ဇင်လင်း - ဒေါင်းစာပေ၏ မိခင်သို့ ဂါရဝပြုခြင်း

(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၂၀မျှော်လင့်မထားတဲ့ သတင်းတစ်ပုဒ်ကို နိုဝင်ဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ဗြုန်းစားကြီး ကြားသိလိုက်ရတဲ့အတွက် စိတ်ထဲ မှာ ခေတ္တမှောင်မိုက်သွားသလို ခံစားလိုက်ရတယ်။ သတင်းအမှားလို့ဆိုစရာလည်းမရှိ။ အတွေးအမြင် ရဲ့ ပဲ့ကိုင်ရှင် ဆရာမ ဒေါ်မြင့်မြင့် (ဒေါင်းစာပေ) ဟာ ၂၀၂၀ နိုဝင်ဘာ ၂ ရက်နေ့ ၁၁ နာရီ မိနစ် ၂၀ မှာ ကွယ်လွန်ခဲဲ့ပြီဖြစ်ကြောင်း သမီးဖြစ်သူ မလတ်လတ်စိုး(လွတ်လပ်စိုး) က သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ သတင်းအတည်ပြုပေးခဲ့ပါတယ်။ ဒေါ်မြင့်မြင့်ရဲ့ ကျန်းမာရေးသတင်းကိုလည်း မလတ်ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ စတင်သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ဆရာမ ဒေါ်မြင့်မြင့်နဲ့ မိမိ နောက်ဆုံးစကားပြောဖြစ်ခဲ့တာက ဇူလိုင်လလယ် လောက်ကလို့ အကြမ်းဖျဉ်း မှတ်မိတယ်။
ဒီတုံးက “ဝေဖန်ရေးစာပေနိဒါန်နှင့် အတွေးအမြင်ဆောင်းပါးများ” စာအုပ်စာမူကို ပရုဖ်ဖတ်ပေးပါဦးလို့ ဒေါ်မြင့် မြင့်က အကူအညီတောင်းလို့ ဒေါင်းစာပေမှာ စာမူကြမ်းဝင်ယူဖြစ်ခဲ့တယ်။ အဲဒီနေ့က တွေ့ဆုံမှုဟာ ဆရာမနဲ့ နောက်ဆုံးတွေ့ရတာဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ဒီကြားထဲမှာ အရင်ကလို တိုက်မှာထိုင်ပြီး တောအကြောင်း တောင်အကြောင်း မပြောဖြစ်တော့ဘူး။ သြဂုတ်လကုန် လောက်မှာ အတွေးအမြင်စာအုပ်နဲ့ စာမူခထုတ်ရင်း မိမိ ဒေါင်းစာပေတိုက်ကို ရောက်တယ်။ ပရုဖ်ဖတ်ပြီးသား စာမူလည်း တိုက်က ၀န်ထမ်းကလေးတွေကိုပဲ ပေးထားခဲ့တယ်။ ကိုဗစ်ဒုတိယလှိုင်းကစနေပြီ။ အဲဒီအချိန်လောက်ကတည်းက ဒေါ်မြင့်မြင့် ဒေါင်းစာပေတိုက်ကို မလာတော့ဘဲ အများနည်း တူ Stay at home နေတဲ့အကြောင်း Messenger ကတဆင့် သိခဲ့ရတယ်။ စာမူကိစ္စ ပြောစရာရှိတဲ့အခါ မက်ဆင်ဂျာကတဆင့် ပြောဖြစ် ဆိုဖြစ် တာပဲ ရှိတယ်။
စက်တင်ဘာလထုတ်အတွေးအမြင် စတင် ဖြန့်ချိချိန်မှာ အောက်တိုဘာလ အတွက်က စာမူတွေစုံနေပြီလို့ ပြောတယ်။ နိုဝင်ဘာမှာ ရွေးကောက်ပွဲရှိနေတဲ့ အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ မိမိကို ပြောတယ်။ ဒါကြောင့် အောက်တိုဘာ ၁၅ ထက်နောက်မကျဘဲ နိုဝင်ဘာလ အတွေးအမြင်အတွက် စာမူပို့ပေးပါဦးလို့ ဒေါ်မြင့်မြင့်က မိမိကို မက်ဆင်ဂျာကနေ ပြောခဲ့တာ မှတ်မိနေတယ်။ ဒါကြောင့် မိမိလည်း အချိန်မီ စာမူပို့ပေးခဲ့တယ်။ စာမူရကြောင်း ကျေးဇူး တင်ကြောင်း ပြန်ကြားခဲ့တာ နောက်ဆုံးပါပဲ။ မကြာမီ စက်တင်ဘာလ စာအုပ်ထွက်ပြီးချိန် ကိုဗစ်လှိုင်းပြင်းထန်လာတဲ့ အတွက် အတွေးအမြင် ထုတ်ဝေမှု ခေတ္တရပ်နားမယ့် အကြောင်းကြေညာခဲ့တယ်။
ဒေါ်မြင့်မြင့်ဟာ အတွေးအမြင်စာစောင်ကို ဆရာမောင်ဝံသ ရှိစဉ်ကလိုပဲ ကလောင်စုံပါ၀င်လာအောင် ကြိုးစားရုံမက၊ အချိန်မှန် စာဖတ်သူတွေလက်ထဲ ရောက်အောင်လည်း ဒေါ်မြင့်မြင့်ကပဲ ၀ါယမစိုက်ထုတ်လုပ်ဆောင်နေတာတွေ့ရလို့ ချီးကျူးမိတယ်။ ဒါကြောင့်လည်း မဂ္ဂဇင်း စာစောင်တွေ အတော်များများ စီးပွားရေးတွက်ခြေမကိုက်လို့ ရပ်နားနေကြ ရချိန်မှာ အတွေးအမြင် စာစောင်က တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ထုတ်ဝေနေနိုင်ဆဲဖြစ်တာကို တွေ့ရတယ်။
သတင်းမီဒီယာကောင်စီအစည်းအဝေး ရှိတဲ့ရက်တွေမှာ ရန်ကုန်မြို့ထဲကို မိမိရောက်လေ့ရှိပါတယ်။ အစည်းအဝေးပြီးတာ နဲ့ ကုန်သည်လမ်းနဲ့ ၄၅ လမ်းထိပ်လောက်ကနေ ၃၇ လမ်း စာအုပ်တန်းကို အရင်ဝင်ပါတယ်။ ဖတ်စရာစာအုပ်တချို့ ၀ယ် ရင်း စာရေးဆရာ ကဗျာဆရာ မိတ်ဆွေတချို့နဲ့လည်း တွေ့ဖြစ်ပါတယ်။ ပြီးရင် ၃၃ လမ်း ဒေါင်းစာပေကို ၀င်ပါတယ်။ ၀င်ဖြစ်တဲ့အကြောင်းက အတွေးအမြင်မှာ မိမိရဲ့ဆောင်းပါး ဖေါ်ပြတဲ့အခါ စာအုပ်နဲ့ စာမူခ ထုတ်ရင်း ၀င်ဖြစ်ပါတယ်။ တစ်လမှာ မြို့ထဲကို ၂ ကြိမ်လောက် ရောက်ဖြစ်ပြီး ရောက်တဲ့အခါတိုင်း ဒေါင်းစာပေကို ၀င်ပါတယ်။ မြို့ထဲရောက်တဲ့အခါ စကားလေးဘာလေး ပြောရအောင် ၀င်ပါလို့ ဆရာမ ဒေါ်မြင့်မြင့်က ဖိတ်ကြားထားလို့တစ်ကြောင်း၊ ဆရာမောင်ဝံသ ရှိစဉ်ကလည်း ၀င်ခဲ့ထွက်ခဲ့ဖူးတဲ့ စာပေတိုက်ဖြစ်လို့လည်း တစ်ကြောင်း မြို့ထဲရောက်တဲ့အခါ ဒေါင်းစာပေကို ၀င်ဖြစ်ပါ တယ်။ ဆရာမ ပြန်ပြောပြတတ်တဲ့ ရှေးဟောင်းနှောင်းဖြစ်ကလေးတွေ သူတို့ဇနီးမောင်နှံရုန်းကန်ခဲ့ရပုံကလေးတွေ နားထောင်ရတဲ့အခါလည်းရှိသလို၊ မျက်မှောက်နိုင်ငံရေးဖြစ်စဉ်ပျက်စဉ်ကလေးတွေ အပေါ် အမြင်ဖလှယ်ဖြစ်ကြတဲ့ အခါမျိုးလည်းရှိပါတယ်။
