Breaking News

ဇော်အောင်(မုံရွာ) - ၂၀၂၀ ရွေးကောက်ပွဲ ပြည်နယ်မှာ ရှုံးနိုင် တဲ့ NLD



ဇော်အောင်(မုံရွာ) - ၂၀၂၀ ရွေးကောက်ပွဲ ပြည်နယ်မှာ ရှုံးနိုင် တဲ့ NLD

(မိုးမခ) ဇွန် ၁၀၊ ၂၀၂၀

ကြံ့ခိုင်ရေး ပါတီက မီးကုန်ယမ်းကုန် ကြိုးစားပါမယ်။ တိုင်းဒေသများ မှာ သူတို့မဲတချို့က တိုင်းဒေသများမှာ သူရဦးရွှေမန်း ဆီ ရောက်သွားနိုင်ပါတယ်။ NLD ကတော့ တိုင်းဒေသတွေမှာ အားကောင်းနေဆဲပါ။ ကိုဗစ်19 ဒေါ်အောင်ဆန်းစုကြည် အွန်လိုင်း ဆွေးနွေး ထိန်းသိမ်းပြောဆိုနေတာ တိုင်းဒေသတွေအတွက် NLD မဲဆွယ်နေသလို ဖြစ်နေပါပြီ။ ပြည်နယ်တွေမှာ Covid19 မဖြစ်ကြတော့ ရောဂါတိုက်ဖျက်ရေး အောင်မြင်နေကြောင်း သိပ် မသိကြပါ။ Mask လက်ဆေး ခပ်ခွာခွာနေ စည်းကမ်းတွေ ကျေးလက်မှာ သိပ် ဂရုမစိုက်ကြပါ။

၂၀၁၅ ရွေးကောက်ပွဲ တိုင်းဒေသ 303 နေရာမှာ NLDက 276 ဦး (91%) အနိုင်ရခဲ့ပါတယ်။

ပြည်နယ်များ မှာတော့ တိုင်းရင်းသားပါတီတွေ စုစည်းလာပြီး အားကောင်းလာတော့ NLD မဲ ၃၀% လောက် ဆုံးရှုံး နေပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာ အင်အင်ဒီ တခဲနက်နိုင်ခဲ့တဲ့ မွန်ပြည်နယ်၊ ကချင်ပြည်နယ် တွေမှာ ကြံ့ခိုင်ရေး အနိုင်ရသွားတာ သင်ခန်းစာ ကြီး ဖြစ်ပါတယ်။ ၂၀၁၅ မှာ ပြည်နယ်အမတ်ပေါင်း ၁၉၅ ဦးမှာ NLDက ၁၁၁ဦး (56%) အနိုင်ရ ခဲ့ ပါတယ်။

၂၀၁၅ မှာ ပြည်ထောင်စုလွှတ်တော် 468 နေရာ အတွက် NLDက 390 (80%) အနိုင်ရခဲ့ပါတယ်။ တပ်မတော် 25% ပါတဲ့ ပြည်ထောင်စုလွှတ်တော်မှာ NLD 58% အများစု မဲ နဲ့ သမတ ဦးထင်ကျော်အစိုးရဖွဲ့ ခဲ့ပါတယ်။


ပြည်နယ်များ ၂၀၁၅ အသေးစိတ်ရလဒ်

၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်နယ်တွေက မဲရရှိမှုတွေကို မိတ်ဆွေတစ်ဦး ထံမှတဆင့် ဖော်ပြလိုက်ပါတယ်။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာမှာ -

NLD ၁၀ ဦး၊ တစည ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦး။

ကယား - NLD ၉ ဦး၊ ကြံ့ခိုင်ရေး ၂ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦး။

