Breaking News

ကိုသန်းလွင် - ဗြိတိသျှတို့အနာဂါတ်


ကိုသန်းလွင် - ဗြိတိသျှတို့အနာဂါတ်

(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၀

(၁)

“အင်္ဂလန်နိုင်ငံသည် နောက်ဆုံးအစိတ်စိတ်အမွှာမွှာကွဲ၍သွားတော့မည်လော” ဟုသံသယဝင်စရာအကြောင်း များပေါ်ပေါက်နေပါသည်။

လွန်ခဲ့သောလ မဲရွေးကောက်ပွဲတွင် အရွေးခံခဲ့ရပြီး ကြာသပတေးနေ့ (၉ ဇန်နဝါရီလ ၂၀) ရက်နေ့က ယခုလ အကုန်တွင် ဥရောပကောင်စီမှခွဲထွက်ရေးကိုဥပဒေအဖြစ်လက်မှတ်ရေးထိုးပြီးအတည်ဖြစ်စေပါတော့မည်။

ဆယ်စုနှစ်ပေါင်းများစွာ ဥရောပကောင်စီက အင်္ဂလန်နိုင်ငံ၏အပိုင်းပိုင်းဖြစ်နေသော အစိတ်အပိုင်းများကို ကော် သဖွယ် နီးကပ်စေပြီးစည်းရုံထားခဲ့ပါသည်။ အင်္ဂလန်ဝန်ကြီးချုပ် မစ္စတာဘောရစ်ဂျွန်ဆင်၏ပေါ်လစီမှာ အိုင်ယာ လန်နှင့် မြောက်ပိုင်းအိုင်ယာလန်ပြည်တို့အကြားတွင် ဘော်ဒါလိုင်းတစ်ခုထားရှိရန်ဖြစ်ပါသည်။ ၄င်းသည်သမိုင်း တွင်ပထမဦးဆုံးဘော်ဒါဖြစ်ပါလိမ့်မည်။ ယခင်က နယ်ခြားစောင့်မရှိ၊ စခန်းမရှိနေခဲ့ရာမှ ယခုအခါနယ်ခြား မျဉ်း ရေးဆွဲ ပြီး ဘော်ဒါလိုင်းခြားရတော့မည်ဖြစ်သည်။

ဂျွန်ဆင်၏စိတ်ကူးမှာမြောက်ပိုင်းအိုင်ယာလန်ကိုစည်းခြားပြီးထားရန်ဖြစ်သည်။ သို့ပါသော်လည်းဥစတာ(Ulster Unionist) ခေါ် မြောက်ပိုင်းအိုင်ယာလန်ရှိ နိုင်ငံရေးသမားများ၏စိတ်ဓါတ်ကို မှု ဘော်ဒါခြားခံ၍ရမည်မထင်။ အိုင်ယာလန်ပြည်မ မှ အိုင်းရစ်လူမျိုးတို့သည်တို့ သည် မြောက်ပိုင်းအိုင်ယာလန် နှင့် ရေမြေစပ်နေပြီဖြစ်ရာပြန် လည်ပေါင်း စည်းရေးကို ကြိုးစားမည်မှာ အမှန်ပင်ဖြစ်သည်။

ထိုအကြောင်းကို စကော့တလန်မှ နိုင်ငံကိုလွတ်လပ်လိုသော နိုင်ငံရေးသမားများကလည်း မြင်နေမည်မှာ မလွဲ ပါ။ သူတို့သည် ဒီဇင်ဘာလ ရွေးကောက်ပွဲလုပ်စဉ်က ၅၉ နေရာတွင် ၄၈နေရာရရှိခဲ့သည်။ စကော့များက ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ဥရောပကောင်စီနှင့် တွဲဖက်နေလိုပါသည်ဟု မဲပေးခဲ့ကြသည်။ ဥရောပကောင်စီ၏ဈေး ကွက်နှင့် အိုင်ယာလန်ပြည်တို့၏ဈေးကွက်မှာ ချိတ်ဆက်မိနေသည်ကိုလည်း အထင်အရှားမြင်နိုင်ကြသည်။ နီကိုလာ စထရာဂျွန် (Nicola Strageon) ခေါ်စကော့ပြည်သူတို့၏ ခေါင်းဆောင်က ၄င်းတို့ကို လွတ်လပ်ရေး အတွက် လွတ်လပ်သော ဆန္ဒခံယူ၍ ကျင်းပခွင့်ပေးစေလိုသည်။ မစ္စတာဂျွန်ဆင်က ဤကိစ္စကို သဘောမတူ ကြောင်း အတိအလင်းထုတ်ဖော်ပြောဆိုပြီးဖြစ်သည်။

