Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၁)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၁)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  နိုဝင်ဘာ ၂၈၊ ၂၀၁၉

အပိုင်း (၉) - ရေမှာ ပေါလောစီးမျောနေတဲ့ လူမျိုးစု
ယဉ်ကျေးမှုအခြေခံ အသေးစိတ်အကြောင်းရင်းခံ အချက်အလက်က ပဲ ကြည့်ကြည့်၊ ဒါမှမဟုတ်လည်းပဲ လူမျိုးနွယ်စုရဲ့ အစဉ်အလာ ဆင်းသက်လာ မှုတွေကိုပဲ ကြည့်ကြည့်၊ ဒီနေရော ဒီဒေသမှာ နေထိုင်ကြတဲ့ လူအများစုအားလုံး နီးနီးလောက်က မိမိကိုယ်ကို ဟန်နွယ်ဖွား တရုတ်များလို့ သတ်မှတ်ကြပါတယ်။ ''မိမိဟာ ဘိုးဘေးအစဉ်အဆက် အဋ္ဌမမြောက် တရုတ်ပြည် ယူနန်ပြည်နယ်မြေ ကနေပြီး လွိုင်မော်တောင်ဆီကို ရောက်ရှိလာတဲ့ ဟန်တရုတ်မျိုးနွယ်စုပါ'' လို့ ခွန်ဆာက ပြင်ပကမ္ဘာကို ြွေကးကြော်ခဲ့ဖူးပါတယ်။ ဟန်တရုတ်နွယ်ဖွား သူ့ဖခင် က ထိုင်း (ရှမ်း) နွယ်ဖွား ရှမ်းပျိုဖြူလေးကို ပေါင်းသင်းလက်ထပ်တာဖြစ်တဲ့ အတွက် ခွန်ဆာက ဟန်တရုတ်နဲ့ ထိုင်း (ရှမ်း) တို့ရဲ့ သွေးနှောမျိုးဆက် ဖြစ်ပါ တယ်လို့ ခွန်ဆာကိုယ်တိုင် ပြောပြပါတယ်။ ဒီနယ်မြေဒေသမှာ ပြင်ပအင်အား စုတိုင်းက နယ်မြေဒေသ သဘောအလျောက် တည်ရှိနေမှုတွေကို ဟန့်တားလို၊ ဖယ်ရှားလိုကြပါတယ်။ ဒါဟာလည်းပဲ မြန်မာတိုင်းရင်းသားဖြစ်တဲ့ ကိုးကန့် (ဟန်တရုတ်) လူမျိုးစုတို့ရဲ့ မြန်မာလူမျိုးစုတို့နှင့် ဘယ်လိုမှ တသားတည်း ပေါင်းစပ်လို့ မရနိုင်သေးတဲ့ အကြောင်းရင်းခံအချက်ဖြစ်နေပါတယ်။

ရှမ်းပြည်နယ် (ကိုးကန့်) အထူးဒေသ (၁) က မြန်မာပြည်မြောက်ပိုင်း၊ သံလွင်မြစ်ရဲ့ အရှေ့ဘက်ကမ်းခြေမှာ တည်ရှိပါတယ်။ ဧရိယာအကျယ်အဝန်း (၅၂၀ဝ) ကီလိုမီတာ ကျယ်ဝန်းပါတယ်။ တရုတ်ပြည် ယူနန်ပြည်နယ် လိန်ချန်း ဒေသ၊ ကျဲန့်ခန်းခရိုင်၊ ချန်းယွမ်ခရိုင်၊ ကဲန်မာခရိုင်အပြင် ပေါင်စန်းနယ်မြေနဲ့ လုံလန်ခရိုင်နဲ့လည်း ဆက်စပ်နေပါတယ်။

တရုတ်မြန်မာနယ်ခြားမျဉ်းက ကီလိုမီတာ ၅၂၀ ရှည်လျားပါတယ်။ ကိုးကန့်ဆိုတာက နှစ်ရာပေါင်းများစွာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိနေပါတယ်။ အထူးသဖြင့် အနီးကပ်ဆုံး နှစ်တစ်ရာအတွင်းရဲ့ သမိုင်းကြောင်းဟာ မူးယစ်စေ တဲ့ ဘိန်းကုန်ကူး သယ်ပို့ဆောင်ခြင်းကနေ အကျိုးအမြတ် အမြောက်အမြား ရရှိပါတယ်။ အဲဒါကနေ လက်နက်တပ်ဆင်ပြီး တသီးတခြား ပိုင်းခြားဖြတ်တောက် တဲ့ သမိုင်းတွင် ရစ်လေတယ်။ ၄င်းရဲ့ သမိုင်းကို ခွဲခြားစိတ်ဖြာစိစစ်ခံနေရပြီး လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့နဲ့ ဘိန်းကုန်ကူး လက်နက်တပ်ဆင်မှုတွေ ပေါ် ပေါက်လာရပါတယ်။ ဒါဟာဖြင့် ဒီဒေသရဲ့ သမိုင်းဖြစ်စဉ်တိုးတက်မှုရဲ့ ပုံရိပ် အကျဉ်းပါပဲ။ နယ်မြေဒေသရဲ့ ၉၅プ ဟာ တရုတ်မျိုးနွယ်စုကနေ ဖွဲ့စည်းထားတဲ့ ကနေ့မြန်မာလူနည်းစု တိုင်းရင်းသား ''ကိုးကန့်မျိုးနွယ်စု'' ဆိုတာပါပဲ။ ကိုးကန့် တိုင်းရင်းသားဆိုတာ ယူနန်နယ်ခြားဒေသမှာ အင်မတန်နက်ရှိုင်းပြီး ရှည်ကြာတဲ့ သမိုင်းဆက်နွယ်မှုတွေ ရှိနေပါတယ်။

ဒီအချက်အလက်ကို အလေးအနက်ထား လေ့လာမှု သုတေသနပြုရ မယ်ဆိုရင်ဖြင့် တရုတ်ပြည်အနောက်တောင်ပိုင်း (မြန်မာ့အရှေ့မြောက်ပိုင်း) နယ်စပ်သမိုင်းရဲ့ သုတေသနဘာသာရပ်တစ်ခုဖြစ်ရုံသာမကသေးဘဲ ကမ္ဘာသူ ကမ္ဘာသားတွေဟာ ယူနန်ပြည်နယ် မြေပြင်က ဘိန်းကုန်ပစ္စည်းရဲ့ အကြောင်း ချင်းရာပြဿနာနဲ့ သမိုင်းဖြစ်စဉ်၊ မျက်မှောက်ဖြစ်စဉ်တွေကိုပါ လေ့လာသိရှိ သွားမှာဖြစ်ပါတယ်။ ဒါမှလည်း (တရုတ်ပြည်) အနောက်တောင်ပိုင်းက ထိုး ထွက်နေတဲ့ နယ်ခြားဒေသရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုတွေကို ဆောင်ရွက်တာမှာ အရေးပါအရာရောက်တဲ့ အနှစ်သာရ ရလာဘ်ကို ရရှိလာမှာ ဖြစ်ပါတယ်။

စေ့စေ့ငှငှ လေ့လာလိုက်တော့ ကိုးကန့်တိုင်းရင်းသားတို့ရဲ့ သမိုင်းအစ ဟာ တရုတ်ပြည် ခွန်မင်းမြို့ရဲ့ ပီစူပိုး (အတင်းအကြပ် သေစေခြင်းကုန်း)ကနေ သမိုင်းကြောင်း အစချီလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည် မိန်မင်းဆက်ခေတ် (သက္ကရာဇ် ၁၃၆၈-၁၆၄၄) နှောင်းပိုင်း ယုံလိမင်းဧကရာဇ် နှင့် အတော်လေးကို ဆက်စပ်မှုတွေ ရှိနေပါတယ်။ ကနေ့ဆိုရင် ကိုးကန့်အများ အပြားက မိမိကိုယ်ကို တော်ဝင်ဘုရင့်မျိုးနွယ်စုရဲ့ သားမြေးမြစ်တွေရယ်လို့ သတ်မှတ်ကြပါတယ်။ ဂုဏ်လည်း ယူကြပါတယ်။

ပီစူပိုးကုန်းဟာ ခွန်မင်းမြို့ ဝူဟွာစန်းတောင် အနောက်ဘက်တောင်ခြေ၊ ဟွာစန်းတောင်အနောက်ဘက်လမ်း၊ မြောက်ဘက်အပိုင်းရဲ့ မတ်စောက်တဲ့ တောင်ကုန်းဖြစ်တယ်။ မိန်မင်းဆက်ခေတ်နှင့် မန်ချူးမင်းဆက်ခေတ် (သက္ကရာဇ် ၁၆၁၆-၁၉၁၁) ခေတ်နှစ်ခေတ်စလုံး ဒီနေရာမှာ မင်းမှုထမ်းအရာရှိ ရွေးချယ်ရေး စာမေးပွဲကျင်းပတဲ့ နေရာဖြစ်တယ်။ နောက်ပိုင်းမှာ တစတစနဲ့ ရွေးချယ်ရေး စာမေးပွဲဝင်း (ကနေ့ ယူနန်တက္ကသိုလ်) နဲ့ မြောက်ပိုင်းတံခါးအပြင် မြို့ဆင်ခြေ ဖုံး မြောက်ဘက်ပိုင်းနဲ့ လမ်းပေါက်တဲ့ တကယ့်အရေးပါတဲ့ ဆက်သွယ်ရေး လမ်းမကြီးဖြစ်နေပါပြီ။ ဟိုးတုန်းကတော့ ဒီနေရာမှာ ကြက်ဆူဆီရောင်းတဲ့ ဆိုင်တွေရှိခဲ့ဖူးတယ်လို့လည်း ပြောကြပါတယ်။ ဒါကြောင့်လည်း ''ကြက်ဆူကုန်း'' ရယ်လို့လည်း တွင်ကျယ်ခဲ့ဖူးပါတယ်။

သက္ကရာဇ် ၁၆၅၈ ခုနှစ်၊ မတ်လ။ သမိုင်းရာဇဝင်မှာ ကွေ့ဘုရင်ရယ်လို့ နာမည်တွင်တဲ့ ယုံလိမင်းဧကရာဇ် ကျူးယို့လန် လက်ထက်။ ထိုစဉ်က မိန်မင်း ဆက် ပျက်သုဉ်းလုနီးနီးချိန်မှာ လယ်သမား သူပုန်ထမှုကြီး ပေါ်ပေါက်လာပါ တယ်။ သူပုန်ခေါင်းဆောင်ပိုင်းက ကျန်းရှဲန့်ကျုံးဟာ အြွကင်းအကျန်ငယ်သား ဗိုလ်လီတင့်ကို၊ ဗိုလ်ပိုင်ဝံရှမ်းတို့ကို ဦးဆောင်ပြီး အနောက်ဘက်ကနေ ခုန်ဆင်း လာပါတယ်။ ၄င်းတို့ဟာ မိန်မင်းဆက် တောင်ပိုင်းဘုရင်ရဲ့ အလံကို လွှင့်ထူပြီး မန်ချူးတပ်နဲ့ ရင်ဆိုင်စစ်ထိုးပါတယ်။

၁၆၅၈ ခုနှစ်၊ အောက်တိုဘာလ။ မိန် (တောင်ပိုင်း) အြွကင်းအကျန် မှူးမတ်အနည်းငယ်တို့ဟာ ကိုယ်ရံတော်တပ်သားတို့ရဲ့ အစောင့်အရှောက်ကို ယူပြီး ဆင်းချလာကြတယ်။ ၄င်းတို့ဟာ နန်ကင်းလမ်းကြောင်းအတိုင်း သုတ် ခြေနှင် ပြေးဆင်းလာပြီး ယူနန်ရဲ့ ကျူးယိုလန်ဆီကို ဆိုက်ရောက်လာကြတယ်။ နောက်ဆုံးတော့ ခွန်မင်းမြို့မှာ မိန် (တောင်ပိုင်း) ကို တည်ထောင်ပြီး တျဲန့် နေပြည်တော် တည်ထောင်လိုက်ပါတယ်။ ဒါ့အပြင် ဝူဟွာစန်းတောင်ပေါ်မှာ ဘုရင့်နန်းတော်ကို တည်ဆောက်လိုက်တယ်။ ပီကျူပိုး (ကြက်ဆူကုန်း) ဟာ စည်ကားသိုက်ဝန်းလာပါတယ်။

မန်ချူးမင်းဆက် စွန့်ကျူဘုရင် ၁၆ နှစ်မြောက် (သက္ကရာဇ် ၁၆၅၉) ပထမလ၊ လဆန်း ၃ ရက်မှာ မန်ချူးဗိုလ်ချုပ် ဝူစန်းကွေ့ဟာ စစ်သည်အင်အား တစ်သိန်း၊ စစ်ကြောင်းသုံးကြောင်းနဲ့ ခွန်မင်းကို စစ်ချီလာကြတယ်။ နန်းမိန် (တောင်ပိုင်းမိန်) နန်းတွင်းအင်အားစုလေးဟာ ခွန်မင်းမြို့ကို လက်လွှတ်လိုက်ရပါ တယ်။ ခွန်မင်းကို စွန့်ခွာလိုက်ပြီး ပေါင်စန်း၊ ထိန်ချုန်းမှာ စစ်ရှုံးပြီး ဆုတ်ခွာ လာကြပါတယ်။ ဒီလိုနဲ့ ခုန်ဆင်းဆုတ်ခွာရင်းက မြန်မာပြည်ထဲ ဝင်ရောက်လာ ကြလေတယ်။

