Breaking News

ကိုသန်းလွင် - ရာထူးမှဆင်းမပေးလိုသော ခေါင်းဆောင်


ကိုသန်းလွင် - ရာထူးမှဆင်းမပေးလိုသော ခေါင်းဆောင်

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၉

(၁)

ထိုအချိန်များသည် လက်တင်အမေရိကနိုင်ငံများ၏ ဒီမိုကရေစီအတွက် အရေးကြီးသောအချိန်များဖြစ်ခဲ့ကြပါ သည်။ အီဗို မိုရဲလစ် (Evo Morales)သည် သူကိုယ်စားပြုသော ကိုကာစိုက်ပျိုးသူများ၏ ယူနီယံရှေ့မှောက်ဝယ် ၂၀ဝ၆ခုနှစ်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါသည်။ သူ၏သမ္မတဖြစ်လာခြင်းက ဒေသခံပြည်သူများ (Indigenous people) ၏ အောင်ပွဲဖြစ်ပြီး သူက လုပ်သားအားလုံးကို ကိုယ်စားပြုခဲ့ပါသည်။

“သမိုင်းကိုပြန်ကြည့်ရင် ကျွန်တော်တို့ဟာ အုပ်စုလိုက်ဝိုင်းပယ်ခံခဲ့ရတယ်၊ အောက်ကျခဲ့တယ်၊ မုန်းတီးခံခဲ့ရ တယ်၊ ကျွန်တော်တို့ကိုအမျိုးဖြုတ်သွားပြီးထင်ပြီးမေ့ထားခဲ့ကြတယ်။ “ကျွန်တော်တို့တတွေဟာ လူရယ်လို့ တောင်အသိအမှတ်ပြုခံခဲ့ရတာမဟုတ်ပါဘူး။ ဒါပေမယ့်ကျွန်တော်တို့ဟာ ဒီမြေနဲ့ ဒီမြေကထွက်တဲ့ သယံဇာတ တွေကိုပိုင်တဲ့လူတွေဖြစ်ပါတယ်” ဟုရာထူးခံယူသောပွဲတွင် မော်ရဲလစ်က ပြောခဲ့ပါသည်။

(၂)

ဤရာစုနှစ်သို့အပြောင်းတွင် မော်ရဲလစ်မှာ ၄င်းနှင့်အတူ လက်ဝဲသမားပေါ်ပြူလာသမားများက လက်တင်အမေ ရိကတစ်တိုက်လုံးတွင် ရွေးကောက်ပွဲ အနိုင်ရခဲ့ကြပါသည်။ ထို့ကြောင့် ဒီမိုကရေစီသည် ရင့်ကျက်သော အခြေ အနေတစ်ခုသို့ ရောက်ပြီဟုထင်မြင်ခဲ့ကြပါသည်။

သူတို့က လူတိုင်းအသီးအပွင့်များကို ခံစားနိုင်ခွင့်ရှိရမည်ဟု ကြွေးကျော်ခဲ့ကြပါသည်။ ချမ်းသာကြွယ်ဝခြင်းကို အညီအမျှ မျှဝေခံစားနိုင်ရမည်ဟု မျှော်လင့်ခဲ့ကြပါသည်။ သို့သော်တိုင်းပြည်၏လူသန်းပေါင်းများစွာတို့အတွက် မူ ဘာမျှဖြစ်မလာခဲ့ပါ။

တနင်္ဂနွေနေ့က (နိုဝင်ဘာလ ၁၀ ရက်) ကသူသည် စစ်တပ်ထောက်ခံမှုမရသောကြောင့် ရာထူးမှနှုတ်ထွက်ခဲ့ ရပြီး တစ်ပြည်လုံးမှအုံကြွ ဆန္ဒပြကြသော လူထုကြောင့်ယခင်လကရွေးကောက်ပွဲရလဒ်မှာလည်း ပျက်ပြယ်ခဲ့ရ ပါသည်။ မော်ရဲလစ် သည် ထိုရွေးကောက်ပွဲတွင် မရိုးမသားလုပ်ခဲ့သည်ဟုလည်း လူအများကပြောကြပါသည်။

တနင်္ဂနွေနေ့က သူ့ကိုစစ်တပ်ကဖမ်းဆီးတော့မည် ဟူသောသတင်းကြောင့် မော်ရဲလစ်မှာ ပုန်းအောင်းနေခဲ့ရ သည်။ သူ့ကိုနိုင်ငံရေးခိုလှုံခွင့် ပေးမည်ဟူသော မက်စီကို နိုင်ငံ၏ကမ်းလှမ်းမှုကြောင့် အင်္ဂါနေ့တွင် မြို့တော်မှ ထွက်ပြေးခဲ့ရပါသည်။ နိုင်ငံရေးအရ အမျိုးမျိုးကွဲပြားနေကြခြင်းကို မီးမောင်းထိုးပြသကဲ့သို့ ရှိပါသည်။

မက်စီကိုအစိုးရနှင့် အာဂျင်တီးနား သမ္မတအသစ် ဖါနန်ဒက်စ် (Alberto Farnandez) တို့က ဤဖြစ်ရပ်ကို စစ်တပ်က အာဏာသိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု စွတ်စွဲလိုက်ပြီး၊ ဘိုလီးဗီးယားပြည်သမ္မတဟောင်း မီဆာ (Carlos Mesa) နှင့်ဘရာဇီး နိုင်ငံသမ္မတတို့ကမူ အာဏာရှင်ကို ပြည်သူတို့က အောင်နိုင်လိုက်ခြင်းဖြစ်သည် ဟုဆိုပါသည်။

ဘိုလီးဗီးယား ဖွဲ့စည်းပုံဥပဒေက သမ္မတသက်တမ်း ၂ခုအထိသာ ထမ်းဆောင်ခွင့်ပြုသည်။ ထိုအချိန်တွင် မော်ရဲ လစ်က နှစ်ကြိမ်ထက် ပိုနေချင်သဖြင့် ဘာတွေဖြစ်လာသည်ကို ကြည့်နိ်ုင်ကြပါသည်။ သူသည် ဆက်ခံမည့်သူ တစ်ယောက်ကိုသာ ရွေးချယ်ပြီး ဆင်းပေးလိုက်ပါက တောင်အာဖရိက ခေါင်းဆောင် မန်ဒဲလားကဲ့သို့ နာမည် ကောင်းရမည်မှာမလွဲပါ။ သူသည် ဘိုလီးဗီးယားနိုင်ငံတွင်သာမက တောင်အမေရိကတိုက်တစ်ခုလုံးက တသသ ပြောပြီး ကျန်ရစ်ရမည့် ခေါင်းဆောင်တစ်ယောက်ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ရန် သူ၏ပထမသက်တမ်းအတွင်းက ကျိုးပမ်းခဲ့သည်။ ဘိုလီးဗီးယားနိုင်ငံတွင် ပြည်သူများကို အတန်းအစား အမျိုးမျိုးထားကာ ခွဲခြားထားခြင်းကို ပပျောက်အောင်ပြုလုပ်ခဲ့သည်။ ဒေသခံပြည် သူ အများစုမှာဒုတိယတန်းစား နိုင်ငံသားများဖြစ်နေခဲ့ရသည်။

သူ၏ဝါဒမှာ အမေရိကန်ဆန့်ကျင်ရေးပင်ဖြစ်သည်။ အမေရိကန်သည် လက်တင်အမေရိကန်နိုင်ငံများအ ပေါ် ကိုလိုနီလုပ်လိုသော စိတ်ဓာတ်ရှိသည်။ မော်ရဲလစ်သည် ကိုကာယူနီယံ ခေါင်းဆောင်ဖြစ်စဉ်က သူ့ကိုနှိပ်ကွပ်ခဲ့ သောကြောင့် ၂၀ဝ၉ခုနှစ်တွင် အမေရိကန် မူးယဇ်ဆေးကာကွယ်ရေးအဖွဲ့ (DEA Drug Enforcement Administration) ကို ကန်ထုတ်ခဲ့သည်။


သို့သော် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် အထူးသဖြင့် စီးပွားရေးကိစ္စများနှင့် ပါတ်သက်ရာတွင် သူသည် လက်တွေ့သမားဖြစ်သည်။ သူ၏မိတ်ဆွေ ဗင်နဇွဲလားမှ ချီးဗားစ် (Hugo Chaves)၏ နည်းလမ်းကို မယူဘဲ အမေရိကန်တို့နှင့် ရင်းနှီးအောင် ပေါင်းသင်းနိုင်ခဲ့သည်။ ဈေးကွက်နှင့်လိုက်လျောညီထွေရှိသော နည်းဥပဒေ များကို ချမှတ်နိုင်ခဲ့သည်။

