်ထဲကို တင် သွင်းတဲ့ ဘိန်းပမာဏ သေတ္တာအလုံးပေါင်း ၂၂၈၀ဝ၀ (နှစ်သိန်းနှစ်သောင်း) ကျော်ရှိပါတယ်။ ဒါဟာ ၁၉၁၅ ခုနှစ်ရောက်တဲ့အထိ တင်ပို့တုန်းပါပဲ။

၁၉၂၈ ခုနှစ်မှာ တရုတ်ပြည် ကူမင်တန်အစိုးရက ဘိန်းတားမြစ်ရေး အမိန့်ထုတ်ပြန်လိုက်တယ်။ တစ်ဆက်တည်းပဲ အနှစ်နှစ်ဆယ်ကျော် ဆက်လက် ကြိုးပမ်းမှုကြောင့် တရုတ်နိုင်ငံတော်သစ်ကြိး တည်ထောင်ခဲ့တဲ့ ၁၉၄၉ ခုနှစ် ရောက်လာတော့မှ တရုတ်နယ်မြေကြီး ဘိန်းလုံးဝ ကင်းရှင်းသွားပါတော့တယ်။
အင်္ဂလိပ် တရုတ် ဘိန်းစစ်ပွဲကြီးရဲ့နောက် ပြင်သစ်တို့ ၁၈၅၈ ခုနှစ်မှာ ကျဲန့်ကန်ဆိပ်ကမ်း (ဗီယက်နမ် အလယ်ပိုင်း)၊ ၁၈၃၂ ခုနှစ်မှာ ဆေးဂုံ (ဗီယက် နမ်တောင်ပိုင်း) ၊ ၁၈၆၃ ခုနှစ်မှာ ကမ္ဘောဒီးယား၊ ၁၈၇၃ ခုနှစ်မှာ ဗီယက်နမ် အလယ်ပိုင်း၊ ၁၈၈၃ ခုနှစ်မှာ ဗီယက်နမ်တစ်နိုင်ငံလုံး၊ ၁၈၉၃ ခုနှစ်မှာ လော (လာအို) အစရှိတဲ့ နေရာတွေကို ပြင်သစ်တို့ ကျူးကျော်သိမ်းပိုက်လိုက်ပြီး ပထမအင်ဒိုချိုင်းနားပြည်ထောင်စုရယ်လို့ တည်ထောင်လိုက်တယ်။ ပြင်သစ်တို့ လည်း သူတို့ရဲ့ ပြိုင်ဘက် အင်္ဂလိပ်နယ်ချဲ့တို့ ဘိန်းကုန်သွယ်မှုလုပ်ငန်းကြီးကနေ အကျိုးအမြတ်ကြီးကြီးမားမား ရရှိနေတာကို တွေ့ရတော့ သွားရည်တမြားမြား ကျပြီး အင်ဒိုချိုင်းနားက သူဋ္ဌေးသြွူကယ် ကုန်သည်တွေကို စုစည်းလိုက်ပြီး ရွှေတြိဂံကနေ မိမိတို့ စိုးမိုးထားတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လော သုံး နိုင်ငံမှာ ထုထည်ပမာဏ အလွန်ကြီးမားတဲ့ ဘိန်းကုန်ကူးတဲ့ လုပ်ငန်းကြီးကို လုပ်ကိုင်လာပါတော့တယ်။ အဲဒီကနေ ဘိန်းအမြတ်တော်ကြေးကလည်း တနင့်တပိုးကြီး ရရှိလိုက်တယ်။ ဒီအကျိုးအမြတ်ကြောင့် ''ကျွမ်းကျင်ပါရဂူ'' တွေ ဗီယက်နမ်၊ မြောက်ပိုင်းနယ်မြေဆီ အလုံးအရင်း စေလွှတ်လိုက်တယ်။ လူနေမှုစနစ် နောက်ကျနေတဲ့ ဒေသခံတိုင်းရင်းသားများဖြစ်တဲ့ မျောင်၊ လော၊ လောင်၊ ထိုင် အစရှိတဲ့ တိုင်းရင်းသားတွေအပေါ် ပေါ်ပီဘိန်းပင်စိုက်ပျိုးဖို့ နည်းပညာပေး တိုက်တွန်းလေတယ်။ ဘိန်းစိုက်ပျိုးနည်း၊ ပြုစုနည်း၊ ထုတ်ယူချက် လုပ်နည်းတွေကိုပါ ကျွမ်းကျင်တဲ့ ပါရဂူများနဲ့ ဂရုတစိုက် လက်ထပ်သင်ပေးကြပါ တယ်။ ဒီလိုနဲ့ အင်မတန် ဖြူစင်ရိုးသားတဲ့ တောင်တန်းသားတွေ ဘိန်းကို အင်တိုက်အားတိုက် စိုက်ပျိုးထုတ်လုပ်လာကြတယ်။

အင်္ဂလိပ်တို့နဲ့ တစ်မျိုးတည်း တစ်ပုံစံတည်းပါပဲ။ ပြင်သစ်တို့လည်း ဘိန်းရောင်းဝယ်ဖောက်ကားမှုကနေ ငွေကြေးအများအပြား အမြတ်တွေ ရလာ ကြတယ်။

 ပထမကမ္ဘာစစ်ပွဲကြီးကနေ ဒုတိယကမ္ဘာစစ်ပွဲကြီးအတွင်း ပြင်သစ် နယ်ချဲ့တို့ အင်ဒိုချိုင်းနားက သိမ်းပိုက်ရရှိသွားတဲ့ ငွေကြေးအလုံးအရင်းရဲ့ တစ်ဝက်က ဘိန်းကုန်သွယ်မှုကနေ ရလာတာ ဖြစ်တယ်။

ပြင်သစ်ဟာ ၂၀ ရာစုခေတ်မှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကား မှုကို လူသိရှင်ကြား ဗြောင်လုပ်တဲ့ တစ်နိုင်ငံတည်းသာရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ 

ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့နောက် ပြင်သစ်တွေ ကိုလိုနီအရှင်သခင်အဖြစ် အင် ဒိုချိုင်းနားကို ပြန်လည်ဆိုက်ရောက်လာပြန်တယ်။ ကွန်မြူနစ်ရန်ကို နှိပ်ကွပ်နှိမ် နင်းရေးအတွက် ပြင်သစ်တို့ဟာ ဒေသခံ တိုင်းရင်းသားမျိုးနွယ် ခေါင်းဆောင်တွေ ရဲ့ နောက်ထပ်တစ်ကြိမ် ပူးပေါင်းလက်တွဲလိုက်ကြပြန်တယ်။ နှစ်ဖက်ပူးပေါင်း ဆောင်ရွက်တဲ့ အဓိကအကြောင်းအချက်က ဒေသခံတိုုင်းရင်းသားတို့ စိုက်ပျိုး ထုတ်လုပ်တဲ့ ဘိန်းအားလုံးကို ပြင်သစ်တွေ ဝယ်ယူမယ်၊ တိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင် (စော်ဘွား၊ နယ်စား) တို့က ပြင်သစ်တိုု့နဲ့ ပူးပေါင်းပြီး ကွန်မြူနစ် တွေကို တိုက်ခိုက်ကြရပါမယ်။ ဒီလိုပုံစံမျိုးနဲ့ လောအနောက်မြေဖြစ်တဲ့ ရွှေတြိဂံ အလယ်ပိုင်းဟာ လောနိုင်ငံပိုင် နယ်မြေအစိတ်အပိုင်း ပေါ်ပီဘိန်းပင် စိုက်ပျိုးမှု ရယ် ဘိန်းကုန်သွယ်မှုလုပ်ငန်းကြီးကို ရှေးမူလအတိုင်း ''စည်ပင်သာယာဖွံ့ဖြိုးမှု မျက်နှာစာ'' ကို ဆက်လို့သာ ထိန်းသိမ်းထားကြလေတယ်။ ရင်းနှီးမြှုပ်နှံမှု ငွေကြေးရရှိရေးအတွက် ပြင်သစ်ကိုလိုနီအုပ်ချုပ်ရေးသခင်ကြီးတို့က ကုန်သည် ကြီးတွေကို ဘိန်းရောင်းဝယ်မှု အထူးလိုင်စင်ကို ထုတ်ပေးလိုက်တယ်။ သတ်မှတ် ချိန်ရောက်တိုင်း ဘိန်းလိုင်စင်ခွန်ကို ပေးဆောင်ကြရပါတယ်။ ဗြိတိသျှတို့ရဲ့ ဘိန်းကုန်သွယ်မှု ရပ်ဆိုင်းသွားတာရယ် တရုတ်ပြည်သူတို့ရဲ့ နိုးကြားလာမှုတို့ ကြောင့် ဘိန်းရင်းမြစ်တွေမှာ အခက်အခဲ၊ အကြပ်အတည်းကြုံတွေ့ရလေတယ်။ ဒီတော့လည်း ပြင်သစ်တို့ဟာ ဗီယက်နမ် အနောက်မြောက်ပိုင်းနှင့် လော (လာအို) နယ်မြေကို ရွေးပြီး ကျယ်ကျယ်ပြန့်ပြန့် ဘိန်းစိုက်ကြလေတယ်။ ဒါ့ အပြင် မျောင်တိုင်းရင်းသားတို့ နေထိုင်တဲ့ဆီ ဘိန်းစိုက်ကျွမ်းကျင်သူတွေကိုပါ အလုံးအရင်း ပို့ဆောင်ပေးပါတယ်။ ထိုစဉ်က ဒေသစစ်မီးတဟုန်းဟုန်းတောက် လောင်မှုကြောင့် ဘိန်းသယ်ဆောင်မှု အကြပ်အတည်းတွေ့ရလေတယ်။ ပြင် သစ်တို့ တိုးတိုးတိတ်တိတ် လုပ်ဆောင်ချက် အရာမရောက်တော့တဲ့အတွက် ပြင်သစ်တို့ ဆေးရုံမြို့မှာ လူသိရှင်ကြား ဘိန်းကို ဖြန့်ချိရောင်းချလေတယ်။ ဒီဖြစ်အင်ကဖြင့် ၂၀ ရာစုခေတ် အနောက်တိုင်း လူယဉ်ကျေးမှုသမိုင်းမှာ အင်မတန်ကြီးမားတဲ့ တမျိုးတဖုံသော ထူးခြားအံ့သြစရာကောင်းတဲ့ မြင်ကွင်းတစ် ရပ်ဖြစ်လေတယ်။

၂၀ ရာစုခေတ် နှစ် ၅၀ ကအစပြုပြီး အမေရိကန်တို့ တောင်ဗီယက် နမ် ငိုဒင်ဇင်အစိုးရကို အကူအညီပေး စစ်မက်တိုက်ခိုက်ပေးပါတယ်။ အမေရိ ကန် ယန်းကီးတို့က အင်ဒိုချိုင်းနားက ဆုတ်ခွာသွားတဲ့ ပြင်သစ်ရဲ့ ''ကွက်လပ်'' ကို ဝင်ဖြည့်ပေးလိုက်ကြတယ်။ 

အမေရိကန်အစိုးရက စစ်အင်အား အသာစီးကို အားကိုးပြီး တရားဥပဒေ လုပ်ထုံးလုပ်နည်း ဆိုတာမျိုးကို အသုံးချပြီး ဗဟို ထောက်လှမ်းရေး ဃ"ှု"ဗ ဌာနကြီးက အရာထမ်း အမှုထမ်းတွေ တသောသော စေလွှတ်ပြီး လောတောင်တန်းသား တိုင်းရင်းသားများ (အဓိကကတော့ မျောင် တိုင်းရင်းသား) တို့ရဲ့ ကွန်မြူနစ်ဆန့်ကျင်တဲ့ နယ်စားပယ်စား ခေါင်းဆောင်များကို စစ်လေ့ကျင့်ရေးတွေပေး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွဲ့စည်းပေး၊ ခေတ်မီ ဆန်းပြားတဲ့ လက်နက်တွေ လဲပေးဆိုတဲ့ နည်းလမ်းအသွယ်သွယ် အကူအညီ ပေးပြီး ဗီယက်ကောင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လေတယ်။ အမေရိကန် အစိုးရဟာ ဒေသခံတိုင်းရင်းသားတို့ သူတို့နောက် ကောက်ကောက်ပါတဲ့ လက်အောက်ခံတွေ ဖြစ်လာစေဖို့အတွက် ဒေသခံတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ဘိန်းတွေကို ဝယ်ယူဖို့ပါ သဘောတူထားပါတယ်။ ဒီလို အပေးအယူနဲ့ပဲ ဒေသ ခံ တိုင်းရင်းသားတို့ရဲ့ အားပေးထောက်ခံမှုကို ရယူလိုက်တယ်။

အစဦးပိုင်းကတော့ အမေရိကန်တို့က ဝယ်ယူသွားတဲ့ ဘိန်းတွေကို အမေရိကန်ပြည်တွင်း ပြန်သယ်သွားပြီး မေ့ဆေး၊ ထုံးဆေး ဆေးဝါးများအဖြစ် ပြုပြင်ထုတ်လုပ်လိုက်ပြီး ဆေးဝါးကုသရေးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြု လေတယ်။ တင်သွင်းလာတဲ့ ဘိန်းရိုင်းနှင့် ဆေးဝါးကုသရေးမှာ သုံးစွဲမှု အချိုး မညီမျှတာကြောင့် အမေရိကန်တို့ စတင်ပြီး မူးယစ်ဆေးဝါး ဘိန်းရာဇာကြီးတွေ နဲ့ နှစ်ပေါက်တစ်ပေါက်ရိုက် ပူးတွဲအလုပ်ဖြစ်သွားကြပါတယ်။ အမေရိကန် အစိုးရအနေနဲ့ တိုက်ရိုက်ရောင်းချမှုမှာ လက်ရှောင်နေပြီး မူးယစ်ရာဇာတွေလက် ထဲ ဘိန်းတွေကို လျှို့ဝှက်လွှဲအပ်ပေးလိုက်ပါတယ်။ မူးယစ်ရာဇာတွေကတဆင့် အရှေ့တောင်အာရှဒေသမှာ တစစနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ အုပ်စုကြီးတွေ အမြောက်အမြား ပေါ်ထွက်လာပါတယ်။ ဘိန်းရိတ်သိမ်းရာသီ ရောက်လေတိုင်း၊ သူတို့အားလုံး ရွှေတြိဂံမှာ လာရောက်စုဝေးကြ၊ ပွဲတော်ကြီး ခင်းကျင်းထားတဲ့အတိုင်း စည်စည်ကားကား ဝယ်ကြ ရောင်းကြနဲ့ တရုန်းရုန်း တဗြုန်းဗြုန်းပါပဲ။ စစ်မီးဟုန်းဟုန်းတောက်လောင်နေတဲ့ ဗီယက်နမ်မှာ အမေရိ ကန် တပ်သားတွေ ကျဆင်းနေတဲ့ စိတ်ဓာတ်ကို ပြန်လည်နိုးြွကရေးအတွက် မူးယစ်ဆေးဝါး အများအပြား သုံးစွဲကြလေတယ်။ အမေရိကန်တပ်သားတွေ ဗီယက်နမ် စစ်မြေပြင်မှာ မူးယစ်ဆေးဝါးတွေကို သုံးစွဲရုံတင်မကသေးပါ။ ပြည် တော်ပြန်ကြရာမှာလည်း ထုပ်ပိုးသိုဝှက်ပြီး ပြန်သုံးစွဲဖို့ ပြန်လည်ယူဆောင်သွား ကြပြန်ပါသေးတယ်။ အချိန်တိုကာလ အပိုင်းကလေးမှာပဲ ဗီယက်နမ်ဆေးဂုံမြို့ ဟာ အရှေ့တောင်အာရှ အကြီးမားဆုံး မူးယစ်ဆေးဝါးစုစည်းဖြန့်ဖြူးရာ မြို့ ကြီးအဖြစ် ကျရောက်သွားလေတယ်။ အရှေ့အနောက် စစ်မက်ယှဉ်ပြိုင်တိုက်ခိုက် တဲ့ အကျည်းတန် အရုပ်ဆိုးတဲ့ ပုံရိပ်က ရှေးဦးဆုံး ဒီဗီယက်နမ်မှာ အခြေချတဲ့ အမေရိကန်တပ်သားတွေရဲ့ ကိုယ်ပေါ် ကျရောက်သွားရလေတယ်။ အဲဒီကပြီး တော့မှ သူတို့ကနေ ''အဖြူရောင် သရဲတစ္ဆေ'' ကြီးကို ပြည်တော်ပြန်ခရီးမှာ အမေရိကန်ပြည်ထောင်စုဆီ သယ်ဆောင်သွားကြလေတယ်။

