Breaking News

ဟံသာ၀တီဦးဝင်းတင် - ကျွန်တော်နဲ့ကိုတင်အောင်



ဟံသာ၀တီဦးဝင်းတင် - ကျွန်တော်နဲ့ကိုတင်အောင်

(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၉

 ပြည်သူ့စာဆိုဗန်းမော်တင်အောင် ရာပြည့် အခမ်းအနား ကျင်းပရေး ကော်မတီ ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်

ဗန်းမော်တင်အောင် အကြောင်းကို ပြောရမယ်ဆိုရင် ကျွန်တော် ထိုင်ပြောတာကို ခွင့်လွှတ်ပါ။
မတ်တတ်ရပ်ဖို့ ကျွန်တော်မှာ အခက်အခဲရှိလို့ပါ။

ကျွန်တော် ဗန်းမော်တင်အောင် အကြောင်းပြော မယ်ဆိုရင် ပြောစရာတွေက အများကြီးပါ။ ဗန်းမော်တင်အောင်နဲ့ ကျွန်တော်ဟာ အရင်းနှီးဆုံးပုဂ္ဂိုလ်ထဲမှာ မပါသော်ငြားလည်း ခင်မင်တဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ် လို့ ကျွန်တော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဗန်းမော်တင်အောင်ကို ၁၉၅၀ ကျော် ကတည်းကစပြီးတော့ သတင်းစာထုတ်တဲ့အထိ မြင်ဖူးပါတယ်။ အဲဒီမှာလုပ်တဲ့ သူ့ရဲ့တပည့်သားမြေး တွေ၊သူ့ရဲ့ ရဲဘော်၊ စာရေးဆရာတွေနဲ့လည်း ကျွန်တော် အရမ်းရင်းနှီးပါတယ်။နောက်ပြီးတော့ နိုင်ငံရေး အားဖြင့်ဆိုလို့ ရှိရင်လည်း ကျွန်တော်က နိုင်ကျဉ်းဟောင်း ဟုတ်သော်ငြားလည်း အလွန်နီးစပ်ပြီးတော့ သူ့ရဲ့နိုင်ငံရေး ရဲဘော်တွေ ၊ နီးစပ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်လည်းသတင်းစာဆရာလုပ်တယ်။ကိုတင်အောင်လည်း သတင်းစာဆရာလုပ်တယ်ဆိုတဲ့အခါကျတော့ ကိုတင်အောင်နဲ့ ကျွန်တော် နဲ့ က သတင်းစာ ဆရာချင်း စာရေးဆရာချင်း ရင်းနှီးမှု ရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

ဒါက ပြောခွင့်လေးရှိတယ်ဆိုတာကို ပြောခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုတင်အောင် အကြောင်းကို ပြောမယ်ဆိုရင် အများကြီးပြောနိုင်တဲ့ သူတွေ အများကြီးရှိပါတယ်။ သူရဲ့ စာပေရိတ်သက် အများကြီးရှိတာကိုက သူ့အကြောင်းကိုပြောခွင့်ရှိတာ။ သူရေးခဲ့တဲ့စာပေး တွေနဲ့၊ သူ့စာပေတွေကနေပြီးတော့ သိရတဲ့သူ့ ရဲ့ နိုင်ငံရေးသဘောတရားတွေနဲ့ပတ်သက်လို့ နောက်တခါ သူ့စာပေတွေကနေပြီးတော့ သိရတဲ့ လူပုဂ္ဂိုလ်အမြင်။ လူ့သဘောထားပေါ့။ လူပေါ်မှာအမြင်။လူတယောက်ဘယ်လိုဟာမျိုးဟာ လူလို့ခေါ်သလဲ ကိုတင်အောင်ရဲ့ထူးခြားတဲ့အမြင်တွေ။ ဒါတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီး ပြောစရာရှိတာပေါ့။အဲ့တော အဲ့ဒီလိုပြောတဲ့သူတွေထဲမှာ ပြောနိုင်ကြတဲ့သူတွေကြားထဲ အနေအထားမှာ ကျွန်တော်လည်း ခုနပြောသလို လူပုဂ္ဂိုလ်အရ ကိုတင်အောင်နဲ့ရင်းနှီးတဲ့သူအနေနဲ့ ပြောမယ်ဆိုရင် ပြောလို့ရတယ်ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။