စစ်ရှုံးလာတဲ့ နန်မိန် (မိန်တောင်ပိုင်းဘုရင်) ရဲ့ မြင်းစီးကျွမ်း စစ်တပ် ကြီးက စစ်ရေးတရှုံးထဲ ရှုံးနိမ့်နေပေမယ့်လည်း အင်မတန် တိုက်ရည်ခိုက်ရည် ရှိပြီး ရဲစွမ်းသတ္တိရှိတဲ့ လို (လော် - လော်စစ်ဟန်နဲ့ ဆွေမျိုးစု စာလုံးတူ) ဆွေ မျိုးစု တပ်မှူးတစ်ယောက် ပေါ်ထွန်းလာပါတယ်။ အဲဒီတပ်မှူးကြီးရဲ့ မျိုးနွယ်စု ဆယ်ဆက်မြောက်ဟာဖြင့် နောင်တစ်ချိန် ရွှေတြိဂံနယ်မှာ ဘိန်းရာဇာအဖြစ် ထင်ရှားလာမယ့် လော်စစ်ဟန်ပါပဲ။

''မိန်သမိုင်း'' မှတ်တမ်းအရ မိန်တပ်မှူးကြီး ကျူးယိုလန်ဟာ နောက် လိုက် နောက်ပါ လူသူအယောက် ၁၅၀ဝ ကျော်ကို ဦးဆောင်ပြီး ထိန်ယဲ့ (ယခု ထိန်ချုန်း) ကို ကျော်ဖြတ်ပြီး အနောက်ဘက်ဆီ တိမ်းရှောင်ထွက်ပြေး လာပါတယ်။ မြန်မာနိုင်ငံ မန္တလေးမြို့ (ထိုတုန်းက မန္တလေး ဆင်ခြေဖုံး ရှေး အင်းဝမြို့ဟောင်း) ဆီ ဝင်ရောက်လာပြန်တယ်။ အခြေအနေကို ကြည့်ပြီး မြန်မာဘုရင်ဟာ ၄င်းတို့ကို မြန်မာပြည်မြောက်ဘက်က တောင်တန်းဒေသတွေ မှာသာ နေထိုင်ခွင့်ပေးလိုက်ပါတယ်။

သက္ကရာဇ် ၁၆၆၁ ခုနှစ် မြန်မာ့ထီးနန်းအပြောင်းအလဲမှာ ဘုရင်သစ် မန်ပိုင် (မန်ပိုင်ဘုရင်ဆိုတာ မြန်မာ့သမိုင်း တောင်ငူခေတ် ''ပြည်မင်း'' ပါတယ် - မြန်မာပြန်ဆိုသူ) မင်းနန်းတက်လာတော့ အနေအထားကို ရှုမြင်သုံးသပ်မိပြီး လက်ရွေးစင် တပ်သားတွေနဲ့ ညဥ့်ပိုင်းမှာ အလစ်ဝင်တိုက်ပါတယ်။ စစ်ရှုံးပြီး ဝင်ရောက်လာတဲ့ နန်းမိန် (မိန်တောင်ပိုင်း) မှူးမတ် စစ်သည်တပ်မှူး တစ်ဆယ် ကျော်ကို ခုတ်သတ်ရှင်းလင်းလိုက်ပါတယ်။ မိန်မင်းဆက်နောက်ဆုံး ယုံလိဘုရင် ကို ဖမ်းဆီးအကျဉ်းချထားလိုက်လေတယ်။ ဒါကို သမိုင်းမှာ် (ရေကျိန်စာဘေး ဒုက္ခသင့်ခြင်း) လို့ ခေါ်တွင်ပါတယ်။

၁၆၆၂ ခုနှစ်။ နန်မိန် (မိန်တောင်ပိုင်း) ဝူစန်းကွေ့ဟာ လူသူအင်အား တစ်သိန်း၊ မြင်းတပ်နဲ့ ပါနုမြစ်ကြီးကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ မန္တလေးဆင်ခြေ ဖုံးဆီ တိုက်ရိုက်ရောက်ရှိလာပါတယ်။ မန်ပိုင် (ပြည်မင်း) မင်းက ယုံလိဘုရင် မင်းမြတ်ရယ်၊ ၄င်းရဲ့ မယ်တော်၊ မိဖုရား၊ မောင်းမမိဿံတို့ကို ဖမ်းဆီးပြီး မန် ချူးမင်းလက်ထဲ ဝကွက်အပ်နှင်းလိုက်တယ်။ ဒါဟာ နှစ်နိုင်ငံ ပြဿနာအေးချမ်း ရေးအတွက် မြန်မာတို့ လုပ်ဆောင်လိုက်တာပဲ ဖြစ်တယ်။ နန်းမိန် (မိန်တောင် ပိုင်း) ဘုရင် ကျူးယိုလန်ကို ခွန်မင်းမြို့ဆီ ချုပ်နှောင်ခေါ်ငင်သွားပါတယ်။ မြန်မာဘုရင်ဟာ တရုတ်မန်ချူးဘုရင်ရဲ့ ငြိုငြင်မှုကို မခံရလေအောင် လုပ်ဆောင် လိုက်ခြင်းပေပဲ။ တရားခံ ကျူးယိုလန်ကို ဖီကျူးပိုးကုန်းရဲ့ ကျန်းချန်ဘုရားကျောင်း (ယနေ့လိမင်ရှန့်) မှာ ချုပ်နှောင်ထားလိုက်တယ်။ မန်ချူးတပ်ဘုရင် ခန်းရှီးခုနှစ် လေးလပိုင်း (၁၆၆၂ ခုနှစ်) မှာ နန်းမိန် (မိန်တောင်ပိုင်း) ဘုရင် ယုံလိဟာ စစ်သူကြီး ဝူစန်းကွေ့က လေးညှို့ကြီးနဲ့ ပိစူပိုးကုန်းမှာ အတင်းအကြပ် လည်မျို ညှစ်သတ်လိုက်ပါတယ်။ မိန်မင်းဆက်ခေတ် အပြီးသတ် ဆိတ်သုဉ်းလေတယ်။

ခွန်မင်း မြို့သူမြို့သားတွေက စစ်သူကြီး ဝူစန်းကွေ့ သစ္စာဖောက်ပြီး မန်ချူးတို့ဘက်ဆီ ကူးပြောင်းသွားတာကို မခံမရပ်ဖြစ်ကြပြီး ယုံလိဘုရင်ကြီး သတ်ဖြတ်ခံရတဲ့ ကြက်ဆူကုန်းကို ပိစူပိုးကုန်း = အတင်းအကြပ် သေစေတဲ့ ကုန်းလို့ ပြောင်းလဲခေါ်ဝေါ်ကြပါတယ်။ ချင်းယင်ကွေ့ ဝန်ရှင်တော်မင်းကြီးက ဒီနာမည်ရှေ့ဆက်တွင်ကျယ်ကျန်ရစ်နေမယ်ဆိုရင် မန်ချူးဘုရင်မင်းမြတ်ရဲ့ ဂုဏ်သတင်းကို ထိပါးလာမှာ စိုးရိမ်မိပါတယ်။ တောက်ကွမ်း မင်းဧကရာဇ်မှာ စိန်းဖိန်ပိုး - ငြိမ်းချမ်းရေး ညီမျှမှု တိုးပွားခြင်းကုန်းရယ်လို့ ပြောင်းလဲခေါ်ဝေါ် လိုက်ပါတယ်။ ဒါ့အပြင် နာမည်ပေး ကင်ပွန်းတပ် ကျောက်စာကမ္ဗည်းဖွင့်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလိုက်လေတယ်။ မင်းစိုးရာဇာဘက်က အမည်နာမဘယ်လို ပဲ ပြောင်းပြောင်း၊ အရပ်သူ အရပ်သားတို့ကတော့ ပိစူးပိုး (အတင်းအကြပ် သေစေကုန်း) လို့ပဲ ခေါ်ဝေါ်ကြတယ်။ နောက်ပိုင်းမှာ ယူနန်ဝန်ရှင်တော် ဗိုလ်ချုပ် အိုက်အဲ့က တပ်အင်အားနဲ့ ပြည်သူ့အင်အားကို အကြိမ်ကြိမ်ယူပြီး ပိစူပိုးကုန်းထိပ်မှာ ''မိန်မင်းဆက် ယုံလိမင်းကြီး နိုင်ငံ့အကျိုးအတွက် အသက်ပေး စွန့်လှူသည့်ဌာနဆိုတဲ့ ကျောက်စာတိုင်ကြီးကို ၁၉၈၃ ခုနှစ်မှာ ပြန်လည်တွေ့ရှိ ပြီး၊ ကနေ့ ကုန်းထိပ်မှာပဲ အသစ်တဖန် ပြန်တည်ထားလိုက်ပြီး ဖြစ်တယ်။

နန်းမိန် (မိန်တောင်ပိုင်း) အြွကင်းအကျန် တပ်သား အရေအတွက် ထောင်ချီရှိတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မာလီပါးဆည်ရှိရာဆီ ပြေးလာကြတယ်။ ဒီနေရာ ဒီဒေသအမည်နာမရဲ့ မြန်မာလို အဓိပ္ပာယ်ပေါက်တာက ''အရိုင်းစိုင်း ဆုံး နယ်မြေ'' ဖြစ်ပါတယ်။ ဒါဟာ ကနေ့ မြန်မာနိုင်ငံ ကိုးကိန့်ခရိုင်ရယ်လို့ တွင်ကျယ်နေပါပြီ။ 
ပိုင်းခြားထားတဲ့ ကိုးကန့်နယ်မြေရှည်ရှည် ဝိုင်းဝိုင်းကြီးဟာ မြင့်မားများပြားလှတဲ့ တောင်ကုန်းတွေက အနှံ့အပြား။ အဓိကကျတဲ့ တမန်တာ ရိုးကြီး သုံးခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီထဲမှာ အကျော်ကြားဆုံးကတော့ ဘိန်း အမြောက်အမြား ထွက်ရှိတယ်ရယ်လို့ တွင်ကျယ်နေတဲ့ မာလီပါးဖြစ်ပါတယ်။ ပျမ်းမျှခြင်း ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၁၆ မီတာအမြင့်ရှိပြီး နှစ်စဉ် ပျမ်းမျှအပူချိန် ၁၆"၈" ဃရှိပြီး၊ မိုးရေချိန်ကတော့ ပျမ်းမျှ ၁၆၇၄ မီလီမီတာ ရှိပါတယ်။

ဘဝဇာတိရင်းမြစ်ကို တိမ်မြုပ်ဖုံးကွယ်ပြီး မထင်မရှား ဇောက်ချနေ ထိုင်ကြတဲ့ ကနေ့ကိုးကန့်နယ်မြေက ဟန်တရုတ်မျိုးနွယ်ဖွားတို့ဟာ တကယ်တော့ မိန်နောက်ဆုံး မင်းဆက်ခေတ်တုန်းက မှူးမတ်တပ်ဗိုလ် တပ်သားတို့ရဲ့ ဆင့်ပွား မျိုးဆက်များကို အချက်အချာ မဏ္ဍိုင်ထားကြခြင်း ဖြစ်ပါတယ်။ အဲဒီအထဲက ကွန်ဖူးသိုင်းပညာ် အဆင့်မြင့်မားလှတဲ့ ''ရန်း'' ဆွေမျိုး မိသားစုတစ်စုရှိပါသေး တယ်။ သူ့အဘိုး စစ်သူကြီး မုရင်းဆိုတာက ယူနန်ဒေသကို အခြေချဝင်ရောက် စဉ်ကာလက အားထားရတဲ့ သူရသတ္တိ ရဲစွမ်းမှုရှိတဲ့ စစ်သူကြီးဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာလည်း ယူနန်အနောက်တောင်ပိုင်းမှာ သမိုင်းအစဉ်အဆက် တစ်လျှောက်လုံး ကြံ့ကြံ့ခိုင် စောင့်ကြပ်ခဲ့တဲ့ စစ်သူကြီးလည်းဖြစ်တယ်။ အနောက်တောင်ပိုင်း နယ်မြေဒေသ ပထဝီအနေအထားရော၊ ပြည်သူပြည်သား တို့ရဲ့ စိတ်နေသဘောထားကိုပါ နှံ့နှံ့စပ်စပ် သိမြင်တဲ့သူလည်း ဖြစ်ပြန်တယ်။ အကြီးအကဲ ရန်းဟာ ယင်းနယ်မြေရဲ့ စော်ဘွားအဖြစ် လေးစားအသိအမှတ်ပြုခံ ရပါတယ်။ နန်းမိန် (မန်တောင်ပိုင်း) ဘက်တော်သား စစ်ပြေးဒုက္ခသည် ပြည်သူ ပြည်သားများကို ဦးစီးဦးဆောင် ကွပ်ကဲအုပ်ချုပ်ပြီး မန်ချူးတပ်ဖွဲ့ရဲ့ လိုက်လံသတ်ဖြတ်မှုကို ခုခံကာကွယ်ပေးနေရပါတယ်။ မူလဌာနေရင်း တိုင်း ရင်သားများနဲ့ အချင်းများ ငြိုးသူရန်ဘက်တွေဖြစ်ရချေတယ်။ ရိုးသားဖြောင့် မတ်ပြီး သဘောထားကောင်းလှတဲ့ မူလဌာနေရင်း တိုင်းရင်းသားတို့ဟာ ကြမ်း ကြမ်းတမ်းတမ်း ဒလကြမ်း ထိုးနှက်တိုက်ခိုက်လာကြတဲ့ ''ဧည့်နိုင်ငံသား'' တွေနဲ့ ဘယ်လိုမှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိချေ။ တွန်းလှန်တိုက်ခိုက်ရင်းက တစစနဲ့ တောနက်ရိုင်းကြီးထဲဆီ ဆုတ်လာကြရလေတယ်။ 