ထို့ကြာင့် ပဌမမြောက်ပိုင်းအိုင်ယာလန်နောက်စကော့တလန်တို့သည် အင်္ဂလန်ပြည်မကြီးနှင့် ခွဲထွက်ရန်အ တွက် စိုင်းပြင်းနေကြပါသည်။ ယခုအချိန်မှာ ဤအယူအဆ ပေါ်ပြူလာမဖြစ်သေးပါ။ နောက်လာမည့်အနာဂါတ် တစ်ချိန်ချိန်တွင် ဖြစ်ပေါ်ကောင်းဖြစ်ပေါ်နိုင်ပါသည်။ အကဲခတ်တို့က ဤဆယ်စုနှစ်အကုန်လောက်တွင်ဖြစ်နိုင် သည်ဟု ခန့်မှန်းနေကြပါသည်။

ကျွန်တော်တို့သည် ဆိုဗီယက်ပြည်ထောင်စု အစိတ်စိတ်အမွှာမွှာကွဲသွားသည်ကိုမြင်ခဲ့ကြပါပြီ။ အင်္ဂလန်ကို ထိုသို့ မဖြစ်စေလိုကြပါ။ ပြည်သူအများ၏ ဆန္ဒကဘယ်လိုရှိမည်မသိသော်လည်း ဦးဆောင်နေကြသောနိုင်ငံရေး ဆိုင်ရာပုဂ္ဂိုလ်တို့၏သဘောထားကပို၍အရေးပါပါသည်။ Brexit ကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များတွင် ဤသို့ဗြိတိန်နိုင်ငံပြိုကွဲခြင်းကိုလည်းတွေ့မြင်ရနိုင်ပါသည်။

(၂)

မြောက်ပိုင်းအိုင်ယာလန်ပြည်သည် အိုင်ယာလန်ပြည်မနှင့် ပြန်လည်ပေါင်းစည်းသွားနိုင်ပါသည်။ စီးပွားရေးအရ ဤသို့ဖြစ်စေနိုင်သည့်အပြင် သူတို့၏ အမျိုးသားရေးဝါဒအရလည်း ဤအဖြစ်မှာ သဘာဝကျပါသည်။

စကော့တလန်ပြည်သည် မိမိကြမ္မာကို မိမိဖန်တီးမည်ဟု ဖြစ်လာနိုင်ပါသည်။ ၄င်းတို့၏ သေနှုန်းသည်အင်္ဂလန် ထက်များပြားသည်။ ဤသည်မှာလန်ဒန်၏အပြစ်ဖြစ်သည်ဟုယခုအခါလွှဲချနိုင်ပါသည်။ သို့သော် လွတ်လပ်ရေး ရသည်နှင့် သူတို့အရေးပင်ဖြစ်လာပါလိမ့်မည်။

အင်္ဂလန်နိုင်ငံအနေဖြင့်လည်းအများအပေါ်လွှမ်းမိုးထားနိုင်မှုမှာ အဆုံးသတ်သွားနိုင်ပါသည်။ လန်ဒန်ကဲ့သို့သော မြို့ကြီးများတွင်ဥရောပနှင် ့ပေါင်းစည်း၍နေလိုကြသည်။ လူထုမှာလည်း လူငယ်ပိုင်းကများပြီးတက်ကြွမှုရှိပါ သည်။ လန်ဒန် မှ အပြင်ဘက်သို့ရောက်လျင်တော့ အယူအဆတွေက တမျိုးဖြစ်ကုန်သည်။

ဗြိတိသျှအင်ပိုင်ယာကြီးအနေဖြင့် တွင်ကျယ်ခဲ့သမျှ အင်္ဂလန်အဖို့အတိတ်ကရွှေထီးဆောင်းခဲ့ရတာမျိုး ဖြစ်ကုန် သည်။ အင်္ဂလန်နိုင်ငံတခုတည်းဆိုပါကတစ်ကမ္ဘာလုံးတွင်အဆင့်ရှစ်ရှိသည့် စီးပွားရေးဖြစ်နိုင်ပါသည်။ ၄င်းသည် နျူကလီးယားပိုင်ရှင်ဖြစ်နိုင်တော့မည်မဟုတ်ပါ။ နျူကလီးယားလက်နက်များကို ထိန်းချုပ်ထားသည်မှာရေငုတ် သင်္ဘောများရှိရာ စကော့တလန်မှာ ဖြစ်ပါသည်။