ပြင်သစ်တို့ အစောပိုင်းကာလတုန်းက ကျယ်ကျယ်ပြန့်ပြန့် တွန်းတင် လာမှုကို အမေရိကန်တို့က ၆၀ ခုနှစ် အဆန်းပိုင်းအချိန်မှာပဲ လက်ဝေခံ လုပ် ဆောင်လာကြပါတယ်။ ဘိန်းဟာ တဆင့်တဖန် မြန်မာပြည် မြောက်ဘက်ပိုင်းမှာ အုံနဲ့ကျင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ခေါင်းထောင်လာပြန်လေတယ်။ ရွှေတြိဂံက ဘိန်းတွေ စတင်ပြီး အရူးအမူး ရှင်သန်ဖြန့်ကျက် ပြန်ချေပြီ။

ထိုတုန်းက မြန်မာပြည်မြောက်ပိုင်းက လူသူတွေက ''ရွှေတြိဂံ'' ''မူး ယစ်တြိဂံ'' ဆိုတာ ဘာကို ရည်ညွှန်းပြောကြမှန်း ဘယ်သူမှ မသိကြပါ။ ၆၀ ခုနှစ်၊ ၇၀ ခုနှစ် နောက်ပိုင်းရောက်တော့မှ ဒီအခေါ်အဝေါ် ပျံ့နှံ့သွားလေတယ်။ သူတို့တတွေဟာ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး အဖွဲ့အစည်း ဆိုတာ ဘာမှန်းကို မသိကြပါ။ သူတို့ သိရှိထားတာက ဟိုးစောစောပိုင်းတုန်းက အနောက်တိုင်းသားလူဖြူတွေ ပျူငှာလှိုက်လှဲ ဖက်လှဲတကင်းနဲ့ ပေါ်ပီဘိန်းပင် စိုက်နည်းပျိုးနည်း သူတို့ကို အကျအန သင်ပေးခဲ့ကြပါတယ်။ ဟော အခုတော့ မျက်နှာရှစ်ခေါက်ချိုး အောက်သိုးသိုး ပြောင်းလဲသွားပြီး အကြင်နာကင်းမဲ့ သူတို့ကို လက်ညှိုးတွေ ငေါက်ငေါက်ထိုးပြီး ''စာရိတ္တပျက်ပြားသူတွေ'' ရယ်လို့ အပြစ်ဖို့ချေပြီလေ။ ဘိန်းစိုက်တောင်သူတို့ ပိုပြီး နားမလည်နိုင်တာက ဘိန်း ရောင်းဝယ်ဖောက်ကားတာနှင့် ဟီးရိုးအင်း ဘိန်းဖြူအဖြစ် ပြုပြင်မွမ်းမံတာတွေ ဟာ သူတို့ရဲက အမြင်မှာ ဒါတွေဟာ သာမန်လုပ်ရိုးလုပ်စဉ်လို့ပဲ သိမြင်ထားကြ တယ်။ ခုတော့ ယဉ်ကျေးမှု တိုးတက်ထွန်းကားတဲ့ ကမ္ဘာသားတွေ တကယ့်ကို ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေကြတယ်။ နိုင်ငံရေး အပြောင်းအလဲနဲ့အတူ မိုးလေတိမ် တိုက်ရာသီတွေ ဘာကြောင့်လိုက်ပါ ပြောင်းလဲရပါသလဲဆိုတဲ့အချက်ကို သူတို့ ဘယ်လိုမှ နားမလည်နိုင်ပါ။

ဆယ်နှစ်ကျော် ကာလရှည်လျားတဲ့ ဗီယက်နမ်တိုက်ပွဲမှာ ''ဗီယက်နမ် သမ္မတ နိုင်ငံတော်'' (တောင်ဗီယက်နမ်) နှင့် အမေရိကန်တို့ ရှုံးနိမ့်ကြပါတယ်။ ရှုံးနိမ့်ရခြင်းရဲ့ အဓိကအကြောင်းရင်းအချက်က အရာရှိအရာခံတွေ လာဘ်စားမှု တွေနဲ့ ပုပ်သိုးဆွေးမြည့်တဲ့ လူနေမှု စနစ်တွေကြောင့်လို့ အပြစ်ပုံချကြပါတယ်။ ဒါတွေဟာ အမှန်တကယ်တော့ ဗီယက်နမ်၊ အမေရိကန်၊ ထိုင်းနဲ့ လောအရာရှိ တို့ရဲ့ လာဘ်စားမှု အဓိကကျတဲ့အချက်က ဘိန်းစီးပွားရေးကို အမှီသဟဲ ပြုနေ ရခြင်းကြောင့်ပါပဲ။

''ဘိန်းမှ အကျင့်စာရိတ္တယုတ်လျော့ပျက်ပြားမှု'' ကို နိဂုံးချုပ်လိုက်တော့ အမေရိကန်တို့ ဗီယက်နမ်မှာ ရုပ်ပျက်ဆင်းပျက် စစ်ရေးရှုံးနိမ့်တာကို ခံလိုက်ရ ခြင်းဆိုတာပါပဲ။ တကယ်လည်းပဲ ဒီဘိန်းစနက်ကြောင့် အမေရိကန် စစ်ရှုံးနိမ့်ရ တဲ့ အဓိက အကြောင်းအချက်ထဲက တစ်ချက်ဆိုတာ တကယ့်ကို ဟုတ်မှန်နေပါ တယ်။ ဒီစစ်ပွဲထဲ ပါဝင်ဆင်နွှဲခဲ့သူတွေ စစ်ပွဲပြီးဆုံးတဲ့နောက် ရေးသားကြတဲ့ ဆောင်းပါးစာမူတွေထဲမှာ ဒီအကြောင်း ထည့်ရေးထားတာကို မကြာခဏ ဖတ်ရှုခဲ့ရပါတယ်။ အမေရိကန် ထိန်းချုပ်မှုအောက်က ဆေးဂုံမြို့၊ မူးယစ်ဆေးဝါး တွေ ပျံ့နှံ့နေတယ်။ အဖိုးဈေးနှုန်းကလည်း ချိုသာတယ်။ အမေရိကန်တွေထဲ စီးဝင်မှုလမ်းကြောင်းကလည်း ပေါများလှတယ်။ အဲဒါက ရွှေတြိဂံဘိန်းက အနောက်တိင်းကို ဘေးဒုက္ခပေးတဲ့ အဓိကအရေးပါတဲ့ အကြောင်းရင်းထဲက တစ်ခုပါ။

