Breaking News

နှင်းခါးမိုး - အပုတ်ဆန်တဲ့နေ့များ

နှင်းခါးမိုး - အပုတ်ဆန်တဲ့နေ့များ
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၁

လမ်းလည်ကောင် ပုံကျနေတဲ့ဆိုင်းဘုတ်အောက်မှာ အလောင်းတလောင်း။
သွေးစတွေနဲ့ဖိနပ်ဦးထုပ်များ၊ မချိတင်ကဲဆဲသံဆိုသံ ကျိန်စာတိုက်သံတွေနဲ့ မျက်ရည်ပန်းစည်းများ။

ခဏနေတော့ ပုံမှန်နေ့စဉ်ဘဝထဲ ကားတန်းကြီးများ၊ သုတ်သုတ်ပြာပြာလူများ၊ လူမှုပလက်ဖောင်းပေါ်မှ ဓာတ်ပုံများ၊ စကားလုံးများ၊ ကြေကွဲဒေါသများ။

ရက်တွေရာချီနေပြီ၊ ညဟာ ပိုမှောင်လာတယ်။ မိခင်ဟာ နာကျင်မှုကို အဆုံးထိအန်ထုတ်လိုက်တယ်။ 
ပန်းတွေတလွှာချင်းပွင့်သလို အာရုံဦးငှက်တွေ တကောင်ချင်းနိုးထလာသံ နားစွင့်ကြလော့။

ဒီသတ္တဝါတွေကိုဆဲဖို့ စကားလုံးမရှိ၊
ဒီမြို့ကြီးမှာ သွေးအေးခွင့်မရှိ။

နှင်းခါးမိုး

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar