Breaking News

ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်ဖွဲ့စည်း၊ စစ်ကောင်စီရဲ့ မအောင်မြင်တဲ့ ကုန်စျေးနှုန်းထိန်းချုပ်ရေး


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၉ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၀ ၊ ၂၀၂၃


ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ် ဖွဲ့စည်း၊ စစ်ကောင်စီရဲ့ မအောင်မြင်တဲ့ ကုန်စျေးနှုန်းထိန်းချုပ်ရေး 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့တော်ဝင်နဂါးတပ်မတော်Myanmar Royal Dragon Army အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ရပ်တည်ခဲ့ပြီး မကြာသေးမီက အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဗိုလ်နဂါးတို့အကြား သဘောထားကွဲလွဲမှုတွေ၊ ပထမဦးဆုံး NUG ဘက်က  ဗိုလ်နဂါးရဲ့ လက်နက်ကိုင် တပ်ရင်း ၄ ရင်းကို MRDAထံ ပြန်အပ်လိုက်တာ၊ အဲဒီနောက် အဲဒီတပ်ရင်းတွေရဲ့ တပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေက NUG ရဲ့ အမိန့်ပေးစနစ်အောက် ထဲဝင်ဖို့ ဆုံးဖြတ်ကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ကာ ဗိုလ်နဂါးနဲ့ NUG ရဲ့ ရန်ပုံငွေရှာဖွေပေးသူတို့အကြား ဆိုရှယ်မီဒီယာပေါ်မှာ အပြန်အလှန်ပြောဆိုမှုတွေ သီတင်းပတ်နဲ့ ချီဖြစ်ပွားခဲ့တာပါ။ 

အဆိုပါ ပြဿနာတွေ ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာမှာ အခုလို ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် Burma National Revolution Army ဆိုတဲ့အမည်နဲ့ လက်နက်ကိုင် အဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင် ခရိုင်ထဲက ပုလဲမြို့နယ်မှာ အခြေစိုက်ကာ ပေါ်ထွက်လာတဲ့ MRDA နဲ့ ခေါင်းဆောင်သူ ဗိုလ်နဂါး တို့ရဲ့ ဖြစ်ပျက်မှုကို လေ့လာကြည့်ရင် ဗမာလူမျိုးအများစု နေထိုင်ကြတဲ့ စစ်ကိုင်းတိုင်းရဲ့ နိုင်ငံရေးစည်းနှောင်မှု၊ နိုင်ငံရေး အယူအဆနဲ့ လက်နက်ကိုင်တိုက်ပွဲတို့အကြား စည်းနှောင်မှု စတာတွေကို မစဥ်းစားမိပဲ မနေနိုင်အောင် ဖြစ်စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ဧရိယာတွေမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သို့မဟုတ် တိုင်းရင်းသား နိုင်ငံရေးပါတီအဖွဲ့အစည်းတွေက နိုင်ငံရေးနဲ့ စစ်ရေးအရ ဦးဆောင်ကြတာ ဖြစ်ပေမယ့် စစ်ကိုင်းလို၊ မကွေးတိုင်းလို ဗမာလူမျိုးအများစု နေထိုင်ကြတဲ့ ဒေသတွေမှာတော့ တိုင်းရင်းသား ဒေသတွေလို လူမျိုးပေါ် အခြေခံတဲ့ နိုင်ငံရေး စစ်ရေးအင်အားစုတွေ အားမကောင်းကြတာကြောင့် NLD ပါတီဝင်၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေ အပေါ် အခြေခံတဲ့ အင်အားစုတွေက နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုနေရာမှာ ရှိနေကြသလားဆိုတဲ့ မေးခွန်းရှိလာပါတယ်။ 