အင်္ဂလန်အနေဖြင့် ဗြိတိသျှအင်ပါယာ၏ လက်ကျန်နိုင်ငံဖြစ်သွားနိုင်ပါသည်။ အပိုင်းပိုင်းဖြစ်နေပြီ ဖြစ်၍ယခင်က လိုမကြွားဝံ့နိုင်တော့ပါ။ မိမိ၏အခြေအနေအမှန်ကိုရိပ်မိလာပြီး တစ်ချိန်ကရန်လိုခဲ့သော ဥရာပကောင်စီနှင့်ပြန် လည်ပေါင်းစပ်လိုကောင်း ပေါင်းစပ် နိုင်ပါလိမ့်မည်။

စကော့တလန်အနေဖြင့်မူ စက်မှု စွမ်းအားဘက်တွင်လျော့ကျကောင်းလျော့ကျသွားနိုင်ပြီးမြောက်ပိုင်းအင်္ဂလန် နှင့် ဝေးလ်နယ်( Wales) တို့ကဲ့သို့ဖြစ် သွားနိုင်ပါသည်။ စာရေးဆရာ အန်တိုနီ ဘားနပ် (Anthony Barnett) နှင့်အခြားစာရေးဆရာ ပြောသကဲ့ စကော့တလန်တို့၏ကိုယ်ပိုင်ဟန်ဖြင့် နိုင်ငံအသစ်ပေါ်ပေါက်လာနိုင်ပါသည်။ အင်္ဂလန်၏ဒီမိုကရေစီကျသော အမျိုးသားရေးဝါဒ ကိုအခြေခံပြီး မိမိနှင့် အခြားလူများ၏ လိုအင်ဆန္ဒများကို နားလည်သော နိုင်ငံဖြစ်ပါသည်။

အစိတ်စိတ်အမွှာမွှာ ကွဲထွက်သည်ဆိုခြင်းမှာ များစွာဆိုးရွားမသွားပါ။ United Kingdom ဆိုသည်မှာ နှစ်ရှည် လများ တည်ရှိခဲ့ခြင်းမဟုတ်သလို တည်ငြိမ်ခြင်းလည်းမရှိခဲ့ပါ။ ယခုဗြိတိသျှနိုင်ငံ၏ အစိတ်အပိုင်းများမှာ ၁၉၄၅ ခုနှစ်မတိုင်မီကဆိုလျင် အိုင်ရစ်၊ ဝေးလ် Welsh စကော့နှင့် အင်္ဂလန်ဟူ၍ အမျိုးပေါင်းစပ်မှ ဗြိတိသျှနိုင်ငံ ဟူ၍ ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ် ကာလက ဗြိတိသျှအင်ပိုင်ယာဆိုသည်မှာဗြိတိသျှ Common Wealth နိုင်ငံများ၊ အိန္ဒိယနှင့် အခြားကိုလိုနီနိုင်ငံများနှင့် အတူ အင်္ဂလန်ပါဝင်သည်ဟု ဗြိတိသျှတို့က ဝါဒဖြန့်ခဲ့ကြပါသည်။ အစိတ်အပိုင်းတစ်ခု စီသည် ညီတူညီမျှပါဝင် ကြခြင်းဖြစ်ပါသည်။ စစ်တိုက်ကြရာတွင် ဗြိတိသျှအင်ပါယာကြီးက တိုက်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်နိုင်ငံက စစ်ဖြစ်ခဲ့ခြင်းမဟုတ်ပါ။ စစ်သားများသေရခြင်းမှာဘုရင်နှင့် တိုင်းပြည်အတွက်ဖြစ်ပြီး ထိုတိုင်းပြည်ဆိုရာတွင် နာမည်မရှိ၊ ထိုနိုင်ငံမှာ United Kingdom မဟုတ်ခဲ့ပါ။

၁၉၄၅ ခုနှစ်နောက်ပိုင်းတွင်လည်း United Kingdom ဟုပေါ်ပေါက်လာပြီး ၁၉၇၀ခုနှစ်အထိသာ စီးပွားရေးအရ စစ်၏အပျက်အစီးများကို ပြန်လည်တည်ဆောက်ရင်းပေါ်ပေါက်ခဲ့ပါသည်။ စီးပွားရေး၊ နိုင်ငံရေးနှင့် အယူဝါဒ ခိုင်မာပြီး အများနှင့်မတူသော နိုင်ငံအဖြစ်ပေါ်ထွက်ခဲ့ရပါသည်။ ထိုကာလအတွင်း၌သာ အမျိုးသားစီးပွားရေး အမျိုးသားစစ်တပ်၊ အမျိုးသားနိုင်ငံရေးဟူ၍ အဓိကအမျိုးသားရေး ယူနီယံ နိုင်ငံရေးပါတီကြီးနှစ်ခုကလွှမ်းမိုး ထားသောနိုင်ငံပေါ်ပေါက်ခဲ့ပါသည်။ ၁၉၇၀ခုနှစ်ရောက်သောအခါ စီးပွားရေးအရ အပိုင်းပိုင်းပြိုကွဲကုန်ပြီး ဂလိုဗယ်လိုက်ဇေးရှင်းမူအရ လည်းကောင်း ဥရောပ ကောင်စီနှင့်လည်းကောင်း ပူးပေါင်းခဲ့ရပါသည်။

ဗြိတိသျှအမျိုးသားရေးဝါဒမှာ ၁၉၇၀ ခုနှစ်မှစ၍ ယိုယွင်းပျက်စီးခဲ့ရပြီး ယခုအခါ နိုင်ငံကိုမွှေနှောက်ဖျက်စီးလျက် ရှိပါသည်။ မြောက်ပိုင်းအိုင်ယာလန်နှင့်အင်္ဂလန်နိုင်ငံတို့၏အမျိုးသားရေးဝါဒဟူ၍အထင်အရှားရှိနေပြီး စကော့ တစ်၊ အိုင်ရစ်နှင့် ဝေးလ်တို့မှာ မိမိတို့ဘာသာ အမျိုးသားရေးဝါဒရှိပြီးဖြစ်နေပါသည်။ ထိုယိုယွင်းနေသောမျိုးချစ် စိတ်ဓာတ်ဝါဒက ဗြိတိသျှကိုဥရောပ ယူနီယံအတွင်းမှ ထွက်ခွာအောင် တိုက်တွန်းခြင်းဖြစ်ပါသည်။ ထိုထွက်ခွာ လိုသူများကယူနီယံမှထွက်ခွါပြီးလျှင်အင်္ဂလန်သည် ပြန်လည်ရှင်သန်လာဦးမည်ဟု ယုံကြည်ကြပါသည်။

United Kingdon ဟူ၍ တချိန်က စုစုစည်းစည်းရှိခဲ့သည့် ကာလကို သတိရသူများက မျိုးချစ်စိတ်ဓာတ်ကို ၄င်းနှင့်အတူ ယှဉ်တွဲသတိရနေကြပါသည်။ ငယ်ရွယ်သူများက ဗြိတိန်နိုင်ငံတဝှမ်းလုံးတွင် ဥရောပကောင်စီနှင့် တွဲဖက်ရခြင်းကိုလိုလားကြပါသည်။ ထိုနည်းတူ ၄င်းတို့သည် လန်ဒန်၏ လက်အောက်မှလည်းရုန်းထွက်လိုကြ သည်။ ဤပဋ္ဋိပက္ခမှာ ဗြိတိသျှတို့၏ ပြယုဂ်သဘွယ်ဖြစ်ခဲ့ရပါသည်။

(၃)

လွန်ခဲ့သော ဆယ်စုနှစ်များက ဗြိတိသျှ အင်ပိင်ယာကြီးပြိုကွဲရာမှ United Kindom ဟူ၍ပေါ်ထွက်ခဲ့ရပါသည်။ ယခုလည်းယူနီယံ ပြိုကွဲပြီး အင်္ဂလန် နိုင်ငံကိုချစ်မြတ်နိုးသူများက အင်္ဂလန်အသစ်ထွက်ပေါ်လာဦးမည်လော ဟု စောင့်မျှော်နေကြပါသည်။

Ref: Boris Johnson Might Break Up The UK, That is a Good thing by David Edgerton, New York Times Jan 10 2020.