Breaking News

စစ်ငြိမ်းအေး- တရုတ်- မြန်မာ နှစ် ၇၀၊ တဖက်စောင်းနင်းတော့မဲ့ အနာဂတ် - အပိုင်း ၁

စစ််််််််််ငြိမ်းအေး - တရုတ်-မြန်မာ နှစ် ၇၀၊ တဖက်စောင်းနင်းတော့မဲ့ အနာဂတ် - အပိုင်း ၁

(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၀

တရုတ်သမ္မတကြီး ဇီကျင့်ပဲင်း နဲ့ ကွန်မြူနစ်ပါတီ နောက်လိုက်နောက်ပါများမြန်မာပြည်ကို ကြွချီတော်မူလာပါပြီ။

' မင့်အတွက်က နည်းနည်း၊ ငါ့အတွက်က များများ၊' ကိုယ်ကျိုးစီးပွါးအဓိက ဦးစားပေး မူဝါဒနှင့်ရောက်လာသော်ငြားလည်း၊ 'အားနွဲ့သူပါရှင်'၊အများတကာ ကမ႓အလယ်မှာ လူရာမဝင်၊ ဖယ်ကျဉ်ခံထားရသူလည်းဖြစ်နေပြန်တာကြောင့်၊ အားကိုးရာမမြင်၊ မှီခိုပါရစေ အရင်လူတွေလို ကြိုဆိုနေကြသူတွေ မနည်းလှပါကလား အရပ်ကတို့။

'တရုတ်အတွက် မြန်မာ' နဲ့၊ ' မြန်မာ အတွက် တရုတ်' ပေးကြ၊ ယူကြတဲ့အခါ ဘယ်သင်းကသာ၊
ချိန်ခွင်မှာ တင်ကြည့်၊ ချိန်ခွင်လျှာ ဇောက်ထိုးကြီးကို တွေ့ရမှာ ။

သူက အင်ကြီးအားကြိး၊ ထိပ်သီး၊ အိမ်နီးချင်းနိုင်ငံဖြစ်နေတော့ သူ့ဩဇာ အရိပ်မိုး မခံရအောင်
ပထဝီစာအုပ်ထဲက မြေပုံကို ဘလိတ်ဓားနဲ့ လှီးထုတ်သလို ခပ်ဝေးဝေး ခွဲထုတ်လို့ ရနိုင်တာလည်း မဟုတ်၊
အိန္ဒိယနဲ့ ပါကစ္စတန်လို ( သူ့မကြိုက်လို့) တကျက်ကျက် ရန် ဖြစ်နေရအောင်ကလည်း ကိုယ်ခံအားက မရှိ၊

စစ်ဗိုလ်တွေ ကိုယ်ကျိုးဖက်သမို့ ( တိုင်းပြည်ကြီး ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ၊ ကယ်တင်လိုက်ရတာဆိုတဲ့ ဗိုလ်နေဝင်းကနေ ဒီနေ့စစ်ဗိုလ်ချုပ်တွေအထိ) တိုင်းပြည်ကြီး ကိုယ်ကျိုးနည်းခဲ့တာ နှစ်ပေါင်း ၆၀ နီးပါး၊

အာရှမှာ စံပြထိပ်ဆုံးကနေ၊ ဟန်မကျ အောက်ဆုံး၊ ဓားမနောက်ပိတ်ခွေး ဘဝ ရောက်ခဲ့ရ၊လက်တွေ့၊ ခုထိ နလံမထူနိုင်သေး။ မြန်မာတွေ သိန်းနဲ့၊သန်းနဲ့ချီပြီး အရှေ့ဖက် အိမ်နီးချင်းတွေဆီမှာ သွား ကျွန်ခံအလုပ်လုပ်နေရတာ ကြည့်။

ပြည်တွင်းစစ်၊ အနှစ် ၇၀၊ အသက်တောင် တော်တော်ကြီးနေပြီ၊ နေမြင့်လေ၊ အရူးရင့်လေ။ လက်နက်ကိုင်အဖွဲ့တွေကလည်း အရှေ့၊ အရှေ့မြောက်၊ အခု အနောက်ဖက် များလိုက်တဲ့အဖွဲ့တွေ၊ မကြာခင် တောင်ဖက်၊ ဘင်္ဂလားပင်လယ်အော်ကြီးထဲက ဘွားကနဲများ ပေါ်လာဦးမလား မသိ၊
သေနတ် လက်ကမချဘဲ ငြိမ်းချမ်းရေးတဲ့၊ပါးစပ်နဲ့ လေပစ်နေကြတာ၊ စစ်ဗိုလ်ချုပ်တွေက ပဋိပက္ခ ဖြေရှင်းဟန်ပြပြီး ပိုပိုပြီး ကြီးထွားအောင် လုပ်နေတာ၊ဒါမှ သူတို့စစ်အင်အား ချဲ့နိုင်မှာ၊ စစ်အင်အားကြီးမှ ဗိုလ်ကျလို့ ရမှာကိုး
' တပ်မတော်အင်အားရှိမှ လူထုအပေါ်  ငါတို့ထင်သလို အနိုင့်ကျင့်လို့ရမည်' ဆို ပြီးတာဘဲ၊ ဘာတွေ လျှောက်ပြောနေမှန်းမသိ၊

ဒီချုပ်အစိုးရ၊ အချိန်စေ့လို့ သံချောင်း ခေါက်တော့မယ်၊ နာဂစ်ဥပဒေ ဘယ်လိုပြင်မှာလဲ၊ ကတိပျက်ပြီ။
သူနဲ့ကျမှ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်မှာ " အရင် စစ်တပိုင်းအစိုးရထက် ပိုဆိုးတယ်"
ဒီ တခုထဲနဲ့ကို ရှက်စရာ၊ မျက်နှာ အိုးမဲသုပ်ဖို့ ကောင်းလှပေါ့၊

ဒါပေမဲ့ သူ့မှာလည်း အာဏာလေးလက်တဆုပ်နဲ့ အာဏာလက်တခုပ်ကြီးနဲ့လူကို မကျော်နိုင်၊
ဂူတဂူထဲ ခြင်္သေ့နှစ်ကောင်၊ တိုင်းပြည်က တပြည် ၊ အစိုးရက ၂ ရပ်၊ ဥပဒေက နှစ်မျိုး၊ ညီလည်းမညီ၊ ညှိိ လို့လည်းမရ။ သူဒီချုပ် ကသာ လူရုပ်ပျက်အောင် ကာကွယ်ပေးနေရတယ်၊ ဟို စစ်ချုပ်တွေက ဖုတ်လေသည့် ငါးပိ၊ ရှိတယ်လို့တောင် မထင်။
ဘယ့်နှယ်လုပ်မယ်၊ နှစ်ပေါင်းများစွာ ဖရိုဖရဲ၊ပြိုကျပျက်စီးနေတဲ့ တိုင်းပြည်ကြီးမှာ၊ အားကိုးရာ ရှာရပြီလေ။

ခု၊ လာပြီ၊ နှစ် ၇၀ ပြည့် ချစ်ကြည်ရေးကြီး၊
" တရုတ်အစိုးရဟာ မြန်မာဘက်က အမြဲတမ်း ရပ်တည်ကာကွယ် ပေးခဲ့တာ "၊
( မှန်ပါ့ဘုရား၊ လူမပြောနဲ့၊ ကလေးနဲ့ခွေးတောင် အကုန်သိ၊ )
အဓိကပြဿနာက အဲဒါဘဲ။အဓိက ပြဿနာကြီးက ဒါဘဲ၊ အကယ်၍သာ အမြဲတမ်းကာကွယ် မပေးခဲ့ဖူးဆိုရင် ဒီနေ့ပြည်သူလူထု၊ ဒီမိုကရေစီ လွတ်လပ်ခြင်းရာနှုန်းပြည့်ခံစား နေရတာ နှစ်အတော်ကြာရော့မယ်။

" ကြောင်ဆိုတာ ဖြူဖြူ၊မဲမဲ အရေးမကြီးဘူး၊ ခုတ်တတ်ဖို့က အဓိကဘဲ " တိန့်ရှောင်ဖိန်း ပြောခဲတဲ့ အတိုင်းပါဘဲ၊ မြန်မာပြည်၊ဘယ်လိုအစိုးရတက်တက်၊( အဲဒီ အစိုးရက လူသတ်နေနေ၊ ဓားပြတိုက်နေနေ) အရေးမကြီးဘူး၊ မှားတာတွေမှန်တာတွ လာပြောမနေနဲ့၊ ငါတို့ အကျိုးစီးပွါးဖြစ်ဖို့၊အမြတ်ရဖို့၊ ငါတို့ဩဇာညောင်းဖို့ အဓိက၊ ဒါဘဲ မဟုတ်လား။

၁၉၈၈၊ ရှစ်လေးလုံးအရေးအခင်းကနေ စတွက်သော် - အနှစ် ၂၀ကျော်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှု ဟူသမျှ ပြင်းပြင်းထန်ထန် ၊ရက်ရက်စက်စက် လူထုကို နှိပ်ကွပ်တဲ့ ဗိုလ်သန်းရွှေ စစ်အစီုးရအုပ်စု သက်ဆိုးရှည်အောင် စစ်ဘီလူးတွေဖက်က မားမားကြီး ရပ်တည်ကာကွယ်ပေးခဲ့တာလည်း တရုတ်အစိုးရကြီးပါဘဲ။

ကုလသမဂ္ဂမှာ စစ်အစိုးရရဲ့ဖီနှိပ်မှုတွေအတွက် နိုင်ငံတကာက ဝိုင်းပြီး ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့ဆုံးြဖတ်တိုင်း တရုတ်က 'ဗီတို အာဏာ'သုံးပြီး ပယ်ချခဲ့တာချည်းဘဲ၊ လူထုအတွက်မဟုတ်၊ စစ်အာဏာရှင်တွေအတွက် မပျက်မကွက်သစ္စာတော်စူးပါပေ့ ဆိုဦးက သူတို့ ဗီတိုအာဏာ။

ဒါ့ကြောင့် ဒီမိုကရေစီရေး၊ ပြည်တွင်းပြည်ပ လှုပ်ရှားမှုတွေ အချိန်ကြာခဲ့ရတာ၊ မအောင်မြင်ခဲ့ရတာ ၊
ခရီး မဖြောင့်ခဲ့ရတာသူ့ကြောင့်၊ သူ့ကြောင့်ပါလို့ပြောရင် လွန်ပါ့မလား။

( မှတ်ချက် - တဖက်ထဲကိုချည်း တဖက်သတ် လက်ညိုုုုုုးထိုး နေလို့လည်းမဖြစ်သေး။)
သူတို့ တော်လို့မဟုတ်ဖူး၊ ငါတို့ ညံ့လို့"၊ ငြိမ်-ဝပ်-ပိ-ပြား နေရတဲ့ ပြည်တွင်းအခြေအနေကို မပြောလိုပါ။ ခေါင်းပေါ်မှာ ဘာအမိုးမှမရှိတဲ့ ပြည်ပ လွတ်မြောက်နယ်မြေမှာ လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြသူတွေ မညီညွတ်ကြတာ၊ကွဲကြပြဲကြတာတွေကလည်း စိတ်ပျက်စရာ အဓိက အကြောင်းတခု။
ဥပမာ- အတော်အင်အားကောင်းတဲ့ အေဘီကျောင်းသားတော်လှန်ရေးတပ်ဖွဲ့  ၂ ပိုင်းကွဲတာ၊ မြောက်ပိုင်းမှာ ပက်ပက်စက်စက် လူသတ်ပွဲကြီး ဖြစ်ခဲ့တာ၊ (ပန်းချီထိန်လင်း၊ကိုယ်တွေ့စာအုပ်ထုတ်ပြီး)၊ အဝေးရောက် ညွန့်ပေါင်းအစိုးရ၊ အင်စီဂျီယူဘီ အမတ်တချို့ ဥရောပနိုင်ငံတခု၊ အစည်းအဝေးမှာ ရန်ဖြစ်ပြီး အရက်ပုလင်းနဲ့ ကောက်ထုကြတာ၊ နယူးဒေလီမှာဆို ၄ ၊ ၅ ဖွဲ့ကနေ၊ အင်ဂျီအို ဒေါ်လာတွေ မိုးပေါ်က ကျလာတော့ နေ့ချင်းညချင်း အဖွဲ့ ၅၀ကျော် ဖြစ်သွားတာ။

