Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၉)

၀ ကလေးစစ်သားများ ၂၀၁၈ သတင်းတခုက


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၉)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  နိုဝင်ဘာ ၁၅၊ ၂၀၁၉

အပိုင်း (၇) - ကမ္ဘာ့အကြီးမားဆုံး ဘိန်းဘုရင်နယ်မြေအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခြင်း

တရုတ်ပြည်တွင်းကလိုုမျိုး တွေ့သမျှ၊ မြင်သမျှ ရှုခင်းရှုကွက်တွေဆီ အတင်းထိုးဖောက်ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ချင်းတိုင်း ရိုက်လို့မရပါ။ ခင်ဗျား တို့အရင်ဆုံး ကြိုတင်တွေးထားရမှာက ခင်ဗျားတို့လုပ်နေတဲ့ အလုပ်က မူးယစ် ဆေးဝါး အစဦးဆုံး ထွက်ရှိတဲ့ ရင်းမြစ်နယ်မြေက ရှောင်ရှားရမယ့် အချက်တွေကို ခင်ဗျား ချိုးဖောက်လုပ်နေလို့ပဲ။ ဒီချိုးဖောက်လုပ်ကိုင်တဲ့အတွက် ဖြစ်ပေါ်နိုင်ချေ တွေက ဘာတွေလဲဆိုတော့ ခင်ဗျားရဲ့ ကင်မရာ သူတို့ကို ချိန်လိုက်တာနဲ့ သူတို့သေနတ်ပြောင်းဝကလည်း ခင်ဗျား ရင်ဝကို ချိန်ထားပါလိမ့်မယ်။ တရုတ် လူမျိုးတွေအမြဲလိုလိုပဲ အဲဒီနေရာမှာ ပစ်သတ်ခံရတာရှိတယ်နော်။ အဲဟိုနေရာ မှာက သေနတ်လက်နက်က နေရာအနှံ့ မြင်တွေ့ရမှာပါ။ သေနတ်နဲ့ မူးယစ် ဆေးဝါးဆိုတာက တသားတည်းဗျ။

ခရီးစတင် မထွက်ခင် သတင်းထောက်အဖွဲ့ကို ဖွဲ့စည်းတဲ့ ယူနန်ပြည် နယ် သတင်းပူးပေါင်းရေးအဖွဲ့ရဲ့ တာဝန်ခံက ယူနန်ပြည်နယ် စူးမောင်နယ်မြေ က လက်နက်ကိုင်ရဲအရာရှိကို ဖိတ်ခေါ်လာပါတယ်။ အဲဒီရဲအရာရှိက ကျွန်တော် တို့ သတိထားရမယ့်အချက်ကိုလည်း အလေးထား ပြောပြပြန်တယ်။ ''ကိုယ့် ပြည်တွင်း ''တရုတ်ပြည်တွင်း'' ကလို လုပ်လို့မရဘူးခင်ဗျ။ ကောင်းတဲ့ ရိုက်ကွင်း ရိုက်ကွက်ဆိုပြီး အတင်းထိုးတက်သွားပြီး မရိုက်လိုက်လေနဲ့ဗျို့။ ပြဿနာတွေ တက်သွားကုန်မယ်။ ခင်ဗျားတို့ ရှေးဦးဆုံး စဉ်းစားထားရမှာက ခင်ဗျားတို့ အခုလုပ်နေသမျှတွေအားလုံးက မူးယစ်ဆေးဝါး ရင်းမြစ်မြေက အရှောင်ရှားရ ဆုံး ကိစ္စတွေချည်းပဲဗျ။ ခင်ဗျားတို့ ခုနကလိုမျိုး ကင်မရာနဲ့ ရိုက်မယ်ဆိုတဲ့ အကျိုးဆက်ဖြစ်နိုင်ချေအရှိဆုံးက ဒီလိုဗျ။ ခင်ဗျားက ကင်မရာနဲ့ သူတို့ကို ချိန်လိုက်တယ်။ ဖျတ်ဆို သူတို့ရဲ့လက်ထဲက သေနတ်ပြောင်းဝကလည်း ခင်ဗျား ကို ချိန်နှင့်ပြီးသား။ ကျွန်တော်တို့ တရုတ်တွေ အဲဒီမှာ သေတာ မကြာခဏပဲ။ မနည်းတော့ဘူးဗျ။ အဲဟိုမှာ သေနတ်က ဘယ်နေရာမှာမဆို တွေ့ရမြင်ရတာနော်။ သေနတ်နဲ့ မူးယစ်ဆိုတာက တစ်အိမ်သားတွေလေဗျ''

သတင်းထောက်တွေ ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်ကနေ ထွက်မလာခင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် သတိပေးကြဖို့ ကြိုတင်သတိပေး ထားကြပါတယ်။ ''အချိန်မရွေး နေရာမရွေး သိနေရမှာက ဒါဟာ ကိုယ့်ပြည် တွင်းမဟုတ်ဘူး၊ ဒီမှာက နဂါးပွက်အိုင်တွေ၊ ကျားရဲတွင်းတွေ ပွထနေတဲ့ ရွှေ တြိဂံဖြစ်တယ်။ အားလုံးဟာ ရှေးဦးဆုံး လုံခြုံရေးကို မေ့မနေဖို့ပဲ''။ စွန့်စား သတင်းယူကြမယ့် သတင်းထောက်အဖွဲ့ရဲ့ လုံခြုံရေးအတွက် စူးမောင်နယ်က လက်နက်ကိုင်ရဲတပ်ဖွဲ့က ဝါဒဖြန့်ချိရေးကေဒါကို စေလွှတ်ထားပါတယ်။ မုန်း လျိုင်က ထိုင်း ''ရှမ်း'' တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ် ရေးခရိုင် ပြည်သူ့လုံခြုံရေးဌာန ဌာနမှူးကလည်း တစ်ရက်စောပြီး နယ်နိမိတ် ဖြတ်ကျော်ပြီး လှုပ်ရှားပါတယ်။ ဒါတွေဟာ သတင်းထောက်အဖွဲ့ရဲ့ လုံခြုံရေး ကို ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ဆိုတာက မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေထဲမှာ အကြီးမား ဆုံး တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ဖြစ်တယ်။ တစ်နိုင်ငံလုံးရဲ့ ၁/၆ ဧရိယာမြေအနေအထားမှာ ရှိပါတယ်။ ဝပြည်နယ်ဆိုတာက ရှမ်းပြည်နယ် ကြီးထဲ တစ်ခုတည်းသာရှိတဲ့ လွတ်လပ်မှုရှိတဲ့ ပြည်နယ်ထဲက ပြည်နယ်ပါ။ တည်နေရာကတော့ ကိုးကန့်တောင်ဘက်ပိုင်းက ကြီးမားကျယ်ဝန်းတဲ့ တောင် တန်းဒေသဖြစ်ပါတယ်။ ဝ၊ ကချင်၊ လီရှော၊ လားဟူတိုင်းရင်းသားနဲ့ ကရင်တိုင်းရင်းသားတို့ တူကြပါတယ်။ ခရစ်ယာန်ကို ယုံကြည်သက်ဝင်ကြပါတယ်။ ဒါပေမဲ့ အနောက်တိုင်းသားတွေက လီရှောတွေလို စာပေ တီထွင်ပေးခြင်းမရှိ ပါ။ ဝတိုင်းရင်းသားနှင့် အနောက်တိုင်းသားတို့ရဲ့ ပတ်သက်မှုဟာ ကချင်တိုင်း ရင်းသားတွေလိုမျိုး တရင်းတနှီး တယ်မရှိလှပါ။

၁၉၅၉ ခုနှစ်။

 မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားအသီးသီးတို့က မြန်မာအစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ စတင်ပြီး လက်နက်တပ်ဆင် တိုက်ခိုက်ကြပါတယ်။ လက်နက်ကိုင်အဖွဲ့ကြီး ၉ ဖွဲ့ထဲမှာ ဝပြည်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့လည်း ပါဝင်ပါတယ်။ စော်ဘွားနောက်မျိုးဆက် မဟာစန်း ခေါင်းဆောင်တဲ့ ဝလူမျိုး လွတ်မြောက်ရေးတပ်ဖွဲ့လည်း ပါဝင်ပါတယ်။ နောက် ပိုင်းမှာတော့ ကနေ့ ဝပြည်ထောင်နယ်အစိုးရ နိုင်ငံရေး အတိုင်ပင်ခံ ဥက္ကဋ္ဌ ယဲန်ရှောင်စွတ် အစရှိသူတို့ ပါဝင်လာကြပါတယ်။ ၉၀ ခုနှစ် အစပိုင်းမှာ ဝအမျိုးသားလွတ်မြောက်ရေးတပ်မတော်က မြန်မာပြည်မြောက်ပိုင်း ဝအဖွဲ့ အစည်းရဲ့ ဝပြည်နယ်ညွန့်ပေါင်းတပ်ဖွဲ့ထဲ ဝင်ရောက်ပူးပေါင်းလိုက်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ခေတ်ကာလ။ 

ဝတိုင်းရင်းသားနယ်မြေမှာ ဝတိုင်းရင်းသားတပ်သားတွေ အဓိကထားပြီး ဖွဲ့စည်းထားတဲ့ အလယ်ပိုင်း စစ်ဒေသကို တည်ထောင်လိုက်ပါတယ်။ မူလကတည်းက သူတို့ဟာ ဗမာပြည် ကွန်မြူနစ်ပါတီအထဲက အထူးတလည် တိုက်ရည်ခိုက်ရည်ရှိတဲ့ တပ်ဖွဲ့ဖြစ်ပါ တယ်။ တရုတ်ပြည်နယ်နိမိတ်ထဲမှာလည်းပဲ ဝတိုင်းရင်းသားတွေအများအပြား ရှိပါတယ်။ သူတို့တွေဟာ ကွန်မြူနစ်တွေ ရောက်လာကြတော့ နှစ်ပေါင်းများစွာ လုပ်ကြကိုင်ကြပြီးတော့မှ တောင်ယာမီးရှို့ စူးထိုးစိုက်တဲ့ စီးပွားရေး ''ရွှေ့ပြောင်း တောင်ယာ'' စနစ်ကနေ ရုန်းထွက်ကြသူတွေဖြစ်ကြတယ်။ အများစုကတော့ တရုတ်ပြည် လိန်ချန်းနှင့် စူးမောင်တဝိုက်နယ်စပ်က အမြင့်ဆုံး တောင်တန်းဒေသ တွေမှာ နေကြပါတယ်။

ဝတိုင်းရင်းသားနှင့် ဝပြည်နယ်ဒေသဟာ မြန်မာပြည်အရှေ့မြောက်ပိုင်း တောင်တန်းဒေသမှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံတဝှမ်းလုံးမှာ ကမ္ဘာဦးလူသား ဆန်တဲ့ ရှေးအကျဆုံး အရိုင်းအစိုင်းနယ်မြေဒေသရယ်လို့ သတ်မှတ်ကြပါတယ်။ ရှမ်းကုန်ပြင်မြင့်မှာ တိုင်းရင်းသားလူမျိုးချင်း မတူကြဘဲ အတူနေထိုင်ကြတဲ့ ဒေသရယ်၊ ယင်းတိုင်းရင်းသားလူမျိုးတို့ရဲ့ အင်အားတောင့်တင်းမှုတွေဟာ တစ်ဦးနှင့်တစ်ဦး တပြေးညီ ဖြစ်နေကြပါတယ်။ ဝတိုင်းရင်းသား၊ လီရှောတိုင်း ရင်းသားနှင့် ကချင်တိုင်းရင်းသားတို့က တောင် ကြီးကြီးမားမားကြီးတွေပေါ်မှာ နေလေ့နေထများပါတယ်။ ဝတိုင်းရင်းသားတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် သမိုင်း ကြောင်းအဆင့်အတန်းကို ထိုတိုင်းရင်းသားတို့ မှီတင်းနေထိုင်ကြတဲ့ ပထဝီ မြေနေရာ အကောင်းအဆိုး ကိုက်တံနှင့် တိုင်းတာလို့ ရနိုင်ပါတယ်။ ဘိန်းရာဇာ ကြီးတွေရဲ့ ခေတ်ကာလ၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေတ်ကာလတွေတုန်းက မူးယစ်ဆေးဝါး စီးပွားရေးအကျိုးအမြတ် ထိပ်တိုက်တိုးမှုကြီးတွေရယ်၊ မြန်မာ - ထိုင်းအစိုးရစစ်တပ်တွေရဲ့ နှစ်ကာလ များမြောင်လှတဲ့ စစ်ရေးဝိုင်းရံ ပိတ် ဆို့မှုကြီးတွေရဲ့ အောက်မှာရယ်၊ စစ်ပွဲတွေ အဆက်မပြတ်ဖြစ်ကြပြီး နေထိုင်မှု တွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေ၊ အသက်ရှင်သန်နေထိုင်ရမှုအဝန်းအဝိုင်းတွေက အင်မတန်ကို ဆိုးယုတ်လွန်းနေပါတယ်။ ဒါ့အပြင် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆို တဲ့အတိုင်း မိုးရာသီကာလတွေမှာ တောင်ကျရေကြောင့်ရယ်၊ အာရှအပူပိုင်း ဒေသဇုံရဲ့ ငှက်ဖျားရောဂါတို့ရဲ့ ထိုးနှက်မှုတွေပါ အလူးအလှိမ့်ခံနေကြရပါတယ်။ နှစ်စဉ်နှစ်တိုင်း ဖျားနာသေကြတာ လူအယောက် ထောင်ဂဏန်း သောင်းဂဏန်း အထက်မှာ ရှိပါတယ်။ ၄င်းနယ်မြေဒေသလူတွေရဲ့ ပျမ်းမျှအသက် ၄၀ ကျော် ကျော်ကလေးသာ ရှိပါတယ်။

၁၉၆၀ ခုနှစ် မတိုင်ခင်က ဝတိုင်းရင်းသားတို့ဟာ ခေါင်းဖြတ်ပြီး ယဇ်နတ်ပူဇော်တာ၊ စပါးကောက်နှံပူဇော်တဲ့ ဓလေ့ကို တွင်တွင်ကျယ်ကျယ် လုပ်ကြပါတယ်။ ဝတို့စာ ဒီလိုမျိုး လူရဲ့ခေါင်းကို ခုတ်ဖြတ်၊ ပြန်ယူသွားပြီး ကောက်ပဲသီးနှံကို ပူဇော်ပသပါတယ်။ ဒီလို ယဇ်ပူဇော်မှသာ ကောက်ပဲသီးနှံ တွေဟာ လူ့မျက်နှာက မုတ်ဆိတ်ကျင်စွယ်တွေလို ဖြိုးမောက်ဝေဆာ၊ အထွက် တိုးလျှံချေမယ်လို့ ယုံကြည်ကြပါတယ်။ သူတို့တပ်သားတွေက ကုန်သည်ဟန် ဆောင်၊ လက်မှာ ကြိုးထုံးကိုဆွဲ၊ တောင်အောက်ဆီ ဆင်းချသွားပြီး လူဖမ်းလေ တယ်။ လစ်တာနဲ့ ခေါင်းကို ခုတ်ဖြတ်သုတ်ခြေတင် ပြန်ပြေးပြီး ယဇ်နတ်ပူဇော် လေတော့တာပါပဲ။ အနီးအနားဝန်းကျင်က တခြား တိုင်းရင်သားတွေက သူတို့ ရဲ့ ဒီလို အရိုင်းဓလေထုံးတမ်းကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြပါတယ်။ ဒါကြောင့်လည်း မိဘတွေက စကားနားမထောင်တဲ့ သားသမီးတွေကို ဟောသလို ခြိမ်းခြောက်ကြပါတယ်။ ''စကားနားမထောင်သေးဘူးလားဟင်၊ ဝတွေ နင့်ကို လာဖမ်းတော့မယ်''

၆၀ ခုနှစ်တွေမှာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုံးရယ်၊ ချူအင်လိုင်း တို့က ဝိုင်းရင်းသားတွေရဲ့ ဒီလို အရိုင်းအစိုင်းမျိုးကို ပြုပြင်ဖို့ လှှုုံဆော်ခဲ့ဖူးပါ တယ်။ ၆၀ ခုနှစ်မှာ မော်စီတုံးက ဝတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ကြတဲ့အခါမှာ မေးလိုက်ပါတယ်။ ''ခင်ဗျားတို့ဆီမှာ လူခေါင်းခုတ်ဖြတ်ပြီး ကောက်ပဲသီးနှံ ယဇ်နတ်ပူဇော်တာမျိုး အခုရှိသေးလားဗျ'' ဝတိုင်းရင်းသား ခေါင်းဆောင်က ပြန်ဖြေပါတယ်။ ''ပြုပြင်လိုက်ပါပြီ'' ။ တရုတ်ပြည်နယ်နိမိတ်ထဲက ဝတွေ ဒီလိုမျိုး ထုံးတမ်းဓလေ့တွေ အမြစ်ကစ ပျောက်ကွယ်သွားပါပြီ။ တရုတ် ပြည် နယ်နိမိတ်အပြင်ဘက်မှာတော့ အရင်အတိုင်းပဲ လူခေါင်းခုတ်ဖြတ်တဲ့ ကိစ္စတွေ ပေါ်ပေါက်နေပါသေးတယ်။ ၇၀ ခုနှစ်ပိုင်းရောက်လာတော့မှ ဝတို့ရဲ့ နယ်မြေကို စိုးမိုးအုပ်ချုပ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ မြောက်ပိုင်းခရိုင် ခရိုင် မှူး ကျောက်နီလိုင်က ဦးစီးဦးဆောင်ခြင်း၊ ခေါင်းဖြတ်ခံမယ့်ယဇ်ကောင် 'လူ' ကို မြေမှာ မြှုပ်ထားလိုက်တယ်။ ခေါင်းလုံးကလေးကိုသာ ဖော်ထားတယ်။ သူက သူ့ဘေးနာကလူ ''ဝလူမျိုး'' တွေကို မေးခွန်းထုတ်လိုက်တယ်။ ''တကယ် လို့များ တခြားလူတွေကလည်း ခင်ဗျားတို့ရဲ့ ခေါင်းကို အဲသလိုမျိုး ခုတ်ဖြတ်ကြ မယ်ဆိုရင်ပေါ့ဗျာ၊ ခင်ဗျား ဘယ်လိုများ ခံစားရမလဲဗျာ''။ အဲဒီအချိန်အခါက အစပြုပြီး နောက်ထပ် လူခေါင်းဖြတ်တာမျိုး မရှိတော့ပါ။ ဒါပေမဲ့ မျက်မှောက် ကနေ့အချိန်မှာလည်းပဲ ရှေးယခင်ကအတိုင်း ထောင်ချီတဲ့ လူ့ခေါင်းခွံတွေက ဝပြည်နယ်တွေရဲ့ တချို့ရွာတွေမှာ ချိတ်ဆွဲမြဲ ချိတ်ဆွဲလျက်ရယ်လို့ ပြောကြပါ တယ်။

၁၉၅၀ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်တွေအထိ ကူမင်တန်ပါတီ တပြွ်ကင်း တပ်ကျန်တွေ၊ ဝကိုးကန့်နယ်မြေတွေမှာ အခြေခံတပ်စခန်းတွေ တည်ဆောက်ထား ကြပါတယ်။ ၅၀ ခုနှစ် အလယ်ပိုင်း၊ ဝတွေဟာ ကူမင်တန် အြွကင်းအကျန်တပ် တွေနောက် လိုက်ပါသွားကြပါတယ်။ သူတို့တတွေဟာ ကိုယ့်အိုး ကိုယ်အိမ်၊ မိဘသားချင်းနဲ့ ရွာကိုပါ စွန့်ခွာပြီး လိုက်ပါသွားကြပါတယ်။ နောက်တော့ ကူမင်တန်အြွကင်းအကျန် တပ်တွေ ၁၉၅၁ ခုနှစ်၊ ဧပြီလနှင့် ဇူလိုင်လတွေမှာ ပြည်မကြီးကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ကြလေတယ်။ တချီတမောင်း တိုက်လိုက်ကြတတာ လိန်ချန်း၊ စူးမောင်နယ်တွေရဲ့ စွမ်းကျန်း၊ ကဲန်မာ၊ ကျဲန့် စန်း အစရှိတဲ့ ''ငါး'' ခရိုင်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြတယ်။ နောက်တော့ ကူမင်တန်တွေက နယ်စပ်နေ သောင်းချီတဲ့ ပြည်သူပြည်သားတွေကို အတင်းပဲ မြန်မပြည်မြောက်ပိုင်းကို ဆွဲခေါ်ပြေးသွားကြပါတယ်။ သူတို့ ဆွဲခေါ်သွားကြသူ တွေကို ရောက်ရှိတဲ့ အရပ်ဒေသမှာပဲ အခြေချ နေထိုင်လိုက်ကြတယ်။ ထိုးစစ် ဆင်တိုက်ခိုကတာတွေ၊ ဆွဲခေါ်ထွက်ပြေးကြတဲ့ သူတွေထဲမှာ ဝတွေရဲ့ အရေ အတွက်က အများစုဖြစ်ပါတယ်။

၁၉၇၀ ခုနှစ် ဧပြီလ။

 ဗမပြည်ကွန်မြူနစ်ပါတီက ခဝတောင်တန်းက မုန်းမောက်ကို တိုက်ယူသိမ်းပိုက်လိုက်တယ်။ ၁၉၇၂ ခုနှစ်မှာ တောင်ပိုင်း ဝ တောင်ရဲ့ ပန်စန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ရုံးတည်ရာနေရာနှင့် အလယ်ပိုင်းစစ်ဒေသဖြစ်လာပါတယ်။ ဦးစီးမှူးက လီကျူလူ '' ဟန်တရုတ်လူမျိုး'' ဖြစ်ပြီး၊ ဒုဦးစီးမှူးက ဝတိုင်းရင်းသား ခေါင်းဆောင် ပေါင့်ယိုရှန်ဖြစ်ပါတယ်။ လက်အောက်ခံစီရင်စုတွေက အမှတ် ၅ တပ်မဟာ၊ အမှတ် ၁၂ တပ်မဟာ၊ အင်အားလေးထောင်ကျော်ရှိပါတယ်။ တိုက်ရည်ခိုက်ရည်အမြင့်ဆုံး၊ အတောင့်တင်းဆုံး တပ်ဖြစ်ပါတယ်။ ကနေ့ ဝ ပြည်နယ်ညွန့်ပေါင်းပါတီ အတွင်းရေးမှူး ကျောက်နီလိုင်ဟာ ယခင်မူလက တရုတ်ပြည် ယူနန်ပြည်နယ် လိန်ချန်းဒေသ ချန်းယွမ် ဝတိုင်းရင်းသားကိုယ်ပိုင် အုပ်ချုပ်ရေးခရိုင် ယုန်ဟိုအမှတ် ၂ ကုန် ထုတ်လုပ်ရေး တပ်ဖွဲ့ငယ်လေးက စာရင်းကိုင်တစ်ယောက် ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီခေတ်ကောင်း စဉ်တုန်းက ခရိုင်မှူးဖြစ်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ အရံပါတီဝင်လည်း ဖြစ်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်၊ မတ်လ။ 

ဖုန်ကျားရှင်က ရှေးဦးဆုံး ကိုးကန့်ကနေ တပ်ကို ဦးဆောင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပါတယ်။ ဧပြီလ ၁၁ ရက်မှာ ကျောက်နီလိုင်၊ ပေါင့်ယိုရှန်တို့က အလယ်ပိုင်း စစ်ဒေသ အမှတ် ၅ တပ်မဟာနှင့် အမှတ် ၁၂ တပ်မဟာ အရာရှိ၊ အရာခံတပ်သား အားလုံးကို ခေါင်းဆောင်ပြီး တပ်ပုန်ကန်လေတယ်။ ၁၇-၄-၁၉၈၉ နေ့မှာ ဗဟိုကိုယ်ရံတော် တပ်ဖွဲ့ တပ်မဟာနိုင်ငံရေးမှူး လိုချန်ပေါင်နဲ့ အတွင်းချိတ် ချိတ်ပြီး ပုန်ကန်ကြ ပြန်တယ်။ တပ်မဟာနှစ်တပ်က ဗဟိုကော်မတီရုံစိုက်ရာ ပန်ခန်းကို ဝိုင်းထား လိုက်ကြတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီခေါင်းဆောင်အားလုံးကို နှင်ထုတ်လိုက် ကြတယ်။

၂၂-၄-၁၉၈၉။ 

ကျောက်နီလိုင်က မြန်မာနိုင်ငံ ဝပြည်နယ် ညွန့်ပေါင်း ပါတီဥက္ကဋ္ဌ၊ ပေါင့်ယိုရှန်က မြန်မာနိုင်ငံ ဝတိုင်းရင်းသား ညွန့်ပေါင်းတပ်ဖွဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူဖွဲ့စည်းလိုက်ကြပါတယ်။ ဌာနချုပ်ကို တရုတ်ပြည် အနောက် မဟာမိတ် ဝတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်နှင့် မြစ်တစ်မြစ် သာခြားတဲ့ မာရှောင်လန်ရွာမှာ တည်ထားလိုက်တယ်။ ဝညွန့်ပေါင်းတပ်ဖွဲ့တွေ ရယ် သီးခြားလွတ်လပ်ရေး တပ်ရင်းကြီး နှစ်ရင်းရယ်၊ ဗဟိုကိုယ်ရံတော် တပ်ရင်းရယ်ဆိုပြီး စီရင်းစုနယ်တွေ ပိုင်းခြားထားပါတယ်။ တပ်အင်အား တစ် သောင်းခွဲရှိပါတယ်။ နောက်ပိုင်းမှာ မူလက ဗမာပြည် ကွန်မြူနစ်ပါတီအလယ်ပိုင်း စစ်ဒေသ ဦးစီးမှူး လီကျူလူလည်း ပူးတွဲပါဝင်လာပြန်တယ်။ မြန်မာထိုင်းနယ်စပ် နယ်မြေဒေသက မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်ကြတဲ့ ယဲန်ရှောင်စွတ် လက်နက်ကိုင်တပ်ဖွဲ့၊ ဝေ့ရွှေလုံတပ်ဖွဲ့က အရေအတွက် ထောင်ချီတဲ့ လူတွေ လည်းပဲ ဝညွန့်ပေါင်းတနပ် ''၅၂၅ တပ်မ'' ထဲ ပူးပေါင်းပါဝင်လာကြပါတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရမဟုတ်တဲ့ အင်အားအကြီးမားဆုံး နယ်မြေခံ အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့ကြီးဖြစ်လာပါတယ်။

သူတို့တတွေ ဖုန်ကျားရှင်ရဲ့ နေရာကို ဆက်ခံကြပြီးတဲ့နောက် မြန်မာ အစိုးရနဲ့လည်း သဘောတူညီချက်ရယူလိုက်ကြပါတယ်။ မြန်မာအစိုးရကို အသိအမှတ်ပြုလိုက်တယ်။ လွတ်လပ်စွာ တသီးတခြားကိုယ်ပိုင် အုပ်ချုပ်ရေးကို ဆောင်ရွက်တယ်။ ရှမ်းပြည်နယ် အမှတ်နှစ် အထူးဒေသကို တည်ထောင်လိုက် တယ်။ ဒီနောက်ပိုင်းတွေမှာလည်း မြန်မာအစိုးရနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးကြပါတယ်။ အဲဒီကနေ ဝပြည်နယ် အဖွဲ့ကြီးကို တည်ဆောက် လိုက်တယ်။ ဒါကို မြန်မာအစိုးရ ရှမ်းပြည်နယ် အမှတ်နှစ် အထူးဒေသကို ပြည်နယ်အဆင့် အထူးဒေသအဖြစ်သာ သတ်မှတ်ထားပါတယ်။ ဒီလိုနဲ့ပဲ သူတို့ဟာ တစ်လျှောက်လုံး သူတို့ကိုယ် သူတို့ ဝပြည်ထောင်စုနှင့် ဝညွန့်ပေါင်း တပ်ဖွဲ့ကြီးရယ်လို့ ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဝညွန့်ပေါင်းတပ်ခေါင်းဆောင် အများစုက တရုတ်ပြည်မှာ ပညာသင်ကြားလာခဲ့ကြတဲ့ ဗမာလူမျိုးတွေ ဒါမှ မဟုတ်လည်း ဝတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။