''အမေရိကန် တပ်သားတွေ စစ်မတိုက်လိုကြပါ။ အသက်အန္တရာယ်ကို လုံခြုံမှု ကင်းမဲ့နေတဲ့ အခြေအနေအောက်မှာ အာရုံတွေက ထွေပြားနေတယ်။ စိတ်ဓာတ်ရေးရာ ယုတ်လျော့ကျဆင်းပြီး မူးယစ်ဆေးဝါး သုံးစွဲရခြင်းဖြစ်ပါတယ် ဆိုတာက ဒုတိယ အကြောင်းရင်းဖြစ်တယ်။ ''ထိုတုန်းက အမေရိကန်တပ်သား တွေရဲ့ အသက်တွေက အရမ်းကို ငယ်ရွယ်နေကြပါတယ်။ ပင်ကိုယ်က လူငယ် ပီပီ ရဲစွမ်းသတ္တိရှိပေမယ့်လည်း ပါဝင်ဆင်နွှဲလိုတဲ့ စိတ်ဆန္ဒမရှိဘဲ၊ အတင်းကြီးကို ဆွဲသွင်းပြီး တိုက်ခိုင်းတာမျိုး ဖြစ်တဲ့အတွက် လိပ်လို ခေါင်းပြူထွက်လို့မရတဲ့ ဆိုင်ဂုံမြို့လမ်းမတွေပေါ်မှာ (မြင်မြင်သမျှ သူတွေအားလုံး ဘယ်ဒင်းက ရန်သူ၊ ဘယ်ဒင်းက မိတ်ဆွေမှန်း သဲသဲကွဲကွဲ မသိရတဲ့ အနေအထားမှာ) တွေ့တွေ့သမျှ လမ်းသွားလမ်းလာတွေကို ငွေအြွေကစလေး အနည်းအကျဉ်းလေးပေးပြီး ဘိန်းဝယ်ယူသုံးစွဲနေခြင်းနဲ့ပဲ အချိန်တွေ ကုန်ဆုံးခဲ့ရတယ်။ ဒီအနေအထားမျိုးက လူကို တကယ်ပဲ တုန်လှုပ်ချောက်ချားစေပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်တွေနဲ့ ဝိညာဉ်တွေဟာ ရှေးဦးကတည်းက တရားနည်းလမ်းမကျတဲ့ စစ်ပွဲနဲ့ ဘိန်းဖြူ မှော်ရုံတောမှာ မြှုပ်နှံစတေးလိုက်ကြရပါတယ်။ သူတို့ဟာ မူးယစ်ဆေးစွဲမှုနဲ့ ဟီးရိုးအင်းဘိန်းဖြူတို့ကို အမေရိကန်နိုင်ငံဆီ ပူးတွဲပြီး သယ်ဆောင်လာကြပါ တယ်။

အထက်ပါ အကြောင်းအရာကို တချို့ ဗီယက်နမ်စစ်ပွဲပြန်တို့က ဗီယက်နမ်စစ်ပွဲကာလမှာ အမေရိကန်စစ်သားတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အထိတ်တလန့် ဇာတ်ကြောင်းကို အဲသလို စီကာပတ်ကုံးရေးသားကြပါတယ်။

ရွှေတြိဂံက ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါး အမျိုးအစားအသီးသီးက အသံမပေးတိတ်တဆိတ်ကလေးနဲ့ ကမ္ဘာ့နေရာဒေသ အသီးသီးဆီ စိမ့်ဝင်လေ တယ်။ 

ကမ္ဘာကြီးဟာ အေးဆေးငြိမ်သက်စွာ မှိန်းနေလို့ မရတော့ပါ။ ရွှေတြိဂံက ပေါ်ပီဘိန်းပင် စိုက်ပျိုးမှုက ဧရိယာ ၃၇၀ဝ၀ ဟက်တာ ရှိနေပါပြီ။ မြန်မာနိုင်ငံ က အကြီးမားဆုံး စိုက်ဧကကို ပိုင်ဆိုင်ထားပါတယ်။ ဘယ်လောက်များသလဲဆို ရင် ဟက်တာ ၆ သောင်းဝန်းကျင်ရှိပါတယ်။ ထိုင်းနဲ့ လောက ဟက်တာ ၃၅၀ဝ စီ ပိုင်ဆိုင်ကြတယ်။ နှစ်စဉ် ဘိန်းအထွက်နှုန်းတန် ၁၂၀ဝ ဝန်းကျင်မှာ ရှိပါတယ်။ တချို့နှစ်တွေများ တန် ၁၅၀ဝ အထိတောင် မြင့်တက်သွားပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမြေဧရိယာ အကျယ်ဆုံးဖြစ်တဲ့အတိုင်း အထွက်နှုန်း ကလည်း အမြင့်ဆုံးမှာ ရှိနေပါတယ်။ နှစ်စဉ် ဘိန်းထွက်တန် ၉၀ဝ-၁၀ဝ၀ ဝန်းကျင်မှာ ရှိပါတယ်။ လောက တန် ၂၀ဝ-၃၀ဝ၊ ထိုင်းရဲက အထွက်နှုန်းက တယ်ပြီး မများလှပါ။ ၃၅ တန် ဝန်းကျင်လောက်ပဲ ရှိပါတယ်။