မိမိနဲ့ဆရာမတို့ ဇနီးမောင်နှံက ငယ်ပေါင်းမိတ်ဆွေတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စာပေနဲ့နိုင်ငံရေးအကြောင်းခံအရ ရင်ဘတ်ချင်းတူကြတာကြောင့် ၁၉၈၄ ခုနှစ် နှောင်းပိုင်းလောက်မှာ စတင် ခင်မင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ မိမိရဲ့ဇနီး (မေတင်နွဲ့-စာကြည့်တိုက်ပညာ) ကလည်း စာပေဆောင်းပါးလေးတွေ ရေးနေသူဖြစ်တာကြောင့် ဆရာ မောင်စွမ်းရည်၊ ဆရာ မောင်သာနိုး၊ ဆရာတင်မိုးတို့ကိုအကြောင်းပြုပြီး ဆရာမောင်ဝံသနဲ့ စတင်ရင်းနှီးပါတယ်။ နောက်တော့ မိမိတို့ကို ဆရာ မောင်ဝံသ က စကားပြောဖို့အတွက် သူတို့မိသားစုနေထိုင်ရာ လက်ရှိဒေါင်းစာပေတိုက်သို့ဖိတ်ပါတယ်။ မိမိက ၁၉၈၄ မေလလောက်ကမှ ပထမအကြိမ် နိုင်ငံရေးပုဒ်မ ၅(ည)နဲ့ ထောင် ၂ နှစ်ကျပြီး ပြန်လွတ်လာချိန်ဖြစ် ပါတယ်။
အဲဒီအချိန်က ဆရာ့ရဲ့ အတွေးအမြင်စာစဉ် စတုတ္ထအုပ်အတွက် ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ဆရာ မောင်သော်က နဲ့ ဆရာမောင်စွမ်းရည်တို့လည်း ရောက်နေပါတယ်။ မိမိရဲ့ဇနီး မေတင်နွဲ့(စာကြည့် တိုက်ပညာ) က စပယ်ဖြူမဂ္ဂဇင်း၊ စာပေဂျာနယ်၊ ဒဿနဂျာနယ်နဲ့ စာမော်ကွန်းမဂ္ဂဇင်းတွေမှာ ဆောင်းပါးရေးနေပါပြီ။ ဒါကြောင့် အဲဒီနေ့က ဆရာမောင်စွမ်းရည်က မေတင်နွဲ့ရဲ့ဆောင်းပါးတွေကို ဆရာမောင်ဝံသ ရဲ့ အတွေးအမြင်မှာ ဖေါ်ပြပေးဖို့ တိုက်တွန်းပါ တယ်။ စာပေစိစစ်ရေးကို ခက်ခက်ခဲခဲဖြတ်သန်းထုတ်ဝေနေရချိန်ဖြစ်တဲ့အတွက် ဆရာမရဲ့ စာမူပါရင် ပေးထားခဲ့ပါ၊ ဖတ်ကြည့်ပြီး အဆင်ပြေရင် အတွေးအမြင်မှာ ဖေါ်ပြပါမယ်လို့ဆရာမောင်ဝံသ က လိုလိုလားလား ပြောပါတယ်။ မေတင်နွဲ့ကလည်း စပယ်ဖြူအတွက် ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် အသင့်ပါလာတဲ့အတွက် အဲဒီစာမူကိုပဲ ဆရာမောင်ဝံသကို ပေးခဲ့ပါတယ်။ အဲဒီနောက်တော့ အတွေးအမြင်မှာ မေတင်နွဲ့ဆောင်းပါးတွေ လစဉ်ဖေါ်ပြခဲ့တယ်။ ရှစ်လေးလုံးအရေးတော်ပုံဖြစ်တော့မှ ဆက်မရေးဖြစ်တော့ဖူးလို့ထင်ပါတယ်။
အဲဒီတုံးက မေတင်နွဲ့က ကမ္ဘာအေး ဗုဒ္ဓတက္ကသိုလ်ပြတိုက်မှာ လက်ထောက်ပြတိုက်မှူးအလုပ်နဲ့ ဖြစ်နေလို့ ဒေါင်းစာပေကို တစ်ခါတစ်ရံမှ ရောက်ပါတယ်။ မြို့ထဲကို ပုံမှန်ရောက်လေ့ရှိတဲ့ မိမိကပဲ မေတင်နွဲ့စာမူတွေကို အတွေးအမြင်အတွက် ပို့ ပေးခဲ့ရတယ်။ စာအုပ်ထွက်ရင်လည်း စာမူခနဲ့စာအုပ်ထုတ်တဲ့တာဝန်ကို မိမိကပဲ ယူခဲ့ရတယ်။ ဒါကြောင့် ဆရာမောင်ဝံသ နဲ့ရော ဆရာမ ဒေါ်မြင့်မြင့်နဲ့ပါ ပုံမှန်လိုလို တွေ့ဆုံဖြစ်ခဲ့တယ်။ ရင်းရင်းနှီးနှီး စကားပြောဆိုဖြစ်ခဲ့တယ်။ တစ်ယောက် အကြောင်း တစ်ယောက် ထဲထဲဝင်ဝင်သိလာကြပြီး ပိုမိုရင်းနှီးခဲ့ကြတယ်။ ၁၉၈၈ နောက်ပိုင်းမှာ မိမိနဲ့ ဆရာမောင်ဝံသ တို့ ဒီချုပ် NLD (ဗဟန်း) ရုံးမှာ ရံဖန်ရံခါဆုံဖြစ်ကြတယ်။ ပထမဆုံး NLD လူငယ်သင်တန်းကို ရန်ကုန်တိုင်းရုံးမှာ ပြုလုပ်တော့ လည်း ရွှေဂုံတိုင်ရုံးမှာ ဆရာမောင်ဝံသနဲ့ အတူ သင်တန်းဆရာအဖြစ် တာဝန်ယူခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံရေးအရ လည်း ပိုပြီး ရင်းနှီးခဲ့ကြတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ဝေါမြို့နယ် အမှတ်(၂)မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆရာမောင်ဝံသ ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ ၁၉၈၉ ဇူလိုင် ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲမှာ အခြား နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်တွေနဲ့အတူ ပုဒ်မ ၁၀(က)နဲ့ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတယ်။ ၁၉၉၀ ဧပြီ ၂၄ မှာ ရွေးကာက်ပွဲအမှီ ပြန်လွတ်လာခဲ့ပေမယ့် မေလရွေးကောက်ပွဲအပြီး အောက်တိုဘာ ၂၃ မှာ စစ်ခုံရုံးက ထောင် (၇)နှစ်ချခဲ့တယ်။ ဒါပေမယ့် နဝတအစိုးရနဲ့ နအဖအစိုးရ လက်ပြောင်းလက်လွှဲလုပ်ချိန် ၁၉၉၂ ဧပြီလကုန်မှာ လွတ်ငြိမ်းချမ်းသာနဲ့ ဆရာမေင်ဝံသ ပြန် လွတ်လာတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကူညီမှုကြောင့် ၁၉၉၆ မေလ ၂၁ မှာ ဆရာမောင်ဝံသ ပုဒ်မ ၁၀(က)နဲ့ အင်းစိန်ထောင်မှာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းခံရတယ်။ ၂၀၁၁ ဇွန်လအလယ်မှာ ပြန်လွတ်တယ်။
ဆရာမောင်ဝံသ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ကာလတွေမှာ ဒေါင်းစာပေရဲ့ လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းမသွားအောင်၊ အထူးသဖြင့် အတွေးအမြင်စာစောင် ပုံမှန်ထုတ်ဝေ ဖြန့်ချိနိုင်အောင် စီမံကွပ်ကဲခဲ့သူက ဆရာ့ရဲ့ ဘဝကြင်ဖေါ်ဖြစ်သူ ဒေါ်မြင့်မြင့် ဖြစ်ပါတယ်။ အမှန်တော့ ဆရာမောင်ဝံသ နိုင်ငံရေးတာဝန်တွေ တာဝန်ယူရချိန်ကတည်းက အတွေးအမြင် ပုံမှန်လည်ပတ်နေအောင် ဒေါ်မြင့်မြင့်က စီမံဆောင်ရွက်နေခဲ့တာလည်းဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၉၆ နဲ့ ၂၀၁၁ ခုနှစ် ကြားကာလတွေမှာ အတော်ရုန်းကန်ခဲ့ရတယ်လို့ သိရတယ်။ မိမိ ၁၉၉၇ ဒီဇင်ဘာ တတိယပတ်မှာ ထောင်(၇)နှစ်ကျခံပြီး ပြန်လွတ်လာချိန်မှာ ဆရာမဟာ ဒေါင်းစာပေနဲ့ အတွေးအမြင်စာစောင်တို့ရဲ့ ဦးစီးပဲ့ကိုင်တာဝန်ယူထားတာ သိခဲ့ရတယ်။
ဒီတုံးကလည်း ထောင်ထဲမှာ ရှိနေတဲ့ ဆရာမောင်ဝံသ ရဲ့ ကျန်းမာရေးအခြေအနေ မေးရင်း ဒေါင်းစာပေတိုက်ကို မကြာ မကြာ ရောက်ဖြစ်တယ်။ အဓိက ကတော့ နိုင်ငံရေးအကျဉ်းသား မိသားစုအချင်းချင်း စာနာမှုကြောင့် ဆရာမကို သွား ရောက် အားပေးခဲ့တဲ့ သဘောပါပဲ။ ဒါပေမယ့် ဒေါ်မြင့်မြင့်ဟာ စိတ်ဓါတ်ခိုင်မာပြီး အလုပ်လုပ်ရာမှာလည်း စည်းကမ်း ရှိပြီး စေ့စပ်သေချာသူဖြစ်တာ သိလာခဲ့ရတယ်။ ဆရာမောင်ဝံသ ဟာ ဒေါ်မြင့်မြင့်လို အားထားရတဲ့ ဘဝလက်တွဲဖေါ်မျိုးနဲ့ ဆုံခဲ့တဲ့အတွက် အောင်မြင်တဲ့ သတင်း စာဆရာ၊ စာရေးဆရာ ဖြစ်လာတယ်လို့ ဆိုရင်တောင် မမှားပါဘူး။ မောင်တစ်ထမ်း မယ်တစ်ရွက် တန်းတူ အလုပ်လုပ်နိုင် ခဲ့တဲ့အတွက် အောင်မြင်တဲ့ အိမ်ထောင်ရေးဘဝတစ်ခုကိုလည်း တည်ဆောက်နိုင် ခဲ့ကြတယ်လို့ မိမိအနေနဲ့ သုံးသပ်မိတယ်။ ဆရာ မောင်ဝံသ ထောင်ထဲရှိနေစဉ် ဒေါ်မြင့်မြင့်အနေနဲ့ ထောင်ဝင်စာ ပုံမှန် တွေ့ပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ အစား အစာများ ပို့ပေးခဲ့တဲ့ ကျေးဇူးပြုမှုကလည်း ချီးကျူးစရာပါ။ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ဆိုရင် မိသားစု အခက်အခဲ ပြဿနာတွေကြောင့် ထောင်ဝင်စာ မလာနိုင်တဲ့ ဖြစ်ရပ်တွေ ရှိတယ်။ နိုင်င့ရေးကြောင့် အိမ်ထောင်ရေးပြိုကွဲတာတွေလည်း တွေ့ဖူးတယ်။ ဒေါ်မြင့်မြင့်ကတော့ ထောင်ဝင်စာလည်း ၀တ္တရားမပျက်ခဲ့။ ဒေါင်းစာပေတိုက်ကိုလည်း ဆက်လက်ရှင်သန်နေအောင် စီမံနိုင်ခဲ့၊ အတွေးအမြင် စာစောင်ကို လည်း ပုံမှန်ထုတ်ဝေဖြန့်ချိနိုင်အောင် ၀ါယမစိုက်ထုတ်နိုင်ခဲ့တာကြောင့် အားကျအတုယူစရာ ပုဂ္ဂိုလ်လို့ ဆိုနိုင်ပါတယ်။
အထူးသဖြင့် သားသမီး ၄ ယောက်စလုံး ပညာထူးချွန်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ပြုစုပျိုးထောင် ပေးနိုင်ခဲ့တဲ့ ဆရာမောင်ဝံသ နဲ့ ဆရာမ ဒေါ်မြင့်မြင့်တို့ ဇနီးမောင်နှံကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ အလွန် ရက်စက် ကြမ်းတမ်းတဲ့ စစ်အာဏာရှင်ခေတ်ဆိုးကြီးအောက်မှာ နေထိုင်ဖြတ်သန်းခဲ့ကြရတဲ့ အိမ်ထောင်စုအတော်များများက မိဘတွေဟာ သားသမီးတွေ ကို စာရိတ္တကောင်း ပညာတော်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ လူငယ်တွေဖြစ်လာ အောင် တော်တော်ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရတာဖြစ်ပါတယ်။ စစ်အာဏာရှင်ခေတ်ဆိုးခေတ်ပျက်ရဲ့ ဒဏ်ရာဒဏ်ချက် တွေလို့ ပြောရင်လည်း ရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေ ခွဲခြားဆက်ဆံခံရတဲ့ ခေတ်စနစ် အောက် မှာ ကလေးတွေကို