တရုတ်အမျိုးသား ဘုံကျောင်းအဖွဲ့အစည်းတစ်ခုက မြန်မာပြည်မြောက်ဘက် ကုန်းပြင်မြင့်မှ အရေအတွက် သိန်းဂဏန်းလောက်များပြားလှတဲ့ သမိုင်းအထောက်အထား ကို တူးယူရရှိခဲ့ဖူးပါတယ်။ ဒီနောက်ပိုင်းမှာ ကိုးကန့်စော်ဘွားများနဲ့ လွိုင်မော် စော်ဘွားတို့ဟာ တရုတ်ပဒေသရာဇ် မင်းဧကရာဇ် အုပ်ချုပ်မှု အမွေအနှစ်ကို ဆက်ခံလိုက်ကြပါတယ်။ တစ်လျှောက်လုံး အုပ်ချုပ်လာခဲ့တာမှာ ၁၉၆၂ ခုနှစ် ရောက်လေတော့မှ ရန်းမိသားစုနဲ့ ဗိုလ်ချုပ်နေဝင်းတို့ ညှိနှိုင်းသဘောတူချက်ကို ရရှိသွားပါတယ်။ နယ်ပယ်စော်ဘွား အရိုက်အရာနဲ့ တံဆိပ်တော်ကို ပြန်လည် အပ်နှင်းပြီး် နယ်မြေကိုယ်ပိုင်အုပ်ချုပ်ရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လာပါတယ်။

ရှေးဦးမစွ၊ မိန်မင်းဆက်ခေတ်လယ်လောက်တုန်းက တရုတ်ပြည်ကြီး ဟာ အင်အားတောင့်တင်းပြီး အင်မတန် ဖွံ့ဖြိုးခဲ့ပါတယ်။ ဗဟိုအချက်အချာကျ တဲ့ မင်းနေပြည်တော်ကြီးကို အနောက်တောင်ပိုင်းနယ်စပ်က တိုင်းရင်းသားလူ မျိုးစုအသီးသီးတို့က မိန်မင်းဆက်ရဲ့ လက်အောက်ခံအဖြစ် ပဏ္ဍလက်ဆောင်များ တဖွဲဖွဲ ဆက်သခဲ့ကြတယ်။ ယူနန်ပြည်နယ်နှင့် ယနေ့မြန်မာနိုင်ငံ မြောက်ပိုင်း က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ဟာ နယ်မြေချင်း ဆက်စပ်နေတဲ့ နေရာ တွေဖြစ်တယ်။ မိန်မင်းဆက်ခေတ်ကာလတုန်းက ''ငါးကြင်းဆီနှင့် ငါးကြင်းသား ကြော်ခြင်း'' အုပ်ချုပ်မှုစနစ်ဖြင့် ဝေးသီခေါင်ဖျားက ''အရိုင်းအစိုင်း'' အုပ်ချုပ် ခြင်းဖြင့် စီမံအုပ်ချုပ်လေတယ်။

မိန်ဘုရင့် ထီးနန်းက နှစ်သိမ့်ဖြေသိမ့်မှု စီမံခန့်ခွဲရေး ဦးစီးဝန်ကြီးဌာန (ယနေ့ - ဒုက္ခသည်စခန်းနဲ့ ဆင်တူရိုးမှားရယ်လို့ ယူဆပါတယ်) ခြောက်ခုတည် ထောင်လိုက်တယ်။ ဒီအထဲက စခန်းနှစ်ခုက ကနေ့မြန်မာ့ မြေပုံကားချပ်အရဆို လျှင် မိုင်းယန်းနဲ့ မုပန်ဖြစ်နေပါတယ်။ (မိန်ထီးနန်း နှောင်းပိုင်းနှစ် ၁၆၀၂ - ၁၆၀၆ ခုနှစ်ကာလ အပိုင်းအခြားမှာ မြန်မာ့ထီးနန်းက တရုတ်ပြည်မှာ မင်း ပြောင်းမင်းလွဲ - ခေတ်ပြောင်းလဲမှု ပြည်တွင်းရေး မငြိမ်မသက်ချိန်ကို အခွင့် ကောင်းယူပြီး တပ်အင်အားအလုံအရင်းနဲ့ မြန်မာပြည်မြောက်ပိုင်ဆီ စစ်ချီ ထိုးနှက်တိုက်ခိုက်လေတယ်။ ဗန်းမော်၊ မိုင်းယန်း အစရှိတဲ့ ဒေသတွေကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်) မိန်ထီးနန်းခေတ် အလယ်ပိုင်းလောက်မှာ မိန်ဧကရာဇ်ရဲ့ နယ်မြေပိုင်ဆိုင်မှုဟာ အလွန်ပဲ ကျယ်ပြန့်လှပါတယ်။ သံလွင် မြစ်ရဲ့ အထက်အညာပိုင်းဟာ တရုတ်ပြည်ရဲ့ အတွင်းပိုင်း မြစ်ဝှမ်းဖြစ်ခဲ့ပါတယ်။ ကနေ့ ဧရာဝတီမြစ်ညာရဲ့ တစ်စိတ်တစ်ပိုင်းဟာ မိန်ထီးနန်းရဲ့ အုပ်ချုပ်ရေး နယ်မြေ အဝန်းအဝိုင်းအထဲမှာပါ။ ဧရာဝတီမြစ်ကမ်းနံဘေးက ဗန်းမော်မြို့ဆိုရင် မိန်ထီးနန်းရဲ့ အဝေးရပ်မြေစခန်း ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ စင်ကြီးထိုးပြီး သစ္စာ အဓိဋ္ဌာန်ကို ဗိုလ်ပုံလူသူ အလုံးအရင်း ရှေ့မှောက်မှာ် အဓိဋ္ဌာန်ပြုခဲ့ပါတယ်။

၁၅၉၃ ခုနှစ်။ မိန်ဘုရင် ထီးနန်းက စေလွှတ်တဲ့ နယ်လှည့်ကင်းစစ်မှူး ချဲယုန့်ပင်းက တပ်အင်အားသုံးပြီး ဗန်းမော်ကို သိမ်းပိုက်လိုက်တယ်။ ဒါဟာ နယ်ခြားကင်းစခန်းကို အင်အားဖြည့်ဆည်းလိုက်ခြင်းဖြစ်တယ်။ ကင်းစစ်မှူးကြီး ချဲန်ယုန့်ပင်းက ထိန်ယဲ့ (ကနေ့ထိန်ချုန်း) နယ်တကြောမှာ ဂိတ်ရှစ်ဂိတ် ဖွင့် လိုက်တယ်။ ဒီရှစ်ဂိတ်က စဲန်ဟုဂိတ် (ကနေ့ တောင်ပိုင်း ထိန်ချုန်းခရိုင် မြောက်ဘက်ရှိ မုန်းခတောင်)၊ ဝမ့်ချဲ့ဂိတ် (ကနေ့ တောင်ပိုင်း ယကျန်းကျန်ခရိုင် အနောက်မြောက် မုန်းလုံတောင်)၊ ကျွိစွတ်တောင်ဂိတ် (ကနေ့ ယူနန်တောင်ပိုင်း ယင်ကျန်းခရိုင် အနောက်မြောက် စိမာတောင်)၊ ထုန်ပိဂိတ် (ကနေ့ ယင်းကျန် ခရိုင် အနောက်တောင်ဘက် ပုဟားတောင်)၊ ထျိုင်ပိဂိတ် (ကနေ့ နန်းနုံချွမ်းခရိုင် အနောက်မြောက်)၊ ဝူကျွီဂိတ် ( ဗြိတိန်ကိုလိုနီခေတ် နယ်ခြားမျဉ်း သတ်မှတ် ချိန်တုန်းက ဂိတ်သုံးဂိတ်ကို မြန်မာပိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်) ဒီဂိတ်ရှစ် ဂိတ်ရဲ့ နယ်မြေနေရာအကွာအဝေးဟာ ထိုတုန်းက တရုတ်မြန်မာနယ်ခြား မိုင်ပေါင်း ဆယ်ဂဏန်းကနေ ရာဂဏန်းတွေထက် လျော့နည်းပါ။

နန်းမိန (မိန်တောင်ပိုင်းဒေသ) ယုံလိမင်း ဧကရာဇ်ရယ်၊ လက်ထောက် တပ်မှူးကြီး လော် (လို) ရဲ့ နောက်ပိုင်းမျိုးဆက်တို့ဟာ ယုံလိ ဧကရာဇ်မင်း အညံ့ခံ အရှုံးပေးရတာနဲ့ အတူလိုက်ပါပြီး တိမ်မြှုပ်ပျောက်ကွယ်ခဲ့ရလေတယ်။ မထင်မရှား ဇာတ်မြှုပ်ခဲ့ရတာဟာဖြင့် ယုံလိဧကရာဇ်မင်းရဲ့ လက်ထောက်တပ် မှူးကြီးရဲ့ ရင်နင့်စဖွယ် သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဆွေမျိုးအစဉ်အဆက် လက်ဆင့်ကမ်းလာတယ်ဆိုပေမယ့် လည်း တိုင်းရင်းသားမျိုးနွယ်စုရဲ့ တင်းကြပ်တဲ့ စည်းကမ်းဓလေ့ ထုံးတမ်းကို လိုက်နာစောင့်ထိန်းခဲ့တဲ့အတွက်ကြောင့် ၄င်းမိသားစုဟာ ကြာလေ ကြာလေ လူသူအများ ဂရုထားသိမြင်လာကြရလေတယ်။

နှစ်ဆယ်ရာစုနှစ် အစဦးပိုင်း ယုံလိဧကရာဇ်မင်းအပါးမှာ မင်းမှုထမ်း ခစားခဲ့တဲ့ လက်ထောက်တပ်မှူးကြီး လော် (လို) ကနေ ဆင်းသက်လာတဲ့ မျိုးဆက်ရှစ်ဆက်မြောက်ဟာ ၁၉၆၁ ခုနှစ် ဆောင်းရာသီမှာ လော် (လို) မိသားစုကနေပြီး သားယောကျာ်းလေးတစ်ယောက်ကို ဖွားမြင်လေတယ်။ ဒါ ဟာဖြင့် နောက်ပိုင်းကာလတွေမှာ မြန်မာပြည်မြောက်ပိုင်း နယ်မြေတွေမှာ ဟိုးဟိုးကျော်မယ့် စတုတ္ထလော် (လို) လောင်ပန်လို့ခေါ်တဲ့ လိုချောင်ရှင်းပါတဲ့ ခင်ဗျာ။ လော် (လို) ချောင်ရှင်း ၁၈ နှစ်သားအရွယ်မှာ တွမ့်မျိုးနွယ်စုက မိန်းကလေးနဲ့ အိမ်ထောင်ပြုပြီး သားလေးတစ်ယောက်၊ သမီးတစ်ယောက် မွေးဖွားပါတယ်။ သားအကြီး လိုစိမ်းဟန့် (လော်စစ်ဟန်) (မြန်မာအမည် - ဝေမုန်) ကို ၁၉၃၅ ခုနှစ်မှာ မွေးပြီး၊ ဒုတိယသား စစ်ထန်၊ တတိယသား စစ် ချီ၊ စတုတ္ထသား စစ်ကျဲ့၊ သမီး စစ်လွေတို့ဖြစ်တယ်။

