Breaking News

မိုးမင်းသိမ်း - မြသန်းတင့်၏သေသူ့ထံမှ ပေးစာများ


မြသန်းတင့်၏သေသူ့ထံမှ ပေးစာများ
မိုးမင်းသိမ်း
(မိုးမခ)အောက်တိုဘာ ၂၁ ရက်၊ ၂၀၁၉

မြသန်းတင့်
သေသူ့ထံမှ ပေးစာများ
တိုးမြစ်စာအုပ်တိုက်
ပထမအကြိမ်၊
အောက်တိုဘာ ၂၀၁၉။
မျက်နှာဖုံးပန်းချီနှင့် ဒီဇိုင်း - ဇော်မောင်။
၁၃. စင်တီမီတာ x ၂၀. စင်တီမီတာ။
စာမျက်နှာ - ၃၃၁
တန်ဖိုး - ကျပ် ၅၀၀၀။

၂၃ ဇူလိုင် ၂၀၁၉ ရက်စွဲဖြင့် ရေးသားထားသော တိုးမြစ်၏မှတ်ချက်ပါရှိပြီး အက္ခရာစဉ်အညွှန်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ရနံ့သစ်နှင့် မိုးဂျာနယ်မဂ္ဂဇင်းတို့တွင် '' နိုင်ငံတကာ ခရီးသွား စာပေ'' ခေါင်းစဉ်အောက်၌ ၃၃လ တိုင်တိုင် ဘာသာပြန်ဆို၍ အခန်းဆက် ဖော်ပြခဲ့သော ဆောင်းပါး ရှည် ပုဒ်ကို စုစည်း ထုတ်ဝေထားခြင်း ဖြစ်သည်။
၁။ ကူဝိတ်မြို့ဆီ မျှော်လိုက်ပြန်တော့ မှ
မိုးဂျာနယ်၊ အတွဲ ၄၊ အမှတ် ၆၊ ဇူလိုင် ၁၉၉၄ မှ အတွဲ ၅၊ အမှတ် ၁၊ ဖေဖော်ဝါရီ ၁၉၉၅ အထိ ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။ အမေရိကန်သတင်းစာဆရာ Milton Viorst Kuwait after the Liberation အရေးအသားကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
ပင်လယ်ကွေ့စစ်ပွဲကာလက '' အီရတ်သိမ်းပိုက်မှုမှ ခုနစ်လနှင့်လွတ်မြောက်ခဲ့ပြီး ငါးလအတွင်း အခြေအနေ မည်သို့ရှိမည်ကို သိလိုသော ကြောင့်'' ကူဝိတ်နိုင်ငံသို့သွားရောက်ခဲ့သည့် အမေရိကန် သတင်းစာဆရာ၏ မျက်မြင်တွေ့ရှိခဲ့ရသည့်အခြေအနေများ၊ တွေ့ဆုံမေးမြန်းမှုများနှင့် နိုင်ငံရေးအခင်းအကျင်းတို့ကို ရောမွှေရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။
၂။ တြိဂံအရိပ်မှ လူ မှ

ရနံ့သစ်၊ အမှတ် ၂၈၊ ဒီဇင်ဘာ ၁၉၉၄ မှ အမှတ် ၃၆၊ သြဂုတ် ၁၉၉၅ အထိ ဖော်ပြခဲ့သော ဆောင်းပါး ဖြစ် သည်။ အမေရိကန်သတင်းစာဆရာ Milton Viorst Man of Gamaliya အရေးအသားကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ စာပေနိုဘယ်ဆုရ အီဂျစ်စာရေးဆရာကြီး နားဂွစ်မားဖုဇ်နှင့် ကိုင်ရိုမြို့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်တို့ကို အီဂျစ်နိုင်ငံရေးအခင်းအကျင်းတို့နှင့် ဆက်စပ်ရေးဖွဲ့ထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။
၃။ သေသူ့ထံမှ ပေးစာများ မှ
မိုးဂျာနယ်၊ အတွဲ ၅၊ အမှတ် ၂၊ မတ် ၁၉၉၅ မှ အမှတ် ၆၊ ဇူလိုင် ၁၉၉၅ အထိဖော်ပြခဲ့သည့် ဆောင်းပါးဖြစ် သည်။ အမေရိကန်သတင်းစာဆရာ Timothy W. Ryback Stalingrad: Letters From The Dead အရေးအသားကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ သြဂုတ်လမှ ၁၉၄၃ ခု နှစ်၊ ဖေဖော်ဝါရီလအထိ ကြာမြင့်ခဲ့သည့် '' စတာလင်ဂရက် တိုက်ပွဲကြီး '' အား ပြန်ပြောင်းသုံးသပ်ထားသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။

၄။ ဧကရာဇ်ဘုရင် လူဝင်စား မှ
မိုးဂျာနယ်၊ အတွဲ ၅၊ အမှတ် ၇၊ သြဂုတ် ၁၉၉၅ မှ အတွဲ ၆၊ အမှတ် ၆၊ ဇူလိုင် ၁၉၉၆ အထိ ဖော်ပြခဲ့သောဆောင်းပါးဖြစ်သည်။ အမေရိကန် သတင်းစာဆရာ Milton Viorst The Shadow of Saladin အရေးအသားကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဆီးရီးယားသမ္မတ ဟာဖက်ဇ်အယ်အာဆတ်၏ ရုပ်ပုံလွှာကို ဆီးရီးယားနှင့် အရှေ့အလယ်ပိုင်းဒေသတို့၏ နိုင်ငံရေးအခင်းအကျင်းတို့ဖြင့် နှိုင်းယှဉ်သုံးသပ်ထားသည့်ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။
၅။ တောင်ပင်လယ်က ခြင်္သေ့တစ်ကောင် မှ
မိုးဂျာနယ်၊ အတွဲ ၆၊ အမှတ် ၇၊ သြဂုတ် ၁၉၉၆ မှ အမှတ် ၁၀၊ နိုဝင်ဘာ ၁၉၉၆ အထိဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။ အမေရိကန်သတင်းစာဆရာ Robert Elegant Singapore: A Lion in the South Seas မှ ထုတ်နုတ်ပြန်ဆိုသည်။ စင်ကာပူနိုင်ငံ၏ပထမဆုံးဝန်ကြီးချုပ် လီကွမ်ယူအကြောင်း တစေ့တစောင်းအကဲဖြတ်ချက်နှင့် စင်ကာပူနိုင်ငံရေးသုံးသပ်ချက်တို့ကိုတင်ပြထားသော ဆောင်းပါး တစ်စောင်ဖြစ်သည်။ ဆောင်းပါး အမှတ်စဉ် မှ တို့မှာ ၁၉၉၀၊ ၁၉၉၁ နှင့် ၁၉၉၃ တို့တွင် ထုတ်ဝေ ခဲ့သော The New Yorker မှ A Reporter at Large ကဏ္ဍတွင် ဖော်ပြခဲ့သည့် အရေးအသားများ ဖြစ်သည်။ နိုင်ငံတကာ ခရီးသွားဆောင်းပါးများဟုဖော်ပြထားသည့်တိုင် ကမ္ဘာ့နိုင်ငံရေးအခင်း အကျင်းတို့ကို တစ်နည် းတစ်ဖုံ ထင်ဟပ်ဖော်ပြနေသည့် အရေးအသားများလည်းဖြစ်သည်။ လက်ရှိ ကမ္ဘာ့အခင်းအကျင်းနှင့် နှိုင်းယှဉ်၍ တွေးဆကြည့်နိုင်မည့်ဆောင်းပါးများဟုလည်း ယူဆမိပါသည်။

မိုးမင်းသိမ်း
၁၄ အောက်တိုဘာ ၂၀၁၉