စိတ်အားမငယ်ရလေအောင် သွန်သင်ထိန်းသိမ်းနိုင်ခဲ့တဲ့ မိခင်ကောင်းတွေထဲမှာ ဒေါ်မြင့်မြင့်လည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ဆရာမ ဒေါ်မြင့်မြင့်ဟာ ဆရာမောင်ဝံသအတွက် ဘဝ လက်တွဲဖေါ်ကောင်း ဖြစ်ရုံ မက သားသမီးတွေအတွက်လည်း မေတ္တာပြည့်ဝပြီး ထူးချွန်တဲ့ မိခင်ကောင်းတစ်ဦးဖြစ်ပါတယ်။ သားသမီးတွေ အတွက် ဂုဏ်ယူစရာကောင်းတဲ့ စံပြမိခင်တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၁၃ သြဂုတ်လ ၁၁ ဆရာမောင်ဝံသ ကွယ်လွန်ခဲ့ချိန်က စပြီး အတွေးအမြင်စာစောင်ကို အောင်အောင်မြင်မြင် ဆက်လက်ဦးစီးထုတ်ဝေနေခဲ့တဲ့ ဆရာမ ဒေါ်မြင့်မြင့်ဟာ ၂၀၂၀ နိုဝင်ဘာ ၂ ရက်နေ့မှာ မမျှော်လင့်ဘဲ ကွယ်လွန်သွားရတဲ့ အတွက် သားသမီးတွေအဖို့တော့ ရွှေတောင်ကြီးပြိုကျသွား သလို ခံစားကြရမှာ မလွဲပါဘူး။ မိမိတို့လို မိတ်ဆွေတွေ အနေနဲ့လည်း မယုံနိုင်အောင် ဖြစ်ကြရပါတယ်။ ဒီလို အချိန် အခါမျိုးမှာမှ တိမ်းပါးရတဲ့အတွက်တော့ ယူကျုံးမရ ၀မ်းနည်းကြေကွဲကြရပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲနေ့ မှာ မဲပေးဖို့ဆန္ဒထက်သန်နေတာကိုလည်း ဒေါ်မြင့်မြင့်ရဲ့ Facebook ပေါ်မှာ အောက်တိုဘာ ၂ ရက်နေ့စွဲနဲ့ ရေးထားခဲ့ တာ သတိပြုမိတယ်။ “မဲစာရင်းထွက်ပါပြီ၊ မဲရုံက အောင်ဓမ္မာရုံတဲ့၊ အိမ်ရှေ့တည့်တည့်၊ Stay at home ဆိုတော့ ဘယ်လို ပေးရ မလဲ။” လို့ ရေးထားတာ စိတ်ထိခိုက် စရာပါပဲ။
မကွယ်လွန်မီက နေ့စဉ် နံနက် တိုင်းလိုလို ဒေါ်မြင့်မြင့်ရဲ့ Facebook (Myint Myint) စာမျက်နှာမှာ (ဝေနေများစွာသတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ၊ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ၊ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါ စေ။) ဆိုတဲ့ မေတ္တာဝေမျှ မှုကို တွေ့မြင် သာဓုခေါ်ခဲ့ရတာကို သတိရနေမိတယ်။ ကျန်းမာနေစဉ် တစ်လျှောက်လုံး ဗြဟ္မစိုရ် တရား လေးပါး လက်ကိုင်ထားပြီး လူအများနဲ့ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံနေထိုင်ခဲ့တဲ့အလျောက် အတွေးအမြင် ရဲ့ ဦးစီးနာယကဖြစ်သူ ဒေါ်မြင့်မြင့်အနေနဲ့ ကောင်းမွန်ရာ ဘုံဘဝကို ရောက်ရှိမှာ မလွဲပါလို့ ယုံကြည်ပါတယ်။
လူတိုင်းမရှောင်သာတဲ့ ခရီး ဖြစ်သော်လည်း ဒါန သီလ ဘာဝနာ ကုသိုလ်များကို မမေ့မလျော့သူ၊ ဒေါင်းစာပေရဲ့ မိခင် ဒေါ်မြင့်မြင့် “သံသရာခရီး ဖြောင့်ဖြူးပါစေ” လို့ ဆန္ဒပြုလိုက်ပါတယ်။။။