အထင်အရှား ရှိနေတဲ့အချက်အလက်အရ ၁၉၉၉ ခုနှစ်ကအစပြုပြီး ကာလတစ်လျှောက်လုံးလုံး၊ တရုတ်ပြည်နယ်နိမိတ်အတွင်းက လက်ရဖမ်းမိ သိမ်းဆည်းလိုက်တဲ့ အမှုအရေအတွက်ပေါင်း ၁၀၁ ကြိမ်၊ ဟီးရိုးအင်း ကီလို ဂရမ်သောင်းကျော်တဲ့ အမှုတွေထဲမှာ လက်ရဖမ်းဆီးပြီး သိမ်းဆည်းရရှိတဲ့ ၉ တန်ကျော်တဲ့ ဟီးရိုးအင်း အမှုတွေမှာ အများစုက ဒီနယ်မြေက လာတာတွေ ဖြစ်တယ်။ ဝတိုင်းရင်းသားတပ်က ဝပြည်နယ် ဧရိယာကီလိုမီတာ ၅ သောင်း နယ်မြေကို စိုးမိုးထားပါတယ်။ လူဦးရေအနေနဲ့က ၆ သိန်းကျော် ရှိပါတယ်။ အဲဒီအင်အားအကြီးမားဆုံး အမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းက မိမိတို့ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံပါတီ အဖွဲ့ကြီးရယ်လို့ သတ်မှတ် ခေါ်တွင်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ပြချက်က ၄င်းအဖွဲ့ အစည်းကြီးရဲ့ ထူးခြားချက်က မူးယစ်ဆေးဝါးဖြင့် တပ်ကိုကျွေးမွေးခြင်း 'တည် ထောင်ခြင်း'၊ တပ်ဖြင့် မူးယစ်ဆေးဝါးကို ကာကွယ်စောင့်ရှောက်ခြင်းတဲ့။

ကနေ့ ဝပြည်နယ်တောင်ပိုင်း ပြောက်ကျားနယ်မြေဒေသမှာ ဧရိယာ ကီလိုမီတာ ၁"၄ သောင်း၊ လူဦးရေ တစ်သန်းရှိပါတယ်။ မြောက်ပိုင်း မူလက ဝပြည်နယ်ထိန်းချုပ်ထားတဲ့ အထူးဒေသ ဧရိယာကီလိုမီတာ ၅ သောင်း၊ လူဦး ရေ ၆ သိန်းရှိနေပါတယ်။ ကနေ့ ဝပြည်နယ်က ဘိန်းစီးပွားရေးကို ထုတ်ကုန်ရဲ့ ပင်မဒေါက်တိုက်သတ်မှတ်ထားပါတယ်။ ဘိန်းက ရရှိတဲ့ဝင်ငွေက ဝပြည်နယ် အစိုးရ နှစ်စဉ်ဘဏ္ဍာရေးရငွေရဲ့ ၆၅ プ အထက်မှာ ရှိပါတယ်။ ''ဒီအချိုးနှုန်း ထားက တစထက်တစ ပြောင်းလဲနေပါတယ်။ '' ဒါပေမဲ့ သူတို့ရဲ့ စီးပွားရေး ရင်းမြစ်လာရာလမ်းက အင်မတန်နည်းပါးလှပါတယ်။ ဒါကဖြင့် ဝပြည်နယ် အဖွဲ့အစည်းနှင့် တခြားလွတ်လပ်ရေးနယ်မြေ အစိုးရတို့နဲ့ မတူကွဲပြားတဲ့ အကြီးမားဆုံး အချက်တွေပါပဲ။

ဝပြည်နယ်မြောက်ပိုင်း၊ ကနေ့ မျက်မှောက်ကာလမှာ အစိတ်အပိုင်း အတော်များများက အားလုံးပေါ်ပီပင် စိုက်ပျိုးမြေတွေ ဖြစ်ကြပါတယ်။ မြေဧက ပေါင်း ဆယ်သန်းကနေ သန်းနှစ်ဆယ်ရှိပါတယ်။ ဘိန်းထွက်နှုန်းက တန်ချိန် ၁၂၆၀-၁၄၅၀ ထွက်ပါတယ်။ ''နှစ်စဉ်အထွက်နှုန်းဖြစ်တယ်''။ နှစ်စဉ် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး ထွက်ရှိတဲ့ တန်ချိန် ၁၉၀ဝ ရဲ့ ၈၀プ ဖြစ်ပါတယ်။ ရွှေတြိဂံက ထွက်ရှိတဲ့ တန်ချိန်၂၄၀ဝ ရဲ့ ၆၅プ ရှိပါတယ်။ နှစ်စဉ် ဘိန်းရဲ့ အထွက်နှုန်း ပြုပြင်မွမ်းမံထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ပမာဏနှုန်းထား စုစုပေါင်းက ခန့်မှန်း ခြေ ရင်မင်ပိသန်းသုံးထောင်ယွမ် ရှိပါတယ်။ အစိုးရ ရရှိတဲ့ ဘိန်းအခွန်တော် ငွေက ယွမ် သန်း ၆၀ဝ၊ သန်း ၈၀ဝ ကြားမှာ ရှိနေပါတယ်။ ဒီပမာဏဟာ စစ်တပ်ရဲ့ နေ့စဉ်အသုံးစရိတ်မျှသာရှိပါတယ်။ ၁၉၉၉ ခုနှစ် ဝထိန်းချုပ်နယ်မြေရဲ့ ပေါ်ပီပင်စိုက်ဧကက ၉ သန်းဝန်းကျင်လောက် ရှိပါတယ်။ ခန့်မှန်းခြေ အရှေ့ တောင်အာရှစိုက်ဧက စုစုပေါင်းရဲ့ ၁၀ プ ရှိပါတယ်။ ဘိန်းထွက်နှုန်းက တန် ချိန် ၁၂၀ဝ-၁၄၀ဝ ထွက်ရှိပါတယ်။ အဲဒီဘိန်းတွေရဲ့ ၇၀プ - ၈၀プ ကို ဟီးရိုးအင်းအဖြစ် မွမ်းမံထုတ်လုပ်လိုက်ပါတယ်။ နှစ်စဉ် ဟီးရိုးအင်း တန် ၁၀ဝ ကျော် ထွက်ရှိပါတယ်။ ဝညွန့်ပေါင်းတပ်ဖွဲ့ရဲ့ တခြားစီးပွားရေး ပင်မ ဒေါက်တိုင်ဆိုတာကတော့ ''ရေခဲတုံးမူးယစ်ဆေးဝါး'' ဖြစ်ပါတယ်။

ဝပြည်နယ်အစိုးရ ရုံးစိုက်ရာ ပန်ခမ်းမြို့ဆိုတာက ဟိုးလွန်ခဲ့တဲ့ ဆယ် နှစ်မတိုင်ခင်တုန်းက အဲဒီနေရာဟာ တဲအိမ်ကလေး ဆယ်လုံးလောက်ပဲရှိတဲ့ ရွာသိမ်ရွာငယ်လေးပါ။ မူရင်း ရွာနာမည်က ပန်းစန်းရွာ ခေါ်ပါတယ်။ ဗကပ အရှေ့မြောက်စစ်ဒေသရယ်၊ နောက်ပိုင်းကာလတွေမှာ ဗမာပြည် ကွန်မြူနစ် ပါတီဗဟိုကော်မတီ ရုံးစိုက်ရာဌာနလည်း ဖြစ်ပါတယ်။ မူရင်းနာမည်ဖြစ်တဲ့ ပန်းစင်းအမည်တွင်တဲ့ ''စန်း'' ဆိုတဲ့ စာလုံးက တရုတ်စာလုံး အယူအဆိုရင် ''မသာ၊ အသုဘ'' ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်နေတဲ့အတွက် အတိတ်နိမိတ် မကောင်းတာကြောင့် ''စန်း'' ကို ပယ်၊ ''ကျန်းမာသန်စွမ်းခြင်း'' ဆိုတဲ့ ''ခန်း'' ကို အစားထိုးလိုက်ပါတယ်။ ဒါကြောင့် ပန်စန်းကနေ ပန်ခမ်းအဖြစ် ပြောင်းလဲ ပစ်လိုက်ရခြင်းဖြစ်ပါတယ်။