ကျွန်တော် ကိုတင်အောင်နဲ့ ပတ်သက်ပြီးတော့ ပြောချင်တာတွေ အများကြီးရှိသော်ငြားလည်း ကျွန်တော် သိပ်မပြောတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်အကျဉ်းထောင်ထဲမှာ အတူတူနေဖူးတဲ့ ပုဂ္ဂိုလ်တွေ၊ စကားပြောစရာတွေရှိတယ်။သူနဲ့ အတူ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးရဲဘော်တွေရှိမယ်။ဆိုတော့ စာပေနဲ့ပတ်သက်လို့ ပြောမယ့်သူ ကျွန်တော်ထင်တယ် အတော်နည်းသွားပြီး။ကျွန်တော် ဒီမှာထိုင်နေတယ်။ ရဲဘော်ကြီး ဗိုလ်အောင်ဒင်တို့ဘာတို့ဆိုရင် ကိုတင်အောင်နဲ့ အတူ နိုင်ငံရေးလည်းလုပ်ခဲ့၊နောက်ပြီး တော့ စာပေလုပ်ငန်းတွေလည်းလုပ်ခဲ့။သူတို့ အဲလို လူမျိုးတွေကျတော့ အတော်နည်းသွားပြီး။လင်းယုန်မောင်မောင်တို့ ၊ သူနဲ့အတူလုပ်ခဲ့ဖူးတဲ့သူတွေ အတော်နည်းသွားပြီး။အဲ့တော့ ကျွန်တော် ပြောချင်တာက အထူးသဖြင့်ကတော့စာပေအကြောင်းကိုပြောချင်ပါတယ်။ စာပေအကြောင်းကိုမှ ပြောနိုင်ဆိုနိုင်တဲ့သူက အတော်လေးနည်းသွားပြီ။ ကျွန်တော်ရဲ့မှတ်ဉာဏ်လည်း အများကြီး လျော့သွားပြီ။ ကိုတင်အောင် စာအုပ်တွေထဲက ဇာတ်ကောင်တွေ၊ဇာတ်လမ်းတွေ ၊ဇာတ်ထုတ်တွေ ဒါတွေ ကျွန်တော်ပြောဖို့ တော်တော်လေး အားနည်းသွားပြီး။ ကျွန်တော်သိပ်မပြောနိုင်တော့ပါဘူး။ ဘာပဲပြောပြော အားလုံးသိကြပြီးသား ဖြစ်တဲ့အတွက် စာပေအကြောင်းတွေ ကျွန်တော် မပြောသော်ငြားလည်း ကိုတင်အောင် ရဲ့စာပေအယူအဆ နိုင်ငံရေးအယူအဆ နဲ့ အဲ့ဒါတွေ နဲ့ ပတ်သက်လို့ ကျွန်တော် နည်းနည်းတော့ပြော နိုင်တယ်လို့ ယူဆပါတယ်။ 