ရွှေတြိဂံနယ်မြေဒေသမှာ ဘိန်းကုန်သွယ်မှုဟာ လူသိထင်ရှား ထင် ထင်ပေါ်ပေါ် ရောင်းဝယ်ကြတဲ့ ကုန်ပစ္စည်းပါ။ သည့်ပြင် နေ့စဉ် လူသုံးကုန် ပစ္စည်းတွေ ဈေးနေ့မှာ ရောင်းကြ ဝယ်ကြသလိုမျိုး ဘိန်းကိုလည်း ထင်ထင်ပေါ် ပေါ် လွတ်လွတ် ခင်းကျင်းရောင်းချ၊ ဝယ်ယူကြပါတယ်။ နောက်ပြီး ဘိန်းသုံး စွဲသူတွေအတွက် ဘိန်းခန်းတွေကို အထူးဖွင့်လှစ်ထားပါတယ်။ သာဓကအနေနဲ့ ထောက်ပြရရင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တချို့ရွာတွေရဲ့ ဈေးနေ့ တွေမှာ ဥပမာ - ဗန်းမော်၊ နမ်းခမ်း၊ မူဆယ်၊ ကျေးကောင် အစရှိတဲ့ နယ်စပ် မြို့လေးတွေအားလုံးမှာ အထက်က ဖော်ပြတဲ့ ဘိန်းအရောင်းအဝယ်ဆိုင်တွေ၊ ဘိန်းသုံးစွဲနိုင်တဲ့ ဘိန်းခန်းတွေ၊ ဘိန်းဈေးတန်းတွေ ရှိနေပါတယ်။ ဘိန်းဈေးနှုန်း က တဆွဲကို မြန်မာငွေ ၁၂၀ဝ ကျပ် ရှိပါတယ်။ (မြန်မာပြည်မြောက်ပိုင်း အချင်အတွယ် ကိန်းဂဏန်း၊ တဆွဲရဲ့ အလေးချိန်က ၁"၅ ကီလိုဂရမ်နဲ့ ညီမျှ ပါတယ်)။ တရုတ်ပြည်သုံးငွေကြေး ရင်မင်ပိနဲ့ တွက်ရင် ၁ ကီလိုဂရမ် ဘိန်းစိမ်း ကို ရင်မင်ပီ ယွမ် ၂၀ဝ ဈေးနှုန်း ရှိပါတယ်။ အဲဒီအရပ်က ဘိန်းသုံးစွဲသူတွေ သုံးနေတာက ဘယ်လိုမှ ပြုပြင်ချက်လုပ်မှု မပြုရသေးတဲ့ ဘိန်းရိုင်း ဘိန်းစိမ်းတွေ ပဲ ဖြစ်တယ်။ ''တံငါနားနီး တံငါ'' ဆိုစကားအတိုင်း ဒီဒေသမှာ မှီတင်းနေထိုင်ကြ တဲ့သူတွေ အများအပြားဟာ လုပ်စရာ လုပ်ငန်းကိုင်ငန်းတွေက နည်းပါးတော့ အားလပ်ချိန်တွေက များနေတယ်။ ဒီတော့ ဘိန်းသုံးစွဲပြီး မှိန်းပြီး အချိန်တွေ ကုန်လွန်ခိုင်းကြတယ်။ စူးစမ်းလေ့လာချက်အရ သိရတာက ထိုင်းနိုင်ငံမြောက် ဘက် တောင်တန်းသားတွေအထဲမှာ အခါတိုင်းရင်းသား ၁၆"၅プ ယောကျာ်း သားတွေဟာ ဘိန်းစွဲကြသူတွေ ဖြစ်ကြပါတယ်။ ကျန် တခြားတိုင်းရင်းသားတွေ ထဲက မျောင်တိုင်းရင်းသားက ၁၂"၇ プ၊ လောတိုင်းရင်းသားက ၁၀"၂プ၊ လီရှောတိုင်းရင်းသားက ၅"၁プ၊ ကရင်တိုင်းရင်းသားက ၂"၃プ ရှိကြတယ်။

၆၀ ခုနှစ် မတိုင်ခင်တုန်းက ရွှေတြိဂံမှာ ဘိန်းမှောင်ခိုကူးသူတွေ လုပ်ကိုင်ကြတာက အရိုင်းဘိန်းစိမ်းတွေပါ။ ဒီနောက်ပိုင်း လုပ်ကိုင်ကြတာက ပြုပြင်မွမ်းမံပြီးတဲ့ ဟီးရိုးအင်းဘိန်းဖြူကို အဓိကထား လုပ်ကိုင်ကြပါတယ်။ ဘာကြောင့်ဆိုရင် အရိုင်းဘိန်းစိမ်းကို အချော ဟီးရိုးအင်းဘိန်းဖြူဖြစ်သွားဖို့ ဆိုတာမှာ (ဘိန်းစိမ်း ၁၀ တန်ကို ဟီးရိုးအင်း ၁ တန်ခန့် ချက်လုပ်နိုင်ပါတယ်။ အရိုင်းဘိန်းစိမ်းက စားတာ၊ ရှူတာပဲရတယ်။ အချောဟီးရိုးအင်းကျတော့ ရှူ လို့ရသလို သွေးကြောထဲ ထိုးသွင်းလို့လည်း ရတယ်။ ဟီးရိုးအင်းက ဘိန်းစိမ်း ထက် ထုထည်ပမာဏ တအားကို ကွာခြားတယ်။ သိမ်းရ၊ ဝှက်ရ လွယ်ကူတယ်။ သယ်ပြုရတာလည်း အဆင်ပြေတယ်။ အနောက်တိုင်းနိုင်ငံတွေမှာ ရောင်းအား သွက်တယ်။ ဈေးနှုန်းတန်ဖိုးကလည်း မြင့်မားတယ်။ ရွှေတြိဂံက ထွက်ရှိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ တစ်နှစ် နှစ်နှစ် ဟီးရိုးအင်း တန်ချိန် ၅၀၊ ၆၀ က အရှေ့တောင်အာရှနှင့် အမေရိကန်အစတို့နှင့် နိုင်ငံတွေဆီ ရောက်သွားပါတယ်။ အမြတ်အစွန်းတအားကို ကြီးမားလှတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရေးအတွက် ဘိန်းကုန်ကူးသူတွေ ဦးနှောက်ဖျစ်ညှစ်ပြီး နယ်အသစ်ကို ရှာကြံကြပါတယ်။ ဥပမာ - ပဲပင်ပေါက် သန့်စင်ဆေးကြောတဲ့ စက်ထဲ ဝှက်သိုထားတာတို့၊ ြွေက ထည်၊ ပလပ်စတစ်ထည်အစရှိတဲ့ ပန်းပုရုပ်ထုတွေအထဲ သိုဝှက်တာတို့၊ အလုံ ပိတ်စည်သွပ်ဗူးတွေထဲ ထည့်ပိတ်ပြီး အပြင်က လိုင်ချီးတံဆိပ် ဘာဘာတံဆိပ်ဆို ပြီး ဟန်ပြကပ်ပြုထားတာတို့။ ဒါမှမဟုတ်လည်း မူးယစ်ဆေးဝါးတွေကို ပြည်ပ ကို ထုတ်တဲ့ အလှမွေးရွှေငါး ဗိုက်ထဲ ထည့်သွင်းထားတာတို့။ နောက်ပြီးတော့ ရှိပါသေးတယ်။ ယောကျာ်းတွေ သန္ဓေတားရာမှာ သုံးတဲ့ ကွန်ဒုံးထဲကိုထည့်၊ အဲဒါကို ဝမ်းဗိုက်ထဲ မျိုချတာတို့။ တချို့လည်း အလွယ်တကူ သွင်းနိုင်ထုတ်နိုင် တဲ့ စအိုထဲ၊ မိန်းမကိုယ်ထဲထည့်ပြီး ဝှက်ယူတာတို့။ နည်းမျိုးစုံတွေ စုံနေတာပဲ။ ခုတလော တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့ နည်းက ပြည်ပထုတ်မယ့် ကျွန်းသစ် တွေထဲ အခေါင်းပေါက် ဖောက်ထည့်ပြီး ကွမ်တုန်းကိုပို့တဲ့ မူးယစ်ဆေးဝါးအမှု ကြီးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တကယ့်ကို ပြောမဆုံးပေါင် တောသုံးထောင် ဆိုတာပါပဲ။

''ရွှေတြိဂံ'' မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အသွက်ဆုံး ဗဟိုချက်မက မြန်မာနိုင်ငံရဲက ပန်ယမ်းမြို့လေးပါပဲ။ 