လက်ထောက်တပ်မှူးချုပ် လော်ရဲ့ ဒသမမြောက် မျိုးဆက် လော်စစ် ဟန်ဟာ နောက်ပိုင်း ရွှေတြိရံနယ်မြေရဲ့ ကမ္ဘာကျော် ဘိန်းရာဇာရယ်လို့ ထင် ပေါ်ကျော်ကြားလာပါလိမ့်မယ်။
မိန် ထီးနန်းခေတ်၊ မန်ချူးထီးနန်းခေတ်တွေတုန်းက နှစ်သိမ့်မှု စီမံ ခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ လက်အောက်မှာ မျိုးနွယ်ဇာတ်တူစု စော်ဘွားရယ်လို့ ဖွဲ့စည်းခဲ့ပါတယ်။ ကိုးကန့်စော်ဘွားဆိုတာက မုပန်းဖြေသိမ့်မှု စီမံခန့်ခွဲရေးဝန် ကြီးဌာန လက်အောက်က ပိုင်းခြားသတ်မှတ်ထားတဲ့ စော်ဘွား ၃၃ ဦးထဲက တစ်ဦးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကျော်က ကိုးကန့်တကြောမှာ ထင်ပေါ် ကျော်ကြားခဲ့တဲ့ ရန်းအိမ်ထောင်စုကြီးဟာ နှစ်စဉ် နှစ်တိုင်းပဲ ထိုတုန်းက ခေါင်းဆောင်တသိုက်ဖြစ်တဲ့ ချဲန်မျိုးနွယ်စုကို ကိုယ်စားပြုပြီး မုပန်မှာ တာဝန် ထမ်းရွက်ပါတယ်။ နှစ်စဉ် ဂိုဏ်းကြေးအခွန်၊ ဘိန်းအခွန်တို့ကို ပေးဆောင်ပြီး အပူတပြင်း ပြေးလွှားကာ အထက်ပိုင်းနှင့် ရင်းနှီးအောင် ကြိုးပမ်းပါတယ်။ နောက်ပိုင်းမှာ မုပန်းဖြေသိမ့်မှု စီမံခန့်ခွဲရေး ဝန်ကြီးဌာန (ဒုက္ခသည် စခန်းဟု ယူဆရသည်) က ရန်မျိုးနွယ်စုလူငယ်ကို ကိုးကန့်စော်ဘွားများအဖြစ် အမိန့် ပြန်တမ်း ခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ချဲန်မျိုးနွယ်စုရဲ့ တာဝန်ပိုင်းဟာ ဘု မသိ ဘမသိနဲ့ အစားထိုး ခန့်အပ်ခံလိုက်ရလေတယ်။

မန်ချူးထီးနန်းဆက် ကုန်လုံးလုနီးတဲ့ ကွမ်းရှီးမင်းအစဦးပိုင်း ၁၈၇၅ ခုနှစ် မာလိပါးမှာ စော်ဘွားရာထူးတစ်နေရာကို တရားဝင် ခန့်အပ်လိုက်ပါတယ်။ ဦးဆုံးခန့်အပ်ခံလိုက်ရတဲ့ သူကတော့ ရန်းကိုကျဲန့် ဖြစ်ပါတယ်။ သူ့ရဲ့သားမြေး တို့ဟာ အစဉ်တစိုက် သားစဉ်မြေးဆက် စော်ဘွားအရိုက်အရာဆက်ခံမှုကို နောက်ဆုံးအချိန်ပိုင်းအထိ ဆက်ခံသွားပါတယ်။ မန်ချူးမင်းဆက်နောက်ဆုုံး ပိုင်း၊ ဗြိတိသျှ ဘုရင့်နန်းတော်ကလည်း မြန်မာပြည်မြောက်ပိုင်း စော်ဘွားစနစ် အပြောင်းအလဲအားလုံးကို ခန့်အပ်ချက်အတိုင်း ဘွဲ့ထူးဂုဏ်ထူးများကို ယခင်က ချမှတ်ထားတဲ့ ဥပဒေနှင့်အညီ ဆုံးဖြတ်ချက်များအတိုင်း အသိအမှတ်ပြုလိုက် ပါတယ်။ ကနေ့ ကိုးကန့်။ လောက်ကိုင်က ဘုရားကျောင်းကြီးရယ်၊ တစွေထန် ရယ်၊ ဒီနှစ်နေရာမှာ ထိုစဉ် မန်ချူးမင်းခေတ်နဲ့ အင်္ဂလိပ်အုပ်ချုပ်ရေး (မြန်မာ နိုင်ငံ) က ဘွဲ့ထူးဂုဏ်ထူး အပ်နှင်းခဲ့တဲ့ ကိုးကန့်စော်ဘွား ကမ္ဗည်းကျောက်စာ တိုင်ကြီး နှစ်တိုင်ဟာ ကနေ့လောက်ကိုင်မှာ ရှိနေတာကို တွေ့မြင်ရပါတယ်။

ဟိုးတုန်းကတည်းကပဲ တခြားဟန်တရုတ်မျိုးနွယ်စု တချို့လည်းပဲ ကိုးကန့်ဒေသဆီ ရောက်ရှိနေထိုင်နှင့်ကြပြီးဖြစ်တယ်။ အဲဒီဟန်တရုတ်တို့ဟာ ရှေးယခင်ခေတ်တွေတုန်းက တောင်ဘက် ပိုးလမ်းကြောင်းအတိုင်း ကုန်သည် စီးဆင်းရောင်းဝယ် ဖောက်ကားကြတဲ့ မြင်း (လား) ကုန်သည်တွေ ဖြစ်ကြပါ တယ်။ ဒီအထဲက ယူနန်၊ ကွေ့ကျိုး၊ စွတ်ချွမ်းဒေသသားတွေ အများဆုံးဖြစ်ပါ တယ်။ နောက်ပြီး ဒုတိယကမ္ဘာ စစ်ပွဲကြီးတုန်းက ကူမင်တန် ပြည်ပခရီးရှည် ချီ တရုတ်တပ်သားတွေဟာ မြန်မာပြည်မြောက်ပိုင်းမှာ လူစုကွဲပြီး ပျံ့နှံ့သွားပါ တယ်။ အဲဒီ ပျံ့ကျဲသွားတဲ့သူ အများစုဟာ ကိုးကန့်တရုတ်တန်းမှာ အခြေချ နေထိုင်သွားကြပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်မြောက်ပိုင်း ကိုးကန့်ဒေသ တဝိုက်က နေထိုင်ကြသူတွေဟာ တရုတ်ပြည် ယူနန်၊ ကွေ့ကြိုး၊ စွတ်ချွမ်းကုန်း မြင့်ဒေသသားတွေ သာမကဘဲ ဟူနန်၊ ဟူပေ၊ ကျဲ့ကျန်း၊ ကျန်းစူး၊ ကျန်းစီ အစရှိတဲ့ ပြည်နယ်တွေက ဟန်တရုတ်တွေလည်း ပါဝင်ပါတယ်။

မိန်ထီးနန်းဆက် နောက်ဆုံးမင်းဧကရာဇ် ယုံလိမင်း အရေးတော်ပုံ ပေါ်ပေါက်ပြီးတဲ့နောက်ပိုင်း မကြာလှတဲ့ အချိန်ပိုင်းမှာ လားရှိုးမြောက်ဘက်က သိန္နီမြို့မှာ မန်ချူးမင်းအစိုးရက မိန်ထီးနန်းဆန်ရဲ့ စနစ်ကို အတုယူပြီး မုပန် ဒုက္ခသည်စခန်း ဝန်ကြီးဌာနတစ်ခုကို တည်ထောင်လိုက်တယ်။ ၄င်းနယ်မြေ စော်ဘွားကို ''အခြေတကျ စောင့်ကြပ်ထိန်းသိမ်းစေတယ်။ ဒါပေမဲ့ မန်ချူး ဆန့်ကျင်ရေး၊ မိန်ထီးမွေနန်းလျာ ပြန်ဖော်ထုတ်ရေးဆိုတဲ့ ပြည်တွင်းရေး မတည်မငြိမ်မှု အရေးတော်ပုံကို မန်ချူးတို့ ဘယ်လိုဘယ်ပုံ ကိုင်တွယ်ဆောင်ရွက် ရမှန်းမသိရလောက်အောင် အခက်တွေ့နေရပါတယ်။ ဗြိတိသျှတို့ဟာ မြန်မာ ပြည်မြောက်ပိုင်းကို မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ဆိုင်ရာနယ်ပယ် တွင် တည်ရှိတဲ့ ယဉ်ကျေးမှု မဖွံံ့ဖြိုးသေးတဲ့ နယ်မြေအဖြစ် သဘောထားပြီး ဖြစ်ပါတယ်။

၁၈၉၇ ခုနှစ်မှာ ဗြိတိသျှတို့နှင့် မန်ချူးဘုရင်တို့က ဆွေးနွေးညှိနှိုင်းပြီး နယ်မြေပိုင်ဆိုင်မှုကို သတ်မှတ်ကြပါတယ်။ ကိုးကန့်ကို အင်္ဂလိပ်ပိုင် မြန်မာ့နယ် မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။
ကိုးကန့်တောင်ပိုင်းဆိုတာက ခွန်ဆာ့ကြောင့် ကမ္ဘာကျော်လာတဲ့ လွိုင်မော်တောင်တန်းပါပဲ။ ဒီဒေသဟာ မြေပုံမှာတော့ တန့်ယန်းအပိုင် ဖြစ် တယ်။ ဒါပေမဲ့ မာလိပါးနဲ့ တဆက်တည်းဖြစ်နေပါတယ်။ သမိုင်းတစ်လျှောက် မှာ လွိုင်မော်စော်ဘွား၊ ကိုးကန့် (ကွမ်လုံ) စော်ဘွားဆိုတာက တရုတ်ပြည် မိန်ထီးနန်းမင်းဆက်၊ မန်ချူးမင်းဆက်တို့ရဲ့ ခေတ်အဆက်ဆက်က ဘိုးစဉ် ဘောင်ဆက် အရိုက်အရာဆက်ခံတဲ့စနစ်ဖြစ်တယ်။ မတူတဲ့အချက်ကတော့ လွိုင်မော်တောင်ဆိုတာက မြန်မာနိုင်ငံ ရှမ်းတိုင်းရင်းသားတို့ရဲ့ အခြေချနေ ထိုင်တဲ့ ဒေသဖြစ်ပါတယ်။ ရှမ်းတရုတ် ယဉ်ကျေးမှုတွေ ရောယှက်နေပြီး၊ ဒါ့အပြင် ကိုးကန့်ဟာ ကနေ့တိုင် ဟန်တရုတ်ဓလေ့ ထုံးတမ်းအပြည့်ကိုပဲ ထိန်းသိမ်းထားနေတုန်းပါပဲ။

ယဉ်ကျေးမှု အခြေခံပိုင်းကပဲ ကြည့်ကြည့်၊ ဒါမှမဟုတ် မျိုးနွယ်စုအပိုင်း ကပဲ ကြည့်ကြည့်၊ ဒီနယ်မြေဒေသက နေထိုင်ကြတဲ့ လူအများစုက မိမိတို့ကိုယ် ကို ဟန်တရုတ်မျိုးနွယ်ရယ်လို့ သတ်မှတ်ကြပါတယ်။ ခွန်ဆာကိုယ်၌ကလည်း သူ့ကိုယ်သူ ဘိုးစဉ်ဘောင်ဆက် အဋ္ဌမမြောက် - တရုတ်ပြည် ယူနန်ကနေ လွိုင်မော်တောင်ဆီ ဆင်းသက်ရောက်ရှိလာတဲ့ ဟန်တရုတ် လူမျိုးဖြစ်တယ်ရယ် လို့ ြွေကးကြော်ခဲ့ပါတယ်။ သူ့ဖခင် ဟန်တရုတ်မျိုးနွယ်က ရှမ်းတိုင်းရင်းသူ (တရုတ်ရဲ့ ထိုင်မျိုးနွယ်စု၊ ထိုင်းနိုင်ငံရဲ့ ထိုင်းမျိုးနွယ်စု၊ မြန်မာနိုင်ငံရဲ့ ရှမ်းမျိုး နွယ်စုတွေဟာ အခေါ်အဝေါ်သာ ကွဲပေမယ့်အားလုံး မျိုးနွယ်စုတစ်စုတည်းပဲ ဖြစ်တယ်။) အမျိုးသမီးလေးကို ဇနီးအဖြစ်ယူလိုက်ခြင်းဖြစ်တယ်။ ဟန်တရုတ် ဖခင်နဲ့ ထိုင်းရှမ်းမိခင်တို့ အကြောင်းပါပြီး ရှမ်းတရုတ်သွေးနှောတဲ့ ခွန်ဆာကို မွေးဖွားလာခဲ့ပါတယ်။ ပြင်ပအင်အားစုက ဘယ်လိုပဲဆောင်ရွက် ဆောင်ရွက်၊ အဲသလိုမျိုး သဘာဝရဲ့ ဟန့်တားမှုတွေ၊ တွန်းကန်ဝိုင်းပယ်မှုတွေ အလိုအလျောက် ြွကင်းကျန်တည်ရှိနေပါတယ်။ ဒါဟာ မြန်မာ့လူနည်းစု တိုင်းရင်းသူနဲ့ ကိုးကန့် ဟန်တရုတ်တို့ တစ်လျှောက်လုံး မြန်မာ (ဗမာ) လူမျိုးတို့နဲ့ အပြည့်အဝရောနှော ပေါင်းစပ်ခြင်း မပြုနိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပေတယ်။