ကရင် - NLD ၁၀ ဦး၊ ကြံ့ခိုင်ရေး ၂ ဦး။

ချင်း - NLD ၉ ဦး၊ ကြံ့ ၁ ဦး၊ ZCD ၂ ဦး။

မွန် - NLD ၁၁ ဦး၊ MNP ၁ ဦး။

ရခိုင် - NLD ၁ ဦး၊ ကြံ့ခိုင်ရေး ၁ ဦး၊ ANP ၁၀ ဦး။

ရှမ်း - NLD ၃ ဦး၊ ကြံ့ခိုင်ရေး ၃ ဦး၊ SNLD ၃ ဦး၊ PNO ၁ ဦး၊ TNP ၂ ဦး။

စုစုပေါင်း ၈၄ နေရာ မှာ NLD ၅၃ နေရာ (63%) ရပါတယ်။


ပြည်သူ့လွှတ်တော်

ကချင် - NLD ၁၂ ဦး၊ ကြံ့ခိုင်ရေး ၃ ဦး၊ KSDP ၁ ဦး၊ LNDP ၂ ဦး။ - ၁၈ နေရာ။

ကယား - NLD ၆ ဦး၊ ကြံ့ခိုင်ရေး ၁ ဦး။ - ၇ နေရာ။

ကရင် - NLD ၆ ဦး၊ ကြံခိုင်ရေး ၁ ဦး။ - ၇ နေရာ။

ချင်း - NLD ၇ ဦး၊ ZCD ၂ ဦး။ - ၉ နေရာ။

မွန် - NLD ၉ ဦး၊ ကြံ့ခိုင်ရေး ၁ ဦး။ - ၁၀ နေရာ။

ရခိုင် - NLD ၄ ဦး၊ ကြံ့ခိုင်ရေး ၁ ဦီး၊ ANP ၁၂ ဦး။ - ၁၇ နေရာ။

ရှမ်း - NLD ၁၂ ဦး၊ ကြံ့ခိုင်ရေး ၁၅ ဦး၊ SNLD ၁၂ ဦး၊ TNP ၃ ဦး၊ PNO ၃ ဦး၊ KDUP ၁ ဦး၊ WDP ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦး။ - ၄၈ နေရာ။

စုစုပေါင်း = ၁၁၁ နေရာ မှာ NLD ၅၆နေရာ(50%) ရရှိပါတယ်။

၂၀၁၇ သမတရွေးပွဲ ထပ်မံကျင်းပရာမှာ မဲပေးသူ ၆၃၆ဦး ရှိရာမှာ ဦးဝင်းမြင့် က ၄၀၃မဲ (63.3%) နဲ့ သမတ ဖြစ်လာပါတယ်။ ဦးမြင့်ဆွေက ၂၁၁မဲ(31.6%) ရရှိလို့ တက်ရောက်တဲ့ တပ်မတော်သား ၁၆၂ဦးနဲ့ ကြံ့ခိုင်ရေး ၄၁ဦး နဲ့ အခြား ၈ဦး တို့ ဦးမြင့်ဆွေကို မဲပေးကြပါတယ်။ ရခိုင် ၂၃ဦး နဲ့ ရှမ်း ၁၆ဦးတို့ကလည်း NLD ဦးဝင်းမြင့် ကို မဲပေးကြပါတယ်။ ဦးဗန်ထီးယူက ၂၂မဲ(3.4%) ဖြစ်တယ်။ တိုင်းရင်းသား ပါတီများက တပ်မတော် သမတကို လုံး၀ မဲပေးမှာ မဟုတ်ပါဘူး။ လက်ရှိလွှတ်တော်မှာ တိုင်းရင်းသားပါတီ မဲမရလဲ NLD (58%) အများစု ဖြစ်နေဆဲပါ။ NLD ပေါ်လစီကလဲ တိုင်းရင်သားနဲ့ မဟာမိတ် မလုပ်ပါ။ သူနိုင်သူရ၊ ကိုယ်နိုင်ကိုယ်ရ ပေါ်လစီ စွဲကိုင်ထားပါတယ်။


၂၀၂၀ ရွေးကောက်ပွဲ

တိုင်းရင်းသား ပါတီများ လွှတ်တော်မှာ အရေးပါတဲ့နေရာ ရောက်လာနိုင်ပါတယ်။

လက်ရှိလွှတ်တော် အမတ်အရေအတွက်မှာ 664 ဖြစ်တယ်။ မရွေးနိုင်တဲ့နေရာများ. အရေးယူခံရသူ၊ သေဆုံးသူ စသဖြင့် ရှိပါတယ်။ ၂၀၂၀ မတ်လမှာ ခြေ/ဥ ပြင်ဆင်ရေး မဲခွဲတာ မဲပေးသူ ၆၃၃ ဦး မှာ NLD အဆိုထောက်ခံသူ ၄၀၃ဦး(63%) ရှိပြီး ကန့်ကွက်သူ ၂၀၃ဦး(32%) ရှိပါတယ်။ NLDဘက်က တိုင်းရင်းသား အမတ်များက ရပ်တည်ပြီး၊ တက်ရောက်သူ တပ်မတော် ၁၆၂ဦးနဲ့ ကြံ့ခိုင်ရေး ၄၁ဦး ပေါင်းရင် ၂၀၃ဦး ရှိပါတယ်။ ဆိုလိုတာက အရေးကြီးရင် တိုင်းရင်းသားပါတီတွေက NLDဖက် ရပ်တည်နေဆဲ ဆိုတာ အလွန်ထင်ရှားပါတယ်။