ငွေကြေးဖေါင်းပွမှုကို ထိမ်းသိမ်းထားနိုင်ခြင်း၊ နိုင်ငံခြားငွေကိုလက်ဝယ်ကိုင်ကာထား ရှိနိုင်ခြင်းတို့ဖြင့် တိုင်းပြည် ၏ အခြေခံလုပ်ငန်းများ (Infrastructure) လုပ်ငန်းများ၊ တိုင်းပြည်သားများ သက်သာရေးအတွက် အမြောက် အများသုံးနိုင်ခဲ့သည်။ ပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေးကိစ္စများကို ကြည့်ရှုနိုင်ခဲ့သည်။

ပြည်သူပြည်သား သန်းပေါင်းများစွာတို့၏ လူမှုရေးအဆင့်အတန်းမြင့်မားလာခဲ့ပြီး ၂၀ဝ၀ခုနှစ်မတိုင်မီကအထိ အခြေအနေနှင့် မတူဘဲ ကျောင်းသား များသည် ကျောင်းများတွင် ပို၍နေလာနိုင်ကြသည်။ အိမ်များကို ဆောက် နိုင်သလို ဝယ်ပြီးလည်းနေနိုင်လာကြသည်။ ကားများလည်ဝယ်စီးနိုင်ကြသည်။

တိုင်းပြည်တွင်းနေရာအနှံ့ ယူနီယံခေါင်းဆောင်များ၊ ကုန်ထုတ်လုပ်သူများ၊ လူမှုရေးခေါင်းဆောင်များနှင့်အတူအ ရောက်သွားပြီးသူ့သြဇာကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ အစိုးရဘဏ္ဍာရေးငွေနှင့်လူအများကို သူ့ဘက်ပါအောင် ဆွဲဆောင်ရာတွင် အသုံးပြုနိုင်ခဲ့သည်။ သူ၏ဝဲဘက်ယိမ်းသောခေါင်းဆောင်များ၊ ခြစားခြင်းအမှု နှင့် သြဇာ အာဏာရှိသောနေရာမှ စွန့်ခွာနေရချိန်တွင် မော်ရဲလစ်မှာ သက်သက်သာသာ နေနိုင်ခဲ့သည်။ သို့ပါသော် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကပြဌာန်းထားသောသက်တမ်းနှစ်ကြိမ်သာနေရမည်ဆိုသော အကြောင်းအရာကနှောက် ယှက်လျက်ရှိသည်။ သူသည်အာဏာကိုဆက်ကိုင်ထားချင်သေးသည့်သဘောကို ၂၀ဝ၉ ခုနှစ်လောက်ကစပြော ပြီး ပြောင်ပြောင်တင်းတင်း နေထိုင်လာခဲ့သည်။

၂၀၁၆ခုနှစ်တွင် သက်တမ်းကိုကျော်လွန်နေနိုင်ဖို့ကို ဗြောင်ပေါ်လစီချပြီး ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ခဲ့ပါသည်။ သို့ပါသော်လည်း ပြည်သူအများက သူ့စီမံကိန်းကိုလက်မခံကြောင်း၊ ဆန္ဒခံယူပွဲတွင်သက်တမ်းကိုကန့်သတ် ကြောင်းမဲပေးခဲ့ကြပါသည်။

သူ၏ ရည်းစားဟောင်းတစ်ယောက်က အစိုးရအရာရှိများ၏ အကူအညီနှင့် တရုတ်ပြည်ကုမ္ပဏီတစ်ခု အတွက် ဒေါ်လာသန်းပေါင်းများစွာ တန်ဘိုးရှိသော ပရောဂျက်တစ်ခု ရရှိရန် ကြိုးစားခဲ့ပါသည်။ ထိုရည်းစားဟောင်းကို တရားစွဲဆို၍ အပြစ်ပေးလိုက်ကြပါသည်။ သို့သော် အစိုးရဘက်မှ တာဝန်ရှိသူအရာရှိ တစ်ဦးမျှ အပြစ်ပေးမခံရ ပါ။ မစ္စတာ မော်ရဲလစ်၏ အာဏာရှိနေစဉ် ဖြစ်ခဲ့ရသော တရားစီရင်ရေး၏ ချို့ယွင်းချက်တစ်ခုဖြစ်ပါသည်။