ဘိန်းဘုရင်ကြီးတွေ အဲဒီက မူးယစ်ဆေးဝါးတွေ ဝယ်ယူပြီးတဲ့နောက် လားဝန်တင်အဖွဲ့နဲ့ တောင် တန်းတွေကို ခဲရာခဲဆစ် ဖြတ်ကျော်ပြီး မြန်မာပြည်နယ်စပ်က မုန်စန် (မိုင်းဟန်) ကို သယ်ဆောင်သွားကြပါတယ်။ မိုင်းယမ်းကနေ မိုင်းဟန် ခြေလျင်ခရီးက ရက် ၂၀ ကျော် ရှိပါတယ်။ ခရီးလမ်းပန်းမှာ ကြမ်းတမ်းမတ်စောက်လှတဲ့ တောအထပ်ထပ် တောင်အသွယ်သွယ်ရှိပြီး၊ ကျားရဲတိရစ္ဆာန်ဆိုးကြီးတွေ၊ တောပုန်းဓားပြဆိုးကြီးတွေ ပေါများလှပါတယ်။ ဘိန်းကုန်ကူးသူတို့ဟာ တိရစ္ဆာန်အရိုင်းအစိုင်းနဲ့ လူဆိုးဓားပြတို့ကို ခုခံကာကွယ်နိုင်ဖို့အပြင် အစိုးရ ကင်းဂိတ်စခန်းတွေ၊ လှည့်ကင်းတွေနဲ့ တိုးရင် ရင်ဆိုင်အနိုင်တိုက်နိုင်အောင် ဘိန်းကုန်ကူးသန်းတဲ့ ''ဘိန်းဂိုဏ်း'' တွေ ပေါင်းသင်းဖွဲ့စည်းပြီး ခရီးပြင်းနှင်ကြ ရပါတယ်။ ဘိန်းဂိုဏ်းအသီးသီးတိုင်း လက်နက်တပ်ဆင်ထားကြတာချည်းပါပဲ။ လက်နက်တပ်ဆင်မှု အနည်းအများ၊ အားသာမှု၊ အားနည်းမှုကို ကြည့်ပြီး ၄င်း ''ဘိန်းဂိုဏ်း'' ရဲ့ ဘိန်းရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိသလဲဆိုတာ တွက်ဆ လို့ ရပါတယ်။ အဖွဲ့အစည်း အကြီးအသေးကို ကြည့်လိုက်ရင် သိသာပါတယ်။ တပ်ဆင်တဲ့ လက်နက်အများစုက ကာဘိုင်သေနတ်၊ ဆပ်မရှင်းဂန်း၊ ဂျပန်နိုင်ငံ လုပ် သုံးရှစ်အမျိုးအစား သေနတ်၊ ကူမင်တန်ခေတ်လုပ်ခွန်ကို အမျိုးအစား ရိုင်ဖယ်သေနတ်၊ အမေရိကန်လုပ် ြ - ၁၆ အော်တိုမစ်တစ် ရိုင်ဖယ်သေနတ်၊ အပေါ့စားစက်သေနတ်၊ ဒါ့အပြင် အငယ်စား မော်တာလက်နက်တွေ တပ်ဆင် ဖွဲ့စည်းထားပါတယ်။ အင်အားခိုင်မာ တောင့်တင်းတဲ့ ဘိန်းဂိုဏ်းကြီးမှာ လား အစီးပေါင်းထောင်ကျော်ပါတယ်။ တပ်ဖွဲ့အင်အား အယောက် ၂၀ဝ ကျော် ၃၀ဝ ရှိပါတယ်။ 

အင်အားအသေးဆုံး ဘိန်းဂိုဏ်းအဖွဲ့အစည်းမှာတောင် လား အကောင်ရေ ရာကျော်ရှိပြီး၊ လက်နက်တပ်ဆင်ထားတဲ့ တပ်သားအင်အား ၂၀၊ ၃၀ ရှိပါတယ်။ ဘိန်းတွေ သယ်ဆောင်လို့ နယ်စပ်စခန်း မိုင်းဟန်ရောက်တဲ့ နောက် လက်ကားရောင်းချမှု၊ ဒါမှမဟုတ် ဖြန့်ချိမှုလုပ်ငန်းကို ထိုင်း၊ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယား၊ ဒါ့အပြင် မလေးရှားနှင့် ဒီပြင်တခြားနိုင်ငံက ရောက်လာ ကြတဲ့ ဘိန်းကုန်သည်တွေလက်ထက် လွှဲအပ်ပေးလိုက်တော့တယ်။ သူတို့တွေ ကနေထပ်တဆင့် သယ်ဆောင်သွားကြပြီး အရှေ့အာရှကို ပို့ဆောင်၊ အဲဒီက ထပ်ဆင့်တဖန် ကမ္ဘာ့ဒေသအသီးသီးဆီ ကိုယ့်အဆက်အသွယ်နဲ့ ကိုယ် ထပ် ဆင့် ဖြန့်ချိကြလေတယ်။

ရွှေတြိဂံက ဘိန်း၊ မာဖီးယား၊ ဟီးရိုးအင်း အဆင့်ဆင့် ချက်လုပ်မှုကို တွေ့မြင်ဖူးတဲ့ သူက ဟောသလိုမျိုး သရုပ်ဖော်ပြောပြကြပါတယ်။
''သက်ကယ်အမိုးတဲအိမ် အသွယ်သွယ်ရဲ့ အထဲကနေ မီးခိုးလှိုင်းလုံးကြီး က ထူပိန်းနေအောင် အူထွက်နေတယ်။ တဲအိမ်ထဲမှာ သံဒယ်အိုး ကြီးကြီးတွေ ကြားမှာ ယောကျာ်းကြီးတွေ ချွေးတလုံးလုံးနဲ့ ဘိန်းစိမ်းကို ချက်နေကြတယ်။ တဲအိမ်ထဲမှာ ဘောလီဘော အရွယ်အစားလောက်ရှိတဲ့ ဘိန်းရိုင်းတွေကို ပလပ်စတစ်အိတ်ထဲ ထည့်ထားပြီး ဖြစ်ကတတ်ဆန်း စုပုံထားပါတယ်။ ခန့်မှန်း ခြေ ကီလိုဂရမ် ထောင်ချီပြီး ရှိပါလိမ့်မယ်။ ဘိန်းချက်ယောကျာ်းကြီးတွေ ချွေး သံတရွှဲရွှဲနဲ့ ထုတ်ပိုးထားတဲ့ ပလပ်စတစ်တွေကို ထိုးခွဲပြီး ဘိန်းစိမ်းတွေကို ရေ ဆူပွက်နေတဲ့ သံဒယ်အိုးကြီးထဲ လှိမ့်ချလိုက်တယ်။ ရေအပူရှိန်ကြောင့် ဘိန်းစိမ်း အခဲကြီး အရည်ပျော်သွားပါလေရော။ လုံးဝ အရည်ပျော်သွားပြီဆိုတာနဲ့ မဖောက်ထုံး တစ်ဖလား (အကြီး) ခပ်ပြီး ဘိန်းရည်ဒယ်အိုးထဲ လောင်းထည့်လိုက် တယ်။ သစ်သားယောက်မကြီးနဲ့ မတူးမခြစ်အောင် မပြတ်တမ်း မွှေပေးရပြန် တယ်။ မဖောက်ထုံးက ဘိန်းစိမ်းပျော်ဝင်ရည်ကို မာဖီးယားနဲ့ ဟီးရိုးအင်း အပျော့စားအဖြစ် ကူးပြောင်းသွားစေပါတယ်။ မည်းညစ်ညစ် ဘိန်းအရည်ဟာ နို့နှစ်ရောင် သန်းလာပါတယ်။ ဘိန်းအရိုင်းထဲက တခြားအယ်ကာလီ (ဆပ်ပြာ၊ ဆားဓာတ်)၊ ကယ်လ်စီယမ် ဆာလဖိတ်၊ ပျော်ဝင်နိုင်စွမ်းမရှိတဲ့ ရော်ဘာဓာတ် အစရှိတဲ့ ဓာတ်တွေအားလုံး ဒယ်အိုးအောက်ခြေမှာ အနယ်ထိုင်ကျသွားပါတယ်။ အဲဒီနောက်မှာ ပျော်ဝင်ရည်ဟာ လက်ဖက်ခြောက် (အဖျော့) ရောင် သန်းသွားပါ တယ်။