၄င်းနယ်မြေဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ဟန်တရုတ် မျိုးနွယ်စုတို့နှင့် မြန်မာပြည်မြောက်ပိုင်းက လူနည်းစုတိုင်းရင်းသားတို့က ကိုယ့်ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအတိုင်း ရောယှက်နေထိုင်ကြပါတယ်။ ၄င်းတို့ဟာ ပေါ်ပီပင် (ဏသစစပ ဘိန်းပင်) စိုက်ခြင်း၊ ဘိန်းထုတ်လုပ်ခြင်းဆိုတာက ၄င်းဒေသရဲ့ ပင်မ ထုတ်ကုန်လုပ်ငန်း ဖြစ်တယ်။ ဘိန်းစီးပွားရေးလုပ်ငန်းက ၄င်းဒေသနေသူတို့ရဲ့ ဘဝရှင်သန်နေထိုင်ရေးအတွက် မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ၂၀ ရာစုခေတ် ၄၀-၅၀ ခုနှစ်ကာလတွေက ယင်းဒေသတွေမှာ အခြေစိုက် နေထိုင်တဲ့ လူနည်းစု (လူမျိုးစု) တိုင်းရင်းသားတို့အတွက် အရေးပါတဲ့ စိုက်ပျိုး ရေးလုပ်ငန်းဖြစ်နေပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံဖွား တရုတ်တို့ရဲ့ ရောင်း ဝယ်ဖောက်ကားမှု၊ သယ်ယူပို့ဆောင်မှုရဲ့ အဓိက စနစ်တစ်ရပ်ဖြစ်လေတယ်။ တရုတ်နွယ်ဖွားတို့ဟာ ၄င်းလုပ်ငန်းခွင်ကနေ ရရှိတဲ့အကျိုးအမြတ်ဟာ ထိုပင်မ ဇာတိဖွား တိုင်းရင်းသားများထက် အမြောက်အမြား ရရှိကြပါတယ်။

၂၀ ရာစုခေတ် အစဦးပိုင်း၊ ရန်းကိုကျဲန့် အာဏာရယူအုပ်ချုပ်စဉ်တုန်း က ပေါ်ပီပင် (ဏသစစပ ဘိန်းပင်) မှရတဲ့ ဘိန်းဈေးတွေ ကောင်းခဲ့ပါတယ်။ ဘိန်းအထွက်က အထူးကို ကောင်းမွန်ပြီး၊ ဒီဒေသထွက် ဘိန်းအရည်အသွေး ကလည်း တအားကို ကောင်းလွန်းလှတယ်။ အဲဒီက အစပြုပြီး ကိုးကန့်ရဲ့ ကုန်သွယ်မှုလုပ်ငန်း တဟုန်ထိုး ထိုးတက်သွားတယ်။ လူနေမှုဘဝ ဖွံ့ဖြိုးတိုး တက်လာတယ်။ လူဦးရေလည်းပဲ အံ့မခန်း တိုးပွားလာပါတယ်။ ဒါ့အပြင် ရွှေတြိဂံနယ်မြေတခွင်လုံးမှာ ဘိန်းအသင်းအဖွဲ့ကြီးတွေ အများအပြား ပေါ်ထွက် လာပါတယ်။ မြန်မာပြည်မြောက်ဘက်ပိုင်းမှာ အင်မတန် စည်ကားလှတဲ့ ဘိန်း ရောင်းဝယ်ဖောက်ကားမှု ပွဲတော်ကြီး တစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဆိုတာမျိုး ပေါ်ပေါက်လာပါတယ်။ ဒါဟာ နှစ်စဉ်နှစ်တိုင်း ဘိန်းဈေးကွက်တင် ရောင်းဝယ် ဖောက်ကားကြတဲ့ ဒီလို အခါသမယပွဲတော်ကို ရောက်လာတဲ့အခါမှာ တရုတ် ပြည် စွတ်ချွမ်း၊ ယူနန်အပြင် ခရီးဝေးက ရောက်လာကြတဲ့ မြင်း (လား) ကုန် တင်အဖွဲ့၊ အိန္ဒိယ၊ ထိုင်းက လာကြတဲ့ ကုန်သည်တို့ဟာ ကိုးကန့်၊ လောက်ကိုင် မှာ တစုတဝေး ရောက်လာကြပြီး ဘိန်းစိမ်းတွေကို ရောင်းဝယ်ဖောက်ကား သယ်ယူကြပါတယ်။ ကုန်စည်ရောင်းဝယ်ဖလှယ်မှုတွေထဲမှာ အခြားသော ကုန်ပစ္စည်းရောင်းဝယ်မှုနဲ့ လူမျိုးအလိုက် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း လှုပ်ရှားမှု၊ ဖျော်ဖြေမှုတွေကလည်း တသီတတန်းကြီး စီရင်ကျင်းပကြပါတယ်။ နှစ်ကာလတွေ ရှည်ကြာလာတော့ အလိုအလျောက်ပဲ တရုတ်ပြည်အနောက် တောင်ပိုင်း (မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း) နှင့် ရွှေတြိဂံ နယ်မြေဒေသရဲ့ ဘိန်းပွဲတော်ကြီးရယ်လို့ ဖြစ်သွားပါတယ်။ ပွဲတော်ကျင်းပတဲ့ ရက်ကာလဟာ ဆယ်ရက်ကနေ လဝက်ရှိပါတယ်။

တရုတ်ပြည် ရပ်ဝေးမြေက လာကြတဲ့ လော်ပန်တွေနဲ့ မြင်း (လား) ကုန်တင်အဖွဲ့တို့ဟာ ယေဘုယအားဖြင့်တော့ ထုတ်လုပ်မှုကိရိယာ တန်ဆာ ပလာတွေ၊ ဖဲထည်၊ ပိုးထည်တွေနဲ့ အခြားကုန်ပစ္စည်းအစရှိတာတွေ ကိုးကန့် နယ်မြေဆီ အလုံးအရင်း တင်သွားလာကြပါတယ်။ ဈေးကွက်မှာ ဘိန်းရိုင်းတွေနဲ့ အလဲအလှယ်ဖလှယ်ကြပြီး ယူနန်ပြည်နယ်ထဲကို သယ်ဆောင်သွားကြပါတယ်။

ထိုင်းနိုင်ငံနဲ့ အိန္ဒိယက ဖလှယ်ကြတဲ့ ကုန်ပစ္စည်းတွေကတော့ လူသုံး ကုန်ပစ္စည်းကို အဓိကထားပါတယ်။ ဗြိတိန်သားတွေက အနောက်နိုင်ငံ ထွက် ကုန်ပစ္စည်းတွေကို အဓိကထား ဖလှယ်ကြတယ်။ ဘိန်းရာသီပွဲတော်ကြီး ကျင်း ပတာမှာ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ကြီးကျယ်ခမ်းနား စည်ကားလာပါတယ်။ ကိုးကန့်တို့ရဲ့ နှစ်စဉ် ကျင်းပမြဲ ရိုးရာပွဲတော်ကြီးပြီးလျှင် ဘိန်းပွဲတော်ဟာ ဒုတိယ အကြီးကျယ်ဆုံး ပွဲတော်ကြီးဖြစ်ပါတယ်။

ဘိန်းပွဲတော်ကြီးရဲ့ ရေပန်းအစားဆုံး ကုန်စည်ကတော့ ဘိန်းရိုင်းပဲ ဖြစ်တယ်။ ၂၀ ရာစုခေတ်၊ ၄၀ ခုနှစ်မတိုင်ခင်က ဘိန်းပွဲတော်ဟာ အတကြွ်က ဆုံး၊ အလှုပ်ရှားဆုံး၊ အဓိက သရုပ်ဆောင်ဇာတ်ကောင်ကတော့ အမြဲတမ်းပဲ ယဉ်ကျေးပါတယ်ဆိုတဲ့ တုတ်ကောက်ကြီးကို တဝင့်တည်း ဝင့်နေကြတဲ့ ဗြိတိသျှ သားတွေပါပဲ။ ဗြိတိသျှသားတို့ အခကြေးငွေ ငှားရမ်းအသုံးပြုတဲ့ မြင်း (လား) ကုန်တင်အဖွဲ့ကို ယင်းဒေသသားတို့က အနောက်တိုင်း ခြေလျင်ခရီးသွားတွေ လို့ ခေါ်တွင်ကြတယ်။ ဒါဟာဖြင့် ထိုစဉ်နှစ်ကာလတွေတုန်းက မြိုးမြိုးမြက်မြက် အကျိုးရလာဒ်တွေ ရရှိခဲ့တဲ့ အကြောင်းချင်းရာတွေပါ။ ဗြိတိသျှသားတို့ရဲ့ မြင်း (လား) ကုန်တင်အဖွဲ့ သယ်ယူပို့ဆောင်ခဲ့တဲ့ ခရီးတစ်ခေါက်ဟာ ရိုးရိုး သာမန် ခရီးတစ်ခေါက်ရဲ့ အဆပေါင်း သုံးလေးငါးဆ မြိုးမြိုးမြက်မြက် ရရှိပါ တယ်။

ရန်းစော်ဘွားအုပ်စုကတော့ ဘိန်းပွဲတော်ကြီးကို ဘဝင်ခိုက်လှပေတယ်။ ဘာကြောင့်ဆိုရင် နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်အခါမှာ ၄င်းတို့ရဲ့ မြင်း(လား) ကုန်တင်အဖွဲ့ကြီးဟာ တလုံးတခဲကြီး အမြတ်ရရှိပါတယ်။ ဒါ့အပြင်လည်း ဗြိတိသျှသားတို့နဲ့ ပေါင်းသင်းဆက်ဆံရေးကလည်း ရှေ့ခြေတစ်လှမ်း ပိုတိုးပြီး တရင်းတနှီး ဖြစ်သွားရပါတယ်။

စော်ဘွားရုံးက ဘိန်းပွဲတော်ကာလအတွင်းမှာ ကျေနပ်အားရလောက်တဲ့ ဘိန်းခွန်တော်အများအပြား နှစ်စဉ်ရရှိပါတယ်။ အရေးအပါဆုံး ဘဏ္ဍာငွေရရှိ ရာ လမ်းစတစ်ရပ်ဖြစ်နေပါတယ်။ ၄င်းဒေသ ဘိန်းခွန်တော်ဟာ ကိုးကန့်ဒေသ ကနေ ရှမ်းပြည်နယ်စော်ဘွား ဘဏ္ဍာငွေကြေးရရှိမှုရဲ့ ရေသောက်မြစ်တစ်ရပ် အသွင်လို ဖြစ်နေပါတယ်။

ကိုးကန့်အုပ်ချုပ်ရေး၊ စီးပွားရေး ဗဟိုချက်မနယ်မြေ လောက်ကိုင်ဆို တာက လမ်းတစ်လမ်းမျှသာရှိတယ်ဆိုပေမယ့်လည်း ဘိန်းပွဲတော်ကြောင့် နှစ် ကာလပေါင်း မြောက်မြားစွာ ရွှန်းရွှန်းဝေလောက်အောင် ထွန်းတောက်ခဲ့ပါ တယ်။ နှစ်တစ်ရာဆိုတဲ့ ကာလတွေမှာ ကိုးကန့်နယ်တစ်ခွင်ထွက်ရှိတဲ့ ဘိန်း ပမာဏဟာ အားလုံးလောက်ကိုင်မှာ လာရောက်စုစည်းပြီးမှ နေရာအနှံ့ ဖြန့် ကျက်သွားပါတယ်။ မြန်မာနိုင်ငံ ကွမ်းလုံကို ဖြတ်သန်းပြီး တရုတ်ပြည်ဆီ သယ်ဆောင်သွားကြတဲ့ ကုန်ပစ္စည်းတွေဟာလည်း လောက်ကိုင်ကို ဗဟိုထားပြီး မှ တဆင့်သယ်ပြောင်းတဲ့ ဂိတ်စခန်းဖြစ်ပါတယ်။ ၂၀ ရာစုခေတ် ၄၀ ခုနှစ် အစဦးပိုင်းတုန်းက လမ်းတစ်လျှောက်လုံး ဆိုင်ခန်း ဆိုင်းဘုတ်ကြီးတွေ မှိှုုလို ပေါက်နေပါတယ်။ အဲဒီကုမ္ပဏီဆိုင်ခန်းကြီးတွေအထဲက ယူနန်ပြည်နယ်ရဲ့အကြီး ဆုံး ကုမ္ပဏီဆိုင်ခန်းကြီးတွေကတော့ ယုံချန်းရှန်၊ ဖုရှဲ့ဟို၊ မောက်မဲန်အစရှိတဲ့ ကုမ္ပဏီတွေပါပဲ။ မြင်း (လား) ကောင်ရေ ဝင်/ထွက်မှုက အကောင်ရေ ထောင်ကိန်းဂဏန်းတွေမှာ ရှိပါတယ်။

ကိုးကန့်စော်ဘွား ရန်းမိသားစုနဲ့ လော် (လို)၊ စူးမိသားစုကြီးတို့ဟာ အဲဒီလို အကြောင်းကြောင်းတွေကြောင့် နေ့ချင်းညချင်း ချမ်းသြွာကယ်ဝလာကြ တယ်။ စတုတ္ထမြောက် လောင်ပန်လော်ချောင်းရှင်း အိမ်ထောင်ရက်သားကျပြီး တဲ့နောက် ရှိရှိသမျှ စည်းစိမ်အများစုကို (တလုံးတခဲကြီး)၊ မြင်း (လား) သယ် ယူပို့ဆောင်ရေးလုပ်ငန်းထဲ ရင်းနှီးမြှုပ်နှံပစ်လိုက်တယ်။ ရှေ့ဆင့်နောက်ဆင့်ပဲ လားအကောင်ရေ နှစ်ရာကျော်ဖြင့် လက်နက်ခဲယမ်းမီးကျောက် အပြည့်အစုံ တပ်ဆင်ထားတဲ့ လူအယောက်နှစ်ဆယ်တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ အင်အား တောင့်တောင့်တင်းတင်းနဲ့ လားရှိုးကနေ တန့်ယန်း၊ တောင်ကြီးအစရှိတဲ့ နေရာတွေကနေ ထိုင်းနိုင်ငံ ချင်းလိုင်၊ မယ်ဆိုင်တကြောဆီ၊ ဘိန်းတွေကို သယ်ယူပို့ဆောင်ပြီး ရောင်းဝယ်ဖောက်ကားပါတယ်။ တစ်ခါတစ်ရံလည်း ဒေသထွက်ကုန် ကျောက်အမျိုးအစားကို ပို့ဆောင်တာမျိုးလည်း လုပ်ပါတယ်။

ဂျပန်စစ်ရှုံးပြီးနောက် ဗြိတိသျှတို့ မြန်မာနိုင်ငံကို ပြန်ဝင်လာပြန်တယ်။ ဗြိတိသျှကိုလိုနီလက်အောက်ကနေ ရုန်းထွက်ဖို့ မြန်မာပြည်တွင်းမှာ လွတ်လပ် ရေးတိုက်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ပေါ်ပေါက်လာပါတယ်။ အမျိုးသားသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ လွတ်လပ်ရေးမဟာမိတ် အဖွဲ့ကြီး (ဖဆပလ) က ပြည်သူတွေကို တွန်းထိုးလှုံ့ဆော်ပြီး၊ ဗြိတိသျှ ဆန့်ကျင်ရေး လှိုင်းလုံးကြီး ထန်လာလေတယ်။ ရှမ်း၊ ကရင်အစရှိတဲ့ တိုင်းရင်းသားတို့ဟာ ဗြိတိသျှအုပ်ချုပ်ရေးကနေ အကျိုးအမြတ်ရကြသူတွေဖြစ်တယ်။ ဗမာတွေ ဗြိတိသျှဆန့်ကျင်ရေးလုပ်ကြတော့ ရှမ်းတိုင်းရင်းသားများနေထိုင်တဲ့ ရှမ်းပြည် နယ်တခွင်ကလည်း မိမိတို့ရဲ့ ကောင်းကျိုးရလာဒ်အတွက် တကြွ်ကတဲ့ လှုပ်ရှား မှုကို ဆင်နွှဲကြလေတယ်။

ဖြစ်ပေါ်လာနိုင်ချေရှိတဲ့ အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့အတွက် ကိုးကန့်စော်ဘွား ရန်ကျဲန်ချိုင် အစရှိသူတွေဟာ တပ်ထောင်ကာ ဗိုလ်စု၊ လက်နက်ရိက္ခာမြင်းကအစ တိုးချဲ့စုဆောင်းခြင်း ကာကွယ်မှုအစုစုကို တက်သုတ် နှင့် ကြိုးပမ်းကြလေတယ်။ ကိုးကန့်ရှိ ဟန်တရုတ်တို့က တလှိုက်တလှဲ ထောက်ခံ အားပေးကြသည်။ ငွေကြေးအမြောက်အမြား ထည့်ဝင်အားပေးကြပြီး ရန်းကျဲန် ချိုင်တို့ ကိုးကန့်နယ်မြေမှာ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရေးကို ဝိုင်းဝန်းအားပေး ကြပါတယ်။ ကိုးကန့်လူငယ်အများအပြား ကာကွယ်ရေးတပ်ဖွဲ့ထဲ တဖွဲဖွဲ ဝင် ရောက်လာကြပါတယ်။

ဒုတိယကမ္ဘာစစ်ပွဲတုန်းက တရုတ်ပြည်ကနေ မြန်မာပြည်ဆီ ပြည်ပ ခရီးရှည်ချီ တက်လာကြတဲ့ တရုတ်တပ်သား (တရုတ်ကျောင်းသား လူငယ်အင် အားစုဖြင့် ဖွဲ့စည်းထားပါတယ်။ မှတ်ချက် - ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ် ရန်အတွက် တရုတ်၊ အမေရိကန်၊ ဗြိတိန်ထပ်သီးတို့ မေမြို့မှာ ဆွေးနွေးညှိနှိုင်း ကြပါတယ်။ မေမြို့ သဘောတူညီချက်အရ တရုတ်ပြည်က တပ်သားအင်အား တစ်သိန်း ခြေလျင်ခရီးဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့အထိ ခရီးရှည်ချီဆင်းလာရပါ မည်။ မူလရည်ရွယ်ချက်က ပင်လယ်ကူးသင်္ဘောဖြင့် အမေရိကန်က လက် နက်တွေ သယ်ဆောင်လာမယ်၊ ရန်ကုန်ဆိပ်ကမ်းမှာ ကပ်မယ်၊ လက်ဗလာနဲ့ ခရီးရှည်ချီဆင်းလာတဲ့ တရုတ်လူငယ် တပ်သားတစ်သိန်းကို လက်နက်တပ်ဆင် မယ်။ ဂျပန်က ဒီလျှို့ဝှက်သတင်းကို ရသွားတယ်။ လက်ဦးမှုရယူပြီး ရန်ကုန် ဆိပ်ကမ်းကိုလည်း ဗုံးကြဲဖျက်ဆီးလိုက်တယ်။ ပင်လယ်ကူးသင်္ဘောကြီးတွေ ရန်ကုန်ဆီ မလာရောက်နိုင်အောင် နှောင့်ယှက်ဟန့်တားလိုက်ပါတယ်။ ခရီး ရှည်ချီဆင်းလာကြတဲ့ တရုတ်တပ်သားတွေ တောင်ငူမှာတင် တစ်ခံနေရပြီး နောက်ကြောင်းပြန်လှည့်ရပါတယ်။ အတော်များများဟာ မြန်မာပြည်တွင်းမှာ ကျန်ရစ်ခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်း တရုတ်မြန်မာ၊ ထိုင်း မြန်မာနယ်စပ်တွေမှာ အခြေချနေထိုင်ကြပါတယ်။ မြန်မာပြန်ဆိုသူ)

အဲဒီနှစ်နိုင်ငံ နယ်စပ်တွေမှာ မှီတင်းနေထိုင်ကြတဲ့ တရုတ်မျိုးနွယ်စု အင်အားနဲ့ တရုတ်စာသင်ကျောင်းတွေ၊ သင်တန်းကျောင်းမျိုးစုံတို့ကို ဖွင့်လှစ် ကြတယ်။ အဲဒီအခါတုန်းက လော်စစ်ဟန်က ၁၃ နှစ်၊ ဖုန်ကျားရှင်က ၁၄ နှစ်တောင် မပြည့်တတ်သေးပါ။ စစ်ပညာသင်တန်းအရာရှိက နာမည်ကြီး ဝမ်ဖူတက္ကသိုလ်ကျောင်းဆင်း၊ ကူမင်တန် တပ်မှူးဟောင်းကြီးဖြစ်တယ်။ ဒီသင် တန်းပြီးဆုုံးတဲ့အခါမှာ လော်-ဖုန်တို့ဟာ စစ်ပညာမှာ ကျွမ်းကျင်နှံ့စပ်သွားပြီး ဖြစ်တယ်။ မြင်းစီးအတတ်၊ သေနတ်မျိုးစုံ ပစ်ခတ်မှုအတတ်၊ ပြောက်ကျားစစ် ဆင်မှုအတတ်တွေမှာ တစ်ဖက်ကမ်းခတ် တက်ကျွမ်းကြတယ်။ စစ်ရေးသင်တန်း ပြီးဆုံးသွားတဲ့နောက် ၂၂ ယောက်သော သင်တန်းသားအားလုံးကို လက်ဖတင် နင်အဆင့် စစ်ဗိုလ်ဘွဲ့ထူးကို အပ်နှင်းကြပါတယ်။ လော်စစ်ဟန်က ဒီထဲမှာ အငယ်ဆုံးတစ်ယောက်ဖြစ်တယ်။ အသက် ၁၄ နှစ်သာသာလေးသာ ရှိပါသေး တယ်။ သူနဲ့ ဖုန်ကျားရှင်တို့ကို ခွဲထားပြီး ကိုးကန့်ကာကွယ်ရေးတပ်ထဲမှာ အသီးသီးတပ်ဖွဲဲ့ တပ်ခွဲမှူး ခန့်အပ်ခံရပြီး ရွှေတြိဂံနယ်မြေမှာ စတင်ပြီး လူးလွန့် ရုန်းကန်ကြလေတယ်။ ဒီလိုနဲ့ပဲ ဖုန်ကျားရှင်ဟာ ကိုးကန့်မှာ မြင့်ချည် နိမ့်ချည် အလီလီနဲ့ ၄၇ နှစ်တာ သမိုင်းခရီးကြမ်းကို ဖြတ်သန်းလာခဲ့ပြီး ကိုးကန့်ဘုရင် တစ်ဆူရယ်လို့ နိဂုံးမှာ တွင်ကျန်ရစ်ခဲ့တယ်။ ခေတ်ကာလရဲ့ အနီးကပ်ဆုံး သမိုင်းမှာ ကိုးကန့်နယ်မြေကို နှစ်ကာလ အချိန်အကြာဆုံး ကိုင်တွယ်ထိန်းချုပ် နိုင်သူတစ်ယောက် ဖြစ်လာပါတယ်။ နောက်မှပေါက်တဲ့ ရွှေကြာပင် ခွန်ဆာ လည်းပဲ ဒီလိုကျောင်းတော်သားကနေ ကျောင်းပြီးခဲ့သူဖြစ်တယ်။ အဲဒီက ပေး အပ်ခဲ့တဲ့ လုပ်ငန်းခွင်ကနေပြီး ဒီနောက်ပိုင်းတွေမှာ သူတို့ သုံးယောက်သားဟာ ဘုန်းတန်ခိုးအရှိန်အဝါ လျှမ်းလျှမ်းတောက်လာတဲ့ ပညာစွမ်းတွေ ရယူပိုင်ဆိုင် ခဲ့လေတယ်။

၁၉၄၂ ခုနှစ် မတိုင်ခင်က ကိုးကန့်စော်ဘွားပိုင် နယ်မြေအပိုင်းအခြား ကို လူအယောက်နှစ်ဆယ်၊ သုံးဆယ်နဲ့ ဖွဲ့စည်းထားတဲ့ ''ခေါင်းပေါင်းနီ'' တို့က ငြိမ်ဝပ်ပိပြားရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ချုပ်ကိုင်ထားပါတယ်။ ဒါဟာဖြင့် ယူနီဖောင်းဝတ်စုံ တမူထူးခြားတဲ့ ပုလိပ်တပ်ပါပဲ။ ဦးခေါင်းကို ပိတ်နီစကြီးနဲ့ ပေါင်းထားပါတယ်။ ဗြိတိသျှလက်အောက်မှာတုန်းက ကြေးစားအိန္ဒိယသား ပုလိပ်ပြာတာတို့ရဲ့ ခေါင်းစည်းအဆင်တန်ဆာအတိုင်းပါပဲ။ ခန္ဓာကိုယ် ထက် အောက်တို့မှာ ဝတ်ထားတာက ဆွတ်ဆွတ်ဖြူနေတဲ့ ဝတ်စုံ၊ ခါးမှာ ဓားကောက် ချိတ်ထားပါတယ်။ တမျိုးတဖုံပြောရရင် မန်ချူးမင်း ဧကရာဇ်ခေတ်က နိုင်ငံခြား တို့ အခကြေးငွေပေး ငှားယူထားတဲ့ ဒေသတွင်းရှိ ပုလိပ်ပြာတာတို့ရဲ့ ဝတ်စား ဆင်ယင်ပုံပါပဲ။ အဲသလို မန်ချူးအသွင်၊ ဗြိတိသျှ ကိုလိုနီအရောင်အဆင်းရှိတဲ့ ရယ်စရာတပ်ဖွဲ့က ကိုးကန့်ဓလေ့ ထုံးတမ်းရဲ့ ဂိုဏ်းအုပ်စုမျိုးရိုး အစဉ်အလာနှင့် ဘိန်းခွန်တော် အစရှိတဲ့ အခွန်အတုတ် (ဆက်ကြေး) ကိုးကန့်တို့ ရှာကြံပြီး ကိုယ့်ဘာသာ ရပ်တည်ခဲ့ရပါတယ်။