မမှတ်မိဘဲ နေမယ်တဲ့လား။

တခါ၊ နှစ်ခါမကပါဘူး၊ အိန္ဒိယ၊ နယူးဒေလီ၊ တီးန်မွတ်သီး၊ ဒီပလိုမက်ဧရိယာထိပ် - တရုတ်သံရုံးကို ဦးတည်ပြီးတရုတ်အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာ၊ တိဗက်တွေနဲ့အတူပေါ့၊ (တိဗက်တွေ အဖို့မှာလည်း တရုတ်တွေ ကျူးကျော်ဝင်ရောက်ပြီး တနိုင်ငံလုံးသိမ်းပစ်လိုက်တာ မျီုးဆက် နှစ်ဆက် ကျော်ခဲ့ပြီ၊ သူတို့ အိမ်ပြန်ဖို့၊သူတို့နိုင်ငံ ပြန်ရဖို့၊ ပြန်ရောက်ဖို့ နိုင်ငံတကာကလည်း မတတ်နိုင်၊ ခေါင်းဆောင်ကြီး ဒလိုင်းလားမားလည်းဘာမှ မတတ်နိုင်၊ )

" လူသတ်သမား၊ စစ်ဗိုလ်ချုပ်တွေကို ကာကွယ်ပေးနေတဲ့ တရုတ်အစိုးရ- ကျဆုံးပါစေ။"
" ချိုင်းနား၊ ချိုင်းနား- ဒေါင်းဒေါင်း ။"
"တရုတ် အစိုးရ - အလို မရှိ၊ အလို မရှိ " ကုန်းအော်ခဲ့ကြတာ။

သမတကြီးရဲ့ အခု၊ ချစ်ကြည်ရေးခရီးစဉ်က ဘာလဲ၊
မြန်မာပြည်မှာကလည်း စစ်ဗိုလ်တွေသာ လက်ဝါးကြီးအုပ်၊ ကျိကျိတက်ချမ်းသာနေကြတာ၊ တိုင်းပြည်လူထုအများစုကတော့စုတ်ပြတ်မွဲတေနေကြတာ၊

" ဗိုလ်ချုပ်ကျော်ဇော နေတဲ့အိမ်၊ အလည်ရောက်ခဲ့ဖူးပါ့ဗျာ၊(ဟိုးအရင် အစောပိုင်းခေတ်က) အိမ်ဆိုလို့ မီးဖိုခန်းသာသာ၊ သူလိုငါလို အိမ်ပါဘဲ၊ ဒီနေ့စစ်ဗိုလ်ချုပ်တွေအိမ်- သွားကြည့်ကြပါလား၊ နန်းတော်ကြီးတွေတမျှ ဟိန်းလို့ " ( မောင်စွမ်းရည်၊ ဗိုလ်ချုပ်ကျော်ဇော ရာပြည့်၊ )

ရင်းနှီးမြုတ်နှံမှု အများဆုံးနိုင်ငံကြီးဖြစ်လေတော့ စီမံကိန်းတွေ အထွေထွေနဲ့၊ သယံဇာတတွေထုတ်ယူဖို့နဲ့ ပင်လယ်ထွက်ပေါက်၊ ပိုးခါးပတ်လမ်းကြီးစသည်အပါအဝင် ပြည်တွင်းစစ်ငြိမ်းချမ်းရေးလုပ်ငန်း
စဉ်၊ ပြည်တွင်းရေးတွေပါ ထဲထဲဝင်ဝင် ဝင်စွက်ပါလိမ့်ဦးမယ်။

မြန်မာပြည် ကွန်မြူနစ်ပါတီကို အလုံးစုံ မြေတောင်မြှောက်ပေးခဲ့တာလည်း သူတို့ဘဲ၊ စွ့န်ပစ်လိုက်တာလည်း သူတို့ဘဲ၊ ထောက်ပံ့တာတွေလည်း ရပ်လိုက်ရော၊ ဗကပလည်း ပျက်ရော။

ဗကပ ပျက်သွားပေမဲ့ နောက်ဆက်တွဲတွေက နယ်စပ်မှာ သူ့လက်ဝေခံ၊ အရှေ့မြောက်လက်နက်ကိုင်အဖွဲ့တွေက တရုတ်နဲ့ မကင်း။ တရုတ်ဟာ 'အသွားနှစ်ဖက်နဲ့ဓား' ပေါ်လစီပါလို့ ဝေဖန်နေကြပြီ။

တဖက်မှာ လက်နက်တွေ အကူညီပေးပြီး၊ တဖက်မှာ-ငြိမ်းချမ်းရေးပွဲတွေမှာလည်း ဝင်ပါဦးမယ်၊

မီးစ တဖက်-ရေမှုတ်တဖက်။

စစ်ငြိမ်းအေး