၂၀၁၅ မှာ ပြည်နယ်များ 195 (30%).. တိုင်းများ 283 (45%)..စစ်တပ် 166 (25%) ဖြစ်တယ်။ ဒါကြောင့် NLD က တိုင်းများမှာ 45% အားလုံးနီးပါး ၂၀၁၅ တုန်းက 41% ရပြီး ပြည်နယ်များက 17% စုစုပေါင်း 58% နဲ့ အစိုးရဖွဲ့ခဲ့ပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်အမတ်များ
ပြည်နယ် 195(30%)
တိုင်း 283(45%)
တပ်မတော် 166(25%)
စုစုပေါင်း 664(100%) ဖြစ်ပါတယ်။


မဲပေးသူ နည်းပါးလာခြင်း
.
၂၀၁၅ ရွေးကောက်ပွဲက သမိုင်းဝင်ဖြစ်လို့ အကြိတ်အနယ် အုန်းအုန်းတိုက် မဲဆွယ်လို့ ပြည်နယ်တိုင်းအားလုံးမှာ မဲပေးသူ ၇၃% လောက် လာရောက်မဲပေးခဲ့ကြပါတယ်။ မဲပေးသူ ရာနှုံးများကိုကြည့်ပါ။
ကချင် 68.33%
ကယား 74.07%
ကရင် 46.73%
ချင်း 79.29%
စစ်ကိုင်း 74.76%
တနသျာရီ 62.68%
ပဲခူး 70.73
မကွေး 76.60%
မန္တလေး/နေပြည်တော် 73.16%
မွန် 51.34%
ရခိုင် 68.16%
ရန်ကုန် 65.01%
ရှမ်း 66.34%
ဧရာဝတီ 75.45%

ကြားဖြတ်ရွေးကောက်ပွဲ ၃ကြိမ် ကျင်းပတာ မြို့ကြီးတွေမှာ ရန်ကုန်အပါအဝင် ၃၀% ကနေ ၄၀% လောက်ပဲ မဲလာပေးကြပါတယ်။ လူနည်းတဲ့ ပြည်နယ်များ ရခိုင်၊ ချင်း တွေမှာ ၆၀% ၇၀% အထိ မဲပေးကြပြီး ကချင်(မြစ်ကြီးနား)၊ မွန်(ချောင်ဆုံ) တွေမှာ ၃၄% ၄၀% လောက်ပဲ လာပေးကြတယ်။ လူတွေ စိတ်ပျက်လာကြလို့ မဲလာမပေးခြင်း ကလဲ NLD ရှုံးရခြင်း အကြောင်းတစ်ခုပါ။ ရန်ကုန်လှိုင်သာယာ ၂၀၁၇ ကြားဖြတ်ရွေးပွဲ ၂၇% ပဲ မဲပေးကြတယ်။

၂၀၂၀ မှာ အသက်၁၈နှစ်ကနေ ၂၃နှစ်ကြား ပထမဆုံးမဲပေးမဲ့ (အရေအတွက် ၄ သန်း) လူငယ်များကို ပါတီကြီးများက အထူးမဲဆွယ်နေကြပါတယ်။ မိမိပါတီ ထောက်ခံသူများများ လာရောက် မဲပေးစေနည်းက လူနည်းတဲ့ ပြည်နယ်မြို့လေးများမှာ အလွန် ထိရောက်ကြပါတယ်။ ဥပမာ ကယား နဲ့ ကချင်၊ ချင်း ပြည်နယ်များမှာ မဲပေးသူ ထောင်ဂဏန်းပဲ ရှိတဲ့ မဲဆန္နနယ်များစွာ ရှိပါတယ်။

ရွေးကောက်ပွဲ ပွင့်လင်းမြင်သာ၊ တရားမျှတလာခြင်းအတွက် ပြည်သူလူထုနဲ့ ဦးသိန်းစိန်အစိုးရကို ကျေးဇူးတင်ရမှာ ဖြစ်တယ်။ ၂၀၂၀ မှာ လည်း မျှတမှာပါ။ ၂၀၀၈ အခြေ ခံ ဥပဒေ အရ မမျှတမှု အချို့ ရှိနေဆဲပါ။ ၂၅% ရွေးခံစရာမလိုသော တပ်မတော်အမတ်၊ တပ်မတော်သားများလဲ ၂၅% ယူထားပြီး မဲလဲ ပေးခွင့်ရခြင်း၊ တပ် ကြိုတင်မဲများ..စသည်တို့ ဖြစ်တယ်။ မဲရုံများမှာ ပြည်သူများ၊ မီဒီယာများ ဝန်းရံထားနိုင်ရင် တရားမျှတလေ့ ရှိပါတယ်။


၂၀၂၀ ရွေးကောက်ပွဲရလဒ် ခန့်မှန်းချက်

၂၀၂၀ မှာ တိုင်းများ ၂၀၁၅ အတိုင်းပဲ လွှတ်တော်မှာ NLD 41% ပဲ ရပါမယ်။ ပိုရနိုင်တယ်။ ပြည်နယ်မှာ 10% ပဲ ရရင်တောင် စုစုပေါင်း 51% နဲ့ အစိုးရဖွဲ့နိုင်ပါမယ်။ အစိုးရဖွဲ့ဖို့ (လွှတ်တော် ကိုယ်စားလှယ် 664 ဦး သမတရွေးပွဲ ) အနိုင်ရမယ် ဆိုလိုတာပါ။

အကယ်၍ ချွတ်ချော်ပြီး Nov-2020 ရလဒ်မှာ NLDပါတီက လွှတ်တော်ရဲ့ 51% အထက် အမတ်နေရာမရခဲ့ရင်

(1) NLDပါတီ အစိုးရဖွဲ့ရေး ပေါ်လစီ ချက်ခြင်းပြောင်းသွားမယ် ဖြစ်တယ်။ တပ်မတော်ထောက်ခံတဲ့ ပါတီများကို ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပြီး ဘယ်လိုပဲ ချဉ်းကပ်ပေမဲ့ တိုင်းရင်းသားပါတီများက NLD နဲ့ပဲ မဟာမိတ်ဖွဲ့ပြီး (NLD+တိုင်းရင်းသား) အစိုးရပေါ်ပေါက် လာနိုင်ပါတယ်။

(2) နောက်ဆုံး သုံးသပ်ချက်ကတော့ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ အကယ်၍ NLD က လွှတ်တော်အမတ် 51% အထက် မရရင်၊ တိုင်းရင်းသားပါတီများက အရမ်းခေါင်းမာလွန်းရင်၊ NLDနဲ့တပ်မတော် ညှိနှိုင်း သဘောတူကြတဲ့ သမတအသစ် တက်လာနိုင်ပါတယ်။ ဒါလဲ ဖြစ်နိုင်ချေ မရှိပေမဲ့ ပြောမရပါဘူး။

အချက်အလက်များ အကြမ်းဖျင်း ရယူ သုံးသပ်ခြင်း ဖြစ်လို့ အမှားများ ထောက်ပြ ကြပါ။

အဆုံးသပ် ရေးရရင်

NLD ပါတီပဲ လွှတ်တော်မှာ မဲ 51% အထက် ရရှိပြီး အနိုင်ရ အစိုးရဖွဲ့ ဦးမှာဖြစ်တယ်။ ဖတ်ရှုသူများ NLDကိုပဲ ထပ်မံ ထောက်ခံမဲ ပေးကြဖို့ အနူးအညွတ် တိုက်တွန်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး ထူးဆန်း၊ အရည်ချင်းပြည့်တဲ့၊ ပြည်သူအများစုချစ်ခင်၊ လေးစားတဲ့ ခေါင်းဆောင်ကောင်း ဦးဆောင်တဲ့ အစိုးရကို နောက်ထပ် ၅နှစ် ထပ်မံ အခွင့်ပေးကြပါ။

ပါတီအားလုံး ..အရင်ထက် တော်ပြီး၊ စာရိတ္တပိုကောင်းတဲ့ အမတ်များ ထွက်ပေါ်လာကြပါစေ။

ဖတ်ရှုသူများ ကျန်းမာကြပါစေ။

လေးစားစွာဖြင့်
M.Zaw Aung
6-6-2020

ကိုးကားဝက်ဆိုဒ်များ
1. https://en.wikipedia.org/wiki/2015_Myanmar_general_election
2. https://uec.gov.mm/