နောက်တခုက ပုဂ္ဂိုလ်ရေး ယူဆပါတယ်။စာပေတွေနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ ကိုတင်အောင် ဟာကျွန်တော်တို့စပြီးတော့ ကျွန်တော် စာလေးဘာလေးဖတ်ခါစက ၁၅ နှစ် ၁၆ နှစ်သား ဂျာနယ်ကျော် အမြဲတမ်းဖတ်တယ်။ ဂျာနယ်ကျော်ထဲ မှာ ဆိုပြီးတော့ ဝတ္ထုလေး တစ်ပုဒ်ပါပါတယ်။ ဒါကဘာပဲပြောပြော အဲ့ဒီခေတ် အယူအဆနဲ့ ဒီဘက်ခေတ်တော်လှန်ရေးကို အခြေခံပြီး ရေးထားတဲ့ ဝတ္ထုတိုလေးပါ။၁၉၄၅ လောက်မှာပါတဲ့ထူးခြားတဲ့ဝတ္ထုလေး ဖြစ်တယ်။ဒီဝတ္ထုလေးကို တခါ တလေ ကိုတင်အောင်ရဲ့ စာတွေ ထဲမှာ မတွေ့ရဘဲဖြစ် အဲနောက်ပိုင်းမှာလည်း ကိုတင်အောင်ရဲ့စာတွေ မတွေ့ရဘဲဖြစ်တယ်။ အဲနောက်ပိုင်း ကိုတင်အောင် ရေးတဲ့ ဝတ္ထုတွေ ထဲမှာဆိုလို့ရှိရင် ဘုန်းမောင်တစ်ယောက်တည်းရယ် ဆိုလို့ရှိရငိ အဲ့ဒီခေတ် အခါတုန်းကသြဇာရှိတဲ့ရေးဟန်လေးတွေအယူအဆတွေပါတယ်။ သဘောထား တွေပါတယ်။ အမြင်တွေပါတယ် ဆိုတဲ့အခါကျတော့ အလွန်သြဇာကြီးတဲ့ စာအုပ်တစ်အုပ်လို့ ပြောလို့ရတယ်။ ကိုတင်အောင် အဲဒီကနေပြီးတော့ ဝတ္ထုတွေ ၊သူကျော်ဖြတ်ခဲ့တဲ့ ခေတ်ကာလ သမိုင်းခေတ်တော်လှန်ရေးကာလကို အခြေပြုပြီးတော့ ရေးတယ်။ ရေးတဲ့နေရာမှာလည်း တိုင်းရင်းသားတွေကို အခြေခံပြီးတော့ရေးတယ်။တိုင်းရင်းသားတွေပေါ်မှာထားတဲ့ သူ့ရဲ့ သဘောထား ၊ တိုင်းရင်းသားတွေရဲ့ ဖွဲ့စည်းလှုပ်ရှားမှုမှာပါတာတွေ ရေးတယ်။ ကိုတင်အောင်ရဲ့ စိတ်ထား ၊ သဘောထား အမြင် ဒါကို ပထမဆုံးအလေးထားပြီးပြောလိုခြင်း ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ခုနပြောသလို အနေအထားကျတော့ ဖြစ်ရင် ခေတ်ရဲ့ အနေအထား အများကြီးပြောင်းသွား ပြီး ၊ခေတ်ရဲ့ အမြင်တွေ ခေတ်ရဲ့သဘောထားတွေ အဲ့ဒီခေတ် တုန်းက ဆိုရင် ဆိုပါတော့ဗျာ ဝတ္ထု တွေ အများကြီး ပေါ်ပါတယ်။ လင်းယုန်ကြီးရဲ့ ဝတ္ထု တွေမှာ ဆိုလို့ရှိရင် ဝတ္ထုတွေ အများကြီးရှိတယ်။ဝတ္ထုတွေရဲ့ အနေအထားက စိတ်ကူးယဉ်စရာတွေပါတယ်။ စိတ်ကူးယဉ်တာတွေ ပါသလိုပဲ လူငယ်ဆိုတာ စိတ်ကူးယဉ်ရတယ်ဆိုတာကို လူငယ်ဟာ စိတ်ကူးယဉ်ရမှာပဲ။ မယဉ်လို့မရပါဘူး။စိတ်ကူးယဉ်တဲ့ ဟာရှိမှာ လူငယ်တွေဟာ ဘဝကို ရုန်းကန်နိုင်မယ်။ဘဝကိုရင်ဆိုင်နိုင်မယ်။ ဘဝကို ဖြတ်သန်းနိုင်မယ်လို့ ယူဆတယ်။ ကိုတင်အောင်ဟာ အဲဒီအယူအဆတွေ ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်။အဲတော့ ကိုတင်အောင်ရဲ့စာတွေမှာစကားလုံးအဆန်းတွေပါတယ် အသုံးအနှုန်း ဒါတွေအတွက် ကြိုက်တဲ့သူရှိတယ်။ ဝေဖန်တဲ့သူရှိတယ်။ ဘယ်လိုပဲပြောပြော သြဇာအလွန်ကြီးမားတဲ့ စာပေ၊ ဝတ္ထုဖြစ်တယ်လို့ ပြောနိုင်ပါတယ်။အဲဒီအတွက် တော်လှန်ရင်းနဲ့ နောက်ဆုံးကျတော့ ကိုတင်အောင် ဟာ စာအများကြီးရေးပြီး တော့ လူတွေရဲ့တော်လှန်ရေးစိတ်ကို နယ်ချဲဆန့်ကျင်ရေး အာဏာရှင်တွေဖိနှိပ်လို့ ဒါတွေကို ဆန့်ကျင်တဲ့ဟာကို သူ့ရဲ့ ဘဝ ၊သူကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ ဘဝ ၊ သူရဲ့ အတွေ့ အကြုံ တွေ လို့ ပြောလို့ရပါတယ်။ကိုတင်အောင် ရဲ့ နိုင်ငံရေးအယူ အဆတွေ အများကြီးဖော်ပြနေသလို ဖြစ်ပါတယ်။ ဒီဝတ္ထုကြီး အခု ပြန်ပြီးတော့လည်း ထွက်လာပါတယ်။ ကိုတင်အောင် ရေးဟန်တွေကို ကြိုက်တဲ့သူ ရှိမယ်၊ မကြိုက်တဲ့သူရှိမယ်။ ဒါပေမဲ့ အရေးကြီးတာတခုက ကျန်ခဲ့တဲ့ ဒီဝတ္ထုကြီးကို ဖော်ပြတဲ့ ပရိတ်သက် သဘောထားအမြင်၊ နိုင်ငံရေး သဘောထား နိုင်ငံရေးအမြင် အယ်ဒီတာအာဘော် အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ သူ့ရဲ့ စာပေရဲဘော် အားလုံးကို တိုက်တွန်းချင်တာက ကိုတင်အောင်ရဲ့ စာတွေကိုပြန်ပြီးတော့ထုတ်နိုင် အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ ကိုတင်အောင်ရဲ့လက်ရေးအမြင်များ ဒီနေ့အခါမှာ ပိုမိုအစိုးရနေတုန်းပဲ။ ပိုမို ထက်မြတ်နေတုန်းပဲ ။ အဲ့ဒီလိုပဲ ကျွန်တော် ယူဆပါတယ်။ဘာလို့လဲဆိုတော့ တခြားအကြောင့် မဟုတ်ဘူး။ ကိုတင်အောင်ရဲ့ စာတွေက တပိုင်းထား ၊ ကိုတင်အောင်ကျော်ဖြတ်ခဲ့တဲ့ ခေတ်တွေနဲ့ ဒီနေ့ ကျွန်တော်တို့ကျော်ဖြတ်နေတဲ့ခေတ်တွေက သိပ်မကွာခြားလှဘူး။ အတူတူမျိုးတွေချည်းပဲ။

ဆိုပါတော့ ကိုတင်အောင် သတင်းစာ လုပ်တဲ့ ၁၉၅၇-၅၈ လောက်က ရှင်းရှင်းပြောရရင်အဲတုန်းက ဗမာပြည်နိုင်ငံရေးဟာလည်း အခုနိုင်ငံရေး လိုပဲ လှုရှားနေတဲ့နိုင်ငံရေး၊ တက်ကြွနေတဲ့ နိုင်ငံရေးပါပဲ။အလားတူပဲ တဖက်ကနေပြီးတော့ တိုင်းပြည်ရဲ့အာဏာကိုလွှမ်းမိုးနေတဲ့ ပုဂ္ဂိုလ်တွေ စစ်တပ်တို့ စစ်ဗိုလ်တို့ ထွက်လာတဲ့ကာလဖြစ်ပါတယ်။ အာဏာရှင်တွေ အကုန်လုံးကလည်း အဲကာလမှာပဲ အိမ်စောင့်အစိုးရဆိုတဲ့ အာဏာလွှဲပြောင်းမှုပေါ့။ သိမ်းထားတဲ့ ဦးနုရဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင်၊အာဏာကို လွှဲပြောင်းယူလိုက်တာ။ဒါပေမဲ့ တကယ်တော့ အာဏာလွှဲပြောင်တာမဟုတ်ပါဘူး။ အာဏာသိမ်းလိုက်တာ။အဲတော့ ဆိုလိုတာကက တို့ဗမာပြည်မှာသူတို့အာဏာရှင်တွေ လက်ထက်မှာ အာဏာသိမ်းမှုတွေ တနည်းမဟုတ်တနည်း၊ တချိန်မဟုတ်တချိန်မှာ သူတို့ကြုံတွေ့ခဲ့ရဖူးသလိုပဲ အဲဒီအချိန်တုန်းက လူရွယ်၊ လူငယ်၊လူလတ်၊အဲဒါတွေဟာလည်း အကုန်းလုံးကလည်း အာဏာရှင်တွေရဲ့ ခေတ်စနစ်ကိုစပြီးကြံုခဲ့ရပါတယ်။ အဲဒီအချိန်မှာလည်း သူတို့တွေဟာ တိုက်နေတဲ့သူတွေ၊ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့လည်း ကြိုးစားမယ် အပြည့်ရှိခဲ့တယ်။အာဏာရှင်တွေဘက်ကနေပြီတော့ ဖိနှပ်ချုပ်ချယ်မှုတွေ ထွက်လာတယ်။ ဦးနေဝင်းအစိုးရကလည်း သူတို့ကိုသူတို့ အာဏာရှင်အစိုးရလို့မပြောဘူး။ စစ်အစိုးရလို့တောင်မပြောဘူး။အိမ်စောင့်အစိုးရဆိုပြီပြောသော်ငြားလည်း တဖက်ကနေပြီးတော့ ဖိနှိပ်မှု၊ချုပ်ချယ်မှု ယန္တရားကိုလည်းအပြည့်တည်ဆောင်ထားတယ်။တိုက်ပွဲတွေဟာ ရိုးရိုးတန်းတန်း အာဏာကိုဖျက်သိမ်းပေးတာမဟုတ်ပါဘူး။ဒီတိုက်ပွဲဝင်တဲ့ တိုက်ပွဲတွေ တိုက်ပွဲဝင်သူတွေကို ကိုကိုးကျွန်မှာ အများကြီး တိုက်ပွဲတွေလုပ်ရတယ်။ ဒီတိုက်ပွဲတွေကြားထဲကနေပြီတော့ ဒီလိုအာဏာရှင်စနစ်ကို တွန်းလှန်ခဲ့လို့ အာဏာရှင်စနစ် လျော့ခွေပြီးတော့ ကိုတင်အောင် ဟာ အဲ့ဒီကာလတလျှောက်ကို ကျော်ဖြတ်ခဲ့တယ်။သူကိုယ်တိုင်လည်း စာရေးဆရာအသင်း၊ အဖွဲ့အစည်းတွေထဲမှာ ပါဝင်လှုပ်ရှားခဲ့တယ်။နိုင်ငံရေးနဲ့ပတ်သက်လို့လည်း ပါဝင်လှုပ်ရှားခဲ့တယ်။ နောက် နယ်ချဲ့ဆန့်ကျင်ရေး တိုင်းပြည်ရေးပေါ့လေ။ ဒီကာလတွေမှာ ပါဝင်တယ်။စာရေးဆရာသက်သက်မဟုတ်ဘူး ကိုတင်အောင်ဟာ တကယ့် ထဲထဲဝင်ဝင်ပါပြီးတော့ အနစ်အနာခံပြီးလှုပ်ရှား တဲ့ပုဂ္ဂိုလ်အဲဒီအတွက်လည်း ထောင်တန်းနဲ့ သက်သေပြသွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒါဟာ ကျွန်တော်သိခဲ့တဲ့ ကိုတင်အောင်ရဲ့ ကြိုးပမ်းမှု ဖြစ်ပါတယ်။

နောက်တခု ပုဂ္ဂိုလ်ရေးအရ ကျွန်တော် ပြောချင်ပါတယ်။

ကိုတင်အောင်နဲ့ ကျွန်တော် ကိုတင်အောင် သတင်းစာတို့ ဂျာနယ်တို့လုပ်တဲ့ ၁၉၅၈ လောက်ကနေ စပြီး ရင်းနှီးပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းစာဆရာ ကွယ်လွန်သူ မြသန်းတင့် နဲ့ ပတ်သက်ပြီး ရင်းနှီးပါတယ်။ ကျွန်တော်နဲ့ မြသန်းတင့်တက္ကသိုလ် ကို အတူရောက်ကြတယ်။ ဗန်မော်တင်အောင်ရဲ့ လှုပ်ရှားမှုတွေကို သိပြီးတော့ စောစော ကပြောခဲ့သလိုပဲ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့သိပြီးတော့ လင်းယုန် ကိုဘဝင်း တို့ ဘာတို့ပေါ့လေ။ သူတို့ရဲ့ သတင်းစာလှုပ်ရှားမှုတွေကိုလည်း ကျွန်တော် သိခဲ့တယ်။ကိုတင်အောင် သတင်းစာတိုက်ကတော့ ရွှေဂုံတိုင်က လင်းယုန် လုပ်ပါတယ်။ အဲဒီမှာဓာတ်ပုံတို့ဘာတို့ ကူညီပေးတယ်။ အဲဒီကနေပေါက်ပွားလာတဲ့ လင်းယုန်ဂျာနယ် စာရေးဆရာ အသင်း အဲဒီကနေစပြီးတော့ ကိုတင်အောင်နဲ့ကျွန်တော်နဲ့ တော်တော်ရင်းနှီးနေပြီးတော့ ဒီနေ့ ဘာကိုသွားပြီးတွေ့ရသလဲဆိုတော့ ကိုတင်အောင်ကို စာရေးဆရာဖြစ်လာတေ့လည်း လူအများအတွက်ပဲလုပ်တဲ့ သူ့မိဘအတွက်လုပ်တာ သူ့မိသာစုအတွက်လုပ်တာထက် သူများအတွက်၊ သူတပါးအတွက်၊ အများအတွက် လုပ်တာ ကူညီတဲ့ အခါကျတော့ ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် မိတ်ဆွေ အပေါင်းအသင်းအရ ရင်းနှီးလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ကြာလာတဲ့အခါ မန္တလေးမှာ ကျွန်တော်အိမ်ကို ဖိတ်ပါတယ်။ ကိုတင်အောင်လည်း တည်းမယ်ဆိုပြီးရောက်မလာဘူး။ ကျွန်တော် အိမ်မှာ လာနေတာ ဒဂုန်တရာရယ်၊ ပတ်ဝန်းကျင်လောက်ပေါ့ဗျာ။ အောင်ပန်းကို မရောက်ခင်ပေါ့ ၊အဲဒီအချိန်လောက်မှာပဲ ကိုတင်အောင်ကို ကျွန်တော်က အိမ်မှာလာနေ။ လာနေလို့ရတယ်လို့။ အားမနာနဲ့လို့။ ဆိုသော်ငြားလည်း သူက ကျွန်တော်ကို ငဲ့ညှာတာလည်းပါချင်ပါမယ်။ သူက လုံးဝ အစိုးရကို ဆန့်ကျင်တာ။ ကျွန်တော်က အစိုးရနဲ့တွဲနေတဲ့ သတင်း စာမှာလုပ်နေတာဆိုတဲ့အခါကျတော့ ကျွန်တော်ကို ငဲ့ညှာတာလည်းပါချင်ပါမှာပေါ့။ ကိုတင်အောင် မရောက်ခဲ့ဘူး။ 

စနေစာပေဝိုင်း စီစဉ်ပြီးတဲ့ အကြောင်း ကျွန်တော်ပြောတဲ့ အခါမှာလည်း ကိုတင်အောင်သိကြတဲ့သူတွေက အများကြီး။ သူ့ကိုနေရာတိုင်းမှာသိကြတယ်။ မန္တလေးမှာဆို အများကြီး။ သူ့ကို ရင်နှီးတဲ့သူတွေဆို တာ လူထုဦးလှတို့၊ လူထုဒေါ်အမာတို့ဆိုတာ ထားတော့ ၊ လူပုဂ္ဂိုလ်အရ ရင်နှီးတာ။ လူငယ်ပိုင်းကလူဖြစ်တဲ့ မန္တလေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကျောင်းသားပေါင်းများစွာ၊လူငယ်ပေါင်းများစွာ ကလည်း ကိုတင်အောင် ကိုလေးစားတဲ့သူများရှိတယ်။ မန္တလေးကလည်း အလွန်စာပေ အာ းပေး၊နိုင်ငံရေးထက်သန်တဲ့အမျိုး ဖြစ်တဲ့အခါကျတော့ မန္တလေးမှာ လာနေလို့ရတယ်။ ကျွန်တော်ကလည်း ကိုတင်အောင်ကို ဖိတ်တယ်ဆိုတဲ့အခါကျတော့ ကိုတင်အောင်ကလည်း သဘောတူတယ်။လာနေဦးမယ် ဗျာဆိုပြီးတော့ ပြောခဲ့တယ်။ ဒါပေမဲ့ ကိုတင်အောင် မလာဖြစ်ဘူး။ မလာဖြစ်တဲ့နောက်ပိုင်း သိပ်မကြာလိုက်ပါဘူး ကိုတင်အောင် သိပ်နေမကောင်းဘူးကြားတာပဲ။ 