၁၀ ကီလိုဂရမ် ဘိန်းစိမ်းကို ပြုပြင်ချက်လိုက်တဲ့အခါ မာဖီးယား ၁ ကီလိုဂရမ်ခန့် ရနိုင်ပါတယ်။ ဒါကို ဒုတိယအကြိမ် မွမ်းမံချက်လုပ်လိုက်တော့ မွဲပြာပြာ အဝါရောင်ပြေးတဲ့ မော်ဖီးယားကို ရပါတယ်။ ဒါပေမဲ့ ၁၀ဝプ သန့် စင်မှု မရှိသေးပါ။ ခိုခါအင်း အစိတ်အပိုင်းတွေ ပါဝင်နေပါသေးတယ်။ ဒီအဆင့် မျိုးရောက်လာတဲ့ မော်ဖီးယားကို အတုံးလေးပုံစံသိပ်လိုက်ရင် ရွှေတြိဂံသားတွေက ဒါကို ''စိန်ဝါ'' ရယ်လို့ အမွှန်းတင်ခေါ်ဝေါ်ကြတယ်။ ''စိန်ဝါ''ရဲ့ သန့်စင်နှုန်းက ၉၅ プ ဝန်းကျင်ရှိပါတယ်။ သေသေသပ်သပ် ဂရုတစိုက်ပြုလုပ်ထားတဲ့ မော်ဖီး ယားပုံဆောင်ခဲ့လေးတွေကို ကပ်နေတဲ့ အိမ်ခန်းထဲကို ပို့လိုက်ပါတယ်။ အဲဒီ အခန်းမှာ ပိုပြီးသန့်စင်တဲ့ မော်ဖီးယားကို ဓာတ်ပြုမွမ်းမံပြန်တယ်။ အများအပြား ကို အထုပ်ထုပ်ပိုးပြီး ဟီးရိုးအင်း ဘိန်းဖြူချက်လုပ်မယ့် စက်ရုံဆီ ပို့ဆောင် သိုလှောင်ထားလိုက်ပါတယ်။

အချင်အတွယ်ပုံးနဲ့ သင့်လျော်တဲ့ အက်ဆစ်တစ်အက်ဆစ် (ဗခနအငခ ခေငိ) တွေကို ချင်တွယ်ပြီး ြွေကဇလုံထဲမှာ ထည့်ထားတဲ့ အသေအချာလုပ်ခဲ့တဲ့ မော်ဖီးယားထဲ လောင်းထည့်လိုက်တယ်။ ဖြည်းဖြည်းချင်း မွှေပေးရင်း ရောနှော ထားတဲ့ ပစ္စည်းတွေ ဓာတုဗေဒဓာတ်ပြုမှုတွေ ဖြစ်ပေါ်စေလေတယ်။ တဖန် အရည်တွေကို အသေအချာစစ်ထုတ်ပြီး ပုံဆောင်ခဲလေးတွေ ဖြစ်စေပြန်တယ်။ ဆီးနှင်းပွင့်လို ဖြူဖွေးသွားပါပြီ။ သန့်စင်မှု နှုန်းထားက ၉၉プ အထက်မှာရှိတဲ့ မော်ဖီးယားဖြစ်မြောက်သွားပါပြီ။ ဒီအမျိုးအစားမော်ဖီးယားကို အတုံးလေးတွေ ဖြစ်အောင် ပုံသွင်းလိုက်တယ်။ အဖြူခဲလို့ အမည်ပြောင်းခေါ်လိုက်တယ်။ ဘိန်းဖြူအခဲတုံးဟာ ၂ ကီလို ဂရမ်နဲ့ ၃ ကီလိုဂရမ် ပတ်ကင်နှစ်မျိုးနှစ်စား ထုတ်ပိုး ထုတ်လုပ်လိုက်ပါတယ်။ အတုံးအခဲတိုင်းရဲ့ အပေါ်ယံ မျက်နှာပြင်မှာ ''၉၉၉'' စာလုံး ရိုက်နှိပ်ထားပါတယ်။ သဘောကတော့ သန့်စင်မှုနှုန်း ၉၉"၉ プ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီအဆင့်ရှိတဲ့ မော်ဖီးယားထဲကို အက်ဆစ် တစ်အက်ဆစ် အင်ဟိုက်ဒရိုက် (ဗခနအငခ ဗခငိ ညေ့ပိမငိန) အစရှိတဲ့ ဓာတုဗေဒ ပစ္စည်းတွေ ထပ်ဆင့်ရောနှောပြီး ဓာတ်ပြုလိုက်တဲ့အခါမှာ ပုံဆောင်ခဲလေးတွေ ကနေ သန့်စင်မှုအရည်အသွင် အင်မတန်မြင့်မားတဲ့ ဟီးရိုးအင်းဖြစ်သွားလေ တယ်။ ဒါကို ''ဘိန်းဖြူ'' လို့ ခေါ်ကြတယ်။

ရွှေတြိဂံနယ်မြေက မူးယစ်ဆေးဝါးရောင်းဝယ်ကြတဲ့ ဂိုဏ်းအုပ်စုကြီး တွေက ဒေသခံ ဘိန်းစိုက်တောင်တန်းသားတွေကို သူတို့ မတရားကန့်သတ်ထား တဲ့ ဈေးနှုန်းနဲ့ ဘိန်းစိမ်းကို ဝယ်ယူပါတယ်။ ဘိန်းဂိုဏ်းအုပ်စုကြီးတွေ အနိုင်ကျင့် ကန့်သတ်တဲ့ ဘိန်းစိမ်းဈေးနှုန်းက ၁ ကီလိုဂရမ်ကို အမေရိကန် ဒေါ်လာ ၇၀၊ ၈၀ သာရှိပါတယ်။ မွမ်းမံပြင်ဆင်ပြီးတဲ့ ဟီးရိုးအင်း ဘိန်းဖြူတစ်ဖိုးကိုလည်း ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၈၀ဝ-၁၀ဝ၀ လောက်ပဲ ပေးပါတယ်။ အဲဒီ ဟီးရိုးအင်း ဘိန်းဖြူမှုန့်ကို ခိုးသယ်ပြီး ဘန်ကောက်ရောက်တာနဲ့ ၁ ကီလိုဂရမ်တန်ဖိုးက ၁ သောင်းခွဲကနေ ၂ သောင်းကို ရောက်သွားပါတယ်။ ဟော်လန်ရဲ့ အားမူစတန်မှောင်ခိုဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁ သိန်း ၂ သောင်း တက်သွားပါတယ်။ အမေရိကန် နယူးယော့ဈေးကွက်မှာ ၂ သိန်း၊ ၂ သိန်း ၂ သောင်း တက်သွားပြန်တယ်။ တကယ်လို့ အမေရိကန်ပြည် တခြား မြို့တွေမှာ ဈေးက ပိုကောင်းသွားပြန်တယ်။ ၁ ကီလိုဂရမ်ကို ၂ သန်း၊ ၃ သန်းဈေးကို ပေါက်သွားပါတယ်။ ကဲ ဒီတော့ ဘိန်းရယ်လို့ စတင်ဖြစ်လာပြီး အစဦးဆုံးဝယ်တဲ့ တန်ဖိုးနှုန်းထားကနေ ဘိန်းဖြူအဆင့်ကို ရောက်သွားတဲ့ အမြင့်ဆုံး တန်ဖိုးနှုန်းထားကို နှိုင်းယှဉ်ချိန်ထိုးလိုက်ရင် အဆပေါင်း ၂၀ဝ၀ ကျော်တောင်ရှိနေပါတယ်။ ဘာကြောင့်များ ဒါလောက်မြင့်မားတဲ့ အကျိုးအမြတ် တွေ ရနေတာပါလိမ့်။ မေးစရာဖြစ်လာပါပြီ။ ဒါဟာ အဓိကအကြောင်းရင်း နှစ်ရပ်ရှိနေပါတယ်။