၁၉၄၂ ခုနှစ်မှာ ဖက်ဆစ်ဂျပန်တို့ ဗမာပြည်ကို သိမ်းပိုက်ပြီးတဲ့နောက် ကျူးကျော်တဲ့ ဂျပန်ကို ဆန့်ကျင်တွန်းလှန်ဖို့အတွက် ကိုးကန့်ခေါင်းပေါင်းနီ ပုလိပ်တပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဆိုပြီး အမည်ပြောင်းလိုက်တယ်။ ထိုတုန်းက ကိုးကန့် စတုတ္ထမျိုးဆက် စော်ဘွား ရန်းဝံပိန်က အခက်အခဲ၊ အကြပ်အတည်း ကြားကနေ ကြံ့ကြံ့ခံ ဂျပန်ကို ဆန့်ကျင်တွန်းလှန်နေပါတယ်။ ပြတ်ပြတ်သားသား ပဲ ကိုးကန့်မှာ ဂျပန်တော်လှန်ရေး အလံတော်ကြီးကို မြင့်မြင့်မားမား လွှင့်ထူ လိုက်တယ်။ ဒါ့အပြင် ၁၉၄၂ ခုနှစ် မတ်လမှာ တရုတ်ပြည်၊ ချုံကင်းမြို့ကို သွားရောက်ပြီး ထိုစဉ်တုန်းက တရုတ်ပြည် ဂျပန်တော်လှန်ရေးခေါင်းဆောင် ချန်ကေရှိတ်ကို သွားရောက် တွေ့ဆုံဂါရဝပြုပါတယ်။ ချန်ကေရှိတ်နဲ့ တွေ့တော့ ကိုးကန့်စော်ဘွား ရန်းဝံပိန်က သူတို့ ကိုးကန့်ဟာ နှစ်ပေါင်း သုံးရာ (မိန်ဧကရာဇ် မင်းဆက်) က ဆင်းသက်လာတဲ့ ဘိုးဘေးအစဉ်အဆက် တဆက်တည်း ဖြစ် တယ်။ အမျိုးသား သစ္စာဖောက်မှုမျိုးကို ဘယ်တော့မှ မလုပ်ပါဆိုပြီး ကတိသစ္စာ ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ရန်းဝံပိန်ဟာ ကိုးကန့်နယ်မြေဒေသ ဂျပန်တော်လှန် ရေး ကာကွယ်ရေးတပ် မေဂျာဂျင်နရယ် (ဗိုလ်ချုပ်) အဖြစ် ခန့်ထားခံရပါတယ်။

ဒုတိယကမ္ဘာစစ်ကာလ တရုတ်ပြည်ပခရီးရှည်ချီတပ်ဖွဲ့ဟာ တရုတ် မြန်မာ မြောက်ပိုင်းနဲ့ ကိုးကန့်ထဲကို ဝင်လာပြီးတဲ့နောက် အမှတ် ၂၀ တပ်ရင်း ကြီး ကိုးကန့် ကာကွယ်ရေးတပ်အဖြစ် ပြုပြင်ဖွဲ့စည်းလိုက်တယ်။ ဒါ့အပြင် လက်နက်ခဲယမ်း မီးကျောက်တွေပါ ဖြည့်ဆည်းတပ်ဆင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဟာ အင်အားတစ်ထောင်ကျော် ထိုးတက်သွားတယ်။ တရုတ်ပြည် ခရီးရှည်ချီတပ်ဖွဲ့နဲ့ ပူးပေါင်းစစ်ဆင်တဲ့ ကာလတွေမှာ ဂျပန်တပ် ဖွဲ့နဲ့ တိုက်ပွဲအကြိမ်ပေါင်း ရာချီတိုက်ခိုက်ရပါတယ်။ တပ်သား ၁၅၀ ကျော် ကျဆုံးသွားရပါတယ်။ ပြောင်မြောက်တဲ့ တိုက်ပွဲတစ်ပွဲက တစွေထန် (ရေကန် ကြီး) ဒေသမှာ တရုတ်ပြည်ပခရီးရှည်ချီတပ်နဲ့ ပူးပေါင်းပြီး ဂျပန်တပ်နဲ့ အပြင်း အထန် တိုက်ပွဲဖြစ်ပြီး၊ ဂျပန်တပ်သား တစ်ထောင်ကျော်ကို သုတ်သင်လိုက်ပါ တယ်။ ဒီလိုနဲ့ ကိုးကန့်တော်လှန်ရေး တပ်ဟာ ဂျပန်တော်လှန်ရေးမှာ ပြောင် ပြောင်မြောက်မြောက် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တယ်ရယ်လို့ ပြောကြဆိုကြပါတယ်။ ဒီလိုပြောင်မြောက်တဲ့ တပ်ဖွဲ့ရဲ့ တိုက်ရည်ခိုက်ရည်ကြောင့် ဟိုတုန်းကတည်းက မြန်မာပြည်မြောက်ဘက်မှာ တစ်ချိန်လုံး ဗြိတိသျှအလံတော်နဲ့ အလျှံငြီးငြီး တောက်ပနေတဲ့ နေမင်းကြီး ကောင်းကင်ပြာပြာမှာ ရဲရဲတောက် ထွန်းလင်း တောက်ပနေပါတယ်။ (လက်ရှိ ထိုင်ဝမ်တရုတ်ဖြူ အလံတော်) ''ဒီအလံတော် ကြီးဟာ မိုးထိအောင် လွှင့်ထူထားပါတယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ မြန်မာနိုင်ငံဟာ တရားဝင် လွတ်လပ်ရေး ရရှိပါတယ်။ စော်ဘွန်းရန်းဝံပိန်ဟာ နိုင်ငံတော်တည်ထောင်တဲ့ ပင်လုံညီလာခံ မှာ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ကိုးကန့်တို့ အဲသလိုမျိုး သွေးမြေအကျခံပြီး ကိုယ့်ရေ၊ ကိုယ့််မြေကို ကာကွယ်ခဲ့တဲ့ အကျိုးကျေးဇူးရှိတဲ့အတွက်ကြောင့် အသစ်ပေါက်ဖွားလာတဲ့ မြန်မာအစိုးရရဲ့ အသိအမှတ်ပြုတာကို ခံရပါတယ်။ ကိုးကန့်တိုင်းရင်းသားတို့ကို မြန်မာ့တိုင်းရင်းသား လူမျိုးစုစာရင်းထဲ ထည့်သွင်း လိုက်တယ်။ ကိုးကန့်ဟာ မြန်မာပြည် မြောက်ပိုင်း လူဦးရေ အနည်းဆုံး တိုင်း ရင်သား လူမျိုးစုဖြစ်လာပါတယ်။

ရန်းကျဲန်ချိုင်တို့ ညီနောင်နှစ်ဖော်ဟာ လွှတ်တော်အမတ်၊ အောက် လွှတ်တော်အမတ်နဲ့ တွဲဖက်နယ်မြေဒေသအရာရှိကြီးအဖြစ် အရွေးခံရပါတယ်။ ရန်းညီနောင် နှစ်ဖော်ဟာ မြန်မာပြည် မြောက်ဘက်က ဟန်တရုတ်တို့ကို မြန် မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုသွင်းဖို့ကို အဆိုတင်သွင်းပါတယ်။ လွှတ် တော်က ၄င်းတို့ရဲ့ အဆိုတင်သွင်းတဲ့ အချက်ကို သဘောတူလိုက်ကြတယ်။ ဒါပေမဲ့ ၁၉၅၀ ခုနှစ် မြန်မာနိုင်ငံ တိုင်ရင်းသားကတ် ထုတ်ပေးတဲ့အခါမှာ မြန်မာပြည်မြောက်ပိုင်းကို ကိုးကန့်တဝိုက်က သိန်းချီတဲ့ အရေအတွက်ရှိတဲ့ တရုတ်လူမျိုးတွေအထဲက လူပေါင်းတစ်သောင်းကျော်လေးသာ မြန်မာနိုင်ငံသား အဖြစ် ခံယူကြတယ်။ တရုတ်တွေရဲ့ စိတ်နှလုံးက မြောက်ဘက်ပိုင်းက တရုတ် ပြည်မကြီးဆီသာ ကိန်းအောင်းကြတယ်။ ရန်းကျဲန်ချိုင်ဟာ နောက်ပိုင်းမှာ အရာရှိအရာခံအဖြစ် မြန်မာ့ရှမ်းပြည်နယ် ဘဏ္ဍာရေးအဖွဲ့မှူး ဖြစ်သွားပါတယ်။ ဒီလိုနဲ့ ကိုးကန့်ခရိုင်မှူး ရာထူးနဲ့ ရန်းညီနောင်နှစ်ဖော်တို့ နှစ်ပေါင်းများစွာ အလှည့်ကျ စံမြန်းကြပါတယ်။

ဂျပန်တော်လှန်ရေးမှာ ရွပ်ရွပ်ချွံချွံ အကျိုးရှိရှိ ဆောင်ရွက်ခဲ့တာကြောင့် ဗြိတိန်ဘုရင် ဆဋ္ဌမမြောက် ဂျော့က ရန်းဝံပိန်ကို ဗြိတိသျှမင်းဧကရာဇ်ကို အပ်နှင်းလေတယ်။ ဒီနောက်မှာ အရေအတွက် ရာချီတဲ့ တပ်သားအင်အားနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ခွင့်ပြုလိုက်တယ်။ ဒီလိုနဲ့ ကာကွယ်ရေးတပ်ဆိုတဲ့ အမည်နာမဟာ ကာလရှည်ကြာစွာ ဆက်လက်ဆင်းသက်လာရလေတယ်။ နောက်ပိုင်းတွေမှာ အခြေအနေရဲ့ ဖွံ့ဖြိုးကြီးထွားလာမှုတွေက ကာကွယ်ရေး တပ်ဖွဲ့ရဲ့ အရည်အသွေးဟာ တစစ အခြေအမြစ်ကနေ ပြောင်းလဲလာပါတယ်။ ဒါမှမဟုတ်လည်း မြန်မာအစိုးရရဲ့ အသုံးချစရာ၊ ဒါမှမဟုတ်ပြန်လည်း ဘိန်းရာ ဇာတွေ ၊ ဥပမာ - လော်စစ်ဟန် တပ်အင်အားတိုးချဲ့ပြီး ကိုယ့်ကိုကိုယ် အလေး ထားရေးတွေ၊ ဘိန်းကို ကာကွယ်စောင့်ရှောက်ပြီး သယ်ယူပို့ဆောင်ရေး လက် နက်ကိုင် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေး၊ ဒါမှမဟုတ်လည်း ဖုန်ကျားရှင်လိုမျိုး အစိုးရဘက်က ဖြိုခွင်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့အတွက် ရန်းဝံပိန် ပြောင်းလဲပေးရတာပဲလား

၁၉၄၁ ခုနှစ် ရန်းဝံပိန်ဟာ ဗြိတိသျှသားတို့က အိန္ဒိယနိုင်ငံ ကာလ ကတ္တား ခေါ်သွားပြီး နှစ်ဝက်မျှ ''အနားယူ'' ပါတယ်။ ''အနားယူ'' ပြီးဆုုံးတဲ့ နောက် သူနဲ့အတူတူ ကိုးကန့်ကို ပြန်လာတဲ့ ဗြိတိန်အရပ်ဘက် အရာရှိက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ''ရန်းဝံပိန်ရဲ့သား အကြီးဆုံးက အရွယ် မရောက်ခင်မှာ သေဆုံးသွားပါတယ်။ ဒုတိယသားငယ် ရန်းကျဲန်ချိုင်ကို အရိုက် အရာဆက်ခံတဲ့ ှုဃှ ရာထူးကို အပ်နှင်းလိုက်ပါတယ်''

ဗြိတိသျှတို့က တရုတ်တို့ ရာထူးရာခံခန့်အပ်မှု ပုံစံမျိုး သုံးလိုက်ပါ တယ်။ ဒီလိုနဲ့ပဲ ရန်းမိသားစု နောက်ဆုံးစော်ဘွားမျိုးဆက်ကို အတည်ပြု ခန့် အပ်လိုက်တယ်။ ရန်းမိသားစုတွေအထဲက မမလေးရန်းအော့အကြောင်း မပြောလို့က မပြည့်စုံနိုင်ပါ။ သူဟာ ရန်းကျဲန့်ချိုင်ရဲ့ ညီမ ရန်းကျင်းရှု အောလစ် ရန်း ဖြစ်တယ်။

မမလေးရန်းအော့မှာ အံမခန်းဖွယ် သမိုင်းကြောင်းတွေ ဖြတ်သန်းခဲ့ ရပါတယ်။ ဒါ့အပြင် လော်စစ်ဟန်အစရှိတဲ့သူတွေနဲ့ မမလေးရန်းအော့ နီးနီး ကပ်ကပ် ဆက်စပ်မှုရှိနေပါတယ်။ မမလေးရန်းအော့ မွေးကတည်းက အင်မတန် စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ အရွယ်ရောက်လာတဲ့နောက် မြင်း (လား) တပ်ဖွဲ့နဲ့ ဘိန်းရိုင်းသယ်ယူပို့ဆောင်ကုန်ကူးတဲ့ အလုပ်ကို လုပ်နေပါပြီ။ (ဘဝတစ်လျှောက် လုံး အိမ်ထောင်မပြုပါ။ အခု ရန်ကုန်မှာ နေထိုင်ပါတယ်။ စာရေးသူ ၂၀ဝ၂ ခုနှစ် ဧပြီလတုန်းက ရွှေတြိဂံနယ်မြေကို ရောက်ရှိပြီး သူ့ဆီသွားရောက်ဂါရဝပြု တွေ့ဆုံပါတယ်။ အသက် ၇၀ ကျော် ဇရာထောင်းနေတဲ့ မမလေးရန်းအော့ ဒီတုန်းက ဆေးရုံတက်နေရတယ်။ သူ့အသက်ဟာ နေဝင်ဆည်းဆာချိန်ကို ဆိုက်ရောက်နေပါပြီ) သူ့မှာ တပ်ဖွဲ့အင်အား လက်နက်အပြည့်အစုံ တပ်ဆင် ထားတဲ့ မြင်း (လား) ကုန်ကူးတပ်သား နှစ်ရာရှိပါတယ်။ အဲဒီလက်နက်ကိုင် တပ်ဖွဲ့ရဲ့ တပ်မှူးကတော့ လော်မိသားစုဝင်၊ စတုတ္ထမြောက် လော်လောင်ပန်ရဲ့ သားတော် လော်စစ်ဟန်ပါပဲ။ လော်စစ်ဟန်ဟာ မမလေးရန်းအော့ (အောလစ် ရန်း) ထက် ဆယ်နှစ်ကျော် ငယ်ပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ လော်စစ်ဟန် ဟာ နယ်စားပယ်စား အရှင်သခင်မကြီးရဲ့ ဂုဏ်သတင်းအရှိန်အဝါကြောင့်ရယ်၊ သူ့ရဲ့ ပင်ကိုယ်အရည်အသွေးကြောင့်ရယ် ပေါင်းစပ်လိုက်တော့ လော်စစ်ဟန် ရဲ့ အင်အားဟာ အလျင်အမြန်ပဲ ရှင်သန်ကြီးထွားလေတယ်။

လော်စစ်ဟန်အစရှိသူတို့က လက်နက်တပ်ဆင်ထားတဲ့ ကာကွယ်ရေး တပ်ဖွဲ့ကို အလေးထားထောက်ခံပြီး မိမိကိုယ်ကို တည်ကြည်လေးနက်အောင် ဂရုပြုပါတယ်။ ကိုယ့်အင်အားကိုလည်း အလေးထားပြီး အမှီအခိုကင်းအောင် ပြုမူနေထိုင်ပါတယ်။

ကိုးကန့်မှာ အဓိက အရေးပါတဲ့ အင်အားစုကြီး သုံးခုဆိုတဲ့ အနေ အထားကို ရောက်ရှိလာပါတယ်။ ပထမအင်အားက ရန်းကျဲန်စိန်းရဲ့ ဗမာလူမျိုး ဆန့်ကျင်ရေး လက်နက်ကိုင်အင်အား။ ဒီအထဲက တစ်စိတ်တစ်ပိုင်းက ထိုင်း နိုင်ငံကနေ ရန်းကျဲန့်ယဲ့က ဦးဆောင်ပါတယ်။ ဒုတိယအင်အားက လော်စစ်ဟန် ဦးဆောင်ပြီး မြန်မာအစိုးရ ကျောထောက်နောက်ခံ တောင့်ပေးထားတဲ့ ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့။ လူမျိုးရေး ပဋိပက္ခ တစ်နေ့ထက်တစ်နေ့ ပြောင်းလဲလာမှုကို လိုက်ပါပြီး မြန်မာအစိုးရက ကိုးကန့်ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားပါတယ်။ ၁၉၅၈ ခုနှစ်။ မြန်မာတပ်ခွဲ တပ်ခွဲဟာ ကိုးကန့် တစွေ ထန်ရေကန်ကြီးမှာ တပ်စခန်းချထားလိုက်တယ်။ ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်။ မြန်မာစစ်တပ်ထောက်လှမ်းရေးဌာနက အရှေ့မြောက်ဘက် စစ်နယ် မြေမှာ တစ်ပြိုင်တည်း လှုပ်ရှားလာပါတယ်။ ကိုးကန့်နယ်မြေက မျက်နှာကြီးပိုင်း လူတွေရော၊ သူတို့ပိုင်ပစ္စည်းတွေကိုပါ ရှာဖွေဖမ်းဆီးလေတယ်။ ရန်းဝံချန်က ရန်ကုန်မှာ ရောက်နေတယ်။ ရန်းကျဲန်ချိုင်က လားရှိုးမှာ။ မမလေးရန်းအော့က ရန်ကုန်မှာ။ အားလုံးတစ်ပြိုင်တည်း၊ တစ်ချိန်တည်း ဖမ်းလိုက်တယ်။ မြန်မာ ပြည်အရှေ့ဘက်ဆီ ရောက်နေတဲ့ လော်စစ်ဟန်တောင် အဖမ်းခံရတော့မလို ဖြစ်သွားပါသေးတယ်။ မြန်မာ့တပ်မတော် တပ်မ ၇၇ က အလုံးအရင်းနဲ့ အပြီးအစီး ကိုင်တွယ်လိုက်တယ်။ ကိုးကန့်နယ်မြေဒေသကို အလျင်အမြန် ထိုးစစ်ဆင်မှုကြီးကို စတင်လိုက်ချေပြီ။

၁၉၆၅ ခုနှစ်၊ မေလ။ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဖုန်ကျားရှင် ကိုးကန့် တော်လှန်ရေးတပ်ကို လျှို့ဝှက်ဖွဲ့စည်းလိုက်တယ်။ သူတို့ကို ကိုးကန့်အရပ်သူ အရပ်သားတို့က တတပ်တအား အားပေးထောက်ခံကြပါတယ်။ ဒါ့အပြင် အစိုးရကို ဆန့်ကျင်ကြောင်းပါ ဗြောင် ကြေညာလိုက်တယ်။

စစချင်းမှာ ဖုန်ကျားရှင်ဟာ သူ့ညီ ဖုန်ကျားဖုတို့ ခေါင်းဆောင်ပြီး လူ ၁၅၀ လောက်ကို လက်နက်တပ်ဆင်ပေးလိုက်တယ်။ ဒီလိုနဲ့ ၁-၁-၁၉၆၈ ခုနှစ်မှာ ဗမပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တော်လှန်ရေး တပ်မတော်ဆိုတဲ့ အလံတော်ကို လွှင့်ထူပြီး ကိုးကန့်နယ်မြေပေါ်မှာ တဖန်ခြေချလိုက် ပြန်တယ်။ ထိုအချိန် ထိုအခါက အစပြုပြီး ကိုးကန့်မြေလွှာပေါ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ က နှစ်ပေါင်း နှစ်ဆယ်ကျော်ကျော် စိုးမိုးအုပ်ချုပ်လေတယ်။

၁၉၆၈ ခုနှစ်။ ဗမာပြည်ကွန်မြူနစ်ပါတီတို့ ကိုးကန့်နယ်မြေဒေသကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်။ ၁၉၇၂ ခုနှစ် ရောက်လာတော့ ကိုးကန့်ဟာ လုံးဝ လွတ်မြောက်သွားပြီး အခြေစိုက်ဒေသဖြစ်သွားပါပြီ။ ကိုးကန့်ခရိုင်ရယ်လို့ တည်ထောင်မှုစနစ်ဟာ နှစ်ဆယ်ရာစုခေတ် ၇၀ နှစ် ခေတ်ကာလဟာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ နယ်မြေအုပ်ချုပ်မှု ပုံရိပ်ငယ်ပဲ ဖြစ်ပါတယ်။ စာရေးသူ (သတင်းထောက်) ဟာ ကိုးကန့်မှာ ခုဆို အသက် ၃၀ အရွယ်ရှိတဲ့ ကိုးကန့် တကျူချင်းရွာသား လော်စစ်ဝေနဲ့ ထိတွေ့ခဲ့ပါတယ်။ သူဟာ ကိုးကန့်လောက် ကိုင်မှာ သွေးချင်းထဲက အစ်ကိုနဲ့ တွဲပြီး ကုန်စုံဆိုင်လေး တစ်ဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပါတယ်။ အရင်က သူတို့ တနယူချန်းမှာ နေထိုင်ကြ တယ်။ ပြောင်း၊ ဆန်၊ လက်ဖက်၊ စပါးနဲ့ ပေါ်ပီ (ဘိန်း) စိုက်ပြီး နေထိုင်ကြ တယ်။ သူ့မိသားစုနဲ့ လော်စစ်ဟန် မိသားစုတို့ဟာ မျိုးနွယ်စုတစ်ခုတည်း ဖြစ်တယ်။ မျိုးရိုးဝါစဉ်အကြီးအငယ်အရဆိုရင် သူက လော်စစ်ဟန်က ဘိန်းနဲ့ အထင်ကရ ကျော်ကြားတာကြောင့် သူ့ကို အဖက်လုပ်ပြီး အသွားအလာ မလုပ်ချေ။ လော်စစ်ဝေဟာ စက်မှုသက်တမ်း ရှည်ကြာစွာ ထမ်းဆောင်ပြီး တိုက်ပွဲတွေမှာ ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။ သာမန်အချိန်တွေမှာ သူဟာ အေးဆေးငြိမ်သက်ပြီး စကားအလွန်နည်းပါတယ်။ ဒါပေမဲ့ မြေပုံဖတ်တာမှာတော့ အရမ်းကို နှံ့စပ်ကျွမ်းကျင်လှပါတယ်။ ပညာဗဟုသုတ ပြည့်ဝသူလည်းဖြစ်တယ်။

လော်စစ်ဝေ ရှေးဖြစ်နောက်ဟောင်း အတိတ်ကြောင်းကို ပြန်လည်ပြော ပြချက်အရ - မူလက ဒီနေရာဟာ ကမ္ဘာဦးခေတ် သစ်တောနက်ကြီးဖြစ်ပါသတဲ့။ တရုတ်ပြည် မိန်ဧကရာဇ်မင်း ပြုန်းလုနီးရဲ့ အစပိုင်း ဧကရာဇ်မင်းကြီး ယုံလိ အဖမ်းခံရပြီးတဲ့နောက် အရေအတွက် ထောင်ချီတဲ့ နောက်လိုက်နောက်ပါ မှူးကြီးမတ်ရာတွေဟာ မန်ချူးမင်းဧကရာဇ်ထံ အညံ့ခံ ခိုလှုံကြပါတယ်။ တချို့ ကတော့ သုတ်သင်ချေမှုန်းရေးကို အသက်လုရှောင်ရင်းတိမ်းရင်းက ကိုးကန့် နယ်မြေထဲကို ရောက်ရှိလာကြပြီး အခြေစိုက်နေလိုက်ကြတယ်။

မိန်ဧကရာဇ်မင်းရဲ့ မင်းရာဇသွေး၊ မှူးကြီးမတ်ရာ မင်းမှုထမ်းတို့ရဲ့ မျိုးဆက်အနွယ်ဖွားတို့ဟာ မိမိတို့ရဲ့ ဇာတိက ဖုံးအုပ်တိမ်မြုပ်လိုက်ကြပြီး မထင်မရှားနဲ့ နေထိုင်ခဲ့ကြတယ်။ လော်စစ်ဟန်ရဲ့ ဘိုးဘေးတို့ဟာ မိန်ဧကရာဇ် မင်း ယုံလိရဲ့ အနီးကပ် အချစ်ဆုံးမင်းမှုထမ်း၊ နန်ကင်းမင်း၊ နေပြည်တော်က ထင်ရှားတဲ့ မင်းခစားတပ်မှူးကြီးဖြစ်ပါတယ်။ မိသားစု မျိုးဆက်ရှစ်ဆက်မြောက် က လော်စစ်ဟန်ရဲ့ မွေးသဖခင် လော်ချောင်ရှင်းဖြစ်တယ်။ ကနေ့ ကိုးကန့်တို့ ဘိုးဘေးစဉ်ဆက် ကမ္ဗည်းမှတ်တိုင်အမှတ် လေးလေးစားစား စိုက်ထားပါတယ်။

လော်စစ်ဝေ ရှင်းပြချက်အရ ''ကိုးကန့်''ဆိုတာ ရှမ်းဘာသာ စကားဖြစ် တယ်။ ''ကိုး (ကို)'' ကကိုးဆိုတဲ့ ကိန်းဂဏန်းလို့ ယူလို့လည်းရတယ်။ ''ကန့် (ကန့်)'' ရဲ့ အဓိပ္ပာယ်က လူနေအိမ်၊ တွဲဖက် အဓိပ္ပာယ်ကောက်လိုက်တော့ ''လူနေအိမ် ကိုးအိမ်'' ဖြစ်တယ်။ ကိုးကန့်ရဲ့ အင်္ဂလိပ်လိုက ဓုသ ုညေါဓ ယာဝူ ဝမ့်အင်တာနက်ဂိတ်ရဲ့ ဖွင့်ဆိုချက်က ''မြန်မာနိုင်ငံ ရွှေတြိဂံမှာ နေထိုင်ကြတဲ့ တရုတ်ပြည်ဘက်ကလာတဲ့ တိုင်းရင်သား လူနည်းစု''တဲ့။ ကိုးကန့်တွေ ကိုယ့်ကို ကိုယ် ဖွင့်ဆိုတဲ့ ရှင်းလင်းချက်က ''ကိုး (ကို)'' ဆိုတာ ပြည်သားခြင်း၊ ''ကန့် (ကန်) က ရဲရင့်ခြင်း။ ဒီတော့ ''ရဲရင့်ပြတ်သားခြင်း'' ။ ဒါဟာ ကနေ့ ကိုးကန့် တွေ ကိုယ့်တိုင်းရင်းသားတို့ရဲ့ သဘောထားကြေညာချက်လည်း ဖြစ်နေပါတယ်။