သို့ပေမဲ့ အဲဒီဒေသတွေမှာ စစ်အာဏာသိမ်းပြီး လပိုင်းအတွင်း NLD ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ NUG အစိုးရ စတာတွေ မပေါ်ထွက်မီ၊ အခြေမတည်မီ ဒေသခံတွေက ၄င်းတို့ဘာသာ ၄င်းတို့ဖွဲ့စည်းခဲ့ကြတဲ့ ခုခံကာကွယ်ရေးတပ်တွေ ပေါ်ထွက်လာနှင့်တာပါ။ ဗိုလ်နဂါး ရဲ့ MDRA ဟာ အဆိုပါ ဒေသခံတွေထဲက နိုင်ငံရေးပါတီနဲ့ အဆက်အစပ်မရှိသူတွေက စတင်ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် တပ်တတပ် ဖြစ်ပါတယ်။ အလားတူ နိုင်ငံရေး ပါတီနဲ့ မဆက်စပ်ဘဲ ဒေသခံတွေထဲက ဖွဲ့စည်းပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့ငယ်တွေ စစ်ကိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းမှာ မန္တလေးတိုင်းထဲမှာ ရှိကြတာတွေ့ ရမှာ ဖြစ်ပါတယ်။ ဗိုလ်နဂါးကတော့ သတင်းမီဒီယာမှာ မကြာခဏပါရှိပြီး လူသိများတဲ့ အဖွဲ့အစည်းဖြစ်သလို တပ်အင်အား ဘယ်လောက်ရှိတယ်ဆိုတာ မထုတ်ပြန်သော်လည်း နှိုင်းယှဥ်ချက်အားဖြင့် အခြားသော ဒေသခံလက်နက်ကိုင် တပ်ဖွဲ့တွေထက် အင်အားကြီးမားတယ်လို့ ဆိုနိုင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ အခုလို ဒေသခံ လက်နက်ကိုင် အဖွဲ့နဲ့ NUG က နောက်ပိုင်းဖွဲ့စည်းတဲ့ PDF၊ ပကဖ၊ ပအဖ အစရှိတဲ့ အဖွဲ့တွေအကြား ဆက်ဆံရေး၊ ပူးပေါင်း တိုက်ခိုက်ရေး၊ သို့မဟုတ် တဖွဲ့နဲ့ တဖွဲ့အကြား ပြဿနာဖြစ်ခဲ့သော် ဖြေရှင်းရေး အစရှိတဲ့ အကြောင်းအရာတွေကို ဘယ်လို လုပ်ဆောင်နေကြသလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ အနေအထားက တိုင်းရင်းသား ဒေသတွေနဲ့ မတူညီတဲ့ အမျိုးသားရေး နောက်ခံကြောင့် စစ်ကိုင်းတိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့တွေကို စည်းရုံးရေးမှာ ဘယ်လို နိုင်ငံရေး အခြေခံချက်ကို ဘုံအချက်အဖြစ် ယူကြမလဲ တနည်းအားဖြင့် နိုင်ငံရေးစည်းနှောင်မှု တရပ်ထွက်ပေါ်လာအောင် တည်ဆောက်ကြဖို့ ဆွေးနွေးပြောဆိုကြဖို့ လိုအပ်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့ အရပ်ဖက် အဖွဲ့တွေ စုစည်းဖို့ ကြိုးစားမှု တရပ်လည်း ခုနှစ် နှစ်ဆန်းပိုင်းမှာ စစ်ကိုင်းဖိုရမ် လို့ခေါ်ဆိုတဲ့ ဆွေးနွေးပွဲ တရပ်နဲ့ ကြိုးစားခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် စစ်ကိုင်းဖိုရမ်ကို နိုင်ငံရေးအရ အမြတ်ထုတ်တယ်ဆိုတဲ့ သံသယနဲ့ ရှုမြင်မှုတချို့လည်း ရှိခဲ့ကြပြီး စစ်ကိုင်းဖိုရမ်ကနေ ထင်ရှားတဲ့ သဘောတူညီမှုတွေ စုစည်းမှုတွေတော့ ထွက်ပေါ်လာတာ မတွေ့ခဲ့ရပါဘူး။ 