ပထမ တစ်အချက်က - ဘိန်းရောင်းဝယ်ဖောက်ကားမှုတိုင်းဟာ ဥပဒေမဲ့ ရောင်းဝယ်မှုဖြစ်တယ်။ ကမ္ဘာပေါ်က နိုင်ငံအများစုက တင်းတင်းကြပ် ကြပ် ကိုင်တွယ်ကြပါတယ်။ ဘိန်းတို့၊ ဟီးရိုးအင်း ဘိန်းဖြူ ရောင်းဝယ်ဖောက်ကား ကြသူတိုင်းကို ''ဝိုင်း၊ လိုက်၊ ပိတ်၊ ဖြတ်'' တင်းတင်းကြပ်ကြပ်ကို အရေးယူ ဆောင်ရွက်ကြပါတယ်။ မူးယစ်ဆေးဝါး နောက်ဆုံးပိတ် သုံးစွဲသူတွေ လက်ထဲ ရောက်ဖို့ဟာ ''ဂိတ်'' အလီလီ အဆင့်ဆင့်ကို ခဲရာခဲဆစ် ကျော်လွှားဖြတ်သန်းရပါ တယ်။ ဒီတော့ ကုန်ကျစရိတ် အရင်းအနှီးဟာ ဘေးအန္တရာယ်တွေကို ထည့် ပေါင်းလိုက်ပြီး တန်ဖိုးနှုန်းထားဟာ မိုးထိုးတက်သွားရလေတယ်။ ဒါ့အပြင် နိုင်ငံတကာမှာ မူးယစ်ဆေးဝါးတိုက်ဖျက်မှု ဒီဂရီမြင့်မားတိုးတက်လာတိုင်း မူး ယစ်ဆေးဝါးရဲ့ ဈေးနှုန်းပိုပြီး တက်လေ့ရှိတာကြောင့် အစနဲ့အဆုံး ဈေးနှုန်တအား ကို ကွာခြားရတာဖြစ်ပါတယ်။

ဒုတိယ နှစ်အချက်က - မူးယစ်ဆေးစွဲတဲ့ သုံးစွဲသူတွေလက်ထဲ ရောက်သွားတဲ့ ဟီးရိုးအင်းဘိန်းဖြူသန့်စင်မှု အရည်အသွေးညံ့တာတွေ ဖြစ်သွား ကြတာ များပါတယ်။ အစစ်အမှန် ရောက်လေ့ရောက်ထမရှိပါ။ ဒါကလည်း ဖြတ်သန်းမှု ခရီးစဉ်အဆင့်ဆင့် များပြားလှတဲ့အတွက် တဆင့်ပြီး တဆင့် ကိုင်တွယ်သူတွေရဲ့ လက်ခုပ်ထဲအရောက်မှာသည့်ပြင် ပစ္စည်းတွေ အရောအနှော ပွားလိုက်ပါတယ်။ နောက်ဆုံးသုံးစွဲသူ့လက်ထဲလည်း ရောက်ရော၊ ဟီးရိုးအင်းပါ ဝင်မှုနှုန်းထား သိပ်မကျန်တော့ပါ။ ဒါကြောင့် ဈေးနှုန်းတန်ဖိုးတွေ မြင့်မြင့်တက် သွားရခြင်းဖြစ်ပါတယ်။ (သန့်စင်မှုဟာ အစဦးပိုင်းမှာ ၈၀ プကနေ ၃プ - ၅プအထိ ထိုးဆင်းသွားပါတယ်)

အမေရိကန် ဟီးရိုးအင်းဈေးကွက်ရဲ့ အရောအနှာ၊ အပြောင်းအလဲတွေ ကိုပဲ ရည်ညွှန်းပြောကြပါစို့ရဲ့။ ပြင်ပလိုင်းပြေးတဲ့ ဘိန်းကုန်သည်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ သန့်စင်နှုန်း ၈၀ プ ရှိတဲ့ ဘိန်းဖြူကို ဝယ်လိုက်တယ်။ ၁ ကီလိုဂရမ်ကို ဒေါ်လာ ငါးသောင်းဈေးနဲ့ပေါ့။ ဒုတိယကြားခံ ကုန်သည်က လုံးကြမ်း သကြားဖြူမှုန့်တို့၊ ကွီနိုင်ဆေးမှုန့်တို့ ထည့်ပေးလိုက်တယ်။ (ဘိန်းဖြူ ၁ ကီလိုဂရမ်ကို လုံးကြမ်းသကြားနဲ့ ကွီနိုင်း ၁ ကီလိုဂရမ် ရောနှောလိုက်တယ်) ဒီတော့ ဘိန်းဖြူသန့်စင်နှုန်းက ၄၀ プ ဖြစ်သွားရော။ ဈေးနှုန်းက ၁ ကီလိုဂရမ် ကို ၆ သောင်းခွဲဒေါ်လာနဲ့ တတိယဆင့် ကြားခံကုန်သည်လက်ထဲရောက်သွားတဲ့ သန့်စင်မှု ၄၀ プ ရှိတဲ့ အဖြူမှုန့်ကို ၁ ကီလိုဂရမ်ကို ၆၀ဝ ဂရမ် လုံးကြမ်း သကြားရောလိုက်ပြန်ရော။ ၂၅၀ ဂရမ်ရှိတဲ့ အထုပ်ငယ်လေးတွေ ထုပ်လိုက် တယ်။ တစ်ထုပ်ကို ဒေါ်လာ တစ်သောင်းခွဲရောင်းပါလေရော။ လက်လီချွေပြီး ဝယ်တဲ့ အရောင်းသမား ပေါက်စနလေးက သူလည်းပဲ အားကျမခံ ဟိုရော ဒီရော ရောပြန်လေရော။ ဟီးရိုးအင်းဘိန်းဖြူရဲ့ သန့်စင်နှုန်းက ၃プ -၅プ လောက်သာရှိတဲ့ အမှုန့်တွေသာ ဖြစ်နေတယ်။ ဒါကို ထပ်တဖန် ဒီထက် ပို သေး၊ ပိုငယ်တဲ့ အထုပ်ကလေးတွေ ခွဲပြီး ထုပ်လိုက်ပြန်ရော။ ဒါကို လမ်းကြို လမ်းကြားက အရောင်းသမား ပေါက်စနလေးတွေလက်ထဲ ရောက်သွားလေတယ်။ ဒီလိုနဲ့ အဆင့်တိုင်း အရောအနှောတွေလုပ်၊ တန်ဖိုးဈေးနှုန်းကို တင်၊ ထပ်ရော၊ ထပ်တင်နဲ့ ရှေးဦးဆုံး ရွှေတြိဂံမှာ ၁ ကီလိုဂရမ်၊ အမေရိကန်ဒေါ်လာ ၈၀ဝ- ၁၀ဝ၀ ရှိတဲ့ ဟီးရိုးအင်း ဘိန်းဖြူဟာ နောက်ဆုံးအဆင့် သုံးစွဲသူလက်ထဲလည်း ရောက်ရော ၁ ကီလိုဂရမ်ဟာ ဒေါ်လာ ၂ သန်းဈေးကို ပေါက်ရောက် ထိုးတက် သွားပါလေရော။
(ဆက်လက်ဖော်ပြပါမည်)