Breaking News

အိဏ်ဝေး (ဆားလင်းကြီး) ● ကျေးလက်လမ်းကလေးတို့ရေ

(မိုးမခ) မေ ၁၂၊ ၂၀၁၉

မနက်စောစော John Denver ရဲ့ Country Roadsသီချင်းဖွင့်ပြီး စီးမျောရင်း ငေးမောနေလိုက်တယ်။ ကျန်းမာရေးအခြေ အနေကြောင့် ရွာပြန်ရောက်နေတာ နှစ်ပတ်ပြည့်တော့မယ်။ ရွာရောက်မှ ရွာရဲ့အခြေအနေကို တိတိကျကျ ခံစားမိတော့ တယ်။ ဖြူရော်ရော် လမ်းတွေအရွက်မဲ့ သစ်အိုပင်ကြီးတွေ ရေခမ်းနေတဲ့ ရေတွင်းတွေ အရင်က အိမ်ခြေ ရာကျော်ရှိခဲ့တဲ့ ရွာကလေးဟာ အခုတော့ သုံးပုံတပုံလောက်သာကျန်ရစ်ပြီး  ပျင်းရိငြီးငွေ့ဖွယ်အတိဖြစ်လို့။ ရွာရဲ့မြောက်ဘက်  လက်ပံ တောင်းတောင်ဆီက နေ့ရောညပါ စက်သံ ကားသံတွေ ဆူညံလို့။ သေချာတာတစ်ခုကတော့ ဒါဟာ မြင်နေကြမြင်ကွင်းမှန်တွေ မဟုတ်ဘူးဆိုတာပါပဲ။

ဟိုးအရင်က အခုလိုရွာပြန်လာချိန်ဆို  စာသင်သားတွေ ကျောင်းသားတွေနဲ့ ကျောင်းလေးဟာ စိုစိုပြေပြေရှိလှရဲ့။ ရွာကျောင်း ဘုန်းကြီးရဲ့ ဓာတ်စက်သံ တပည့်တွေရဲ့အားနဲ့ အင်တိုက်အားတိုက် ပေါင်းတွေနှုတ်ကြ လမ်းတွေပြင်ကြနဲ့ ကျောင်းပိတ်ရက် တွေဟာ ပျော်စရာပေါ့။ အခုတော့ အပေါင်းအဖော် စာသင်သားသူငယ်ချင်းတွေလည်း လူ့ဘဝကို ခုန်ဆင်းသွားကြပြီ။ ရွာဦး ကျောင်းမှာပျော်တဲ့ သာမဏေငယ်ကလေးတွေ ကျောင်းသားငယ်ကလေးတွေလည်း ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ပြီ။ အရင် လို မနက်မိုးလင်းတာနဲ့ ကြေးစည်ထုပြီး ဆွမ်းခံမယ့် သာမဏေငယ် ကျောင်းသားငယ်တွေလည်း မရှိကြတော့ပါဘူး။

ခေတ်ကပွင့်လင်းလာတော့ မမြင်ဖူးမကြားဖူးတဲ့အာရုံတွေကို အလယ်တကူတွေ့ထိနိုင်လာကြတယ်။ နည်းပါးလာတဲ့ သဒ္ဓါ တရားနဲ့ ချဲ့ထွင်တွေးတောတတ်လာတဲ့ အသိဉာဏ်တွေ ထပ်တူမကျကြတဲ့အခါ မြတ်နိုးတန်ဖိုးထားစရာ ဘာသာတရားကို တောင် အထင်အမြင်သေးလာကြ။ သားရဟန်းရဲ့ မယ်တော် ခမည်းတော်အဖြစ်ကို ဂုဏ်ယူတဲ့မိဘတွေထက် ဘွဲ့ရပညာတတ် သားတယောက်ရဲ့ မိဘအဖြစ်ကို ပိုပြီး ခုန်မင်လာတာကိုတွေ့လာရတယ်။

ဘဝတွေထဲကို ထင်မှတ်မထားတဲ့ အရာတွေဟာ အမြဲရောက်လာနေကြမဟုတ်လား။ လက်ပဲတောင်းတောင်စီမံကိန်းကြီး စတင် တော့ ရွာမှာနိုင်ငံရေးတွေ နိုင်ငံရေးသမားဆိုသူတွေနဲ့ ရှုပ်ယှက်ခပ်ကြရ။ မြန်မာတွေရဲ့ ထုံးစံအတိုင်း တခုခုဆို တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝမ်းတွေကွဲကြ အပြစ်တွေဖို့ကြနဲ့ အခုတော့ ရွာကလေးလည်း နှစ်ခြမ်းကွဲခဲ့ပြီ။ သိမ်းဆည်း ခံလိုက်ရတဲ့ယာတွေ ဘယ်တော့ပြန်ရမယ်ဆိုတာ မသေချာ ပြန်ရခဲ့ရင်လည်း ပြန်လည်အသုံးပြုလို့ရဖို့မသေချာတဲ့ ယာတွေနဲ့ ဘဝတွေဟာ စုတ်သပ်ချင်စရာ။ ယာမြေတွေလုပ်ကိုင်ရင်း ဘိုးဖွားအဆက်ဆက် အသက်မွေးလာခဲ့ကြပေမယ့် ယာတွေ အသိမ်းခံ လိုက်ရတဲ့ခါ ရရာအလုပ်ကိုလုပ်ရင်း ကိုယ့်အသက်ကို ကိုယ်ပြန်မွေးမြူနေကြရတယ်။ တချို့လည်း တရုတ်က လုပ်နေတဲ့ ကြေးနီတောင်စီမံကိန်းထဲမှာ အလုပ်ရသူရပေါ့။ တိုင်းတစ်ပါးသွားမှ မဟုတ်ပါဘူး ကိုယ့်နိုင်ငံအတွင်းမှာလည်း တိုင်းတစ်ပါးကသူတွေရဲ့ လောင်းရိပ်အောက်မှာ ရှင်သန်ရ ရုန်းကန်ရကြောင်းနားလည်ခဲ့ပါပြီ။

42 °C အပူချိန်အောက်မှာ နေ့တွေကိုဖြတ်သန်းနေရတယ်။ လက်ပံတောင်းတောင်ကနေတိုက်လာတဲ့လေထုထဲမှာ အနံ့ အသက် နဲ့ စပ်ဖျင်းဖျင်းအရသာက လူတွေကို ဘာဖြစ်စေသလဲ။ သစ်ပင်နဲ့ သောက်ရေသုံးရေ သဘာဝပတ်ဝန်းကျင်ကို ဘာဖြစ်စေလဲဆိုတာ တိတိကျကျမသိပါဘူး။ ဒါပေမဲ့ အဲဒီလိုအနေအထားတခုအောက်မှာ ကျွန်တော်တို့ရွာကလေး တည်ရှိ နေပါတယ်။ ယာမြေတွေအသိမ်းခံလိုက်ရလို့ အလုပ်အကိုင်မရှိတဲ့သူတချို့ ရေမရှိတဲ့ဒဏ် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကိုမခံနိုင်တဲ့သူတချို့ကတော့ အစိုးရသတ်မှတ်ပေးတဲ့ နေရပ်ဆီကိုပြောင်းရွှေ့သွားကြပါပြီ။ ဘယ်သူတွေကျန်ရစ်မလဲဆိုတာသေချာမပြောနိုင်ပေမယ့် တအိမ်ပြီး တအိမ်ပြောင်းရွှေ့သွားလိုက်ကြတာ အခုတော့ သုံးပုံတစ်ပုံခန့်ပဲ ကျန်ရစ်ခဲ့တယ်။ သူတို့လည်း တိုင်းပြည်၊ စီးပွားရေး၊ ရာသီဥတုကပေးတဲ့ဒဏ်ကို ဘယ်လောက်ထိခံနိုင်မှာလဲပေါ့။

ကျွန်တော်တို့ဘဝတွေမှာ မသေချာမှုတွေအများကြီးပါပဲ။ ကျွန်တော်တို့ကနေ ဆင်းသက်ပေါက်ဖွားလာမယ့် သားသမီးတွေရဲ့ နောင်ရေးတွေ မသေချာဘူး။ ကျွန်တော်တို့ကိုယ်ပိုင်မြေတွေအပေါ် ကျွန်တော်တို့ရုပ်ကလာပ်တွေကို သဂြိုလ်ရဖို့မသေချာ ဘူး။  ပြန်နေကျ လမ်းတွေအတိုင်း နောက်တစ်ခါ နင်းလျှောက်ရဖို့ မသေချာဘူး။ ဘယ်အရပ်ကိုပဲရောက်ရောက် Country Roads သီချင်းကလေးကို ညည်းရင်း အလွမ်းတွေကို ဖြေသိမ့်ခဲ့ရပေမယ့် နောင်တချိန်မှာ ကျွန်တော်တို့ပြန်နေကျ လမ်းတွေ အတိုင်း ကိုယ့်မွေးရပ်မြေဆီပြန်လာရဖို့ဆိုတာလည်း မသေချာတော့ပါဘူး။

အိဏ်ဝေး (ဆားလင်းကြီး) အိဏ်ဝေး (ဆားလင်းကြီး) ● ကျေးလက်လမ်းကလေးတို့ရေ

အိဏ်ဝေး (ဆားလင်းကြီး)