ဒီပန်ခမ်းလို့ နောက်ပိုင်းခေါ်တွင်တဲ့ ရွာကလူက ဟိုးအရင် မူလက ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဌာနချုပ်ရုံးကို နန်းခမြစ် (တရုတ်မြန်မာ နယ်ခြားမြစ်) နံဘေးက တောင်ထိပ်မှာ ဖွင့်လှစ်ခဲ့ဖူးပါတယ်။ ဒီအချက်အချာ နေရာကို စစ်ရေးပါရဂူက ရွေးချယ်သတ်မှတ်လိုက်တာပဲ ဖြစ်တယ်။ ဒီနေရာ ဒေသကို လက်နက်ကြီးတွေ ဥပမာ - အမြောက်နဲ့ ပစ်လို့မရပါ။ ဘာကြောင့်ဆို ရင် အမြောက်ကျည်က နန်းခမြစ်ရဲ့ တစ်ဖက်ကမ်းက တရုတ်ပြည်နယ်နိမိတ် ဖြစ်လို့ပါပဲ။ တောင်ထိပ်မြေနေရာ အနေအထားက ခံစစ်ဘက်က အရမ်းကို အသာစီးအနေအထားမှာ ရောက်နေလို့ပါပဲ။

ဟိုးရှေးယခင်မူလကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် နေထိုင်ခဲ့ဖူးတဲ့ သံချေးကွက်တွေ အပြောက်ပြောက်ထနေ တဲ့ သွပ်မိုးအိမ်ကလေးက စုတ်စုတ်ပြတ်ပြတ်နဲ့ တောင်ကုန်းကလေးရဲ့ အပေါ်မှာ ကနေ့တိုင် ရှိနေတုန်းပါပဲ။ သူ့ရဲ့ နံဘေးမှာက ဝပြည်နယ် အုပ်ချုပ်ရေးပိုင်းက ကြီးကျယ်ခန့်ညားထယ်ဝါလှတဲ့ တိုက်တာအဆောက်အဦတွေ မိုးထိုးလို့ နေကြ ပါတယ်။ ဒါက အဟောင်းနှင့် အသစ်ဖွဲ့စည်းမှုက သမိုင်းရဲ့ နှိုင်းယှဉ်ချက် တွေပါပဲ။ ''နှိုင်းယှဉ်ချက်နှစ်ရပ်က ဟိုးတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပန်စန်းနှင့် ကနေ့ ဝပြည်နယ်အဖွဲ့အစည်းသစ် ပန်ခမ်းတို့ရဲ့ ပျင်းခြောက်ခြောက် တိတ်ဆိတ်မှုနှင့် အုံးအုံးြွကကြွ်ကက် စည်ကားသိုက်ဝန်းမှုတို့ရဲ့ မိုးနဲ့မြေ ကွာခြား မှုတွေပါပဲ။ အရက်ဆိုင်ကြီးတွေ၊ ဟိုတယ်ကြီးတွေ၊ လက်ဖက်ရည်ဆိုင်ကြီးတွေ၊ နိုက်ကလပ်တွေ၊ ကပွဲရုံကြီးတွေ တောထလို့နေပါတယ်။ တရုတ်ပြည်ကလာပြီး ရောင်းဝယ် ဖောက်ကားကြတဲ့ သူတွေက မနည်းမနောပါပဲ။ ဒီတံခါးဖွင့် စင်္ကြံ မှာ လာရောက်သူတွေ အများစုကတော့ တရုတ်ပြည်ယူနန်ပြည်နယ် ချန်တက် သားတွေ ဖြစ်ကြပါတယ်။ သေးသေးမွှားမွှား ကုန်ရောင်းကုန်ဝယ် လုပ်ကြသူတွေ အများစုကလည်း ယူနန်ပြည်နယ်ကျောက်တုန်းသားတွေ ဖြစ်ကြပါတယ်။

ဝပြည်နယ် ရုံးစိုက်ရာ ပန်ခမ်းနဲ့ တဆက်တည်း ဆက်နေတာကတော့ ယူနန်ပြည်နယ် စူးမောင်ဒေသ မုန်းလျိုင်က ထိုင်း (ရှမ်း) တိုင်းရင်းသား၊ လား ဟူ တိုင်းရင်းသား၊ ဝတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်တွေ ဖြစ်ပါတယ်။ ၄င်းနေရာမှာ ရှိကြသူတွေ မုန်းလျိုင်ခရိုင်မြို့အတွင်းပိုင်းက တရုတ်မြန်မာ အမှတ် (၁) လမ်းမကို မုန်းလျိုင်ရဲ့ ''ဟောင်ကောင်မြို့ငယ်လေး'' လို့ အမွှန်း တင်ခေါ်ဝေါ်ကြပါတယ်။ နောက်ပြီး ''စီးပွားရေး အထူးဒေသ'' လို့လည်း ခေါ် ပြန်ပါသေးတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က မုန်းလျိုင်မြို့ကို ရောက်ခဲ့ ဖူးပါတယ်ဆိုပေမယ့် အကြင်ထိုသူသည် အဲဒီတရုတ်မြန်မာ အမှတ် (၁) လမ်းမကို သွားရောက်လမ်းသလားခြင်းမရှိခဲ့ဘူးဆိုရင် အကြင်ထိုသူသည်ကား မုန်းလျိုင်ကို မရောက်ဖူးခြင်း မည်ပေသည်တကား။

တရုတ်မြန်မာ အမှတ် (၁) လမ်းမကြီးကို ၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်း လောက်က ဖောက်လုပ်ထားတာဖြစ်ပါတယ်။ အဓိကလာရောက် ရင်းနှီးမြှုပ်နှံ ကြတာက မြန်မာပြည်မအတွင်းပိုင်းကပါ။ အဲဒီအထဲမှာ ဝညွန့်ပေါင်းတပ် ဒုတိယဦးစီးချုပ် လီကျူလူရဲ့ ရင်းနှီးထည့်ဝင်မှုက တစ်ဝက်ကျော်ကျော် ရှိပါ တယ်။ (ထည့်ဝင်မြှုပ်နှံတဲ့ ငွေကြေးက သန်းတစ်ရာကျော် ရှိတယ်)

မုန်းလျိုင်ကို ကျော်ကာဖြတ်တော့ မုန်းအဆိပ်ကမ်းကို ဆိုက်ရောက်ပါ တယ်။ ဒါဆို ဝပြည်နယ် နယ်နိမိတ်အတွင်းကို ခြေချလိုက်ပါပြီ။ စာရေးသူ (သတင်းထောက်က ၁၄-၄-၂၀ဝ၂ နေ့မှာ ဝပြည်နယ်ရုံးစိုက်တဲ့ ပန်ခမ်းကို ရောက်သွားတဲ့အခါမှာ ရှေးဦးဆုံး တွေ့မြင်လိုက်ရတာကတော့ ဘဝအခြေအနေ အင်မတန် သာယာဖြောင့်ဖြူးတဲ့ ဘဝအလှကလေးတွေပါပဲ။ အသက်အရွယ် နှစ်ဆယ်ဝန်းကျင်ရှိတဲ့ ကလေးအုပ်တွေက တန်ဖိုးသိန်းသန်းတန်တဲ့ ခေတ်မီ ကားလှလှလေးတွေကို လမ်းမပေါ်မှာ လူးလာခေါက်တုန့် ဥဒဟိုမောင်းနှင်နေကြ တာကို တွေ့မြင်ကြရပါတယ်။ သင်္ကြန်ရေသဘင် (၁၃ ရက်နေ့ - ၁၆ ရက်နေ့၊ ယင်းအရပ်ဒေသ တိုင်းရင်းသားတို့ရဲ့ ရေပက်ကြတဲ့ အခါတော်နေ့) ကို ပျော် ပျော်ပါးပါး ဆင်နွှဲကြပါတယ်။ ဒြွီကယ်ဝချမ်းသာကြတဲ့ ကလေးသူငယ်တွေရဲ့ မိသားစုက တအားကို ချမ်းသြွာကယ်ဝကြတဲ့သူတွေ ဖြစ်တယ်။ ဒီချမ်းသြွာကယ်ဝ မှုရဲ့ အရင်းခံက မူးယစ်ဆေးဝါးကနေ ဖြစ်ပေါ်လာတာတွေပါပဲ။ သူတို့တွေရဲ့ မိတ်ဆက်စကားတွေကနေပဲ သိလိုက်ရတဲ့အချက်က ဝပြည်နယ်မှာ အသက် (ဆယ်) နှစ် ပြည့်ရုံလေးနဲ့ ကလေးသူငယ်တစ်ဦးတည်း မော်တော်ကားမောင်းနှင် နိုင်ခွင့် ရှိပါပြီတဲ့။

သေနတ်တွေ ကျောမှာ လွယ်ပိုးထားတဲ့ ကလေးတွေကို လမ်းထိပ်တွေ မှာ မကြာခဏပဲ တွေ့ရမြင်ရပါတယ်။ တချို့များဆိုရင် အသက် (ဆယ်) နှစ် တောင် မပြည့်သေးရှာ။ သူတို့လက်ထဲက ဆွဲကိုင်ထားတဲ့ သေနတ်လောက်တောင် အရပ်က မမြင့်သေးရှာ။ ဝခေါင်းဆောင်တွေက ကျွန်တော်တို့ကို အထူးတလည် သတိပေးစကားပြောထားပါတယ်။ ''သူတို့ကို တစက်ကလေးမှ သွားမထိနဲ့ (မစနဲ့) နော်။ သူတို့က သဘောတူမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မဟုတ်လို့ ကတော့ဗျာ ယောင်လို့တောင်သွားပြီး ဓာတ်ပုံမရိုက်လိုက်ပါနဲ့နော်။ ဒီချာတိတ် တပ်သားလေးတွေက တအားကို ကြောက်စရာကောင်းတာဗျ။ သူတို့က သူတို့ တပ်စုမှူးရဲ့ စကားကိုပဲ နာခံကြတာဗျ။ တပ်စုမှူးက သူတို့မျက်စိထဲမှာ အကြီး ဆုံး စစ်ဗိုလ်အရာရှိကြီးပဲဗျ။ တပ်စုမှူးကသာ အမိန့်ပေးလိုက်၊ သူတို့ ဘာကိုမှ စဉ်းစားမနေဘူး။ ချက်ချင်း လမ်းမပေါ်တင်ပဲ ပစ်သတ်ကြတာနော်''

ဝပြည်နယ် အမှတ် (လေး) ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်ကျောက်ဝံကွမ်းကလည်း ပြောပါတယ်။ ''အဲဒီချာတိတ်တပ်သားကလေးတွေပေါ့ဗျာ။ ဟိုး ရက်ပိုင်းတွေ လောက်တုန်းက သူတို့စောင့်ကြပ်တဲ့ စခန်းတောင်ကို ဖြတ်ပါတယ်။ ဖြတ်သန်းခ ဂိတ်ကြေး ၁၀/ ကျပ် ကောက်ယူတယ်ဗျို့။ ကျွန်တော် သူတို့နဲ့ ဘာဘာညာညာ တွေ ရှင်းမပြဝံ့ဘူး ခင်ဗျ။ ဟုတ်တယ်လေ၊ အမှန်တော့ ကျွန်တော်ဟာ သူတို့ရဲ့ အရာရှိရဲ့ အရာရှိလေးဗျ။ ဒါပေမဲ့ သူတို့ ဒါတွေကိုမှ မသိကြတဲ့ ဥစ္စာပဲ။ ဟိုဟို ဒီဒီတွေ သွားရှင်ပြနေလို့ကတော့ အပိုပေါ့ဗျာ။ သူတို့လေးတွေဟာ တိုက်ပွဲမှာ အသက်ပေးလှူသွားကြတဲ့ ''အာဇာနည် သူရဲကောင်းတွေရဲ့ သားသမီး'' တွေ လေဗျ။ အစိုးရက ဒီမိဘမဲ့ တစ်ကောငြွ်ကက်ကလေးတွေကို ပစ်မထားပါဘူး။ ခေါ်ယူကျွေးမွေးစောင့်ရှောက်ထားပါတယ်။ (ခန့်မှန်းခြေ အယောက်တစ်ထောင် ကျော် ရှိပါတယ်)။ ဒီလိုနဲ့ တပ်ထဲမှာ ခေါ်ထားပြီး တပ်ရိက္ခာတွေ ကျွေးထားပါ တယ်ခင်ဗျာ''။ ကလေးတပ်သားတွေ လမ်းတစ်လျှောက်မှာ အပြည့်ပါပဲ။

စုတ်ပြတ်နေလောက်အောင် ဆင်းရဲမွဲတေမှုနှင့် သုံးမကုန် ဖြုန်းမကုန် လောက်အောင် ကျိကျိတက် ချမ်းသြွာကယ်ဝမှု ဒီမျဉ်းနှစ်ကြောင်း ဗရုတ်သုတ်ခ တိုက်ပွဲ ရှည်ကြာလှတဲ့ ဒီနေရာမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ပေါ်ထွန်းလာပါ တယ်။ ပန်ခမ်းကလူတွေက စာရေးသူ (သတင်းထောက်) ကို ပြောကြပါတယ်။ ''ဘိန်းရောင်းချတဲ့ အိမ်တစ်အိမ် ရှိတယ်ခင်ဗျ။ ရွှံ့ကြမ်းမြေထည်နဲ့ လုပ်ထားတဲ့ ပန်းကန်လုံးထဲမှာ ထည့်ထားတာတွေကတော့ ဗျာ သာမန်ကာ ရှန်ကာ ဟင်း တွေပါပဲ။ (အဲဒီနေရာက လူတွေက ချက်ရေး ပြုတ်ရေးမှာ သိပ်မကျွမ်းကျင်လှ ဘူးခင်ဗျ)။ ဧရာမ ပန်းကန်လုံးကြီးထဲကတော့ တကယ့်အကောင်းစား အရက်ဗျ။ ''လူးဝစ် - ၁၃'' တကယ့်အကောင်းစားနော်။ တချီတည်း သောက်လိုက်ကြတာ ဆယ်ပုလင်းကျော်တယ်ဗျို့။ အဲဒီအိမ်ထဲမှာဆိုရင် အဲလိုမျိုး အရက်တွေ သေတ္တာလိုက် သေတ္တာလိုက်ပါပဲ။ ဟော နေ့လယ်ပိုင်း၊ နေက သာလာပြီလေ။ ဆာလာအိတ်ကြီးတွေ အတော်များတယ်ဗျ။ ဟိုးအိမ်ခေါင်မိုးပေါ်ကို ထမ်းထမ်း သွားကြတယ်။ အထဲက ဘာတွေလို့ ခင်ဗျားထင်သလဲ။ ပိုက်ဆံတွေ၊ ပိုက်ဆံ တွေ၊ ငွေစက္ကူအထပ်လိုက်၊ အထပ်လိုက်ကြီးတွေကိုးဗျ။ အစည်းလိုက် စည်း ထားတဲ့ ကျွန်တော်တို့ နိုင်ငံ (တရုတ်ပြည်သုံး) ရင်မင်ပိငွေစက္ကူအစည်းတွေပဲဗျ။ များလွန်းတော့ သိမ်းထားရတာ မှိုတက်မှာစိုးလို့ နေထုတ်လှမ်းကြတာလေ။ အဲလိုမျိုး ရင်မင်ပိငွေစက္ကူအိတ်ကြီးတွေက ခန်းလုံးပြည့်ပဲဗျို့။ ခင်ဗျားက မေး ကောင်းမေးလိမ့်မယ်။ ဒါလောက်များပြားတဲ့ ငွေတွေကို ဘာကြောင့် ဘဏ်မအပ် သလဲပေါ့၊ အဖြေကတော့ဗျာ ''ကိုယ့်မှာ ဒါလောက်ရှိတာကို လူအသိ မခံချင် လို့ပဲဗျ''။ ဘာကြောင့်ဆိုရင်ဗျာ။ ဒါလောက်ဆင်းရဲမွဲတေပါတယ်ဆိုတဲ့ ဝပြည်နယ် မှာ မရှင်းမလင်းတဲ့ ဗြုန်းခနဲ ဝုန်းခနဲ သုံးမကုန် ဖြုန်းမကုန် ဖြစ်လာရတာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေလို့ပဲဆိုတာ သေချာနေတယ်လေဗျာ။ ဒီပိုက်ဆံ တွေ ဘဏ်သွားအပ်လိုက်တာနဲ့ ကိုယ့်ကိုကိုယ် '' ကျုပ် မူးယစ်ဆေးဝါးလုပ်နေပါ တယ်ဗျိုး'' လို့ ထုတ်ဖော်ဝန်ခံလိုက်သလို ဖြစ်မနေဘူးလားဗျာ။ နိုင်ငံတကာ လူ့ဘောင်အဖွဲ့အစည်းအသီးသီးက မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကို ပြတ်ပြတ်သားသား လုပ်နေပြီလေ။ ဒီတော့ မူးယစ်ဆေးဝါး ရင်းမြစ်ဌာနေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့သူတွေရဲ့ လှုပ်ရှားမှု (အစမူလကတည်းက ဗြောင်တဝက်၊ ရှိတဝက်) တွေအားလုံး မြေအောက် ဝင်ပုန်းကုန်ကြပြီလေဗျာ။ နောက်ပြီးတော့လည်း ဒီနှစ်တွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကရော၊ တရုတ် ပြည်ကပါ မူးယစ်ဆေးဝါးဖမ်းဝရမ်းတွေလည်း ထုတ်၊ ဘိန်းရာဇာကြီးတွေရဲ့ အမည်စာရင်းကိုလည်း တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူတွေအားလုံး သိရှိသွားအောင် ဆိုပြီး၊ သတင်းစာရော၊ စာစောင် ဂျာနယ်တွေရော၊ နောက်ဆုံး အင်တာနက် ဝက်ဘ်ဆိုက်တွေထဲမှာပါ ဟိုးလေးတကြော်ဖြစ်အောင် ထုတ်ပြန်ကြေညာလိုက် တယ်ခင်ဗျ။ နောက်ပြီး အဲဒီလူတွေက အတော်များများ ဇာတ်သိမ်းမလှတာတွေ ကိုပါ ကြားနေ၊ တွေ့နေကြရတယ်လေဗျာ။ ခု ဒီမူးယစ်ဆေးဝါးက ကမ္ဘာ့ဘုံရန် သူကြီး ဖြစ်နေပြီဗျ။ ဒီတော့ ဒီဘိန်းရင်းမြစ်ဒေသက ဒီလုပ်ငန်းဲ့ မကင်းကြတဲ့ သူတွေဟာ ြွကက်စုတ်တွေလိုပါပဲ။ မှောင်မည်းနေတဲ့ မြေတွင်းထဲမှာ ပုန်းလျှိုး ခိုအောင်းနေကြရတယ်။ နေကို မမြင်ကြရဘူးဗျ''

ဝပြည်နယ်ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ ဆယ်နှစ်မြောက် အထိမ်းအမှတ် မဂ္ဂဇင်းကျောဖုံးအတွင်းပိုင်း ရုပ်ပုံကားချပ်ရဲ့အောက်မှာ ဝတိုင်းရင်းသူ သမီးပျို လေးဟာ အပြန့်ကျယ်ပြောလှတဲ့ အင်မတန်လှပတဲ့ ပေါ်ပီပန်းခင်းကြီးထဲမှာ ပြုံးပြီး ရပ်နေတယ်။ ဒါဟာ ဝတိုင်းရင်းသားတွေက ဘိန်းရဲ့ သပွတ်အူလှိုက် ရှုပ်ထွေးမှုအပေါ် သံယောဇဉ် တွယ်နေပါတယ်ဆိုတာကို ကိုယ်စားပြုနေသလို မြင်နေတာမျိုး ဖြစ်နေပါတယ်။ ''လှပတင့်တယ်ပါတဲ့ ပန်းပေါ်ပီ၊ မူလ အရင်းဇစ် မြစ်က ဆေးပင်ပါ။ ဆင်းရဲမွဲတေလှတဲ့ ဝပြည်သူတွေ ဘဝအသက် ရှင်ရေး အတွက် ပေါ်ပီကိုစိုက်၊ ဘိန်းကို ရိတ်သိမ်းကြရတာ။ စားဝတ်နေရေး လိုအပ် တာတွေနဲ့ ဖလှယ်ကြရတာ''။ ဒီစကားတစ်ခွန်းက လူတွေကို ရှင်းလင်းပြောပြ လိုက်တဲ့ အနက်အဓိပ္ပာယ်က - ပေါ်ပီပင်ဟာ ဆင်းရဲမွဲတေတဲ့ ဒေသ - ဥပမာ ဝပြည်နယ် ပြည်သူလူထုဆင်းရဲတွင်းက ကျွတ်လွတ်ရမယ့် စိုက်ပျိုးသီးနှံ ဖြစ်ပါ တယ်။ ဒေသခံတွေရဲ့ မျက်စိတွေမှာ မြင်နေရတာက ''ဘိန်းပင် စိုက်ပျိုးတဲ့ လုပ်ငန်းက တရုတ်တောင်သူလယ်သမားတွေ ကောက်နှံစပါး စိုက်ပျိုးတာနဲ့ ထူးမခြားနားအတူတူပါပဲ''။ ကဲ သူတို့ရဲ့ အမြင်က ဒီလိုတွေ၊ အထင်က ဒီလို တွေ ရှိနေကြပါတယ်။

၉-၃-၁၉၉၄။

 မြန်မာ့ရုပ်သံသတင်းဌာနကနေ သတင်းတစ်ပုဒ် ထုတ် လွှင့်ပြသခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ ထိုစဉ်က ဟီးရိုးအင်းထုတ်လုပ်တဲ့ စက်ရုံ ကို ဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းပါ။ လူတွေ စိတ်ဝင်စားစရာ ဖြစ်သွားရတာ က အဲဒီအကြောင်း ရှင်းလင်းပွဲကို တက်ရောက်တာက ဝခေါင်းဆောင် ကျောက် နီလိုင်ပေါ့။ ရိုးရိုးသားသား သူ့ချည်းပဲ မဟုတ်သေးပါ။ သူ့ဘေးမှာ ရှိနေတဲ့သူက အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါးပစ္စည်း တိုက်ဖျက်နှိမ်နင်းရေး ဗျူရိုရဲ့ (ီနဗ) အရာရှိကြီးရယ်၊ မြန်မာနိုင်ငံအခြေစိုက် ဂျပန်နိုင်ငံ သံရုံးရယ်၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ကုန်ပစ္စည်းထိန်းချုပ်ရေး ဗျူရို (ြီ့ဃဏ) ရဲ့ ကိုယ်စားလှယ် တို့ ဖြစ်ကြပါတယ်။ အဲဒီပြကွက်ပြီးလို့ ပြီးစီးသွားတာနဲ့ ဆက်လက်ပြီး ပြသတဲ့ သတင်းပြကွက်က ထိုနှစ် ဒီဇင်ဘာလတုန်းက ခွန်ဆာကို ထိုးစစ်ဆင်တာပဲဖြစ် တယ်။ ဒီတစ်ချီပြသရတာက အကြောင်းရှိသလို မရှိသလိုလိုနဲ့ မြန်မာအစိုးရရဲ့ မူလမျက်နှာဖုံးကို ခွာချလိုက်တာပဲဖြစ်ပါတယ်။ ဒီစကားရဲ့ အဓိပ္ပာယ်က ဘာ လဲဆိုတော့ ဝပြည်နယ် ညွန့်ပေါင်းတပ်ဖွဲ့နှင့် ဟီးရိုးအင်း ထုတ်လုပ်မှုက ဆက် သွယ်မှု ရှိနေတယ်ဆိုတာကို တိုက်ရိုက်ထောက်ပြလိုက်တာပဲ ဖြစ်ပါတယ်။

ဝညွန့်ပေါင်းတပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသ လို့လိုင်ကနေ စန်းစောက် တောင်တကြောအထိပါပဲ။ အရှည်ကီလိုမီတာ ၂၀၊ အနံ ကီလိုမီတာ ၁၂-၁၅ ရှိပြီး တောင့်တင်းခိုင်မာတဲ့ စစ်စခန်းကို ဆောက်လုပ်ထားပါတယ်။ အထူးခေတ်မီ ကောင်းမွန်တဲ့ လက်နက်တွေ တပ်ဆင်ထားတဲ့ တပ်အင်အား ၄၅၀ဝ-၆၀ဝ၀ ကို အစောင့်ချထားပါတယ်။ ဒီတပ်သားအားလုံးဟာ အထူးလေ့ကျင့်သင်ကြား ပေးထားတဲ့ တပ်ဖြစ်တယ်။ တပ်စခန်း သင်တန်းကျောင်းနှင့် စစ်ရေးလေ့ကျင့် မှု စခန်းကို အင်မတန် ပြောင်မြောက်တဲ့ ကွင်း (စက်ဝိုင်း) သဏ္ဍာန်ကာကွယ်ရေး စည်းချပြီး ကာကွယ်စောင့်ရှောက်ထားပါတယ်။ တပ်ဖွဲ့ ပြည့်ပြည့်စုံစုံ တပ်ဆင် ထားတဲ့ အစဉ်အလာ လက်နက်တွေအထဲမှာ ၇၅ မီလီမီတာ နောက်ပွင့်အမြောက်၊ ၁၂၀ မီလီမီတာ စိန်ပြောင်း၊ ၁၂"၇ မီလီမီတာ လေယာဉ်ပစ်စက်အမြောက်နှင့် ှဗြ-၇ လေကြောင်းရန် ကာကွယ်မှု ဒုံးကျည်တွေကို ကမ္ဘောဒီးယားကနေ ဝယ်ထားပါတယ်။ ဝညွန့်ပေါင်းစီရင်စုနယ်အတွင်းရဲ့ တပ်စခန်း အသီးသီး တပ်သားသစ်အများအပြားကို စုဆောင်းပါတယ်။

၁၉၉၄ ဖေဖော်ဝါရီလ၊ တပ်သားသစ် ၈၀ဝ ခန့်လောက်က လို့လိုင်မှာ စစ်သင်တန်း တက်ကြပါတယ်။ သင်တန်းဆရာက ထိုင်ဝမ်က လာတာပါ။ တစ်ချိန်တည်းမှာပဲ ခရစ်ယာန်ဘာသာက တရုတ်လူမျိုးက အမေရိကန်၊ ထိုင်း နိုင်ငံနှင့် ထိုင်ဝမ်စေလွှတ်လိုက်သူတွေဖြစ်တယ်။ သူတို့ဟာ ဒီနေရာဒေသမှာ ကျောင်းတွေ အတော်များများ ဖွဲ့စညးည်တည်ဆောက်လိုက်ကြတယ်။ ဒါဟာ ၆၀-၇၀ ခုနှစ်တွေတုန်းက ကူမင်တန်ပါတြွီကင်းကျန်တပ်ဖွဲ့တွေ လက်ထက်တုန်း က တည်ဆောက်ခဲ့တာမျိုးကို တစ်ထေရာတည်း ပြန်လည်ဖော်ဆောင်လိုက်တာ ပဲ ဖြစ်ပါတယ်။ မြန်မာအစိုးရကလည်း သိရှိထားပါတယ်။ ဒီစစ်စခန်းတွေက ''ထိုင်ဝမ်'' သင်တန်းဆရာရယ်၊ သင်တန်းဆရာတွေ ဝပြည်နယ်က စစ်စခန်းတွေ ဖြစ်မှန်း မြန်မာအစိုးရက သိထားနှင့်ပြီးပါပြီ။ ၁၉၈၉ ခုနှစ် အပစ်အခတ် ရပ်စဲ ရေးကာလတစ်လျှောက်လုံး သူတို့နှင့် ဝညွန့်ပေါင်းတပ်ရယ်၊ မြန်မာစစ်အစိုးရ စစ်တပ်တွေ ဒီနေရာက စောင့်ရှောက်ကာကွယ်မှုတွေအားလုံးဟာ တရင်းတနှီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အစည်း အရုံးရဲ့ စစ်တမ်းမှာက ၄င်းဒေသမှာက မူးယစ်ဆေးဝါး မွမ်းမံထုတ်လုပ်တဲ့ စက်ရုံပေါင်း ၁၀ဝ ကျော်ခန့်ရှိပြီး၊ ဟီးရိုးအင်း၊ မော်ဖီးယား၊ စိတ္တဇ ဆေးဝါး (အန်ဖွေးတမင်း၊ အာရုံကြောကို နိုးြွကစေတဲ့ စိတြွ်ကဆေးလည်း ခေါ်တယ်) အစရှိတဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ပါတယ်။ စိတ္တဇဆေးဝါး (အရူးဆေး) ကို နှစ်စဉ် အလုံးပေါင်း သန်းနှစ်ရာအထိ ထုတ်လုပ်ပါတယ်။ ဝညွန့်ပေါင်း တပ်ဖွဲ့ထုတ်လုပ်တဲ့ စိတ္တဇဆေးက လိမ္မော်နီရောင်ဖြစ်ပြီး ျွှ့ အမှတ်တံဆိပ် ရိုက်နှိပ်ထားပါတယ်။ ရွှေတြိဂံက ထုတ်လုပ်သမျှ စိတ္တဇဆေးဝါး အားလုံးရဲ့ ၆၀ プ ကို ဝညွန့်ပေါင်းတပ်ဖွဲ့က ထုတ်ပါတယ်။ ခွန်ဆာ့အြွကင်းအကျန်တပ် ထုတ်တဲ့ စိတ္တဇဆေးဝါးအရောင်က မရမ်းရောင်ဖြစ်ပြီး ''၉၉'' တံဆိပ်ရိုက်နှိပ် ထားပါတယ်။ ရွှေတြိဂံ ထုတ်လုပ်မှုရဲ့ ၃၀ プ ပါ။ ကျန် ၁၀プကို မူးယစ်ဆေးဝါး အုပ်စုငယ်အသီးသီးက သောကောရောကော တံဆိပ်တွေနဲ့လည်း ထုတ်ကြသေး တယ်။

မြန်မာနိုင်ငံ ရွှေတြိဂံကထုတ်တဲ့ ဟီးရိုးအင်း၊ စိတ္တဇဆေး အစရှိတဲ့ မူးယစ်ဆေးဝါးတွေက လမး်အသွယ်သွယ်ကနေ ဥပဒေမဲ့နဲ့ ဥရောပ၊ အမေရိက တို့ဆီ စိတ္တဇဆေးအစရှိတဲ့ မူးယစ်ဆေးပို့ကြပါတယ်။ လမ်းကြောင်း တစ်ကြောင်း က မြန်မာပြည် အတွင်းပိုင်းဆီ စီးဝင်သွားတယ်။ ရန်ကုန်မြို့ကို ဖြတ်သန်းပြီး ပြည်ပကို ထုတ်ယူကြတယ်။ နောက်လမ်းကြောင်းတစ်ကြောင်းက မြန်မာပြည် နယ်စပ်ကနေ လောနိုင်ငံထဲ စီးဝင်သွားတယ်။ တဖန် ဗီယက်နမ်အထဲ ဝင် ရောက်သွားပြီး၊ ဟူချီမင်းမြို့ကိုဖြတ်၊ အဲဒီကနေ ပြည်ပထွက်တယ်။ တတိယ လမ်းကြောင်းက ထိုင်းမြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံအထဲ စီးဝင်သွားတယ်။ တဖန် ဘန်ကောက်မြို့ကနေ ကမ္ဘာ့နေရာအသီးသီးဆီ ပျံ့နှံ့သွားတယ်။ ဥရောပ - အမေရိကမှာ မူးယစ်ဆေးဝါးဈေးနှုန်းက အရမ်းကို ကောင်းတာ။ စိတ္တဇဆေးဝါး အများအပြားက ထိုင်းမြန်မာနယ်နိမိတ်ကနေပြီး တောင်ဘက်ကို ဆင်းချသွား တယ်။ ပင်လယ်လမ်းကြောင်းကနေ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံ ဈေး ကွက်ထဲ ပျံ့နှံ့စီးဝင်သွားတယ်။

မူးယစ်ဆေးဝါး ဝယ်လိုအားက ဝုန်းခနဲ ဝုန်းခနဲ ထိုးထိုးတက်၊ အမှောင်မျဉ်းတန်းကလည်း တလှိမ့်လှိမ့် ဝင်လာ၊ ခြိမ့်ခြိမ့်သဲသဲ ဒီလိုမျိုး ဝညွန့် ပေါင်း တပ်ဖွဲ့ခေါင်းဆောင်တွေ၊ တောင်ပိုင်းစစ်ဒေသ တပ်မှူးကြီး ဝေ့ရွှေကန်းက ခွန်ဆာ့နေရာမှာ အစားထိုးဝင်လာချေပြီ။ အပြည်ပြည်ဆိုင်ရာ ထိပ်တန်း ဘိန်း ရာဇာကြီးဖြစ်သွားချေပြီ။ ခွန်ဆာ့ရဲ့ တန်ဖိုးချင်း တူညီနေတဲ့ အမေရိကန်ဒေါ် လာ နှစ်သန်းနဲ့ ဝေ့ရွှေကန်းကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ပြန်လိုက်တယ်။ ဝေ့ရွှေကန်း က ဝလူမျိုးပါ။ အစ်ကိုကြီး ဝေ့ရွှေလုံ၊ တတိယညီငယ် ဝေ့ရွှေထန်တို့နဲ့အတူ မူလအရင်းခံက ခွန်ဆာ့လက်အောက်ခံ ဂိုဏ်းသားတွေ ဖြစ်ကြပါတယ်။ ၁၉၉၅ ခုနှစ်မှာ ခွန်ဆာနဲ့ ကွဲပြဲပြီး ဝညွန့်ပေါင်းထဲ ပူးပေါင်းလိုက်တယ်။ ဝပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တည်ထောင်လိုက်တယ်။ ဝေ့ရွှေကန်းက မူးယစ်ဆေးဝါး အမြတ်အစွန်းက ငွေမည်းတွေကို ဖြူဖွေးအောင် ဆေးကြောလိုက်တယ်။ ဒါ့အပြင် တာချီလိတ်အစရှိတဲ့ မြို့တွေမှာ တခြားများပြားလှတဲ့ လုပ်ငန်းမျိုးစုံ ရဲ့ ကုမ္ပဏီကြီးတွေ ဖွင့်ထားပါတယ်။ သတင်းထောက်က ဒါနဲ့ စပ်လျဉ်းပြီး မေးစမ်းကြည့်လိုက်တယ်။ အဲဒီဒေသက အရာရှိတွေက ရှင်းပြပါတယ်။ ''သူနဲ့ ခွန်ဆာ တူတူပါပဲဗျ။ ခု သူတို့လုပ်ငန်းတွေ လှည့်ပြောင်းလိုက်ကြပြီလေ။ မူးယစ်ဆေးဝါး မလုပ်ကြတော့ဘူး။ သမ္မာအာဇီဝဘက်ကို ပြောင်းသွားကြပါပြီ''

၁၂-၃-၂၀ဝ၁။ 

 ထိုင်းကြည်းတပ်စစ်ဦးစီးမှူး ဗိုလ်ချုပ်ကြီး ဗွန်အောင်ဟာ မူးယစ်ဆေးဝါးပြဿနာရပ် အစည်းအဝေးမှာ ထောက်ပြသွားပါတယ်။ ဝပြည် နယ်စစ်တပ်က ဝလူမျိုး အလုံးအရင်းကို ရွှေ့ပြောင်းကြတယ်။ ဗိုလ်ချုပ်ကြီး ဗွန်အောင် ပြောတာက ''ဝလူမျိုး နှစ်သိန်းကို ဒီနှစ်အတွင်း ထိုင်းမြန်မာနယ်နိ မိတ်ဆီကို ပြောင်းရွှေ့ကြဖို့ကို ဝတို့ မျှော်လင့်ထားကြပါတယ်။ သူတို့ရဲ့ စားဝတ် နေရေးတွေ ပြေလည်စေဖို့အတွက် မူးယစ်ဆေးဝါး ''ရေခဲ'' ထုတ်လုပ်မှုက မနှစ်က အလုံးရေ သန်း ၅၀ဝ ကနေပြီး သန်းပေါင်း ၇၀ဝ လုံး ထိုးတက်သွားပါ တယ်။ ဗိုလ်ချုပ်ကြီး ဗွန်အောင်က ထောက်ပြပြန်တယ်။ ၁၉၉၉ ခုနှစ်ကအစ ပြုပြီး ကနေ့အထိ ဝလူမျိုး ၅ သောင်းက မြန်မာနဲ့ ဝတွေ ပြောလေ့ပြောထရှိ တဲ့ ''တောင်ပိုင်းဒေသ'' ဆီကို ရွှေ့ပြောင်းသွားကြပါတယ်။ ဒါ့အပြင် တစ်ပြိုင်နက် တည်းမှာပဲ ထိုင်းနိုင်ငံထဲက ှုခန ရေခဲမူးယစ်ဆေး'' ထုတ်လုပ်မှု စွမ်းအားကလည်း (လေးဆ) တိုးမြှင့်လာပါတယ်။