ယခု ဗိုလ်နဂါး အဖြစ်အပျက်နဲ့ လက်နက်ကိုင်တပ်တွေ ပြန်လည်ဖွဲ့စည်းတာတွေ ဖြစ်ပွားလာတဲ့ အခါ စစ်ကိုင်းတိုင်းရဲ့ နိုင်ငံရေး ဦးဆောင်မှု၊ စစ်ရေးလှုပ်ရှားမှုတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေက အရေးပါကြောင်း ထပ်ပြီး နှိုးဆော်လိုက်သလိုလည်း ဖြစ်စေတာ ဖြစ်ပါတယ်။ NUG အနေနဲ့ကတော့ ၄င်းတို့ လက်အောက်က PDF၊ ပကဖ၊ ပအဖ၊ ပလဖ တွေရှိနှင့်ပြီးဖြစ်တယ်လို့ ဆိုကောင်းလည်း ဆိုမှာ ဖြစ်ပေမယ့် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားတဲ့ စစ်ရာဇဝတ်မှုတွေလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလိုမျိုးကို ကာကွယ်နိုင်ဖို့ အရေးကြီးသလို၊  တချို့သော အဖြစ်အပျက်တွေမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အကြား တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တချို့ ကျူးလွန်တဲ့  သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ကလည်း အရေးကြီးတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းအကြောင်းအရာ တခုက စီးပွားရေးနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တလွဲ စီမံခန့်ခွဲမှုနဲ့ လာဘ်စားမှု ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု သက်တမ်းအတွင်း စီးပွားရေး အခြေအနေကို ကြည့်ရင် ကသောင်းကနင်း ဖြစ်ရပ်တွေ၊ ဦးနင်းပဲ့ထောင် ပဲ့နင်း ဦးထောင်ဖြစ်ရပ်တွေ ပြည့်နှက်နေတာ တွေ့ရမှာဖြစ်ပြီး အခုနောက်ဆုံး အဖြစ်အပျက်တွေမှာတော့ စားအုန်းဆီ စျေးမတန်တဆကြီးမြင့်မှု အဲဒီနောက် စားအုန်းဆီတင်သွင်းသူ လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးစစ်ဆေးမှုကနေ ၄င်းတို့စစ်ကောင်စီ အစိုးရအရာရှိကြီးတွေ ကိုယ်၌က လာဘ်စားမှုတွေထဲ ပါဝင်နေတာ လူသိရှင်ကြား ဖြစ်လာတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ 

ကုန်စည်စီးဆင်းမှု မှန်ကန်ရေး နဲ့ မြန်ဆန်ရေး ကော်မတီ ဥက္ကဌကိုယ်တိုင် ဖမ်းဆီးစစ်ဆေးခံနေရတဲ့့ဒီနေ့အဖို့ အခြားသတင်းအကြောင်းအရာ တခုက စီးပွားရေးနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တလွဲ စီမံခန့်ခွဲမှုနဲ့ လာဘ်စားမှု ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု သက်တမ်းအတွင်း စီးပွားရေး အခြေအနေကို ကြည့်ရင် ကသောင်းကနင်း ဖြစ်ရပ်တွေ၊ ဦးနင်းပဲ့ထောင် ပဲ့နင်း ဦးထောင်ဖြစ်ရပ်တွေ ပြည့်နှက်နေတာ တွေ့ရမှာဖြစ်ပြီး အခုနောက်ဆုံး အဖြစ်အပျက်တွေမှာတော့ စားအုန်းဆီ စျေးမတန်တဆကြီးမြင့်မှု အဲဒီနောက် စားအုန်းဆီတင်သွင်းသူ လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးစစ်ဆေးမှုကနေ ၄င်းတို့စစ်ကောင်စီ အစိုးရအရာရှိကြီးတွေ ကိုယ်၌က လာဘ်စားမှုတွေထဲ ပါဝင်နေတာ လူသိရှင်ကြား ဖြစ်လာတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ 