အဲဒီနောက် ကျွန်တော် ကိုယ်တိုင်လည်း အလုပ်တွေဘာတွေပြုတ် သတင်းစာတွေဖျက်သိမ်းခံရဆိုတဲ့ အနေအထားမျိုးရောက်တဲ့အခါကျတော့ ကျွန်တော် ရ၈ မှာ ရန်ကုန်ပြန်ရောက်ပါတယ်။ ရန်ကုန်ပြန်ရောက်တဲ့အခါ ကျတော့ ဘုန်းကြီးလမ်းက တိုက်ခန်းမှာနေတယ်။ကိုတင်အောင်က အဲဒီအချိန်မှာ ဆေးရုံတက်ရတယ်။ ကိုတင်အောင် အဲဒီအချိန်မှာ ကိုသိန်းဆွေဆိုတဲ့ ရဲဘော်ကြီးပေါ့။ အဲမှာနေရင်း နဲ့ဆေးရုံတက်ရတယ်။ကျွန်တော်ဆေးရုံလိုက်သွားတယ်။မုန့်တွေဘာတွေဝယ်သွားတယ်။ သူလည်း စကားပြောတယ်။ အဲဒီမှာ ကျွန်တော်ဘာကိုသွားတွေ့လည်းဆိုတော့ ကိုတင်အောင်ဟာ အမြဲတမ်း အားနာတတ်တယ်။ကျွန်တော်နဲ့ တွေ့ အားနာစရာအကြောင်းလည်း မရှိဘူး။ ကိုတင်အောင်လည်း ကူညီတယ်။ ပေးကမ်းတယ်။ ကျွန်တော်က အားနာစရာမလိုဘူးဗျ။ အဲဒါကို ကိုတင်အောင်က အမြဲတမ်း အားနာတတ်တာ။ နောက်တခုက ဘာလဲဆိုတော့ အဲတုန်းက ကျွန်တော် တို့က တတ်နိုင်သလောက်ကူညီချင်တာကို သူက လက်မခံချင်ဘူး အားနာတာ။ 

နောက်ဘာတွေ့လဲဆိုတော့ ကျန်းမာရေးအခြေအနေဟာ ဆိုးနေပြီ။ ငွေရေးကြေးရေး ဘဏ္ဍာရေး ချို့တဲ့နေပြီ။ ကိုတင်အောင်ဟာ အမြဲတမ်း သူတပါးရဲ့ မကောင်းကြောင်း ၊သူတပါးအပေါ် မှာ ဖိနှိပ်တဲ့အကြောင်း ဘယ်တော့မပြောခဲ့ဘူး။

 နောက်တခု ကျွန်တော်ပြောချင်တာက ကိုတင်အောင်ရဲ့စကား ။ ကိုတင်အောင်စကားက ၇၈-၇၉ ကိုတင်အောင် ကွယ်လွန်တဲ့အခါ ကျတော့ ( )ထင်ကြတယ်။ ( ) မသိမ်းပါဘူး။ ကိုတင်အောင်ရဲ့ သြဇာ၊ ကိုတင်အောင်ရဲ့ နိုင်ငံရေး၊ကိုတင်အောင်ရဲ့ အယူအဆတွေ ဟာ အမြဲတမ်း ဖြတ်သန်းနေတာ၊လူငယ်တွေကြားထဲမှာ ၊ စာပေသမားတွေကြားထဲမှာ ၊ နိုင်ငံရေးသမားတွေကြားထဲမှာ အမြဲတမ်း ကိုတင်အောင် ရဲ့ အယူအဆတွေဟာ ကို စကားလုံးတွေနဲ့၊ စာပေတွေနဲ့ မသိကြသော်ငြားလည်း အလွန်အရေးတဲ့ပုံစံနဲ့ ဒီအာဏာရှင်စနစ်ကိုဆန့်ကျင်တာ၊ မတရားမှုကို ဆန့်ကျင်တာ၊ဖိနှိပ်ချုပ်ချယ်မှုတွေကိုဆန့်ကျင်တာ၊ ပြည်သူတွေရဲ့ သဘောထား ရုန်းကန် မယ်ဆိုတဲ့သဘောထား ( )ဖြစ်လာတယ်။ ကျွန်တော်ဘာဖြစ်လို့ပြောနိုင်လဲဆိုတာ့ ကျွန်တော်ကိုယ်တိုင် နိုင်ငံရေးထဲရောက်လာပြီးတော့ ထောင်ထဲကိုရောက်သွားတယ်။ နှစ်ပေါင်းများစွာနေရတယ်။ကျွန်တော် အကြားရဆုံး ဒီစာပေသမားထဲက ခေါင်းဆောင် တယောက် နိုင်ငံရေး အယူအဆရှိတဲ့လူ ၊နိုင်ငံရေး သဘောထားရှိတဲ့လူ ကိုတင်အောင်ပဲ ဖြစ်ပါတယ်။ကိုတင်အာင်ရဲ့ စကားကို အမြဲတမ်း ကျွန်တော်ကြားတယ်။ကိုတင်အောင်ရဲ့စကားတွေ ကိုတင်အောင်နဲ့ပတ်သက်ပြီးတော့ ကိုတင်အောင်ရဲ့ ဟောပြောပွဲတွေကို နားထောင်ဖူးတဲ့သူတွေ၊ကိုတင်အောင် ဂျာနယ်တိုက်မှာ ဆောင်းပါးတွေ ဘာတွေ ရေးပြီးတော့ ပို့ဖူးတဲ့လူငယ်တွေ နောက်တခါကိုတင်အောင် ပုဂ္ဂိုလ်အရ တွေ့ဆုံးဖူးတဲ့သူတွေ ဒီစကားတွေပဲ ကျွန်တော် ထောင်ထဲမှာ ကြားရတယ်။အမြဲတမ်းတွေ့နေရပါတယ်။ 

ဒီကိုတင်အောင်ဟာတဲ့ ကိုကိုးကျွန်း ထောင်မှာရှိနေတုန်းက ဝတ္ထုပုံစံနဲ့ ကျွန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံ တွေ ၊ ကျွန်းလိုနေရာမျိုးမှာ ခံစားရတဲ့ပေးထားတဲ့ဝတ္ထုရှိတယ် ဆိုပြီးတော့ ပြောပါတယ်။ အဲ့ဒီဝတ္ထုနဲ့ ပတ်သက်ပြီးတော့ တချို့ ကလည်း ရှိတယ်၊ မရှိဘူး ၊ တချို့ကလည်းရေး တော့ရေးတယ် ပျောက်သွားပြီဆိုတာမျိုး နောက်တခါ အဲဒီဟာနဲ့ပတ်သက်ပြီး တေ့ ဘယ်နေရာမှာရှိတယ်၊ ဘယ်သူ့ဆီမှာရှိတယ် ဆိုတာမျိုး။သို့သော် ဘာပဲပြောပြော ဒီဟာကြီးက ပေါ်လာဦးမှာ။ ကျွန်တော်က ဘယ်လိုစဉ်းစားလဲဆိုတော့ စာရေးဆရာတယောက်ရဲ့ နောက်ဆုံးရေးသွားတဲ့စာ၊နောက်ဆုံး အသံတိတ်ဖော်ပြတဲ့စာဖြစ်တဲ့ အတွက် ဒီစာကိုတော့ ကျွန်တော် ပြန်ပြီးတော့ရအောင်ရှာပြီး ဖော်ထုတ်သင့်တယ်၊ ဖော်ထုတ်ပြီးတော့ ဒီစာကို မှတ်တမ်းတင်ပေးသင့်တယ်။ အဲဒါကြီးက အကြောင်းကြောင်းကြောင့် များ ကိုတင်အောင် ကွယ်လွန်ပြီးတဲ့နောက်ပိုင်း မှာ ဒီစာဟာ မရှိဘဲနဲ့ ဧည့်ခန်းတို့ ဘာတို့မှာ ထွက်မယ်ဆိုရင် ဒီစာကိုပြန်ရှာ ပြီးတော့ စာတအုပ် ပေတအုပ်အဖြစ်ကျကျနနရေး သင့်တယ်လို့ထင်ပါတယ်။ အကယ်၍ ဘယ်လိုမှရှာလို့မရဘူးဆိုလို့ရှိရင် ဘယ်လိုမှမဖြစ်ဘူးဆို့ရှိရင်လည်း အဲ့ဒီစာအုပ်ကို ဖတ်ဖူးတဲ့သူတွေ အဲဒါရေးတုန်းက အတွေ့အကြံု တွေ စုဆောင်းပြီးတော့ မဓိက ဘာတွေ ပါတယ်ဆိုတဲ့ဟာကို ပြန်ရေး ပြီးတော့ စာတအုပ် လုပ်သင့် တယ်။ ဒါ ဟာ စာရေးဆရာ တယောက် နောက်ဆုံး သေတမ်းစာမျိုး၊ မှတ်တမ်းစာမျိုး ဖြစ်တဲ့သဘောဖြစ်တဲ့အတွက် နောက်ဆုံးအယူအဆတွေ နောက်ဆုံး ထင်မြင်ချက်တွေ ၊နောက်ဆုံး တိုက်တွန်းချက်တွေ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ယူဆမိပါတယ်။ 

အလားတူပြ စကားလေးတွေ ရှိပါတယ်။ ကိုတင်အောင် ရဲ့ နောက်ဆုံး စကားဆိုပြီးတော့ သူ့သား ဗဟိန်း ဆီကရတဲ့စာ အဲဒီ အချိန်တုန်းက ကိုတင်အောင်ရဲ့အသုဘမှာ ကမ်းဖို့ အတွက်လုပ်တဲ့အချိန်မှာ စာလေးတစောင်ပါပါတယ်။ အဲဒါက ဘာလဲဆိုတော့ လူတယောက်ဟာ သူ့ရဲ့သမိုင်းကနေပြီးတော့ သူ့ ပခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန် တွေကိုကျေပွန်စွာထမ်းဆောင်သလဲဆိုတာဟာ လူ့ရဲ့တန်ဖိုးဆိုတာ ကိုတင်အောင်ကွယ်လွန်ချိန်မှာသူ့ရဲ့ယပ်တောင်ပေါ်မှာရေးခဲ့တဲ့စာလေးပါ။ လူတယောက်ဟာခေတ်ကနေပေးတဲ့ သမိုင်းတာဝန်ကို ဘယ်လောက်ကျေပွန်အောင်ထမ်းနိုင်မလဲ၊ ခေတ်ရဲ့ တာဝန်တွေ ဘယ်ကျေပွန်အောင် ထမ်းဆောင်နိုင် မလဲ အဲဒီစကားပဲ ဖြစ်ပါတယ်။ ကျွန်တော် အဖို့ဆိုရင်တော့ ဒီစာ ဒီစကားလုံးကို ကျွန်တော် မမေ့ဘူး။

ထောင်ထဲမှာ ကျွန်တော် နိုင်ငံရေးဘက်ရောက်သွားပြီးတော့ ထောင်ထဲမှာ နှစ်ပေါင်း ၂၀ လောက်နေခဲ့ ရပြီး ထွက်လာတော့ ကျွန်တာ်ထောင်ကထွက်တဲ့အချိန် မှာ RFA မှာ စကားပြောတာရှိပါတယ်။အဲကလာတဲ့ ကိုခင်မောင်စိုးကလာ်းမေးခွန်းတွေမေး။ ည သန်းခေါင်တလွဲ ၁၀ နာရီ ၁၁ နာရီကစ ပြီး ပြောတာ။ အဲဒီတုန်းက ကျွန်တော်က ဦးမောင်မောင် အိမ်မှာနေတဲ့ အခါကျတော့ အဲဒါ စကားတော်တော်များများ ပြောဖြစ်တယ်။ ထင်ပါတယ်။ အခု အဲဒါ စာအုပ်အနေနဲ့ ပြန်လုပ်ဖို့ ။ အဲဒီစာအုပ်ကလဲည်း ကိုတင်အောင်သြဝါဒ ၊ ကိုတင်အောင်ရဲ့ လမ်းညွှန်မှု ၊ ကိုတင်အောင်ရဲ့ ဆော်သြမှု ဒါကိုလည်း ပြောခြင်း ဖြစ်ပါတယ်။ကျွန်တော်တို့ အရေးကြီးဆုံးကတော့ ခေတ်ရဲ့ တာဝန်တွေကို ထမ်းရမယ်။ ခေတ်ရဲ့တာဝန်တွေဟာ အလွန် အရေးကြီး စကားလို့ပြောချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ ခေတ်ရဲ့ ပေးတဲ့ တာဝန်တွေ ကို လုပ်ရမှာပဲ။ ခေတ်ရဲ့ တာဝန်ဟာ နိုင်ငံရေးသမားဟာ နိုင်ငံရေးတင်မဟုတ်ပါဘူး။ ခေတ်မှာပေးလိုက်တဲ့တာဝန်တွေ က လူမှုရေး ဆို လူမှုရေး သမိုင်းက ပေးတဲ့တာဝန်တွေကို တော့ လူတိုင်းက တာဝန်ကျေအောင် ထမ်းရမယ်ဆိုတာ။ ခေတ်ရဲ့ ပေးတဲ့တာဝန်တွေကို လူတယောက်ဟာ ဘယ်လောက်ကျေပွန်အောင် ထမ်း နိုင်သလဲ ဆိုတာ လူရဲ့တန်ဖိုး၊ ခေတ်လူသားတယောက်ရဲ့ တန်းဖိုးပဲလို့ ယူဆပါတယ်။

ကိုတင်အောင်ရဲ့ သြဇာ ဟာ ဘာပဲပြောပြော ကျွန်တော် နဲ့ ကိုတင်အောင်နဲ့ ၁၀ နှစ်ကျော်ကျော် လောက်ငယ်နိုင်ပါတယ်။ ဘာပဲပြောပြော ကိုတင်အောင်ဟာ ကျွန်တော်တို့ အပေါ် မှာ သြဇာအလွန်ကြီးမားတဲ့ စာပေခေါင်းဆောင်တယောက် လည်း ဖြစ်ခဲ့တယ်။ နိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်တယ်လို့လည်း ယူဆ ခဲ့ပါတယ်။ ကိုတင်အောင်ရဲ့ အယူအဆ တွေ ဟာဒီနေ့အထိ လွှမ်းမိုးတုန်းပဲ။ အလားတူပဲ ကိုတင်အောင် တိုက်တွန်းခဲ့တဲ့အတိုင်းပဲ သမိုင်းကပေးတဲ့ ခေတ်တာဝန်တွေကို ထမ်းရွက်ကြပါစို့၊ ပြေလည်အောင် ဆောင်ရွက်ကြပါစို့လို့ ကျွန်တော် တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

ဟံသာဝတီဦးဝင်းတင်
ဆရာဗန်းမော်တင်အောင်ကွယ်လွန်ခြင်း ၃၅ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားမှာပြောကြားတဲ့စကားကို ဆောင်းပါးပြန်ဖွဲ့ထားပါတယ် ။ အသံဖိုင်ဖြည်ထားတာဖြစ်တဲ့အတွက် အချို့နေရာတွေမှာ အသံမကြည်လင်မပြတ်သားတာတွေကို ကွက်လပ်အဖြစ်ထားတာဖြစ်ချန်ထားရတာအလေးအနက်တောင်းပန်အပ်ပါတယ်။