ပထမက သမ္မတသက်တမ်းကို ကန့်သတ်ခြင်းဥပဒေကို လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံခဲ့ပါသည်။ သို့ပါသော် လည်း နောက်တစ်နှစ်တွင်သူ၏သစ္စာရှိရဲဘော်များနှင့် ဖွဲ့စည်းပုံခုံရုံးကို အသုံးချကာသမ္မတသက်တန်း ကိုကန့် သတ်ခြင်းသည် လူ့အခွင့်အရေး ကိုချိုးဖေါက်သည်ဟုကြေညာခဲ့ပါသည်။ ထိုကြေညာချက်က သူ့ကိုထောက်ခံ ခဲ့သော ဘိုလီးဗီယား ပရိသတ်အားစိတ်ဆိုးဒေါသထွက်စေခဲ့ပါသည်။

မော်ရဲလစ်က အောက်တိုဘာ ၂၀ရက်နေ့က မဲပေးကြရာတွင် ၂၀ဝ၅ခုနှစ်က ကျင်းပခဲ့သော ယခင်ကနှင့်စာ သော်အနည်းငယ်သာ အနိုင်ကာ မော်ရဲလစ်က မဲနိုင်ကြောင်းကြေညာခဲ့သည်။ မဲပေးရာတွင်လည်း မသမာ မှုများ ရှိခဲ့၍ ပြည်သူများက မခံမရပ်နိုင်ဖြစ်ကာ ဆန္ဒပြကြသဖြင့် အကြမ်းဖက်မှုများ နေရာအနှံ့ ဖြစ်ခဲ့ရသည်။

ဆန္ဒပြနေကြသည့်အတွင်း သူ၏မဲနိုင်မှုမှာ ကာကွယ်ရန်မဖြစ်နိုင်တော့ကြောင်း ပေါ်လွင်ခဲ့သည်။ တနင်္ဂနွေနေ့ တွင် မော်ရဲလစ်က ထပ်မံနောက်တစ်ကြိမ်ထည့်ကြရန် ဆော်သြခဲ့သော်လည်း နောက်ကျသွားပေပြီ။ ရဲတပ်ဖွဲ့က လည်း မကျေနပ်ချက်များကို ဖေါ်ထုတ်လာကြရာ စစ်တပ်က ဝင်ရောက်၍ မော်ရဲလစ်ကို ရာထူးမှ နှုတ်ထွက်ရန် တိုက်တွန်းခဲ့သည်။ စစ်တပ်ကအာဏာကို ထိမ်းသိမ်းရန်စိတ်ဝင်စားမှုမပြသဖြင့် ဤအရာကို အာဏာသိမ်းသည် သည်ဟု ဖော်ပြရန်မှာမဖြစ်နိုင်ပါ။

(၃)

မော်ရဲလစ် မရှိတော့သောအခါ ရာထူးအမြင့်ဆုံး ကက်ဘိနက်ဝန်ကြီး ဂျယ်နီရှီးဗားစ် (Jeannie Afiez Chavez) ကသမ္မတအဖြစ် ယာယီတာဝန်ယူကြောင်းကြေညာသည်။ သူ၏ဝန်ကြီးစာရင်းကို ကြေညာရာတွင် ကက်ဘိနက် ဝန်ကြီး ၁၁ ဦးရှိ ရာ တစ်ယောက်မှဒေသနေတိုင်းရင်းသားများမပါဝင်ခဲ့ပေ။ ဆူပူကြသောအခါ ယဉ်ကျေးမှုဌာန ဝန်ကြီးအဖြစ် ဒေသခံတစ်ယောက် ကိုထည့်သွင်းပေးသည်။ သမ္မတအသစ်မှာ ဥရောပနွယ်ဖွားဖြစ်ပြီး ဒေသခံ များနှင့် အဆင်ပြေသည်ဟုမရှိဘဲ မော်ရဲလစ်ကို (Poor Indian) အဖြစ် တွစ်တာမှ လှောင်ပြောင်ဖူးသည်။

သမ္မတအသစ်မှာ မော်ရဲလစ်ကဲ့သို့ ဒေသခံတိုင်းရင်းသားများနှင့် ခင်မင်ရင်းနှီးမှုမရှိချေ။ သူမ၏အပြုအမူကို ဆက်လက်အကဲခတ်ရန်သာရှိပါတော့သည်။

ကိုသန်းလွင်

Ref: How the Ambitions of Evo Morales Contributed to His Fall, By Ernesto Londons New York Times 13 November 2019