ကုန်စည်စီးဆင်းမှု မှန်ကန်ရေး နဲ့ မြန်ဆန်ရေး ကော်မတီ ဥက္ကဌကိုယ်တိုင် ဖမ်းဆီးစစ်ဆေးခံနေရတဲ့ သတင်းတွေ ခုရက်ပိုင်း ပေါ်ထွက်လာပြီး စီးပွား/ကူးသန်းက အရာရှိကြီးတွေပါ စစ်ဆေးခံနေရတယ် ဆိုတဲ့ သတင်းလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ 

နိုင်ငံခြားငွေ သုံးစွဲမှုကို ချွေတာရေးနဲ့ ပို့ကုန်၊ နဲ့ အခြားသောပြည်ပက လွှဲလာတဲ့ နိုင်ငံခြားငွေတွေကို စျေးကွက်ထဲက လဲနှုန်းထက် များစွာနိမ့်တဲ့ သတ်မှတ်နှုန်းနဲ့ လဲလှယ်ခိုင်းတာတွေ၊ သတ်မှတ်ရက်အတွင်း မြန်မာကျပ်ငွေ အဖြစ် မလဲမနေရ လဲလှယ်ခိုင်းတာတွေ စတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ယမန်နှစ်ဆန်းပိုင်းကတည်းက စစ်ကောင်စီက တခုပြီးတခု ထုတ်ပြန်ခဲ့ရာက သွင်းကုန် ပို့ကုန်လုပ်ငန်းတွေ၊ နိုင်ငံခြားငွေ လဲနှုန်းတွေ ကမောက်ကမ ဖြစ်ပြီး နှစ်နှစ်ကျော်အတွင်း မြန်မာငွေ တန်ဖိုး ခေါက်ချိုးမက ထိုးကျခဲ့တာလည်း ဖြစ်ပါတယ်။ 

အခု နောက်ဆုံးဖြစ်ရပ်မှာတော့ မိသားစုတိုင်း နေ့စဥ်စားသုံးနေရတဲ့ စားအုန်းဆီ၊ မြေပဲဆီ၊ ပဲပုပ်ဆီ အစရှိတဲ့ ဆီစျေးက မတန်တဆမြင့်တက်ပြီး လိုသလို ဝယ်မရ ဖြစ်ရာက စစ်ကောင်စီဘက်က လုပ်ငန်းရှင်တွေ ဖမ်း၊ သတ်မှတ်စျေးနဲ့ စားအုန်းဆီ ရောင်းချဖို့ စားအုန်းဆီ ဖြန့်ချိသူတွေကို ဖိအားပေးတာတွေ အာဏာသုံး ခြိမ်းခြောက်တာတွေ ပေါ်ထွက်လာပြီး အခုလို အကျိုးဆက်တွေ မီးခိုးကြွက်လျှောက် ဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေဆီမှာ နောက်ဆုံး လမ်းဆုံးနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

၂၀၁၀ ခုနှစ် မတိုင်ခင်ကလို ဆီ၊ ဆန် စတဲ့ အခြေခံစားကုန်တွေကို တင်သွင်းဖြန့်ချိတဲ့ အသင်းတွေက သတ်မှတ်နှုန်းထားနဲ့ တအိမ်ထောင် ဘယ်ရွေ့ဘယ်မျှ ရောင်းပေးတာမျိုး တန်းစီဝယ်ယူနေကြရတဲ့ အဖြစ်မျိုး ပြန်ရောက်ရှိသွားပြီး စားအုန်းဆီ တနည်းအားဖြင့် မီးဖိုချောင်သုံး ဆီဝယ်ယူနိုင်ဖို့ နာရီနဲ့ အချိန်ပေးတန်းစီရတဲ့ မြင်ကွင်းတွေက မဆလခေတ်၊ နဝတ ခေတ်ကို ပြန်ပြောင်း အမှတ်ရစေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar